လက်သီးတစ်ချက်
Vol. 96 Ch. 1351
ရှောင်ဟိုင်၏စကားလုံးများကို ကြားသောအခါ ဟဲရှန်း၀မ် အနည်းငယ် ကြက်သေသေသွားပြီးနောက် နှာမှုတ်လိုက်သည်။
"မလိုဘူးလား၊ ငါသာခွန်အားအပြည့်သုံးမယ်ဆိုရင် မင်းဘယ်လောက်ကြာကြာ ခုခံနိုင်မှာတဲ့လဲ၊ အဲဒီအချိန်ကျရင် မင်းကိုငါသတ်ခဲ့ရင်တောင် လူအများစုက ဒါက မတရားတဲ့အောင်ပွဲတစ်ခုလို့ ထင်ကြလိမ့်မယ်၊ ဘိုးဘေးနယ်ပယ်နဲ့ နတ်ဧကရာဇ်နယ်ပယ်ကြားက ကွာဟချက်ကိုတော့ မင်းသိသင့်ပါတယ်"
သို့စေကာမူ ရှောင်ဟိုင် ဟဲရှန်း၀မ်အား ဂရုမစိုက်သည့်အသွင် တစ်ချက်သာစိုက်ကြည့်ပြီးနောက် ရှေ့တစ်လှမ်းတိုးလာသည်။
သူ့ကိုယ်ပေါ်၌ ထာ၀ရနတ်ဆိုးခန္ဓာ၏ မျဉ်းရှစ်ကြောင်းက အပြည့်အ၀ဖုံးပေးထားသည်။
တကယ်တမ်း၌ နဂါးဝိဉာဉ်ကိုးခုနှင့် ပေါင်းစပ်ပြီးနောက် ထာ၀ရနတ်ဆိုးခန္ဓာ၏ ရှစ်ခုမြောက်အလွှာကလည်း လုံး၀ကို ပြီးပြည့်စုံသွားခဲ့သည်။
ဤအခိုက်အတန့်မှာပင် မခံမရပ်နိုင်လောက်သည့် ရုပ်ခွန်အားလှိုင်းတစ်ခုက အိမ်ရှေ့မင်းသားစင်မြင့်ပေါ်၌ ပြည့်နှက်သွား၏။ ရှောင်ဟိုင်ရှေ့သို့လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် စင်မြင့်တစ်ခုလုံးအား တုန်ခါစေသည်။
အောက်က မရေမတွက်နိုင်လောက်သော လူများက စင်မြင့်ပေါ်က ရှောင်ဟိုင်ကို မော့ကြည့်ရင်း သူတို့မျက်မှာက မယုံနိုင်မှုနှင့် ပြည့်နှက်နေသည်။
ဖုန်းယီ၏ပူပန်နေသည့်အမူအရာကိုလည်း ပျော်ရွှင်မှုက အစားထိုးသွား၏။
ရှောင်ဟိုင် ရှေ့သို့နောက်တစ်လှမ်းတက်လိုက်သည်။
ဘန်း.....!
အိမ်ရှေ့မင်းသားစင်မြင့်က ထပ်မံတုန်ခါလာပြန်သည်။
ရှောင်ဟိုင်၏နှလုံးမှ မိုးကြိုးကဲ့သို့ ဟိန်းသံနှင့်အတူ သူ့သွေးကြောစွမ်းအားက ကိုယ်ထဲကနေ တဟုန်ထိုးတိုးလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်ကိုယ်တစ်ဝိုက်၌ ကျောတွင် အတောင်ပံများပါသည့် ဧရာမနဂါးတစ်ကောင် လှည့်လည်နေပုံပင်။
ဟဲရှန်း၀မ်၏ အမူအရာကလည်း တဖြည်းဖြည်းလေးနက်လာပြီး ရှောင်ဟိုင်အား ကြည့်လိုက်၏။
"ဘိုးဘေးနယ်ပယ်လား"
သူ့စကားလုံးများက အရမ်းအံ့ဩသင့်စရာကောင်းမနေသော်လည်း ဟဲရှန်း၀မ်၏ နှလုံးသားက ဒေါသနှင့် တောက်လောင်နေလေပြီ။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
အချိန်တိုတိုလေးပဲရှိသေးတာလေ!
သူတာ၀န်တစ်ခုထမ်းဆောင်ဖို့ ထွက်သွားခဲ့ပြီး နတ်ဧကရာဇ်နယ်ပယ် အထွဋ်အထိပ်အဆင့်ကနေ ဘိုးဘေးနယ်ပယ်ကို တက်ရောက်သွားတာလား!
ဒါ့အပြင် ရှောင်ဟိုင်ကခန္ဓာကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ခန္ဓာကျင့်ကြံသူများအတွက် ခရီးပေါက်လာသည်နှင့်အမျှ ပိုမြင့်မားသည့်နယ်ပယ်များသို့ တက်ရောက်ရန်ဟူသည် အလွန်အမင်းခက်ခဲတာကို လူတိုင်းသိပါသည်။
အောက်က ထန်ကျုံ့ကျောက် ထပ်မံအသံပို့လွှတ်လိုက်ပြန်သည်။
"ဆရာ၊ ကြည့်ရတာဆရာ့ကို မလိုအပ်တော့ပုံပဲ....."
ဤအခိုက်အတန့်၌ စင်မြင့်ပေါ်က ရှောင်ဟိုင် ဟဲရှန်း၀မ်အား ကြည့်ပြီး ထူးမခြားနားစွာပြောသည်။
"ငါမင်းကိုပြောခဲ့သလိုပဲ၊ ထိန်ချန်ထားစရာမလိုဘူး"
လှည့်လည်နေသည့်နဂါးပုံရိပ်ယောင်၊ ထိုးထွက်လာသည့်သွေးကြောစွမ်းအားနှင့် ထိုမျဉ်းရှစ်ခုမှဖိအား၊ အစရှိသည့်အရာအားလုံးက ဟဲရှန်း၀မ်၏နှလုံးသားကို တိုက်ခိုက်နေသည်။
သူကလည်း ဘိုးဘေးနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့သော်လည်း သူတို့နယ်ပယ်များက ယှဉ်၍ရပေသည်။
သို့သော် ရှောင်ဟိုင်ကိုရင်ဆိုင်ရသောအခါ မည်သည့်အတွက်ကြောင့် ဟဲရှန်း၀မ် ဤမျှကြီးမားသည့်ဖိအားကို ခံစားနေရလေသနည်း။
သို့စေကာမူ အခြေအနေက ဤအဆင့်အထိ ရောက်သွားပြီဖြစ်သဖြင့် ဟဲရှန်း၀မ်အဖို့ နောက်ဆုတ်ရန် နေရာမရှိပါ။
ဤသည်ကိုစိတ်ထဲစွဲထားရင်း ဟဲရှန်း၀မ်၏ အမူအရာက မာကျောလာကာ လက်သီးကျစ်ကျစ်ဆုပ်လိုက်စဉ် မီးတောက်များက သူ့လက်ဖဝါးပေါ်၌ အရူးအမူးစတင်လောင်ကျွမ်းလာပြီး မီးလှံရှည်တစ်ချောင်းကို ဖွဲ့စည်းသည်။
သူရှေ့တိုးလိုက်ပြီး သူ့တစ်ကိုယ်လုံးက မီးလျှံအဖြစ်ပြောင်းသွားကာ ရှောင်ဟိုင်ထံ ပြေး၀င်သွား၏။
သူ့လက်ထဲက လှံရှည်ကလည်း ရှောင်ဟိုင်၏ ရင်ဘတ်ကို တိုက်ရိုက်ဦးတည်နေသည်။
လူအုပ်စုကြီးက ရှောင်ဟိုင်ကို မမှိတ်မသုန် စိုက်ကြည့်ရင်း သူဘယ်လိုပြန်လည် တိုက်ခိုက်မလဲဆိုတာ သိချင်မိကြသည်။
ဒီတိုက်ချက်က ဟဲရှန်း၀မ်၏ အားအကောင်းဆုံးတိုက်ချက်ဟုဆို၍ရသည်။
ရှောင်ဟိုင်ကလည်း ဘိုးဘေးနယ်ပယ်ကို တက်လှမ်းသွားပြီဖြစ်လေရာ ဟဲရှန်း၀မ် ထိန်ချန်ထားရန်အတွက် လုံး၀မတွေးတော့ပါ။
လှုပ်ရှားမှုတိုင်းက သတ်ဖြတ်ခြင်းနည်းစနစ်များပင်။။
ရှောင်ဟိုင် ရှောင်တိမ်း၊ ဖယ်ရှောင်ခြင်းမရှိသလို သူ့မျက်သူငယ်အိမ်များက မီးလျှံ၏ ရောင်ပြန်ဟပ်သည့်အလင်းနှင့် ပြည့်နှက်နေသည်။
"ဒါပဲလား" ရှောင်ဟိုင်ထူးမခြားနားစွာပြောသည်။
"ပျင်းဖို့ကောင်းလိုက်တာ"
ထိုသို့ပြောပြီးနောက် သူလက်သီးကို ဖြည်းဖြည်းချင်းမြှောက်လိုက်စဉ် သွေးများကဖုံးသွားပြီး မျဉ်းများက တစစ်စစ်မြည်နေကြသည်။ ယင်လုံနဂါးဝိဉာဉ်က သူ့လက်သီးကိုပင် ရစ်ပတ်ထားလေသည်။
ထိုအချိန်မှာပင် ကျယ်လောင်သည့်အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ရပ်စမ်း"
ထိုအသံက ဒုတိယအကြီးအကဲ၏ အသံဖြစ်သည်။
အသံပျောက်ကွယ်မသွားခင်မှာပင် သူအိမ်ရှေ့မင်းသားစင်မြင့်အထက်ကို ရောက်နေပြီဖြစ်ကာ ရှောင်ဟိုင်၏ လက်သီးချက်ကို တိုက်ရိုက်တားဆီးရန် ရည်ရွယ်ခဲ့သော်လည်း တိုက်ခိုက်မှုအတွင်း နောက်ထပ်အကြီးအကဲတစ်ဦး၏ တားဆီးခြင်းကိုခံရသည်။
"မင်းတပည့်က ဒီတိုက်ပွဲက အဆင့်မြင့်နဲ့ အဆင့်နိမ့်၊ အသက်နဲ့သေခြင်းတရားကို ဆုံးဖြတ်ပေးမယ်လို့ပြောခဲ့တယ်လေ၊ အခုဒါက သေခြင်းရှင်ခြင်းတိုက်ပွဲဖြစ်နေပြီ၊ မင်းစည်းမျဉ်းတွေကို ချိုးဖျက်ချင်လို့လား"
ဒုတိယအကြီးအကဲမှာ ချေပနိုင်ခြင်းပင်မရှိတော့ဘဲ ရှောင်ဟိုင်၏ ကမ္ဘာကိုပင် လှုပ်ခါစေသည့် လက်သီး ရှေ့သို့တိုး၀င်သွားတာကို အားကိုးရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
၎င်းက မီးလျှံလှံရှည်ကို တိုက်ရိုက်ထိမှန်သည်။
ခရက်ခ်....ခရက်ခ်.....!
ဒီတဒင်္ဂမှာပင် မီးလျှံလှံရှည်က ကွဲအက်သွားရသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်ရှေ့က ကြမ်းပြင်ကလည်း ပြိုကျသွား၏။
ကြီးမားသည့်လက်သီးအားတစ်ခုက နဂါးဟိန်းသံနှင့်အတူ စိတ်ရှုပ်ထွေးနေသည့်ဟဲရှန်း၀မ်အား ထိမှန်သွားသဖြင့် လွင့်စင်သွားရသည်။
ကြမ်းပြင်ပေါ်၌ ယပ်တောင်ပုံသဏ္ဍာန်အပေါက်တစ်ပေါက်ကျန်ခဲ့ပြီး ဟဲရှန်း၀မ်ကမူ ထိုအပေါက်အစွန်း၌ လဲကျကာ အဆုံးသတ်သွားတော့သည်။
လှုပ်ရှားမှုမရှိတော့သလို အသက်လက္ခဏာလည်းမရှိတော့။
သူ့မျက်နှာ၌ မယုံနိုင်သည့်အမူအရာတစ်ခု ရှိနေဆဲဖြစ်သလို မျက်လုံးများအား မှိတ်ရန်ပင် အချိန်မရခဲ့ပေ။
လက်သီးတစ်ချက်!
လက်သီးတစ်ချက်တည်း!
ဘိုးဘေးနယ်ပယ်ကို တက်လှမ်းခဲ့သည့် ဒုတိယအကြီးအကဲ၏ ကိုယ်ပိုင်တပည့်ဟဲရှန်း၀မ်မှာ အထူးလူသစ်တစ်ဦး၏ လက်သီးချက်တစ်ချက်ကြောင့် အသတ်ခံခဲ့ရသည်။
အိမ်ရှေ့မင်းသားစင်မြင့်အောက်တွင် အတိတိတ်ဆိတ်နေခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် တစ်စုံတစ်ယောက်က နတ်ဧကရာဇ်နယ်ပယ် အထွဋ်အထိပ်အဆင့်ကို ချိုးဖျက်ရင်း ဘိုးဘေးနယ်ပယ်သို့ ၀င်ရောက်သွားခဲ့သည်။
ထို့နောက် ဘိုးဘေးနယ်ပယ်က ဟဲရှန်း၀မ်ကို တစ်ချက်တည်းနှင့်သတ်ပစ်ခဲ့သည်။
ဒါကတပယ်ပဲ လူသားတစ်ယောက် လုပ်နိုင်တဲ့အရာတစ်ခုလား!
သူ့ကိုမွန်းစတားလို့ခေါ်တာကတောင် နည်းနည်းလျှော့ပြောရာကျလွန်းတယ်မလား!
သန့်စင်မိုးမျှော်စင်အပြင်ဘက်က တစ်နေရာရာ၌ ဖန်းလောင်ကလည်း အိမ်ရှေ့မင်းသားစင်မြင့်ပေါ်က အခြေအနေကို သတိထားမိပုံရသည်။
ရုတ်တရက် လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး သူ့မျက်နှာအားဖုံးနေသည့် ဖရိုဖရဲဆံပင်များအား မပစ်ကာ ကွေးညွတ်နေသည့် နှုတ်ခမ်းများအား ပြသနေသည်။
"မယုံနိုင်စရာပဲ၊ တကယ်ကိုမယုံနိုင်စရာပဲ၊ ကြည့်ရတာ ဒီလူငယ်လေးက ခေးအောစ့်နယ်မြေရဲ့ အထွဋ်အထိပ်ကို သံသယမရှိ ရပ်တည်သွားလိမ့်မယ်"
အိမ်ရှေ့မင်းသားစင်မြင့်ရှေ့တွင် ဒုတိယအကြီးအကဲ ရှောင်ဟိုင်အား စူးစိုက်ကြည့်ရင်း သူ့မျက်လုံးများက သတ်ဖြတ်လိုသည့် ဆန္ဒဖြင့် ပြည့်နှက်နေသည်။
ရှောင်ဟိုင်တစ်ခုခုကိုအာရုံခံမိပုံရပြီး ခေါင်းလှည့်ကာ ဒုတိယအကြီးအကဲနှင့် မျက်လုံးချင်းဆိုင်လိုက်စဉ် သူ့မျက်လုံးများက တည်ငြိမ်နေပြီး မည်သည့်အကြောက်တရားကိုမှ မပြသပေ။
သူ့ရှေ့တွင်ရပ်နေသည့် ပထမအကြီးအကဲကလည်း မျက်မှောင်ကြုတ်သည်။
"ဒီစိန်ခေါ်မှုကို မင်းကိုယ်ပိုင်တပည့် ထုတ်ခဲ့ပြီး သေခြင်းရှင်ခြင်းစည်းမျဉ်းကို သူကိုယ်တိုင်ချမှတ်ခဲ့တယ်၊ တိုက်ပွဲစွန့်စားမှု ဒါမှမဟုတ် ပုံစံက ဘယ်လိုပဲဖြစ်နေပါစေ အိမ်ရှေ့မင်းသားစင်မြင့်ပေါ်က ကျောင်းသားများကြားက ဒီတိုက်ပွဲမှာ ဘယ်သူမှ ၀င်ရောက်စွက်ဖက်လို့မရဘူး"
"ဘာလဲ၊ ဒုတိယအကြီးအကဲက စည်းမျဉ်းတွေကို ချိုးဖျက်ဖို့စီစဉ်ထားတာလား"
ဒုတိယအကြီးအကဲ ပထမအကြီးအကဲအား မတုံ့ပြန်ဘဲ ရှောင်ဟိုင်အားဆက်လက်စိုက်ကြည့်နေကာ သူ့မျက်နှာက မကြည်မလင်ဖြစ်နေပြီး အဆုံးမဲ့ဒေါသကို ဖိနှိပ်ထားသည့်အလား အသံကမှိန်နေသည်။
"မင်းကိုရှောင်ဟိုင်လို့ခေါ်တာနော်၊ ငါမင်းကို မှတ်မိနေမယ်"
ရှောင်ဟိုင် မကြောက်မရွံ့တုံ့ပြန်သည်။
"ကျုပ်ကတော့ ခင်ဗျားကိုမေ့သွားလောက်တယ်"
အောက်ကလူအုပ်စုကြီးက ထပ်မံတုန်လှုပ်သွားပြန်သည်။
ဒုတိယအကြီးအကဲကို စိန်ခေါ်နေတာလား!
သူ့မှာအဲလောက်သတ္တိရှိတာလား!
ဒုတိယအကြီးအကဲမှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်၏။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ပါရမီရှင်တစ်ယောက်မှာ ဂုဏ်သိက္ခာရှိသင့်ပေမယ့် ကျဆုံးသွားတဲ့ပါရမီရှင်တစ်ယောက်ကိုတော့ ပါရမီရှင်လို့ခေါ်ဖို့ခက်တယ်"
"အနာဂတ်ကရှည်လျားပါတယ်၊ ပိုသတိထားပြီး နှိမ့်ချသွာပြုမူတာက ပိုကောင်းမယ်"
ထို့နောက်ဒုတိယအကြီးအကဲရယ်မောရင်း ထိုနေရာမှ ပျောက်ကွယ်သွား၏။
ပထမအကြီးအကဲအနည်းငယ် မျက်မှောင်ကြုတ်ပြီးနောက် ရှောင်ဟိုင်အားလှည့်ကြည့်သည်။
"ဒီရက်တွေမှာသတိထားပြီးနေ၊ တစ်ခုခုဖြစ်တာနဲ့ ငါ့ဆီလာခဲ့"
ထိုသို့ပြောပြီး ပထမအကြီးအကဲကလည်း ထွက်သွားလေတော့သည်။
ရှောင်ဟိုင် အိမ်ရှေ့မင်းသားစင်မြင့်ပေါ်က ဆင်းလာစဉ် လူတိုင်းသူ့ကို ထိတ်လန့်နေသည့် အမူအရာများဖြင့် ကြည့်နေကြ၏။
သူဆင်းလာပြီးနောက် ဖုန်းယီနှင့် ကျန်သောသူများက သူ့ကိုချက်ချင်း ၀န်းရံလိုက်ကြသည်။
"နင်ဘယ်လိုလုပ်လိုက်တာလဲ" ဖုန်းယီအံ့ဩသင့်တကြီးမေးသည်။
"လှည့်ကွက်တစ်ခုခုသုံးခဲ့တာလား၊ ဒီလိုအချိန်တိုအတွင်း နင်ဘိုးဘေးနယ်ပယ်ကိုတောင် ရောက်သွားပြီလား"
ထန်ကျုံ့ကျောက်ကလည်း ခါးသီးစွာပြုံးသည်။
"ညီနောင်ရှောင်ဟိုင်၊ မင်းပါရမီက တကယ်ကို ကြောက်စရာကောင်းတာပဲ"
ရှောင်ဟိုင်ပြုံးရုံသာပြုံးလိုက်၏။
"ကံကောင်းပြီး ထူးခြားတဲ့တွေ့ဆုံမှုတစ်ခုနဲ့ ကြုံခဲ့ရုံပါပဲ"
ရှောင်ဟိုင်အသေးစိတ်ကို မပြောပြချင်တာကို မြင်ရသောအခါ သူတို့နှစ်ယောက်ကလည်း ထပ်မမေးမြန်းကြတော့ပါ။
"တကယ်ကို၀မ်းနည်းစရာပဲ၊ ငါနင့်ကို နောက်ထပ်တိုက်ခိုက်ဖို့အတွက် မတောင်းဆိုနိုင်တော့ဘူး" ဖုန်းယီသက်ပြင်းချသည်။
ရှောင်ဟိုင်ရယ်မောသည်။
"အစ်မဖုန်းယီ အချိန်မရွေး ကျုပ်ဆီလာပြီး တိုက်ခိုက်နိုင်ပါတယ်"
"ငါနင့်ကိုမနိုင်နိုင်ဘူးဆိုရင် တိုက်ခိုက်တာက ဘာအဓိပ္ပာယ်ရှိတော့မလဲ" ဖုန်းယီ မျက်လုံးလိမ့်လိုက်ပြီးနောက် လှည့်ကာ လက်ဝှေ့ယမ်းပြသည်။
"ငါဘိုးဘေးနယ်ပယ်ကို ရောက်အောင် လေ့ကျင့်ပြီးတာနဲ့ နင့်ကိုလာစိန်ခေါ်မယ်"
ဒါကိုမြင်သော် ထန်ကျုံ့ကျောက်ကလည်းပြောသည်။
"ကောင်းပြီ၊ ငါလည်းသွားသင့်နေပြီ...အိုး၊ မင်းတို့အားရင် ငါ့ဆရာနေရာကို လာလည်ဖို့သတိရပါ၊ သူ့မှာ မင်းတို့ကိုပေးစရာတာ၀န်တစ်ခုရှိတယ်"