← Chapters

မြေစိတ်ဝိဉာဉ်နဂါးချီ၊ သိုက်မိသားစု၏အမျက်

Vol. 27 Ch. 405

မြေစိတ်ဝိဉာဉ်နဂါးချီ၊ သိုက်မိသားစု၏အမျက်

Vol. 27 Ch. 405

မိုးပြာရောင်ကောင်းကင်နဂါး၏ အလောင်းကို သိမ်းဆည်းပြီးနောက် ရွှီယန်သည် အဆိပ်ပူဖောင်းများပွက်နေသည့် တိမ်မဲနွံဆီသို့ ကြည့်လိုက်၏။

ပြီးနောက် ပြိုလဲနေသည့် ကျောက်နက်တောင်အား တစ်ချက်ကြည့်သည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ထိုတောင်ဆီသို့ ပြန်လည်သွားရောက်၏။

အတွင်းထဲတွင် အဆင့်မြင့်စိတ်ဝိဉာဉ်ဆေးပင်များ ရှိလောက်ပါသည်။ အကြွင်းအကျန်အချို့ ရှာနိုင်လောက်၏။

သို့ရာတွင် ရှာဖွေမှုအချို့ ပြုလုပ်ပြီးနောက် ကျောက်နက်တောင်အတွင်းရှိ ကျန်ရှိသည့် ရတနာများအား ယူငင်သွားပြီး ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ ကျောက်သလင်းမြွေကို သူတွေးမိလိုက်၏။

မည်သည့်ရတနာမှ မရှိတော့ကတည်းက ရွှီယန်အနေနှင့် ဆက်လက်အချိန်ဖြုန်းနေစရာ မရှိတော့ပေ။ သူသည် တိမ်မဲနွံဆီမှ ထွက်ခွာခဲ့၏။

မိုးပြာရောင်ကောင်းကင်နဂါး၏ နတ်ဆိုးပြောင်းလဲမှု အကြောင်း မကြာခင်တွင် ပျံ့နှံသွားပါက စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားများပင်လျှင် သက်ဆင်းလာမှာဖြစ်၏။ သူ၏လက်ရှိခွန်အားသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက်ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပါ။

ထိုအချိန်၌ ရှန်ဟိုင်ကျိုးလည်း နေရာမှ ထွက်ခွာခဲ့၏။

ရွှီယန်သည် နောက်ထပ် မည်သည်တို့ လုပ်ရမည်ကို စဉ်းစားသည်။ မိုးပြာရောင်ကောင်းကင်နဂါး၏ အလောင်းသည် သူ၏လက်ထဲသို့ ရောက်ရှိနေပြီးဖြစ်၏။ မိုးပြာရောင်နဂါးသစ်ပင်နှင့် နဂါးသစ်သီးတို့ကိုလည်း ရရှိခဲ့သည်။

သို့ရာတွင် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ရန်အတွက် လုံလောက်သည့် အခြေခံကို စုဆောင်းရန် လိုအပ်မှုအချို့ ရှိနေသေး၏။

ခဏတာစဉ်းစားပြီးနောက် နောက်တစ်ဆင့်မှာ စိတ်ဝိဉာဉ်နယ်မြေအား ပိုမိုနားလည်အောင် ပြုလုပ်ပြီး ယွီကျိုး၏ အကြောင်းကို လေ့လာရမည်ဟု ဆုံးဖြတ်လိုက်သည်။

'မြို့ထဲကိုသွားပြီး စိတ်ဝိဉာဉ်ပစ္စည်းတွေ ဘာတွေ ရောင်းတဲ့ ဆိုင်တွေများ ရှိမလားလို့ ကြည့်တာပေါ့။ ငါ့မှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲအချို့ ရှိတယ်။ ကျင့်ကြံဖို့လိုအပ်တဲ့ပစ္စည်းတွေကို အမြန်ဆုံး စုဆောင်းရမယ်..'

ဒန်ဆေးလုံးအဖြစ် သန့်စင်ပြီးခြင်း မရှိသေးသည့် စိတ်ဝိဉာဉ်ဆေးပင်များကို တစ်ခါတည်း စားသုံးရသည်မှာ ဖြုန်းတီးရာ ကျပေလိမ့်မည်။

သို့ပေမယ့် စိတ်ဝိဉာဉ်နယ်မြေတွင် အမြန်ဆုံး ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ရန် လုံလောက်သည့်အရင်းအမြစ်များအား ရရှိရန်အတွက် ရွှီယန်တစ်ယောက် အနည်းငယ်ဖြုန်းတီးမှုကို ဂရုစိုက်မနေတော့ပါ။

သူ့တွင် လုံလောက်သည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများသာ ရှိပါက စိတ်ဝိဉာဉ်ဆေးပင်များကို ဝယ်ယူလို့ရ၏။

"စိတ်ဝိဉာဉ်နယ်မြေမှာ ဘာဒန်ဆေးလုံးမှ မရှိဘူး။ ဂျူနီယာညီမလေးသာ နောင်မှာ စိတ်ဝိဉာဉ်နယ်မြေကိုလာရင် ဒီနေရာမှာ ချန်ချင်းစံအိမ်ကို တည်ထောင်လို့ရတယ်။ အဲ့ဒါက သူမကို လျှင်လျှင်မြန်မြန် ဖွံ့ဖြိုးစေလိမ့်မယ်.."

စိတ်ဝိဉာဉ်နယ်မြေသည် စစ်မှန်သည့် ကျင့်ကြံရေး နေရာတစ်ခုဖြစ်၏။ အတွင်းဘက်နယ်မြေတွင် ရှားပါးသည့် အဆင့်ငါးစိတ်ဝိဉာဉ်ဆေးပင်များမှာ ဒီနေရာတွင် အလယ်အလတ်နှင့် အဆင့်နိမ့်လောက်သာ ရှိပါသည်။ ခြားနားချက်မှာ အလွန်ကြီးမားလှ၏။

စိတ်ဝိဉာဉ်နယ်မြေမှ သိုင်းသမားများ အတွင်းဘက်နယ်မြေအား အထင်သေးကာ နိမ့်ကျသည့် နေရာတစ်ခုဟု မှတ်ယူကြတာ အံ့သြစရာမရှိပေ။

သူသည် စိတ်ဝိဉာဉ်နယ်မြေသို့ ဝင်ရောက်ပြီးသည်နှင့် သိုက်ယင်ယင်ဆီမှ မိုးပြာရောင်ကောင်းကင်နဂါးသင်္ချိုင်း၏ အကြောင်းကို ကြားသိခဲ့၏။

ပြီးနောက် ထိုနေရာသို့ ဝင်ရောက်ရန် အခွင့်အရေးအား လွဲချော်သွားမည်ကို ကြောက်ရွံသဖြင့် အပြေးသွားရောက်ခဲ့သည်။ ထို့ကြောင့် ကျိန်နိုင်ငံရှိ မည်သည့်မြို့ကိုမှ လည်ပတ်ရခြင်း မရှိသေးပါ။

ယခုအချိန်၌ မိုးပြာရောင်ကောင်းကင်နဂါးသင်္ချိုင်း ကိစ္စက ပြီးဆုံးပြီး နဂါး၏ အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အကြောင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာ ဖြစ်သည်။

စွမ်းအားကြီး ပါရမီရှင်များနှင့် အဖွဲ့အစည်းအသီးသီး၏ လှုပ်ရှားမှုများကို သိရှိနိုင်ရန်မှာ မြို့ထဲသို့ သွားရောက်ရန်သာရှိ၏။

"မိုးပြာရောင်ကောင်းကင်နဂါးရဲ့ အလောင်းကို ငါရခဲ့တာဆိုတော့ ပစ်မှတ်ထားခံရနိုင်တယ်။ သူတို့တွေ ရှာမတွေ့အောင် ဒီအချိန်အတွင်း ရှောင်နေသင့်တယ်.."

ရွှီယန်က စဉ်းစားသည်။

"ငါ့ရဲ့လောကကြီးနဲ့ ပေါင်းစပ်တဲ့အတတ်က စွမ်းအားကြီးမားတဲ့ လူတွေဆီကနေ ရှောင်ရှားနိုင်တယ်။ ငါသာ သေသေချာချာပုန်းရင် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတစ်ယောက်တောင် ရှာတွေ့မှာမဟုတ်ဘူး.."

သူသည် ခေါင်းကိုမော့ကာ ပတ်ဝန်းကျင်အား ကြည့်လိုက်ပြီးနောက် ကျက်တီးမြေတစ်ခု ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်းသည် ဒီနေရာတွင်ရှိ၏။

ရွှီယန်သည် လင်းယွီဂိတ်တံခါးမှ ထွက်လာပြီးနောက် သိုက်ယင်ယင်ပြောသည့် လားရာနောက်သို့ လိုက်ကာ တိမ်မဲနွံဆီသို့ တည့်မတ်စွာရောက်ရှိလာခဲ့သည်။

လမ်းတလျှောက်တွင် မည်သည့်မြို့ကိုမှ တွေ့ခဲ့ရခြင်း မရှိပေ။

ဒီအချိန်၌ မြို့တစ်ခုသို့ ရောက်ရှိရန်အတွက် မည်သည့်လားရာကို သွားရမည်နည်းဟု မသိဘဲရှိနေ၏။

"ငါက တော်တော်လေး သတိလက်မဲ့နိုင်တာပဲ... ရှန်ဟိုင်ကျိုးကို အစောကတည်းက မေးလိုက်သင့်တာ.."

ရွှီယန်မှာ အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်သွားသည်။

စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် လမ်းတစ်ခုကို ရွေးချယ်ကာ သွားရောက်ရန် ပြင်ဆင်၏။

ရုတ်တရက် အလင်းတန်းတစ်ခု လက်သွားသည်။ အမြန်နှုန်းမှာ အလွန်မြန်ဆန်လှပြီး ဓားတစ်ချောင်းကဲ့သို့ ရှိ၏။ လျှပ်တပြက်အတွင်း သူနှင့်နီးကပ်လာ၏။

ရွှီယန်၏မျက်လုံးများက အေးစက်သွားပြီး စွမ်းအားကြီးမားသည့် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

နဂါးကြီးမြတ်ခြင်း လှိုင်းများကို ထုတ်လွှတ်ကာ သူ၏ခန္ဓာကိုယ်မှ ရွှေနဂါးဦးခေါင်းက ထွက်ပေါ်လာ၏။

မျက်လုံးများက တောက်ပစွာ လင်းလက်နေပြီး ချဉ်းကပ်လာနေသည့် အလင်းတန်းကို စိုက်ကြည့်နေသည်။

"ငါက.. နဂါးကို အနိုင်ယူပြီး မိုးပြာရောင်ကောင်းကင်နဂါးကိုတောင် အလွယ်တကူ ထိန်းချုပ်နိုင်တာ။ ဒီမြွေက ငါ့ရှေ့မှာလာပြီး ထင်ရာစိုင်းရဲတယ်.."

ရွှီယန်က နှာခေါင်းရှုံ့သည်။ သူ့ဆီသို့ ပျံသန်းလာနေသည့် ကျောက်သလင်းမြွေ၏ ပုံစံက ရုတ်တရက် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်က တုန်ခါလာခဲ့သည်။

ကြီးမြတ်သည့် စွမ်းအားက သူ့အား အကြောက်တရားတို့ ပေါ်လာစေသည်။ ၎င်းသည် သွေးမျိုးဆက်နှင့် ဝိဉာဉ်အတွင်းမှ နက်ရှိုင်းစွာ ထွက်ပေါ်လာခြင်း ဖြစ်၏။

မြွေတစ်ကိုယ်လုံး အားနည်းသွားပြီး မည်သည့်ခွန်အားကိုမှ စုစည်း၍မရနိုင်အောင် ဖြစ်သွားခဲ့သည်။

ရွှီယန်က ကျောက်သလင်းမြွေအား လည်ပင်းမှကိုင်ကာ ဖမ်းဆုပ်လိုက်သည်။ မြွေ၏ပါးစပ်က ကျယ်လောင်စွာ ပွင့်ဟလာပြီး လျှာနှစ်ခွ တွဲလောင်းကျလာ၏။ နောက်တစ်စက္ကန့်တွင် အသက်ရှူရကြပ်စွာ သေဆုံးတော့မှာ ဖြစ်သည်။

ကျောက်သလင်းမြွေမှာ အလွန်ထိတ်လန့်သွားပြီး အမြန်ပြော၏။

"ငါဒီကို ရတနာတွေလာပေးတာ.."

ရွှီယန်က မြွေကို ညှစ်သတ်လိုက်တော့မှာ ဖြစ်သည်။ သို့ပေမယ့် ရတနာများ လာပေးသည်ဟူသည့် စကားကို ကြားရပြီးနောက် လက်အားကို အနည်းငယ်ဖြေလျှော့လိုက်၏။

နောက်လက်တစ်ဖက်ဖြင့် ဦးခေါင်းပေါ်ရှိ ဦးချိုကို ညင်သာစွာ သပ်ရင်းက ပြောသည်။

"ရတနာလာပေးတာလား... စောစောပြောရောပေါ့.."

ကျောက်သလင်းမြွေမှာ မျက်ရည်ကျလုမတတ် ဖြစ်သွားသည်။ သူသည် သေမင်းဆီမှ ကပ်သီးလေး လွတ်မြောက်ခဲ့၏။

"ကျေးဇူးတင်ပါတယ်.."

လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့လေသည်။ အနည်းငယ် နှေးကွေးပါက ယခုအချိန်၌ သေဆုံးပြီး ဖြစ်လောက်၏။

"ဘယ်မှာလဲရတနာ.."

ရွှီယန်က မြွေ၏လည်ပင်းကို ကိုင်ထားသည့် လက်အားလွှတ်ကာ မေး၏။ သို့ပေမယ့် နဂါးကြီးမြတ်ခြင်းဖြင့် ဖိနှိပ့်ထားဆဲရှိသည်။

ကျောက်သလင်းမြွေက ပါးစပ်ကိုဟကာ သိုလှောင်အိတ်တစ်ခုကို အန်ထုတ်လိုက်၏။

ရွှီယန်က သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီးနောက် အတွင်းထဲတွင် မိုးပြာရောင်ကောင်းကင်နဂါးသင်္ချိုင်း အတွင်းမှ စိတ်ဝိဉာဉ်ဆေးပင်များဖြင့် ပြည့်နက်နေကြောင်းကို တွေ့လိုက်ရသည်။

သိုလှောင်အိတ်ကို သိမ်းယူသွားပြီး ကျောက်သလင်းမြွေက စိတ်သက်သာရာ ရတော့မည့်အချိန်၌ ရွှီယန်က ၎င်း၏ လည်ပင်းကို ဖမ်းဆုပ်လိုက်ပြန်၏။

"မိုးပြာရောင်ကောင်းကင်နဂါးကို ဖမ်းဆီးခဲ့တဲ့လူက ငါပဲ။ ငါက အနိုင်ရသူပဲ။ ဒါတွေက အစောကတည်းက ငါ့အပိုင် ဖြစ်သင့်တာ။ မင်းရဲ့လူမှန်ပစ္စည်းမှန်ရောက်အောင် ပြန်လာပေးခဲ့တဲ့အတွက် ခုနကခိုးသွားခဲ့တဲ့ကိစ္စကို ခွင့်လွှတ်ပေးလိုက်မယ်.."

"ဒါပေမယ့် သင်္ချိုင်းထဲမှာ ငါ့ကိုတိုက်ခိုက်ခဲ့တဲ့ အပြစ်ကိုတော့ ဖြေလျှော့ပေးလို့မရဘူး.."

တစ်ခုတစ်ခု ကျေလျင်တောင် ကျောက်သလင်းမြွေက သင်္ချိုင်းအတွင်း၌ တိုက်ခိုက်ခဲ့သည့်ကိစ္စအား လျစ်လျူရှူ့လို့မရပေ။

"ငါပြောခဲ့တဲ့ ရတနာတွေဆိုတာ ဒါတွေမဟုတ်ဘူး.."

ကျောက်သလင်းမြွေမှာ ပါးစပ်ဖွင့်ကာ လျှာတွဲလဲကျလာသည့်အထိ ဖမ်းညှစ်ခံလိုက်ရပြီး ထိတ်လန့်တကြား ရှိရင်းက အမြန်ပြောလိုက် ပြန်သည်။

"အိုး... ရတနာတွေ ရှိသေးတာလား.."

ရွှီယန်က လက်ကိုအနည်းငယ်လွှတ်ကာ အသာပြော၏။

"ငါ့ကိုလိမ်တယ်ဆိုရင် မင်းကို မြွေစွပ်ပြုတ်လုပ်ပစ်မယ်.."

"မလိမ်ဘူး.. မလိမ်ပါဘူး.."

ကျောက်သလင်းမြွေက အမြှီးကိုဝှေ့ရမ်းရင်းက နာခံသည့်အသွင်ဖြင့် ပြော၏။

"ဘယ်မှာတုန်း ရတနာတွေဆိုတာ.."

ရွှီယန်က မျက်လုံးများ ကျဉ်းမြောင်းသွားပြီးမေးသည်။

"ရက်... ရတနာတွေက ငါ့အပေါ်မှာ မဟုတ်ဘူး... အား.."

မြွေလည်ပင်းမှာ လက်တစ်ဖက်နှင့် ဖမ်းဆုပ်ခြင်း ခံလိုက်ရပြန်ပြီး သူ့ကိုသေလုမတတ် မွန်းကြပ်လာစေပြန်၏။

All Chapters