← Chapters

လရိပ်ဓား ... ။

Vol. 55 Ch. 658

လရိပ်ဓား ... ။

Vol. 55 Ch. 658

ကောင်းကင်နှင့်မြေကြီးသည် မှောင်မဲတိတ်ဆိတ်နေ၏။ ကောင်းကင်တောင် ရှေ့တွင် ဧကရာဇ်ငါးပါးသည် ရှက်စရာအသွင်ဖြင့် စောင့်ဆိုင်းနေရသည်။

မလှမ်းမကမ်းတွင် စုရီသည် ကြိမ်ကုလားထိုင်တွင် တစ်ယောက်တည်း တိတ်ဆိတ်စွာသောက်နေ၏။

ဤမြင်ကွင်းကို မြင်သောအခါတွင် စွေ့ချောင်အာတစ်ယောက် သက်ပြင်းချသည်။ မျှော်လင့်ထားသည့်အတိုင်း ဦးလေးစုသည် ဧကရာဇ်များအတွက် အိမ်မက်ဆိုး ဖြစ်လာပေဦးတော့မည်။

“ ဦးလေးစု ... ငါခြေတစ်လှမ်း နောက်ကျသွားတယ် မင်းစိတ်အနှောက်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။ ”

စုရီက ကြိမ်ကုလားထိုင်မှထကာ၊

“ ဒီလူတွေကို မင်းနဲ့ထားခဲ့မယ်။ ”

-ဟုဆိုကာ ကောင်းကင်တောင်ဆီသို့ ပျံသန်းသွားတော့သည်။ စွေ့ဝေကျန်းမှ လန့်ဖျပ် သွားပြီး၊

“ မိသားစုခေါင်းဆောင် ငါ ... ။ ”

“ ပါးစပ်ပိတ်ထား ငါတို့မျိုးနွယ်စုကို ပြန်ရောက်တဲ့အခါ မင်းကို ငါစစ်ဆေးမေးမယ် ချွယ်မင်းဝေ ...

... မင်းနေ့ခင်းမှာ ငါ့မိသားစုရဲ့ ဧည့်သည် အဖြစ်လာတယ် အခုမိုးညတော့ ငါရန်သူအဖြစ် ပြန်လာချင်နေတာလား။ ”

“ ဘာလို့ စကားတွေ ပြောနေတာလဲ ... မင်းငါ့ကိုသတ်မလား ဒါမှမဟုတ် နှိပ်စက်မလား မင်းကြိုက်တာ လုပ်လို့ရတယ်။ ”

“ ဟားဟားဟား ... စိတ်မပူနဲ့ မြေအောက်အကျဉ်းထောင်ရဲ့ တတိယအဆင့် ဆိုတာ ရှေးခေတ်တည်းက ဒီကမ္ဘာပေါ်မှာ အဆိုးဆုံးနဲ့ အရက်စက်ဆုံးသူတွေကို နှိမ်နင်းခဲ့တဲ့အရပ်ပဲ ...

... အဲဒီအထဲမှာ သေချင်နေကြပေမယ့် မသေနိုင်တဲ့ အဲဒီနတ်ဆိုးတွေ အများကြီးရှိတယ် သူတို့နဲ့အတူ မင်းကိုခံစားခွင့်ပြုမယ်။ ”

“ ဟမ့် ... မင်း ။ ”

“ ဘာလို့လဲ ရှင်းပါတယ် မင်းလို လူတစ်ယောက်အတွက် သေခြင်းထက်ပိုဆိုးတဲ့ ကံကြမ္မာသာ ထိုက်တန်တယ် ...

... နေဦး ... ကောင်းကင်တောင်အစား နတ်ဆိုးဖျက်ဆီးခြင်းကျောက်တိုင်မှာ မင်းကို ချည်နှောင်ပြီး သေချင်ပေမယ့် ... မသေနိုင်တဲ့ အရသာကို မြည်းစမ်းခွင့်ပေးမယ်။ ”

ထိုစကားကြောင့် ချွယ်မင်ဝေခမျာ ကြောက်လန့်သွားပြီး သူ့မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားလေသည်။

“ စွေ့ချောင်အာ၊ မင်းက ချွယ်မိသားစု ကလဲ့စားချေမှာ မကြောက်ဘူးလား မီးပုံးပွဲတော် ရောက်တဲ့အခါ မင်းမိသားစုပျက်သုဉ်းဖို့ ရည်မှန်းထားတာလား။ ”

ဤတစ်ကြိမ်တွင် စွေ့ချောင်အာက တုံ့ပြန်ရန်စိတ်မ၀င်စားတော့ဘဲ လက်ချောင်း တောက်ထုတ်လိုက်သည်။

“ ရွှပ် ... ရွှပ် ... ။ ”

ချွယ်မင်ဝေနှင့် စွေ့ဝေကျန်းတို့ထံ အလင်းတန်းများထိမှန်ကာ မျက်လုံးများ မှိတ်လျက် ချက်ချင်းသတိလစ်သွားသည်။

“ စွေ့ချောင်အာ ... အခုမင်းမှာ အသာစီးရနေတာ ငါမငြင်းဘူး ... ဒါပေမယ့် နာကျည်းခြင်းပင်လယ်ကနေ မင်းအဖေသာ ပြန်မလာနိုင်ရင် မင်းမိသားစုဟာ ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ သိထားပါ ...

... ဒါပေမယ့် မင်းငါတို့ကို အခုလွှတ်ပေးရင် နှစ်ပေါင်းတစ်ထောင်အတွင်း နတ်ဆိုဟွေမျိုးရိုး ဆိုတာ မင်းရဲ့ရန်သူဖြစ်လာမှာ မဟုတ်ဘူးလို့ ငါအာမခံတယ် ...

... ဆန့်ကျင်ဘက်အနေနဲ့ ဒီနေ့ ... မင်းငါတို့ကို သတ်တာပဲဖြစ်ဖြစ် ထောင်ချတာပဲ ဖြစ်ဖြစ် ... ဒါဟာ နတ်ဆိုးဟွေမျိုးရိုးရဲ့ ရန်သူ ဖြစ်လာစေမယ့် နည်းလမ်းပဲ အဲဒီရလာဒ်က မင်းမြင်ချင်တဲ့အရာမဟုတ်ဘူး။ ”

ဖေးချောင်ရှင်း စကားကြောင့် စွေ့ချောင်အာမှ ခေါင်းမော့ရယ်မောလိုက်၏။

“ ဟားဟားဟား ... ငါ့နယ်မြေကို ကျူးကျော်ပြီးပြီ ဒီလိုအမိုက်စားနဲ့အသွင်မျိုးနဲ့ ငါ့ကို ခြိမ်းခြောက်ချင်နေတာလား ဘယ်လို ရယ်စရာကောင်းလိုက်လဲ။ ”

စကားဆုံးသည်နှင့် သုံးပေရှည်သော ဓားရှည်တစ်လက် လေဟာနယ်အတွင်း စုစည်း လာတော့သည်။

“ မင်း ... ။ ”

ဤသည်မှာ တရားစီရင်ခြင်းဓားဖြစ်၏။ တရားစီရင်ရေးဌာန၏ အုပ်စိုးရှင်ဖြစ်သူများသာ ကိုင်ဆွဲနိုင်သော တံဆိပ်ပေပင်။ စွေ့မျိုးနွယ်စု၏ အမွေဖြစ်၏။

ခေတ်အဆက်ဆက် စွေ့မိသားစု ခေါင်းဆောင်များသည် ဤတံဆိပ်ကိုအမွေ ဆက်ခံကာ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးများကို သုတ်သင်ပစ်ခဲ့သည်။

“ ရွှပ် ... ။ ”

ထို့နောက် စွေ့ချောင်အာက လက်နှစ်ချောင်းဖြင့် လေထဲခုတ်ပိုင်းလိုက်၏။ သားရဲဝတ်စုံ ဝတ်ထားသော အမျိုးသားနှင့် အမျိုးသမီးခမျာ လည်ပင်းတွင်သွေးလိုင်းများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

သူတို့၏ မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားကြတော့၏။ ထို့နောက်တွင် ဧကရာဇ်ရုပ်အလောင်းများသည် ပြာမှုန်များအဖြစ်သို့ ကွဲကြေလွင့်ပြန့်ကုန်သည်။

အပြီးတိုင် ဖျက်ဆီးခြင်းမည်ချေ၏။ တရားစီရင်ရေးတာအို၏ ဓားတန်ခိုးတော်ဖြစ်ပြီး ဧကရာဇ်မင်းတစ်ပါးပင်လျှင် အသက်စွမ်းအား ချက်ချင်း ပျက်ပြယ်ဖယ်ရှားခံရပေမည်။

သမိုင်းတလျှောက်တွင် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်ကောင်များ အပေါ် ကွပ်မျက်ရန် အသုံးပြုသည်။

ထိုမြင်ကွင်းကြောင့် ဖေးရှောင်ရှင်း တစ်ယောက် ဒေါသများနှင့် ပြည့်နှက်လာသည်။ တစ်ဖက်လူသည် အထိန်းအကွပ်မဲ့စွာ တရား လက်မဲ့ သတ်မိန့်ချနေ၏။

“ သတိရပါ ... ဒါက ငါ့အပေါ် ခြိမ်းခြောက်မှုရဲ့စျေးနှုန်းပဲ ... ငါ့စွေ့မိသားစုက တရားစီရင်ရေးခုံရုံးကို မျိုးဆက်ပေါင်းများစွာ အုပ်စိုးခဲ့တယ် ဒါကြောင့် ...

... အကျဉ်းသား မျိုးစုံကို မြင်ခဲ့ရတယ် ... မင်းလိုရွှမ်‌ကျောက် ဧကရာဇ်တစ်ယောက်သာ ငါ့ကိုကြောက်အောင်ခြောက်နိုင်နေရင် ငါတို့က တရားစီရင်ရေးရာထူးကို ဘယ်လိုရနိုင်မှာလဲ။ ”

“ ဒါဆို မင်းငါ့ကိုဘာလို့ မသတ်တာလဲ။ ”

“ စိတ်မပူနဲ့ ... ငါ့မှာ မေးစရာ မေးခွန်းလေးတွေရှိလို့ မင်းအသက်ဆက်ရှင် နေရတာ ... မင်းဖြေဖို့ ငြင်းနိုင်ပေမယ့် ...

... တရားစီရင်ရေးဌာနရဲ့ ... ညှဉ်းပန်းနှိပ်စက်တဲ့ နည်းလမ်းတွေဆီ မင်းကို ပို့ပေးမယ် ဒါဆို မင်းခေါင်းမာနိုင်မလား ကြည့်ရအောင်။ ”

ဖေးချောင်ရှင်း မျက်နှာသည် မျှော်လင့်ချက်များအားလုံး ရုတ်တရက် ဆုံးရှုံး သွားသလို ပြာမှုန်သွားချေပြီ။

“ စိတ်မပူပါနဲ့ ငါ့မေးခွန်းတွေကို ရိုးရိုးသားသား ဖြေနေသမျှ မင်းကိုငါ အမြန် သေစေရမယ်လို့ အာမခံတယ်။ ”

“ ကောင်းပြီ ... မင်းမေးခွန်းတွေကို ငါဖြေနိုင်တယ် ဒါပေမယ့် အဲဒီလှည့်စားတတ်တဲ့ ပုရွက်ဆိတ်က ဘယ်သူလဲဆိုတာ အရင်ပြောပါ ငါသေရင်တောင် အနည်းဆုံးတော့ ငြိမ်းချမ်းနိုင်မယ်။ ”

ဖေးချောင်ရှင်းက ဒေါသဖြင့် စုရီထံမျှော်ကြည့်ကာ မေးလိုက်တော့သည်။ သူ့အသံတွင် ကမ္ဘာမကျေ အမုန်းတရားများ ပါရှိနေ၏။

နတ်ဆိုးဟွေမျိုးရိုး၏ ရွှမ်ကျောက် ဧကရာဇ်တစ်ပါးသည် ကြွက်တစ်ကောင်ကြောင့် အသက်ပေးလိုက်ရသည်မှာ နာကျည်းစရာပေပင်။

“ ရိုးရိုးသားသား ပြောရရင် ... ဒီနေ့ကမ္ဘာကြီးပေါ်က ဘယ်ဧကရာဇ်မျိုးမဆို ဦးလေးစုကိုအနိုင်ယူဖို့ အခွင့်အရေးမရှိမှာ ငါကြောက်မိတယ် မင်းအခု ...

... ငြိမ်းချမ်းစွာနဲ့ အဝါရောင်နွေဦးမြစ်ကို သွားနိုင်ပါတယ် ... အိုး နေဦး ... ငါမေ့သွားတယ် ငရဲမြစ်ကိုးသွယ်က မရှိတော့ဘူး ဘာပဲဖြစ်ဖြစ် အဆင်ပြေသလို သေသင့်လိုက်ပါ။ ”

“ မင်း ... ။ ”

တစ်ဖက်လူသည် သူ့အပေါ် ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်အရှက်ရစေရန် ကြံရွယ်နေသဖြင့် ဖေးချောင်ရှင်းမှ၊

“ မေ့လိုက်ပါ ကောင်းပြီ၊ မင်းမေးစရာရှိရင် တိုက်ရိုက်မေးပါ။ ”

-ဟု စိတ်လျော့လိုက်တော့၏။

“ ဟား ဟား ဟား ... ကောင်းပြီ ဉာဏ်အလင်းရတဲ့ ဧကရာဇ်တိုင်းဟာ မင်းလို ဉာဏ်ကောင်းတယ်ဆိုတာ ငါသိပါတယ်။ ”

***

ထိုအချိန်တွင် ကောင်းကင် တောင်ထိပ်ပေါ်တွင် စုရီသည် လက်နှစ်ဖက် နောက်ပို့လျက် ယဇ်ပလ္လင်ထံကြည့်နေသည်။

ယဇ်ပလ္လင်သည် သေးငယ်ပြီး အမြင့် ကိုးပေသာရှိ၏။ ငွေမှင်ရောင် မှိန်ဖျော့ဖျော့များ လင်းလက်လျက် အလယ်၌ အက်ကြောင်းတစ်ခု ပါရှိနေသည်။

ထိုအက်ကြောင်းအတွင်း ထူးခြားသောဓားတစ်လက် ထိုးစိုက်ထားချေ၏။ ထိုဓားကို အရိုးသာမြင်နိုင်မည်။

ဓားအရိုး​၏အဆုံးတွင် မဟူရာ ကျောက်မျက်တစ်လုံးရှိပြီး လရောင်အရိပ်ဟု ရေးထိုးထားသည်။

၎င်းမဟူရာကျောက်မျက်ကို ပြန်လည်မွေးဖွားခြင်းရေကန်မှ ရရှိထားခြင်း ပေပင်။ မရဏကမ္ဘာတွင်နေထိုင်စဉ်အတွင်း သူသွန်းလုပ်ခဲ့သော ဓားဖြစ်၏။

နှစ်ပေါင်းများစွာ မရဏကမ္ဘာ တိုက်ပွဲများတွင် သူနှင့်အတူ လိုက်ပါဖူးသည်။ ဓားအရိုးပေါ်ရှိ မဟူရာကျောက်မျက်ကို တာအို‌ကျောက်ဟုခေါ်၏။

တစ်နည်းဆိုရသော် ထိုကျောက်တုံး အတွင်းတွင် ကျင့်ကြံသူတစ်ဦး၏တာအိုများကို သိမ်းထည့်ထားနိုင်မည်။

အဆောင်ရတနာများရှိ ဧကရာဇ်ဆန္ဒဝိညာဉ်မျှသာမျိုး မဟုတ်ဘဲ တာအိုစွမ်းအားကိုထားခြင်း ပေပင်။

မည်သူမဆို ထိုကျောက်တုံးကို အသက်သွင်းရုံဖြင့် အံ့ဖွယ်ကောင်းသော အကျိုး သက်ရောက်မှုများ ထုတ်လွှတ်နိုင်မည်။

ထိုစွမ်းအားသည် ရွှမ်ကျောက် ဧကရာဇ်တစ်ပါးကဲ့သို့ပေပင်။ ထိုအချိန်က ပြန်လည်မွေးဖွားခြင်း ရေကန်တစ်ခုလုံးကို မွှေနှောက်ရှာဖွေခဲ့သော်လည်း လက်တစ်ဆုပ်စာ ကျောက်တုံးများကိုသာ ရရှိခဲ့သည်။

ထို့ကြောင့် တာအိုအစိတ်အပိုင်းအချို့ ဤမဟူရာကျောက်မျက်အတွင်း ထည့်သွင်းကာ လရောင်အရိပ်ဓားတွင် မြှုပ်နှံထားခြင်းဖြစ်၏။

သူ၏ ရွှမ်ကျောက်အဆင့် ကိုယ်ပွားဟု ဆိုနိုင်မည်။ ထို့ကြောင့် စွေ့လုံရှင်းသည်၊

“ ငါသာ မလွန်ဆန်နိုင်တဲ့ အန္တရာယ်နဲ့ ကြုံခဲ့ရင် ... မင်းရဲ့တာအိုအုတ်မြစ်စွမ်းအားကို သေချာပေါက် စမ်းသပ်မယ်။ ”

-ဟု ဟာသအဖြစ် ပြောကြားခဲ့ဖူးသည်။

ဤတာအိုသယ်ဆောင်ခြင်း ကျောက်မျက်သည် လက်မအရွယ်မျှသာရှိ သောကြောင့် တာအိုစွမ်းအားကို ထည့်သွင်း နိုင်မှုမှာ အကန့်အသတ်ရှိသည်။

သူ့ခွန်အား ဆယ်ပုံတစ်ပုံထက်ပင် လျော့နည်းပေ၏။ ထို့ပြင် အသက်သွင်းချိန်၌ လက်ဖျစ်ဆယ်တွတ်မျှသာခံသည်။ အဆိုပါ ကာလသည် တိုတောင်းလွန်းချေပြီ။

သို့သော် စုရီအတွက်မူ လက်ဖျစ်ဆယ်တွတ်သည် အချိန်အတော်ကြာ နေပြီဖြစ်သည်။

အကြောင်းမှာ တစ်ခါတစ်ရံတွင် လက်ဖျစ်တစ်တွတ်အချိန်ဟူသည် ကြီးမားသော ရလဒ်ကိုပင် ဆုံးဖြတ်ပေးနိုင်၏။

“ နှစ်ပေါင်းသောင်းနဲ့ချီ ကုန်လွန် သွားခဲ့တာတောင် လရောင်အရိပ်ဟာ ဒီမှာ ရှိနေနိုင်သေးတယ် ဒါပေမယ့် ...

... အဲဒီလှည့်စားတတ်တဲ့ မြေခွေးအိုကြီး စွေ့လုံရှင်းရဲ့ကံကြမ္မာကိုတော့ မသိနိုင်သေးဘူး တကယ့်ကို စိတ်ပျက်စရာပါပဲ။ ”

စုရီမှ သက်ပြင်းချလျက် ညည်းညူလိုက်သည်။ ဤဓားကို ဆွဲထုတ်လိုက် သည်နှင့် တပြိုင်နက် ကောင်းကင်တောင်တန်း အစီရင် စွမ်းအားလျော့နည်းသွားပေမည်။

ထိုမချိန်၌ ကြောက်စရာကောင်းသော မကောင်းဆိုးရွားများသည် ကမ္ဘာကြီးအပေါ် ဒုက္ခများ ပြန်လည်ယူဆောင်လာနိုင်၏။

“ ဝှစ် ... ။ ”

“ ချွင် ... ချွင် ... ။ ”

ဒုက္ခများကို မကြောက်သော်လည်း မလိုချင်ချေ။ ထို့နောက် လက်ဝှေ့ရမ်းလိုက်ရာ ယဇ်ပလ္လင်ရှေ့မြေပြင်ပေါ်တွင် သွေးသံကြိုးများ ရှင်းလင်းသွားပြီး တွင်းနက်ကြီးတစ်ခု ပေါ်လွင်လာသည်။

“ ဟမ့် ... ဖေးချောင်ရှင်း မင်းလား။ ”

သံကြိုးများ ပျောက်ကွယ်သွားသည်နှင့် တွင်းနက်ကြီးအတွင်းမှ နတ်ဆိုးဟွေမျိုးရိုး၏ စိတ်လှုပ်ရှားနေသော မေးမြန်းသံကြီး ဦးစွာ ထွက်ပေါ်လာတော့သည်။

***

All Chapters