← Chapters

မိန်းမတစ်ယောက် ပိုလာလို့ ဘာမှမဖြစ်ဘူး၊ ဟုတ်တယ်ဟုတ် (၃)။

Vol. 16 Ch. 204

မိန်းမတစ်ယောက် ပိုလာလို့ ဘာမှမဖြစ်ဘူး၊ ဟုတ်တယ်ဟုတ် (၃)။

Vol. 16 Ch. 204

ညဉ့်သန်းခေါင်ယံ။

အင်မော်တယ်ရှားဂိုဏ်း၏ အင်မော်တယ်ရှားတောင်ထွတ်ရှိ ပင်မခန်းမဆောင်ကြီး အတွင်း။

အခြေတည်အဆင့် အကြီးအကဲများစွာ အစည်းအဝေး တက်ရောက်နေကြသည်။ ဤအစည်းအဝေးသည် အင်မော်တယ်ရှားဂိုဏ်း၏ အနာဂတ်အတွက် ဖြစ်သောကြောင့် အဆင့်မြင့် အကြီးအကဲတိုင်းနီးပါး ရှိနေကြသည်။

"ဘာ..."

"ဂိုဏ်းချုပ်က အင်မော်တယ်ရှားဂိုဏ်းကို တကယ် နေရာ ရွှေ့ပြောင်းချင်နေတာလား.. အင်မော်တယ်မြူခိုးကျွန်းကနေတောင် ထွက်ခွာမလို့ ဟုတ်လား.."

"ငါ သဘောမတူဘူး.. ငါ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်.. ငါတို့ အင်မော်တယ်ရှားဂိုဏ်းက ဒီနေရာမှာ နှစ်ထောင်ပေါင်းများစွာ နေလာခဲ့တာ…"

"ငါတို့ ဒီအတိုင်းကြီး ရွှေ့ပြောင်းသွားလို့ ဘယ်ဖြစ်မလဲ..။ အဓိပ္ပါယ်မရှိလိုက်တာ…"

အခြေတည်အဆင့် အကြီးအကဲများ မှင်တက်သွားကြသည်။ မူလက သူတို့သည် ဂိုဏ်းချုပ်လန်ယွဲ့ရှီက နယ်မြေများ ချဲ့ထွင်ရန်၊ မြို့များ ပိုမိုသိမ်းပိုက်ရန်အတွက် သူတို့ကို ဆင့်ခေါ်သည်ဟု ထင်ထားခဲ့ကြသည်။

သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူတွင် ရွှေအမြုတေ ကျင့်ကြံသူများနှင့် အခြေတည်အဆင့် ကျင့်ကြံသူ အများအပြား သေဆုံးသွားခဲ့သဖြင့် အင်အားစုများစွာသည် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး၊ ၎င်းသည် အင်မော်တယ်ရှားဂိုဏ်းအတွက် နယ်မြေ ချဲ့ထွင်ရန် အကောင်းဆုံးအခွင့်အရေး ဖြစ်သည်။

ဂိုဏ်းချုပ် လန်ယွဲ့ရှီက အင်မော်တယ်မြူခိုးကျွန်းမှ ထွက်ခွာ၍ အင်မော်တယ်ရှားဂိုဏ်းကို နေရာ ရွှေ့ပြောင်းရန် အမှန်တကယ် ရည်ရွယ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ရိုးရှင်းစွာပင် ယင်းက အဓိပ္ပါယ်ကင်းမဲ့လွန်းလှသည်။

"တိတ်ကြစမ်း.. ငါ စိတ်ဆုံးဖြတ်ပြီးပြီ.. ဂိုဏ်းကို ရွှေ့ပြောင်းဖို့က ရှောင်လွှဲလို့ မရတော့ဘူး.."

"အဲ့ဒီ လိုဏ်ဂူအကြွင်းအကျန်က ဝိညာဉ်သန္ဓေသားအဆင့် နတ်ဆိုးတစ်ကောင်ကို ချိပ်ပိတ်ထားတာ.."

"အင်မော်တယ်ရှားဂိုဏ်းက ဒါကြောင့်ပဲ တစ်ခါ ပျက်စီးခဲ့ဖူးပြီးပြီ.."

"လွန်ခဲ့တဲ့ နှစ်၃၀၀၀က ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတွေတောင် သူ့ကို မယှဉ်နိုင်ခဲ့ဘူး.. ငါတို့က ဘယ်လိုသွား ကိုင်တွယ်နိုင်မှာလဲ.."

"ဒါက အခုလက်ရှိ ချိပ်ပိတ်ခံထားရတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုပြီး အလှည့်စားမခံကြနဲ့.. ချိပ်ပိတ်တံဆိပ် ကျိုးပေါက်ဖို့က အချိန်ကာလတစ်ခုပဲ လိုတော့တယ်.."

"အင်မော်တယ်ရှားဂိုဏ်းသာ ဒီနေရာမှာ ဆက်နေခဲ့ရင် လမ်းတစ်လမ်းပဲ ရှိတယ်... အဲ့ဒါက သေလမ်းပဲ.."

လန်ယွဲ့ရှီက ပြတ်သားစွာ ပြောလိုက်သည်။

ယခု အင်မော်တယ်ရှားဂိုဏ်းသည် သူမ၏အပိုင် ဖြစ်ပြီး၊ သူမ၏စကားသည် ဥပဒေပင် ဖြစ်၏။

"ဒါ..."

ဤသို့ ကြားလိုက်ရသောအခါ အခြေတည်အဆင့် အကြီးအကဲများ၏ မျက်နှာများ ညှိုးငယ်သွားကြသည်။

မည်သို့ပင်ဖြစ်စေ၊ သူတို့သည် တစ်ယောက်တည်း မဟုတ်ကြချေ။ သူတို့၏ နောက်ကွယ်တွင် အခြေတည်အဆင့် မိသားစုများ ရှိနေကြသည်။

အမှန်တကယ် နေရာ ရွှေ့ပြောင်းရမည်ဆိုလျှင် သူတို့ နောက်က လူများအတွက် မည်သို့ဖြစ်မည်နည်း။

အကယ်၍ အင်မော်တယ်ရှားဂိုဏ်းသာ နေရာရွှေ့ပြောင်းရန် အမှန်တကယ် ဆုံးဖြတ်ခဲ့ပါက လူတိုင်းကို ခေါ်ဆောင်သွားရန် မဖြစ်နိုင်သည်မှာ ထင်ရှားပေသည်။

သူတို့သည် အဓိကတပည့် အချို့ကိုသာ ခေါ်ဆောင်သွားရမည် ဖြစ်ပြီး၊ အခြားသူများကိုမူ စွန့်ပစ်ထားခဲ့ရမည် ဖြစ်သည်။

ပိုအရေးကြီးသည်မှာ ဇာတိမြေကို စွန့်ခွာရန် ခက်ခဲလှသည်။ သူတို့သည် ဤနေရာတွင် အမြစ်တွယ်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သဖြင့်၊ အလွယ်တကူ အမြစ်ဖြတ် ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။

ပတ်သက်နေသော အကျိုးစီးပွားများမှာ အလွန် ကြီးမားလှသည်။

"ဟုတ်ပါတယ် ရှင်တို့ ထွက်မသွားချင်ဘူးဆိုရင်လည်း နေခဲ့လို့ရတယ်.."

"ဂိုဏ်းချုပ်အနေနဲ့ ကျွန်မ ရှင်တို့ကို အတင်းအကျပ် မလုပ်ဘူး.."

"ဂိုဏ်း ထွက်ခွာသွားပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့သူတွေက ဒီတတိယအဆင့် ဝိညာဉ်ကြောကို သိမ်းပိုက်နိုင်တယ်..”

"အင်း.. ဈေးတွေ.. ဆေးဥယျာဉ်တွေရောပေါ့.."

"ဒါပေမဲ့... ရှင်တို့ ဒါတွေကို ဆက်ထိန်းထားနိုင်မလား ဆိုတာကတော့ ရှင်တို့ရဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်တယ်.."

"ငါတို့မှာ သုံးနှစ် အချိန် ရှိတယ်.. ပြင်ဆင်ဖို့ သုံးနှစ်တိတိပဲ.."

"ငါတို့ အဆင်သင့် ဖြစ်တာနဲ့ ချက်ချင်း အင်မော်တယ်မြူခိုးကျွန်းကနေ ထွက်သွားကြမယ်.."

"ဒီရွှေ့ပြောင်းမှုက အင်မော်တယ်ရှားဂိုဏ်းတစ်ခုတည်းအတွက် မဟုတ်ဘူး.."

"တန်တိန်ဂိုဏ်းနဲ့ ချင်မုဂိုဏ်းတို့လည်း ငါတို့နဲ့အတူ ရွှေ့ပြောင်းရာမှာ ပူးပေါင်းပါဝင်ကြလိမ့်မယ်"

လန်ယွဲ့ရှီက လေးနက်စွာ ပြောလိုက်သည်။

သူမသည် လူတိုင်းကို ခေါ်ဆောင်သွားရန် အစီအစဉ် မရှိပေ။ သူတို့ထဲမှ တစ်စိတ်တစ်ပိုင်းကို ခေါ်ဆောင်သွားရုံမျှဖြင့် လုံလောက်ပြီ ဖြစ်သည်။

အကယ်၍ မည်သူမျှ သူမနှင့် လိုက်ပါရန် ဆန္ဒမရှိပါက သူမနှင့် ကျိုးစွေ့နှစ်ယောက်တည်း ထွက်ခွာသွားနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ၊ သူမသည် အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် သူမ၏ တာဝန်ကို ကျေပွန်ခဲ့ပြီး ဖြစ်သည်။

ဘာရယ်...။

သူမ၏စကားကြောင့် အခြေတည်အဆင့် အကြီးအကဲများစွာ၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားကြသည်။

အမှန်အတိုင်းဆိုရလျှင်၊ ၎င်းသည် လန်ယွဲ့ရှီ၏ ဆုံးဖြတ်ချက် တစ်ခုတည်းသာ ဖြစ်ပါက သူတို့ သံသယ အချို့ ရှိနေဦးမည် ဖြစ်ပြီး၊ ဂိုဏ်းချုပ်က စိတ်လိုက်မာန်ပါ ပြုမူသည်ဟု ထင်မြင်မိနိုင်သေးသည်။

သို့သော် ယခုအခါ တန်တိန်ဂိုဏ်းနှင့် ချင်မုဂိုဏ်းတို့ပင် ပါဝင်လာသည်။

အဓိက ဂိုဏ်းကြီးသုံးခုမှ ရွှေအမြုတေ ဆရာသခင်များကို ဤဆုံးဖြတ်ချက်ကို ချမှတ်စေသည့် ထူးကဲသော တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်မှာ ထင်ရှားပြီး၊ ၎င်းသည် စိတ်ကူးပေါက်ရာ လျှောက်လုပ်ခြင်း မဟုတ်သည်မှာ သေချာသည်။

အချိန်တိုအတွင်းမှာပင် အင်မော်တယ်ရှားဂိုဏ်း၏ ရွှေ့ပြောင်းမည့် အစီအစဉ်သတင်းသည် ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး၊ မရေမတွက်နိုင်သော တပည့်များနှင့် အကြီးအကဲများ အံ့အားသင့်ကာ မယုံနိုင် ဖြစ်သွားကြတော့သည်။

"မဖြစ်နိုင်တာ.. ဂိုဏ်းက တကယ် နေရာရွှေ့ပြောင်းပြီး အင်မော်တယ်မြူခိုးကျွန်းကနေ တခြား ကျွန်းတွေကို ထွက်သွားမလို့ ဟုတ်လား.. ဒါက နည်းနည်း လွန်လွန်းမနေဘူးလား.."

"ငါ ကြားတာတော့ ချိပ်ပိတ်ခံထားရတဲ့ နတ်ဆိုးက အရမ်းအစွမ်းထက်ပြီး အဆုံးမရှိတဲ့ ကပ်ဘေးတစ်ခုကို မလွဲမသွေ ဖြစ်ပေါ်စေလိမ့်မယ်တဲ့.."

"ဒါကြောင့် လုံခြုံရေးအတွက် ငါတို့ဂိုဏ်းချုပ်က ဂိုဏ်းတစ်ခုလုံးကို အင်မော်တယ်မြူခိုးကျွန်းကနေ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်တာတဲ့.."

"ဒါက နည်းနည်း လွန်လွန်းတယ် ထင်တယ်.. ဒီနတ်ဆိုးက အစွမ်းထက်ရင်တောင် ဖြေရှင်းဖို့ နည်းလမ်း တကယ် မရှိတော့ဘူးလား.."

"အေးလေ.. ငါတို့ အင်မော်တယ်မြူခိုးကျွန်းပေါ်က ရွှေအမြုတေ ဆရာသခင်တွေကို ချိပ်ပိတ်တံဆိပ်ကို အားကောင်းအောင် လုပ်ခိုင်းသင့်တယ်.. ဒါမှမဟုတ် တခြား ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းတစ်ခုကို ဖိတ်ခေါ်ပြီး ဒီနတ်ဆိုးကို သုတ်သင်ရှင်းလင်းခိုင်းသင့်တယ်.."

"ဟားဟား.. မင်းထင်တာ ဂိုဏ်းချုပ်က ဒါတွေကို မစဉ်းစားမိဘူး ထင်နေလား.. ဒီဖြေရှင်းနည်းတွေထဲက တစ်ခုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး.. မင်း သိထားရမှာက ဒါက စတုတ္တအဆင့် အစီအရင်ကွ.. ရွှေအမြုတေ ဆရာသခင်တစ်ယောက် ဖြေရှင်းနိုင်တဲ့ အရာ မဟုတ်ဘူး…"

"ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးကို ဖိတ်ခေါ်ဖို့အတွက်တော့ အိပ်မက်တောင် မက်မနေနဲ့.. ငါတို့ တစ်ယောက်ယောက်ကို ဖိတ်ခေါ်နိုင်မလား ဆိုတာကို ထားလိုက်ဦး.. တကယ်လို့ ဖိတ်ခေါ်နိုင်ခဲ့ရင်တောင် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး ရောက်လာတဲ့အချိန်ကျရင် အင်မော်တယ်မြူခိုးကျွန်းက အန္တရာယ်တောထဲ ကျရောက်နေလောက်ပြီ…"

"ဒါပေမဲ့.. ဒီလိုဆိုရင်တောင် ငါတို့ ဒီအတိုင်းကြီး ရွှေ့ပြောင်းသွားလို့ မဖြစ်ဘူးလေ.. ဂိုဏ်းနဲ့ လက်တွဲထားတဲ့ ကျင့်ကြံခြင်း မျိုးနွယ်စုတွေ.. ဆေးဥယျာဉ်တွေနဲ့ ဈေးတွေကရော.. ပြီးတော့ အရင်းအမြစ်သတ္တုတွင်းတွေ အားလုံးကရော.. ငါတို့ အရာအားလုံးကို ဒီအတိုင်း စွန့်ပစ်သွားကြတော့မှာလား…"

"ဟုတ်တယ်.. ဂိုဏ်းချုပ်ရဲ့ အမိန့်အရတော့ ငါတို့ အရာအားလုံးကို စွန့်ပစ်ခဲ့ရမှာ.. ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးကြရုံပဲ.."

အင်မော်တယ်ရှားဂိုဏ်း တပည့်များစွာ၏ မျက်နှာများ အလွန်တရာ အရုပ်ဆိုးသွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဤအဖြစ်အပျက်သည် အလွန်တရာ ရုတ်တရက်ဆန်ပြီး၊ သူတို့တွင် တုံ့ပြန်ရန် အချိန် မရှိခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ နှစ်တစ်ထောင်အတွင်း တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

"ငါတို့ ဘာလုပ်သင့်လဲ.. ငါတို့လည်း ဂိုဏ်းနဲ့အတူ လိုက်သွားသင့်လား.."

"ဒါက ငါတို့ အချိန်အကြာကြီး နေထိုင်လာခဲ့တဲ့ နေရာလေ.. ဘယ်လိုလုပ် ဒီအတိုင်းကြီး ထွက်သွားနိုင်မှာလဲ.."

"ဒါ့အပြင် ပင်လယ်ရပ်ခြားမှာ ဘာတွေ ဖြစ်နိုင်မလဲ ငါတို့ မသိဘူး.. ငါတို့ထဲက တချို့ ခရီးလမ်းမှာတင် သေဆုံးသွားနိုင်တယ်.."

"ဘာပဲဖြစ်ဖြစ်.. သမုဒ္ဒရာ အနက်ပိုင်းထဲမှာ မရေမတွက်နိုင်တဲ့ အစွမ်းထက်သားရဲတွေက ရှိသေးတယ်မလား.."

တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

"ဒီကိစ္စကို ပြောရရင်.. ဂိုဏ်းချုပ်ရဲ့ အမိန့်အရ ငါတို့ကို ထွက်သွားဖို့ အတင်းအကျပ် မခိုင်းထားဘူး.."

"မင်း နေချင်ရင် နေခဲ့လို့ ရတယ်… ပြီးတော့ အင်မော်တယ်ရှားဂိုဏ်းရဲ့ အဲ့ဒီ အရင်းအမြစ် သတ္တုတွင်းတွေ.. ဝိညာဉ်ကြောတွေနဲ့ ဈေးတွေကို ဆက်ပြီး စီမံခန့်ခွဲနေလို့ ရတယ်.."

"အင်မော်တယ်ရှားတောင်ထွတ်ရဲ့ တတိယ်အဆင့် ဝိညာဉ်ကြောကို သိမ်းပိုက်ချင်ရင်တောင် ပြဿနာ မရှိဘူး.."

အခြား အင်မော်တယ်ရှားဂိုဏ်း တပည့်တစ်ဦးက ပြန်ဖြေလိုက်သည်။

"ဒါဆိုရင်တော့ ငါ ဒီမှာပဲ နေခဲ့တာ ပိုကောင်းတယ်.."

"အမှန်ပဲ.. ငါ ထင်တာတော့ ဒါက ဘာမဟုတ်တာကို အပိုတွေစိုးရိမ်နေကြတာပဲ.."

"ငါလည်း သဘောတူတယ်.. နတ်ဆိုးက နှစ်၃၀၀၀ကြာ ချိပ်ပိတ်ခံထားရတာ.. ဒီလောက် မြန်မြန် လွတ်မြောက်လာနိုင်မယ်လို့ ငါ မယုံဘူး.."

"တခြားနေရာကို စွန့်စားသွားမယ့်အစား ငါတို့ ဒီမှာပဲ နေခဲ့တာ ပိုကောင်းတယ်.. တခြားနေရာမှာ ဒီလို ကောင်းမွန်တဲ့ ဆက်ဆံမှုမျိုး ရမယ်လို့ အာမခံချက် မရှိဘူး.. ငါတို့ အစကနေ ပြန်စကြရမှာ.."

အင်မော်တယ်ရှားဂိုဏ်း တပည့်များစွာသည် ဂိုဏ်းနှင့်အတူ လိုက်ပါထွက်ခွာလိုစိတ် မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် မိသားစုဆွေမျိုးများနှင့် ဆက်ဆံရေးများစွာ ဤနေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။ ဤအတိုင်းကြီး ထွက်ခွာသွားရန်မှာ မဖြစ်နိုင်ပေ။

"ငါ့အတွက်တော့ ဘာမှအရေးမကြီးဘူး.. ဘယ်နေရာပဲ ဖြစ်ဖြစ်..ကျင့်ကြံခြင်းက အဓိကပဲ.. ဘယ်နေရာမှာပဲ ကျင့်ကြံရ..ကျင့်ကြံရ အဆင်ပြေတယ်.."

"အမှန်ပဲ.. ကျင့်ကြံခြင်းလောကမှာ အရေးကြီးဆုံးက နောက်ခံ အထောက်အပံ့ပဲ.. နောက်ခံ အထောက်အပံ့ မရှိဘဲနဲ့ မင်းကို ဘယ်သူက လေးစားမှာလဲ.. မရေမတွက်နိုင်တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေ တခြားသူတွေရဲ့ လက်ထဲမှာ သေဆုံးနေကြရတာပဲ ကြည့်တော့.."

"ဒါတော့ ဟုတ်တယ်.. အပြင်က ကျင့်ကြံသူတွေက အင်မော်တယ်ရှားဂိုဏ်းကို လေးစားတယ်လို့ မင်း ထင်နေလား… ဟုတ်နေဦးမယ် အားချီးချီး.. သူတို့က အင်မော်တယ်ရှားဂိုဏ်းရဲ့ နောက်ကွယ်က ရွှေအမြုတေ ဆရာသခင်တွေကို လေးစားတာ.. ငါတို့မှာသာ ရွှေအမြုတေ ဆရာသခင်တွေရဲ့ နောက်ခံ မရှိခဲ့ရင်.. ငါတို့ ဒီရတနာတွေကို ဆက်ထိန်းထားနိုင်မယ် ထင်နေလား… ဆုတောင်းလေ..ဆုတောင်း.."

"သိပ်ဟုတ်တာပေါ့.. မင်းတို့ ငါတို့ ပိုင်ဆိုင်ထားတာတွေ အားလုံးက ဂိုဏ်းရဲ့ ကျေးဇူးကြောင့်ချည်းပဲ.. ပိုင်ဆိုင်ထားတဲ့ ဥစ္စာဓနတွေကို မင်းတို့ရဲ့ တစ်ဦးချင်းအစွမ်းနဲ့ ကာကွယ်နိုင်မယ်လို့ တကယ် ထင်နေရင်တော့… စိတ်ကူးယဉ်နေတာပဲ..ဟဟ"

အင်မော်တယ်ရှားဂိုဏ်းမှ အခြားသူများက အေးစက်စွာ ရယ်မောလိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ၊ သူတို့သည် လောကီရေးရာများနှင့် အဆက်အသွယ်အားလုံးကို လွန်ခဲ့သော အချိန်များကတည်းက ဖြတ်တောက်ခဲ့ပြီး ဖြစ်ရာ၊ အင်မော်တယ်ရှားဂိုဏ်း မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အရေးမကြီးပေ။

ကျင့်ကြံခြင်းလောကရှိ သူတို့၏ သက်သောင့်သက်သာ ဘဝသည် အင်မော်တယ်ရှားဂိုဏ်းနှင့် ပတ်သက်နေခြင်းကြောင့်သာ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိရှိကြသည်။

All Chapters