တတိယကြယ်ဗဟိုချက်
Vol. 96 Ch. 1353
ယခု ရှီရှန်း၏ ကြယ်တာယာကောင်းကင်ဒန်တျန်၌ ကြယ်ဗဟိုချက်လေးခုပါ၀င်သည်။
၎င်းတို့က ပထမ၊ ဒုတိယ၊ န၀မနှင့် စတုတ္ထတို့ဖြစ်သည်။
ရှီရှန်း ကြယ်ကျောက်တောင်ထိပ်ကို ချဉ်းကပ်လာသောအခါ ကြယ်တာယာကောင်းကင်ဒန်တျန်၏ တတိယနေရာက စတင်တုန်ခါလာသည်။ ၎င်းက ကြယ်ကျောက်တောင်ပေါ်က ကြယ်ဗဟိုချက်ကို တုံ့ပြန်နေပုံပင်။
ကြယ်တာယာကောင်းကင်ဒန်တျန်၌ အစောင့်အကြပ်၀ိဉာဉ်နှင့် ကြယ်အစစ်အမှန်နတ်ဘုရားတို့က တစ်ပြိုင်နက်တည်းပေါ်လာခဲ့ကြသည်။
အစောင့်ဝိဉာဉ်က မှတ်ချက်ပေးသည်။
"ဒါကတတိယကြယ်ဗဟိုချက်ဖြစ်ရမယ်၊ ဒါပေမယ့်ဘာလို့ဒီမှာရှိနေရတာလဲ"
ကြယ်အစစ်အမှန်နတ်ဘုရားခေါင်းခါယမ်းသည်။
"ငါမသိဘူး၊ ဒါပေမယ့် ဒီအော်ရာကို ခံစားကြည့်ရမယ်ဆိုရင် ဒီတတိယကြယ်ဗဂိုချက်က ငါ့ကိုယ်ထဲမှာရှိခဲ့တဲ့ဟာထက် အများကြီးပိုအားကောင်းပုံပဲ၊ ဒါက ဒီကြယ်ကျောက်တောင်ထဲက ထူးခြားစွာသန့်စင်နေတဲ့ ကြယ်စွမ်းအားကို နှစ်များစွာစုပ်ယူခဲ့တဲ့အတွက်ကြောင့်ဖြစ်ရမယ်"
"ဘာပဲဆိုဆို ဒီတတိယကြယ်ဗဟိုချက်ကို ရဖို့အတွက် ငါတို့နည်းလမ်းတစ်ခုရှာဖွေရမယ်၊ ဒါက မင်းရဲ့ခေးအောစ့်ကြယ်မှတ်တမ်းကို ထပ်ပြီးအဆင့်ချိုးဖျက်အောင် လုပ်ပေးနိုင်သလို မင်းနယ်ပယ်ကလည်း ကြီးမားတဲ့တိုးတက်မှုတစ်ခုကိုရနိုင်တယ်"
ရှီရှန်းစိတ်အားထက်သန်စွာခေါင်းညိတ်သည်။
ယခုတွင်မူ သူတောင်ထိပ်နှင့် မီတာတစ်ရာမျှသာ ဝေးကွာတော့သည်။
သို့သော် ဤမီတာတစ်ရာက အောက်က ကြယ်စွမ်းအားအားလုံးပေါင်းခြင်းထက် အများကြီးပိုသိပ်သည်းနေသည်ဟု ခံစားနေရသည်။
ရှေ့တစ်လှမ်းတိုးရန်ပြင်လိုက်စဉ် ရှီရှန်း သူ့ခြေထောက်ကို မတင်ရန်အတွက်ပင် ခက်ခဲစေသည့် အလွန်အင်မတန်အားကောင်းသည့် ဖိနှိပ်ခြင်းစွမ်းအားတစ်ခု ကျဆင်းလာတာကို ခံစားရသည်။
ကြယ်စွမ်းအားက သဘာ၀အရ ဖိနှိပ်ခြင်းနှင့် ချိပ်ပိတ်ခြင်းတို့နှင့်သက်ဆိုင်သညိ။
ဤနေရာတွင် သူ့ကိုယ်ထဲကစွမ်းအားအားလုံးက ပေါင်တစ်ရာရှိသည့်သံမဏိတုံးတစ်တုံး သူ့သေမျိုးအသားပေါ် ဖိသိပ်ကျဆင်းလာသည့်အလား လှုပ်ရှားမှုကင်းမဲ့သွားကြ၏။
သူ့တစ်ကိုယ်လုံးက ဖိအားကြောင့် ပေါက်ကွဲတော့မည့်အလားပင် ထင်ရသည်။
ရှီရှန်းတစ်ကိုယ်လုံးက တုန်ယင်နေသော်လည်း သူ့မျက်လုံးများကမူ ကြည်လင်ပြတ်သားနေသည်။
ရှီရှန်းအတွက် သူအောက်ခြေကနေ စတင်ခဲ့ခြင်းဖြစ်သည်။ သူအများကြီးဒုက္ခခံခဲ့ရပြီး သေမျိုးတစ်ဦးအဖြစ် ဂိုဏ်းတစ်ဂိုဏ်းတွင် အသည်းအသန်၀င်ခဲ့ရပြီးနောက်တွင်သာ သူ့၏မယှဉ်နိုင်သည့်ဇွဲကြောင့် လုချန်ရှန်း သူ့ကို တဖြည်းဖြည်း တပည့်အဖြစ် လက်ခံခဲ့ခြင်းပင်။
သာမန်သေမျိုးတစ်ဦး၏ပါရမီကနေ ဤနေရာအထိ သူအပြင်းအထန် တိုက်ပွဲ၀င်ခဲ့သည်။
သူ့ပါရမီက သူ့စီနီယာအစ်ကိုကြီးနှင့် ဒုတိစီနီယာအစ်မထက်သာမက ဂျူနီယာညီလေးမုထက်ပင် နိမ့်ကျသည်ဟု ရှီရှန်းကိုယ်တိုင် ယုံကြည်ထားသည်။
သူတို့ကိုအမှီလိုက်နိုင်ရန်အတွက် သူတို့နှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် သူတစ်ကြိမ်တွင် တစ်ဆင့်စီလှမ်းရမည်ဖြစ်ကာ အခွင့်အရေးအားလုံးကို ဖမ်းဆုပ်ရင်း နာကျင်မှုကို သည်းခံပြီး အံကြိတ်ကာ ကျော်လွှားရပေမည်။
သူ့တွင် သံမဏိကဲ့သို့ခိုင်မာသည့် စိတ်ဓာတ်တစ်ခုရှိသည်။
ဤကဲ့သို့စိတ်ဓာတ်မျိုးသာမရှိပါက ယခုလိုအပြင်းအထန်ရုန်းကန်ရသည့် အခွင့်အလမ်းနှင့် သူဘယ်လိုလုပ်ထိုက်တန်မည်နည်း။ သူ့ကိုမျှော်လင့်ချက်မြင့်မြင့်ထားသည့် သူ့ဆရာကို ဘယ်လိုလုပ် ဖြည့်ဆည်းပေးနိုင်မည်နည်း။
ထို့ကြောင့် သူတစ်လှမ်းမှမဆုတ်ခဲ့ပေ။
သူ့ထြေထောက်ကိုတစ်ကြိမ် သို့မဟုတ် ဆယ်ကြိမ်ခန့် မမြှောက်နိုင်လျှင်ပင် သူဆက်လက်ကြိုးစားမည်သာ။
တစ်ကြိမ်နှင့်အဆင်မပြေပါက ဆယ်ကြိမ်ကြိုးစားမည်။ ဆယ်ကြိမ်နှင့်မရပါက အကြိမ်တစ်ရာ၊ အကြိမ်တစ်ရာနှင့် မအောင်မြင်ပါက အကြိမ်တစ်သောင်းကြိုးစားရမည်။
နောက်ဆုံးတွင် သူတဖြည်းဖြည်းထိုနေရာသို့ ရောက်သွားမည်သာ။
ဂျစ်......!
ရုတ်တရက် ရှီရှန်းအံကြိတ်ရင်း အတင်းရှေ့တစ်လှမ်းလှမ်းလိုက်၏။ သူအပေါ်သို့ တက်သွားသော်လည်း သူ့ပေါင်တံရှိသွေးကြောများက ပွင့်ထွက်သွားပြီး သွေးများက အရေပြားကို ထိုးဖောက်ထားသည့် ရေပန်းသေးသေးလေးများအလား အထဲကနေ စီးထွက်နေကြ၏။
ရပ်တန့်ခြင်းမရှိဘဲ သူချက်ချင်းဆိုသလို ခြေထောက်များကို ပြောင်းကာ အပေါ်သို့ ဆက်တက်သည်။
၉၉လှမ်းသာကျန်ရှိတော့သည်။
ဒီအတွက် ရှီရှန်း ၁၇ရက်ကြာအချိန်ယူခဲ့ရသည်။
သူတောင်ထိပ်ကိုရောက်သောအခါ သူ့တစ်ကိုယ်လုံးက သွေးများနှင့်ဖုံးနေပြီး သွေးစွန်းနေသည့်လူတစ်ယောက်အလား လုံး၀သရဲတစ္ဆေပမာဖြစ်နေသည်။
သူ့ဒူးများနှင့်ခြေကျင်း၀တ်များတွင် အရေပြားထဲကနေ ထိုးထွက်နေသည့် အရိုးဖြူများပင် ငေါ့ထွက်နေသည်။
ဤကဲ့သို့နာကျင်မှုမျိုးက သာမန်လူများအတွက် မခံမရပ်နိုင်စရာဖြစ်သော်လည်း ရှီရှန်းကမူ ယခုလိုဒဏ်ရာများအောက် စိတ်ဓာတ်ကြံ့ခိုင်မှုသက်သက်နှင့် ဇွဲရှိရှိထားကာ ဤနေရာသို့ရေုက်ရန်အတွက် တိုးတိုးလာနေသည့် ကြောက်မက်ဖွယ်ရာဖိနှိပ်အားကို ခုခံနေခဲ့သည်။
စိတ်ဓာတ်ကြံ့ခိုင်မှုသက်သက်အရဆိုပါက စံအိမ်တော်ကမည်သူမှ ရှီရှန်းကို မယှဉ်နိုင်လောက်ပင်။
ရှောင်ဟိုင်ပင်လျှင် ယှဉ်နိုင်မည်မဟုတ်။
ရှောင်ဟိုင်၏ ကြမ်းကြုတ်ခက်ထန်သည့် စိတ်ဓာတ်ကို မှီခိုအားကိုးသည်။
သို့သော် ရှီရှန်းကမူ မူလကဘာမှမရှိသည့် သေမျိုးနှလုံးသားကို အားကိုးပြီး ယခုတွင် ကံတရားရောက်လာသောအခါ အံကြိတ်ရင်း အခွင့်အလမ်းကို ဖမ်းဆုပ်နေသည်။
နိမ့်ကျသည့်အစကနေ သေမျိုးနယ်မြေတွင် မွေးဖွားခဲ့လေရာ အားထုတ်မှုမရှိဘဲ သူ့၏ နက်ရှိုင်းသည့်ဆန္ဒများကို သူဘယ်လိုလုပ် ဖြည့်ဆည်းနိုင်မည်နည်း။
ဒါ့အပြင် ထူးခြားသည့်ပါရမီနှင့် မွေးဖွားလာသူများနှင့် သူဘယ်လိုလုပ်ယှဉ်နိုင်မည်နည်း။
တစ်ခါတစ်လေ ရှီရှန်သူ့မူလဇစ်မြစ်ကို မမုန်းပေ။
သို့သော် သူသာကြိုးစားအားထုတ်ခြင်းမရှိပါက ဒီအတွက်သူ့ကိုယ်သူမုန်းတီးနေပေလိမ့်မည်။
ရှီရှန်း၏ဇွဲနဘဲကြီးသည့်စိတ်ဓာတ်က အစောင့်ဝိဉာဉ်နှင့် ကြယ်အစစ်အမှန်နတ်ဘုရားတို့၏မျက်လုံးကို ဖမ်းစားစေခဲ့ပြီး သူတို့နှစ်ဦးစလုံးကို နက်ရှိုင်းစွာ လှုပ်ခတ်သွားစေသည်။
"ဒီကလေးသာ လမ်းမှာမပြိုလဲကျသွားဘူးဆိုရင် လာမယ့်နေရက်တွေမှာ နယ်မြေခြောက်ခုရဲ့ အထွဋ်အထိပ်မှာ သူ့အတွက် နေရာတစ်ခုရှိလိမ့်မယ်" ကြယ်အစစ်အမှန်နတ်ဘုရားရေရွတ်ရင်း မျက်လုံးထဲက လေးစားမှုကို မဖုံးကွယ်ထားနိုင်ပေ။
အစောင့်ဝိဉာဉ်ကလည်း ဒါကို ချဲ့ကားလွန်းသည်ဟုမထင်ဘဲ သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
"ကောင်းပြီ၊ ရှီရှန်း၊ အဲဒီကြယ်ဗဟိုချက်ကို စပြီးစုပ်ယူတော့၊ ငါတို့မင်းကို မင်းဒန်တျန်ထဲကနေ ကူညီပေးမယ်"
ရှီရှန်းခေါင်းညိတ်ကာ သူ့၏ပိတ်လုနီးပါးမျက်ခုံးများက ရုတ်တရင်ပွင့်သွားပြီး သူ့လက်အစုံက ကြယ်ဗဟိုချက်ကို ထိရန်အတွက် ဆန့်ထုတ်လိုက်၏။
ရုတ်တရက် အဆုံးမဲ့ကြယ်စွမ်းအားက ရှီရှန်းကိုယ်ထဲသို့ စတင်လှိမ့်၀င်လာသည်။
ထိုအချိန်မှာပင် ကြယ်တာယာကောင်းကင်ဒန်တျန်ကလည်း ရုပ်လုံးပေါ်လာပြီး ကြယ်ကျောက်တောင်အထက်က ကောင်းကင်ထဲသို့ ပစ်လွှတ်သွား၏။
အဆုံးမဲ့ကြယ်စွမ်းအားက ကြယ်ကျောက်တောင်ကနေ စတင်လွင့်မျောသွားကြသည်။
ထိုမြင်ကွင်းအပေါ် လူတိုင်းအံ့ဩသင့်စွာ ခေါင်းမော့လိုက်ကြ၏။
ကြည့်ရတာ တစ်ယောက်ယောက် ကြယ်ကျောက်တောင်ထိပ်ကို ရောက်သွားပုံပဲ!
ဤအားကောင်းသည့်အော်ရာက အတွင်း၀င်းထဲက အကြီးအကဲများ၏ အာရုံကိုပင် လျင်မြန်စွာဆွဲဆောင်သွားပြီး ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့ပင် ထိုနေရာတွင် ပေါ်လာကြသည်။
ဒုတိယအကြီးအကဲမှာ 'တောင်ထိပ်' ဟူသောစကားလုံးနှင့်အတူ အဆင့်သတ်မှတ်ချက်ကျောက်ပြား၌ ရှီရှန်း၏နာမည်ကို ပထမနေရာတွင် ရေးထွင်းထားတာကို မြင်ရသောအခါ သူ့မျက်နှာက ချက်ချင်းမည်းမှောင်သွား၏။
ထပ်ပြီး ဒီအထူး၀င်ခွင့်ရထားတဲ့ ကျောင်းသားအုပ်စုပဲလား!
သို့စေကာမူ ပထမအကြီးအကဲကမူ ပြုံးလိုက်မိသည်။
များမကြာမီ အဖိုးအိုနှစ်ဦး အတူတကွရောက်လာကြသည်။
သူတို့ကိုမြင်သောအခါ ပထမအကြီးအကဲ၊ ဒုတိယအကြီးအကဲနှင့် တခြားအကြီးအကဲများ အနည်းငယ်ဦးညွတ်လိုက်ကြ၏။
"ဒုကျောင်းအုပ်တို့"
အသစ်ရောက်လာသောသူများက ဒုကျောင်းအုပ်နှစ်ဦးပေတည်း။
ဒုကျောင်းအုပ်လျိုအပြုံးဖြင့် လက်ဝှေ့ယမ်းသည်။
"ပထမအကြီးအကဲ၊ မင်းဦးညွတ်စရာမလိုပါဘူး၊ မင်းလည်းမကြာခင် ငါတို့ထဲက တစ်ယောက်ဖြစ်လာရတော့မှာပဲ"
ဒါကိုကြားသောအခါ ဒုတိယအကြီးအကဲ၏ မျက်နှာမှာ မိုးရွာတော့မည့်အလား မှောင်မိုက်သွား၏။
ကြည့်ရသည်မှာ ဒုကျောင်းအုပ်ရာထူးအတွက် ပထမအကြီးအကဲအား ခန့်အပ်မှူကို အတည်ပြုလိုက်ပုံပင်။
ဒုကျောင်းအုပ်ကျန်းကလည်း ပြုံးရင်း ခေါင်းညိတ်သည်။
"ကြယ်ကျောက်တောင်ထိပ်ကို ရောက်ခဲ့တဲ့တစ်ယောက်က မင်းရဲ့အထူးလူသစ်တွေထဲက တစ်ယောက်မလား၊ မျက်လုံးကောင်းတယ်"
ရှီရှန်းနှင့် တခြားသူများ၏လုပ်ဆောင်မှုများက ပထမအကြီးအကဲအား ဒုကျောင်းအုပ်ရာထူးကို မြှင့်တင်ရာ၌ အရေးပါခဲ့သည်။
ပထမအကြီးအကဲမှာ ဂုဏ်မယူဘဲနိမ့်ချစွာပြောသည်။
"သူတို့က ကျွန်တော့်တပည့်ရဲ့မိတ်ဆွေတွေပါ၊ ပြီးတော့သူတို့ကို ကျွန်တော့်ကို မိတ်ဆက်ပေးတာကလည်း အဲဒီကလေးထန်ကျုံ့ကျောက်ပါ"
"ဟားဟားဟား၊ ဒါပေမယ့် သူတို့ကို အထူးလက်ခံခဲ့တာလည်း မင်းရဲ့သတ္တိ၊ ရဲတင်းမှုကြောင့်ပဲလေ" ဒုကျောင်းအုပ်လျို ပထမအကြီးအကဲ၏ ပခုံးကိုပုတ်လိုက်၏။
"အရမ်းမနှိမ့်ချပါနဲ့၊ မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်"
"ကောင်းပြီ၊ ကြယ်ကျောက်တောင်ထိပ်က အဲဒီနတ်ပစ္စည်းကဘာလဲဆိုတာ ကြည့်ကြရအောင်"
ကောင်းကင်ထဲတွင် ကြယ်တာယာပုံရိပ်က ဖြည်းဖြည်းချင်းပျံ့သွားပြီး တောက်ပစွာ တဖျပ်ဖျပ်လင်း၀င်းနေကာ ကြယ်လေးလုံးကို ချိတ်ဆွဲထားရင်း အဆုံးမဲ့ကြယ်စွမ်းအားအော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
ထို့နောက် ထိုကြယ်များအတွင်း နစ်မြှုပ်နေသည့် ပဉ္စမကြယ်က ဖြည်းဖြည်းချင်းပုံပေါ်လာပြီး ပုံအသွင်တစ်ခု စတင်ရယူနေသည်။