← Chapters

မိုးပြာရောင်ကောင်းကင်နဂါး၏ ပြောင်းလဲမှုများ(၂)

Vol. 27 Ch. 401

မိုးပြာရောင်ကောင်းကင်နဂါး၏ ပြောင်းလဲမှုများ(၂)

Vol. 27 Ch. 401

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ သခင်လေးမှာ စက္ကန့်နှင့်အမျှ ပိုမိုပိုမိုကာ အံ့ဩလာခဲ့သည်။

"မိုးပြာရောင်ကောင်းကင်နဂါး ပီသပါပေတယ်။ သူနဲ့အတူ မြှုပ်နှံဖို့အတွက် စိတ်ဝိဉာဉ်ဆေးပင်တွေ အများကြီးကို ရယူနိုင်ခဲ့တယ်.."

သိုက်ကျွင်းက သက်ပြင်းချသည်။

အခြားပါရမီရှင်များလည်း အသီးသီးခေါင်းငြိမ့်ကြ၏။ သေဆုံးပြီးတာ အချိန်အတော်ကြာပြီး ဖြစ်ပေမယ့် အလောင်းကပင် ကြီးမားသည့်ဖိအားကို ပေးစွမ်းနေဆဲရှိသည်။ နှလုံးသားထဲတွင် အန္တရာယ်ရှိသည့် ခံစားချက်အား ရစ်ဝဲနေစေ၏။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကိုပင် ဝါးမျိုနိုင်သည့် အဆင့်ခြောက် အထွတ်အထိပ်ရှိ စိတ်ဝိဉာဉ်သားရဲတစ်ကောင် ပီသလှပါသည်။

ရွှီယန်သည် နဂါးကြီး၏ အလောင်းကို အနီးကပ် စူးစမ်းပြီးနောက် မူမမှန်မှု အချို့ကို သတိထားမိလိုက်သည်။ ခုနက နဂါး၏အလောင်းဆီမှ ဒီဗိုင်းဝိဉာဉ်လှိုင်းတစ်ခုရေးတေးတေး ထွက်လာခဲ့တာ ဖြစ်ရပေမည်။ သို့ပေမယ့် သေဆုံးပြီးသည့် နဂါးတစ်ကောင်တွင် ဘယ်လိုလုပ်ပြီး ဒီဗိုင်းဝိဉာဉ်လှိုင်းတစ်ခု ထုတ်လွှတ်နိုင်မည်နည်း။

ထို့အပြင် စိတ်ဝိဉာဉ်ဆေးပင်များဖြစ်သည့် ပီယိုသဲ၊ ယင်မင်ပန်းနှင့် သိယင်နွယ်ပင်တို့အားလုံးမှာ ဆေးအာနိသင်များ ဆုံးရှုံးနေပြီး ဖြစ်သည်။

အထူးသဖြင့် ပီယိုသဲများ ဖြစ်၏။ ၎င်းရှိ ယင်စွမ်းအားမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါသည်။ အလောင်းက စုပ်ယူသွားသည့်ဟန် ပေါ်၏။

ဒီနေရာတွင် ကြီးမားလှသည့် မိုးပြာရောင်နဂါးကြီးသည် ရစ်ခွေနေပြီး ဦးခေါင်းက အနည်းငယ်မော့ထားသည်။

ဦးချိုမှာ အနက်ရောင် ပြောင်းနေ၏။ မျက်လုံးများမှိတ်ထားကာ အသက်ရှူခြင်း မရှိတော့ပေ။

"ဒါက..."

ရုတ်တရက် ရွှီယန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ တစ်ခုခုမှားယွင်းနေကြောင်းကို နားလည်လိုက်၏။

မိုးပြာရောင်နဂါး၏ ကြေးခွံများအကြားတွင် အမွှေးများပေါက်နေ၏။ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြေးခွံများအကြားတွင် ပေါက်ရောက်နေပြီး ကြည့်ရသည်မှာ သေဆုံးပြီးမှ ကြီးထွားလာခဲ့ဟန် ရှိသည်။

လျှပ်တပြက်အတွင်း ရွှီယန်တစ်ယောက် သူဖတ်ခဲ့ဖူးသည့် ပုံပြင်စာအုပ်မှ မကောင်းဆိုးဝါးစိတ်ဝိဉာဉ်မှတ်တမ်းတစ်ခုကို တွေးမိလိုက်သည်။

"ဖင်းအလောင်း..."

'မိုးပြာရောင်နဂါးက အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားတာလား..'

ကိုယ့်ကိုယ်ကိုယ် အံ့သြစွာတွေးမိ၏။

'မဟုတ်ဘူး... ဒီမှာရှိတဲ့ အစီအမံတွေကို ကြည့်ရတာ ဖြစ်နိုင်တာက မိုးပြာရောင်ကောင်းကင်နဂါးက ပြောင်းလဲဖို့ အထူးစီစဉ်ထားတာပဲ..'

ထိုအချိန်၌ ရွှီယန်တစ်ယောက် အရိုးထဲအထိ အေးစိမ့်စွာ ခံစားလိုက်ရသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့် မိုးပြာရောင်နဂါးသာ အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားပါက မည်မျှကြောက်ဖို့ကောင်းလိုက်မည်နည်း။

သူ၏အကြည့်က ရုတ်တရက် နဂါး၏ဝမ်းဗိုက်ဖြူမှ ထွက်ပေါ်နေသည့် လက်သည်းနှစ်ခုအပေါ်သို့ ကျရောက်သွားသည်။

"ဒါက အခုမှ ထွက်လာတာလား..."

လျှပ်တပြတ်အတွင်း ရွှီယန်သည် တိတ်တဆိတ်အံ့သြသွား၏။ မိုးပြာရောင်နဂါးသည် မသေဆုံးတာ သို့မဟုတ် သူခန့်မှန်းထားသည့်အတိုင်း အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားတာ ဖြစ်ပေလိမ့်မည်။

ရုတ်တရက် ဂူအတွင်းသို့ အလင်းတန်းတစ်ခု ဝင်ရောက်လာပြီး နဂါးအလောင်းပေါ်သို့ တည့်မတ်စွာဦးတည်သွား၏။

"ကာကြ.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ သခင်လေးက ဓားကိုဝှေ့ရမ်းကာ ကျောက်သလင်းမြွေကို တားဆီးရန် ကြိုးစားသည်။

သို့ရာတွင် မြွေမှာ အခွင့်အရေးရတုန်း ရုတ်တရက် တိုက်ခိုက်လာခြင်းဖြစ်ရာ ပါရမီရှင်များအနေနှင့် တုံ့ပြန်ရန် အလျှင်မှီခြင်း မရှိပေ။

"ဘုန်း.."

ကျောက်သလင်းမြွေသည် နဂါးဦးခေါင်းပေါ်သို့ လျှပ်တပြက်အတွင်း ရောက်ရှိသွား၏။ ၎င်း၏လျှာက ဝင်ချည်ထွက်ချည်ဖြစ်နေပြီး ဒေါသတကြီးပြောသည်။

"ဒါက ငါ့ဟာပဲ။ ဒါတွေအားလုံးက ငါ့အပိုင်ပဲ။ မင်းတို့သူခိုးတွေ.."

ဦးခေါင်းကို ကွေးညွှတ်ကာ ရုတ်တရက် နဂါး၏ နှာခေါင်းပေါက်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

"ဘဇ်.."

လှိုင်းတစ်ခု ပျံ့နှံ့လာ၏။ ရွှီယန်မှာ လျှင်မြန်စွာရွေ့လျားပြီး ဂူ၏အဝဆီသို့ ပြေးထွက်သွားသည်။

ကျောက်သလင်းမြွေက နဂါး၏ နှာခေါင်းပေါက်အတွင်းသို့ ဝင်ရောက်သည်နှင့် ကြီးမားသည့် ဖိအားတစ်ခု ရုတ်တရက် မြင့်တက်လာခဲ့၏။

"ပြေးကြ.."

ပါရမီရှင်အုပ်စုမှာလည်း တစ်ခုခုမှားယွင်းနေကြောင်းကို နားလည်လိုက်ကြသည်။

"အချီး.."

မိုးခြိမ်းသကဲ့သို့ ကျယ်လောင်သည့် နှာချေသံတစ်ခုထွက်ပေါ်လာ၏။ ရစ်ခွေနေသည့် နဂါးကြီး၏ ဦးခေါင်းက တွန့်ကွေးလာပြီး ကျောက်သလင်းမြွေမှာ လွင့်စင်ထွက်လာခဲ့သည်။ တင်းကြပ်စွာ မှိတ်ထားသည့် မျက်လုံးများက ရုတ်တရက် ပွင့်လာ၏။

"ဝေါင်း.."

ကြမ်းကြုတ်သည့် အကြည့်က ပါရမီရှင်အုပ်စုအပေါ်သို့ ကျရောက်သွားပြီး ရုတ်တရက် ပါးစပ်ကိုကျယ်လောင်စွာဟကာ တစ်ယောက်ကို ကိုက်ချလိုက်သည်။

ဂူ၏ အဝင်ပေါက်မှာ အားလုံး ထွက်ပြေးနိုင်ရန်အတွက် ကျဉ်းမြောင်းလွန်းလှပါသည်။ ထို့ကြောင့် နဂါးကြီးကို တန်ပြန်တိုက်ခိုက်ရ၏။

သို့ရာတွင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ သခင်လေးနှင့် သိုက်ကျွင်းတို့မှာ ဝင်ပေါက်သို့ ဦးဆုံးရောက်ရှိကာ အပြင်ဘက်သို့ ထွက်ပြေး လွတ်မြောက်လာကြသည်။

နဂါးကြီး၏ ကြောက်မက်ဖွယ် သွားများအကြားမှ မီးခိုးရောင်အငွေ့များ ထွက်ပေါ်လာပြီး ပုပ်သိုးသည့်ရနံ့တို့ လေထဲတွင် ပျံ့နှံလာခဲ့သည်။

ပစ်မှတ်ထားခံရသည့် သခင်လေးမှာ အလန့်တကြားဖြစ်သွားပြီး ကင်းထောက်သိုင်းသမားတစ်ယောက်ကို ဆွဲယူကာ နဂါးကြီး၏ ပါးစပ်ဆီသို့ လှမ်းပစ်လိုက်သည်။

"ဂျွတ် ဂျွတ်..."

နဂါးကြီးမှာ ဝါးလိုက်ရင်းက သိုင်းသမား၏ ခန္ဓာကိုယ်တစ်ခုလုံးကို မျိုချလိုက်သည်။

ယခုမှ စတင်နိုးထပြီး မှင်သက်နေဆဲရှိချိန်တွင် အသွေးအသားတစ်လုတ်က ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိလာခဲ့၏။ နဂါးသည် တစ်ခုခု၏ လှုံ့ဆော်ခြင်းကို ခံလိုက်ရသည့်အလား မျက်လုံးထဲ၌ သွေးဆာသည့် အလင်းရောင်တို့ ပေါ်ထွက်လာခဲ့သည်။ ရုတ်တရက် လှုပ်ရှားတက်ကြွလာသည့်ဟန်ရှိ၏။

"တိုက်ခိုက်ကြ.."

ပါရမီရှင်အုပ်စုမှာ ထိတ်လန့်နေပြီး ရုတ်တရက် တိုက်ခိုက်မှုပြုကြသည်။

ကျယ်လောင်သော အသံနှင့်အတူ ဂူဝမှာ ပွင့်ထွက်သွား၏။ အားလုံး စတင်ထွက်ပြေးကြသည်။

မိုးပြာရောင်နဂါးကြီးသည် အသက်ရှင်နေသည်လား။

"ဝေါင်း.."

ကျယ်လောင်သော အသံက ထွက်ပေါ်လာပြီး နဂါးကြီး၏ ကြီးမားသောခန္ဓာကိုယ်က ရွေ့လျားလာခဲ့သည်။

၎င်း၏ရွေ့လျားမှုနှင့်အတူ သင်္ချိုင်းမှာ ကျယ်လောင်သော ဆူညံသံများနှင့် စတင်ပြိုလဲလာခဲ့၏။ ကျောက်နက်တောင်မှာလည်း လှုပ်ခါနေတော့သည်။

အပြင်ဘက်ရှိ တိမ်မဲနွံမှာလည်း ခါရမ်းနေပြီး အဆိပ်မြူများ စတင်ထွက်ပေါ်လာ၏။

"ကြောက်ဖို့ကောင်းလိုက်တာ... ဒီကနေ မြန်မြန်လေးထွက်ကြရအောင်.."

ကျောက်နက်တောင်၏ အပြင်ဘက်တွင် ရှန်ဟိုင်ကျိုး၏ မျက်နှာက ကြီးစွာပြောင်းလဲသွား၏။ သူသည် ဂူထဲသို့ မဝင်ရောက်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ တစ်ခုခုမှားယွင်းနေကြောင်းကို နားလည်လိုက်သည်နှင့် ချက်ချင်းထွက်ပြေးခဲ့ခြင်း ဖြစ်၏။

ဘေးရှိရွှီယန်မှာလည်း ဒီဗိုင်းဝိဉာဉ်၏ လှိုင်းထမှုရေးတေးတေးကို သတိထားမိသည်နှင့် လျှင်မြန်စွာ ထွက်လာခဲ့သည်။

တိမ်မဲနွံမှာ ဆူပွက်နေပြီး ကျောက်နက်တောင်မှာ လှုပ်ခါနေ၏။ အဆိပ်မြူများမှာ ပျံ့နှံ့လာခဲ့ပြန်သည်။

"ဘုန်း.."

အခိုက်အတန့်တစ်ခုတွင် ကျောက်နက်တောင်တစ်ခုလုံး ပေါက်ကွဲထွက်သွား၏။ အပြာပုတ်ရောင်ကျောပြင်နှင့် အဖြူရောင်ဝမ်းဗိုက်ရှိသည့် နဂါးကြီးသည် လေထဲသို့ ပျံတက်လာပြီး ကောင်းကင်တွင်ရစ်ဝဲနေ၏။

ပုံပျက်ပန်းပျက်နှင့် ထွက်ပြေးလာသည့် လူငယ်တစ်စုက တိမ်မဲနွံ၏ အပြင်ဘက်သို့ ထွက်ပြေးရန် ကြိုးစားကြသည်။

"အုန်း.."

ရုတ်တရက် ဒီဗိုင်းဝိဉာဉ်ဖိအားက သက်ဆင်းလာ၏။ ထွက်ပြေးနေသည့် လူများမှာ လျှပ်တပြက်အတွင်း အေးခဲသွားကြပြီး တောင်ကြီးတစ်ခု၏ ဖိနှိပ့်ထားခြင်းကို ခံရသည်ဟု ခံစားလိုက်ရသည်။

ရှန်ဟိုင်ကျိုးမှာ အဝေးသို့ ရောက်ရှိနေပြီးဖြစ်ကာ တိမ်မဲနွံမှ ထွက်ခွာတော့မှာပါ။ ထိုအချိန်၌ နောက်သို့လှည့်ကြည့်လိုက်ပြီးနောက် အရပ်မျက်နှာအားလုံးတို့၌ အဆိပ်မြူများ ပျံ့နှံ့လာမှုကို တွေ့လိုက်ရ၏။

တိမ်မဲနွံမှ ကြီးမားသည့် ပူစီဖောင်းများ ထွက်ပေါ်လာ၏။ ဆိုးရွားသည့်ရနံ့နှင့် အဆိပ်မြူများက နဂါးကြီးဆီသို့ စီးဝင်သွားကြသည်။

"မိုးပြာရောင်ကောင်းကင်နဂါးက မသေဘူးလား။ ဘယ်လိုဖြစ်နိုင်မှာလဲ.."

ရှန်ဟိုင်ကျိုးမှာ ထိတ်လန့်နေ၏။

မိုးပြာရောင်ကောင်းကင်နဂါးသည် တစ်ချိန်က ၎င်း၏စွမ်းအားနှင့် ထည်ဝါမှုကြောင့် နာမည်ကျော်ကြားခဲ့သည်။

သို့ပေမယ့် ဤသည်မှာ များစွာကြာလွန်းလှပြီ ဖြစ်၏။ အဆင့်ခြောက် အထွတ်အထိပ် စိတ်ဝိဉာဉ်သားရဲတစ်ကောင်သည် ယခုအချိန်အထိ အသက်ရှင်ရန် မဖြစ်နိုင်ပေ။ တစ်ခုခု မှားယွင်းနေပါပြီ။ ရှန်ဟိုင်ကျိုးကို ကြက်သီးများ ထလာစေ၏။

အဆိပ်မြူများနှင့် အနံ့ဆိုးများသည် မိုးပြာရောင်ကောင်းကင်နဂါးဆီသို့ ဝင်ရောက်သွားကြပြီး ကြည့်ရသည်မှာ နဂါးကြီးက ၎င်းတို့ကို စုပ်ယူနေဟန်ရှိသည်။

All Chapters