← Chapters

မိန်းမတစ်ယောက် ပိုလာလို့ ဘာမှမဖြစ်ဘူး၊ ဟုတ်တယ်ဟုတ် (၁)။

Vol. 16 Ch. 202

မိန်းမတစ်ယောက် ပိုလာလို့ ဘာမှမဖြစ်ဘူး၊ ဟုတ်တယ်ဟုတ် (၁)။

Vol. 16 Ch. 202

အမှန်အတိုင်းဆိုရလျှင်၊ ဤရှစ်နှစ်တာ ကျင့်ကြံပြီးနောက်တွင် ကျိုးစွေ့သည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းခရီးလမ်းမှ အခက်အခဲများကို အမှန်တကယ် နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ရှစ်နှစ်တာကာလပတ်လုံး ပြင်းထန်စွာ ကျင့်ကြံခဲ့ပြီး မရေမတွက်နိုင်သော ဆေးလုံးများ၏ အကူအညီ ရရှိခဲ့သည့်တိုင်၊ သူသည် အခြေတည်အဆင့် အလယ်အလတ်သို့ မတက်လှမ်းနိုင်ခဲ့ပေ။

သို့သော် ယခုမူ ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ ပကတိယင်စွမ်းအင် အကူအညီဖြင့် သူသည် လွယ်ကူစွာ ချိုးဖြတ်အောင်မြင်သွားခဲ့သည်။

ဤတူနှစ်ကိုယ်ကျင့်ကြံခြင်းသည် အခြေခံအားဖြင့် ပင်ပင်ပန်းပန်း ကျင့်ကြံရမည့် နှစ်ပေါင်း ၂၀ခန့်အား အနည်းဆုံး ချွေတာပေးလိုက်သည်။ ၎င်းသည် သူ၏သက်တမ်းထဲသို့ နှစ်ပေါင်း နှစ်ဆယ် ပေါင်းထည့်လိုက်သကဲ့သို့ပင် ဖြစ်ပြီး၊ အကျိုးကျေးဇူးများမှာ ဖော်ပြ၍ မကုန်နိုင်အောင်ပင် များပြားလှသည်။

“ရွှေအမြုတေအဆင့် အမျိုးသမီးကျင့်ကြံသူတွေက ဒီလောက်တောင် အစွမ်းထက်တာပဲ.. ရွှေအမြုတေ နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်ဆို ပိုပြီးတောင် ထူးခြားမှာပဲ.."

ကျိုးစွေ့ မျက်တောင်များ ခတ်လိုက်မိပြီး လောဘတက်စပြုလာခဲ့ပြီ ဖြစ်သည်။

အလျင်အမြန် တိုးပွားလာသော ကျင့်ကြံမှု၏ အံ့ဖွယ်ကောင်းသော ခံစားချက်အား မစွဲလမ်းမိစေရန်မှာ ခက်ခဲလှသည် မဟုတ်လော။

"ယောက်ျား.. ရှင်က ကျွန်မအတွက် ကောင်းကင်ဘုံက ရွေးချယ်ပေးတဲ့သူပဲ.."

ဤအချိန်တွင် ရှန်ပိချန် နိုးလာသည်။ သူမ၏ ဖွံ့ထွားလှသော ကောက်ကြောင်းများ အထင်းသားပေါ်အောင် ပျင်းရိစွာ အကြောဆန့်လိုက်ပြီးနောက် ကျိုးစွေ့အပေါ် လှဲချလိုက်ကာ အတော်လေး ကျေနပ်နှစ်သိမ့်နေပုံရသည်။

သူမ၏ ကိုယ်ပိုင်အခြေအနေကို အာရုံခံလိုက်ပြီး နှလုံးသားထဲတွင် အတိုင်းမသိ ဝမ်းမြောက်သွားသည်။

ဤတူနှစ်ကိုယ်ကျင့်ကြံခြင်းအပြီးတွင် သူမ၏ ကျင့်ကြံမှုအဆင့်သည် ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ တက်လှမ်းသွားသည်ကို အံ့ဩတကြီး တွေ့ရှိလိုက်ရသည်။ သူမ၏ မှော်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားတို့ အကြီးအကျယ် တိုးတက်လာခဲ့သည်။

သူမသည် ရွှေအမြုတေ အလယ်အလတ်အဆင့်တွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး ချိုးဖြတ်နိုင်ရန် မျှော်လင့်ချက်မရှိခဲ့ပေ။

အကြောင်းရင်းမှာ ထိုက်ယင်စိတ်ဝိညာဉ်မီးကြောင့် ဖြစ်သည်။ သူမ၏ အောင်မြင်မှုသည် ထိုက်ယင်စိတ်ဝိညာဉ်မီး၏ အကူအညီကြောင့် ဖြစ်ခဲ့သော်လည်း၊ ၎င်း၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် သူမအား ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ မချိုးဖြတ်နိုင်ရန် တားဆီးနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤစိတ်ဝိညာဉ်မီးတွင် သန့်စင်သော ယင်စွမ်းအင်များ ပါဝင်နေပြီး၊ သူမ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များကို တဖြည်းဖြည်း မျှခြေမညီ ဖြစ်စေသောကြောင့် ဖြစ်သည်။

ဤအချက်က မကြာခဏဆိုသလို၊ သူမ၏ ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများကို ပရမ်းပတာ ဖြစ်စေသည်။ သူမ၏ ရုပ်ခန္ဓာကိုယ်သည်လည်း ထိုက်ယင်စိတ်ဝိညာဉ်မီး၏ စွမ်းအားကို တဖြည်းဖြည်း မခံနိုင်တော့ပေ။

နှစ်ကြာလာသည်နှင့်အမျှ သူမသည် အခြားသူများနှင့် တိုက်ခိုက်ခြင်းကို ရှားရှားပါးပါးသာ ပြုလုပ်ပြီး၊ ဂိုဏ်းထဲတွင်သာ ဆေးဖော်စပ်ပညာ လေ့ကျင့်ရင်း နေထိုင်ခဲ့သည်။ အကြောင်းအရင်း အတိအကျမှာ၊ သူမ၏ခန္ဓာကိုယ်အတွင်းမှ ထိုက်ယင်စိတ်ဝိညာဉ်မီးကို မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲထွက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထိုက်ယင်စိတ်ဝိညာဉ်မီးအတွက် ဖြေရှင်းနည်းတစ်ခု ရှိသော်လည်း မရိုးရှင်းလှပေ။ ၎င်းမှာ ပကတိယန် ခန္ဓာကိုယ်ရှိသော ယောက်ျားတစ်ဦးကို ရှာဖွေ၍ တူနှစ်ကိုယ်ကျင့်ကြံခြင်း ပြုလုပ်ရန် ဖြစ်ပြီး၊ ထိုယောက်ျား၏ ကျင့်ကြံမှုအဆင့်သည်လည်း များစွာ နိမ့်ကျနေခြင်း မရှိရချေ။

သို့သော် ပကတိယန် ခန္ဓာကိုယ်ရှိသော ယောက်ျားများသည် ကောင်းကင်ဘုံ စိတ်ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများကဲ့သို့ပင် အလွန်တရာ ရှားပါးလှသည်။ သူမ ဆယ်စုနှစ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း သဲလွန်စတစ်ခုမျှပင် မတွေ့ခဲ့ရပေ။

သို့သော် ယခုမူ၊ သူမ နောက်ဆုံးတွင် ကျိုးစွေ့ကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

အမှန်စင်စစ် ကျိုးစွေ့သည် မူလက ပကတိယန် ခန္ဓာကိုယ်တစ်ခု မဟုတ်ခဲ့သော်လည်း၊ 'နဂါးဆင်ကူ'၏ စွမ်းအားကြောင့် ခန္ဓာကိုယ်ထဲတွင် နဂါးဆင်သွေးမျိုးဆက် စတင်ရှိလာခဲ့ပြီး၊ ၎င်းသည် သာမန် ပကတိယန် ခန္ဓာကိုယ်များပင် မယှဉ်နိုင်သော စွမ်းအားတစ်ခု ဖြစ်သည်။

ဤအချက်ကပင် သူ၏ ခန္ဓာကိုယ်အား အလွန်ကြွယ်ဝသော ပကတိယန် စွမ်းအားကို သယ်ဆောင်ထားစေပြီး၊ ၎င်းသည် အလွန်အစွမ်းထက်သော ယန်စွမ်းအားပင် ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ဦး ချစ်တင်းနှီးနှောသောအခါတွင်၊ ယင်နှင့်ယန်တို့ ပေါင်းစပ်သွားပြီး ရေနှင့်မီးအား ရောနှောသွားစေသည်။

ကျိုးစွေ့တစ်ဦးတည်းသာ အကျိုးကျေးဇူး ရရှိပြီး အခြေတည်အဆင့် အလယ်အလတ်နယ်ပယ်သို့ တက်လှမ်းသွားသည် မဟုတ်ပေ။

အမှန်တကယ်တွင် ရှန်ပိချန်သည်သာ အကျိုးကျေးဇူး အများဆုံး ရရှိခဲ့ပြီး၊ သူမခန္ဓာကိုယ်အတွင်းမှ ထိုက်ယင်စိတ်ဝိညာဉ်မီးကို တည်ငြိမ်သွားစေရုံသာမက ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ပါ ချိုးဖြတ်သွားစေခဲ့သည်။

မရေမတွက်နိုင်သော ရွှေအမြုတေ ကျင့်ကြံသူများစွာသည် ချိုးဖြတ်လိုသော်လည်း မအောင်မြင်ကြသည်ကို သိထားရပေမည်။

သို့သော် ယခုမူ၊ ချစ်တင်းနှီးနှောမှု တစ်ကြိမ်တည်းဖြင့် ဤကဲ့သို့သော ရလဒ်များ ထွက်ပေါ်လာခဲ့သည်။

အကျိုးဆက်အနေဖြင့် ရှန်ပိချန်သည် အတိုင်းမသိ ဝမ်းမြောက်သွားပြီး၊ ကျိုးစွေ့ကို သူမ၏ ကံကြမ္မာက ဖန်တီးပေးသောသူအဖြစ် လုံးလုံးလျားလျား သတ်မှတ်လိုက်တော့သည်။

‘ဒီယောက်ျားသာ မရှိခဲ့ရင်... ငါ သေချာပေါက် သေသွားခဲ့မှာ.. ငါ့ခန္ဓာကိုယ်ထဲက ကြောက်စရာကောင်းတဲ့အဆိပ် ပေါက်ကွဲထွက်လို့ သေရုံတင် မကဘူး.. ထိုက်ယင်စိတ်ဝိညာဉ်မီးကို မထိန်းချုပ်နိုင်လို့ စိတ်ဝိညာဉ်မီးကြောင့်ပါ သေဆုံးသွားနိုင်တယ်..’

တစ်နည်းအားဖြင့်၊ ကျိုးစွေ့သည် သူမ၏အသက်ကို ကယ်တင်ခဲ့သည်ဟု ဆိုနိုင်သည်။

"ဒါပေမဲ့... ကျွန်တော့်မှာ တာအိုလက်တွဲဖော် လေးယောက် ရှိပြီးသားလေ.."

ကျိုးစွေ့က မျက်တောင်ခတ်လိုက်ပြီး ရှန်ပိချန်အား ကြည့်လိုက်သည်။

"အဲ့ဒါ ဘာဖြစ်လဲ.. ယောက်ျားတစ်ယောက်မှာ မယား၃ယောက် မောင်းမတစ်ထောင်ရှိတာက အရမ်းကို ပုံမှန်ပဲ မဟုတ်လား.."

"ပြီးတော့ ရှင့်မှာ တာအိုလက်တွဲဖော် လေးယောက် ရှိပြီးသားပဲ.. နောက်ထပ် ကိုယ်လုပ်တော်တစ်ယောက် ထပ်ရှိတာက ဘာမှအရေးမကြီးပါဘူး..”

“ကျွန်မက တန်တိန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နော်.. ရှင် ကျွန်မကို လက်ထပ်လိုက်ရင် တန်တိန်ဂိုဏ်းတစ်ခုလုံးကို တင်တောင်းပစ္စည်းအဖြစ် ရမှာနော်.. ခစ်ခစ်.."

ရှန်ပိချန်က တခစ်ခစ် ရယ်မောလိုက်ပြီး၊ သူမသည် ကျိုးစွေ့နှင့် လုံးလုံးလျားလျား ပေါင်းစည်ပစ်လိုက်ချင်သည့်အလား ညုတုတုကြည့်လိုက်သည်။

"ပြဿနာက.. တန်တိန်ဂိုဏ်းက ဒီကိစ္စကို သိသွားရင် ဘယ်လိုလုပ်ကြမလဲ..”

ကျိုးစွေ့က အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။

'တန်တိန်ဂိုဏ်း အကြီးအကဲတွေက ငါ သူတို့ဂိုဏ်းချုပ်ကို လက်ထပ်လိုက်တာ သိသွားရင်.. သူတို့ သေချာပေါက် ဒေါသတကြီး ဖြစ်သွားကြမှာပဲ.. ပြီးတော့ သူတို့ကို စောင့်ကြည့်နေတဲ့ မြင့်မြတ်အကြီးအကဲတစ်ယောက်လည်း ရှိသေးတယ်မလား..’

"အရင်တုန်းကဆိုရင်တော့ ပြဿနာ နည်းနည်း ရှိနိုင်ပေမယ့်.. အခုတော့ မရှိတော့ဘူး..”

"ဘာလို့လဲဆိုတော့ တန်တိန်ဂိုဏ်းရဲ့ မြင့်မြတ်အကြီးအကဲဖန်းဖန်က အဲ့ဒီရှေးဟောင်းနေရာထဲမှာ သေသွားခဲ့ပြီ… အခုတန်တိန်ဂိုဏ်းမှာ တစ်ဦးတည်းသော ရွှေအမြုတေအဖြစ် ကျွန်မ တစ်ယောက်ပဲ ကျန်တော့တယ်…"

ရှန်ပိချန်က သက်ပြင်းချလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ မြင့်မြတ်အကြီးအကဲဖန်းဖန်သည် သူမ၏စီနီယာဖြစ်ပြီး အတိတ်တွင် သူမကို များစွာကူညီခဲ့ဖူးသည်။ သူမ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနိုင်ခြင်းပင်လျှင် သူ၏ အကူအညီများစွာကြောင့် ဖြစ်သည်။ သို့သော် ဤကပ်ဆိုးတွင် သူ သေဆုံးသွားမည်ဟု မမျှော်လင့်ထားမိချေ။

"သေပြီ... ဟုတ်လား.. ကျွန်တော် ခင်ဗျားကို အရင်က သတိပေးခဲ့တယ် မဟုတ်လား.. ဒါကိုတောင်မှ သူ အထဲမှာ သေသွားခဲ့သေးတယ် ဟုတ်လား.."

ကျိုးစွေ့ တုန်လှုပ်သွားသည်။

"အရင်က နတ်ဘုရားအာရုံ သတင်းစကားက ရှင့်ဆီက လာတာကိုး.. ဒါကြောင့် အရမ်း ရင်းနှီးနေတယ်လို့ ထင်နေတာ.."

ရှန်ပိချန်၏ မျက်လုံးများတွင့် ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။

သူမ၏ နှလုံးသားထဲမှ သံသယများ နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ယခင်က နတ်ဘုရားအာရုံ သတင်းစကားအား အရမ်းရင်းနှီးသလို ခံစားမိခဲ့ခြင်းသည် အံ့ဩစရာမရှိတော့ပေ။ ယင်းအား သူမ ချစ်ရသူက ပေးပို့ခဲ့ခြင်းပင်။

ဤသို့ တွေးမိသောအခါ သူမ၏နှလုံးသားသည် ချိုမြိန်မှုများဖြင့် ပြည့်နှက်သွားပြီး အလွန်အမင်း ပျော်ရွှင်သွားသည်။

"အင်း... ရှင်ပြောခဲ့သလိုပဲ သူ့ကို သတိပေးခဲ့တယ်..."

"ဒါပေမဲ့ မြင့်မြတ်အကြီးအကဲဖန်းဖန်က မယုံခဲ့ဘူး.. သူက ဒါကို အဓိပ္ပာယ်မရှိဘူးလို့ ထင်ခဲ့တယ်လေ.."

"အင်း.. ပိုအရေးကြီးတဲ့အချက်က သူက အသက် ၄၇၀ တောင် ရှိနေပြီလေ.. ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်း မရှိရင် သူ့ရဲ့ သေဆုံးမှုက သေချာသလောက် ရှိနေခဲ့ပြီ.."

"ဒါကြောင့် သူ့အတွက်တော့ ဒါက ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်ဖို့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ.. ဘယ်ကမှန်းမသိတဲ့ သတိပေးချက်တစ်ခုကြောင့်နဲ့တော့ သူ လက်လျှော့မှာ မဟုတ်ဘူးလေ.."

"ဒါကြောင့်ပဲ လိုဏ်ဂူရဲ့ တားမြစ်ချက်အစီအရင်ကို ဖယ်ရှားလိုက်တာနဲ့ သူက ပထမဆုံး ပြေးဝင်သွားတဲ့သူ ဖြစ်ခဲ့တာပေါ့…"

"အကျိုးဆက်ကတော့ ထင်ထားတဲ့အတိုင်းပဲပေါ့.. သူက နတ်ဆိုးရဲ့ သတ်ဖြတ်ခြင်းကို ပထမဆုံး ခံလိုက်ရတဲ့သူ ဖြစ်သွားတယ်.."

ရှန်ပိချန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

သို့သော် သူမသည် တန်တိန်ဂိုဏ်းမှ အကြီးအကဲဖန်းဖန်၏ အတွေးများကို နားလည်သည်။ မည်သို့ပင် ဆိုစေကာမူ သူသည် အသက်ရှည်ရှည် နေရတော့မည် မဟုတ်ပေ။

ယခု ဤအခွင့်အရေးကို ရရှိနေသည်ဖြစ်ရာ သဘာဝအတိုင်း ၎င်းကို လက်လွှတ်မခံလိုခဲ့ပေ။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အသက်နှင့်ရင်း၍ အလောင်းအစားလုပ်လိုပေသည်။

မှန်ပေသည်၊ လက်တွေ့က ရက်စက်လှသည်။ သူ၏အလောင်းအစား ရှုံးနိမ့်ခဲ့ပြီး လိုဏ်ဂူထဲတွင် သေဆုံးခဲ့ရကာ၊ သူသည် နတ်ဆိုး၏အစာ ဖြစ်သွားခဲ့သည်။

"တန်တိန်ဂိုဏ်းက အကြီးအကဲဖန်းဖန်တစ်ယောက်တည်း သေဆုံးခဲ့တာ မဟုတ်ဘူး…"

"ချင်မုဂိုဏ်းက အကြီးအကဲ စုန်ဖေးဟုန်လည်း သေဆုံးသွားခဲ့တယ်.."

"သူတို့နှစ်ယောက်က အခြေခံအားဖြင့် အတူတူ ထွက်သွားခဲ့ကြတာပဲ.. သူတို့ လိုဏ်ဂူထဲကို ဝင်သွားပြီး ချက်ချင်း အသတ်ခံလိုက်ရတာပဲ.."

"အခု ချင်မုဂိုဏ်းမှာ လင်းယာကျူ တစ်ယောက်တည်းပဲ ရွှေအမြုတေ ဆရာသခင်အဖြစ် ကျန်တော့တယ်.."

ရှန်ပိချန်က ဆက်လက် ပြောပြလိုက်သည်။

"ဒီလို ကိစ္စမျိုး ရှိခဲ့တာလား…"

ဤသို့ ကြားလိုက်ရသောအခါ ကျိုးစွေ့ ရင်ခုန်သံ မြန်သွားသည်။ ဤအကြီးအကဲနှစ်ဦး သေဆုံးသွားခြင်းသည် ဝမ်းနည်းဖွယ် ဖြစ်သော်လည်း၊ သူ့အတွက်မူ မကောင်းသော ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။

‘ဘာပဲဖြစ်ဖြစ် ငါသာ လင်းယာကျူကို လက်ထပ်လိုက်ရင် ချင်မုဂိုဏ်းတစ်ခုလုံးကို တင်တောင်းပစ္စည်းအဖြစ် ရမှာ’

‘အဲလိုသာဆို ရွှေအမြုတေဂိုဏ်းသုံးခုလုံးက ဂိုဏ်းချုပ်တွေ ငါ့ရဲ့ တာအိုလက်တွဲဖော်တွေ ဖြစ်သွားပြီ..’

‘ငါက တိုက်ခိုက်စရာ မလိုဘဲနဲ့ အဓိကဂိုဏ်းကြီးသုံးခုကို အုပ်ချုပ်နေရုံပဲ..ဟဲဟဲ..’

အခြားသူများမှာမူ အသက်ကို စတေး၍ တိုက်ခိုက်ရသည်။ အမျိုးမျိုးသော ပရိယာယ်များနှင့် လှည့်ကွက်များကို အသုံးပြု၍ ကြိုးစားသည့်တိုင် အောင်မြင်ချင်မှ အောင်မြင်ပေမည်။

သို့သော် ယခုမူ၊ ဤရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးဦးကို လက်ထပ်လိုက်ရုံဖြင့်၊ သူသည် အဓိကဂိုဏ်းကြီးသုံးခုကို သဘာဝအတိုင်း အုပ်စိုးနိုင်မည် ဖြစ်ပြီး၊ ဤနယ်မြေ၏ အကြွင်းမဲ့အုပ်စိုးသူ ဖြစ်လာကာ၊ မည်သူမျှ သူ့ကို ယှဉ်နိုင်မည် မဟုတ်တော့ပေ။

ကံမကောင်းစွာဖြင့်၊ နတ်ဆိုးပေါ်ထွက်လာမှုကြောင့် ဤနယ်မြေသည် မလုံခြုံတော့ပေ။ သို့မဟုတ်ပါက ဤနယ်မြေ၏ အကြွင်းမဲ့အုပ်စိုးသူဘဝဖြင့် သက်သောင့်သက်သာ နေထိုင်နိုင်ပေမည်။

All Chapters