← Chapters

အချစ်ဆိပ်တက်နေသော လင်းယာကျူ၊ ငါက သူ့ကို အရင်တွေ့ခဲ့တာ ရှင်းနေတာပဲကို (၂)။

Vol. 16 Ch. 210

အချစ်ဆိပ်တက်နေသော လင်းယာကျူ၊ ငါက သူ့ကို အရင်တွေ့ခဲ့တာ ရှင်းနေတာပဲကို (၂)။

Vol. 16 Ch. 210

သူ၏ ကိုယ်ပွားများထဲမှ တစ်ခုသည် သွေးနတ်ဆိုးသစ်ပင်ကို အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။ သုံးနှစ်ကြာပြီးနောက် ၎င်း၏ စွမ်းအားသည် ကီလိုမီတာ တစ်ရာကျော်အထိ ကျယ်ပြန့်လာပြီး၊ ထိုနေရာသည် သက်ရှိများအတွက် တားမြစ်နယ်မြေ ဖြစ်လာခဲ့ကာ မည်သူမျှ ထိုနေရာသို့ မသွားရဲကြတော့ပေ။

သွေးနတ်ဆိုးသစ်ပင်မှ ထုတ်လွှတ်သော အရှိန်အဝါသည် တစ်စထက်တစ်စ ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။

ထို့ကြောင့် အင်မော်တယ်ရှားဂိုဏ်းတွင် ဆက်နေရန် မသင့်တော်တော့ကြောင်း သူ ခံစားမိပြီး၊ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရမည်ဟု သူ ခံစားမိသည်။

"ဒီလိုဆိုရင်တော့ ငါတို့ တကယ် ထွက်ခွာဖို့ လိုအပ်ပြီ…"

"ဒါပေမဲ့ ဒါက ပြဿနာ မဟုတ်ပါဘူး.. ဘာလို့လဲဆိုတော့ ငါတို့က သုံးနှစ်လုံးလုံး ပြင်ဆင်ထားခဲ့ပြီး အချိန်မရွေး ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီလေ…"

ရှန်ပိချန်က ဂရုမစိုက်ပေ။ သူမသည် ကျိုးစွေ့ကို အပြည့်အဝ ယုံကြည်သည်။

‘သျှောင်နောက် ဆံထုံးပါရမည်’ ဟူသည်မှာ သူမ၏ခံယူချက်ပင် ဖြစ်သည်။ ခင်ပွန်းသည် အဘယ်ကြောင့် ဤမျှ အလျင်လိုကာ ကြောက်ရွံ့နေသည်အား သူမ မသိသော်လည်း၊ သူမ မသိသော အကြောင်းတစ်စုံတစ်ရာ ရှိမည်ဟု ယုံကြည်ပေသည်။

"ငါ အစ်မလင်းကိုလည်း အကြောင်းကြားလိုက်မယ်.."

"အခြေအနေကတော့ အတူတူလောက်ပါပဲ… ချင်မုဂိုဏ်းတပည့် သုံးထောင်လောက် လိုက်ပါကြလိမ့်မယ်.."

"ငါတို့ အင်မော်တယ်ရှားဂိုဏ်းမှာ စုရုံးပြီး အတူတူ ထွက်ခွာကြမယ်…"

လန်ယွဲ့ရှီက လေးနက်စွာ ပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ဤနေရာရွှေ့ပြောင်းရေးမှာ အင်မော်တယ်ရှားဂိုဏ်းနှင့် တန်တိန်ဂိုဏ်းသာမက ချင်မုဂိုဏ်းလည်း ပါဝင်နေသည်။ ၎င်းသည် အဓိက ဂိုဏ်းကြီးသုံးခု၏ မကြုံစဖူး နေရာရွှေ့ပြောင်းမှု စစ်ဆင်ရေးကြီးတစ်ခုဟု ဆိုနိုင်သည်။

"ဟမ့်... ချင်မုဂိုဏ်းက ဟိုအဖွားကြီးလာ.. သူ ငါတို့နဲ့အတူ လိုက်မယ်လို့ မထင်ထားခဲ့ဘူး.. သူ အတော် ကံကောင်းတာပဲ…"

ရှန်ပိချန်က မကျေမနပ်ဖြင့် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

သို့သော် အင်မော်တယ်မြူခိုးကျွန်းမှ ထွက်ခွာခြင်းသည် အန္တရာယ်များနှင့် အခက်အခဲများ ပြည့်နှက်နေသော ခရီးရှည်ကြီးတစ်ခု ဖြစ်မည်ကို သူမ သိပေသည်။

ထို့ကြောင့် အင်အား ပိုများလေ၊ အာမခံချက် ပိုရှိလေ ဖြစ်သည်။ သူမသည် ချင်မုဂိုဏ်း၏ ပါဝင်မှုကို ငြင်းပယ်မည် မဟုတ်ပေ။

…

သုံးရက်ကြာပြီးနောက်။

လင်းယာကျူ၏ ဦးဆောင်မှုအောက်တွင် ချင်မုဂိုဏ်းမှ လှေပျံ ဆယ်စင်းသည် အင်မော်တယ်ရှားဂိုဏ်းအထက်သို့ ရောက်ရှိလာပြီး၊ ချင်မုဂိုဏ်းမှ အကြီးအကဲများနှင့် တပည့် ၃၀၀၀ခန့်ကို သယ်ဆောင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် တန်တိန်ဂိုဏ်းမှ လှေပျံဆယ်စင်းလည်း နောက်မှ လိုက်ပါလာပြီး အင်မော်တယ်ရှားဂိုဏ်း၏ အတွင်းပိုင်းသို့ ဆင်းသက်လာခဲ့သည်။

အဓိက ဂိုဏ်းကြီးသုံးခုမှ တပည့်များနှင့် အကြီးအကဲများအားလုံး အတူတကွ စုရုံးရောက်ရှိနေပြီဟု ဆိုနိုင်သည်။

"ငါတို့ ဂိုဏ်းကြီးသုံးခုလုံး အင်မော်တယ်မြူခိုးကျွန်းကနေ တစ်နေ့မှာ ရွှေ့ပြောင်းသွားရလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး.."

"ဟုတ်တယ်မလား.. ငါတို့ ဒီမှာ နေလာတာ နှစ်တစ်ထောင်လောက် ရှိနေပြီ.. ငါတို့ ဒီအတိုင်းကြီး ရွှေ့ပြောင်းသွားရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး…"

"ရှောင်လွှဲလို့ မရဘူးလေ.. ဒါက ဂိုဏ်းချုပ်ရဲ့ အမိန့်ပဲ.. ငါတို့ ငြင်းလို့မရဘူး…"

"တကယ်တော့ ငါတို့ ဂိုဏ်းချုပ်ကိုလည်း အပြစ်တင်လို့ မရဘူး… ရွှေအမြုတေ ဆရာသခင်တစ်ယောက်အနေနဲ့ သူက ငါတို့ထက် ပိုသိမှာ သေချာတယ်…"

" အင်မော်တယ်မြူခိုးကျွန်းတစ်ခုလုံးကို တိုက်ခိုက် ဖျက်ဆီးနိုင်လောက်တဲ့အထိ.. နတ်ဆိုးက တကယ်ပဲ အဲ့ဒီလောက် ကြောက်စရာ ကောင်းနေလို့လား.. "

"ငါလည်း မပြောတတ်ဘူး.. ဒါက ရွှေအမြုတေ ဆရာသခင် သုံးယောက်ရဲ့ ဆုံးဖြတ်ချက် ဖြစ်နေမှတော့ ငါတို့ လိုက်နာရုံပဲ ရှိတော့တယ်…"

"ဒါ အမှန်ပဲ… ရိုးရိုးသားသား ပြောရရင် ငါကတော့ ဂရုမစိုက်ဘူး.. ကမ္ဘာကြီးတစ်ခုလုံးကို ငါ့အိမ်လို့ သဘောထားတယ်.. ငါ့မှာ သံယောဇဉ် တွယ်တာစရာ ဘာမှမရှိဘူး… ဂိုဏ်း ရှိတဲ့နေရာက ငါ ရှိတဲ့နေရာပဲ…"

"အတိအကျပဲ.. ဂိုဏ်းရဲ့ အနှစ်သာရက လူတွေပဲလေ.. လူတွေ ရှိတဲ့နေရာက ဂိုဏ်းရှိတဲ့အရပ်ပဲပေါ့ကွာ.."

အခြေတည်အဆင့် အကြီးအကဲများ အပြင်းအထန် ဆွေးနွေးနေကြသည်။

မှန်ပေသည်၊ သူတို့သည်လည်း နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သော နေရာမှ ရွှေ့ပြောင်းသွားရန် ဆန္ဒမရှိကြပေ။ သို့သော် ပြဿနာမှာ ရွှေအမြုတေ ဆရာသခင်တစ်ဦး၏ အကာအကွယ် မပါဘဲ သူတို့သည် တတိယအဆင့် ဝိညာဉ်ကြောတစ်ခုကို ကာကွယ်နိုင်စွမ်း မရှိခြင်းပင်။

မည်သည့် ရွှေအမြုတေ ဆရာသခင်မဆို သူတို့၏ နယ်မြေကို လုယူနိုင်ပေသည်။ ထို့ကြောင့်ပင် သူတို့သည် ရွှေအမြုတေ ဆရာသခင်များနောက် လိုက်ပါပြီး ကျင့်ကြံရန် နေရာပြောင်းရွှေ့ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

မှန်ပေသည်၊ ရွှေ့ပြောင်းရန် ဆန္ဒမရှိသူများက ဤစစ်ဆင်ရေးမှ လွတ်လပ်စွာ နှုတ်ထွက်ပိုင်ခွင့် ရှိသည်။

အမှန်တကယ်တွင် ဂိုဏ်းတပည့် အနည်းဆုံး ၇၀ ရာခိုင်နှုန်းခန့်သည် ဂိုဏ်းချုပ်နောက်သို့ လိုက်ပါ ထွက်ခွာရန် ဆန္ဒမရှိကြပေ။ သူတို့သည် ဤနေရာတွင် ဆက်နေပြီး တန်ခိုးအာဏာအား ဆက်လက်ကိုင်စွဲလိုကြသည်။

သို့သော် လန်ယွဲ့ရှီ၊ လင်းယာကျူနှင့် ရှန်ပိချန်တို့ကဲ့သော ရွှေအမြုတေ ဆရာသခင် သုံးဦးအတွက်မူ ၎င်းသည် လုံးဝ အရေးမပါချေ။ ၎င်းတို့သုံးဦးတည်း ထွက်ခွာလျှင်ပင် အဆင်ပြေသည်။

ဂိုဏ်းခေါင်ဆောင်တစ်ဦး၏ တာဝန်အရသာ ထွက်ခွာလိုသည် တပည့်များကို ခေါ်ဆောင်သွားရခြင်းသာ ဖြစ်၏။

…

ဤအခိုက်အတန့်တွင် ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးဦးသည်လည်း အင်မော်တယ်ရှားတောင်ထွတ်ပေါ်တွင် ထွက်ပေါ်လာကြသည်။

မိန်းမလှသုံးဦးသည် အလှချင်း ပြိုင်ဆိုင်နေကြပြီး၊ တစ်ဦးစီတိုင်းသည် ကိုယ်ပိုင်ထူးခြားသော ဆွဲဆောင်မှုကို ပြသနေကြသည်။ အဝေးမှ ကြည့်လျှင် သူတို့သည် အလှပဂေးများ၏ စုဝေးရာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ဖြစ်နေတော့သည်။

"အစ်မလင်း.. အစ်မက ချင်မုဂိုဏ်းကိုပါ ရွှေ့ပြောင်းလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး.."

လန်ယွဲ့ရှီက မှတ်ချက်ပြုလိုက်သည်။

မူလက လင်းယာကျူကို စည်းရုံးရန် ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း၊ အံ့အားသင့်စရာမှာ သူမ ပြောလိုက်သည်နှင့် ချက်ချင်း သဘောတူခဲ့ခြင်း ဖြစ်သည်။

စီနီယာအကြီးတန်းများသည် ဆုံးဖြတ်ချက်ပြတ်သားပြီး၊ ဘယ်သောအခါမျှ အချိန်ဆွဲလေ့ မရှိဟုသာ အသိအမှတ်ပြုရပေမည်။

"ဒီကိစ္စမှာ ရွေးချယ်စရာ မရှိဘူး.. အဲ့ဒီနတ်ဆိုးရဲ့ စွမ်းအားကို နင် မြင်ဖူးရင်.. အင်မော်တယ်မြူခိုးကျွန်းက အကြာကြီး နေသင့်တဲ့နေရာ မဟုတ်မှန်း နင် သိလိမ့်မယ်…"

"ကျွန်မလည်း ချင်မုဂိုဏ်းရဲ့ နယ်မြေကို ထိန်းသိမ်းထားချင်ပေမယ့်… လက်ရှိ အခြေအနေအရတော့ မဖြစ်နိုင်သလောက်ပဲ.."

"နင်တို့လည်း ထွက်ခွာချင်နေမှတော့.. ငါတို့ ဘာလို့ အတူတူ ခရီးမထွက်နိုင်ရမှာလဲ.. တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုပေးနိုင်တော့ ပိုတောင်ကောင်းသေး.."

လင်းယာကျူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

သို့သော် သူမ၏အကြည့်များသည် ကျိုးစွေ့ထံသို့သာ မကြာခဏ ရောက်ရှိသွားနေမိသည်။

မူလက သူမသည် ယခင်ခံစားချက်များသည် ခဏတာမျှသာ ဖြစ်ပြီး၊ အချိန်ကြာလာသည်နှင့်အမျှ မှေးမှိန် ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်ခဲ့ဖူးသည်။

သို့သော် သူမ၏ ပြင်းပြသော ခံစားချက်များသည် ပျောက်ကွယ်မသွားသည့်အပြင် ပိုမို အားကောင်းလာခဲ့မည်ဟု မည်သူက ထင်ထားမိမည်နည်း။

နေ့စဉ်နေ့တိုင်း အချစ်ရူးရူးကာ လွမ်းဖျားလွမ်းနာကျနေသကဲ့သို သူမ ခံစားနေရသည်။

ထို့ကြောင့် အင်မော်တယ်ရှားဂိုဏ်း အင်မော်တယ်မြူခိုးကျွန်းမှ ထွက်ခွာရန် စီစဉ်နေကြောင်း ကြားသိလိုက်ရသောအခါ သူမ ဂနာမငြိမ် ဖြစ်သွားခဲ့သည်။

အကယ်၍ လန်ယွဲ့ရှီသာ ထွက်ခွာသွားပါက၊ သူမ ထိုယောက်ျားကို နောက်တစ်ကြိမ် တွေ့ခွင့်ရတော့မည် မဟုတ်တော့ချေ။ ထိုသို့ ဖြစ်လာရန် သူမ လုံးဝခွင့်မပြုနိုင်ပေ။ ထို့ကြောင့်ပင် ချင်မုဂိုဏ်းကို ချက်ချင်းပြောင်းရွှေ့ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

အကယ်၍ ဂိုဏ်းအကြီးအကဲများသာ သူမသည် ယောက်ျားတစ်ယောက်အတွက် ချင်မုဂိုဏ်းကို ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိသွားပါက၊ သူတို့အားလုံး ထခုန်ပြီး သူမအား ဂိုဏ်း၏ အရှက်ခွဲသူအဖြစ် ရှုတ်ချကြပေလိမ့်မည်။

သို့သော် ယခုအခါ ချင်မုဂိုဏ်း၏ မြင့်မြတ်အကြီးအကဲ ကျဆုံးသွားပြီဖြစ်ရာ၊ သူမ တစ်ဦးတည်းသာ ရွှေအမြုတေ ဆရာသခင်အဖြစ် ကျန်ရှိတော့သဖြင့်၊ မည်သူမျှ သူမကို မတားဆီးနိုင်ပေ။

"ဟမ့်... နင်က သူများနဲ့ လမ်းကြုံကပ်လိုက်တတ်သူမှန်း ငါသိသားပဲ.."

ရှန်ပိချန်က လင်းယာကျူကို လှောင်ရယ်လိုက်သည်။

"နင် ဘယ်တုန်းက ရွှေအမြုတေနှောင်းပိုင်းအဆင့်ကို တက်လှမ်းသွားတာလဲ…"

"နင့် အတွင်းထဲက ထိုက်ယင်စိတ်ဝိညာဉ်မီးရဲ့ တန်ပြန်ရိုက်ခတ်မှုကို ဖြေဖျောက်ပေးဖို့ ပကတိယန်ခန္ဓာကိုယ်ရှိတဲ့ ယောက်ျားတစ်ယောက်ကို နင် ရှာတွေ့သွားတာလား…"

ဤအခိုက်အတန့်တွင် လင်းယာကျူ အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားသည်။

ရှန်ပိချန်၏ ကျင့်ကြံမှုသည် သူမနှင့် အလွန် နီးစပ်နေပြီး၊ နှစ်ဦးစလုံး ရွှေအမြုတေ နှောင်းပိုင်းအဆင့်တွင် ရှိနေကြောင်း အာရုံခံမိလိုက်သည်။

မှန်ပေသည်၊ သူမ၏ ကိုယ်ပိုင်ကျင့်ကြံမှုက အနည်းငယ် ပိုမို နက်ရှိုင်းပြီး ရွှေအမြုတေ အထွတ်အထိပ်နှင့် နီးစပ်နေပေသည်။

သို့သော် သူမသည် ရှန်ပိချန်၏ ယခင် အခြေအနေကို ကောင်းစွာသိရှိထားသည်။ သူမသည် ဤဘဝတွင် ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် မရှိသလောက်ပင် ဖြစ်သည်။

အကယ်၍ သူမ ချိုးဖြတ်ရန် ကြိုးစားပါက ထိုက်ယင်စိတ်ဝိညာဉ်မီးက သူမကို အရှင်လတ်လတ် လောင်ကျွမ်းပစ်ပေမည်။

ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်သည် အလွန်အမင်း ကြီးစိုးသော ထိုက်ယင်စွမ်းအားဖြင့် ပြည့်နှက်နေပြီး၊ ၎င်းက သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အချိန်မရွေး ဟန်ချက်မညီ ဖြစ်သွားစေနိုင်သည်။

ဤပြဿနာကို ဖြေရှင်းရန်အတွက် သူမသည် ပကတိယန်ခန္ဓာကိုယ်ရှိသော ယောက်ျား ကျင့်ကြံသူတစ်ဦးကို ရှာဖွေရန် လိုအပ်သည်။ ၎င်း၏ခန္ဓာကိုယ်အတွင်းမှ ပကတိယန်စွမ်းအားကို ရယူပြီး သူမ၏ကိုယ်ပိုင် ထိုက်ယင်စွမ်းအားကို ဖြေဖျောက်ရပေမည်။

ထိုကဲ့သို့သော ယောက်ျားတစ်ယောက်ကို ရှာဖွေခြင်းသည် လက်တွေ့တွင် မဖြစ်နိုင်ချေ။

ရှန်ပိချန်တစ်ယောက် ဤဘဝတွင် ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက်မရှိဟု သူမ ထင်ထားခဲ့သည်။

အံ့ဩစရာကောင်းသည်မှာ ရှန်ပိချန်သည် ထိုက်ယင်စိတ်ဝိညာဉ်မီး ပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်ခဲ့သည်။ ၎င်းသည် အမှန်တကယ်ပင် ပဟေဠိဆန်လှသည်။

"သိပ်ဟုတ်တာပေါ့.. အခု ငါက ဆရာသခင်ကျိုးရဲ့ တာအိုလက်တွဲဖော် ဖြစ်နေပြီလေ.. ခစ်ခစ်.."

ဤအခိုက်အတန့်တွင် ရှန်ပိချန်သည် ကျိုးစွေ့ကို ဖက်တွယ်ထားရင်း ချစ်ခင်မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဘာ...။

ဤစကားကို ကြားလိုက်ရသောအခါ လင်းယာကျူ၏ မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ သူမ၏ နှလုံးသားကို ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရသလို့ ခံစားလိုက်ရပြီး၊ မကြုံစဖူးသောနာကျင်မှုကို ခံစားလိုက်ရသည်။

အသက်နှစ်ရာကျော် ရှိနေပြီဖြစ်သော အဖွားကြီး ရှန်ပိချန်သည် အသက် သုံးဆယ်အရွယ် ယောက်ျားတစ်ယောက်ကို ဖြားယောင်းသွေးဆောင်ရန် သတ္တိရှိလိမ့်မည်ဟု သူမ မယုံကြည်နိုင်ပေ။

ဆိုရလျှင် အရှက်မရှိခြင်းထက်ပင် ကျော်လွန်နေသေးသည်။

ယင်းသည် နွားအိုက မြက်နုစားခြင်းပင် ဖြစ်၏။ ဤမသိတတ်သော အဘွားကြီးသည် ကျိုးစွေ့၏ အဘွားထက်ပင် အသက်ကြီးနေနိုင်သေးသည်။

သို့သော် သူမအား ပို၍ပင် မကျေမနပ်ဖြစ်စေသည်မှာ၊ သူမ လင်းယာကျူသည် သူ့ကို အရင် မြင်တွေ့ခဲ့သူ ဖြစ်သည့်တိုင်၊ ရှန်ပိချန်က ကျိုးစွေ့ကို သူမထက် အရင် ဆွဲယူသွားနိုင်ခဲ့ခြင်းပင် ဖြစ်တော့သည်။

All Chapters