← Chapters

တာအိုတစ်သောင်းသစ်ပင် ... ။   

Vol. 55 Ch. 660

တာအိုတစ်သောင်းသစ်ပင် ... ။   

Vol. 55 Ch. 660

စွေ့မျိုးနွယ်စံအိမ်အတွင်း ရေကန်ကို အပေါ်စီးမှမြင်​နေရသော မဏ္ဍပ်တစ်ခုအတွင်း စုရီနှင့်မျက်မမြင်အဘိုးအို တည်းခိုနေထိုင်ရန် စီစဉ်ပေးထားသည်။

စုရီ ပြန်ရောက်လာသောအခါ ထိုနေရာတွင်စောင့်ဆိုင်းနေသည့် မျက်မမြင် အဘိုးအိုက၊

“ ဆရာစု၊ နောက်ဆုံးတော့ မင်းပြန်လာပြီ။ ”

-ဟု နှုတ်ဆက်သည်။ စုရီမှ ခေါင်းညိတ်လျက်၊

“ မနက်ဖြန် တာအိုတစ်သောင်း သစ်ပင်ဆီခေါ်သွားမယ် ... ဒီညအနားယူပါ။ ”

-ဟုပြောကြားလိုက်သည်။

မျက်မမြင် အဘိုးအိုက ခေါင်းညိတ်လိုက်သည်။ စုရီသည်ဒုတိယထပ်သို့ တက်သွားပြီး သူ့အတွက် စီစဉ်ပေးထားသည့် အခန်းထဲဝင်လျက် အနားယူတော့၏။

ယနေ့သည် သူ့အတွက် ခရမ်းရောင်မြို့တော်တွင် ပထမဆုံးနေ့ဖြစ်ကာ ဖြစ်ရပ်များစွာ ကြုံတွေ့လာရသည်။

မိုးပြာတိုက်ကြီးနှင့်မတူဘဲ မရဏကမ္ဘာဟူသည် ကျယ်ပြောပြီး ရှေးဟောင်း မျိုးရိုးများနှင့် မရေမတွက်နိုင်သောဂိုဏ်းများစွာ အစက်ချထားသလို ပေါကြွယ်ဝ၏။

ပို၍အရေးကြီးသည်မှာ မရဏကမ္ဘာရှိ အထွတ်အထိပ်တည်ရှိမှုများသည် ဧကရာဇ်များ ဖြစ်သည်။ လက်ရှိခွန်အားအရ သူသည် ကနဦး ရွှမ်ကျောက်အဆင့် ဧကရာဇ်အချို့နှင့် ဆက်ဆံရန် ခက်ခဲခြင်းမရှိချေ။

သို့သော် ပြီးပြည့်စုံသော ကနဦးအဆင့် ရွှမ်ကျောက်များနှင့် ကြုံတွေ့ရသော် အခက် တွေ့နိုင်ပေမည်။

လက်ရှိအင်အား​ဖြင့် ထိုအဆင့် ရန်သူများကိုသတ်ရန် ပြင်ပအရာများကို အားကိုးရမည်ဖြစ်၏။

ကောင်းကင် တောင်တန်းဝင်္ကပါ၏ စွမ်းအားကို အသုံးမပြုသော် ​ဖေးချောင်ရှင်း၊ ချွယ်မင်ဝေနှင့် စွေ့ဝေကျန်းကဲ့သို့သော ဧကရာဇ်များကို အလွယ်တကူ နှိမ်နင်းနိုင်မည်မဟုတ်ချေ။

အရိပ်ဓားနှင့် ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်၏ တန်ခိုးကို အားမကိုးပါက တောင်အောက်ရှိ ဖိနှိပ်ခံထားရသော ဘီလူးဟောင်းများအပေါ် ထုတ်ယူရန် ပျက်ကွက်နိုင်မည်။

ဤသည်မှာ ဧကရာဇ်နှင့် ဝိညာဉ်တာအိုနယ်ပယ်ကြား ကွာဟချက် ဖြစ်သည်။

“ မီးပုံးပွဲတော် မရောက်လာမီ တာအိုတစ်သောင်းသစ်ပင်ရှေ့မှာ တရားထိုင်ပြီး ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ဆီ တက်နိုင်ရင် ... ကနဦး ရွှမ်ကျောက် ဧကရာဇ်တွေက ငါ့အတွက် ခြိမ်းခြောက်မှု ရှိလာမှာ မဟုတ်တော့ဘူး ... ။ ”

အတွေးများဖြင့် မကြာမီ ကျင့်ကြံမှုအတွင်း နစ်မြုပ်သွားတော့သည်။ နောက်တစ်နေ့မနက်၌ စွေ့ချောင်အာ ကိုယ်တိုင် ကိုယ်တိုင်လာရောက် ခေါ်ဆောင်သည်။

စွေ့မိသားစု စံအိမ်တော်သည် ကျယ်ပြောလှပြီး ဘုံဗိမာန်များနှင့် မဏ္ဍပ်များစွာ တည်ဆောက်ထား၏။

တာအိုတစ်သောင်းသစ်ပင်ခေါ် အနန္တတာအိုသစ်ပင်သည် စွေ့မိသားစု လျှို့ဝှက် နယ်မြေတစ်ခုတွင် တည်ရှိသည်။  

ဤသစ်ပင်သည် ရှေးခေတ်တည်းက စွေ့မိသားစု၏ နယ်မြေတွင် အမြစ်တွယ်နေခဲ့ပြီး မိသားစု၏ အုပ်ထိန်းသူဖြစ်ချေ၏။   

ထိုလျှို့ဝှက်နယ်မြေ၏အမည်ကို ရွှေလွှာကောင်းကင်လှိုဏ်ဂူအဖြစ် ခေါ်ဆိုသည်။ မိုင်သုံးထောင်ကျယ်ဝန်းသော ကမ္ဘာငယ် တစ်ခုပေပင်။

သို့သော် အတွင်းတွင်ပါရှိသော မဟာတာအို၏ စွမ်းအားသည် ဒီရေလှိုင်းကဲ့သို့ တဟုန်ထိုးပြည့်နှက်နေသည်။

ကောင်းကင်မှ ကြီးကျယ်ခမ်းနားသော နတ်အလင်းများဖြင့် လျှို့ဝှက်နယ်မြေတစ်ခုလုံး ခမ်းနားမြင့်မြတ်စေမည်။

နယ်မြေ၏အလယ်တွင် ဧရာမသစ်ပင်ကြီး တစ်ပင်ရှိပြီး ၎င်းအကိုင်းအခက်များမှာ နဂါးကြီး ကဲ့သို့ ပြန့်ကျဲနေ၏။

ပင်စည်တစ်ခုတည်းပင် ပေတစ်ရာပတ်လည်ရှိကာ အကိုင်းအခက် များသည် ထီးကဲ့သို့ ကောင်းကင်အပေါ် အုပ်မိုးထားသည်။

အဝေးမှကြည့်သော်သစ်ပင်သည် သက်တံအလင်း၊ အိပ်မက်မြူနှင့် သာလွန်ပြီး ရောင်စုံအလင်းများ ဖုံးအုပ်နေသည်။

ဒဏ္ဍာရီအရ ထိုသစ်ပင်သည် မရဏကမ္ဘာ၏မူလတာအိုစွမ်းအား ပိုင်ဆိုင်၏။ ဤသစ်ပင်ရှေ့တွင် မတူညီသော တာအိုများ၏ အမှန်တရားများကို နားလည်နိုင်မည်။

ထို့ကြောင့် အနန္တတာအိုသစ်ပင်ဟူသော အမည်တွင်ခြင်းဖြစ်သည်။ ခေါင်းတလားထမ်း မျိုးရိုးမှ ဆင်းသက်လာသူအနေဖြင့် မျက်မမြင် အဘိုးအိုသည် ကမ္ဘာကြီးနှင့် သဘာဝအတိုင်း သူစိမ်းမဟုတ်ချေ။

သို့တိုင် အဝေးမှနေပြီး တာအိုတစ်သောင်းသစ်ပင်ကို မြင်ရသောအခါ အံ့သြထိတ်လန့်သွားသည်။

ဤသစ်ပင်သည် သမိုင်းတစ်လျှောက် မရေမတွက်နိုင်သော ဧကရာဇ်များ မြတ်နိုးဖွယ် ကြသည့် အကျော်ကြားဆုံးသော မွေးရာပါ နတ်ဘုရား ရတနာပေပင်။

“ သ​ခင်လေးစု ... ငါ မင်းတို့ကို မနှောင့်ယှက်တော့ပါဘူး မင်းတို့နှစ်ယောက် ဒီမှာအေးအေးဆေးဆေး ကျင့်ကြံပါ။ ”

စွေ့ချောင်အာက ပြုံးပြီး ပြောကြားလိုက်သည်။ မျက်မမြင်အဘိုးအို ရှိနေ သဖြင့် ဦးလေးစုဟု မခေါ်တော့ချေ။

စုရီမှ ခေါင်းညိတ်လိုက်သည်။ မနေ့ည အဖြစ်အပျက်များအပြီးတွင် စွေ့မျိုးနွယ်စု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဆက်ပြီး ဆောင်ရွက်စရာများ ရှိနေသေးပေမည်။

“ မင်း ... ဒီသစ်ပင်အောက်မှာ တရားထိုင်သင့်တယ် ... အာရုံပျံ့လွင့်နေတဲ့ အတွေးတွေအားလုံးကို စွန့်လွှတ်ပြီး ...

... တာအိုစုပ်ယူနိုင်တဲ့ အခြေအနေကို ရောက်တဲ့အခါ ... မင်းရဲ့စိတ်တွေက သစ်ပင်ရဲ့ အငွေ့အသက်ကို ခံစားနိုင်လိမ့်မယ် ...

... အဲဒီအချိန်မှာ မင်းခန္ဓာကိုယ်ထဲက တာအိုဒဏ်ရာတွေကိုပြုပြင်ဖို့ သူ့စွမ်းအားကို အသုံးချလို့ရပြီ။ ”

မျက်မမြင်အဘိုးအိုက အသက်ပြင်းပြင်းရှူကာ စိတ်လှုပ်ရှားမှုအချို့ကို မျိုသိပ်လျက် ခေါင်းညိတ်သည်။

ထို့နောက် တင်ပျဉ်ခွေထိုင်ကာ တာအိုကို ဖြန့်ကျက်လိုက်ပြီး နက်ရှိုင်းသောဉာဏ်အလင်း အတွင်း လျင်မြန်စွာနစ်မြုပ်သွား၏။

စုရီတစ်ယောက် အဖိုးအိုထံ လျစ်လျူရှူကာ လက်နှစ်ဖက်နောက်ပို့လျက် သစ်ပင်ပင်စည်နှင့် အကိုင်းအခက်များထံ မော့ကြည့်လိုက်သည်။

ထို့နောက် နတ်အာရုံကို ထုတ်ဖော်လျက် မထင်မရှားသောကြိုးမျှင်များကို သစ်ပင်ထံ ပို့လွှတ်ဆက်သွယ်လိုက်၏။

များမကြာခင် သစ်ပင်သည် ဝိညာဉ်ရေးအလင်းများဖြာလျက် အမျိုးသမီး တစ်ဦး၏ အသွင်အပြင် ထွက်ပေါ်လာသည်။

သူမဆံပင်သည် နှင်းကဲ့သို့ဖြူနေပြီး မျက်ခုံးကြားတွင် အနီရောင်အမှတ်အသား တစ်ခုရှိ၏။ အသွင်အပြင်နှင့် ပုံသဏ္ဍာန်သည် သာလွန်ဆန်ပြီး ကွဲကွဲပြားပြားပေပင်။

“ တာအိုစုလား ... ။ ”

စုရီကိုတွေ့သောအခါတွင် သူမ၌ အံ့သြမှုအရိပ်အမြွက် ပေါ်လာသည်။ အသံသည် ကောင်းကင်ဂီတကဲ့သို့ သာယာ၏။

စုရီက သူ့ဘေးတွင် တရားထိုင်နေသော မျက်မမြင်အဘိုးကြီးထံ လက်ညှိုးထိုးပြပြီး၊

“ သူ့ကို မနှောင့်ယှက်နဲ့ ... ။ ”

-ဟု သတိပေးလိုက်သည်။

“ ဝှစ် ..... ။ ”

အမျိုးသမီးက လက်မြှောက်လိုက်ရာ အလင်းတန်းတစ်ခုဆင်းသက်လာပြီး မျက်မမြင် အဘိုးအိုအပေါ် ဖုံးအုပ်သွားသည်။ ထို့နောက် အမျိုးသမီးက သက်ပြင်းချကာ၊

“ ဟိုတုန်းက၊ စွေ့လုံရှင်းဟာ တာအိုစု တစ်ယောက် လူဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေပြီး လောကရဲ့အထွတ်အထိပ်ရောက်ဖို့ ပြန်လည်မွေးဖွားနေတယ်လို့ ပြောခဲ့တယ် အခုအမှန်ဖြစ်ပုံရတယ်။ ”

-ဟု ရေရွတ်လိုက်သည်။

အမျိုးသမီးသည် ဣန္ဒြေနှင့် ပြေပြစ်သော အမူအရာမျိုးရှိနေကာ ပျော်ရွှင်မှုနှင့် ရှုပ်ထွေးမှု စသည့် အရိပ်အမြွက်များပြသနေ၏။

“ ဒီမြေခွေးကြီး စွေလုံရှင်းက ... နည်းနည်းတော့ ယုတ်မာတတ်နေပေမယ့် သူ့ရဲ့ ကောက်ချက်တိုင်းက အမြဲတမ်းတိကျတယ်။ ”

အမျိုးသမီးက စုရီအပေါ် အထက်အောက် အစုံအဆန်ပြန်ကြည့်ကာ သိချင်စိတ်ဖြင့်၊

“ တာအိုစု ... လူဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်ကို ပြောပြလို့ရမလား။ ”

-ဟု မေးမြန်းလေသည်။ စုရီမှ ခေါင်းယမ်းပြီး၊

“ ဒါက လျှို့ဝှက်ဆန်းကြယ်တယ် ... မင်းကိုယ်တိုင် ပြန်လည် မွေးဖွားတာမျိုးသာ မလုပ်နိုင်ရင် ... အဲဒါကိုရှင်းပြလို့မရဘူး။ ”

-ဟု ပြောကြားလိုက်၏။

အမျိုးသမီးက ခဏမျှစဉ်းစားပြီး၊

“ ကောင်းကင်ဘုံက လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောခွင့်မပေးဘူးလား။ ”

-ဟု ညည်းတွားတော့သည်။

“ ဒီလိုလည်း ယူဆလို့ရတယ် ... တကယ်တော့ လူဝင်စားခြင်းဆိုတဲ့အဓိပ္ပါယ်ကို ကောင်းကင်ဘုံက လျှို့ဝှက်ချက်အဖြစ် ဖုံးကွယ်ထားချင်ခဲ့တယ် ...

... မင်း လူဝင်စားနိုင်တယ်ဆိုတာ သိနေရင်တောင်မှ သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်မှုကို တစ်စုံတစ်ဦးထံ ပြောပြလမ်းညွှန်ဖို့ခက်ခဲတယ် ဒီနည်းလမ်းကို တာအိုနဲ့ဖော်ပြလို့မရနိုင်ဘူး။ ”

စုရီမှ ရှင်းပြလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းတွင် အပြုံးတစ်ပွင့် ပေါ်လာကာ၊

“ ငါစုရွှမ်ကြွယ် လူဝင်စားခြင်းရဲ့ ... လျှို့ဝှက်ချက်ကိုရှာတွေ့ပြီး ပြန်လာနိုင်ခဲ့ရင် နင် ငါနဲ့အတူလိုက်မယ်လို့ ပြောခဲ့ဖူးတယ် ... အခု မင်းပြင်ဆင်ပြီးပြီလား။ ”

-ဟု ပြောကြား၏။

ထိုမေးခွန်းကြောင့် အမျိုးသမီး၏ မျက်လုံးများသည် အနည်းငယ် ထူးဆန်းလျက် တုန့်ဆိုင်းနေသော အမူအရာမျိုးဖြင့် အချိန် အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နှုတ်ခမ်းကိုက်ကာ၊

“ တာအိုစု ... စွေ့လုံရှင်းပြန်လာရင် ... မင်းကိုသေတဲ့အထိ တိုက်ခိုက်လာမှာ တကယ် မစိုးရိမ်ဘူးလား။ ”

-ဟု မေးမြန်း၏။

“ မင်းကို အတင်းအကြပ်ခေါ်သွားရင် သဘာဝအတိုင်း အဲဒီမြေခွေးအိုက ခွင့်မပြုပါဘူး ဒါပေမယ့် မင်းထွက်သွားချင်ရင် စွေ့မိသားစုက မင်းကိုဘယ်လိုများ ထိန်းထားနိုင်မှာလဲ။ ”

စုရီမှ ပြုံးလျက် ပြန်ဖြေလိုက်တော့သည်။ ဤအမျိုးသမီးမှာ တာအိုတစ်သောင်းသစ်ပင်မှ မွေးဖွားလာသော သဘာဝနတ်ဝိညာဉ်ဖြစ်၏။

ရံဖန်ရံခါတွင် သူမသည် ဘဝအတွက် ကမ္ဘာပေါ်သို့ လှည့်လည်သွားတတ်၏။ သို့သော် အချိန်အများစုတွင် သူမသည် ဤတာအို တစ်သောင်းသစ်ပင်ထဲ၌ ပုန်းနေခဲ့သည်။

စွေ့မိသားစု၏ ဘိုးဘေးများသည် ထိုအမျိုးသမီးကို ထိုက်စုလင်ကျွယ်ဟုခေါ်၏။ ထိုက်စုဆိုသည်မှာ မူလနှင့်ပမာဏဖြစ်သည်။

သို့သော် စုရီသည် သူမအတွက် ထူးခြားသောအမည်ဖြစ်သည့် ဖိုစုံအမည်ကို ရွေးချယ်ပေးခဲ့သည်။ ယင်းသည် ‘ငြိမ်အေးခြင်း ကျက်သရေ’ ဟု အဓိပ္ပါယ်ရ၏။

သူမအသွင်နှင့် စိတ်နေစိတ်ထားသည် ထိုအမည်ဖြင့်လိုက်ဖက်ချေပြီ။ မရဏကမ္ဘာတွင် လှည့်လည်နေသော နတ်ဘုရားနှင့်တူ၏။ အမျိုးသမီးက မျက်တောင်များ ပုတ်ခတ်လျက်၊

“ တာအိုစု ... မင်းဘယ်သူ့ကိုမှ အတင်းအကြပ်မလုပ်ဘူးလို့ ပြောခဲ့ဖူးတာ အကျုံးဝင်သေးလား။ ”

-ဟု မေးမြန်းပြန်သည်။

“ သေချာတာပေါ့ ... ။ ”

“ ဒါဆို ငါစဉ်းစားဦးမယ် ... မင်းရဲ့ ရွှမ်ကြွယ်ကောင်းကင်လှိုဏ်ဂူမှာ ကျင့်ကြံသင့် ... မသင့်ကို ... ။ ”

ထိုအမည်သည် ယခင်ဘဝက စုရီတည်ထောင်ထားသော အင်အားစုအမည် ဖြစ်သည်။ စုရီမှ ပြုံးလိုက်သည်။

တစ်ချိန်က သူသည် ဖိုစုံနှင့်တွေ့သော အခါတွင် ရွှမ်ကြွယ်ကောင်းကင် လှိုဏ်ဂူအတွင်း ထားရှိရန် ဆန္ဒရှိခဲ့သည်။

ယင်းသည် ရှားပါးသော ကောင်းကင်နှင့်မြေကြီးကြား ထူးထူးခြားခြား တာအိုသစ်ပင်တစ်ပင်ဖြစ်၏။

စုရီအတွက် အထူးစွဲလန်းစေသည်မှာ ၎င်း၏ကျက်သရေပေပင်။ ထိုသို့သော သစ်ပင် တစ်ပင်ကိုပိုင်ဆိုင်ခြင်းသည် ကြီးစွာသော ဂုဏ်ကျက်သရေရှိခြင်းဖြစ်၏။

“ ငါ အရိုင်းမြေကိုးပါးကို ပြန်တဲ့အခါ မင်းကိုခေါ်သွားလိုက်မယ် ဟိုမှာနေကြည့်ပြီး မင်းဆန္ဒအတိုင်း ဆုံးဖြတ်နိုင်တယ်။ ”

“ တာအိုစု ... ဒီအကြံကစွေ့လုံရှင်းကို သေချာပေါက် ပျော်ရွှင်စေမှာ မဟုတ်ဘူးလို့ ငါပြောဝံ့တယ် ... မင်းသူ့ကို အရင်မေးကြည့်ရင် ပိုကောင်းလိမ့်မယ်။ ”

ဤတစ်ကြိမ်၌ စုရီမှာ မပျော်တော့ချေ။ မျက်ဝန်းများ မှေးစင်းလျက် အမျိုးသမီးထံသို့ သံသယများဖြင့် ပြန်ကြည့်လိုက်၏။

“ ပြောပါဦး ... ဒီမြေခွေးအိုကြီးက ငါနဲ့ပတ်သတ်ပြီး ... မင်းကိုတစ်ခုခုများ ပြောခဲ့သေးတာလား။ ”

***

Book-55

All Chapters