← Chapters

မတိုက်ခိုက်ဘဲအနိုင်ယူ

Vol. 26 Ch. 362

မတိုက်ခိုက်ဘဲအနိုင်ယူ

Vol. 26 Ch. 362

အခန်း (၃၆၂) မတိုက်ခိုက်ဘဲအနိုင်ယူ

အစွန်းရောက်ရှစ်ပါးကမ္ဘာမှလူငယ်တိုင်းက “ရန်ကျောက်ကဲ” မဟုတ်ပေ။ ရန်ကျောက်ကဲကဲ့သို့ တစ်ကမ္ဘာလုံးသိအောင် နာမည်ကျော်သူက ခပ်ရှားရှားဖြစ်သည်။

သိုင်းကျင့်ကြံသူများမဟုတ်သော သာမန်လူများသည်ပင် ရန်ကျောက်ကဲ၏ ရုပ်သွင်ကို မသိရှိသည့်တိုင် နာမည်ကိုတော့ ကြားဖူးကြသည်။

လူငယ်မျိုးဆက်များတွင် အကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ယော်ကဖြစ်သော ရန်ကျောက်ကဲ၏နာမည်မှာ မိုးခြိမ်းသံအလား လူတိုင်းနားထဲတွင် အကျွမ်းတဝင် ရှိကြသည်ပင်။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းကျင့်ကြံသူများအပြင် ၊ ပြင်ပလောကနှင့်မဆက်သွယ်ဘဲ သီးခြားနေထိုင်ကြသူများ ၊ ပင်လယ်တစ်ဖက်ခြမ်းတွင်  သီးသန့်နေထိုင်ကြသူများအားလုံးတွင် အများစုက ရန်ကျောက်ကဲကို သိရှိကြသည်။ ရန်ကျောက်ကဲ၏ ပုံတူပန်းချီများသည်လည်း အရပ်ရပ်သို့ ပျံ့နှံ့နေခဲ့သည်ပင်။

သို့ပေသိ စစ်ခုန်ချင်းကိုတော့ သိရှိသူ အလွန်နည်းပါးသည်။

နည်းပါးသည်ဆိုခြင်းမှာ ရန်ကျောက်ကဲနှင့်ယှဉ်လျှင် နည်းပါးခြင်း ဖြစ်၏။

စစ်ခုန်ချင်းက ဝါဒတောင်၏ လူငယ်မျိုးဆက်ကြယ်ပွင့်တစ်ယောက်အဖြစ် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့လေရာ ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ လူအတော်များများက သူမကို မှတ်မိနေပြီ ဖြစ်သည်။

ထို့ပြင်ထိပ်သီးသိုင်းဂိုဏ်းကြီးများအကြောင်း အမြဲတမ်းလေ့လာစုံစမ်းနေကြသော ပထမအဆင့်စွမ်းအားစုများနှင့် ဒုတိယအဆင့်စွမ်းအားစုများသည်လည်း စစ်ခုန်ချင်းကို သတိပြုမိကြမည် အမှန်ပင်။

စစ်ခုန်ချင်းက ထူးခြားသောသိုင်းပါရမီကို ပိုင်ဆိုင်သူဖြစ်သလို ရုပ်ရည်ကလည်း အလွန်တရာချောမောလှပသည်ဖြစ်လေရာ မည်သူမှ သူမကို အလွယ်တကူ မေ့ပျောက်သွားမည် မဟုတ်ပေ။

သို့ဖြစ်ရာ ကျင့်ကြံသူလောကတွင် သူမနှင့် တစ်ထေရာတည်းချွပ်စွပ်တူညီသည့် လူတစ်ယောက်ထွက်ပေါ်လာပါက မည်သူမဆို သတိပြုမိကြမည် ဖြစ်သည်။ ယောကျ်ားလေးပင်ဖြစ်စေ ၊ မိန်းကလေးပင်ဖြစ်စေ ၊ ကျင့်ကြံသည့်သိုင်းပညာ တူညီသည်ဖြစ်စေ ၊ မတူညီသည်ဖြစ်စေ သတိပြုမိမည်သာ ဖြစ်သည်။

ဝါဒတောင်ပိုင်နက်ဖြစ်သော ကောင်းကင်နယ်မြေနှင့် ၊ ဝါဒတောင်ထိန်းချုပ်နယ်မြေဖြစ်သော လေနယ်မြေတစ်ဝက်ခန့်ကိုဖယ်ရှားပြီး မီးနယ်မြေနှင့် မိုးကြိုးနယ်မြေများကို ထည့်မတွက်ဘဲ အခြားနေရာများတွင် “စစ်ခုန်ချင်း” နှင့်ရုပ်ချင်းဆင်တူသူတစ်ယောက်ကို တွေ့မည်ဆိုပါက တောင်နန်းနယ်မြေမှ အဆုံးမဲ့တောင်တန်း ၊ ရေနယ်မြေမှ ကျောက်စိမ်းပင်လယ်မြို့တော် ၊ ရေကန်နယ်မြေမှ လှိုင်းနက်ဂေဟာတို့က ဝါဒတောင်သို့ သေချာပေါက် ဆက်သွယ်အကြောင်းကြားမည် ဖြစ်သည်။

သို့သော် အဘိုးအို’မော့’ နေထိုင်သောနေရာက ပင်လယ်တစ်ဖက်ခြမ်း အလွန်တရာဝေးကွာသောနေရာဖြစ်လေရာ ထိပ်သီးသိုင်းဂိုဏ်းကြီးများ သြဇာလွှမ်းမိုးနိုင်ခြင်းမရှိသော အလုံပိတ်နယ်မြေတစ်ခုဖြစ်သည်။

ထိုသို့သောနေရာမှ လူများအတွက်တော့ စစ်ခုန်ချင်း မည်သူမည်ဝါဖြစ်ကြောင်း သိရှိကြမည် မဟုတ်ပေ။

ထို့ပြင် ပင်လယ်တစ်ဖက်ခြမ်းတွင်နေထိုင်ကြသော ချွိယန်ချီနှင့် ချန်နင်ကဲ့သို့သောလူငယ်များကိုလည်း ကျောက်စိမ်းပင်လယ်မြို့တော်က ရှာဖွေတွေ့ရှိရန် အလွန်ခဲယဉ်းသည်။ ကျောက်စိမ်းပင်လယ်မြို့တော်က ရေနယ်မြေကိုအုပ်စိုးသည်ဆိုသော်ငြား ပင်လယ်တစ်ဖက်ခြမ်းဒေသကတော့ သူတို့၏ပိုင်နက်မဟုတ်ပေ။

ရန်ကျောက်ကဲ စစ်ခုန်ချင်းကို ကြည့်လိုက်သည်။

သူ တွေးထင်သည့်အတိုင်းသာ လောကတစ်ခွင်တွင် “စစ်ခုန်ချင်း” နှင့်ဆင်တူသူများ မရေမတွက်နိုင်အောင် ရှိခဲ့သော် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းကျင့်ကြံသူများအနေဖြင့် မသိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။ အထူးသဖြင့် သက်တူရွယ်တူ ကျင့်ကြံခြင်းအဆင့်တူ ၊ ရုပ်ချင်းတူသူများဖြစ်နေကြပါက ထူးဆန်းသည့်သတင်းအဖြစ် တောမီးပမာပင် ပျံ့နှံ့သွားနိုင်သည်။

အကြောင်းအမျိုးမျိးကြောင့် သိုင်းကျင့်ကြံသူလောကထဲ မဝင်ရောက်နိုင်ဘဲ သာမန်လူသားများအဖြစ် တိတ်ဆိတ်စွာ အသက်မွေးဝမ်းကြောင်းပြုနေသော ထိုတံငါသည်လေးလိုလူများသည်လည်း အများအပြားမရှိနိုင်ဟု ရန်ကျောက်ကဲ ခံစားရသည်။

ဆိုတော့...

“စစ်ခုန်ချင်း” တွေအကုန်လုံး ဘယ်နေရာရောက်နေပါသနည်း။

ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်ရင်း...

“မဟာကပ်ဘေးကြီးပြီးတဲ့နောက်... ဘာတွေဖြစ်လာခဲ့သလဲ”

ငရဲကိုးထပ်၏ကျူးကျော်မှုကို ထည့်မတွက်လျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာက အလုံပိတ်ကမ္ဘာတစ်ခု ဖြစ်သည်။ မီးတောက်မိစ္ဆာကမ္ဘာက ကျူးကျော်ဝင်ရောက်လာသော အရှေ့ပင်လယ်မှလမ်းကြောင်းအပြင် အခြားသောကမ္ဘာများနှင့် အဆက်အသွယ် မရှိပေ။ ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာပတ်ဝန်းကျင်အခြေအနေများကိုသာ နားလည်နိုင်စွမ်းရှိပြီး အခြားကမ္ဘာများအပေါ် နားလည်နိုင်စွမ်းက အကန့်အသတ်ရှိနေသည်။

သူ့အရှေ့မှ စစ်ခုန်ချင်းနှင့် ချွိယန်ချီကိုကြည့်ရင်း ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။

ထို့နောက် သူ့အကြည့်များက ချန်နင်ထံ ရွေ့လျားသွားပြီး နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွားသည်။

ချွိယန်ချီတို့ ဆရာတပည့်အုပ်စုသည် ပြဿနာကို အဖြေရှာနေသည့်အဆင့်တွင်သာ ရှိနေဆဲဖြစ်ပြီး ၎င်းကို အမှန်တကယ် နားလည်သဘောပေါက်ခြင်း မရှိသေးကြောင်း ရန်ကျောက်ကဲ ရိပ်မိသည်။

“အားဟူ... သူ့ကို လွှတ်ထားလိုက်တော့”

ချွိယန်ချီကို လွှတ်ပေးထားရန် ရန်ကျောက်ကဲက အားဟူကို ပြောလိုက်၏။ ထို့နောက် သူတို့ မြောက်ပင်လယ်မှထွက်ခွာပြီး ရေနယ်မြေသို့ ပြန်လာခဲ့ကြသည်။

မူလအစီအစဉ်အတိုင်းဆိုလျှင် စစ်ခုန်ချင်းက တောင်ပေါ်ပြန်မည် မဟုတ်သေးပေ။ ပင်လယ်ဒေသတွင် အချိန်အတော်ကြာအောင် အတွေ့အကြုံ ရှာဖွေဦးမည်ဖြစ်သည်။

ယခု ရန်ကျောက်ကဲနှင့် ပြန်လိုက်လာရသဖြင့် သူမ၏ မူလရည်ရွယ်ချက်နှင့် အနည်းငယ် သွေဖယ်သွားသည်။

သို့ရာတွင် ချန်နင်သေဆုံးသွားခဲ့ပြီး ချွိယန်ချီနှင့်လည်း ဆုံတွေ့ခဲ့လေရာ သူမစိတ်များ အလွန်ရှုတ်ထွေးနေပြီး ဒဏ်ရာလည်း ရရှိထားလေရာ အနားယူရန် လိုအပ်သည်။

ရန်ကျောက်ကဲ စစ်ခုန်ချင်းကို စိတ်ဝင်တစား ကြည့်လိုက်သည်။

သူမက အသားမကျသော အဖြစ်အပျက်များနှင့် ရင်ဆိုင်ရသည့်တိုင် သေခြင်းရှင်ခြင်းတိုက်ပွဲရင်ဆိုင်ရသည့်အခါ တစ်ချက်လေးပင် စိတ်ပျော့မသွားခဲ့ပေ။ တကယ် ချီးကျူးထိုက်သူတစ်ယောက်ဟု ဆိုရမည်။

ချန်နင်က သူမနှင့် ရုပ်ချင်းဆင်တူသည့် ချွိယန်ချီနှင့်အတူ ငယ်စဉ်ကပင် သိုင်းပညာသင်ယူခဲ့သူဖြစ်သလို ချွိယန်ချီ သယ်ဆောင်လာသည့် တံငါသည်အလောင်းကိုလည်း တွေ့မြင်ဖူးသူ ဖြစ်သည်။ ထို့ကြောင့် သူမနှင့် ရုပ်ချင်းဆင်သူတစ်ယောက်ကို တွေ့ဆုံရခြင်းက အဆန်းမဟုတ်ပေ။

သို့သော် စစ်ခုန်ချင်းကတော့ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ချန်နင်က စစ်ခုန်ချင်းထက် စိတ်ပိုင်းဆိုင်ရာ များစွာသာလွန်ကောင်းမွန်ပြီး တည်တည်ငြိမ်ငြိမ်ရှိနိုင်သော်လည်း စစ်ခုန်ချင်းကတော့ ရင်ဆိုင်ရန် သိပ်မလွယ်ခဲ့ပေ။

စစ်ခုန်ချင်းက ပြောစရာစကားရှိသည့်ဟန် ရန်ကျောက်ကဲကို လှည့်ကြည့်လာသည်။

သူမက ခဏမျှ တုံ့ဆိုင်းနေပြီးမှ...

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ရှင်က ဗဟုသုတအရမ်းကြွယ်ဝတဲ့သူဆိုတော့ အရင်က ကျွန်မလိုအခြေအနေမျိုး ကြုံတွေ့ဖူးတဲ့လူတွေအကြောင်း ကြားဖူးလားဟင်”

ရန်ကျောက်ကဲက ပြုံးရင်း...

“မင်းကိုတော့ စိတ်ပျက်စေမိပြီ ၊ ဒါပေမဲ့ ငါလည်း အလုံးစုံသိတဲ့ အနန္တတန်ခိုးရှင်ကြီး မဟုတ်တော့ မသိဘူးလေ”

သူက ဆက်ပြောသည်။

“များများသိလေ များများတွေးကြည့်လို့ ရလေပါပဲ ၊ လက်ရှိမှာတော့ ငါတို့ရထားတဲ့ သဲလွန်စတွေက အရမ်းနည်းနေသေးတယ်”

စစ်ခုန်ချင်းကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ မှန်းဆချက်ပေါင်းများစွာ ထွက်ပေါ်လာသော်လည်း အများစုကို သူကိုယ်တိုင် လက်ခံနိုင်ခြင်းမရှိသဖြင့် ငြင်းပယ်လိုက်သည်။

“ဒီပြဿနာက မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စဆိုပေမယ့် ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ နဲ့လည်း ပတ်သက်နေတယ်လေ ၊ ဒါကြောင့် တောင်ပေါ်ကို သတင်းပို့မှဖြစ်မယ်”

စစ်ခုန်ချင်းက...

“ကျွန်မ နားလည်ပါတယ်”

သူတို့ခရီးဆက်လာစဉ် ရန်ကျောက်ကဲ ညာဘက်မျက်လုံးမှ ခရမ်းစိမ်းရောင်လျှပ်စီးတစ်ချက် လင်းလက်သွားသည်။

အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ရင်း သူ့ မျက်နှာထက် အပြုံးရိပ်တစ်ခု ထွက်ပေါ်လာသည်။

“အားဟူ... သူတို့ကိုခေါ်သွား ၊ ငါ ခဏနေရင် နောက်ကလိုက်ခဲ့မယ်”

အားဟူက ရိုးရှင်းစွာပင် ရယ်မောရင်း...

“ဟုတ်ကဲ့ပါ သခင်လေး”

ထို့နောက် ရန်ကျောက်ကဲက ပန်ပန်၏ကျောပေါ်မှဆင်းကျန်ရစ်ခဲ့ပြီး အားဟူတို့အုပ်စုကတော့ အဝေးတစ်နေရာသို့ ဆက်လက်ထွက်ခွာသွားသည်။

ရန်ကျောက်ကဲ ပင်လယ်ရေမျက်နှာပြင်ထက် လေထုထဲတွင် အေးအေးဆေးဆေးပင် ပျံသန်းနေသည်။

ထိုအချိန် အလွန်လျှင်မြန်သောအရှိန်အဟုန်ဖြင့် ကောင်းကင်ထက်ဖြတ်သန်းသွားသည့် သက်တံ့ဓားအလင်းတစ်ခု အဝေးဆီမှ ထွက်ပေါ်လာသည်ကို တွေ့ရ၏။

ရန်ကျောက်ကဲက လက်နှစ်ဖက်ကိုနောက်ပစ်ရင်း သိမ်မွေ့သည့်လေသံဖြင့်...

“ခင်ဗျားက ‘စိမ်းလန်းဆေးလုံးကျွန်း’ က ပန်းချီဆရာသူတော်စဉ်ရဲ့ အဆက်အနွယ်မဟုတ်လား ၊ ကြည့်ရတာ ပင်လယ်ဖြိုသက်တံ့သခင်ရဲ့ တပည့်ဖြစ်မယ်ထင်တယ်”

သူ့အသံက ကျယ်လောင်ခြင်းမရှိသော်လည်း ပတ်ဝန်းကျင်မိုးမြေတစ်ခွင် ကြားသိရန် လုံလောက်သည်။ ဝါဒတောင်၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော ‘နက်ရှိုင်းချီစွမ်းအားကျင့်စဉ်’ ကို အသုံးပြုလိုက်ခြင်းဖြစ်ပြီး ရန်ကျောက်ကဲက ထိုပညာကို အလွန်အဆင့်မြင့်စွာ ကျင့်ကြံထားနိုင်ပြီ ဖြစ်သည်။

သက်တန့်ရောင်ဓားအလင်းတန်းက ရပ်တန့်သွားပြီး အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် လူရွယ်တစ်ယောက် ပေါ်လာသည်။

ထိုလူရွယ်က ရန်ကျောက်ကဲကို အကဲခတ်လိုက်ပြီးနောက် ဖြည်းညင်းသောလေသံဖြင့်...

“အခု ငါ့ရှေ့ရောက်နေတာ ဝါဒတောင်သခင်လေးများလား ၊ ငါက ‘ပင်လယ်ဖြိုသက်တံ့သခင်’ ရဲ့တပည့် ချန်ချီပါ”

ထိပ်သီးသိုင်းဂိုဏ်းတစ်ခုဖြစ်သော ဝါဒတောင်၏ သြဇာအာဏာက ပင်လယ်တစ်ဖက်ခြမ်းဒေသတွင် လွှမ်းမိုးနိုင်ခြင်းမရှိသော်လည်း ဝါဒတောင်၏ ဂုဏ်သတင်းက သာမန်မဟုတ်ကြောင်း လူတိုင်းသိရှိကြသည်။

အထူးသဖြင့် မကြာသေးမီက ယွမ်ကျန်းဖုန်းက သိုင်းသူတော်စင်တစ်ယောက်ဖြစ်လာခဲ့ပြီး ဝါဒတောင်တိုက်ပွဲတွင် နေသူတော်စင်ဂိုဏ်းနှင့် အပေါင်းပါများကို သုတ်သင်ပစ်နိုင်ခဲ့သည်။ ထို့ကြောင့် ဝါဒတောင်က ပိုမိုနာမည်ကျော်ကြားလာခဲ့၏။

ထို့ပြင် ရန်ကျောက်ကဲဆိုသည်က ငယ်ငယ်ရွယ်ရွယ်နှင့် သိုင်းစွမ်းမြင့်မားသလို နာမည်ကြီးတစ်ယောက်လည်းဖြစ်လေရာ ချန်ချီအနေဖြင့် ပေါ့ပေါ့ဆဆ သဘောမထားရဲပေ။

ရန်ကျောက်ကဲနောက်ကွယ်တွင်ရှိသော ဝါဒတောင်ကိုအသာထား ၊ မြောက်ဖျားဒေသတွင် ရန်ကျောက်ကဲက ကောင်းကင်မိုးကြိုးခန်းမမှ အမဝိညာဉ်အဆင့် သိုင်းဆရာသခင်များကို သတ်ဖြတ်ပစ်ခဲ့သည်။ ထိုဖြစ်ရပ်ကို ကောင်းကင်မိုးကြိုးခန်းမက ဖုံးကွယ်ရန် ကြိုးစားခဲ့သော်လည်း သတင်းများက ဖုံးမရဖိမရ ပျံ့နှံ့သွားခဲ့၏။

ထိုသတင်းပျံ့နှံ့သွားသည်နှင့် နဂိုကပင် သြဇာကြီးမားသော ရန်ကျောက်ကဲကို မည်သူမှ သာမန် ဝိညာဉ်ခန္ဓာသိုင်းဆရာသခင်တစ်ယောက်အဖြစ် မဆက်ဆံရဲကြတော့ပေ။

ချန်ချီက အတွေ့အကြုံရင့်ကျက်သလို ကျင့်ကြံခြင်းအဆင့်လည်းမြင့်မားသူ ဖြစ်၏။ ပင်လယ်ဒေသကလည်း သူ့နယ်မြေဖြစ်သည့်တိုင် မျက်စိရှေ့တွင် ရန်ကျောက်ကဲကို တွေ့ရသည့်အခါ ခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းသံများ ဆူညံစွာမြည်ဟည်းလာသည်။

ရန်ကျောက်ကဲက ပုံမှန်လေသံဖြင့်ပင် စကားဆိုသည်။

“ဒီ ‘ရန်’ မျိုးနွယ်က ဆရာကြီးကို ဂါရဝပြုပါတယ် ၊ သက်တံ့ရောင်ဓားအလင်းတန်းကိုတွေ့လိုက်တော့ ပန်းချီဆရာသူတော်စင်ရဲ့ အဆက်အနွယ်ပဲဆိုတာ သိလိုက်လို့ အကူအညီတောင်းချင်တာနဲ့ နှုတ်ဆက်စကားဆိုလိုက်ရတာပါ”

ချန်ချီက...

“ငါက သိပ်တော့ ယဉ်ယဉ်ကျေးကျေး စကားမဆိုတတ်ဘူး ၊ ဒါပေမဲ့ ‘ရန်’ သခင်လေးကို ဘာများကူညီပေးရမလဲ ပြောပါဗျာ”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကျွန်တော့်ရဲ့ ဂိုဏ်းတူညီမလေးတစ်ယောက်က ပြင်ပလောကအတွေ့အကြုံရှာဖို့ ပင်လယ်ဒေသကို ရောက်နေခဲ့တယ် ၊ လွန်ခဲ့တဲ့ရက်ပိုင်းက သူ မိန်းကလေးတစ်ယောက်နဲ့ တိုက်ခိုက်နေတယ်လို့ သတင်းရလို့ ကျွန်တော်က သူ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးတစ်ယော်ကအနေနဲ့ ဒီနေရာမှာ သူ့ကိုလာရှာတာပါ”

ရန်ကျောက်ကဲက ဆက်ပြောသည်။

“သူတို့နှစ်ယောက်တိုက်ပွဲဖြစ်တဲ့နေရာကို ကျွန်တော် ရောက်ပြီးပြီ ၊ ဂိုဏ်းတူညီမလေးနဲ့ တိုက်ခိုက်ခဲ့တဲ့သူက အရမ်းအစွမ်းထက်တဲ့ သိုင်းပညာတစ်ခု အသုံးပြုခဲ့တာ တွေ့ရတယ် ၊ အဲဒီသိုင်းပညာရဲ့အစွမ်းက ထိပ်သီးသိုင်းဂိုဏ်းကြီးတွေရဲ့ သိုင်းပညာအောက် လုံးဝမနိမ့်ကျဘူး”

ထိုစကားကိုကြားတော့ ချန်ချီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိသော်လည်း မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားသည်။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ပင်လယ်တစ်ဖက်ခြမ်းမှာဆိုရင် ပန်းချီဆရာသူတော်စင်ကသြဇာကြီးမားတယ်လေ ၊ သူ့တပည့်တွေကလည်း ဒီဒေသတဝိုက် နေထိုင်ကြတာဆိုတော့... ဒီလိုခိုင်မာအားကောင်းတဲ့ သိုင်းပညာမျိုးကို ပန်းချီဆရာသူတော်စင်ရဲ့ အဆက်အနွယ်တွေကလွဲလို့ တခြားဘယ်သူတွေများ ပိုင်ဆိုင်ထားသေးလဲဆိုတာ ကျွန်တော် သိချင်လို့ပါ”

All Chapters