စကြာဝဠာ၏ အပြင်ဘက်....
Vol. 50 Ch. 746
အလွှာတစ်ဆယ်မှ အလွှာဆယ့်တစ်သို့ တက်လှမ်းသောအခါ ကြီးမြတ်သူများက သူ့ကို ကာကွယ်ခဲ့ကြသည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းချိန်တွင်လည်း ကွဲပြားမည်မဟုတ်ပေ။
" ဒါဆို မင်းဆက်ကျင့်ကြံပါ။ တစ်ခုခုလိုတာရှိရင် ရှချင် ဒါမှမဟုတ် ငါ့ကို ဆက်သွယ်လိုက်ပါ။ " ကြီးမြတ်သူရွှမ်ယွမ်က ဆက်သွယ်မှုကို အဆုံးသတ်လိုက်သည်။
" အလွှာဆယ့်နှစ်...." လင်းယွမ်က ခြေချိတ်ထိုင်နေပြီး လူသားမျိုးနွယ်၏ ရတနာတိုက်မှ ရတနာများကို စတင်ကြည့်ရှုလိုက်သည်။
ကြယ်ဆယ့်နှစ်လုံး ရတနာများပင် လင်းယွမ်အပေါ် သက်ရောက်မှုနည်းပါးလှသည်။ ယခု သူက အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းအတွက် အထောက်အကူဖြစ်စေနိုင်သော ရတနာများကို အဓိကကြည့်ရှုနေခြင်းဖြစ်သည်။
" ဒီရတနာတွေ..." လင်းယွမ်က ရတနာများကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
အလွှာဆယ့်နှစ်သို့ တက်လှမ်းရာတွင် အထောက်အကူဖြစ်စေသော ရတနာများက အခြားအလွှာဆယ့်တစ် အထွတ်အထိပ် ဆင့်ကဲပြောင်းလဲသူများအတွက် ကောင်းကင်မှ ပေးအပ်သော လက်ဆောင် ဖြစ်ပေလိမ့်မည်။
သို့သော် လင်းယွမ်အတွက်မူ ၎င်းတို့က အကျိုးသက်ရောက်မှု မရှိသလောက်ပင်ဖြစ်သည်။ ထိုရတနာများက မတူညီသော အဆင့်များဖြစ်လာသည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ချန်ခဲ့သော အချိန်လေဟာနယ်နှလုံးသားက အဆင့်အမြင့်ဆုံးဖြစ်ပြီး စကြာဝဠာရင်းမြစ်ကဲသို့ အခြားရတနာများက အလယ်အလတ်အဆင့် ဖြစ်သည်။
အလွှာဆယ့်တစ် အင်အားကြီးသူတစ်ယောက်အတွက် အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ခြေက တစ်သောင်းတွင် တစ်ခု သို့မဟုတ် တစ်သန်းတွင် တစ်ခုဖြစ်သည်။ ထိုအခြေအနေတွင် အနိမ့်ဆုံးအဆင့် ရတနာများပင် ထင်ရှားသော သက်ရောက်မှုရှိသည်။
သို့သော် လင်းယွမ်အတွက် အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ခြေက ၉၅ ရာခိုင်နှုန်း သို့မဟုတ် ၉၇၊ ၉၈ ရာခိုင်နှုန်းရှိနိုင်သည်။ လင်းယွမ်စုဆောင်းထားသော အခြေခံအုတ်မြစ်နှင့် အချိန်လေဟာနယ်နှလုံးသားကဲ့သို့သော ရတနာများပင် ကန့်သတ်ထားသော သက်ရောက်မှုသာ ရှိနိုင်သည်။ ၉၈ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းသို့ ရောက်ရန် ကောင်းကင်ကို တက်သကဲ့သို့ ခက်ခဲပေလိမ့်မည်။
အမှန်တွင် နောက်ခံအလွန်ကြီးမားသော ဖရိုဖရဲဟင်းလင်းပြင်ရှိ အလွှာဆယ့်တစ် အင်အားကြီးသူများပင် အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ခြေက နှစ်ဆယ်ရာခိုင်နှုန်းကို မကျော်လွန်ပေ။
လင်းယွမ်က ၉၅ ရာခိုင်နှုန်းသို့ ရောက်ရှိခြင်းမှာ ဖရိုဖရဲနိယာမ၊ အချိန်လေဟာနယ် သတ္တမအဆင့်နှင့် အခြားအကြောင်းအရာများကြောင့် ဖြစ်သည်။
" ဒီရတနာတွေကို အလွှာဆယ့်နှစ်ကို ကြိုးစားမယ့် ဆင့်ကဲပြောင်းလဲသူတွေအတွက် ချန်ထားလိုက်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
VR ကမ္ဘာတွင် လင်းယွမ်က သူ၏ မိဘများ၊ ညီမတို့နှင့် စကားပြောနေသည်။
" အကို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လူသားမျိုးနွယ်ရဲ့ အဆင့်ငါးဖြစ်သွားတာ ကြားပြီးပြီလား။ သိုင်းတာအိုရဲ့ မူလက ကန်လန်ကြယ်ကဖြစ်နေတယ်။ " လင်းယိက စိတ်လှုပ်ရှားသွာ ပြောလိုက်သည်။
လူသားမျိုးနွယ်တွင် အကျော်ကြားဆုံး အကြောင်းအရာက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပင် ဖြစ်သည်။ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သာ ဖြစ်သော်လည်း လူသားမျိုးနွယ်တွင် အဆင့်ငါးအဖြစ် သတ်မှတ်ခံရပြီး အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လေးခုကို ကျော်လွန်သွားခဲ့သည်။
လင်းယွမ်က ယခင် လင်းယိကို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်မလား မေးခဲ့ပြီး လင်းယိက အခြးကပ်တိုက်ခိုက်ခြင်းများကို စိတ်မဝင်စားသောကြောင့် အဝေးမှ တိုက်ခိုက်ရသော စိတ်ဝိညာဉ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်ခဲ့သည်။
" ကန်လန်ကြယ်က အကိုလို ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးခဲ့တဲ့အပြင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လည်း ရှိနေတယ်။ အံ့ဩစရာပဲ။ " လင်းယိက အံ့ဩနေပြီး တိုက်ဆိုင်လွန်းသည်ဟု ထင်မိလေသည်။
" တစ်ခုခုတိုက်ခိုက်လို့နေမှာပေါ့။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
လင်းယွမ်က ထူးခြားသော ဆင့်ကဲပြောင်းလဲခြင်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး နှစ်တစ်ထောင်မပြည့်မီ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူဖြစ်လာရုံသာမက အခြားမျိုးနွယ်များမှ အလွှာဆယ့်တစ် အင်အားကြီးသူများကို ချေမှုန်းခဲ့သူဖြစ်သည်။ ထိုအချက်အလက်များက လမ်းစဉ်ဖန်တီးသူ၏ အချက်အလက်များနှင့် ကိုက်ညီခြင်းမရှိပေ။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖန်တီးခြင်းက အချိန်နှင့် ကြိုးစားအားထုတ်မှုများစွာ လိုအပ်သည်။ နှစ်တစ်ထောင်မပြည့်မီ အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူ ဖြစ်လာရုံအပြင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူ မဖြစ်နိုင်ပေ။
နှစ်ခုလုံးက ကန်လန်ကြယ်မှ ဆင်းသက်လာခြင်းဖြစ်သော်လည်း မည်သူမှ ထိုနှစ်ခုကို ချိတ်ဆက်ခြင်းမရှိပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တိုးတက်လာသည့်အပြင် လင်းယွမ်၏ တိုးတက်မှုတို့ကြောင့် လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများက လင်းယွမ်နှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူပို ဆက်စပ်လာကြသည်။
ယခုအခါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လူသားမျိုးနွယ်၏ အဆင့်ငါးဖြစ်လာပြီး မဟာစစ်မြေပြင်မှ လင်းယွမ်၏ စွမ်းဆောင်ရည်တို့ဖြင့် ပေါင်းစပ်လိုက်သောအခါ လင်းယွမ်ကို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူနှင့် ဆက်စပ်သော ကောလဟာလများက ပိုမိုကြီးထွားလာကြသည်။
သို့သော် လင်းယွမ်က ၎င်းကို သိပ်ဂရုမစိုက်ပေ။ သူ၏ လက်ရှိအဆင့်နှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူအဖြစ် ထုတ်ဖော်ခဲ့လျှင်တောင် အရေးမကြီးပေ။ သူ၏ စွမ်းအားဖြင့် ဤစကြာဝဠာထဲတွင် သေဆုံးရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
" အကို ဘယ်ကိုကြည့်နေတာလဲ။ " လင်းယွမ် အဝေးသို့ ကြည့်နေသည်ကို မြင်သောအခါ လင်းယိက စပ်စုပြီး မေးလိုက်သည်။
" ဘာကြည့်ရမှာလဲ။ " လင်းယွမ်က ပြုံးလိုက်သည်။ " စကြာဝဠာအပြင်ဘက်မှာ ဘာတွေရှိလဲ ကြည့်နေတာ။ "
" စကြာဝဠာရဲ့ အပြင်ဘက်လား။ " လင်းယိက နားမလည်ပေ။ ယခုအချိန်ထိ သူမက လူသားမျိုးနွယ်၏ နယ်မြေများကိုပင် မသိသေးပေ။
စကြာဝဠာ၏ အပြင်ဘက် ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲစွမ်းအားဖြင့် ပေါင်းစပ်ထားသော လင်းယွမ်၏ ကိုယ်ပွားက ရပ်တန့်လိုက်သည်။
" နောက်ဆုံးတော့ စကြာဝဠာရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်သွားပြီ။ " လင်းယွမ်က နောက်သို့လှည့်ကြည့်လိုက်ပြီး သေးငယ်သော စကြာဝဠာကို ကြည့်လိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် စကြာဝဠာများစွာရှိပြီး စကြာဝဠာတစ်ခုစီက ပတ်ဝန်းကျင်ကို ကြီးမားစွာ လွှမ်းမိုးထားသည်။ ယခု လင်းယွမ်က ပင်မစကြာဝဠာ၏ လွှမ်းမိုးမှုမှ လုံးဝ လွတ်မြောက်သွားခဲ့သည်။
" အချိန်စီးဆင်းမှုကပြောင်းလဲသွားတာပဲ။ " လင်းယွမ်က သူ၏ အာရုံများကို စုစည်းပြီး မူလခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လိုက်သည်။ သူ ယခုရှိနေသော နေရာက အချိန်စီးဆင်းမှု ပိုမိုနှေးကွေးပြီး ပင်မစကြာဝဠာ၏ အချိန်စီးဆင်းမှုနှင့် နှိုင်းယှဉ်လျှင် တစ်အချိုး သုံးရာဖြစ်သည်။ ဆိုရလျှင် ပင်မစကြာဝဠာလျှင် နှစ်သုံးရာ ကုန်ဆုံးသွားလျှင် ဖရိုဖရဲဟင်းလင်းပြင်တွင် တစ်နှစ်သာ ကုန်ဆုံးပေလိမ့်မည်။
" ဖရိုဖရဲဟင်းလင်းပြင်ရဲ့ အချိန်စီးဆင်းမှုက အဲ့ဒီရင်းမြစ်ကမ္ဘာတွေနဲ့ ဆင်တူတယ်။ " လင်းယွမ်က တွေးလိုက်သည်။
အချိန်လေဟာနယ် သတ္တမအဆင့်သို့ ရောက်ရှိပြီးသောအခါ အနန္တကမ္ဘာများ၏ ဂိတ်တံခါးတွင် ကမ္ဘာဆုံမှတ် ၃၃ခု ပေါ်လာခဲ့သည်။ ၎င်းတို့က ကြီးမားကျယ်ပြန့်သော ရင်းမြစ်ကမ္ဘာတို့နှင့် ချိတ်ဆက်ထားသည်။ လင်းယွမ် ပထမဆုံး စူးစမ်းခဲ့သော ရင်းမြစ်ကမ္ဘာကပင် ပင်မစကြာဝဠာနှင့် နှိုင်းယှဉ်လျှင် တစ်အချိုး သုံးရာ ဖြစ်သည်။
" ဖရိုဖရဲဟင်းလင်းပြင်က အဲ့ဒီရင်းမြစ်ကမ္ဘာတွေနဲ့ အဆင့်တူဖြစ်နိုင်တယ်။ " အချိန်စီးဆင်းမှုမှတစ်ဆင့် လင်းယွမ်က အချို့အချက်အလက်များကို ကောက်ချက်ချနိုင်သည်။ သို့သော် အချိန်စီးဆင်းမှုတစ်ခုတည်းနှင့် ကမ္ဘာများ၏ အဆင့်ကို မတိုင်းတာနိုင်ပေ။
" ဆက်လေ့လာလိုက်ဦးမယ်။ " လင်းယွမ်က ဦးတည်ချက်တစ်ခုသို့ ရွေးချယ်၍ ပျောက်ကွယ်သွားပြီး အလင်းနှစ်သန်းပေါင်းများစွာ အဝေးတွင် ပေါ်လာခဲ့သည်။
ဖရိုဖရဖဲဟင်းလင်းပြင်က ကြီးမားပြီး ကျယ်ပြောလှသည်။ အလင်းနှစ်သန်းပေါင်းများစွာကို ဖြတ်သန်းခဲ့သော်လည်း သူ၏ ပတ်ဝန်းကျင်မှာ ပြောင်းလဲခြင်းမရှိဘဲ နောက်ရှိ ပင်မစကြာဝဠာလည်း အတူတူပင် ဖြစ်သည်။
" ဖရိုဖရဲဟင်းလင်းပြင်ရဲ့ နိယာမတွေက ပိုပြီး ပြည့်စုံတယ်။ ဒီနိယာမတွေကို စုစည်းဖို့ ဖိအားက ပိုကြီးလိမ့်မယ်။ " လင်းယွမ်က သေချာခံစားနေသည်။
ထို့ကြောင့် ဖရိုဖရဲဟင်းလင်းပြင်တွင် ပင်မစကြာဝဠာမှ အင်အားကြီးသူများ၏ စွမ်းအားက လျော့နည်းသွားပေလိမ့်မည်။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်က မည်သည့်တည်ရှိမှုကိုမဆို ပိုမိုမြင့်မားသော အဆင့်ကို ပေးစွမ်းနိုင်သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းခြင်းက စကြာဝဠာအတွင်းထက် ပိုမိုလွယ်ကူသည်။
လင်းယွမ်၏ ပုံရိပ်က အဆက်မပြတ် ပျောက်ကွယ်သွားပြီး အကွာအဝေးများစွာကို ဖြတ်ကျော်သွားသည်။ အချိန်လေဟာနယ် သတ္တမအဆင့်က သူ့ကို ဖရိုဖရဲဟင်းလင်းပြင်တွင် လှုပ်ရှားရပိုမိုလွယ်ကူစေသည်။
ဝုန်း ဝုန်း ဝုန်း....
ရုတ်တရက် လင်းယွမ်က ရပ်တန့်လိုက်ပြီး ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။ ဥက္ကာခဲတစ်ခုက အထက်မှ လင်းယွမ်ဆီသို့ ဦးတည်ပြီး ကျဆင်းလာသည်။
" ဟင် " လင်းယွမ်က ဥက္ကာခဲကို ကြည့်လိုက်သည်။ " ရတနာတစ်ခုရဲ့ အော်ရာရှိနေတယ်။ ကြယ်ဆယ့်နှစ်လုံး ရတနာလား။ ငါ့ကံက အဲ့လောက်တောင် ကောင်းတာလား။ " လင်းယွမ်က တွေးလိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်ကို လေ့လာရန် ကိုယ်ပွားတစ်ခုကို စေလွှတ်ခဲ့သော်လည်း ယခု ရတနာတစ်ခုနှင့် ကြုံတွေ့နေရသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် အခွင့်အလမ်းများစွာ ရှိသော်လည်း လင်းယွမ်က လေ့လာမှုစတင်သည်နှင့် အခွင့်အလမ်းတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ယခင် ပင်မစကြာဝဠာတွင် ထာဝရလေဟာနယ်အက်ကြောင်းမှ ရတနာများနှင့် အမွေအနှစ်များ ကျဆင်းလာခဲ့ဖူးသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် စကြာဝဠာကိုယ်တိုင်က ရတနာတစ်ခုနှင့် ဆင်တူပြီး ပတ်ဝန်းကျင်၏ အချိန်လေဟာနယ်ကို မမြင်နိုင်သော အရာများဖြင့် ဖုံးလွှမ်းနေသောကြောင့်ဖြစ်သည်။
အနီးမှ ဖြတ်သန်းသွားသော အရာများကို စကြာဝဠာ၏ ကိုယ်ပိုင်ဆွဲအားဖြင့် ဆွဲငင်ခံရပြီး နောက်ဆုံးတွင် ထာဝရလေဟာနယ်အက်ကြောင်းမှတစ်ဆင့် စကြာဝဠာထဲသို့ ကျရောက်လာပေလိမ့်မည်။