← Chapters

အခွင့်အလမ်း....

Vol. 50 Ch. 747

အခွင့်အလမ်း....

Vol. 50 Ch. 747

" ဒီဥက္ကာခဲရဲ့ လမ်းကြောင်းအရဆို ပင်မစကြာဝဠာအနီးက ဖြတ်သန်းသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ပင်မစကြာဝဠာရဲ့ လွှမ်းမိုးမှုကို ခံရပြီး နှစ်သန်းပေါင်းများစွာ ကြာတဲ့အခါ ထာဝရလေဟာနယ်အက်ကြောင်းကနေ စကြာဝဠာထဲကို ကျရောက်လာလောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

" အဲ့ဒါကို ရပ်တန့်ဖို့ ကြိုးစားကြည့်ရအောင်။ " လင်းယွမ်က ဥက္ကာခဲကို ဂရုတစိုက် လေ့လာလိုက်သည်။ " မှော်အင်းကွက် စွမ်းအားစီးဆင်းမှုတွေအရ ဒီဥက္ကာခဲက အင်အားကြီးသူတစ်ယောက်ရဲ့ တည်နေရာဖြစ်နိုင်တယ်။ "

ဖရိုဖရဲဟင်းလင်းပြင်တွင် သဘာဝအတိုင်း ဖြစ်ပေါ်လာသော အစွမ်းထက် မှော်အင်းကွက်များ ရှိလေသည်။ သို့သော် ထိုမှော်အင်းကွက်များ၏ စွမ်းအားက အလွန်ကြီးမားလှသည်။ ဥက္ကာခဲအတွင်းရှိ မှော်အင်းကွက်စွမ်းအားက ဖရိုဖရဲမှဖြစ်ပေါ်လာသော စွမ်းအားထက် များစွာနိမ့်ကျလှသည်။

" နေရာပိုင်ရှင်က မရှိလောက်တော့ဘူး။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။

နေရာပိုင်ရှင်သာ ရှိလျှင် ထိုဥက္ကာခဲကို မြင်နိုင်လိမ့်မည်မဟုတ်ပေ။ မည်သည့်နေရာမဆို လျို့ဝှက်ချက်ကို ထိန်းသိမ်းထားမည်ဖြစ်ပြီး ပုံမှန်အားဖြင့် အချိန်လေဟာနယ်အလွှာများ၏ အနက်ရှိုင်းဆုံးတွင် ရှိနေပေလိမ့်မည်။ ရွေ့လျားနေသော နေရာများပင် ၎င်းတို့၏ စွမ်းအားကို ဖုံးကွယ်ရန် အကောင်းဆုံး ကြိုးစားကြပေလိမ့်မည်။

" အချိန်လေဟာနယ်စုပ်ဝဲ..." လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ အချိန်လေဟာနယ်စုပ်ဝဲတစ်ခုက ဥက္ကာခဲ၏ လမ်းကြောင်းတွင် ပေါ်လာပြီး ဥက္ကာခဲကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။

ကိုယ်ပွားက လင်းယွမ်၏ မူလခန္ဓာကိုယ်လောက် သန်မာခြင်းမရှိပေ။ ဥက္ကာခဲကို တိုက်ရိုက်ပိတ်ဆို့လိုက်လျှင် ၎င်း၏ အရှိန်နှင့် တိုက်မိလျှင် လင်းယွမ်၏ ကိုယ်ပွားက ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။

သူက ဥက္ကာခဲ၏ လမ်းကြောင်းတွင် အတားအဆီးများ ပြင်ဆင်းပြီး အရှိန်လျှော့ရန် ဆုံးဖြတ်ထားသည်။ ထိုနည်းလမ်းက ဥက္ကာခဲကို လျင်မြန်စွာ ရပ်တန့်နေမည်မဟုတ်သော်လည်း ၎င်းကို နှေးကွေးပြီး အန္တရာယ်ကင်းနိုင်လေသည်။

" အရှိန်လျော့သွားပြီ..." လင်းယွမ်က သေချာခံစားလိုက်ရသည်။

သူ၏ စိုးရိမ်မှုက အချိန်လေဟာနယ်စုပ်ဝဲကို အသုံးပြုပြီး ဥက္ကာခဲအပေါ် သက်ရောက်မှုမရှိမည်ကိုပင် ဖြစ်သည်။ ယခုမူ သက်ရောက်မှုက အတော်လေး ထင်ရှားနေသည်။ ၎င်းက လင်းယွမ်၏ အချိန်လေဟာနယ် သတ္တမအဆင့်ကြောင့်လည်း ဖြစ်သည်။

ပင်မစကြာဝဠာမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများဖြစ်လျှင် အချိန်လေဟာနယ် ဆဋ္ဌမအဆင့်ကိုသာ အားကိုးရပေလိမ့်မည်။ ဥက္ကာခဲအပေါ် သက်ရောက်မှုကလည်း နည်းပါးပေလိမ့်မည်။

" လက်ရှိနှုန်းအရ နေ့တစ်ဝက်လောက်ကြာရင် ဥက္ကာခဲက ရပ်တန့်သွားလိမ့်မယ်။ " လင်းယွမ်က အချိန်လေဟာနယ်စွမ်းအားကို ထိန်းချုပ်ရင်း တွေးလိုက်သည်။

နေ့တစ်ဝက်ကြာပြီးသောအခါ ဥက္ကာခဲက တဖြည်းဖြည်း ရပ်တန့်သွားပြီး လင်းယွမ်၏ ရှေ့တွင် ညင်သာစွာ ရပ်တန့်သွားသည်။ လင်းယွမ်က မိုင်ပေါင်း ဆယ်သန်းကျော် ကျယ်ဝန်းသော ကုန်းမြေတစ်ခုကို မြင်လိုက်ရသည်။ ကုန်းမြေ၏ အလယ်တွင် နန်းတော်တစ်ခုတည်ရှိပြီး တောင်တန်းများ၊ ရေကန်များနှင့် ဝန်းရံထားသည်။

" အံ့ဖွယ်သစ်ပင် ဆယ့်ရှစ်ပင်။ "လင်းယွမ်က နန်းတော်၏ ပတ်ဝန်းကျင်တွင် အလွှာဆယ့်အဆင့် စွမ်းအားရှိသော သစ်ပင်များ ယိမ်းနွဲ့နေသည်ကို တွေ့လိုက်ရသည်။

အကိုင်းအခက်များပေါ်တွင် ကြီးထွားနေသော သစ်သီးများက အစွမ်းထက်သော စွမ်းအားများကို ထုတ်လွှတ်နေသည်။

" ရွှေတွင်းပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။

အံ့ဖွယ်သစ်ပင်ဆယ့်ရှစ်ပင်အပြင် ကုန်းမြေကိုယ်တိုင်ကလည်း ရတနာတစ်ခုဖြစ်သည်။ ၎င်းက အလွှာဆယ့်နှစ် အစပိုင်းတွင် ရှိလျှင်တောင် ကုန်းမြေတစ်ခုလုံးက မိုင်းပေါင်းဆယ်သန်းကျော် ကျယ်ဝန်းလေသည်။

" ဒီနေရာကို ထိန်းချုပ်တာက အဲ့ဒီနန်းတော်ဖြစ်လိမ့်မယ်။ " လင်းယွမ်က နန်းတော်ကို ဝန်းရံထားသော သစ်ပင်များကို ဂရုမစိုက်သေးပေ။

ထိုသစ်ပင်များအနီးရှိ အချိန်လေဟာနယ်စွမ်းအားအတားအဆီးများက နေရာပိုင်ရှင်ချန်ထားခဲ့ခြင်းဖြစ်နိုင်သည်။ ထိုအချိန်လေဟာနယ်အတားအဆီးများကို ဖြတ်ကျော်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ ကုန်းမြေကို ထိန်းချုပ်ထားသော အဓိကအရာကို သန့်စင်ရန်ဖြစ်သည်။

" သွားမယ်။ " လင်းယွမ်၏ ခန္ဓာကိုယ်က နှစ်ကိုယ်ခွဲသွားသည်။

ဖရိုဖရဲစွမ်းအားမှ ဖွဲ့စည်းထားသောကြောင့် သူ၏ စိတ်အသိအပိုင်းအစတစ်ခုကို ခွဲထုတ်၍ ကိုယ်ပွားတစ်ခုကို အလွယ်တကူ ဖန်တီးနိုင်သည်။ နန်းတော်အတွင်း အန္တရာယ်ရှိမရှိ မသေချာသောကြောင့် လင်းယွမ်က သေချာပြင်ဆင်နေခြင်းဖြစ်သည်။

လင်းယွမ်က ကုန်းမြေပေါ်သို့ ဆင်းသက်သွားပြီး နန်းတော်ဆီသို့ ဦးတည်လိုက်သည်။

" ဒီနန်းတော်မှာ အတားအဆီးမရှိဘူးထင်တယ်။ " လင်းယွမ်က နန်းတော်ကို သေချာလေ့လာပြီး အတွင်းသို့ ဝင်ရောက်သွားသည်။

လင်းယွမ်က နန်းတော်၏ အတွင်းပိုင်းခန်းမသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ထိုနေရာတွင် အနားဆယ့်နှစ်ထက်ပါရှိသော သလင်းကျောက်တစ်ခုရှိနေပြီး ကုန်းမြေတစ်ခုလုံး၏ စွမ်းအားကို စုစည်းထားပုံရသည်။

" ဒါက ကုန်းမြေတစ်ခုလုံးကို ထိန်းချုပ်ထားတာဖြစ်ရမယ်။ " လင်းယွမ်က သလင်းကျောက်ကို ထိပြီး ချက်ချင်း သန့်စင်ရန် ကြိုးစားလိုက်သည်။

ဝုန်း....

ထိုအချိန်တွင် နန်းတော်တစ်ခုလုံးက ရုတ်တရက် တုန်ခါလာသည်။ မူလက ငြိမ်သက်နေခဲ့သော အနားဆယ့်နှစ်ခုပါ သလင်းကျောက်က စတင်တောက်ပလာပြီး စွမ်းအားတစ်ခု စုစည်းလာကာ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုပုံရိပ်က အရပ်ပု၍ တိုတောင်းသော ခြေလက်များရှိပြီး အသားလုံးတစ်ခုနှင့် တူနေသည်။ ဘေးပတ်ပတ်လည်တွင် မျက်လုံးများ ပါရှိသည်။ သူက ပျင်းရိစွာဖြင့် ခြေလက်များ ဆန့်လိုက်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။

" ဒီနေရာရဲ့ ပိုင်ရှင်လား။ " လင်းယွမ်က သတိထားလိုက်ပြီး ကိုယ်ပွားကို အချိန်မရွေး ဖျက်ဆီးရန် အဆင်သင့်ပြင်ထားသည်။

" မစိုးရိမ်နဲ့။ ငါ့ရဲ့ မူလခန္ဓာကိုယ်က သေသွားတာကြာပြီ။ ဒါက အမှတ်အသားတစ်ခုပဲ။ " အရပ်ပုပုနှင့် ပုံရိပ်က ဖရိုဖရဲဟင်းလင်းပြင်၏ စကြာဝဠာဘာသာစကားနှင့် ပြောလိုက်သည်။

" စီနီယာကို နှုတ်ဆက်ပါတယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။

အမှတ်အသားဟု ခေါ်ဆိုခြင်းမှာ စိတ်ဝိညာဉ် သို့မဟုတ် စိတ်အသိပင်မဟုတ်တော့ပေ။ ၎င်းက အချက်အလက်ချန်ခဲ့သော အကြွင်းအကျန်တစ်ခုသာ ဖြစ်သည်။

" အား... ငါ အဲ့ဒီ ထိုက်ယွမ်အမွေအနှစ်ကိုသာ မသွားခဲ့ရင် ငါ့ရဲ့ မူလခန္ဓာကိုယ်လည်း သေဆုံးမှာမဟုတ်ဘူး။ " အရပ်ပုပုနှင့် ပုံရိပ်က သက်ပြင်းချပြီး ရေရွတ်လိုက်သည်။

" ထိုက်ယွမ်အမွေအနှစ်..." အဝေးမှ နားထောင်နေသော လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။

သူက ယခင် ပင်မစကြာဝဠာမှ မထွက်ဖူးခင်ကတည်းက ထိုက်ယွမ်အမွေအနှစ်အကြောင်းကို ကြားခဲ့ဖူးသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော အန္တရာယ်ကြီးမားသည့်နေရာတစ်ခုဖြစ်ပြီး အကြီးမားဆုံး အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။

ယခင်က စကြာဝဠာထဲသို့ ဝင်ရောက်ခဲ့သော အော်ရိုရာနှင့် အဖြူရောင်စာရွက်တို့ကလည်း ထိုက်ယွမ်အမွေအနှစ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပင်မစကြာဝဠာအတွင်းရှိ အခွင့်အလမ်းများနှင့် အမွေအနှစ်များစွာက ထိုက်ယွမ်အမွေအနှစ်မှ ဖြစ်သည်။

" ဒါပေမယ့် ငါ့ကိုငါ မထိန်းချုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမှာ ပြည့်စုံတဲ့ အချိန်သက်ရှိတွေနဲ့ နီးစပ်တဲ့ ခြေရာတွေ ရှိနေတယ်လေ။ ငါက လွှမ်းမိုးခြင်းအဆင့်မှာ အချိန်အကြာကြီး ပိတ်မိနေခဲ့တာ။ အတွင်းက အခွင့်အလမ်းအချို့ကို ရရှိခဲ့ရင် ဖရိုဖရဲအဆင့်ကို တက်လှမ်းဖို့ မျှော်လင့်ချက်ရှိတယ်။ "

အရပ်ပုပုနှင့်ပုံရိပ်က နောင်တများနှင့် ရေရွတ်နေသည်။

" လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်လား။ " လင်းယွမ်က ၎င်းကို ကြားသောအခါ မှင်သက်သွားသည်။

အလွှာဆယ့်နှစ်ကို လမ်းစဉ်ခွဲထွက်ခြင်းအဆင့်၊ လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲအဆင့်ဟူ၍ သုံးဆင့်ခွဲခြားထားသည်။ လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်က ဖရိုဖရဲဟင်းလင်းပြင်မှာပင် အစွမ်းထက်သော တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်နှင့် ရွှမ်ဟွမ်မျိုးနွယ်တို့ ခေတ်ကပင် လွှမ်မိုးခြင်းအဆင့် အထွတ်အထိပ်အနည်းငယ်သာ ရှိသည်။

သို့သော် ထိုသို့သော တည်ရှိမှုတစ်ခုက ထိုက်ယွမ်အမွေအနှစ်တွင် သေဆုံးခဲ့သည်။ လင်းယွမ်၏ အမြင်တွင် ထိုကဲ့သို့သော တည်ရှိမှုတစ်ခုက မူလခန္ဓာကိုယ်ပျက်စီးသွားလျှင်တောင် အသက်ရှင်နိုင်မည့် နည်းလမ်းများစွာ ရှိလေသည်။ သို့သော် အရပ်ပုပုနှင့် ပုံရိပ်က အမှန်တကယ် သေဆုံးခဲ့ပုံရသည်။

" ကောင်လေး အခု ဘယ်ဖရိုဖရဲခေတ်လဲ။ " အရပ်ပုပုနှင့် ပုံရိပ်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။

" ဖရိုဖရဲခေတ်..." လင်းယွမ်က တုန့်ဆိုင်းသွားသည်။ " စီနီယာ ကျွန်တော်သေချာမသိဘူး။ "

မကြာမီကမှ ပင်မစကြာဝဠာမှ ထွက်လာသူဖြစ်သဖြင့် ဖရိုဖရဲဟင်းလင်းပြင်က မည်သည့်အချိန်တွင် ရှိနေသည်ကို သူမသိပေ။

" မင်းမသိဘူးလား။ " အရပ်ပုပုနှင့်ပုံရိပ်က မျက်ခုံးများပင့်သွားသည်။ ဖရိုဖရဲဟင်းလင်းပြင်မှ မည်သည့်သက်ရှိမဆို ဖရိုဖရဲခေတ်အကြောင်း အခြေခံအားဖြင့် သိရှိကြသည်။

" ကျွန်တော်က ဖရိုဖရဲဟင်းလင်းပြင်မှာ မွေးဖွားခဲ့တာမဟုတ်ဘူး။ စကြာဝဠာတစ်ခုက လာတာပါ။ " လင်းယွမ်က ခဏစဉ်းစားပြီး အမှန်အတိုင်း ပြောလိုက်သည်။

" စကြာဝဠာတစ်ခုလား။ " အရပ်ပုပုနှင့်ပုံရိပ်က စိတ်ရှုပ်ထွေးသွားသည်။ " မင်းရဲ့ စကြာဝဠာက ပျက်ဆီးသွားခဲ့တာလား။ "

" မပျက်ဆီးသေးပါဘူး။ " လင်းယွမ်က ပြောလိုက်သည်။

" မပျက်ဆီးသေးတာကို မင်းဘယ်လိုထွက်လာတာလဲ။ " အရပ်ပုပုနှင့် ပုံရိပ်က လင်းယွမ်ကို ဂရုတစိုက်ကြည့်ပြီး အံ့အားသင့်သွားသည်။ " မင်းက အချိန်လေဟာနယ် သတ္တမအဆင့်ကို ရောက်နေတာလား။ "

" ကျွတ် ကျွတ် မင်းက ဖရိုဖရဲဟင်းလင်းပြင်ကို စူးစမ်းဖို့ ကိုယ်ပွားတစ်ခု သေလွှတ်နိုင်တာ အံ့ဩစရာမရှိဘူး။ အချိန်လေဟာနယ်ကို ဒီလို အဆင့်မြင့်မြင့် နားလည်ထားတာက မဟုတ်ဘူး မင်းရဲ့ကိုယ်ပွားက ဖရိုဖရဲစွမ်းအားနဲ့ ပေါင်းစည်းထားတာလား။ မင်းက ဖရိုဖရဲနိယာမကိုတောင် နားလည်ထားတာလား။ " အရပ်ပုပုနှင့် ပုံရိပ်က အံ့အားသင့်သွားခဲ့သည်။

လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ် တည်ရှိမှုတစ်ခုအနေဖြင့် သူက စကြာဝဠာအတွင်းမှ သက်ရှိများ မည်သို့ရှိကြသည်ကို သိနိုင်သည်။ အလွှာဆယ့်နှစ် တည်ရှိမှုများပင် စကြာဝဠာခေတ်တစ်ခုကို အသက်ရှင်နိုင်ရန် မလွယ်ကူပေ။

အကြောင်းမှာ စကြာဝဠာခေတ်ပြီးဆုံးသောအခါ အလွှာဆယ့်နှစ် တည်ရှိမှုများက စကြာဝဠာနှင့်အတူ ကြီးမားသော ပျက်စီးမှုကို ရင်ဆိုင်ရသည်။ သာမန်အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် တည်ရှိမှုများက ဖရိုဖရဲဟင်းလင်းပြင်သို့ ဝင်ရောက်ရန် ကြိုးစားချိန်တွင် အများအပြား သေဆုံးကြရသည်။

All Chapters