← Chapters

ဖရိုဖရဲနိယာမ မွေးဖွားခြင်း....

Vol. 50 Ch. 736

ဖရိုဖရဲနိယာမ မွေးဖွားခြင်း....

Vol. 50 Ch. 736

" အချိန်လေဟာနယ်ပုံစံ ၃၃,၃၃၃ခုက အနာဂတ် သိုင်းတာအိုဆင့်ကဲပြောင်းလဲသူတွေကို အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ရ ပိုမိုလွယ်ကူစေလိမ့်မယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

ထိုအချိန်လေဟာနယ်ပုံစံများကို အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ ဆင့်ကဲပြောင်းလဲသူများက အသုံးပြုနိုင်သော်လည်း သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများအတွက် အကောင်းဆုံးဖြစ်သည်။

အမည် - ကောင်းဝူယောင် (လင်းယွမ်)။

အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်။

စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း။

နတ်စွမ်းရည် - သွေးပြန်လည်မွေးဖွားခြင်း၊ တောင်ရွှေ့လျားခြင်း၊ အားဖြည့်ခြင်း၊ ဒြပ်စင်ခန္ဓာ၊ ကမ္ဘာ၊ ကောင်းကင်ဆုတ်ဖြဲခြင်း။

လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း။

ကျန်ရှိသောအချိန် - ၉၈ နှစ်။

လင်းယွမ်က သူ၏ အချက်အလက်များကို ကြည့်လိုက်သည်။ " နေထိုင်ချိန်က ၉၈နှစ် ကျန်သေးတယ်။ "

ခဏစဉ်းစားပြီးနောက် လင်းယွမ်၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားသည်။

ခိုင်ယွမ်သိုင်းမြို့တော်။ ၎င်းက အင်မော်တယ်ကမ္ဘာ၏ ပထမဆုံး သိုင်းမြို့တော်ဖြစ်သည်။ အင်မော်တယ်မြို့တော်များက အင်မော်တယ်ကျင့်ကြံစနစ်နှင့် သက်ဆိုင်သည်။

နှစ်ပေါင်းတစ်ထောင်အတွင်း အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်နယ်မြေ ၃၃ခုအတွင်း သိုင်းတာအိုကျင့်ကြံသူများက မရေတွက်နိုင်အောင် များပြားလာပြီး ခိုင်ယွမ်သိုင်းမြို့တော်က သိုင်းတာအိုကျင့်ကြံသူအားလုံး၏ စိတ်နှလုံးထဲမှ တော်ဝင်နယ်မြေဖြစ်လာခဲ့သည်။

ခိုင်ယွမ်သိုင်းမြို့တော်ကို သိုင်းဘိုးဘေး၏ လမ်းညွှန်မှုဖြင့် တည်ထောင်ခဲ့ပြီး မြို့သခင်က သိုင်းဘိုးဘေး၏ တိုက်ရိုက်တပည့်ဖြစ်သည်။ သိုင်းမြို့တော်၏ အလယ်တွင် ခမ်းနားသော သိုင်းခန်းမရှိသည်။ သိုင်းခန်းမထဲမှ ပလ္လင်ပေါ်တွင် ပုံရိပ်တစ်ခုပေါ်လာပြီး ဖြည်းညင်းစွာ ထိုင်လိုက်သည်။

" ဆရာ..." လီချင်းက တစ်စုံတ်ရာကို ခံစားမိပြီး ပလ္လင်ပေါ်မှ ပုံရိပ်ကို စိတ်လှုပ်ရှားစွာကြည့်၍ အရိုအသေပေးလိုက်သည်။

နှစ်တစ်ထောင်ကျော်အတွင်း လီချင်းက လင်းယွမ်နှင့် အကြိမ်အနည်းငယ်သာ တွေ့ဆုံခဲ့ရသည်။

" သိုင်းဘိုးဘေး..." ရှန်ယန်၊ နင်ယွင်နှင့် အခြားသူများကလည်း အလားတူ စိတ်လှုပ်ရှားသွားကြသည်။

" အားလုံးထကြပါ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ဒါက သိုင်းတာအို အလွှာဆယ့်တစ်ကဏ္ဍပဲ။ " လင်းယွမ်က သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍ၏ အချက်အလက်များကို လီချင်းနှင့် အခြားသူများ၏ စိတ်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။

လင်းယွမ်က အလွှာဆယ့်တစ်ကဏ္ဍကို ပေးအပ်သည့်အခါ စိုးရိမ်မှုမရှိခဲ့ပေ။ ဥပမာ သိုင်းတာအိုကျင့်ကြံသူများက အလွှာဆယ့်တစ် အထွတ်အထိပ်သို့ လျင်မြန်စွာ ရောက်လာပြီး ကြီးမြတ်သူအဆင့်ကို တက်လှမ်းကာ လင်းယွမ်ကို ကျော်လွန်သွားမည်ကို စိုးရိမ်ရမှာလား။

လင်းယွမ်၏ ကျင့်ကြံမှုနှုန်းနှင့် ၎င်းကို စဉ်းစားရန်ပင် မလိုအပ်ပေ။ သိုင်းတာအို၏ ဖန်တီးသူဖြစ်သော လင်းယွမ်မသေဆုံးသရွေ့ နောက်ပိုင်းကျင့်ကြံသူများ သူ့ကို ကျော်လွန်နိုင်မည်မဟုတ်ပေ။

မည်သည့်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်စေ မည်သည့်ကျင့်ကြံခြင်းစနစ်ဖြစ်စေ ဖန်တီးသူသေဆုံးသွားလျှင် သဘာအတိုင်း ထိုလမ်းစဉ်ကျင့်ကြံသူများက လွတ်လပ်မှုအတွက် ယှဉ်ပြိုင်ကြပေလိမ့်မည်။ ထိုလမ်းစဉ်ရှိ မည်သည့်ကျင့်ကြံသူမဆို အမြင့်ဆုံးအဆင့်ကို စိန်ခေါ်ရန် အလားအလာရှိသည်။

သို့သော် ဖန်တီးသူအသက်ရှင်နေလျှင် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အခြေခံအမှတ်အသားက ဖန်တီးသူနှင့်အတူရှိနေပြီး တူညီသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ကျင့်ကြံသူအားလုံးကို လွှမ်းမိုးထားပေလိမ့်မည်။

" သိုင်းတာအို အလွှာဆယ့်တစ်ကဏ္ဍ..." လီချင်းနှင့် အခြားသူများက အလွှာဆယ့်တစ်ကဏ္ဍ၏ အချက်အလက်အနည်းငယ်ကို စုပ်ယူရန်ပင် အချိန်အများကြီး အသုံးပြုခဲ့ရသည်။

နောက်ဆုံးတွင် အချိန်လေဟာနယ်ပုံစံ သုံးသောင်းကျော်နှင့် အခြားနိယာမပုံစံများကို မှတ်သားရန် သူတို့အတွက်ပင် အတော်လေး ခက်ခဲကြသည်။ လင်းယွမ်ကသာ အချက်အလက်များစွာကို ချိပ်ပိတ်ထားပြီး လီချင်းနှင့် အခြားသူများ အဆင့်တစ်ခုသို့ ရောက်မှသာ ၎င်းတို့ကို ဖွင့်လှစ်ပေးရန် စီစဉ်ခဲ့ခြင်းမရှိလျှင် သူတို့၏ စိတ်စွမ်းအားများ ပေါက်ကွဲသွားပေလိမ့်မည်။

" ဆရာ ဒါက..." အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီးနောက် လီချင်းက စိတ်ထဲတွင် မလုံမလဲဖြစ်သွားသည်။

သူမ၏ အဆင့်နှင့် သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ထိတွေ့ရန် အရည်အချင်း မပြည့်မီသေးပေ။ လင်းယွမ်က ထိုမျှ တန်ဖိုးကြီးသောအရာကို ဘာကြောင့် လက်ဆင့်ကမ်းပေးခဲ့တာလဲ။

" ငါ တံခါးပိတ်ကျင့်ကြံတော့မယ်။ ငါ အချိန်အတော်ကြာတဲ့အထိ အင်မော်တယ်ကမ္ဘာရဲ့ ကိစ္စတွေထဲ ဝင်ပါမှာမဟုတ်ဘူး။ " လင်းယွမ်က ပြောလိုက်သည်။

သူ၏ ဆင်းသက်မှုပြီးဆုံးရန် ၉၈နှစ်သာ လိုတော့သည်။ ထိုနှစ်များအတွင်း လင်းယွမ်က နိယာမများကို လေ့လာခြင်းအပေါ် အာရုံစိုက်တော့မည်ဖြစ်သည်။ သူ၏ နေထိုင်ချိန်မကုန်ဆုံးမီ ဖရိုဖရဲနိယာမကို နားလည်ရန် ကြိုးစားမည်ဖြစ်သည်။

" ဟုတ်ကဲ့။ " လီချင်းနှင့် အခြားသူများက ချက်ချင်း ဦးညွှတ်လိုက်ကြသည်။

နောက်ထပ် အမိန့်အနည်းငယ် ပေးပြီးနောက် လင်းယွမ်၏ ကိုယ်ပွားက သိုင်းခန်းမထဲမှ ပျောက်ကွယ်သွားသည်။

နောက်ခဏတွင် လင်းယွမ်က ကျယ်ပြန့်သော ဟင်းလင်းပြင်တစ်ခု၌ ပေါ်လာသည်။ ထိုနေရာက အင်မော်တယ်ကမ္ဘာ၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်ဖြစ်သည်။

" အင်မော်တယ်ကမ္ဘာ..." လင်းယွမ်က အထက်သို့ ဆက်လက်ပျံသန်းသွားပြီး အင်မော်တယ်ကမ္ဘာကို အပေါ်စီးမှ ကြည့်လိုက်သည်။

လင်းယွမ်၏ အမြင်တွင် အင်မော်တယ်ကမ္ဘာက နိယာမပေါင်းများစွာ၏ အဆက်မပြတ် ပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်လာသော တည်ရှိမှုတစ်ခုဖြစ်သည်။ တစ်ချိန်တည်းတွင် လင်းယွမ်၏ မူလစိတ်ဝိညာဉ်တစ်ခုက အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်ထဲတွင် နေပြီး နိယာမများကို အသေးငယ်ဆုံးအပိုင်းမှ လေ့လာနေသည်။

လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း လင်းယွမ်နားလည်ခဲ့သော နိယာမပေါင်းများစွာက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ကြုံတွေ့သွားပုံရပြီး ဖြည်းညင်းစွာ ပြိုကျကာ တစ်ခုတည်းအဖြစ် စတင်ပေါင်းစပ်လာကြသည်။

ခရက်....

လင်းယွမ်၏ စိတ်ထဲတွင် အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားခဲ့သည်။ မရေတွက်နိုင်သော စည်းမျဉ်းများကို ပေါင်းယှက်ဖွဲ့စည်းထားသော ဧရာမ ဥကြီးတစ်ခု ရှိနေသည်။

ထိုအချိန်တွင် ဥပေါ်၌ အက်ကြောင်းတစ်ခု ပေါ်လာသည်။ ပထမအက်ကြောင်းပေါ်လာပြီးနောက် နောက်ထပ်အက်ကြောင်းများ ဆက်တိုက်ပေါ်လာသည်။

" ဖရိုဖရဲ...." ထိုအချိန်တွင် လင်းယွမ်၏ မူလခန္ဓာကိုယ်၊ မူလစိတ်ဝိညာဉ်နှစ်ခုနှင့် ကိုယ်ပွားများအားလုံး နားလည်ထားသော နိယာမအားလုံးက နောက်ဆုံးတွင် လုံးဝ ပေါင်းစည်းသွားခဲ့သည်။

ဝုန်း....

ကြီးမားသော ဥကြီးက အက်ကွဲသွားပြီး နိယာမပေါင်းများစွာ လွှမ်းခြုံထားသည့် နိယာမအသစ်တစ်ခု မွေးဖွားလာခဲ့သည်။ ၎င်းက ဖရိုဖရဲနိယာမပင်ဖြစိသည်။

" နောက်ဆုံးတော့.... ငါ ဖရိုဖရဲနိယာမကို နားလည်သွားခဲ့ပြီ...." လင်းယွမ်၏ အမြင်ရှိ အရာအားလုံးက ရိုးရှင်းသွားခဲ့သည်။

အကယ်၍ အချိန်လေဟာနယ်ပေါင်းစပ်နိယာမက အရာအားလုံး၏ အခြေခံဖြစ်လျှင် ဖရိုဖရဲနိယာမက အရာအားလုံး၏ မူလအစဖြစ်သည်။ အချိန်လေဟာနယ်နိယာမမှစ၍ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ အခြေခံနိယာမများအထိ အရာအားလုံးက ဖရိုဖရဲနိယာမမှ ဆင်းသက်လာသည။ မဟာတာအို၏ နိယာမအားလုံးက ဖရိုဖရဲမှ အစပြုသည်။

" ငါ့ရဲ့ စိတ်စွမ်းအား၊ စိတ်ဝိညာဉ်၊ ရုပ်ခန္ဓာ အရာအားလုံးက ပိုပြီး သန်မာလာတယ်။ " ဖရိုဖရဲနိယာမကို မွေးဖွားပြီးနောက် လင်းယွမ်က သိသိသာသာ ပြောင်းလဲနေသည်ကို သူ့ကိုသူ ခံစားလိုက်ရသည်။

အမှန်တော့ လင်းယွမ်၏ အမြင့်က ထပ်မံတိုးတက်ရန် အလွန်ခက်ခဲသည်။ အဓိကအဆင့်တစ်ခု မတက်မချင်း ခွန်အားတိုးတက်မှုကို ခံစားရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ နှစ်တစ်ထောင်အတွင်း လင်းယွမ်က နိယာမများစွာကို နားလည်ခဲ့သော်လည်း သူ၏ ခွန်အားက ကွာခြားမှုမရှိခဲ့ပေ။

သို့သော် ယခုအခါ ဖရိုဖရဲနိယာမ မွေးဖွားလာသည်နှင့်အမျှ နိယာမပေါင်းများစွာက လျင်မြန်စွာ ပေါင်းစပ်သွားပြီး မပျက်စီးနိုင်သော ဓားတစ်ချောင်းကို ဖွဲ့စည်းလိုက်သကဲ့သို့ ဖြစ်သည်။

" စိတ်စွမ်းအား သန်းလေးဆယ်..." လင်းယွမ်က သူ၏ စိတ်စွမ်းအား တိုးတက်လာသည်ကို ခံစားလိုက်ရသည်။

စိတ်စွမ်းအားမြှင့်တင်ခြင်းက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို မြှင့်တင်ခြင်းနှင့်မတူပေ။ လင်းယွမ်က အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်တွင် နှစ်ပေါင်းတစ်ထောင်နေထိုင်ခဲ့သော်လည်း စိတ်စွမ်းအားက သောင်းဂဏန်းသာ တိုးတက်လာခဲ့သည်။ သို့သော် ယခု ဖရိုဖရဲနိယာမမွေးဖွားလာချိန်တွင် စိတ်စွမ်းအားညွှန်းကိန်းက သန်းလေးဆယ်ကို ကျော်လွန်သွားပြီး ဆက်လက်တိုးတက်နေဆဲ ဖြစ်သည်။

" အချိန်လေဟာနယ်အပေါ် ငါ့ရဲ့ နားလည်မှုကလည်း တိုးတက်နေတယ်။ " လင်းယွမ်၏ အကြည့်က အဆုံးမဲ့အချိန်လေဟာနယ်ကို ထိုးဖောက်သွားသည်။

ယခင် သူက အင်မော်တယ်ကမ္ဘာ၏ ဆယ်ဆအရွယ်အစားရှိသော အချိန်လေဟာနယ်ကိုသာ ခံစားနိုင်ခဲ့ပြီး ယခုအခါ အင်မော်တယ်ကမ္ဘာ၏ တစ်ရာအရွယ်အစားကို နီးကပ်သွားပြီး နှစ်ရာ၊ သုံးရာအထိ ဆက်လက်တိုးတက်နေသည်။

" အတွင်းကမ္ဘာ..." လင်းယွမ်၏ အတွင်းကမ္ဘာက ၂.၃ ဘီလီယံရှိသည်။

ယခုအခါ အတွင်းကမ္ဘာက တစ်ဆယ်ဘီလီယံမှ တစ်ရာဘီလီယံအထိ ကျယ်ပြန့်လာခဲ့သည်။

" အချိန်မြစ်..." လင်းယွမ်က အင်မော်တယ်ကမ္ဘာ၏ အချိန်မြစ်ကို ကြည့်လိုက်သည်။

အင်မော်တယ်ကမ္ဘာတွင်ဖြစ်စေ ပင်မစကြာဝဠာတွင်ဖြစ်စေ လင်းယွမ်က အချိန်မြစ်၏ ဖိနှိပ်မှုကို အမြဲခံခဲ့ရသည်။ ထိုဖိနှိပ်မှုမှ ရုန်းထွက်ရန် အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို ပြုလုပ်ပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းရန်သာ ဖြစ်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆုံးမဲ့သက်ရှိများကြား ပျံ့နှံ့နေသော်လည်း လင်းယွမ်အပေါ် အချိန်မြစ်၏ ဖိနှိပ်မှုက အနည်းငယ်သာ လျော့ပါးခဲ့သည်။ သို့သော် ယခု အချိန်မြစ်၏ ဖိနှိပ်မှုက သိသိသာသာ လျော့ကျသွားသည်ကို ခံစားခဲ့ရသည်။

အချိန်မြစ်၏ ဖိနှိပ်မှု လျော့ကျလာသည်နှင့်အမျှ လင်းယွမ်က အမြင့်ဆုံးခုန်ပျံကျော်လွှားမှုကို ပြုလုပ်ချိန်တွင် သူရင်ဆိုင်ရမည့် အချိန်မြစ်၏ တန်ပြန်မှုက လျော့ကျသွားမည်ဖြစ်သည်။

All Chapters