← Chapters

မျိုးနွယ်ခြား ကြီးမြတ်သူများ အံ့အားသင့်သွားခြင်း....

Vol. 50 Ch. 744

မျိုးနွယ်ခြား ကြီးမြတ်သူများ အံ့အားသင့်သွားခြင်း....

Vol. 50 Ch. 744

" မစိုးရိမ်နဲ့။ ငါ မျိုးနွယ်ကာကွယ်ရေးလက်နက်နဲ့ ဖြန့်ဖြူးရေးလမ်းကြောင်းတွေကို အားဖြည့်ပြီးသွားပြီ။ " ကြီးမြတ်သူရှချင်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ဝယ်ယူရန်အတွက် လူသားမျိုးနွယ်၏ တရားဝင် VR ကမ္ဘာမှသာ လုပ်ဆောင်နိုင်သည်။ ကြီးမြတ်သူရွှမ်ယွမ်က ဝယ်ယူရေးလမ်းကြောင်းများကို အကြိမ်များစွာ အားဖြည့်ထားပြီး ပေါက်ကြားမည်မဟုတ်ပေ။

သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍ၏ နိယာမပုံစံများကို သေချာနားလည်သွားလျှင်တောင် ဖြန့်ကျက်၍ မရနိုင်ပေ။ နားလည်ခြင်းနှင့် ဖြန့်ကျက်ခြင်းက မတူညီပေ။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကဲ့သို့ပင် အချိန်လေဟာနယ် ဆဋ္ဌမအဆင့်တွင် ရှိသော်လည်း အချိန်လေဟာနယ်ပုံစံများကို ပြည့်စုံအောင် မလုပ်နိုင်ပေ။ နိယာမများကို နားလည်ရာတွင် လင်းယွမ်၏ အဆင့်သို့ မရောက်ရှိဘဲ နိယာမပုံစံများကို သိရှိရုံနှင့် ၎င်းအကြောင်း ဖော်ထုတ်နိုင်မည်မဟုတ်ပေ။ အများဆုံး ကိုယ်တိုင်နားလည်နိုင်ရုံသာဖြစ်သည်။

ထို့ကြောင့် မျိုးနွယ်ခြားများအတွက် သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ရယူရန် တစ်ခုတည်းသော နည်းလမ်းမှာ လူသားမျိုးနွယ်ထဲသို့ ရောနှောဝင်ရောက်ပြီး လူသားဆင့်ကဲပြောင်းလဲသူများအဖြစ် ဟန်ဆောင်ကာ တရားဝင် ဝယ်ယူခြင်းဖြစ်သည်။

သို့သော် အန္တရာယ်က အလွန်မြင့်မားသည်။ လူသားမျိုးနွယ်၏ VR ကမ္ဘာက မျိုးနွယ်ခြားများကို စစ်ဆေးရာတွင် အလွန်တင်းကျပ်သည်။ ဝင်ရောက်လာသော မျိုးနွယ်ခြားတစ်ရာတွင် ကနဦးစစ်ဆေးခြင်းမှ ရှင်သန်နိုင်သူတစ်ယောက်ပင် ရှိနိုင်မည်မဟုတ်ပေ။

သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍက အလွှာဆယ့်တစ် အင်အားကြီးသူများအတွက် အလွန်အသုံးဝင်သော်လည်း အလွှာဆယ့်တစ် မျိုးနွယ်ခြားတစ်ယောက်က လူသားမျိုးနွယ်ထဲသို့ ခိုးဝင်လာရန် မဖြစ်နိုင်ပေ။ လူသားမျိုးနွယ်က အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကို အရေအတွက် သတ်မှတ်ထားပြီး ကြီးမြတ်သူများကလည်း စောင့်ကြည့်နေသောကြောင့် အလွှာဆယ့်တစ် မျိုးနွယ်ခြားတစ်ယောက် ခိုးဝင်လာရန် မဖြစ်နိုင်ပေ။

" သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ပြည့်စုံအောင်လုပ်နိုင်သွားပြီဆိုတော့ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်ကို ရောက်ဖို့ မဝေးတော့ဘူးလို့ ဆိုလိုတာပဲ။ " ကြီးမြတ်သူရွှမ်ယွမ်က မျှော်လင့်ချက်များနှင့် ပြုံး၍ ပြောလိုက်သည်။

ခန်းမကြီးတစ်ခုအတွင်း အလွှာဆယ့်နှစ် တည်ရှိမှု ဆယ်ယောက်ကျော် စုဝေးနေသည်။ ကြီးမားသော အော်ရာများက လေထဲတွင် ပျံ့နှံ့နေပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်၏ ကိုယ်ပွားတစ်ခုပင် အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်သည်။

" လူသားမျိုးနွယ်ရဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာဆယ့်နှစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လေးခုကို ကျော်လွန်ပြီး အဆင့်ငါး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖြစ်လာတယ်။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက အနည်းငယ် လေးနက်စွာ ပြောလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာဆယ့်တစ်သာဖြစ်သော်လည်း လူသားမျိုးနွယ်တစ်ခုလုံး၏ အဆင့်ငါးအဖြစ် သတ်မှတ်ခံရခြင်းက အခြားအထွတ်အထိပ်များနွယ်များကို သတိထားသွားစေခဲ့သည်။

" ဒါက ရယ်စရာပဲ။ လူသားမျိုးနွယ်ရဲ့ အလွှာဆယ့်နှစ် ကိုးယောက်က အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာဆယ့်နှစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ကျော်လွန်ခွင့်ပြုတာ သူတို့ ဘာလုပ်ချင်နေကြတာလဲ။ " အင်ဆက်မျိုးနွယ်၏ ဧကရီတစ်ပါးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

သူမက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆင့်သတ်မှတ်ချက်ကို လုံးဝ မယုံကြည်ပေ။ အဆင့်သတ်မှတ်ချက်များက ထိုအလွှာဆယ့်နှစ် လူသားများ၏ လက်ထဲတွင် ရှိနေသည်။ သူတို့သာ ဆန္ဒရှိလျှင် အလွှာတစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အလွှာဆယ့်နှစ် လမ်းစဉ်များ၏ အထက်တွင် ထားနိုင်သည်။

အလွှာဆယ့်တစ်နှင့် အလွှာဆယ့်နှစ်များကြား ကွာဟချက်က အခြားအဆင့်များထက် များစွာကြီးမားသည်။ ၎င်းက အချိန်မြစ်အတွင်းမှ သက်ရှိများနှစ် အချိန်မြစ် ပြင်ပရှိသက်ရှိများကြား ကွာဟချက်ဖြစ်သည်။

အလွှာဆယ့်နှစ်များက အချိန်မြစ်၏ ကမ်းခြေတွင် ရပ်နေကြပြီး သီအိုရီအရ အကန့်အသတ်မဲ့ သက်တမ်းရှိကြသည်။ အလွှာဆယ့်တစ်များက အလွှာဆယ့်နှစ်များ၏ အမြင်တွင် အချိန်မြစ်ထဲတွင် ပိတ်မိနေသော ငါးလေးများသာ ဖြစ်သည်။

" ရွှမ်ယွမ်၊ ရှချင်နဲ့ အခြားသူတွေအကြောင်း ငါကောင်းကောင်းသိတယ်။ သူတို့က ဒီလိုအသုံးမဝင်တဲ့ အလုပ်မျိုးကို လုပ်မှာမဟုတ်ဘူး။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာဆယ့်နှစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လေးခုကို ကျော်လွန်သွားတာ အကြောင်းရင်းရှိလိမ့်မယ်။ " ယုမျိုးနွယ်၏ ကြီးမြတ်သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

လူသားမျိုးနွယ်၏ ပထမဆုံး အလွှာဆယ့်နှစ် ကြီးမြတ်သူရွှမ်ယွမ်က အလွှာဆယ့်နှစ်သို့ ကြိုးစားချိန်တွင် ယုမျိုးနွယ်၏ အကူအညီကို ရှာဖွေခဲ့ဖူးသည်။ နှစ်ပေါင်းနှစ်သန်းကျော်ကြာခဲ့ပြီး ကြီးမြတ်သူရွှမ်ယွမ်က ယုမျိုးနွယ်၏ ကျေးဇူးကို ပြန်ဆပ်ခဲ့ပြီး ဖြစ်သော်လည်း သူက ယုမျိုးနွယ်၏ ကြီးမြတ်သူအချို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

လူသားမျိုးနွယ်နှင့် ယုမျိုးနွယ်ကြား တိုက်ပွဲများကလည်း အနည်းဆုံးဖြစ်သည်။မျိုးနွယ်၏ အကျိုးစီးပွားကြောင့် စစ်ပွဲများက ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်သည်။

" အဲ့ဒါကို ငါလည်း လက်ခံတယ်။ လူသားမျိုးနွယ်ရဲ့ အလွှာဆယ့်နှစ်တွေက အဲ့လိုမဟုတ်တာတွေ ဖန်တီးဖို့ မလိုအပ်ဘူး။ အဲ့ဒါက အဓိပ္ပါယ်မရှိဘူး။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူကလည်း ပြောလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အလွှာဆယ့်နှစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအား ကျော်လွန်စေခြင်းက ဘာအကျိုးမှမရှိပေ။ သူတို့ကို ပြသဖို့လား။ လူသားမျိုးနွယ်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်သာ မထွက်ပေါ်လာခဲ့လျှင် ၎င်းက ဟာသတစ်ခုသာ ဖြစ်နေပေလိမ့်မည်။

" တကယ်တော့ အဲ့ဒါကို စစ်ဆေးဖို့ သိုင်းတာအို အလွှာဆယ့်တစ်ကဏ္ဍကို ဝယ်ဖို့ပဲ လိုအပ်တယ်။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက ပြောလိုက်သည်။

အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသော်လည်း တုန့်ပြန်မှုမရှိကြပေ။ အထွတ်အထိပ်မျိုးနွယ်များက လူသားမျိုးနွယ်အတွင်း၌ သူလျိုများနှင့် လုပ်ကြံသတ်ဖြတ်သူများကို ထည့်သွင်းထားပြီးဖြစ်သည်။

လူသားမျိုးနွယ်အတွင်း ထူးခြားသော ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့လျှင် သူတို့က လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို အသက်သွင်းပေလိမ့်မည်။ အခြားအချက်အလက်များကို ရယူချင်လျှင် ထိုသူလျိုများကို စုံစမ်းစေနိုင်သည်။

သို့သော် ထိုသူလျိုများကို လူသားမျိုးနွယ်သို့ ထည့်သွင်းခြင်းက အထွတ်အထိပ်မျိုးနွယ်များအတွက် များစွာ ကုန်ကျခဲ့သည်။ နတ်ဘုရားသုံးပါး၏ စစ်ဆေးမှုကို ကျော်ဖြတ်ခြင်းက လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။

သူလျိုများကို အသုံးပြု၍ သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ဝယ်ယူရန် မလွယ်ကူပေ။ ၎င်းက မည်သည့်သူလျိုမဆို ဝယ်ယူနိုင်သော အရာမဟုတ်ပေ။ ၎င်းက အနည်းဆုံး အလွှာတစ်ဆယ် ခွန်အားရှိရန် လိုအပ်သည်။

သို့သော် လူသားမျိုးနွယ်အတွင်း အလွှာတစ်ဆယ် သူလျိုတစ်ယောက်ကို ထည့်သွင်းရန် ပေးဆပ်ရမည့် တန်ဖိုးက အလွှာဆယ့်တစ် အင်အားကြီးသူတစ်ယောက်ကို လေ့ကျင့်ပေးခြင်းထက် များစွာပိုများနိုင်သည်။ ထိုသို့ အဆင့်မြင့်သူလျိုများကို မလိုအပ်လျှင် အသုံးပြုမည်မဟုတ်ပေ။

" ကောင်းပြီ။ ငါလုပ်လိုက်မယ်။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ပြောလိုက်ပြီး မျက်လုံးများမှိတ်၍ စတင်ဆက်သွယ်လိုက်သည်။

လူသားမျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်က နက်ရှိုင်းသော ရန်ငြိုးများရှိပြီး သူကလည်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်းကို သိလိုနေသည်။

ခဏကြာသောအခါ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက မျက်လုံးများဖွင့်လိုက်ပြီး သူ၏ အမူအရာက နားမလည်နိုင်ဖြစ်နေသည်။

" ဘာဖြစ်တာလဲ။ " အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများက ချက်ချင်း မေးမြန်လိုက်ကြသည်။

" ဟင် " ထျန်းယုမျိုးနွယ် ဘိုးဘေး၏ မျက်နှာက ချက်ချင်း မဲမှောင်သွားသည်။

အကြောင်းမှာ လူသားမျိုးနွယ်မှ ထျန်းယုမျိုးနွယ်၏ အလွှာတစ်ဆယ် သူလျိုက နားမလည်နိုင်စွာ သေဆုံးသွားသောကြောင့် ဖြစ်သည်။ ၎င်းက မှတ်ဉာဏ်ညစ်ညမ်းပြီး သေဆုံးခြင်းဖြစ်ပြီး ပြန်လည်အသက်သွင်းရန် မဖြစ်နိုင်ပေ။

" လူသားမျိုးနွယ်ရဲ့ အလွှာဆယ့်နှစ်တွေက သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ဝယ်ယူတဲ့ သူတွေကို သေချာစောင့်ကြည့်နေတာဖြစ်ရမယ်။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ချက်ချင်း ခန့်မှန်းလိုက်သည်။

မဟုတ်လျှင် သူလျိုက ထိုမျှ လျင်မြန်စွာ သေဆုံးသွားမည်မဟုတ်ပေ။ ၎င်းက ထိန်းသိမ်းခြင်းမဟုတ်ဘဲ မှတ်ဉာဏ်ညစ်ညမ်းမှုမှတစ်ဆင့် တိုက်ရိုက်သတ်ဖြတ်ခြင်းဖြစ်သည်။ သို့သော် ထျန်းယုမျိုးနွယ်၏ သူလျိုက မသေဆုံးမီ အချက်အလက်အချို့ ချန်ထားနိုင်ခဲ့သည်။

" သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍက မရိုးရှင်းဘူး။ အဲ့ဒါက ပေါင်းစပ်နိယာမပုံစံတွေ ထောင်ချီပါတဲ့အပြင် ပထမအဆင့်ကနေ ပဉ္စမအဆင့်ထိ ပြည့်စုံတဲ့ အချိန်လေဟာနယ်ပုံစံတွေလည်း ပါဝင်နေတယ်။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက လေးနက်စွာ ပြောလိုက်သည်။

" ပေါင်းစပ်နိယာမပုံစံတွေ ထောင်ချီပါဝင်တာလား။ "

" ပြီးတော့ ပထမအဆင့်ကနေ ပဉ္စမအဆင့်ထိ ပြည့်စုံတဲ့ အချိန်လေဟာနယ်ပုံစံတွေလား။ "

အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများက အံ့အားသင့်သွားကြသည်။ ထိုနိယာမပုံစံများက မျိုးနွယ်တစ်ခုအပေါ် မည်မျှသက်ရောက်နိုင်သည်ကို သူတို့်ကောင်းကောင်း သိကြလေသည်။

" အဲ့ဒီနိယာမပုံစံတွေ ဘယ်မှာလဲ။ ကူးယူနိုင်ခဲ့လား။ " အင်းဆက်ဧကရီက မေးလိုက်သည်။

" မကူးယူနိုင်ခဲ့ဘူး။ ငါစေလွှတ်ခဲ့တဲ့ သူက အချက်အလက်နည်းနည်း ချန်ခဲ့ပြီးတော့ လုံးဝ သေဆုံးသွားခဲ့တယ်။ " ထျန်းယုမျိုးနွယ်ဘိုးဘေးက ပြောလိုက်သည်။

" ငါလည်း တစ်ယောက် လွှတ်လိုက်မယ်။ " အင်းဆက်ဧကရီနှင့် အခြားကြီးမြတ်သူများက ချက်ချင်း ဆက်သွယ်လိုက်ကြသည်။

ထျန်းယုမျိုးနွယ်၏ ဘိုးဘေး ပြောခဲ့သည်မှာ မှန်ခဲ့လျှင် အလွှာတစ်ဆယ် သူလျိုတစ်ယောက် စွန့်လွှတ်ရမည်ဖြစ်သော်လည်း သူတို့က အတည်ပြုရန် လိုအပ်သည်။

မကြာမီ အလွှာဆယ့်နှစ် ကြီးမြတ်သူများက မျက်လုံးများဖွင့်လိုက်ကြသည်။ သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ဝယ်ယူခဲ့သော သူတို့၏ သူလျိုများက လုံးဝ သေဆုံးသွားခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည်။ သို့သော် သူတို့က ၎င်းကို ဂရုမစိုက်နိုင်ပေ။ အကြောင်းမှာ သူလျိုများ ပြန်ပို့ခဲ့သော အချက်အလက်များနှင့် ထျန်းယုမျိုးနွယ်ဘိုးဘေး၏ စကားများက ကိုက်ညီနေသောကြောင့် ဖြစ်သည်။

All Chapters