← Chapters

ငါတို့က တိုက်ပွဲဖြစ်နေတာလေ.. မင်းကတော့ အပင်တူးနေတာလား

Vol. 27 Ch. 398

ငါတို့က တိုက်ပွဲဖြစ်နေတာလေ.. မင်းကတော့ အပင်တူးနေတာလား

Vol. 27 Ch. 398

ဂူအတွင်းရှိ လမ်းကြောင်းမှာ နက်မှောင်ကာ ကျဉ်းမြောင်းပြီး ရှည်လျားသည်။ အနက်ပိုင်းသို့ ပိုမိုသွားလေလေ ပိုမိုစိတ်ဖိအားကြီးလေ ဖြစ်လာခဲ့၏။

လူတိုင်းသည် သတိမပြတ်ရှိနေကြပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်အတွက် စွမ်းအားကို တိတ်တဆိတ် လှည့်လည်ထားကြသည်။

ရုတ်တရက်ပေါ်လာနိုင်သည့် မည်သည့်အန္တရာယ်အတွက်မဆို အဆင်သင့်ဖြစ်အောင် ပြုလုပ်ထား၏။

လမ်းကြောင်းသည် တဖြေးဖြေးအောက်သို့ စိုက်သွားပြီး ကြည့်ရသည်မှာ ရွံ့နွံနေရာတစ်ခုသို့ ရောက်ရှိသွားပုံပေါ်သည်။

ရုတ်တရက် အရှေ့ဘက်မှ မှိန်ပြသည့် အလင်းတစ်ခု ပေါ်လာခဲ့၏။ လူအုပ်စုကို စိတ်သက်သာရာ ရသွားစေသည်။

အထူးသဖြင့် ရှေ့ဆုံးရှိ သိုင်းသမားဖြစ်၏။ အားတက်သရောဖြင့် အမြန်နှုန်းကို မြှင့်တင်လိုက်သည်။

လမ်းကြောင်းသည် ပိုမိုပိုမိုကာ လင်းလက်လာပြီး လူစုသည် ကြယ်ကောင်းကင်ကဲ့သို့ မွမ်းမံပြင်ဆင်ထားသော သင်္ချိုင်းခန်းမအတွင်းသို့ ရောက်ရှိသွားသည်။

"လအလင်းကျောက်တုံး... လအလင်းကျောက်တုံးတွေ အများကြီးပဲ.."

"ဒဏ္ဍာရီတွေအရ မိုးပြာရောင်ကောင်းကင်နဂါးက လအလင်းကျောက်တုံးကို အရမ်းနှစ်သက်တယ်တဲ့။ ဒီနေရာက တကယ်ပဲ သူ့ရဲ့သင်္ချိုင်း ဖြစ်လိမ့်မယ်.."

ပါရမီရှင်များစွာတို့သည် စိတ်လှုပ်ရှားလာကြ၏။ လအလင်းကျောက်တုံး၏ အလင်းသည် လနှင့်ဆင်တူပြီး ဤသည်မှာ လင်းနယ်မြေတွင် အသုံးပြုသည့် အလင်းရောင်ပေးခြင်း ပစ္စည်းတစ်ခု ဖြစ်သည်။

သို့ရာတွင် လအလင်းကျောက်တုံးကို ယွီကျိုးနှင့် အလွန်ဝေးကွာသည့် မြူဒေသရှိ မိုးပြာရောင်ပင်လယ်မှ ထုတ်လွှတ်ပြီး ကျောက်စိမ်းပြည်နယ်သို့ ရောက်ရှိနိုင်သည့် ပမာဏမှာ အလွန်နည်းပါးပါတယ်။ ထို့ကြောင့် ယွီကျိုးရှိ လူအနည်းငယ်သာ လအလင်းကျောက်တုံးကို အသုံးပြုနိုင်၏။

ရွှီယန်သည် သင်္ချိုင်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ပိုမို သတိကြီးလာခဲ့သည်။ မည်သည့်အသံမှ မထွက်ဘဲ ဓားဆန္ဒက သူ၏အချင်းဝက် ဆယ်ပေအတွင်း၌ လှည့်လည်လာ၏။

ဓားဆန္ဒသည် သင်္ချိုင်း၏ ပတ်ဝန်းကျင်အတွင်းသို့ စိမ့်ဝင်သွားပြီး အခြားသူများအနေနှင့် စူးစမ်းမရနိုင်အောင် ရှိနေသည်။

သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သေးငယ်သည့် လေထုက လှည့်လည်နေပြီး လျှပ်တပြက်လေ ဓားဆန္ဒကိုလည်း အသုံးပြုထားသည်။

ကြီးမားသည့် သင်္ချိုင်းကြီးအလယ်တွင် နဂါးကြီးတစ်ကောင် ခွေနေ၏။ နဂါးကြီး၏ရှေ့တွင် မီတာဝက်လောက် မြင့်မားသည့် သစ်ပင်ငယ်တစ်ခုရှိသည်။

၎င်း၏ အကိုင်းအခက်များသည် နဂါးတစ်ကောင်ကဲ့သို့ တွန့်ကွေးနေပြီး အရွက်များက အစိမ်းရောင်ရှိ၏။

"မိုးပြာရောင်နဂါးသစ်ပင်.."

နဂါး၏ ဘေးဘက်နှစ်ဖက်ရှိ မြေပြင်ပေါ်တွင် အညိုရောင်နွယ်များ ကြီးထွားနေပြီး ၎င်းတို့အပေါ်တွင် အသီးလေးများ သီးနေ၏။

"နဂါးမျက်လုံးသစ်သီး.."

"ဒါက မိုးပြာရောင်နဂါးသစ်ပင်ပဲ.."

လူငယ်ပါရမီရှင်များ၏ မျက်လုံးများက လင်းလက်လာခဲ့သည်။

"နဂါးမျက်လုံးအသီး.."

အသေအချာပင်။ ဒီနေရာသည် မိုးပြာရောင်ကောင်းကင်နဂါး၏ သင်္ချိုင်းဖြစ်သည်။

မဟုတ်ပါက မိုးပြာရောင်နဂါးသစ်ပင်နှင့် နဂါးမျက်လုံးသစ်သီးတို့ ရှိနေမည် မဟုတ်ပါ။

လင်းနယ်မြေရှိ အဆင့်သုံးနှင့် အဆင့်နှစ် စိတ်ဝိဉာဉ်ဆေးပင်များမှာ အဆင့်မြင့် စိတ်ဝိဉာဉ်ဆေးပင်များ ဖြစ်သည်။ သို့ပေမယ့် အရမ်းကြီး ရှားပါးခြင်းမရှိပါ။

မိုးပြာရောင်နဂါးသစ်ပင်နှင့် နဂါးမျက်လုံးသစ်သီးတို့၏ အဖိုးတန်မှုမှာ ၎င်းတို့၏ ရှားပါးမှုကြောင့် ဖြစ်၏။

မိုးပြာရောင်နဂါးသစ်ပင်သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို မြှင့်တင်နိုင်သည့် အံ့ဖွယ်အာနိသင်ရှိသည်ဟု ပြောကြ၏။

ကောင်းကင်လူသားကြီး တစ်ယောက်၏ ခန္ဓာကိုယ်ကိုပင် နှစ်ဆနီးပါး မြှင့်တင်ပေးနိုင်သည်။ နဂါးမျက်လုံးအသီးမှာ လူတစ်ယောက်၏ စိတ်ဝိဉာဉ်ကို မြှင့်တင်ပေးနိုင်၏။

ဒီဗိုင်းဝိဉာဉ်ကို အားဖြည့်ပေးသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်ပါက စုစည်းလာသည့် ဒီဗိုင်းဝိဉာဉ်အား ပိုမိုကာ သန်မာနေမှာဖြစ်သည်။

ထို့အပြင် နဂါးမျက်လုံးအသီးသည် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်ရာတွင် အောင်မြင်နိုင်ခြေကို မြှင့်တင်ပေးနိုင်သည်ဟုလည်း ဆိုကြသည်။

ထိုအကြောင်းကြောင့်ပင် ဒီပစ္စည်းများသည် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားများအတွက် အသုံးဝင်ခြင်းမရှိရာ အဖွဲ့အစည်းအသီးသီးရှိ လူငယ်ပါရမီရှင်များအား ယှဉ်ပြိုင်လုယက်စေခြင်း ဖြစ်သည်။

နဂါးမျက်လုံးအသီးများမှာ ပမာဏတစ်ခုအထိ ရှိ၏။ သို့ပေမယ့် မိုးပြာရောင်နဂါး သစ်ပင်မှာတော့ တစ်ခုသာရှိပါသည်။

ခဏတာအတွင်း လေထုက ပိုမိုကာ တင်းကြပ်လာခဲ့၏။ ရွှီယန်၏ အသွင်အပြင်မှာ တည်ငြိမ်စွာသာ ရှိနေသည်။

သူသည် စိတ်ဝိဉာဉ်ဆေးပင်များကို အလောတလျင် သွားရောက်သိမ်းပိုက်ခြင်း မရှိပါ။ အလွန် သတိကြီးစွာရှိ၏။

သူသည် ဒီနေရာတွင် စွမ်းအားအကြီးမားဆုံး ဖြစ်လျှင်တောင် အခြားလူများကို အရင်စမ်းသပ်ခိုင်းမည် ဖြစ်သည်။

ကြီးမားသည့် နဂါးကြီးကို ကြည့်ရသည်မှာ မိုးပြာရောင်ကောင်းကင်နဂါး၏ အခေါင်း ဖြစ်ပေလိမ့်မည်။သို့ရာတွင် နဂါး၏ အသွင်သဏ္ဍာန်သည် ပြည့်စုံခြင်းမရှိဘဲ စစ်မှန်သည့် နဂါးတစ်ကောင်နှင့် ခြားနာချက်အချို့ ရှိနေ၏။

သူသည် အရင်က စစ်မှန်သည့်နဂါးအား မြင်ဖူးခြင်းတော့ မရှိပေ။ သို့ပေမယ့် ခံစားချက်က ပေးစွမ်းနေသည်မှာ ဒီနဂါးသည် စစ်မှန်သည့် နဂါးတစ်ကောင်၌ ရှိသင့်သည့် ထည်ဝါမှုတို့ ပျောက်ဆုံးနေ၏။

သူသည် နဂါးနိုင်လက်ဝါးသိုင်းမှတစ်ဆင့် နဂါးကြီးမြတ်ခြင်း၏ အဓိပ္ပာယ်ကို ဖမ်းဆုပ်မိပြီးဖြစ်သည်။

ရုတ်တရက် ရွှီယန်၏အကြည့်က အေးခဲသွား၏။

သူသည် သင်္ချိုင်းအဝဆီသို့ စိုက်ကြည့်မိသည်။ ခုနကတစ်ခုခုအတွင်းသို့ ဝင်ရောက်ခဲ့ဟန်တူ၏။ သို့ပေမယ် ဓားဆန္ဒအတိုင်းအတာအတွင်းသို့ ဝင်ရောက်ခြင်း မရှိရာ မည်သည်ဟူ၍ အတိအကျသိရှိခြင်း မရှိပေ။

'ဘယ်လောက် စွမ်းအားကြီးတဲ့ ပုန်းအောင်းခြင်းအတတ်လဲ..'

ရွှီယန်၏သတိက ပိုမိုကြီးထွားလာပြီး သူ၏ဓားဆန္ဒနယ်ပယ်မှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။

"မိုးပြာရောင်နဂါးသစ်ပင်က ငါ့ဟာပဲ။ ပြီးတော့ နဂါးမျက်လုံးအသီးသုံးလုံး လိုချင်တယ်.."

ကျောက်စိမ်းစိတ်ဝိဉာဉ်ဂိုဏ်းမှ လူငယ်က ထူးမခြားနားစွာဖြင့် ပြော၏။ သူ၏မျက်လုံးက ရှန်ဟိုင်ကျိုးပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် ရွှီယန်အပေါ်သို့ ရောက်ရှိ၏။

"ငါ့မှာတော့ သဘောမတူစရာ မရှိဘူး.."

ရှန်ဟိုင်ကျိုးက အသာပြော၏။ ကျန်ရှိသည့် ပါရမီရှင်များလည်း ခဏတာ တိတ်ဆိတ်နေပြီးနောက် သဘောတူစွာ ခေါင်းငြိမ့်ကြသည်။

ကျောက်စိမ်းနတ်ဘုရား စိတ်ဝိညာဉ်ဂိုဏ်းသည် ယွီကျိုးရှိ နံပါတ်တစ် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု ဖြစ်သည်။ တစ်ဖက်လူ၏ နောက်ခံနှင့် ခွန်အားအရ ယခုကဲ့သို့ ခံစားခွင့်ရှိ၏။

"မင်း... မိုးပြာရောင်နဂါးသစ်ပင်ကို သွားပြီးတော့တူး.."

လူငယ်က သိုင်းသမားတစ်ယောက်ကို အမိန့်ပေးသည်။

"ဟုတ်ကဲ့ပါ။ သခင်လေး.."

သိုင်းသမားမှာ ထိုလူငယ်၏ တိုက်ရိုက်နောက်လိုက်တစ်ယောက် မဟုတ်ပေမယ့် မနာခံဘဲ နေရဲခြင်းမရှိပေ။

ဤသည်မှာ ယွီကျိုးရှိ နံပါတ်တစ် စိတ်ဝိဉာဉ်ဂိုဏ်း၏ ကြီးမြတ်မှု ဖြစ်၏။

သူသည် သတိကြီးစွာဖြင့် ချဉ်းကပ်သွားသည်။

မည်သည့်ထူးခြားမှု သို့မဟုတ် အန္တရာယ်မှ ပေါ်လာခြင်းမရှိရာ စိတ်သက်သာရာ ရသွား၏။ သစ်ပင်ကို တူးယူရန် ပြင်ဆင်သည်။

ရုတ်တရက် ရွှီယန်၏မျက်နှာက တင်းကြပ်သွား၏။ သို့ပေမယ့် လှုပ်ရှားမှုပြုခြင်း သို့မဟုတ် သတိပေးခြင်း မရှိပါ။

"စွတ်.."

သင်္ချိုင်း၏ ထောင့်တစ်ခုမှ ဓားအလင်းတစ်ခု လက်သွားဟန်ပေါ်၏။ လျှပ်တပြက်အတွင်း သစ်ပင်အား တူးနေသည့် သိုင်းသမားအား ဖြတ်သန်းသွားသည်။

"ဘုတ်.."

သိုင်းသမားမှာ လဲကျသေဆုံးသွား၏။

"သတိထား.."

"ဘယ်သူလုပ်တာလဲ.."

"အန္တရာယ်ကိုရှာ.."

အားလုံး၏ ပုံစံများက ပြောင်းလဲသွားကြသည်။

"အုန်း.."

အားလုံးသည် စွမ်းအားကြီးမားသည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်လာပြီး လက်နက်များကို အသီးသီး ကိုင်စွဲကာ ပတ်ဝန်းကျင်ကို သတိဖြင့်ရှာဖွေကြ၏။

တစ်ယောက်နှင့်တစ်ယောက်လည်း အကွာအဝေးတစ်ခု ခြားထားကြသည်။ ကျောက်စိမ်းစိတ်ဝိဉာဉ်ဂိုဏ်းရှိ လူငယ်၏ မျက်နှာက ညို့မှိုင်းလာ၏။ သူ၏ပတ်ဝန်းကျင်တွင် ငွေရောင်အလင်းတစ်ခု ရေးတေးတေး လှည့်လည်လာပြီး လက်ထဲရှိ ရှည်လျားသည့် ဓားရှည်က အေးစက်သည့် အလင်းရောင်ကို ထုတ်လွှတ်လာသည်။

"ဘယ်သူတိုက်ခိုက်တာလဲ... ဒါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို ရန်စချင်တာလား.."

အလင်းမှာ အမြန်ဆန်ပြီး လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

လူတိုင်းမှာ သတိထားနေခြင်း မရှိလိုက်ရာ မည်သည့်အလင်းတန်းဟူသည်ကိုလည်း မသိလိုက်ကြပေ။ ကြည့်ရသည်မှာ ဓားအလင်းနှင့်တူ၏။

"မင်းက ဘာရှင်းပြချက်မှ မပေးတော့ဘူးလား.."

ကျောက်စိမ်းစိတ်ဝိဉာဥ်ဂိုဏ်းရှိ လူငယ်က ရွှီယန်ကို ညှို့မှိုင်းစွာကြည့်သည်။

ရှိနေကြသည့် လူများအကြားတွင် ရွှီယန်နှင့် ရှန်ဟိုင်ကျိုးတွင်သာ ထိုကဲ့သို့သော ခွန်အားအား ပိုင်ဆိုင်ထား၏။

ရွှီယန်မှာတော့ တစ်ဦးတည်းသော ဓားသမားဖြစ်သည်။

သံသယဝင်စရာ အကောင်းဆုံးဖြစ်၏။

ရွှီယန်က တစ်ဖက်လူကို အေးစက်စွာကြည့်သည်။

သူ၏အကြည့်က ဓားရှည်ပေါ်သို့ ကျရောက်သွားပြီးနောက် အတွေးနက်သွား၏။

"ဒါက စိတ်ဝိဉာဥ်နယ်မြေမှာပဲရှိတဲ့ စိတ်ဝိဉာဥ်လက်နက်တစ်ခုပေါ့။ တကယ်ကို ရတနာလက်နက်တစ်ခုထက် အများကြီးပိုပြီး စွမ်းအားကြီးတာပဲ.."

သူသည် ယခုကဲ့သို့ အခြားသူများကို တိတ်တဆိတ်ထိခိုက်အောင်လုပ်သည့် အပြုအမူကို ဘယ်တော့မှ လုပ်မည်မဟုတ်ပါ။

All Chapters