← Chapters

အချစ်ဆိပ်တက်နေသော လင်းယာကျူ၊ ငါက သူ့ကို အရင်တွေ့ခဲ့တာ ရှင်းနေတာပဲကို (၁)။

Vol. 16 Ch. 209

အချစ်ဆိပ်တက်နေသော လင်းယာကျူ၊ ငါက သူ့ကို အရင်တွေ့ခဲ့တာ ရှင်းနေတာပဲကို (၁)။

Vol. 16 Ch. 209

ချွတ်..ချလွတ်…။

ဤအချိန်တွင် ကျိုးစွေ့ မတ်တတ်ရပ်လိုက်ပြီး ခါးကို ဆန့်လိုက်ရာ၊ သူ့ကိုယ်ရှိ အရိုးများမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး၊ ပြင်းထန်သော တုန်ခါမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဤသည်မှာ ကြီးမားလှသော ရုပ်ခန္ဓာခွန်အားကို ပြသနေခြင်း ဖြစ်သည်။

သံသယဖြစ်စရာ မလိုသည်မှာ၊ ဤသုံးနှစ်တာကာလအတွင်း 'နဂါးဆင်ကူ'သည် သူ၏ ရုပ်ခန္ဓာကိုယ်ကို မရပ်မနား သွေးသစ်လောင်းပေးခဲ့သည်။ အထူးသဖြင့် အဆင့်နှစ် အလယ်အလတ်သို့ တက်လှမ်းပြီးနောက်၊ သွေးသစ်လောင်းခံရသည့် အတိုင်းအတာမှာ ပို၍ပင် တိုးမြင့်လာခဲ့သည်။ ယခုအခါ သူ၏ ရုပ်ခန္ဓာခွန်အားသည် ဂျင်ငါးသိန်းထိတိုင် ရောက်ရှိနေပြီ ဖြစ်သည်။

သူ၏ ရုပ်ခန္ဓာကိုယ်သည် ယခုအခါ သဘာဝအားဖြင့် နတ်ဆိုးတစ်ကောင်နှင့် တူညီနေပြီဟု ဆိုနိုင်သည်။ ဒုတိယအဆင့် အထွတ်အထိပ်ရှိသော ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦးပင်လျှင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် သူ၏အရေပြားမှာ မယုံနိုင်လောက်အောင် မာကျောလာခဲ့ပြီး၊ ၎င်း၏ ကာကွယ်နိုင်စွမ်းသည် သာမန် ဝိညာဉ်လက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။

ဝုန်း…။

ချက်ချင်းဆိုသလိုပင် ကျိုးစွေ့သည် လက်သီးတစ်ချက် ထိုးလိုက်ရာ၊အသံလှိုင်းဂယက်တစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အင်အားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုးချက်လှိုင်းသည် အစိုင်အခဲအဖြစ် စုစည်းသွားပြီး၊ အဝေးရှိ အခန်းနံရံတွင် ကြီးမားသော အပေါက်ကြီးတစ်ခုအား ချက်ချင်း ဖြစ်ပေါ်သွားစေသည်။

ဤလက်သီးချက်၏ စွမ်းအားကို စိတ်ကူးကြည့်နိုင်သည်။ ၎င်းသည် ခွန်အားကို အနည်းငယ် စမ်းသပ်ကြည့်ခြင်းမျှသာ ဖြစ်သည်။

ရှေးဟောင်းခေတ်က နတ်ဆင်တစ်ကောင်သည် သူ့အတွင်းထဲ၌ ကိန်းအောင်းနေပြီး ပြိုင်ဘက်ကင်း စွမ်းအားကို ထုတ်ဖော်ပြသနေသကဲ့သို့ပင်။

သူ၏ ကြွက်သားတစ်မျှင်ချင်းစီတိုင်းသည် ပေါက်ကွဲထွက်မတတ် ခွန်အားများကို ပြသနေသည်။ အကယ်၍ ဤနှုန်းအတိုင်းသာ ဆက်လက် ဆင့်ကဲပြောင်းလဲနေပါက၊ သူ၏ ကိုယ်ခန္ဓာသည် အသွင်ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရပေလိမ့်မည်။

"သုံးနှစ်လောက် ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးတဲ့နောက်.. ငါ့ရဲ့ ကျင့်ကြံမှု အများကြီး တိုးတက်လာခဲ့ပြီ.. အခု ငါ့အသက် ၃၅ နှစ်မှာ.. ငါ့ရဲ့ သက်တမ်းက နှစ်၁၄၀၀အထိ ရောက်လာခဲ့ပြီ…"

"ဒီနေ့က ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ပဲ.. ငါ အောင်ပွဲခံသင့်တယ်…"

ကျိုးစွေ့သည် သူ့ကိုယ်ပေါ်သို့ သန့်ရှင်းခြင်းပညာရပ်တစ်ခုကို အသုံးပြုလိုက်ပြီး အညစ်အကြေးများနှင့် ဖုန်မှုန့်အားလုံးကို ချက်ချင်း ဖယ်ရှားလိုက်ရာ၊ လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရသည်။

ထို့နောက် သူသည် တက်ကြွလန်းဆန်းသော ခံစားချက်ဖြင့် တိတ်ဆိတ်သော အခန်းငယ်ထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာလာခဲ့သည်။

ဤအချိန်တွင် သူ၏ ဇနီးမယား ၅ဦးဖြစ်သော ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီနှင့် ရှန်ပိချန်တို့သည် ရေပူစမ်းတွင် ကစားနေကြသည်။

ရှန်ပိချန်သည် တန်တိန်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သော်လည်း၊ ယခုအခါ သူမသည် အင်မော်တယ်ရှားဂိုဏ်းတွင်သာ မကြာခဏ နေထိုင်လေ့ ရှိသည်။ သူမသည် ကိစ္စအဝဝကို ကိုယ်တွယ်ဖြေရှင်းရန်အတွက် ရံဖန်ရံခါမှသာ တန်တိန်ဂိုဏ်းသို့ ပြန်လေ့ရှိသည်။

မည်သို့ပင်ဆိုစေကာမူ၊ ပူပူနွေးနွေးလက်ထပ်ထားသော သူမသည် ခင်ပွန်းကို ခွဲခွာသွားရန် မလိုလားပေ။

"ယောက်ျား... ရှင် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီပဲ.. ကြည့်ရတာ တိုးတက်မှုကြီးကြီးမားမား ရခဲ့ပုံပဲ…"

ရှန်ပိချန်က တခစ်ခစ် ရယ်မောလိုက်သည်။

ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမသည် ကျိုးစွေ့၏ အရှိန်အဝါ သိသိသာသာ တိုးတက်လာသည်ကို ချက်ချင်း အာရုံခံမိလိုက်ပြီး တိတ်တဆိတ် အံ့အားသင့်သွားသည်။

သူမ၏ ခင်ပွန်းသည် တိုတောင်းလှသော သုံးနှစ်တာကာလအတွင်း ဤမျှ ကြီးမားသော တိုးတက်မှုကို ရရှိနိုင်ပြီး၊ အခြေတည်အဆင့် နှောင်းပိုင်းအဆင့်သို့ ဖောက်ထွက်မည့် လက္ခဏာများ ပြသလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

အတိတ်တုန်းက သူမကိုယ်တိုင်ပင် အခြေတည်အဆင့် နှောင်းပိုင်းအဆင့်သို့ ကျင့်ကြံရန် နှစ်ပေါင်း တစ်ရာနီးပါး အချိန်ယူခဲ့ရသည်။ သို့သော် ယခုမူ၊ သူမ၏ ခင်ပွန်းသည် အသက် ၃၅ နှစ်သာ ရှိသေးပြီး တိုးတက်မှု လက္ခဏာများ ပြသနေပြီ ဖြစ်သည်။

သူသည် အသက် ၅၀ မပြည့်မီ အခြေတည်အဆင့် နှောင်းပိုင်း အဆင့်များသို့ ရောက်ရှိနိုင်ရန် အလွန် ဖြစ်နိုင်ခြေ ရှိသည်။ အသက် ၆၀ မပြည့်မီပင် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ကောင်း ဖွဲ့စည်းနိုင်ပေလိမ့်မည်။

အကယ်၍ သူသာ ဤအရာကို အမှန်တကယ် ပြီးမြောက်နိုင်ခဲ့ပါက၊ သူသည် အင်မော်တယ်မြူခိုးကျွန်း၏ နှစ်ထောင်ချီသော သမိုင်းကြောင်းတွင် အသက်အငယ်ဆုံးသော ရွှေအမြုတေကျင့်ကြံသူ ဖြစ်လာနိုင်ပေသည်။

သူ၏ပါရမီသည် အသက်ရှူမှားလောက်အောင် အံ့ဩဖွယ်ရာ ကောင်းလှသည်။

ဤသို့တွေးမိသောအခါ သူမ ပို၍ပင် ပျော်ရွှင်သွားသည်။ မည်သို့ပင်ဆိုစေကာမူ၊ မည်သည့်ဇနီးမယားက ခင်ပွန်းသည်၏ အောင်မြင်ခမ်းနားမှုအား မမြင်ချင်ပဲ ရှိမည်နည်း။

"ဟုတ်ပါ့.. ယောက်ျားရဲံ ကျင့်ကြံမှုအရှိန်က အရမ်း မြန်လွန်းတယ်.. မကြာခင် ကျွန်မတို့ကို ကျော်တက်သွားတော့မှာပဲ.."

လန်ယွဲ့ရှီက ကျင့်ကြံမှု တိုးတက်လာသည်နှင့်အမျှ ပိုမို ဆွဲဆောင်မှု ရှိလာသော ကျိုးစွေ့၏ ချောမောခန့်ညားသော မျက်နှာကို ကြည့်လိုက်သည်။

သူ၏ ထင်ရှားသော ရုပ်ရည်သွင်ပြင်နှင့် အမူအရာသည် ကောင်းကင်ဘုံမှ ကျဆင်းလာသော အင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်ပြီး၊ ယခင်ကထက် ပိုမို နုပျိုနေပုံ ရသည်။

သူမ၏ လှပသော မျက်နှာလေးမှာ မနေနိုင်ဘဲ အနည်းငယ် ရဲတွတ်သွားသည်။ သူတို့ လက်ထပ်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း၊ ယခုအခါ သူမသည် အချစ်စိတ်မွှန်နေသော မိန်းကလေးငယ်တစ်ဦးနှယ် စိတ်လှုပ်ရှားမှုကို ခံစားနေရပြီး၊ သူမ၏ နှလုံးသားမှာ တစ်ဒိန်းဒိန်း ခုန်နေတော့သည်။

"တကယ်ပဲ.. ယောက်ျားရဲ့ ကျင့်ကြံမှုအဆင့်က အခု ကျွန်မတို့ကို ကျော်တက်သွားပြီ…"

"ကျွန်မ မှတ်မိသေးတယ်.. အစတုန်းက ချီသန့်စင်ခြင်း အဆင့်(၁)မှာပဲ ရှိသေးတဲ့ ကျင့်ကြံသူ လူသစ်လေးတစ်ယောက်ပဲ.."

"ဒါပေမဲ့ အခုတော့ ယောက်ျားက အခြေတည် အလယ်အလတ်အဆင့်က ကျင့်ကြံသူကြီး တစ်ယောက် ဖြစ်လာပြီ… ရှင့်ရဲ့ တိုးတက်မှုနှုန်းက မြန်လွန်းတယ်…"

ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့မှာ ဝမ်းသာ၊ဝမ်းနည်း ခံစားလိုက်ရသည်။

အကြောင်းမှာ ကျိုးစွေ့၏ လျင်မြန်သော တိုးတက်မှုနှုန်းကြောင့် သူတို့သည် ခင်ပွန်းဖြစ်သူကို လိုက်မမီနိုင်တော့မည်ကို စိုးရိမ်နေမိကြသည်။

ကျိုးစွေ့တစ်ယောက် အင်မော်တယ်တစ်ပါး ဖြစ်သွားချိန်တွင် သူတို့တွင်မူ ကျင့်ကြံမှု မချိုးဖြတ်နိုင်ဘဲ အိုမင်းရင့်ရော်ကာ သေဆုံးသွားကြမည်ကို ပူပန်နေမိသည်။ ဤသည်မှာ အမှန်တကယ် ဖြစ်နိုင်ခြေရှိသော ကိစ္စတစ်ခု ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် အတူတကွ အိုမင်းသွားနိုင်သော ကျင့်ကြံသူ စုံတွဲအရေအတွက်မှာ အလွန်တရာ ရှားပါးလှသည်။

"မင်းတို့အားလုံး အတွေးတွေလွန်နေကြပြန်ပြီ…"

"အမြဲတမ်း အဓိပ္ပါယ်မရှိတာတွေကိုပဲ တွေးနေကြတယ်.."

"ကြည့်ရတာ ငါပေးခဲ့တဲ့ သင်ခန်းစာတွေက မလုံလောက်သေးဘူး ထင်တယ်.. ဟမ့်.."

ကျိုးစွေ့က ဒေါသထွက်ချင်ယောင်ဆောင်ကာ သူတို့ဆီသို့ လျှောက်သွားလိုက်သည်။

"လူဆိုးကြီး... ရှင် ကျွန်မတို့ကို အနိုင်ကျင့်ပြန်ပြီ…"

အမျိုးသမီးများအားလုံး မျက်နာများ နီမြန်းသွားကြပြီးနောက်၊ ကျေနပ်ညီးတွားသံများက အလုအယက်ထွက်ပေါ်လာကြတော့သည်။

တစ်ညလုံး ပျော်ပါးပြီးနောက်၊ ကျိုးစွေ့နှင့် ဇနီးမယား ငါးဦးတို့သည် ကျေနပ်နှစ်သိမ့်ကာ ပျော်ရွှင်မှုများဖြင့် တောက်ပနေကြသည်။ နှစ်ဖက်စလုံးအတွက် ဤသည်မှာ အလွန် အကျိုးရှိလှသည်။ ၎င်းသည် တစ်ဦးချင်းစီ၏ ကျင့်ကြံမှု ဖွံ့ဖြိုးတိုးတက်ရေးကို လှုံ့ဆော်ပေးပြီး၊ အကျိုးကျေးဇူးများမှာ များပြားလှသည်။

အရေးကြီးသော ကိစ္စများသာ မရှိခဲ့လျှင် သူတို့သည် အချစ်၏ချိုမြိန်မှုများထဲတွင် ဆက်လက်နစ်မြုပ်နေကြဦးမည်သာ ဖြစ်သည်။

"ယောက်ျား... အင်မော်တယ်ရှားဂိုဏ်းက ပြင်ဆင်မှုတွေ ပြီးသလောက် ရှိနေပြီ… ငါတို့ အင်မော်တယ်မြူခိုးကျွန်းကနေ အချိန်မရွေး ထွက်ခွာလို့ ရပြီ.."

လန်ယွဲ့ရှီက လေးနက်စွာဖြင့် အရေးကြီးသော ကိစ္စကို ပြောလိုက်သည်။

သုံးနှစ်တာ ပြင်ဆင်ပြီးနောက် အင်မော်တယ်ရှားဂိုဏ်းသည် သတ္တုတွင်းများ၊ ဈေးများ၊ အိမ်များ၊ ဆိုင်များနှင့် အခြား အိမ်ခြံမြေအမြောက်အမြားကို ရောင်းချခဲ့ပြီး၊ သယ်ဆောင်ရလွယ်ကူသော ပစ္စည်းများဖြစ်သည့် စိတ်ဝိညာဉ်ဆေးဝါး၊ ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများ စသည်တို့နှင့် လဲလှယ်ခဲ့ကြသည်။

ရိုးရှင်းစွာပြောရလျှင်၊ သူတို့သည် အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်ကာ အင်မော်တယ်ရှား တောင်တန်းမှ မည်သည့်အချိန်တွင်မဆို ထွက်ခွာရန် အသင့် ဖြစ်နေကြပြီ ဖြစ်သည်။

"အိုး... ဒီတစ်ခေါက် အင်မော်တယ်ရှားဂိုဏ်းမှာ ငါတို့နဲ့အတူ လိုက်ပါ ထွက်ခွာချင်တဲ့သူ ဘယ်နှယောက်လောက် ရှိလဲ…"

ကျိုးစွေ့က မေးလိုက်သည်။

"မိသားစု ကျင့်ကြံသူ အများစုကတော့ ထွက်ခွာဖို့ ဆန္ဒမရှိကြဘူး.."

"ငါတို့နဲ့အတူ တကယ် လိုက်ပါ ထွက်ခွာချင်တဲ့သူတွေကတော့ ဘာသံယောဇဉ်အနှောင်အဖွဲ့မှ မရှိတဲ့ အင်မော်တယ်ရှားဂိုဏ်းက တပည့်တွေနဲ့ အကြီးအကဲတွေပဲ… ဒါတောင် ဒီလူတွေစုစုပေါင်းက နှစ်ထောင် သုံးထောင်လောက် ရှိတယ်…"

လန်ယွဲ့ရှီက ဖြေလိုက်သည်။

"တန်တိန်ဂိုဏ်းရဲ့ အခြေအနေကလည်း အတူတူပါပဲ.. လူနှစ်ထောင် သုံးထောင်လောက်က ငါတို့နဲ့အတူ လိုက်ပါ ထွက်ခွာချင်ကြတယ်.."

ရှန်ပိချန်ကလည်း ဝင်ပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ဤကာလအတွင်း သူမသည်လည်း အလားတူကိစ္စရပ်များကို လုပ်ဆောင်နေခဲ့ပြီး၊ တန်တိန်ဂိုဏ်းပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို ရောင်းချနေခဲ့သည်။

တန်တိန်ဂိုဏ်းထွက်ခွာသွားသည်နှင့် ဤအရာများသည် တန်ဖိုးမရှိတော့မည် ဖြစ်သောကြောင့်၊ ၎င်းတို့ကို ဈေးနိမ့်နိမ့်ဖြင့် ရောင်းချလိုက်သည်က ပိုကောင်းပေသည်။

"ဒီလောက် လူအများကြီး အတူတူ ထွက်ခွာကြမှာလား… အဲ့ဒီလောက် အများကြီးကို သယ်ဆောင်နိုင်ပါ့မလား…"

ကျိုးစွေ့ မျက်တောင်ခတ်လိုက်သည်။

"လုံးဝ ပြဿနာ မရှိပါဘူး…"

"အင်မော်တယ်ရှားဂိုဏ်းမှာ လှေပျံတွေ အများကြီး တည်ဆောက်ထားတယ်.."

"တတိယအဆင့်လှေတွေက လူငါးရာလောက်ဆံ့ပြီးတော့.. ဒုတိယအဆင့်လှေတွေကလည်း လူနှစ်ရာ သုံးရာလောက် ဆံ့တယ်.."

"အခြေခံအားဖြင့် လှေပျံဆယ်စင်းလောက်ဆိုရင် တပည့်တွေ အကုန်လုံးကို ခေါ်သွားလို့ ရပြီ…"

လန်ယွဲ့ရှီက လေးနက်စွာ ပြောလိုက်သည်။

လှေပျံဆိုသည်မှာ ကျင့်ကြံခြင်းလောကတွင် အလွန်မြင့်မားသော အရှိန်အဟုန်ဖြင့် ပျံသန်းနိုင်သော လေသင်္ဘောများ ဖြစ်ကြသည်။

အခြေတည်အဆင့် ကျင့်ကြံသူများ ပျံသန်းနိုင်သော်လည်း၊ ၎င်းသည် သူတို့၏ အတွင်း မှော်စွမ်းအားကို သုံးစွဲရသဖြင့် အချိန်ကြာမြင့်စွာ ပျံသန်းရန် မဖြစ်နိုင်ပေ။

သို့သော် လှေပျံများသည် ဝိညာဉ်ကျောက်တုံး အလုံအလောက်ရှိသရွေ့ ၂၄နာရီလုံးလုံး ပျံသန်းနိုင်ပေသည်။

ဤအရာကို ကျင့်ကြံခြင်းလောက၏ အဓိက သယ်ယူပို့ဆောင်ရေး ကိရိယာဟု သတ်မှတ်နိုင်သည်။

အခြေခံအားဖြင့် ရွှေအမြုတေဂိုဏ်းတိုင်းသည် လှေပျံအမြောက်အမြားကို တည်ဆောက်ကြပြီး၊ ၎င်းတို့ကို နေ့စဉ် သယ်ယူပို့ဆောင်ရေးအဖြစ် အသုံးပြုကြသည်။

"ဒီလိုဆိုရင်တော့.. ငါတို့ အမြန်ဆုံး ထွက်ခွာသင့်တယ်.. ဖြစ်နိုင်ရင် သုံးရက်အတွင်းပေါ့…"

ကျိုးစွေ့၏ အမူအရာမှာ အလွန် လေးနက်သော ပုံပေါက်နေသည်။

"သုံးရက်အတွင်း ဟုတ်လား.. အဲ့ဒီလောက် အရေးတကြီးလား.."

လန်ယွဲ့ရှီ အံ့အားသင့်သွားသည်။

"ဟုတ်တယ်.. ငါမကောင်းတဲ့ခံစားချက်ကို ရနေတယ်..”

"ဖြစ်နိုင်တာက.. ချိတ်ပိတ်အစီအရင်က နတ်ဆိုးကို အကြာကြီး ဆက်ပြီး ထိန်းချုပ်ထားနိုင်တော့မှာ မဟုတ်ဘူး.."

ကျိုးစွေ့က အလေးအနက် ပြောလိုက်သည်။

All Chapters