ကြီးမားလှသည့် အပြန်လက်ဆောင်
Vol. 10 Ch. 132
လင်းကျွင်းကျွင်း ငိုနေလေပြီ။ မိုးကောင်းကင်သည် သူမ၏ တာအိုနှလုံးသားအား စမ်းသပ်ဖို့ရန် အန်လင်းအား စေလွှတ်လိုက်ခြင်း ဖြစ်မည်ဟု ခံစားနေရသည်။
သူမအနေဖြင့် ဤကဲ့သို့ ခံစားနေရခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။
သူမသည် အပျက်အစီးများထံမှ အချက်အလက်များ စုဆောင်းရန် တာဝန်ရှိသူ ဖြစ်သည်။ ထို့ကြောင့် သူမပေးအပ်သမျှ ဆုလာဘ်အား ကောင်းကင်ဘုံပိုင်နက်၏ ရတနာတိုက်ထဲမှ ပြန်လည်ရရှိမည် ဖြစ်သည်။
ထို့ကြောင့် သူမနှင့် ကျင်းအန်လန်တို့အတွက် ထိုဆုလာဘ်များ ပေးအပ်သည့်အတွက် ဆုံးရှုံးမှု မရှိချေ။
သို့သော်လည်း အခြားအချက် ရှိနေသေးသည်။
ထိုအချက်မှာ သူမသည် ကြီးမားသည့် အမှားအယွင်းတစ်ခု ပြုလုပ်မိပြီဟု ခံစားနေရခြင်း ဖြစ်သည့်အပြင် ထိုခံစားချက်အား မည်သို့ဖော်ပြရမည်ကို မသိချေ။
ဤနေရာသည် သူမ၏ ပိုင်နက်ဖြစ်သည်။ သူမအနေဖြင့် လူတိုင်းအား ဂုဏ်ယူစွာဖြင့် ဆုလာဘ်များ ချီးမြှင့်နိုင်ပေသည်။
သို့သော်လည်း ယခုမူကား သူမသည် လူမွဲတစ်ဦး အဖြစ်သို့ ရောက်ရှိသွားပြီး ဆုလာဘ်များ ချီးမြှင့်ရန် မဖြစ်နိုင်တော့ချေ။
ချက်ခ်အလွတ်များ ပြုလုပ်ကာဖြင့် အချက်အလက်များကို လဲလှယ်ရမည်လား။
အန်လင်းသည် သူမအား အထင်သေးနေလေပြီ။
မဟုတ်ချေ။ သူမအား ယခင်ကတည်းအား အထင်သေးနေခြင်း ဖြစ်သည်။
သူမအား လှောင်ပြောင်ခဲ့သူနှင့် ရင်ဆိုင်ရာတွင် သူမသည် ထပ်မံ ရှုံးနိမ့်ရပြန်သည်။ ခါးသီးလှသည့် အရှုံးတစ်ခု ဖြစ်ပေသည်။
ကျင်းအန်လန်၊ အန်လင်းနှင့် ကျန်သူများသည် လင်းကျွင်းကျွင်း၏ မျက်ရည်များအား မြင်သည့်အခါတွင် ဘာလုပ်ရမည်ကို မသိကြတော့ပေ။
လင်းကျွင်းကျွင်းသည် မျက်ရည်များအား သုတ်လိုက်ပြီးနောက် အန်လင်းထံ ကတ်ပြားတစ်ခု ပစ်ပေးလိုက်သည်။ "ဒါကို ယူထားလိုက်။ အချက်အလက်တွေ ယူဖို့အတွက် ငါလာခဲ့မယ်”
"ကျင်းအန်လန် သူတို့ကို ရတနာတိုက်ဆီ ခေါ်သွားပြီး ဆုတွေပေးလိုက်”
သူမသည် စကားဆုံးသည့် အခါတွင် သူမ၏ ဧည့်သည်များအား လှည့်ကြည့်ခြင်း မပြုဘဲနှင့် သစ်သားအိမ်လေး အတွင်းသို့ ဝင်ရောက် သွားတော့သည်။ သူမသည် အလွန် စိတ်ထိခိုက်နေဟန် ရှိသည်။
ကျင်းအန်လန်သည် လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
အမှန်တကယ်တွင် သူပြုလုပ်ရမည်မှာ အန်လင်းတို့အား ရတနာတိုက်ဆီသို့ ခေါ်ဆောင်သွားပြီးနောက် သော့ဖွင့်ပေးရန်သာ ဖြစ်ပေသည်။
ရတနာတိုက်အတွင်းရှိ ရတနာအားလုံးမှာ သူတို့၏ ပိုင်ဆိုင်မှုများ ဖြစ်သွားချေပြီ။
ထိုသို့ဖြင့် အန်လင်းတို့သည် တိမ်တိုက်တောင်ထိပ်မှ စိတ်ဓာတ် တက်ကြွစွာဖြင့် ထွက်ခွာ လာကြလေသည်။
သူတို့သည် မီတာ တစ်ရာရှည်သည် နဂါးပေါ်တွင် ထိုင်လျက်နှင့် ကောင်းကင်မှ ဆင်းသက်လာသည်။ ရေကန်အတွင်းသို့ မဝင်ရောက်မီတွင် ရေအောင် လျှောက်လမ်းတစ်ခု ပေါ်လာသည်။
လျှောက်လမ်းဆီမှ အဖြူရောင်အလင်းများ ထွက်ပေါ်နေပြီး ဧရာမ ပုစွန်နှစ်ကောင်သည် လက်နက်အပြည့်အစုံ ကိုင်ဆောင်ကာဖြင့် ဝင်ပေါက်အား စောင့်ကြပ်နေလေသည်။
ပုစွန်များသည် အန်လင်း၏ မသမာသည့် အကြည့်အောက်တွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာမိသည်ကြောင့် ခြေလှမ်းနည်းငယ် နောက်ဆုတ်လိုက်ပြီး အစာဘဝသို့ ပြောင်းလဲသွားမည့်ဘေးမှ ထွက်ပြေးတော့သည်။
ကျင်းအန်လန်သည် ရပ်တန့်လိုက်ပြီးနောက် သူတို့အရှေ့တွင် ရှိနေသည့် ကြေးတံခါးပေါက်အား ဖွင့်လိုက်သည်။
သူတို့အားလုံး မြင်တွေ့ရသည်မှာ တောင်များသဖွယ် ရှိနေသည့် စိတ်ဝိညာဉ် ကျောက်တုံးများ၊ တလက်လက် တောက်ပနေသည့် စိတ်ဝိညာဉ်ဆေးလုံးများ၊ ရှားပါးလှသည့် ရတနာများ၊ သတ္တုသန့်စင်သည့် ပစ္စည်းများ အပြင် စွမ်းအားကြီးသည့် အော်ရာများ ထုတ်လွှတ်လျက် ရှိနေသည့် စိတ်ဝိညာဉ် လက်နက်များ ဖြစ်ကြသည်။
ကျင်းအန်လန်သည် သူ၏အရှေ့တွင် ရှိနေသည့် ရတနာများအား ကြည့်လိုက်သည်။ သူ့အနေဖြင့် ထိုရတနာများအား အချိန်ကြာမြင့်စွာ စုဆောင်းထားရခြင်း ဖြစ်သည်။
သူသည် အလွန်ဝမ်းနည်းသည့် အကြည့်ဖြင့် ရတနာများအား နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။ ထို့နောက်တွင် "ဒါတွေအားလုံး မင်းတို့ပိုင်သွားပြီ”
ထိုသို့ပြောပြီးနောက်တွင် ချက်ချင်းဆိုသလို ထွက်ခွာသွားတော့သည်။ သူ၏ အဖိုးတန်လေးများအား အခြားသူများ ယူဆောင်နေသည့် မြင်ကွင်းကို ကြည့်ရလောက်အောင် သူ့နှလုံးသားလေး မမာကျောသေးပေ။
အန်လင်းတို့သည် အခန်းအတွင်းရှိ များပြားလှသည့် ရတနာများအား ကြည့်လိုက်သည်။ သူတို့၏ နှလုံးသားများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ခုန်ပေါက်လျက် ရှိနေကြလေသည်။
အန်လင်းသည် ပြုံးလိုက်ပြီးနောက် "မင်းတို့ အရင်ရွေးလိုက်လေ။ ကျန်တာ ငါယူမယ်”
လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် ရတနာတိုက်အတွင်းရှိ ရတနာများအား ရွေးချယ်လျက်ရှိသည်။
သူတို့ရရှိသည့် ဆုလာဘ်များအလိုက် ရွေးချယ်ကြရခြင်း ဖြစ်သည်ကြောင့် ပိုမိုလွယ်ကူပေသည်။
မုန့်ထျန်းသည် အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက် ဖြစ်သည့် လခြမ်းကွေး ဓားမြှောင်၊ စွန်းရှန့်လျန်သည် တတိယအဆင့် စိတ်ဝိညာဉ် ဆေးလုံးနှင့် အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက် ဖြစ်သည့် နှင်းကျောက်စိမ်းဓား၊ လောင်ကျိပင်သည် ဒုတိယအဆင့် စိတ်ဝိညာဉ်ဆေးလုံး၊ ကျုံးရုံရန်သည် ဒုတိယအဆင့် စိတ်ဝိညာဉ်ဆေးလုံး၊ ရှောင်ချိုးသည် အခြေခံအဆင့် ကာကွယ်ခြင်း စိတ်ဝိညာဉ် လက်နက် မဟူရာဖန်သံချပ်ကာ၊ ရှောင်းဟုန်သည် ဒုတိယအဆင့် စိတ်ဝိညာဉ် ဆေးလုံးနှင့် အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက် ရေခဲမိုးဓားတို့အား ရွေးချယ်လိုက်ကြသည်။
ရှောင်းဟုန်သည် သူမ၏ ပစ္စည်းများအား အန်လင်းထံမှ ရရှိသည့် သိုလှောင်လက်စွပ် အတွင်း ထည့်သိမ်းလိုက်ပြီး နောက်တွင် အန်လင်း၏ အိတ်ကပ်အတွင်းသို့ ပြန်လည် ဝင်ရောက် သွားတော့သည်။
ထို့နောက်တွင် အန်လင်းသည် ကျန်ရှိနေသေးသည့် အဆင့်မြင့် စိတ်ဝိညာဉ် လက်နက် ၁ ခု၊ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက် ၂ ခု၊ အခြေခံအဆင့် စိတ်ဝိညာဉ်လက်နက် ၁၀ ခု၊ အရည်အသွေးမြင့် စိတ်ဝိညာဉ်ဆေးလုံး ၂၀ ကျော်၊ သတ္တုသန့်စင်သည့် ပစ္စည်း အများအပြားနှင့် စိတ်ဝိညာဉ် ကျောက်တုံး သုံးသိန်းကျော်အား သူ၏ သိုလှောင်လက်စွပ် အတွင်းသို့ သိမ်းဆည်းလိုက်သည်။
လူတိုင်းသည် ထိုမြင်ကွင်းအား ကြည့်လျက် မနာလိုဖြစ်မှုများအား မျိုချသိမ်းဆည်း ရလေသည်။
ထို့နောက်တွင် သူတို့အားလုံးတို့သည် ရတနာတိုက်အတွင်းမှ ပြန်ထွက်လာကြသည်။
အန်လင်းတို့၏ ကျေနပ်မှု ပြည့်ဝနေသည့် အမူအရာများကြောင့် ကျင်းအန်လန်၏ နှလုံးသားလေးမှာ ဆွဲညှစ်ခံရသကဲ့သို့ နာကျင်လွန်းလှသည်။ သို့သော်လည်း သူတို့အားလုံးသည် ထိုဆုလာဘ်များနှင့် အမှန်တကယ် ထိုက်တန်ပေသည်။ ထို့နောက်တွင် ခံစားချက်များ ရှုပ်ထွေးလျက် အန်လင်းတို့အား ရေကန်အပြင်သို့ ခေါ်ဆောင်ပေးလိုက်သည်။
တိမ်ဖြူ ရေကန်ဘေးသို့ ပြန်ရောက်လာပြီး နောက်တွင် သူတို့အားလုံးတို့သည် ကျင်းအန်လန်အား ကျေးဇူးတင်စကားဆိုကာ နှုတ်ဆက်လိုက်ကြသည်။
ကျုံးရုံရန်သည် သူ၏ယပ်တောင်အား ဝှေ့ယမ်းလျက် "မင်းတို့တွေ သတိထားမိ သလားတော့ မသိဘူး။ ငါတို့တွေ အကိုကြီးအန်ရဲ့ အဖွဲ့ထဲကို ရောက်ကတည်းက ကံကောင်းမှုတွေ ဆက်တိုက် ကြုံတွေ့ရတာပဲ”
"ငါလည်းသိတယ်” မုန့်ထျန်း၏ သေးသွယ်သည့် ခန္ဓာကိုယ်လေးမှာ ပျော်ရွှင်လျက်ရှိပြီး သူမ၏ လက်ချောင်းများကို စတင်ချိုးရေလိုက်သည်။ "ပထမဆုံး အင်မော်တယ် သစ်သီးတွေ ရတယ်၊ ပြီးတော့ သွေးမျိုးဆက် အမွေအနှစ်၊ နောက်ဆုံးတာ့ ငါတို့က ရတနာပစ္စည်းတွေကို ရွေးယူ လိုက်နိုင်သေးတယ်။ အချိန်က ၁၀ ရက်တောင် မပြည့်သေးဘူး။ ကံကောင်းမှုတွေ အများကြီး ကြုံခဲ့ရပြီးပြီ”
"အချိန်တိုလေး အတွင်းမှာ ကြုံတွေ့လိုက်ရသည့် ကံကောင်းမှုတွေက ပြီးခဲ့တဲ့ အနှစ်၂၀လောက်မှာ ကြုံတွေ့ဖူးတာ ထက်တောင် များနေသေးတယ်” စွန်းရှန့်လျန်သည် ပြုံးလိုက်ပြီးနောက် လေပြည်ညင်းသည် သူမ၏ ငွေမင်ရောင် ဆံနွယ်များအား လွင့်မျော နေစေသည်ကြောင့် သူမ၏ သွင်ပြင်မှာ အလွန်ဆွဲဆောင်မှု ရှိလှပေသည်။
လောင်ကျိပင်သည် နှစ်နှစ်ကာကာ ရယ်မော လိုက်ပြီးနောက် "အစ်ကိုကြီးအန် ဖြစ်တာကြောင့်ပဲလေ။ ငါတို့ကျောင်းရဲ့ ထိပ်တန်း ကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်က တကယ်ကို ထိုက်တန်လွန်းတယ်”
လူတိုင်းသည် အလွန်ချီးကျူးလျက် ရှိသည်ကြောင့် အန်လင်းမှာ အနည်းငယ် ရှက်ရွံ့လာမိတော့သည်။
ရှောင်ချိုးသည် အန်လင်း၏ ပုခုံးအား ဖက်ကာဖြင့် "အစ်ကိုကြီးအန်ရေ ပြင်ပကမ္ဘာတွေကို ခရီးသွားရင်း အခွင့်အရေးတွေ ရရှိတာက ကျင့်ကြံခြင်း အခြေခံကို လျင်လျင်မြန်မြန် တိုးတက်လာစေနိုင်တယ် ဆိုတဲ့ သဘောကို အခုတော့ နားလည်စပြုလာပြီ”
"အမှောင်နတ်ဘုရား အမွေအနှစ်ကို ရရှိပြီးတဲ့နောက်မှာ သိပ်မကြာခင် ချိုးဖြတ်နိုင်တော့မယ်လို့ ခံစားနေရတယ်။ အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်”
အန်လင်းသည် ရှောင်ချိုး၏ စကားကို ကြားလိုက်ရသည့်အခါ အလွန် ပျော်ရွှင်သွားမိသည်။ "ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ။ ငါတို့က သူငယ်ချင်းတွေလေ။ ဂုဏ်ယူပါတယ်။ မင်းသာ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကို ချိုးဖြတ်သွားမယ်ဆိုရင် ငါတို့အဖွဲ့အတွက် ပိုပြီးတာ့ လွယ်ကူသွားတာပေါ့”
ရှောင်ချိုးသည် မဟူရာ ဖန်သံချပ်ကာအား ဝတ်ဆင်ထားပြီး ဖြစ်သည်ကြောင့် သူ၏သွင်းပြင်အား ပို၍ စွမ်းအားကြီး ခန့်ညားစေသည်။
သို့သော်လည်း အန်လင်း၏ စကားလုံးများကို ကြားလိုက်ရသည့် အခါတွင် သူ၏ တောက်ပသည့် မျက်လုံးကြီးများသည် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ စီးကျလာတော့သည်။
အန်လင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ "ဟုတ်သားပဲ။ ရှောင်ချိုးရေ လူသားတစ်ယောက်မှာ သားရဲအမြုတေ ဖြစ်တည်လာမယ်ဆိုရင် ဘယ်လို ကျင့်ကြံသင့်တယ်လို့ မင်းထင်လဲ”
ရှောင်ချိုးသည် အန်လင်း၏ အမေးကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ "လူသားက သားရဲအမြုတေ ဖြစ်တည်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”
"အဲဒါက အဓိက အချက်မဟုတ်ဘူး။ အဓိကအချက်က ဖြစ်တည်နေတဲ့သူက ဘယ်လို ကျင့်ကြံသင့်သလဲလို့ မေးတာ”
ရှောင်ချိုးသည် ခေါင်းကုတ်လိုက်ပြီးနောက် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ "အဲလိုဆိုရင် သူတို့က စိတ်ဝိညာဉ်သားရဲတွေ ကျင့်ကြံနည်းအတိုင်း ကျင့်ကြံသင့်တယ်။ ဒါပေမဲ့လည်း သားရဲအမြုတေ ဖြစ်တည်နေတဲ့ လူသားက လူသားတစ်ယောက် အနေနဲ့ သတ်မှတ်လို့ မရတော့ပဲ စိတ်ဝိညာဉ်သားရဲ အဖြစ် သတ်မှတ်ရလိမ့်မယ်”
အန်လင်း၏ နှလုံးသားလေးသည် ရှောင်ချိုး၏ စကားအား ကြားပြီးသည့် နောက်တွင် နာကျင်လာတော့သည်။ စိတ်ဝိညာဉ်သားရဲ အန်လင်းပေါ့။
ရှောင်ချိုးသည် ဆက်လက်၍ "စိတ်ဝိညာဉ်သားရဲတွေရဲ့ ကျင့်ကြံပုံက လူသားတွေနဲ့ ကွဲပြားတယ်။ ငါတို့ရဲ့ ကျင့်ကြံခြင်း အခြေခံ တိုးတက်လာစေဖို့ ဆိုရင် အပိုင်းသုံးပိုင်း ခွဲခြားထားတယ်။ အမြုတေကို ထိန်းချုပ်ရတယ်၊ ခန္ဓာကိုယ်ကို မွမ်းမံရတယ်၊ ဝိညာဉ်ကို နားလည် သဘောပေါက်ရတယ်”
"အမြုတေကို ထိန်းချုပ်တယ် ဆိုတာက ကောင်းကင်နဲ့ မြေပြင်ရဲ့ ချီစွမ်းအင်တွေကို နေ့စဉ်နေ့တိုင်း စုပ်ယူပြီး ခန္ဓာကိုယ်ကို သန့်စင်လာဖို့ လှည့်ပတ်ပေးရတယ်။ ကျောက်စိမ်းဂူထဲမှာ ရှိတဲ့ သားရဲအမြုတေကို ထိန်းချုပ်ရတယ်”
"ခန္ဓာကိုယ်မွမ်းမံတယ် ဆိုတာက လေ့ကျင့်ခံလုပ်တာမျိုး တိုက်ခိုက်တာမျိုး ဒါမှမဟုတ် ခန္ဓာကိုယ် ကြံ့ခိုင်လာဖို့ အတွက် ရှားပါးတဲ့ ရတနာတွေ ဆေးမြစ်တွေ သောက်သုံးရတာမျိုးပေါ့”
"ဝိညာဉ်ကို နားလည် သဘောပေါက်ဖို့ ဆိုတာကတော့ သက်ရှိအားလုံးရဲ့ ဝိညာဉ်တွေကို နားလည် သဘောပေါက်ပြီး အသိစိတ်နဲ့ ထိန်းချုပ်ပြီး ဖွံ့ဖြိုး တိုးတက်လာအောင် ပြုလုပ်ရတာပဲ။ အဲဒါကတော့ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ပြီးတဲ့ နောက်မှာမှ စိုးရိမ်ရမဲ့အရာလေ”
ရှောင်ချိုး၏ စကားများအား နားထောင်ပြီးသည့် အခါတွင် အန်လင်းသည် သနားစဖွယ် ခေါင်းညိတ်လိုက်သည်။
စိတ်ဝိညာဉ် သားရဲများ၏ ကျင့်ကြံခြင်းသည် လူသားများထက် ရိုးရှင်းလှပေသည်။
ထိုသည်မှာ ပုံမှန်သာလျှင် ဖြစ်သည်။ စိတ်ဝိညာဉ် သားရဲများသည် တောင်တန်းများတွင် ရှင်သန်ကြရခြင်း ဖြစ်သည့်အတွက် သူတို့ထံတွင် စနစ်ကျသည့် ကျင့်ကြံနည်းလမ်းများ မရှိကြချေ။ သူတို့၏ ကိုယ်ပိုင် အသိအမြင်များ အပေါ်တွင်သာ မှီခိုအားထားကြရခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံနည်းသည် လူသားများနှင့် အလွန်ကွဲပြားနေခြင်း ဖြစ်သည်။
အမြုတေ ထိန်းချုပ်ဖို့ရန် အန်လင်းသည် ချက်ချင်းပင် စတင်နိုင်သည်။
ခန္ဓာကိုယ် မွမ်းမံဖို့ရန်မူ ရှားပါးသည့် ရတနာများအား စားသုံးရမည် ဖြစ်သည့်အတွက် ရူးလောက်အောင် ချမ်းသာသော သူဌေးကြီးအန်အတွက် ပြောပလောက်သည့်အရာ မဟုတ်ချေ။
ဝိညာဉ်ကို နားလည်သဘောပေါက်ရန် အတွက်မှာ အလှမ်းဝေးလွန်း လှသဖြင့် စဉ်းစားရန် မလိုအပ်သေးချ။
ရှောင်ချိုး၏ ပြောကြားချက်များကို နားထောင်ပြီးသည့် နောက်တွင် သူ့အနေဖြင့် မည်ကဲ့သို့ ကျင့်ကြံရမည်ကို ပို၍ နားလည် သဘောပေါက်လာပြီ ဖြစ်သည်။ သူ့နှလုံးသားထဲရှိ ရှုပ်ထွေးမှုအချို့သည် ပျောက်ကွယ်သွားချေပြီ။
စိတ်ဝိညာဉ်သားရဲ အန်လင်းဖြစ်တော့ကော ဘာဖြစ်လဲ။ သူ့ထံတွင် အစွမ်းရှိနေသမျှ ပြဿနာတစ်ရပ် မဟုတ်ချေ။
**