← Chapters

တို့က တိုက်ပွဲဖြစ်နေတာလေ မင်းကတော့ အပင်တူးနေတာလား(၂)

Vol. 27 Ch. 399

တို့က တိုက်ပွဲဖြစ်နေတာလေ မင်းကတော့ အပင်တူးနေတာလား(၂)

Vol. 27 Ch. 399

"ငါ့က ချောင်းမြောင်းတိုက်ခိုက်တတ်တဲ့ နိမ့်ကျတဲ့ အပြုအမူကိုလုပ်ဖို့ စိတ်မဝင်စားဘူး.."

သူက အေးစက်စွာဖြေ၏။ မိုးပြာရောင်နဂါးသစ်ပင်ကိုသာ ဆက်လက် ကြည့်ရှု့နေသည်။

ခုနကတိုက်ခိုက်မှုသည် ဓားအလင်းနှင့်တူ၏။ အလွန်မြန်ဆန်လှပါသည်။ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားခဲ့၏။ လှံတိုတစ်ချောင်းလေလား။

ရွှီယန်က နှလုံးသားထဲတွင် စဉ်းစားသည်။

ကျောက်စိမ်းစိတ်ဝိဉာဉ်ဂိုဏ်း၏ သခင်လေးမှာ ညှို့မှိုင်းစွာဖြင့် နောက်ထပ် ကင်းထောက်သိုင်းသမားတစ်ယောက်ကို အမိန့်ပေးသည်။

"သွား...မိုးပြာရောင်နဂါးသစ်ပင်ကို သွားတူးလှည့်.."

"ဟုတ်.. ဟုတ်ကဲ့ပါ.."

ထိုသိုင်းသမားမှာ ကြောက်ရွံ့စွာဖြင့် တုန်ခါနေပြီး သတိဖြင့် အချိန်မရွေး ဝင်ရောက်လာနိုင်သည့် တိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်ထားသည်။

ကျောက်စိမ်းစိတ်ဝိဉာဉ်ဂိုဏ်းရှိ သခင်လေး၏ မျက်လုံးများက ရွှီယန်၏အပေါ်တွင် ဆိုက်ရောက်နေ၏။ ကျန်သူများလည်း တူညီစွာပင်ဖြစ်သည်။

သူတို့အားလုံးသည် ရွှီယန်အား လှုပ်ရှားမှုပြုခဲ့သည်ဟု သံသယဝင်နေကြ၏။ မိုးပြာရောင်နဂါးသစ်ပင်၏ နံဘေးသို့ ရောက်ရှိသည့် သိုင်းသမားက မည်သည့်လှုပ်ရှားမှုမှ မရှိပုံပေါ်သည့် ရွှီယန်ကို ခေါင်းလှည့်ကြည့်သည်။

စိတ်သက်သာရာ ရသွား၏။ သို့ပေမယ့် သတိပျက်ရဲခြင်းမရှိဘဲ သစ်ပင်ကို ဂရုတစိုက်ဖြင့် တူးယူရန်ပြင်ဆင်သည်။

ရုတ်တရက် အလင်းတစ်ချက် လက်သွားပြန်၏။

"စွတ်.."

သိုင်းသမား၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းပင် စိုက်ဝင်သွားပြီး နေရာတွင် လဲကျသေဆုံး၏။

"ဘယ်သူလဲ... ပုံးလျှိုးကွယ်လျှိုးနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မပြရဲဘူးလား.."

ကျောက်စိမ်းစိတ်ဝိဉာဉ်ဂိုဏ်းရှိ သခင်လေးက ဒေါသတကြီးပြောသည်။

ရွှီယန်မှာ မည်သည့်လှုပ်ရှားမှုမှ မပြုခဲ့ပေ။ ဆိုလိုသည်မှာ နောက်ထပ် စွမ်းအားကြီးသည့် ရန်သူတစ်ယောက် ရှိနေ၏။

ဒီတစ်ကြိမ်တွင် ရွှီယန်သည် အလင်းအား ရှင်းလင်းစွာ တွေ့လိုက်ရသည်။ ဤသည်မှာ မြွေတစ်ကောင်ဖြစ်၏။

"စိတ်ဝိဉာဉ်သားရဲ တစ်ကောင်လား.."

ဤသည်မှာ သူ၏ပထမဆုံးအကြိမ် စိတ်ဝိဉာဉ်သားရဲတစ်ကောင်ကို တွေ့ဖူးခြင်းဖြစ်သည်။

ထို့အပြင် ထိုမြွေသည် အံ့သြစရာကောင်းလောက်အောင် စွမ်းအားကြီးမား၏။ အထူးသဖြင့် အမြန်နှုန်းနှင့် ပုန်းအောင်းနိုင်စွမ်း ဖြစ်သည်။

တိုက်ခိုက်သည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးက ကျောက်သလင်းကဲ့သို့ ဖြစ်လာပြီး ဓားခုတ်ချက်တစ်ခုနှယ် ရှိသည်။ သို့ပေမယ့် တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်းပင် အရောင်ပြောင်းသွားပြီး အမှောင်ထုအတွင်း၌ ပျော်ဝင်သွား၏။

ကျောက်စိမ်းစိတ်ဝိဉာဉ်ဂိုဏ်းရှိ သခင်လေးက သူ၏စိတ်ဝိဉာဉ်ဓားကို ကိုင်ဆောင်ရင်းမှ သစ်ပင်အနားသို့ တိုးသွား၏။ အေးစက်စွာ ပြောသည်။

"ငါ့ကိုရော ဘယ်လိုတားမလဲ ဆိုတာကို ကြည့်ချင်သေးတယ်.."

နဂါးသစ်ပင်၏ ရှေ့တွင်ရပ်ကာ ကိုယ်တိုင်တူးယူရန် ပြုလုပ်ခြင်းမရှိပါ။ မဟုတ်ပါက အားနည်းချက်တို့ ပေါ်သွားပြီး အန္တရာယ်အတွင်းသို့ ကျရောက်မှာဖြစ်၏။

"လာခဲ့... သစ်ပင်ကိုလာတူး.."

ခေါင်းကိုလှည့်ကာ ကင်းထောက်သိုင်းသမားတစ်ယောက်အား ခေါ်လိုက်၏။

"ကျွန်တော်...ကျွန်တော်..."

ထိုသိုင်းသမားမှာ ဖြူရော်စွာနှင့် တွန့်ဆုတ်နေပါသည်။

"စွတ်.."

သူ့ကိုခေါ်လာခဲ့သည့် လူငယ်က ရုတ်တရက် လှုပ်ရှားမှုပြုကာ နေရာတွင် ထိုသိုင်းသမားအား သတ်ဖြတ်မှု ပြုလိုက်၏။ အေးစက်စွာ ပြောသည်။

"စိတ်ဝိဉာဉ်ဂိုဏ်းသားတစ်ယောက်ရဲ့ အမိန့်ကို မနာခံတာ သေဖို့ထိုက်တန်တယ်.."

သူက နောက်ထပ်လူတစ်ယောက်ကို လက်ညှိုးထိုးကာ ပြော၏။

"မင်းသွားပြီးတော့ သစ်ပင်ကိုတူး.."

ကင်းထောက်သိုင်းသမားမှာ ဖြူရော်စွာဖြင့် တုန်ရီနေပြီး သစ်ပင်ဆီသို့ ချဉ်းကပ်သွားသည်။ နံဘေးတွင် ကျောက်စိမ်းစိတ်ဝိဉာဉ်ဂိုဏ်းမှ သခင်လေး စောင့်ကြပ်နေမှုကို တွေ့ရပြီးနောက် စိတ်သက်သာရာ ရသွား၏။

ခါးကိုညွှတ်ကာ သစ်ပင်ကို တူးယူရန်ပြ င်ဆင်သည်။

ရုတ်တရက် အလင်းတစ်ချက် လက်သွားပြန်၏။ ကျောက်စိမ်းစိတ်ဝိဉာဉ်ဂိုဏ်းမှ သခင်လေးမှာ ပြင်ဆင်ပြီးဖြစ်သည်။ သူ၏မျက်လုံးများက အေးစက်သွားပြီး ဓားဖြင့်ခုတ်ပိုင်းချလိုက်၏။ သို့ရာတွင် အလင်းမှာရုတ်တရက် ကွေးညွန့်သွားပြီး သူ၏ခုတ်ပိုင်းမှုကို ရှောင်ရှားကာ သစ်ပင်ကို တူးယူနေသည့် သိုင်းသမား၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားသည်။

ပြီးနောက် ပျောက်ကွယ်သွားပြန်၏။

"အဲ့ဒါက စိတ်ဝိဉာဉ်သားရဲ မျိုးနွယ်ကပဲ.."

ဒီအချိန်၌ ကျောက်စိမ်းစိတ်ဝိဉာဉ်ဂိုဏ်းရှိ သခင်လေးက သိရှိသွားပြီး မာထန်စွာပြော၏။

"သားရဲကောင်.. ဘယ်လောက်တောင် ရဲတင်းလိုက်လဲ.."

"အဲ့ကောင်ကို မြန်မြန်သတ်ကြ။ ပြီးမှ ရတနာတွေကို ဘယ်လိုခွဲယူကြမလဲလို့ ဆွေးနွေးမယ်.."

ပါရမီရှင်အားလုံးတို့မှာ ရုတ်တရက် ဒေါသထွက်သွားကြသည်။ သူတို့အားလုံးသည် စိတ်ဝိဉာဉ်သားရဲကို တိုက်ခိုက်ရန် ပြင်ဆင်ကြ၏။

"သတိထားကြ... အဲ့ဒါက စတုတ္ထအဆင့် စိတ်ဝိဉာဉ်သားရဲ တစ်ကောင်ပဲ။ နှောင်းပိုင်းအဆင့် စတုတ္ထအဆင့်မှာ ဖြစ်ဖို့များတယ်.."

သိုက်ကျွင်းက လေးနက်စွာပြောသည်။

အဆင့်လေးအဆင့် စိတ်ဝိဉာဉ်သားရဲတစ်ကောင်သည် ကောင်းကင်လူသားငယ် တစ်ယောက်နှင့် ညီမျှပါသည်။

ပါရမီရှင်များသည် စိတ်ဝိဉာဉ်သားရဲတစ်ကောင်ဖြစ်သည်ဟု နားလည်လိုက်သည်နှင့် ချက်ချင်းပင် လူခွဲကာ လူများစွာတို့က သားရဲအား ထွက်ပြေးနိုင်ခြင်းမရှိစေရန် အဝကို ပိတ်လိုက်ကြသည်။

သင်္ချိုင်းမှာကြီးမားပြီး သားရဲ၏ ပုန်းအောင်းနိုင်စွမ်းက အားကောင်းပေမယ့် ယခုအချိန်၌ ပေါ်သွားပြီးဖြစ်သည်။

မကြာခင်တွင် ရှာတွေ့ကာ ဝိုင်းဝန်းသတ်ဖြတ်မည်ဖြစ်၏။

ရုတ်တရက် အလင်းတစ်ချက် လက်သွားပြန်၏။

ဒီတစ်ကြိမ်တွင် လူသတ်ဖြတ်သည့် တိုက်ခိုက်မှုမဟုတ်ပါ။ အဲ့ဒီ့အစား လကျောက်တုံးဆီသို့ ချိန်ရွယ်ထား၏။

"ဘုန်း.."

လကျောက်တုံးဟာ ပျောက်ကွယ်သွားသည်။

"ရပ်စမ်း.."

ပါရမီရှင်အုပ်စုမှာ ဒေါသတကြီးဖြစ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်မှုပြုကြ၏။ သို့ပေမယ့် သူတို့သည် သင်္ချိုင်းအတွင်းရှိ ရတနာများကို ထိခိုက်မည်အား စိုးရိမ်နေရာ အများကြီး ထိန်းချုပ်ထားကြသည်။

သေးငယ်သည့်မြွေမှာ အလွန်လျှင်မြန်စွာ ရွေ့လျားပြီး တိုက်ခိုက်မှုများကို ရှောင်ရှားရင်းမှ သင်္ချိုင်းအတွင်းတွင် ရွေ့လျားနေ၏။ လျှပ်တပြက် အလင်းလက်တိုင်းတွင် လကျောက်တုံးတစ်ခု ပျောက်ကွယ်သွားခဲ့သည်။ တဖြည်းဖြည်းနှင့် သင်္ချိုင်းမှာ စတင်မဲမှောင်လာခဲ့၏။

ကျောက်စိမ်းစိတ်ဝိဉာဉ်ဂိုဏ်းမှ သခင်လေးက အခွင့်အရေးကိုယူကာ ရုတ်တရက် ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ အလင်းကို လွင့်စင်သွားစေ၏။

ပါရမီရှင်အုပ်စုတို့လည်း ထိုအလင်းဆီသို့ တိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်ကြသည်။

ထိုအချိန်၌ ရွှီယန်မှာ မိုးပြာရောင်နဂါးသစ်ပင်၏ အရှေ့သို့ ရောက်ရှိနေပြီးဖြစ်၏။ သူသည် ဂေါ်ပြားတစ်ခုကိုထုတ်ကာ စတင်တူးယူသည်။

မြွေလေးကို ဝိုင်းဝန်းသတ်ဖြတ်ရန်အတွက် ပါရမီရှင်အုပ်စုကို ထားထားလိုက်၏။ ဒီအချိန်၌ သင်္ချိုင်းမှာ မှောင်မဲနေပြီး ဖြစ်သည်။ အထူးသဖြင့် မိုးပြာရောင်နဂါးသစ်ပင် တစ်ဝိုက်နေရာတွင် ဖြစ်၏။

ပါရမီရှင်အားလုံးတို့မှာ မြွေကိုဝိုင်းဝန်သတ်ဖြတ်ရန် အာရုံစူးစိုက်နေကြရာ ရွှီယန်၏ သစ်ပင်တူးမှုကို သတိမထားမိကြပေ။

မိုးပြာရောင်နဂါးသစ်ပင်ကို တူးယူပြီးနောက် ချိတ်ပိတ်မှုပြုကာ သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။

ရွှီယန်သည် မုန့်ရှူရှူဆီမှ ဆေးပင်များအား ချိတ်ပိတ်သည့်နည်းလမ်းကို သင်ကြားပြီးဖြစ်၏။

နောက်သို့လှည့်ကြည့်လိုက်ပြီးနောက် မြွေကိုဝိုင်းဝန်းတိုက်ခိုက်ကာ ကျိန်ဆဲနေကြဆဲရှိသည့် ပါရမီရှင်အုပ်စုကို တွေ့လိုက်ရသည်။ မြွေလေးမှာ အလွန်အမြန်ဆန်လှပြီး လူတစ်ယောက်အနေနှင့် သတိမထားပါက အလွယ်တကူ ဒဏ်ရာရရှိနိုင်၏။ အခွင့်အရေးရသည်နှင့် လကျောက်တုံးတစ်တုံးကို ပျောက်ကွယ်သွားစေသည်။

ရွှီယန်သည် မြွေ၏ရည်ရွယ်ချက်ကို ရိပ်စားမိ၏။

သင်္ချိုင်းသာ လုံးဝမဲမှောင်သွားပါက မြွေ၏အမဲလိုက်ချိန်သို့ ပြန်လည် ကျရောက်မှာဖြစ်သည်။

မိုးပြာရောင်နဂါးသစ်ပင်ကို သိမ်းဆည်းပြီးနောက် သူသည် နဂါးမျက်လုံးသစ်သီးအား သွားရောက်ခူးယူ၏။

ရွှီယန်သည် မြေပြင်ပေါ်တွင်ထိုင်ကာ နဂါးမျက်လုံးအသိများကို ဂရုတစိုက် ခူးယူနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ မည်သည့်စကားမှမဆိုဘဲ တစ်ချက်ကြည့်လိုက်၏။

ရှန်ဟိုင်ကျိုးမှာ အနည်းငယ်နေရခက်စွာ ဖြစ်သွားသည်။

"ဒါက မင်းအတွက်ပါ... ညီအစ်ကို ဒါတွေအားလုံးက မင်းအပိုင်ပဲ.."

သူသည် နဂါးမျက်လုံးအသီးများကို ရွှီယန်၏လက်ထဲသို့ ထိုးထည့်ပြီးနောက် နောက်သို့ဖြေးညှင်းစွာ ဆုတ်သွား၏။

"အတူတူခူးရအောင် မြန်မြန်လုပ်.."

ရွှီယန်က နဂါးမျက်လုံးသစ်သီးကို သိုလှောင်အိတ်အတွင်းသို့ ထည့်ရင်းက ပြောသည်။

သင်္ချိုင်းသည် လုံးဝမဲမှောင်လုနီးပါး ဖြစ်နေပါပြီ။ အမှောင်ထုကျဆင်းသွားပါက နဂါးမျက်လုံးသစ်သီးအား ခူးယူချိန်တွင် ထိခိုက်မှုများရှိလာနိုင်၏။

"အွန်း အွန်း.."

ရှန်ဟိုင်ကျိုးက အမြန်ခေါင်းငြိမ့်သည်။ ထို့နောက်နှစ်ယောက်သား အသီးများကို စတင်ခူးယူ၏။

တိုက်ပွဲမှာတော့ ပိုမိုကာ ပြင်းထန်လာပြီး သင်္ချိုင်းမှာလည်း ပိုမိုပိုမိုကာ မဲမှောင်လာခဲ့သည်။

"ညီအစ်ကို... ငါတို့တွေခူးတာ ကုန်ပြီ။ ဒီမှာအသီးတွေ.."

နောက်ဆုံးတွင် နဂါးမျက်လုံးအသီးအားလုံးကို ခူးယူပြီးနောက် ရှန်ဟိုင်ကျိုးက ရွှီယန်ကို ပေးသည်။

"ငါက တစ်ဖက်သတ်နိုင်တဲ့လူ မဟုတ်ဘူး။ မင်းခူးထားတဲ့ နဂါးမျက်လုံးသစ်သ ၉၀%ကိုပဲ ငါ့ကိုပေး.."

ရွှီယန်က လေးနက်စွာ ပြောသည်။

ရှန်ဟိုင်ကျိုးမှာ စိတ်ထဲတွင် ကျိန်ဆဲမိ၏။

"ဒါက တစ်ဖက်သတ်မဆန်တာလား.."

"ညီအစ်ကို... မင်းကအရမ်းကို ကြင်နာတတ်တာပဲ... ငါ့လိုမျိုး လူစိမ်းတစ်ယောက်ကိုတောင် ဂရုစိုက်ပေးတယ်။ ကျေးဇူးအများကြီးတင်ပါတယ်.."

ရှန်ဟိုင်ကျိုးမှာ နက်ရှိုင်းစွာ ခံစားသွားရပုံပေါ်၏။ သူသည် နဂါးမျက်လုံးသစ်သီးအနည်းငယ်ကို ယူထားကာ ကျန်သည်များကို ရွှီယန်၏ သိုလှောင်အိတ်အတွင်းသို့ ထည့်ပေးလိုက်သည်။

ထိုအချိန်၌ တိုက်ပွဲ၏အသံက ရုတ်တရက် ရပ်တန့်သွား၏။ သင်္ချိုင်းမှာ လုံးဝမဲမှောင်သွားခဲ့သည်။ သင်္ချိုင်း၏ထိပ်ရှိ အကြီးမားဆုံး လကျောက်တုံးတစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။

၎င်း၏အလင်းက သင်္ချိုင်းကို မှိန်ပြသည့် အလင်းရောင်တစ်ခု ပေးထားသည်။ သိုက်ကျွင်းတို့မှာ လုံးဝမှင်သက်နေကြ၏။ သူတို့အားလုံးသည် စိတ်ဝိဉာဥ်သားရဲကို ဝိုင်းဝန်းကာ သတ်ဖြတ်နေကြပြီး တစ်ဖက်လူမှာတော့ စိတ်ဝိဉာဉ်ဆေးပင်များကို တိတ်တဆိတ် ခူးယူနေသည်လား။

ထို့အပြင် ခွေးကောင် ရှန်ဟိုင်ကျိုးသည် စိတ်ဝိဉာဉ်မိသားစုများ၏ ဂုဏ်သိက္ခာကို အမှန်တကယ် ပျက်စီးအောင်လုပ်နေပါသည်။

မြွေလေးမှာ ပါးစပ်ဖြင့် သွေးများကို ယပ်နေပြီး တိုက်ပွဲအတွင်းတွင် ဒဏ်ရာများရရှိထား၏။ သူသည် အလွန်မြန်ဆန်ပြီး တိုက်ခိုက်မှု၉၉%လောက်ကို ရှောင်ကြဉ်နိုင်လျှင်တောင် ဖြစ်သည်။

ဒီအချိန်၌ မျက်လုံးလေးများသည် ပြူးကျယ်နေပြီး ခန္ဓာကိုယ်ပေါ်မှ အဖြူရောင်မီးတောက်များ မြင့်တက်လာခဲ့၏။

"ငါမင်းကိုသတ်မယ်... ဘယ်လိုလုပ်ပြီး ငါ့ရဲ့အဖိုးတန်ဆေးပင်တွေကို ခိုးယူရဲတာလဲ.."

"ဘုန်း.."

မြွေလေးမှာ ရုတ်တရက် ပေ၃၀ကြီးမားသည့် မြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ခန္ဓာကိုယ်က ကျောက်သလင်းကဲ့သို့ရှိပြီး အဖြူရောင်မီးတောက်များ ဖုံးလွှမ်းနေပါသည်။ ခေါင်းကိုမော့ကာ ဒေါသတကြီးကြည့်၏။

"ဒါက ကျောက်သလင်းမြွေပဲ.."

ရှန်ဟိုင်ကျိုးက အံ့ဩစွာအသံပြုသည်။

သိုက်ကျွင်းနှင့် အခြားလူများလည်း ရွှီယန်ကို ဒေါသထွက်စွာ ကြည့်နေကြ၏။

"စိတ်ဝိဉာဉ်ဆေးပင်တွေပေး။ ဒါမှမဟုတ်ရင် ငါတို့ကို..."

ရွှီယန်က သူတို့ကိုလျစ်လျူရှု့ကာ မြွေကိုအံ့ဩစွာကြည့်သည်။

"ဒီကောင်က စကားပြောနိုင်တာလား.."

မဟာနတ်ဆိုးတစ်ကောင် ဖြစ်သည့် ကြောင်နီပင်လျှင် စကားပြောနိုင်ခြင်းမရှိပေ။

"ပုံမှန်ဆိုရင် စိတ်ဝိဉာဉ်သားရဲတွေက လူသားဘာသာစကားကို မပြောနိုင်ဘူး။ အဆင့်ခြောက်စိတ်ဝိဉာဉ်သားရဲတွေပဲ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုပြုနိုင်တာ။ ဒါပေမယ့် ဒီကျောက်သလင်းမြွေကတော့ ထူးခြားတယ်။ သူတို့က လူသားဘာသာစကားကို ပြောနိုင်ကြတယ်.."

ရှန်ဟိုင်ကျိုးက ဂရုတစိုက်ဖြင့် နောက်ဆုတ်ရင်းက ရှင်းပြ၏။

"သေလိုက်တော့.."

မြွေက ဒေါသတကြီးဖြင့် ကြီးမားသော ခန္ဓာကိုယ်ဖြင့်မာန်ဖီကာ ကြာပွတ်ကြီးတစ်ချောင်းသဖွယ် တိုက်ခိုက်လာခဲ့သည်။

ရွှီယန်က လှုပ်ရှားမှုပြုလိုက်တော့မည့် အချိန်၌ သူ၏ပုံစံက ပြောင်းလဲသွားပြီး လျှပ်တပြက် ရှောင်ထွက်သွား၏။

ခဏအတွင်း နေရာကိုပြောင်းလဲလိုက်သည်။

"တယ်လီပို့ခြင်း..."

"ဘုန်း.."

ကျောက်သလင်းမြွေ၏ ကြီးမားသည့် အမြှီးကြီးက ရွှီယန်ရပ်နေခဲ့သည့် နေရာသို့ ပြင်းထန်စွာ ထိမှန်၏။ သင်္ချိုင်းတစ်ခုလုံးကို တုန်ခါသွားစေသည်။

နေရာတိုင်းတွင် ကျောက်စများ လွင့်စင်နေပြီး အနက်ရောင်မြူမှုန်များ မြင့်တက်လာခဲ့၏။

"စိတ်ဝိဉာဉ်ဆေးပင်တွေကို တစ်ယောက်တည်း သိမ်းပိုက်ဖို့ မစဉ်းစားနဲ့။ အခုချက်ချင်းပေး.."

စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်များက ဒေါသတကြီးအော်ကာ ရွှီယန်ကို အသီးသီး တိုက်ခိုက်လိုက်ကြသည်။ ရွှီယန်၏ ပုံရိပ်က လက်သွားပြန်၏။ လျှပ်တပြက်အတွင်းတွင် နေရာကို ပြောင်းလဲလိုက်သည်။

ကျောက်သလင်းမြွေကလည်း တိုက်ခိုက်လာပြန်၏။

အရိပ်တစ်ခုသည် သင်္ချိုင်း၏ နံရံအတိုင်း တိတ်ဆိတ်စွာ ရွေ့လျားနေပြီး မျက်လုံးများက သင်္ချိုင်းအလယ်ရှိ ခွေနေသည့် နဂါးကြီးကို စူးစိုက်စွာ ကြည့်နေပါသည်။

သူ၏နဖူးမှ ချွေးစေးများစီးကြလာခဲ့၏။

ရှန်ဟိုင်ကျိုးသည် တံတွေးကိုမျိုချပြီး နှလုံးသားက တုန်ခါစွာရှိနေ၏။ ကျောက်သလင်းမြွေက တိုက်ခိုက်လိုက်သည့်အချိန်၌ ရစ်ခွေနေသည့် နဂါးကြီးပေါ်တွင် လှိုင်းတစ်ခု ရေးတေးတေး ပေါ်လာကြောင်းကို သူတွေ့လိုက်ရသည်။ ဤသည်မှာ ဒီဗိုင်းဝိဉာဉ်အားတစ်ခုလေလား။ ဖြစ်နိုင်သည်မှာ မိုးပြာရောင်ကောင်းကင်နဂါးသည် မသေဆုံးပေဘူးလား။

ထိုဖြစ်နိုင်ခြေကို တွေးမိပြီးနောက် သူ၏ခြေထောက်များက အနည်းငယ် ပျော့ခွေလာခဲ့သည်။

ကျောက်သလင်းမြွေနှင့် ပါရမီရှင်များက ရွှီယန်ကို တိုက်ခိုက်နေသည်အား အခွင့်ကောင်းယူကာ ဖြေးညှင်းစွာ ရွေ့လျားရင်း မည်သူမှ သတိမထားမိအောင် ဆုတ်ခွာသွား၏။ အဝင်ဝတွင် တိတ်ဆိတ်စွာ ရပ်သွားသည်။

သို့ရာတွင် ချက်ချင်းထွက်ခွာသွားခြင်း မရှိပါ။ သူသည် သင်္ချိုင်းအတွင်းရှိ အရှုပ်အထွေးများကို ကြည့်ရှု့နေ၏။

ရွှီယန်မှာ သင်္ချိုင်းအတွင်းတွင် ရှောင်ရှားနေရင်းမှ ထူးဆန်းသည့် လှုပ်ရှားမှုဖြင့် ထွက်ခွာသွားသည့်လူကိုကြည့်ကာ နက်ရှိုင်းစွာအံ့သြသွားသည်။ ဒီညီအစ်ကို၏ ခွန်အားသည် အမှန်တကယ်ကို စွမ်းအားကြီးမားလှ၏။

"ဝှစ်.."

ရွှီယန်သည် သူ၏တည်နေရာကို ပြောင်းလဲကာ လျှပ်တပြက်အတွင်း ရစ်ခွေနေသည့် နဂါး၏အရှေ့သို့ ရောက်ရှိသွားသည်။

ထိုအချိန်၌ ကျောက်သလင်းမြွေက ဒေါသတကြီးဖြင့် ရိုက်ချလာခဲ့၏။

All Chapters