← Chapters

အင်မော်တယ်ကမ္ဘာစိတ်အသိ၏ ကြောက်ရွံ့မှု....

Vol. 50 Ch. 738

အင်မော်တယ်ကမ္ဘာစိတ်အသိ၏ ကြောက်ရွံ့မှု....

Vol. 50 Ch. 738

" မင်း ကြောက်လို့လား။ "လင်းယွမ်က ထောင့်တွင် ပုန်းအောင်းနေသော အင်မော်တယ်ကမ္ဘာစိတ်အသိကို ကြည့်ပြီး တက်ကြွစွာ မေးလိုက်သည်။

အင်မော်တယ်ကမ္ဘာစိတ်အသိ၏ တုန့်ပြန်မှုများက ဗီဇသက်သက်ဖြစ်ပြီး မွေးရာပါကြောက်ရွံ့ခြင်းဖြစ်သည်။ မကြာမီ အင်မော်တယ်ကမ္ဘာစိတ်အသိက လင်းယွမ်ကို ပြန်လည်တုန့်ပြန်လိုက်သည်။

အင်မော်တယ်ကမ္ဘာစိတ်အသိက အင်မော်နယ်ကမ္ဘာတစ်ခုလုံး၏ စွမ်းအားကို စုစည်းနိုင်သည်။ အလွှာဆယ့်နှစ် အင်မော်တယ်ဘိုးဘေးပင် အင်မော်တယ်ကမ္ဘာတစ်ခုလုံး၏ စွမ်းအားအောက်တွင် နောက်ဆုတ်ခဲ့ရသည်။

လင်းယွမ်ရှိနေသော ဗဟိုဧရိယာတွင် အင်မော်တယ်ကမ္ဘာစိတ်အသိက အင်မော်နယ်ကမ္ဘာတစ်ခုလုံး၏ စွမ်းအားကို အသုံးပြုနိုင်မည်မဟုတ်ပေ။ သို့သော် အင်မော်တယ်ကမ္ဘာစိတ်အသိက နိယာမပေါင်းများစွာကို ကိုယ်တိုင်ထိန်းချုပ်နိုင်ပြီး လင်းယွမ်နှင့် ယှဉ်ပြိုင်နိုင်သေးသည်။

သို့သော် လင်းယွမ်က ဖရိုဖရဲနိယာမကို နားလည်ပြီးနောက် နိယာမပေါင်းများစွာကို ဖိနှိပ်ခဲ့သည်။ အင်မော်တယ်ကမ္ဘာစိတ်အသိက နိယာမများစွာကို ထိန်းချုပ်နိုင်သော်လည်း လင်းယွမ်ကို ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ခံစားမိပြီး စတင်ကြောက်ရွံ့လာခဲ့သည်။

ယခုအချိန်တွင် လင်းယွမ်သာ ဆန္ဒရှိလျှင် အင်မော်တယ်ကမ္ဘာစိတ်အသိကို ခွန်အားဖြင့် ဖျက်ဆီးပစ်နိုင်သည်။ သို့သော် အင်မော်တယ်ကမ္ဘာစိတ်အသိတွင် ခုခံနိုင်စွမ်းရှိသေးပြီး ၎င်းမှာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ခြင်းဖြစ်သည်။

သို့သော် ထိုသို့ပြုလုပ်ခြင်းက အင်မော်တယ်ကမ္ဘာစိတ်အသိကလည်း ပြိုကွဲသွားပေလိမ့်မည်။ ဖျက်ဆီးခံလိုက်ရသော အင်မော်တယ်ကမ္ဘာက ပြန်လည်မွေးဖွားပြီး စိတ်အသိတစ်ခုကို မွေးဖွားမည်ဖြစ်သော်လည်း လက်ရှိစိတ်အသိဖြစ်တော့မည်မဟုတ်ပေ။

ထို့ကြောင့် အင်မော်တယ်ကမ္ဘာစိတ်အသိက မလိုအပ်လျှင် မိမိကိုယ်ကို ဖျက်ဆီးရန် ရွေးချယ်လိမ့်မည်မဟုတ်ပေ။

" စိတ်ချပါ။ ငါမင်းကို မဖျက်ဆီးပါဘူး။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။

သူက အင်မော်တယ်ကမ္ဘာ၏ စိတ်အသိကို ဖျက်ဆီးလျှင်တောင် မည်သည့်အကျိုးကျေးဇူးမှမရှိပေ။ ထို့အပြင် ၎င်းက သူ့ကိုသူ ဖျက်ဆီးခဲ့လျှင်တောင် လင်းယွမ်က ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် ပင်မစကြာဝဠာသို့ ပြန်ရမည်ဖြစ်ပြီး နှစ်တစ်ထောင်ကျော် ဖြန့်ဝေထားသော သိုင်းတာအိုကျင့်ကြံခြင်းစနစ်က အချည်းနှီးဖြစ်သွားရုံသာ ဖြစ်သည်။

" ဖရိုဖရဲနိယာမက အင်မော်တယ်ကမ္ဘာရဲ့ စိတ်အသိကို ခြိမ်းခြောက်နိုင်တယ်ဆိုတော့ ပင်မစကြာဝဠာရဲ့ စိတ်အသိရော ဘယ်လိုနေမလဲမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

အင်မော်တယ်ကမ္ဘာက ပင်မစကြာဝဠာနှင့် အဆင့်မတူဘဲ ပင်မစကြာဝဠာမှ နိယာမများ၏ အနှစ်သာရက အင်မော်တယ်ကမ္ဘာထက် သာလွန်ပေလိမ့်မည်။ ဥပမာ အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်တွင် အဓိကပေါင်းစပ်နိယာမများကို သတ္တမအဆင့်ထိ နားလည်ခြင်းက ကန့်သတ်ချက်ဖြစ်သည်။ သို့သော် ပင်မစကြာဝဠာ၏ မူလရင်းမြစ်တွင် အဋ္ဌမအဆင့် သို့မဟုတ် နဝမအဆင့်ထိ မြှင့်တင်နိုင်ပေလိမ့်မည်။

" ထားလိုက်တော့။ ပင်မစကြာဝဠာရဲ့ မူလနယ်မြေထဲကို ငါ ဝင်ရောက်နိုင်မယ်မထင်ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သူက ဤနေရာသို့ ဝင်ရောက်နိုင်သည့် အကြောင်းရင်းမှာ သူ၏ ကိုယ်ပိုင်ခွန်အားကြောင့်မဟုတ်ဘဲ အချိန်လေဟာနယ် သတ္တမအဆင့်ကြောင့်သာ ဖြစ်သည်။ ခွန်အားသုံးပြီး ဝင်ရောက်ရန်အတွက် အင်မော်တယ်ကမ္ဘာ၏ ကြီးမားသောစွမ်းအားက အင်မော်တယ်ဘိုးဘေးကဲ့သို့ အလွှာဆယ့်နှစ်များကို ဖိနှိပ်ရန် လုံလောက်သည်။

ပင်မစကြာဝဠာက အင်မော်တယ်ကမ္ဘာထက်ပင် ပို၍ အဆင့်မြင့်သည်။ ပင်မစကြာဝဠာ၏ အချိန်လေဟာနယ်ကို ကျော်လွန်ရန် လင်းယွမ်၏ အချိန်လေဟာနယ်အပေါ် နားလည်မှုက အဋ္ဌမအဆင့် သို့မဟုတ် နဝမအဆင့်သို့ ရောက်နေရပေလိမ့်မည်။

အချိန်လေဟာနယ်၏ အဋ္ဌမအဆင့်နှင့် နဝမအဆင့်ကို လင်းယွမ်ပင် အလွှာဆယ့်နှစ်သို့ တက်လှမလှမ်းပြီးမှ ထိတွေ့နိုင်ပေလိမ့်မည်။

" ငါသွားပြီ။ " လင်းယွမ်က အင်မော်တယ်ကမ္ဘာစိတ်အသိကို တစ်ချက်ကြည့်ပြီး သူ၏ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ဖရိုဖရဲနိယာမကို နားလည်ပြီးနောက် လင်းယွမ်က ကဏ္ဍအားလုံးတွင် အကန့်အသတ်သို့ ရောက်သွားခဲ့သည်။ အနည်းဆုံးတော့ ထိုနေရာက သူ့ကို နောက်ထပ် အကူအညီမပေးနိုင်တော့ပေ။

" သူထွက်သွားပြီလား။ " အင်မော်တယ်ကမ္ဘာစိတ်အသိက လင်းယွမ်ထွက်သွားသည်ကို အတည်ပြုပြီးနောက် စွမ်းအားများအားလုံး စုစည်းကာ ဗဟိုဧရိယာကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်လိုက်သည်။

မူလနယ်မြေတွင် အင်မော်တယ်ဘိုးဘေးက နိယာမများ၏ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။

" ဟမ် ပြန်ပြီးတည်ငြိမ်သွားပြီလား။ " အင်မော်တယ်ဘိုးဘေးက မျက်ခုံးများပင့်သွားပြီး စိတ်သက်သာရာရသွားသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုက အင်မော်တယ်ဘိုးဘေး၏ ရှေ့တွင် စုစည်းလာသည်။

" ဘာလဲဟ။ " အင်မော်တယ်ဘိုးဘေး၏ အမူအရာက ပြောင်းလဲသွားသည်။ ထိုနေရာက သူ၏ ကျင့်ကြံခြင်းနေရာဖြစ်ပြီး တစ်စုံတစ်ယောက်က သူသတိမထားမိခင် အတွင်းသို့ ဝင်မလာနိုင်ပေ။

" သိုင်းဘိုးဘေးလား။ " အင်မော်တယ်ဘိုးဘေးက ပုံရိပ်ကို ကြည့်ပြီး မှတ်မိသွားသည်။

" အင်မော်တယ်ဘိုးဘေး။ " လင်းယွမ်က အနည်းငယ် ပြုံးလိုက်သည်။ " ငါမင်းကို လာနှုတ်ဆက်တာပဲ။ "

မူလနယ်မြေက သူ့အတွက် အကျိုးမရှိတော့သောကြောင့် လင်းယွမ်က ကျန်ရှိသော ဆယ်စုနှစ်များကို လှည့်လည်သွားလာရန် စီစဉ်ထားသည်။ လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း လင်းယွမ်၏ ကိုယ်ပွားများက အင်မော်တယ်ကမ္ဘာ၏ နေရာအနှံ့သို့ သွားရောက်ခဲ့သည်။

သို့သော် အင်မော်တယ်ကမ္ဘာ၏ အပြင်ဘက် ကျယ်ပြန့်သော ဟင်းလင်းပြင်သို့ သိပ်မစူးစမ်းခဲ့ရပေ။ အဓိကမှာ ဟင်းလင်းပြင်က အလွန်ကျယ်ဝန်းသောကြောင့် လင်းယွမ်၏ အချိန်လေဟာနယ်အပေါ် နားလည်မှုက မလုံလောက်မည်စိုးရိမ်ရသည်။ ယခု ဖရိုဖရဲနိယာမကို နားလည်ပြီးသောအခါ လင်းယွမ်က ဟင်းလင်းပြင်ကို အနည်းငယ် စိတ်ဝင်စားသွားသည်။

" နှုတ်ဆက်တာ..." အင်မော်တယ်ဘိုးဘေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

လင်းယွမ်က အင်မော်တယ်ကမ္ဘာ၏ မူလနယ်မြေမှ ထွက်သွားရန် စီစဉ်ခြင်းမှာ ထိုနေရာက သူ့အတွက် အကျိုးမရှိသောကြောင့် ဖြစ်နိုင်သည်။ သို့သော် အင်မော်တယ်ဘိုးဘေးက မရေတွက်နိုင်သော နှစ်များအတွင်း မူလနယ်မြေတွင် ကျင့်ကြံခဲ့သော်လည်း ယခုအချိန်ထိ မူလနယ်မြေမှ နိယာမများစွာက သူ့အတွက် အသုံးဝင်နေဆဲ ဖြစ်သည်။

" တာအိုရောင်းရင်းက တစ်ခုခုတိုးတက်သွားတာလား။ " အင်မော်တယ်ဘိုးဘေးက မေးလိုက်သည်။

လင်းယွမ်၏ အော်ရာက လွန်ခဲ့သော နှစ်တစ်ထောင်ထက် များစွာသာလွန်နေသည်။ အင်မော်တယ်ဘိုးဘေးပင် ဖိအားကို ခံစားနေရသည်။ မကြာသေးမီက အင်မော်တယ်ကမ္ဘာတစ်ခုလုံး၏ နိယာမများအားလုံးကို သက်ရောက်စေခြင်းကလည်း လင်းယွမ်ဖြစ်နိုင်သည်ဟု သူက သေချာလုနီးပါးဖြစ်နေသည်။

" အဲ့လိုပါပဲ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

အင်မော်တယ်ဘိုးဘေးက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ယခုအချိန်တွင် သူက တာအိုဘိုးဘေးအဆင့်၏ အော်ရာကို မခံစားခဲ့ရသော်လည်း လင်းယွမ်ဆီမှ ထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုကို ရရှိနေသည်။

" ငါ ထွက်သွားပြီးတဲ့နောက်မှာ သိုင်းတာအိုကျင့်ကြံသူတွေကို မင်း ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။

ထိုစကားက တောင်းဆိုမှုဖြစ်သကဲ့သို့ သတ်ပေးချက်လည်း ဖြစ်သည်။ နေထိုင်ချိန်ပြည့်သည်နှင့် လင်းယွမ်က အင်မော်တယ်ကမ္ဘာမှ လုံးဝ ထွက်ခွာသွားရတော့မည်ဖြစ်သည်။ ထို့ကြောင့် သူက အင်မော်တယ်ဘိုးဘေးကို သတိပေးရန် လာခဲ့ခြင်းဖြစ်သည်။

" တာအိုရောင်းရင်းရဲ့ မျိုးနွယ်ဝင်တွေကို သေချာစောင့်ရှောက်ပေးလိုက်ပါမယ်။ " အင်မော်တယ်ဘိုးဘေးက လေးနက်စွာ ပြောလိုက်သည်။

လင်းယွမ်က အဆင့်မတက်သေးလျှင်တောင် အင်မော်တယ်ဘိုးဘေးက သိုင်းတာအိုကျင့်ကြံသူများကို ထိခိုက်ရန် မဝံ့ရဲပေ။ ယခု လင်းယွမ်အဆင့်မတက်မီ သူက ခြိမ်းခြောက်မှုကို ခံစားနေရပြီဖြစ်ပြီး လင်းယွမ်သာ အဆင့်တက်သွားလျှင် ပြောစရာပင်မလိုပေ။

" အဲ့လိုပဲ မျှော်လင့်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ဤဆင်းသက်မှုအဆုံးသတ်ပြီးလျှင်တောင် သူက အင်မော်တယ်ကမ္ဘာရှိ သိုင်းတာအို၏ ပြောင်းလဲမှုများကို စောင့်ကြည့်နေနိုင်သေးသည်။ အချိန်လေဟာနယ်၏ သတ္တမအဆင့်သို့ ရောက်ရှိပြီးနောက် လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးအပေါ် ထိန်းချုပ်မှုမှာ တိုးတက်လာပြီး နတ်ဆိုးသစ်ပင်ကဲ့သို့ ကြားခံမရှိလျှင်တောင် သူက အင်မော်တယ်ကမ္ဘာကို ခံစားကြည့်နိုင်သည်။

" ငါသိချင်တာက..." အင်မော်တယ်ဘိုးဘေးက လင်းယွမ်၏ တိုးတက်မှုအကြောင်းကို မေးမြန်းချင်သော်လည်း လင်းယွမ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

" သိုင်းဘိုးဘေး..." အင်မော်တယ်ဘိုးဘေးက အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။

" သိုင်းဘိုးဘေးရဲ့ တိုးတက်မှုက အင်မော်တယ်ကမ္ဘာစိတ်အသိနဲ့ ဆက်စပ်နေနိုင်လား။ " အင်မော်တယ်ဘိုးဘေးက စဉ်းစားလိုက်ပြီး သူကိုယ်တိုင်လည်း တိုးတက်မှုတစ်ခုခုကို လိုချင်နေပြီဖြစ်သည်။

ထိုသို့တွေးပြီးနောက် အင်မော်တယ်ဘိုးဘေးက ပျောက်ကွယ်သွားပြီး မူလနယ်မြေ၏ ဗဟိုဧရိယာအနီးတွင် ပေါ်လာသည်။

ဝုန်း ဝုန်း....

အင်မော်တယ်ဘိုးဘေးက မတုန့်ပြန်နိုင်မီ အင်မော်တယ်ကမ္ဘာ၏ လွှမ်းမိုးသော စွမ်းအားက သူ့အား လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။

" ထွက်သွား..." အင်မော်တယ်ကမ္ဘာစိတ်အသိက တုန်ခါလှိုင်းများ ထုတ်လွှတ်လိုက်ပြီး အင်မော်တယ်ဘိုးဘေးကလည်း လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။

" ဟမ် " အင်မော်တယ်ဘိုးဘေး၏ အမူအရာက မဲမှောင်သွားသည်။ အင်မော်တယ်ကမ္ဘာစိတ်အသိက ထိုကဲ့သို့ ပြင်းထန်စွာ တုန့်ပြန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူက စုံစမ်းရန် လာခဲ့သော်လည်း တိုက်ရိုက်နှင်ထုတ်ခြင်းခံလိုက်ရသည်။

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းကိုးဆယ်ကျော် ကုန်လွန်သွားခဲ့သည်။ အင်မော်တယ်ကမ္ဘာ၏ အဝေးတစ်နေရာရှိ ဟင်းလင်းပြင်ထဲတွင် လင်းယွမ်၏ ပုံရိပ်က ရပ်တန့်သွားသည်။

" နေထိုင်ချိန် ပြည့်ခါနီးပြီ။ " လင်းယွမ်က အဆုံးမဲ့ ဟင်းလင်းပြင်ကို ကြဘ့်လိုက်သည်။

သူ၏ ဆက်တိုက်လေ့လာမှုများမှတစ်ဆင့် အင်မော်တယ်ကမ္ဘာထက် အနည်းငယ်နိမ့်ကျပြီး စိတ်ဝိညာဉ်ကမ္ဘာထက် အဆင့်မြင့်သော ကမ္ဘာလေးခုကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့သည်။ ထုံးစံအတိုင်း သူက ထိုကမ္ဘာလေးခုတွင်လည်း သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေခဲ့သည်။

All Chapters