← Chapters

မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်းအတွင်းသို့ ဝင်ရောက်ခြင်း

Vol. 27 Ch. 396

မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်းအတွင်းသို့ ဝင်ရောက်ခြင်း

Vol. 27 Ch. 396

ရွှီယန်၏ အကြည့်ရောက်ရှိလာမှုကို တွေ့ရသောအခါ ရှန်ဟိုင်ကျိုးက အပြုံးတစ်ခုကို အမြန်ဆင်မြန်းသည်။

"ဒီခွေးကောင် သိုက်ကျွင်းက ကျွန်တော်တို့မိသားစုရဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဂုဏ်သတင်းကို အသုံးပြုပြီး ညီအစ်ကိုကိုတောင် ခြိမ်းခြောက်ရဲတယ်။ တကယ့်ကို လွန်ကျူးတာပဲ.."

"ဒါကြောင့်မို့လို့ ဒီအတိုင်းကြည့်မနေနိုင်ဘဲ သင်ခန်းစာပေးလိုက်တာ.."

ရွှီယန်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။

ခေါင်းပြန်လှည့်သွားပြီး သိုင်းပညာကိုသာ ဆက်လက်လေ့လာနေလိုက်၏။

ဒီအဖြစ်အပျက်အပြီးတွင် တိမ်မဲနွံတစ်ဝိုက်ရှိ ပါရမီရှင်များလည်း တိတ်ဆိတ်သွားပြီး လျှို့ဝှက်ဆန်းကြယ်သည့် ဒီလူငယ် ရွှီယန်ကိုသာ စူးစမ်းနေမိကြသည်။

တစ်ဖက်လူ၏ စွမ်းအားသည် မေးခွန်းထုတ်စရာမရှိလောက်အောင် အလွန် စွမ်းအားကြီးမား၏။ ခန့်မှန်းရသည်မှာ စွမ်းအားကြီးမားသည့် စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်တစ်ယောက် သို့မဟုတ် လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်ပေလိမ့်မည်။

လေလွင့်သိုင်းသမားများ အတွင်းတွင်လည်း ပါရမီရှင်များ မရှိတာမဟုတ်ပေ။ သို့ပေမယ့် ယွီကျိုးတွင် ယခုကဲ့သို့ လူငယ်ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသည်ဟု ကြားဖူးခြင်းမရှိပါ။

ဖြစ်နိုင်သည်မှာ အခြားဒေသမှ လေလွင့်သိုင်းသမားပါရမီရှင်တစ်ယောက်လေလား။

ထိုကဲ့သို့သော ပါရမီရှင်လေလွင့်သိုင်းသမားတစ်ယောက်ကို အင်အားကြီးအဖွဲ့အစည်းများက ခေါ်ယူလေ့ရှိသည်။

အလွန်မာနကြီးသည့် လေလွင့်သိုင်းသမားအနည်းငယ်မှလွဲ၍ အများစုတို့သည် သူတို့၏ပါရမီအတိုင်း စွမ်းအားကြီးအဖွဲ့အစည်းများအတွင်းသို့ ဝင်ရောက်လေ့ရှိကြသည်။

ဘာပဲဖြစ်ဖြစ် အရိပ်အတွက် သစ်ပင်ကြီးတစ်ပင်အပေါ်တွင် မှီခိုရခြင်းက ကောင်းမွန်၏။ ပြီးနောက်သူတို့သည် အောက်ခြေအဆင့် သိုင်းသမားများအဖြစ်မှ တစ်ခါတည်း နောက်ခံတို့ မြင့်တက်သွားလေ့ရှိသည်။

ရှိနေကြသည့် လူငယ်ပါရမီရှင်များသည် ရွှီယန်ကို ထိုပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်မည်ဟု တွေးမိကြ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ ထူးကဲလှသည့် ပါရမီနှင့် အင်အားကြီးအဖွဲ့အစည်း တစ်ခုခုမှ သေချာပေါက် ခေါ်ယူလာမှာ ဖြစ်သည်။

ထို့နောက် သူ၏မာနကြီးမှုကြောင့် ယခုကဲ့သို့ ကိစ္စကြီးတွင်ပင် ဂိုဏ်းအဖွဲ့အစည်း၏ သင်္ကေတဝတ်စုံအား ဝတ်ဆင်မထားခြင်း ဖြစ်ပေလိမ့်မည်။

မဟုတ်ပါက အမောက်မာဆုံး လေလွင့်သိုင်းသမားတစ်ယောက်ပင်လျှင် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားရှိသည့် ပထမတန်းစား မိသားစုတစ်ခု၏ အမျက်ဒေါသရှေ့တွင် အကြောက်အလန့်ကင်းစွာ နေနိုင်မည် မဟုတ်ပါ။

ရှန်ဟိုင်ကျိုးသည် မြေပြင်ပေါ်တွင်ထိုင်ကာ ကျောက်တုံးကြီးပေါ်ရှိ ရွှီယန်ကို စိတ်မသက်သာစွာနှင့် ရှုပ်ထွေးစွာ ကြည့်နေ၏။ ရံဖန်ရံခါ နှလုံးသား၌ နာကျင်စွာ ခံစားရသည်။

ဒီတစ်ကြိမ်၏ ဆုံးရှုံးမှုများမှာ အလွန်ကြီးမားလှပါသည်။

အချိန်အတော်ကြာအောင် စုဆောင်းထားခဲ့သည့် သူ၏ ရတနာများအားလုံး ပေးလိုက်ရ၏။

ရှန်ဟိုင်ကျိုး၏ ခေါင်းငုံ့ပေးမှုနှင့်အတူ အဖြစ်အပြတ်က အဆုံးသတ်သွားခဲ့ပြီး နေရာက ငြိမ်သက်သွားခဲ့၏။

အခြား ပါရမီရှင်များအနေနှင့် ရှန်ဟိုင်ကျိုးမှာ အနိုင်ကျင့်စော်ကားမှု ခံရခြင်း ဖြစ်သည်ဟု ခံစားရပေမယ့် ဘာပဲဖြစ်ဖြစ် ဤသည်မှာ သူတို့၏ မျက်နှာပန်းဆုံးရှုံးခြင်းမဟုတ်ပေ။

ထို့အပြင် ရွှီယန်မှာ စွမ်းအားကြီးမားပြီး ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုမှ တပည့်တစ်ယောက် ဖြစ်ပုံပေါ်၏။

ထို့ကြောင့် တစ်ဖက်လူမှာ လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်သည်ဟု သေချာပေါက် အတည်ပြုမပြီးမချင်း မည်သူမှ အလောတလျှင် ရှေ့တက်မည်မဟုတ်ပေ။

သိုက်ကျွင်းက ရှန်ဟိုင်ကျိုးကို မဲမှောင်သည့် မျက်နှာဖြင့် ကြည့်သည်။ အံကိုကြိတ်ကာ သိုက်မိသားစုနှင့် ထိပ်တန်းဂိုဏ်းတစ်ခုခုနှင့် ဆက်ဆံရေး တည်ဆောက်ပြီးပါက ဂုဏ်သတင်းကို ပြန်လည် အဖတ်ဆယ်မည်ဟု တွေးမှတ်ထား၏။

ထို့နောက် ရောက်ရှိလာခြင်း မရှိသေးသည့် အစ်မဖြစ်သူအား တွေးလိုက်မိသည်။ နောက်ထပ် သုံးလေးငါးရက်အတွင်းတွင် မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်းအတွင်းသို့ ဝင်ရောက်တော့မည်ဖြစ်၏။

"ဖြစ်နိုင်တာက ဒီအထဲကိုဝင်ဖို့ လက်လျှော့လိုက်တာများလား.."

သိုက်ကျွင်းတစ်ယောက် စဉ်းစားမိသည်။

၃ရက်ကြာအပြီးတွင် တိမ်မဲနွံရှိ အဆိပ်မြူများ နည်းပါးလာခဲ့ပြီး နွံ၏အလယ်ရှိ ကျောက်နက်တောင်မှာ ရှင်းလင်းစွာ မြင်သာလာခဲ့သည်။

လူတိုင်းသည် စိတ်လှုပ်ရှားလာကြပြီး သင်္ချိုင်းအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်ကြ၏။ အတွင်းရှိ ရတနာများကို ယှဉ်ပြိုင်လုယူကြမည် ဖြစ်သည်။

သိုင်းပညာကို လေ့လာနေသည့် ရွှီယန်မှာ ရပ်တန့်သွားပြီး မျက်ခုံးများက အနည်းငယ် မျက်မှောင်ကျုံ့သွား၏။

ရှန်ဟိုင်ကျိုးသည် သူ့ကိုဆက်လက်ကြည့်ရှု့နေပြီး မျက်နှာမှာ ရှုပ်ထွေးစွာနှင့် နာကျင်နေဟန်ရှိသည်။ ကြည့်ရသည်မှာ ဆုံးရှုံးမှုကြီးမားခဲ့ဟန်တူ၏။

"သူ့ရဲ့ သိုလှောင်အိတ်ထဲမှာ ရှားပါးတဲ့ရတနာတွေများ ပါတာလား.."

ရွှီယန်တစ်ယောက် တွေးမိလိုက်သည်။

ဝမ်းသာစွာဖြင့် ချက်ချင်းပင် ရှန်ဟိုင်ကျိုး၏ သိုလှောင်အိတ်ကို ထုတ်လိုက်၏။ ဖွင့်ကာ အတွင်းထဲသို့ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ အံ့သြသွားမိသည်။

ပထမတန်းစားမိသားစုတစ်ခု၏ သခင်လေးပီသလှပါသည်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်သိန်းကျော်လောက်ရှိ၏။ စိတ်ဝိဉာဉ်လက်မှတ်ကဲ့သို့သော စာရွက်များလည်း အထပ်များစွာရှိပါသည်။

အဆင့်ငါး စိတ်ဝိဉာဉ်ဆေးပင် ဆယ်ဂဏန်းနှင့် အဆင့်ခြောက်စိတ်ဝိဉာဉ်ဆေးပင် ရာဂဏန်းလောက်ရှိ၏။

အဆင့်လေး စိတ်ဝိဉာဉ်ဆေးပင်များလည်း ပါဝင်ပါသည်။

ထို့အပြင် ပုလင်းများနှင့် အိုးများ များစွာလည်း ရှိ၏။

ထိုအထဲတွင် သူပြောခဲ့သည့် စိတ်ဝိဉာဉ်စုဆောင်းခြင်း ဆေးလုံးများလည်း ပါဝင်ပေလိမ့်မည်။

စိတ်ဝိဉာဉ်စုဆောင်းခြင်း ဆေးပုလင်းကို တွေ့ရပြီးနောက် ရွှီယန်တစ်ယောက် နာကျင်စွာ ခံစားလိုက်ရ၏။

မည်မျှများပြားသည့် စိတ်ဝိဉာဉ်ဆေးပင်များအား ဖြုန်းတီးခဲ့မည်နည်း။

ထို့အပြင် သိုလှောင်အိတ်အတွင်းတွင် ဓားရှည်တစ်ချောင်း ချပ်ဝတ်တစ်စုံတို့လည်း ရှိသည်။ နှစ်ခုစလုံးသည် အရည်အသွေးမြင့်မားပြီး ပုံမှန်ရတနာလက်နက်များ၏ အဆင့်ထက် ကျော်လွန်၏။

ရွှီယန်၏အာရုံကို အထူးဆွဲဆောင်သည်မှာ သစ်သားသေတ္တာတစ်ခုဖြစ်သည်။ အတွင်းရှိပစ္စည်းမှာ အလွန်အဖိုးတန်ပုံ ပေါ်၏။

ရွှီယန်၏ စိတ်အခြေအနေတို့ ချက်ချင်းပင် တက်ကြွလာခဲ့သည်။ ထိုပစ္စည်းကြောင့် ရှန်ဟိုင်ကျိုးတစ်ယောက် နာကျင်စွာ ခံစားနေရသည်လား။

မနေနိုင်ဘဲ သိလိုစိတ်တို့ ကြီးထွားလာခဲ့၏။ သေတ္တာကို ထုတ်ယူလိုက်သည်။ အနက်ရောင် သေတ္တာမှာ အမည်မသိ သစ်သားတစ်မျိုးဖြင့် ပြုလုပ်ထားပြီး မွှေးရနံ့သဲ့သဲ့ကို ထုတ်လွှတ်နေ၏။ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးနှစ်ဦး လှပနေသည့် ပုံသဏ္ဍာန်ကို ထွင်းထားသည်။

သူသည် သေတ္တာအဖုံးကို အနည်းငယ် ဖွင့်ကြည့်လိုက်ပြီးနောက် မှင်သက်သွား၏။ ပထမဆုံးတွေ့လိုက်ရသည်မှာ ခရမ်းရောင်၊ ပန်းရောင်၊ အဖြူရောင်နှင့် အကြည်ရောင်ဖြစ်လုမတတ်ပါးလျသည့်... အမျိုးသမီးအတွင်းဝတ်များ ဖြစ်၏။

သူ၏ပုံစံက တဖြည်းဖြည်း ထူးဆန်းလာခဲ့သည်။ သေတ္တာကို ပြီးပြည့်စုံစွာ ဖွင့်ကာ အရောင်စုံသည့် အဝတ်များကို ဖယ်လိုက်ပြီးနောက် အောက်တွင်စာအုပ်မျနှင့် ပုံများကို တွေ့လိုက်ရသည်။

စာအုပ်တစ်အုပ်ကိုယူကာ ဖွင့်လိုက်ပြီးနောက် အတွင်းထဲတွင် အမျိုးသားနှင့် အမျိုးသမီးတို့ နီးကပ်စွာ ဆက်ရှပ်နေသည့်ပုံတစ်ခုကို တွေ့လိုက်ရသည်။ နံဘေးတွင် စာသားအချက်အလက်များလည်း ရေးထားသည်။

စာအုပ်ကိုချကာ နောက်ထပ်တစ်ခုကို ကောက်ယူလိုက်သည်။ ရွှီယန်၏ပုံစံက ပိုမိုကာပင် ထူးဆန်းလာခဲ့၏။ စာအုပ်တိုင်းမှာ တူညီစွာသာ ရှိနေပါသည်။

စာလိပ်တစ်ခုကို ဖြန့်ကာ ကြည့်လိုက်ပြီးနောက် အတွင်းထဲတွင် လှပသည့် အမျိုးသမီး၏ အဝတ်မပါသည့်ပုံကို တွေ့လိုက်ရသည်။ ပုံများသည် အလွန်အသက်ဝင်ကာ ဆံပင်များမှာပင် ရှင်းလင်း၏။ အမျိုးသမီးများစွာတို့သည် ခြားနားသည့် ပုံပန်းသဏ္ဍာန်များဖြင့် ရှိနေကြသည်။

အားလုံးတို့သည် ဆွဲဆောင်မှုရှိကာ မှင်သက်ဖွယ် ကောင်းလောက်အောင် လှပ၏။ အချို့က ချစ်ဖို့ကောင်းကာ အချို့က အပြစ်ကင်းစင်ကြသည်။

ရွှီယန်၏ပုံစံက ထူးဆန်းနေပြီး သူသည် ၎င်းကို ဆက်လက်ကြည့်ရှု့ခြင်း မပြုတော့ပါ။ သေတ္တာကိုပိတ်ကာ နာကျင်စွာနှင့် ရှုပ်ထွေးနေသည့် ရှန်ဟိုင်ကျိုးကို ကြည့်၏။ မနေနိုင်ဘဲ အတွေးနက်သွားသည်။

တစ်ဖက်လူကို နာကျင်စွာ ခံစားရစေသည်မှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲများ သို့မဟုတ် စိတ်ဝိဉာဉ်ဆေးပင်များ မဟုတ်လောက်ပါ။ ဒီသေတ္တာအတွင်းရှိ ပစ္စည်းများသာ ဖြစ်ပေလိမ့်မည်။

ရွှီယန်၏အကြည့်ကို တွေ့ရပြီးနောက် ရှန်ဟိုင်ကျိုးက အမြန်ပြုံးပြသည်။ သူ၏ အနည်းငယ် ဝတုတ်သည့်မျက်နှာအား တတ်နိုင်သမျှ ရိုးသားအောင် လှစ်ပြထား၏။

ရွှီယန်က သေတ္တာကို မြှောက်ပြကာ ပြောသည်။

"ဒီထဲက ဘာတွေတုန်း.."

ပြောလိုက်ရင်းနှင့် တိမ်မဲနွံအတွင်းသို့ လွှတ်ပစ်ဟန်ပြင်လိုက်သည်။

ရှန်ဟိုင်ကျိုးမှာ အမြန်ထိတ်လန့်သွားပြီး အော်ဟစ်စွာပြော၏။

"ညီအစ်ကို နေပါဦးနေပါဦး... အဲ့ဒါက ငါ့ရဲ့ ရတနာပါ.."

အန္တရာယ်ကို လျစ်လျူရှု့ကာ သူသည် ကျောက်တုံးကြီးဆီသို့ အလျှင်အမြန် ချဉ်းကပ်သွား၏။ လက်နှစ်ဖက်ကိုပွတ်ကာ ဖော်ရွေစွာ ပြုံးရင်းကပြောသည်။

"ညီအစ်ကို... မင်းမလိုချင်ဘူးဆိုရင် ငါ့ကိုပေးပါလား... ဒါတွေကိုရဖို့ ငါအချိန်တော်တော်လေး ယူခဲ့ရတာ..."

All Chapters