အဆင့်ဆယ့်တစ်နိုင်ငံသား....
Vol. 50 Ch. 745
" နိယာမပုံစံတွေအများကြီးလား။ ပြီးတော့ အချိန်လေဟာနယ်ပုံစံတွေ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဘယ်သူဖန်တီးထားတာလဲ။ "
" အလွှာဆယ့်တစ်ကဏ္ဍရဲ့ နိယာမပုံစံတွေမှာ ပြဿနာရှိနိုင်လား။ ငါတို့က အဲ့ဒီနိယာမပုံစံတွေငို မမြင်တွေ့ရသေးဘူးလေ။ "
" ပြဿနာရှိနိုင်ခြေက နည်းတယ်။ လူသားမျိုးနွယ်က သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ဒီလိုရဲရဲဝံ့ဝံ့ ထုတ်ပြန်ရဲတာ အဲ့ဒါက ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်တဲ့အပြင် သက်ရှိအများစုအတွက် နားလည်ဖို့ သင့်တော်တယ်လို့ ဆိုလိုတယ်။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက ဆွေးနွေးလိုက်ကြသည်။ နိယာမပုံစံများက စာသားအချက်အလက်များမဟုတ်ပေ။ အကြိမ်အနည်းငယ် မြင်ရလျှင်တောင် ၎င်းတို့ကို ဖော်ပြခြင်း သို့မဟုတ် ရေးချခြင်းကို လုပ်နိုင်မည်မဟုတ်ပေ။
သို့သော် အလွှာဆယ့်တစ်ကဏ္ဍကို ဝယ်ယူခဲ့သော သူလျိုများက တူညီသော အချက်အလက်များကို ချန်ထားခဲ့ကြပြီး လူသားမျိုးနွယ်အတွင်း၌ သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍက်ု ဆက်လက်ဖြန့်ဝေနေခဲ့သည်။ ထို့ကြောင့် ထိုနိယာမပုံစံများက အမှန်တကယ်ဖြစ်သည်ကို သိရှိစေခဲ့သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တကယ် ဘယ်သူဖန်တီးခဲ့တာလဲ။ "
" ကြီးမြတ်သူရွှမ်ယွမ်လား။ မဖြစ်နိုင်ဘူး။ သူ့မှာ အဲ့လောက်စွမ်းရည်မရှိဘူး။ ပထမအဆင့်ကနေ ပဉ္စမအဆင့်အထိ အချိန်လေဟာနယ်ပုံစံတွေကို လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တောင် ပြည့်စုံအောင်မလုပ်နိုင်ဘူး။ " အလွှာဆယ့်နှစ် ကြီးမြတ်သူများက အံ့အားသင့်မှုနှင့် ဒေါသတို့ ရောနှောနေသည်။
ထိုနိယာမပုံစံများနှင့် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းများက ယခင်ထက် များစွာ ရိုးရှင်းလာမည်ဖြစ်ပြီး အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများနှင့် ကြီးမြတ်သူတစ်ယောက် ထွက်ပေါ်လာနိုင်ခြေကို တိုးမြှင့်ပေးနိုင်ပေလိမ့်မည်။
အရေးကြီးဆုံးအချက်မှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဘယ်သူဖန်တီးခဲ့လဲဟူသော မေးခွန်းပင်ဖြစ်သည်။
" ရှာရမယ်။ ဘယ်လိုတန်ဖိုးပဲ ပေးရပါစေ ရှာရမယ်။ "
" မှန်တယ်။ ငါတို့ အဲ့ဒီဆင့်ကဲပြောင်းလဲလမ်းစဉ်ရဲ့ ဖန်တီးသူကို ရှာဖွေရမယ်။ "
အလွှာဆယ့်နှစ် ကြီးမြတ်သူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီးသူတို့၏ ပုံရိပ်များက လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။ သူတို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူနှင့် ပက်သက်သော အချက်အလက်များကို ရှာဖွေရန်အတွက် သူတို့၏ စွမ်းရည်များအားလုံးကို အသုံးပြုကြမည်ဖြစ်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က သူ၏ အတွင်းကမ္ဘာအတွင်းမှ ပြောင်းလဲမှုများကို စစ်ဆေးနေသည်။ ရက်အနည်းငယ်အတွင်း လင်းယွမ်၏ အတွင်းကမ္ဘာက ထပ်မံကျယ်ပြန်လာပြီး အလင်းနှစ် ၂.၁နှစ်သို့ ရောက်လာခဲ့သည်။
" ဖရိုဖရဲနိယာမ..." လင်းယွမ်က သေချာခံစားမိနေသည်။ ဖရိုဖရဲနိယာမကို နားလည်ပြီးနောက် သူ၏ ပတ်ဝန်းကျင်ရှိ နိယာမများအပေါ် သူ၏ အမြင်က ပို၍ အခြေခံကျသော အဆင့်မှ ကြည့်ရှုနိုင်သည်။
" ကမ္ဘာသစ်ပင်..." လင်းယွမ်က အတွင်းကမ္ဘာ၏ အလယ်ဗဟိုမှ မိုးထိမြင့်မားသော သစ်ပင်ကြီးပေါ်သို့ ဆင်းသက်သွားသည်။
ယခုအချိန်တွင် ကမ္ဘာသစ်ပင်၏ အကိုင်းအခက်များ၌ သစ်သီးများစွာ သီးနေခဲ့သည်။ အသီးတစ်လုံးစီ၏ အတွင်း၌ သေးငယ်သော ကမ္ဘာတစ်ခု ပါဝင်ပြီး ဆင့်ကဲပြောင်းလဲသူများအတွက် အတွင်းကမ္ဘာကို ကြိုတင်ဖန်တီးနိုင်ရန် ကူညီပေးနိုင်သည်။
" ဧကရာဇ်ရွှမ်ဟွမ်ရဲ့ မှတ်တမ်းတွေအရ ဖရိုဖရဲအဆင့် ကြီးမြတ်သူတွေက ကမ္ဘာသစ်ပင်ကို ဖရိုဖရဲစွမ်းအားနဲ့ အားဖြည့်ပြီး ဖရိုဖရဲသစ်ပင်အဖြစ် ပြောင်းလဲနိုင်တယ်လို့ ပြောထားတယ်။ "
ကမ္ဘာသစ်ပင်က ကြယ်ဆယ့်တစ်လုံး ရတနာဖြစ်ပြီး ဖရိုဖရဲသစ်ပင်က ကြယ်ဆယ့်နှစ်လုံး ရတနာထက် ကျော်လွန်သည်ဟု ဆိုနိုင်သည်။ ဖရိုဖရဲအဆင့် ကြီးမြတ်သူများပင် ဖရိုဖရဲသစ်ပင်ကို ပျိုးထောင်ရန် အချိန်နှင့် စွမ်းအားများစွာ လိုအပ်သည်။
" အခုစမ်းကြည့်ရမယ်။ " လင်းယွမ်က ဖရိုဖရဲနိယာမကို ထုတ်ဖော်ပြီး ကမ္ဘာသစ်ပင်ကို ပျိုးထောင်ရန် ဖရိုဖရဲစွမ်းအားကို စုစည်းလိုက်သည်။
နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က ကောင်းမှုအမှတ်များကို ကြည့်လိုက်သည်။ ကောင်းမှုအမှတ် ၁၀ ထရီလီယံနှင့် ၁၅၀၀ ဘီလီယံ။
" အလွှာဆယ့်တစ် နိုင်ငံသားအဖြစ် မြှင့်တင်ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
အဆင့်တစ်ဆယ်နိုင်ငံသားမှ အဆင့်ဆယ့်တစ်နိုင်ငံသားအဖြစ် တိုးမြှင့်ရန် ကောင်းမှုအမှတ် ငါးထရီလီယံလိုအပ်သည်။ အဆင့်ဆယ့်တစ်နိုင်ငံသားက လူသားမျိုးနွယ်တွင် အမြင့်ဆုံးဖြစ်ပြီး ကြီးမြတ်သူကိုးယောက်သာ ထိုအ်ဆင့်တွင် ရှိကြသည်။
ယခု လင်းယွမ်က အဆင့်ဆယ့်တစ်နိုင်ငံသားအဖြစ် တိုးမြှင့်ရန် ကောင်းမှုအမှတ်များ လုံလောက်နေပြီဖြစ်သည်။ မကြာမီ လင်းယွမ်၏ ကောင်းမှုအမှတ်က ငါးထရီလီယံ ကုန်သွားပြီး နိုင်ငံသားအဆင့်က အဆင့်ဆယ့်တစ်သို့ ရောက်သွားခဲ့သည်။
" ဟမ် အချက်အလက်တွေမပို့ပေးဘူးလား။ " လင်းယွမ်က မျက်ခုံးများ ပင့်သွားသည်။
ယခင် သူ၏ နိုင်ငံသားအဆင့်ကို တိုးမြှင့်သည့်အချိန်တိုင်း အကျိုးခံစားခွင့်များနှင့် အချက်အလက်များကို ပေးပို့ခဲ့သည်။ သူက အဆင့်တစ်ဆယ်နိုင်ငံသားဖြစ်လာချိန်တွင် လူသားမျိုးနွယ်၏ သမ္မတကပင် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ သို့သော် ယခုအချိန်တွင် ဘာမှဖြစ်မလာခဲ့ပေ။
ထိုအချိန်တွင် ဗီဒီယိုခေါ်ဆိုမှုတစ်ခုရောက်လာပြီး လင်းယွမ်က ကြည့်လိုက်သောအခါ အံ့အားသင့်သွားခဲ့သည်။
" ကြီးမြတ်သူရွှမ်ယွမ်...." လင်းယွမ်က ခေါ်ဆိုမှုကို လက်ခံလိုက်သည်။
ကြီးမြတ်သူရွှမ်ယွမ်က လူသားမျိုးနွယ်၏ ကြီးမြတ်သူများထဲတွင် ပထမဆုံးနှင့် အစွမ်းထက်ဆုံးဖြစ်သည်။ ကြီးမြတ်သူရွှမ်ယွမ်သာမရှိလျှင် လူသားမျိုးနွယ်က စကြာဝဠာအပြင်ဘက်မှ အခွင့်အလမ်းများကို ထိန်းသိမ်းနိုင်စွမ်းရှိမည်မဟုတ်ပေ။
" လင်းယွမ် " ကြီးမြတ်သူရွှမ်ယွမ်က ပြုံးလိုက်သည်။ သူက သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး လင်းယွမ်ကို နွေးထွေးစွာ ကြည့်နေသည်။ " မင်း အဆင့်ဆယ့်တစ် နိုင်ငံသားဖြစ်လာတော့ အချက်အလက်တွေ ရောက်မလာလို့ တွေးနေတာလား။ "
လင်းယွမ်က လေးစားစွာ နားထောင်နေသည်။
" ဟားဟားဟား " ကြီးမြတ်သူရွှမ်ယွမ်က ရယ်မောလိုက်သည်။ " တကယ်တော့ နတ်ဘုရားသုံးပါးနဲ့ ငါတို့က နောက်ထပ် အဆင့်ဆယ့်တစ်နိုင်ငံသားတစ်ယောက် ဒီလောက်မြန်မြန် ထွက်ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိကြဘူး။ ဒါကြောင့် ပြင်ဆင်မှုမရှိခဲ့တာပဲ။ "
" ကျွန်တော်လည်း သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ဒီလောက်တန်ဖိုးရှိလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
" မင်းရဲ့ သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍက လူသားမျိုးနွယ်အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိလိမ့်မယ်။ ကောင်းမှုအမှတ် တစ်ဆယ်ထရီလီယံက နည်းတောင်နည်းနေသေးတယ်။ " ကြီးမြတ်သူရွှမ်ယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။
" ဒါနဲ့ သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍရဲ့ ကျေးဇူးကြောင့် ငါတို့ လူသားမျိုးနွယ်ထဲမှာ ပုန်းအောင်းနေတဲ့ သူလျိုတော်တော်များများကို ဖော်ထုတ်နိုင်ခဲ့တယ်။ " ကြီးမြတ်သူရွှမ်ယွမ်က ပြုံး၍ ပြောလိုက်သည်။
" သူလျိုတွေလား။ " လင်းယွမ်က နားလည်လိုက်သည်။ ၎င်းက သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ငါးစာအဖြစ် အသုံးပြုပြီး မျိုးနွယ်ခြားသူလျိုများကို ဖမ်းခဲ့ခြင်းဖြစ်သည်။
" စကားလမ်းကြောင်းလွဲသွားပြီ။ " ကြီးမြတ်သူရွှမ်ယွမ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ငါမင်းကို အဆင့်ဆယ့်တစ်နိုင်ငံသားတွေအကြောင်း ပြောဖို့ မင်းဆီ ကိုယ်တိုင်လာခဲ့တာပဲ။ "
" အဆင့်ဆယ့်တစ်နိုင်ငံသားတွေက လူသားမျိုးနွယ်အပေါ် ကြီးမားတဲ့ လွှမ်းမိုးမှုရှိတယ်။ ဒါကြောင့် အဆင့်ဆယ့်တစ်နိုင်ငံသားတစ်ယောက်အနေနဲ့ မင်းက လိုချင်တဲ့အချိန်တိုင်း လူသားမျိုးနွယ်ရဲ့ ရတနာတိုက်က မင်းလိုချင်တဲ့ ရတနာကို ရယူနိုင်တယ်။ "
" လူသားမျိုးနွယ်ရဲ့ ရတနာတိုက်က လိုတဲ့ရတနာကို ရယူနိုင်တယ်။ " လင်းယွမ်က မှင်သက်သွားသည်။
၎င်းက မည်သည့်ကောင်းမှုအမှတ်မှမလိုဘဲ လိုသလို ရယူနိုင်ခြင်းဖြစ်သည်။ လူသားမျိုးနွယ်က အထွတ်အထိပ်မျိုးနွယ်တစ်ခုဖြစ်ပြီး အလွှာဆယ့်နှစ် ရတနာများစွာကို စုဆောင်းထားသည်။
" မှန်တယ်။ မင်းလိုအပ်တယ်ထင်ရင် တိုက်ရိုက်လွှဲပြောင်းယူလို့ရတယ်။ " ကြီးမြတ်သူရွှမ်ယွမ်က ခေါင်းညိမ့်လိုက်သည်။
" ကျေးဇူးတင်ပါတယ် ကြီးမြတ်သူ။ "
လူသားမျိုးနွယ်၏ ရတနာတိုက်ရှိ ရတနာများက လင်းယွမ်အတွက် အသုံးနည်းလေသည်။ ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရန် စကြာဝဠာတစ်ခုလုံး၏ အရင်းအမြစ်များပင် လိုအပ်နိုင်ပြီး လူသားမျိုးနွယ်၏ ရတနာတစ်ခုလုံးက သူ့အတွက် အနည်းငယ်မျှသာဖြစ်သည်။
" မင်းသာ အလွှာဆယ့်နှစ်ကို တက်လှမ်းနိုင်ရင် လူသားမျိုးနွယ်က ဘယ်လိုတန်ဖိုးပဲဖြစ်ဖြစ် ပေးဖို့ အဆင်သင့်ပါပဲ။ "
" ကျွန်တော်လည်း အလွှာဆယ့်နှစ်ကို တက်လှမ်းဖို့ စီစဉ်နေပါတယ်။ " လင်းယွမ်က ကြီးမြတ်သူ၏ မျှော်လင့်ချက်ကို ခံစားမိပြီး ပြောလိုက်သည်။
" အလွှာဆယ့်နှစ်ကို မကြိုးစားခင် ရတနာတိုက်မှာရှိတဲ့ ကာကွယ်ရေးရတနာအနည်းငယ်ကို အသုံးပြုဖို့ သတိရပါ။ " ကြီးမြတ်သူရွှမ်ယွမ်က သတိပေးလိုက်သည်။
လူသားမျိုးနွယ်၏ ရတနာတိုက်တွင် အလွှာဆယ့်နှစ်သို့ တက်လှမ်းရာတွင် အထောက်အကူဖြစ်စေသော ရတနာအနည်းငယ် ရှိသည်။ လင်းယွမ် ယခင် ရရှိခဲ့သော စကြာဝဠာရင်းမြစ်ရတနာကဲ့သို့သော ရတနာများလည်း ရှိသည်။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
အဆင့်ဆယ့်တစ်နိုင်ငံသားဖြစ်လာပြီးနောက် လင်းယွမ်၏ အခွင့်အာဏာက အမြင့်ဆုံးဖြစ်သွားပြီး မည်သည့်ရတနာ၏ အချက်အလက်ကိုမဆို ကြည့်ရှုနိုင်သည်။
" ပြီးတော့ မင်း အလွှာဆယ့်နှစ်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်ပြီးဆိုရင် မျိုးနွယ်ခြား အလွှာဆယ့်နှစ်တွေရဲ့ ရန်က ကာကွယ်ဖို့ ငါတို့ကို အသိပေးပါ။ " ကြီးမြတ်သူရွှမ်ယွမ်က ပြောလိုက်သည်။
အလွှာဆယ့်တစ်မှ အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းက အမြင့်ဆုံးခုန်ပျံကျော်လွှားမှုပြီးဆုံးချိန်တွင် မိမိ၏ အသက်အနှစ်သာရနှင့် မိမိနှင့်ပက်သက်သောအရာအားလုံးက အချိန်မြစ်မှ ထွက်ခွာသွားပြီး ကြီးမြတ်သူများပင် ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိတော့ပေ။
သို့သော် ထိုမတိုင်မီ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံချိန်တွင် ကြီးမြတ်သူများကသာ တည်နေရာကို ရှာဖွေနိုင်ခဲ့လျှင် ဝင်ရောက်စွက်ဖက်နိုင်သည်။ ၎င်းက ဖြစ်နိုင်ခြေသာ ရှိသော်လည်း လင်းယွမ်က လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည်။ ထို့ကြောင့် ကြီးမြတ်သူရွှမ်ယွမ်က ဖြစ်နိုင်ခြေအားလုံးကို ကာကွယ်ထားရမည်ဖြစ်သည်။