အလွှာဆယ့်တစ်ကဏ္ဍကို တင်ပြခြင်း...
Vol. 50 Ch. 741
" တဲအိမ်ထဲက ထွက်လာတဲ့ ပုံရိပ်က ကပ်ဘေးမျိုးနွယ်ရဲ့ အလွှာဆယ့်နှစ် နှစ်ယောက်ထဲက တစ်ယောက်ဖြစ်လိမ့်မယ်။ " လင်းယွမ်က သူ၏ အာရုံကို ရုတ်သိမ်းပြီး တွေးလိုက်သည်။
ကပ်ဘေးမျိုးနွယ်တွင် အလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်သာ ဖြစ်သော်လည်း အခြားအထွတ်အထိပ်မျိုးနွယ် ဆယ်တစ်ခုကို ဘာမှမလုပ်နိုင်အောင် ဖိနှိပ်ထားသည်။ အကြောင်းမှာ ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်တွင် တည်ရှိသောကြောင့် ဖြစ်သည်။
" ကပ်ဘေးမျိုးနွယ်က ငါ့ကို မခြိမ်းခြောက်နိုင်ဘူး။ " လင်းယွမ်က ခဏစဉ်းစားလိုက်သည်။
ကပ်ဘေးမျိုးနွယ်၏ အလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်က အခြားကြီးမြတ်သူများကို ဖိနှိပ်နိုင်သော်လည်း သူတို့၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ရန် မဝံ့ရဲကြပေ။ ကပ်ဘေးမျိုးနွယ် အလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်၏ တကယ့်ရန်သူမှာ စကြာဝဠာစိတ်အသိဖြစ်သည်။ သူတို့၏ စွမ်းအားအပြည့်အဝ ထုတ်ဖော်ခဲ့လျှင် စကြာဝဠာစိတ်အသိ၏ တိုက်ရိုက်ဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။
စကြာဝဠာက အင်မော်တယ်ကမ္ဘာထက် အဆတစ်ရာ ကျယ်ဝန်းပြီး စကြာဝဠာစိတ်အသိက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်များကို အလွယ်တကူ ဖိနှိပ်နိုင်သည်။
ကြယ်စကြာဝဠာကို လေ့လာပြီးနောက် လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ကြီးမားသော စစ်မြေပြင်တစ်ခုသို့ ရောက်လာသည်။
" ထာဝရလေဟာနယ်အက်ကြောင်း... " လင်းယွမ်က ပြင်ပစကြာဝဠာနှင့် ချိတ်ဆက်ထားသော အက်ကြောင်းကို ကြည့်လိုက်သည်။
" ငါ့ရဲ့ အာရုံက လေဟာနယ်အက်ကြောင်းကို ဖြတ်ကျော်နိုင်လောက်တယ်။ " လင်းယွမ်က စွမ်းအားများကို စုစည်းပြီး ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်သည်။
" စကြာဝဠာရဲ့ တန်ပြန်သက်ရောက်မှုကို မခံရဘူး။ " လင်းယွမ်က ပတ်ဝန်းကျင်ကို အဆက်မပြတ် လေ့လာနေသည်။
အလွှာဆယ့်နှစ် ကြီးမြတ်သူများကို ကြယ်စကြာဝဠာမှ ထွက်ခွင့်မပြုသည်မှာ သူတို့၏ မူလခန္ဓာကို ရည်ညွှန်းခြင်းဖြစ်သည်။ စွမ်းအားများစွာ မပါဝင်သော ကိုယ်ပွားဖြစ်လျှင် ထွက်ခွာနိုင်သည်။
အချိန်လေဟာနယ်နားလည်မှုက ဆဋ္ဌမအဆင့်တွင် ရှိနေသော အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်က ကိုယ်ပွားတစ်ခုကို စကြာဝဠာအပြင်ဘက်သို့ ပို့လွှတ်လျှင် သိပ်မဝေးနိုင်ပေ။ အကွာအဝေးတစ်ခု ကျော်လွန်သွားသည်နှင့် မူလခန္ဓာနှင့် ချိတ်ဆက်မှုပြတ်တောက်သွားပြီး ကိုယ်ပွားက ပျက်ဆီးသွားပေလိမ့်မည်။
ထို့အပြင် နေရာတိုင်းတွင် ရှိနေသော ဖရိုဖရဲစွမ်းအား၏ တိုက်စားခြင်းကို ခုခံရန် ကိုယ်ပွားတစ်ခု၏ စွမ်းအားသက်သက်ကို အားကိုးခြင်းက ကြာရှည်ခံနိုင်မည်မဟုတ်ပေ။ သို့သော် လင်းယွမ်က အချိန်လေဟာနယ် သတ္တမအဆင့်ကို ရောက်ရှိနေပြီး ကိုယ်ပွားကို ကျယ်ပြန့်သော အကွာအဝေးသို့ ပို့လွှတ်နိုင်သည်။
ဖရိုဖရဲနိယာမကို ကျွမ်းကျင်ပြီးနောက် ဖရိုဖရဲစွမ်းအားဖြင့် ဖွဲ့စည်းထားသော လင်းယွမ်၏ ကိုယ်ပွားက ဖရိုဖရဲစွမ်းအား၏ တိုက်စားခြင်းကို စိုးရိမ်စရာမလိုတော့ပေ။
" ကိုယ်ပွားနဲ့ ဖရိုဖရဲဟင်းလင်းပြင်ကို စူးစမ်းတာက အသုံးဝင်လိမ့်မယ်။ " လင်းယွမ်က ပြုံးလိုက်သည်။ ဖရိုဖရဲဟင်းလင်းပြင်က ကျယ်ပြောပြီး မရေတွက်နိုင်သော အခွင့်အလမ်းများ ရှိနေသည်။
လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်ကို စူးစမ်းနိုင်ခဲ့လျှင် သူ့အတွက် အကျိုးကျေးဇူးများစွာ ရရှိပေလိမ့်မည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် အခွင့်အလမ်းများ ရှိသော်လည်း အန္တရာယ်များလည်း ပြည့်နှက်နေသည်။ သို့သော် လင်းယွမ်က ကိုယ်ပွားတစ်ခုသာ ဖြစ်ပြီး အန္တရာယ်တစ်စုံတစ်ခု ကြုံတွေ့ခဲ့လျှင် ကိုယ်ပွားကို ဖျက်ဆီးလိုက်ရုံသာဖြစ်သည်။
" ဒါက စကြာဝဠာလား။ " စကြာဝဠာ၏ အပြင်ဘက်တွင် လင်းယွမ်က သူ၏ နောက်ရှိ ကြီးမားသော အရာကြီးကို ပြန်လှည့်ကြည့်လိုက်သည်။
ကျယ်ပြောသော ဖရိုဖရဲဟင်းလင်းပြင်မှာပင် စကြာဝဠာက အလွန်ကြီးမားပြီး လွှမ်းမိုးခြင်းအဆင့် ကြီးမြတ်သူများပင် မနှောက်ယှက်နိုင်လောက်အောင် အားကောင်းသည်။ အရွယ်အစားအရ စကြာဝဠာက ဖရိုဖရဲအဆင့် တည်ရှိမှုများနှင့် အဆင့်တူလေသည်။
" သွားမယ်။ " လင်းယွမ်က ဦးတည်ရာတစ်ခုသို့ ရွေးချယ်ပြီး ဖရိုဖရဲဟင်းလင်းပြင် လေ့လာခြင်းကို စတင်လိုက်သည်။
နဂါးငွေ့တန်းပင်မကြယ်တွင် ထိုက်ယင်မူလစိတ်ဝိညာဉ်ရှိနေသည်။
" သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍ...." လင်းယွမ်က သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍနှင့် ပက်သက်သော အချက်အလက်များကို စဉ်းစားလိုက်သည်။
သူက အင်မော်တယ်ကမ္ဘာတွင် သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ပြည့်စုံစေခဲ့ပြီးဖြစ်သည်။ အလွှာဆယ့်တစ်ကဏ္ဍကို လင်းယွမ်က အချိန်လေဟာနယ်ပုံစံများနှင့် အခြားနိယာမပုံစံများကို ထည့်သွင်းထားသည်။
၎င်းက အင်မော်တယ်ကမ္ဘာတွင် လင်းယွမ်၏ အကြီးမားဆုံး အောင်မြင်မှုများထဲမှ တစ်ခုဖြစ်သည်။ အဓိကပေါင်းစပ်နိယာမများကို နားလည်ခြင်းက လူသားမျိုးနွယ်၏ ကြီးမြတ်သူများထက် ကျော်လွန်သွားခြင်းကြောင့် ကြီးမြတ်သူများပင် မပြီးမြောက်နိုင်သောအခါကို သူက အောင်မြင်ခဲ့သည်။
" ဒီနိယာမပုံစံတွေနဲ့ဆို အနာဂတ် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ပိုပြီး လွယ်ကူသွားလိမ့်မယ်။
ထို့အပြင် သူတည်ထောင်ခဲ့သော အချိန်လေဟာနယ်ပုံစံများက သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများအတွက်သာမက အခြားဆင့်ကဲပြောင်းလဲသူများလည်း လေ့လာနိုင်သည်။ သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍက လူသားမျိုးနွယ်အပေါ် သက်ရောက်မှုကို လင်းယွမ်က စိတ်ကူးကြည့်နိုင်သည်။
" ပြီးပြီ။ " လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလွှာဆယ့်တစ်ကဏ္ဍကို စစ်ဆေးပြီးနောက် ဉာဏ်ပညာနတ်ဘုရားကို ဆက်သွယ်လိုက်သည်။
" လေးစားရပါသော အဆင့်တစ်ဆယ်နိုင်ငံသား လင်းယွမ်။ ဘာများကူညီပေးရမလဲ။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။
" ငါ သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို တင်ပြချင်တယ်။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။
" လေးစားရပါသော အဆင့်တစ်ဆယ်နိုင်ငံသား လင်းယွမ် အခုတင်ပြလို့ရပါပြီ။ " ဉာဏ်ပညာနတ်ဘုရားက ခဏရပ်တန့်ပြီးနောက် ပြောလိုက်သည်။
လင်းယွမ်က ပြင်ဆင်ထားသော သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို တင်ပြလိုက်သည်။ ယခင် အဆင့်ဆယ်ခုနှင့် ယှဉ်လျှင် သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍက အချက်အလက်များ အလွန်ကျယ်ပြန့်သောကြောင့် တင်သွင်းမှုက အလွန်နှေးကွေးခဲ့သည်။
" လေးစားရပါသော အဆင့်တစ်ဆယ်နိုင်ငံသား လင်းယွမ် ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ။ " ဉာဏ်ပညာနတ်ဘုရားက အလွှာဆယ့်တစ်ကဏ္ဍကို လက်ခံပြီးနောက် လူသားမျိုးနွယ်၏ ကြီးမြတ်သူများကို စတင်ဆက်သွယ်လိုက်သည်။
ယခင်အလွှာများကတည်းက ဉာဏ်ပညာနတ်ဘုရားမှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို စီရင်ဆုံးဖြတ်ရန် မတတ်နိုင်တော့ဘဲ ကြီးမြတ်သူများ၏ ထင်မြင်ယူဆချက်များကို ရယူခဲ့သည်။
VR ကမ္ဘာရှိ မြင့်မားသော ပလ္လင်ကိုးခုပေါ်တွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။
" သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍလား။ အဲ့ဒီကောင်လေးက အလွှာဆယ့်တစ်ကဏ္ဍကို တင်လိုက်ပြီလား။ "
" ဟားဟားဟား သူတင်ထားတဲ့ အလွှာဆယ့်တစ်ကဏ္ဍကို ငါတကယ်ကြည့်ချင်နေပြီ။ "
မကြာမီ လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ပေါ်လာပြီး စိတ်ဝင်စားစွာ ပြောလိုက်ကြသည်။
" မင်းတို့လူအိုကြီးတွေ..." ကြီးမြတ်သူရှချင်က ကြည့်လိုက်သည်။ " လင်းယွမ်ကို ဖိအားသိပ်မပေးကြနဲ့။ သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍက အလွှာဆယ့်တစ်ပဲ။ ဘာလို့အဲ့လောက် စိတ်ဝင်စားနေကြတာလဲ။ "
ကြီးမြတ်သူရှချင်က လင်းယွမ်ကို အထင်မသေးပေ။ သို့သော် အလွှာကိုးနှင့် အလွှာတစ်ဆယ်ကဏ္ဍတို့၏ မြှင့်တင်မှုနှင့် အလားအလာကို ကြည့်လျှင် သိုင်းတာအို အလွှာဆယ့်တစ်ကဏ္ဍက ထင်သလောက် အရေးမပါတော့ပေ။
ယခု သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လူသားမျိုးနွယ်၏ အဆင့်တစ်ဆယ်တွင်ရှိပြီး ၎င်း၏ အထက်တွင် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုသာ ရှိတော့သည်။ အလွှာဆယ့်တစ်ကဏ္ဍကို တင်ပြလျှင်တောင် အဆင့်တစ်ဆယ်တွင်သာ ရှိနေမည်ဖြစ်ပြီး အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကျော်တက်ရန် မဖြစ်နိုင်ပေ။
" ရှချင် မင်းက နဂါးငွေ့တန်းကြယ်သခင်ကို တကယ်ဂရုစိုက်တာပဲ။ " ကြီးမြတ်သူရှုချန်က ပြုံး၍ ပြောလိုက်သည်။ " ဒါဆို အလွှာဆယ့်တစ်ကဏ္ဍကို ပုံမှန်အတိုင်း ကြည့်လိုက်ကြတာပေါ့။ "
ဉာဏ်ပညာနတ်ဘုရားက အလွှာဆယ့်တစ်ကဏ္ဍကို ကြီးမြတ်သူတစ်ယောက်ချင်းစီသို့ ပေးပို့လိုက်သည်။
" အလွှာဆယ့်တစ်ကဏ္ဍ..." ကြီးမြန်သူရှချင်က ပထမဆုံးကြည့်ရှုပြီး သူ၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ သို့သော် ခဏအတွင်း သူ၏အမူအရာက ပြောင်းလဲသွားသည်။
" ဒါက..."
ကြီးမြတ်သူရှချင်က အလွှာဆယ့်တစ်ကဏ္ဍ၏ ပထမအဆင့်တွင် မြင်တွေ့လိုက်ရသည်မှာ နိယာမပုံစံများဖြစ်သည်။ ပထမအဆင့်တွင် နိယာမပုံစံများပါဝင်ပြီး လူသားမျိုးနွယ်မှပြုစုထားသော နိယာမပုံစံများနှင့် ကွဲပြားနေသည်။
နိယာမပုံစံများကို တည်ထောင်ရန် လူသားမျိုးနွယ်က မည်မျှကြိုးပမ်းခဲ့ရသည်ကို မသိနိုင်ပေ။ ထို့အပြင် နိယာမပုံစံများက စိတ်ရှိသလို တည်ထောင်နိုင်သော အရာများမဟုတ်ပေ။
ကြီးမြတ်သူရှချင်က သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍ၏ ပထမအဆင့်တွင် ပထမဆုံးမြင်လိုက်ရသည်မှာ လုံးဝအသစ်ဖြစ်သော နိယာမပုံစံများဖြစ်သည်။ သူ၏ စိတ်ထဲတွင် သံသယများ၊ အံ့အားသင့်မှုများနှင့် ပြည့်နှက်နေပြီး နိယာမပုံစံများကို ချက်ချင်း လေ့လာလိုက်သည်။
အခြားကြီးမြတ်သူများကလည်း အလားတူဖြစ်သွားကြပြီး နိယာမပုံစံများကို အာရုံစိုက်လိုက်ကြသည်။
" ဒါက အဆုံးမဲ့လေဟာနယ်ရဲ့ နိယာမပုံစံလား။ ငါတို့ လူသားမျိုးနွယ်မှာ ဒီပေါင်းစပ်နိယာမကို နားလည်တဲ့ ဆင့်ကဲပြောင်းလဲသူအနည်းငယ် ရှိပေမယ့် သူက နိယာမပုံစံတစ်ခုကို ဖန်တီးလိုက်တာလား။ "
" ပြီးတော့ ဒီနိယာမပုံစံကို ကြည့်ဦး။ ဒါက မဟာဖျက်ဆီးခြင်းနိယာမနဲ့ လျှပ်စီးနိယာမကို ပေါင်းစည်းထားတယ်။ နှစ်ခုလုံးက အဓိကပေါင်းစပ်နိယာမဖြစ်တာကို ပေါင်းစည်းထားတယ်။ ပြီးတော့ အဲ့ဒီအတွက်ပါ နိယာမပုံစံနဲ့လား။ "
" အချိန်အရိပ်နိယာမ... နိယာမပုံစံတွေက ပြဿနာမရှိပေမယ့် နဂါးငွေ့တန်းကြယ်သခင်က ဒီနိယာမပုံစံတွေကို ဘယ်လိုတောင်ဖန်တီးခဲ့တာလဲ။ "