ကောင်းမှုအမှတ် ၁၀ ထရီလီယံ....
Vol. 50 Ch. 742
ကြီးမြတ်သူများက ပို၍ လေ့လာသည်နှင့်အမျှ အံ့အားသင့်မှုနှင့် လေးစားမှုက သူတို့၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။ နိယာမပုံစံတစ်ခုကို တည်ထောင်ပြီး ပြည့်စုံအောင်လုပ်ရန်အတွက် သက်ဆိုင်ရာနိယာမ၏ အမြင့်ဆုံးနားလည်မှုကို လိုအပ်သည်။
အချိန်နိယာမကို မကြာသေးမီက နားလည်သွားခဲ့သော ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ကုန်ကျစရိတ်အချို့ဖြင့် ပြည့်စုံသော အချိန်နိယာမပုံစံကို အမှန်တကယ် တည်ထောင်နိုင်သည်။ သို့သော် ထိုအချိန်နိယာမပုံစံက ထိုဆင့်ကဲပြောင်းလဲသူအတွက်သာ သက်ဆိုင်ပြီး အခြားဆင့်ကဲပြောင်းလဲသူများက ထိုနိယာမပုံစံကို လေ့လာရုံနှင့် အချိန်နိယာမအပေါ် နားလည်မှုအတွက် အထောက်အကူမှ ဖြစ်လိမ့်မည်မဟုတ်ပေ။
မည်သည့်နိယာမဖြစ်စေ အကန့်အသတ်မဲ့လေသည်။ အခြေခံအကျဆုံး ရွှေနိယာမပင် ကွဲပြားသော ဆင့်ကဲပြောင်းလဲသူများ နားလည်သောအခါ သူတို့ရရှိသော ရွှေနိယာမကလည်း မတူညီကြပေ။ ၎င်းက ရွှေနိယာမ၏ မတူညီသော ရှုထောင့်များသာဖြစ်သည်။
နိယာမပုံစံများက သက်ဆိုင်ရာနိယာမများကို အကျဉ်းချုပ်ခြင်းဖြစ်သည်။ ၎င်းတို့လွှမ်းခြုံထားသော ရှုထောင့်များပိုများလေ ဖြန့်ဖြူးသော စံနှုန်းက ပိုမိုကျယ်ပြန့်လေဖြစ်သည်။ သို့သော် အပြောလွယ်သလောက် အောင်မြင်ရန် အလွန်ခက်ခဲသည်။
သို့သော် လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က ပထမအဆင့်၏ နိယာမပုံစံများကို စစ်ဆေးနေစဉ် နိယာမပုံစံများ၏ ဖြန့်ဖြူးမှုစံနှုန်းက မယုံကြည်နိုင်လောက်အောင် မြင့်မားပြီး လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများအားလုံး လေ့လာနိုင်သည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့သည်။
ကြီးမြတ်သူကိုးယောက် မြင်တွေ့ရသော နိယာမပုံစံများသက်သက်ပင် နိယာမပေါင်းများစွာနှင့် သက်ဆိုင်နေသည်။ နဂါးငွေ့တန်းကြယ်သခင်က သက်ဆိုင်ရာနိယာမအားလုံးကို အမြင့်ဆုံးအထိ နားလည်မှသာ နိယာမပုံစံများကို တည်ဆောက်ရန် မျှော်လင့်နိုင်သည်။
ယခု လင်းယွမ်က အဓိကနိယာမပေါင်းများစွာကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်တာလား။ ကြီးမြတ်သူကိုးယောက်က ခဏဆွံ့အသွားကြသည်။ သူတို့ပင် အချို့နိယာမများကို အမြင့်ဆုံးအဆင့်ထိ နားမလည်ကြသေးပေ။
" အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ နိယာမပုံစံလား။ " ကြီးမြတ်သူရှချင်က သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍ ပထမအဆင့်၏ အဓိကအပိုင်းကို မြင်တွေ့လိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။
၎င်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမနှင့် သက်ဆိုင်သော နိယာမပုံစံဖြစ်သည်။ မည်သည့်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလွှာဆယ့်တစ်မဆို အရေးကြီးဆုံးနိယာမက အချိန်လေဟာနယ်ပေါင်းစပ်နိယာမဖြစ်သည်။
အခြားအဓိကပေါင်းစပ်နိယာမကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ အရေးမကြီးပေ။ အလွှာတစ်ဆယ်မှ အလွှာဆယ့်တစ်သို့ တက်လှမ်းရာတွင် အဓိကပေါင်းစပ်နိယာမတစ်ခုကို ဒုတိယအဆင့်ထိသာ မြှင့်တင်ရန် လိုအပ်သည်။
၎င်းက မည်သည့်အဓိကပေါင်းစပ်နိယာမဟူ၍ မသတ်မှတ်ထားပေ။ သို့သော် အလွှာဆယ့်တစ်တွင် တိုးတက်ရန်အတွက် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ရန် လိုအပ်သည်။
" ပထမအဆင့်ကနေ ပဉ္စမအဆင့်ထိ အချိန်လေဟာနယ်ပုံစံတွေလား။ "
" နိယာမပုံစံ ၃၃၃၃၃ ခုလား။ "
" ဒီနိယာမပုံစံတွေက..."
အချိန်လေဟာနယ်ပုံစံများနှင့် သက်ဆိုင်ရာ နိယာမပုံစံ သုံးသောင်းကျော်ကို ဖတ်ရှုရန်အတွက် ကြီးမြတ်သူကိုးယောက်က တစ်နာရီကျော် အချိန်ယူခဲ့ရသည်။ သူတို့က ၎င်းကို နားမလည်ခြင်းမဟုတ်ပေ။ အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်သူများက အချိန်လေဟာနယ် နားလည်မှုတွင် ဆဋ္ဌမအဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။
သို့သော် နိယာမတစ်ခုအတွက် နိယာမပုံစံက ဖြန့်ဖြူးခြင်းစံနှုန်းနှင့် ကိုက်ညီမှုရှိမရှိ ဆုံးဖြတ်ရန်အတွက် မိမိနားလည်ထားသော နိယာမ၏ အနှစ်သာရကိုသာမက အခြားရှုထောင့်များကိုလည်း ပြန်လည်စစ်ဆေးရန် လိုအပ်သည်။ အထူးသဖြင့် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသော အချိန်လေဟာနယ်ပုံစံများက အကြိမ်ကြိမ် ပြန်လည်စစ်ဆေးရန် လိုအပ်သည်။
" အချိန်လေဟာနယ်ပေါင်းစပ်နိယာမအတွက် နိယာမပုံစံတွေရဲ့ ဖြန့်ဖြူးခြင်းစံနှုန်းက လိုအပ်တဲ့အဆင့်ကို ရောက်နေပြီ။ " ကြီးမြတ်သူကုလီက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
အချိန်လေဟာနယ်ပုံစံများကို မစစ်ဆေးမီ သူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်များနှင့် စိုးရိမ်မှုများရှိခဲ့ကြသော်လည်း အတည်ပြုပြီးသောအခါ သူတို့က အနည်းငယ် မယုံကြည်နိုင်ဖြစ်ခဲ့ကြသည်။
အချိန်လေဟာနယ်ပုံစံက ဧကရာဇ်ရွှမ်ယွမ်မှ ဆင်းသက်လာသည်ဟု ဆိုလျှင် အခြားကြီးမြတ်သူရှစ်ယောက်က ၎င်းကို လက်ခံနိုင်ကြသည်။ နောက်ဆုံးတွင် ဧကရာဇ်ရွှမ်ယွမ်၏ အဆင့်အတန်းက ထင်ရှားသည်။ သူက လူသားမျိုးနွယ်၏ ကြီးမြတ်သူများထဲတွင် အစွမ်းထက်ဆုံးဖြစ်ပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နှင့် နီးစပ်နေပြီဖြစ်သည်။
သို့သော် လင်းယွမ်က မကြာသေးမီကမှ အလွှာဆယ့်တစ်သို့ တက်လှမ်းခဲ့သော လူငယ်လေးတစ်ယောက်ဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ နိယာမတွေအပေါ် နားလည်မှုက ငါတို့ထက် ကျော်လွန်သွားလောက်ပြီ။ " ကြီးမြတ်သူရှုချန်က ဖြည်းညင်းစွာ ပြောလိုက်သည်။
အနည်းဆုံး သူတို့ကိုးယောက်က ကြီးမြတ်သူများအနေဖြင့် ထိုမျှများပြားသော နိယာမပုံစံများကို ဖန်တီးနိုင်ခြင်းမရှိကြပေ။ အချိန်လေဟာနယ်ပုံစံများနှင့် ပက်သက်၍ ကြီးမြတ်သူကိုးယောက်က ၎င်းတို့ကို တည်ထောင်ရန် အမြဲတမ်း ကြိုးစားနေခဲ့သော်လည်း ပြည့်စုံမှုနှင့် ဝေးကွာနေဆဲ ဖြစ်သည်။
သို့သော် ယခုအခါ သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍ၏ ပထမအဆင့်မှ ပဉ္စမအဆင့်ထိ တိုက်ရိုက်ဖြန့်ကျက်ထားသော အချိန်လေဟာနယ်ပုံစံများကို သူတို့က မြင်တွေ့ခဲ့ရသည်။
" ငါတို့ထက် ကျော်လွန်တာလား။ " ကြီးမြတ်သူရှချင်က အခြားသူများကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
သူတို့က လင်းယွမ်၏ အလားအလာကို ယခင်ကတည်းက လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ပါရမီရှင်အဖြစ် အသိအမှတ်ပြုခဲ့ကြပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ခြေ အလွန်မြင့်မားသည်ဟု ယူဆခဲ့ကြသည်။
လင်းယွမ်သာ အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ခဲ့လျှင် ကြီးမြတ်သူရွှမ်ယွမ်အောက် လူသားမျိုးနွယ်၏ ဒုတိယမြောက် အသန်မာဆုံး ကြီးမြတ်သူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ အချိန်ကြာလျှင် ကြီးမြတ်သူရွှမ်ယွမ်ကိုပင် ကျော်လွန်သွားနိုင်သည်။
သို့သော် ထိုအရာအားလုံးက အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းအပေါ်တွင် အခြေခံထားသည်။ ယခု လင်းယွမ်က အလွှာဆယ့်တစ်သာ ရှိသော်လည်း သူ၏ နိယာမများအပေါ် နားလည်မှုက ကြီးမြတ်သူများထက် ကျော်လွန်နေပြီဖြစ်သည်။ ၎င်းက ကြီးမြတ်သူများ မမျှော်လင့်ထားသောအရာ ဖြစ်သည်။
ယခင် လင်းယွမ်၏ စိတ်စွမ်းအားက အလွှာဆယ့်နှစ်သို့ ရောက်သွားခြင်းမှာ သူက စိတ်စွမ်းအားကို ရုတ်တရက် တိုးတက်စေနိုင်သော အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ခြင်းဖြစ်နိုင်သည်။ သို့သော် လင်းယွမ်၏ စိတ်စွမ်းအားက သူတို့ထက် ကျော်လွန်ခြင်း သို့မဟုတ် လွှမ်းမိုးခြင်းကို မခံစားခဲ့ကြရပေ။
သို့သော် ယခု ပြည့်စုံသော နိယာမပုံစံများစွာကို တည်ထောင်ပြီး အထူးသဖြင့် လင်းယွမ်၏ နိယာမများအပေါ် နားလည်မှုက ကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေသည်မှာ သံသယဝင်စရာမလိုပေ။
" ကြီးမြတ်သူကိုးယောက် သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို စီရင်ဆုံးဖြတ်ပေးကြပါ။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။
" စီရင်ဆုံးဖြတ်ပေးရမှာလား။ " ကြီးမြတ်သူရှချင်နှင့် အခြားသူများက သူတို့၏ စိတ်ကို တည်ငြိမ်စေပြီး လေးနက်စွာ စဉ်းစားလိုက်ကြသည်။
သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍ၏ တန်ဖိုးက ရိုးရှင်းစွာ တိုင်းတာ၍ မရနိုင်ပေ။ အချိန်လေဟာနယ်ပုံစံများကို မပြောနှင့် အခြားအဓိကပေါင်းစပ်နိယာမများကပင် လူသားမျိုးနွယ်အပေါ် ကြီးမားသော သက်ရောက်မှုရှိပေလိမ့်မည်။
ထို့အပြင် ထိုနိယာမပုံစံများက သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများအတွက်သာ ကန့်သတ်ထားခြင်းမရှိပေ။ အခြားဆင့်ကဲပြောင်းလဲသူများကလည်း ထိုနိယာမပုံစံများကို နားလည်နိုင်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများလောက် သိသာထင်ရှားမှုမရှိရုံသာဖြစ်သည်။
နှစ်ပေါင်းများစွာအတွင်း လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍ၏ လွှမ်းမိုးခြင်းကို ခံရပေလိမ့်မည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူ မဟုတ်သူများပင် သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ဝယ်ယူကြပေလိမ့်မည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုကို ကျော်လွန်သွပေလိမ့်မည်။ လူသားမျိုးနွယ်တွင် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုအပြင် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကျင့်ကြံနေကြသူများလည်း ရှိသည်။
အလွှာကိုးနှင့် အလွှာတစ်ဆယ် ဆင့်ကဲပြောင်းလဲသူ ဆယ်ယောက်ရှိလျှင် လေးငါးယောက်က အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုးခုမှဖြစ်သည်။ သို့သော် ထိုသို့ဖြစ်လျှင်တောင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လွှမ်းမိုးမှာကို ယှဉ်နိုင်မည်မဟုတ်ပေ။
" ရွှမ်ယွမ် မင်းရဲ့ ဆုံးဖြတ်ချက်က ဘာလဲ။ " ကြီးမြတ်သူရှချင်က အကြိမ်ကြိမ် စဉ်းစားပြီးနောက် ကြီးမြတ်သူရွှမ်ယွမ်ကို လှည့်ကြည့်လိုက်သည်။
သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍ၏ တန်ဖိုးက အလွန်မြင့်မားသောကြောင့် ကြီးမြတ်သူများက ပေါ့ပေါ့တန်တန် ကောက်ချက်မချရဲကြပေ။
" ငါ့ရဲ့ ဆုံးဖြတ်ချက်က..." ကြီးမြတ်သူရွှမ်ယွမ်၏ အမူအရာက လေးနက်သွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ " ကောင်းမှုအမှတ် တစ်ဆယ်ထရီလီယံ။ "
ကြီးမြတ်သူများက အနည်းငယ် အံ့အားသင့်သွားကြသည်။
" ကောင်းမှုအမှတ် တစ်ဆယ်ထရီလီယံ..."
" ရွှမ်ယွမ် မင်းက သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို အဲ့လောက်တောင် တန်ဖိုးထားတာလား။ " ကြီးမြတ်သူရှချင်ကလည်း အံ့ဩနေသည်။
" သိုင်းတာအိုအလွှာဆယ့်တစ်ရဲ့ တန်ဖိုးကို ဒီလိုသတ်မှတ်တာက နဂါးငွေ့တန်းကြယ်သခင်ကို တန်ဖိုးထားတာလည်း ဖြစ်တယ်။ " ရွှမ်ယွမ်က ပြောလိုက်သည်။ " မင်းတို့ကန့်ကွက်စရာမရှိရင် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်။ "
" ပြဿနာမရှိဘူး။ "
" သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍက အဲ့ဒီတန်ဖိုးနဲ့ ထိုက်တန်တယ်။ "
အခြားကြီးမြတ်သူများကလည်း ကန့်ကွက်ခြင်းမရှိကြပေ။
" ကြီးမြတ်သူကိုးယောက်ရဲ့ ဆုံးဖြတ်ချက်က ကောင်းမှုအမှတ် တစ်ဆယ်ထရီလီယံဖြစ်တယ်။ အဆင့်သတ်မှတ်တာကို တန်ဖိုးအတိုင်း သတ်မှတ်မှာလား။ " ဉာဏ်ပညာနတ်ဘုရား၏ အသံက ထွက်ပေါ်လာသည်။
အဆင့်သတ်မှတ်ခြင်းက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာနှင့် လူကြိုက်များမှုအပါအဝင် အခြားအကြောင်းအရာများအရ ဆင့်ကဲပြောင်းလဲခြင်းအဆင့်များထဲတွင် အဆင့်သတ်မှတ်ခြင်းဖြစ်သည်။