ကြယ်တာအိုမူလကျင့်ကြံသူ၊ ရှင်းဟိုင်
Vol. 96 Ch. 1354
ကြယ်ကျောက်တောင်အထက်က ကြယ်တာယာကောင်းကင် စတင်စုစည်းသွားစဉ် တတိယကြယ်က ဖြည်းဖြည်းချင်းပုံပေါ်လာပြီး ဖြည့်နေသည်။
ရှီရှန်း၏ ကြယ်တာယာကောင်းကင်ဒန်တျန်ထဲတွင် တတိယကြယ်ဗဟိုချက်က ဖြည်းဖြည်းချင်းဖွဲ့စည်းနေသည်။
ကြယ်ဗဟိုချက် ရှီရှန်း၏ဒန်တျန်ထဲတွင် ပေါင်းစပ်နေစဉ် သူ့ခွန်အားနှင့်နယ်ပယ်ကလည်း စတင်မြင့်တက်လာသည်။
ကြယ်ကျောက်တောင်အထက်ကနေ အားကောင်းသည့်ကြယ်စွမ်းအားတစ်ခုက ထိုးတက်လာခဲ့သည်။
နတ်ဧကရာဇ်နယ်ပယ်အလယ်အလတ်သို့ ချိုးဖျက်ခြင်း!
သို့သော် အနီး၀န်းကျင်ကလူများ၏ အံ့ဩသင့်နေသည့်အကြည့်များအောက်တွင် ဤအော်ရာက ရပ်တန့်ခြင်းမရှိဘဲ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်မြှင့်တက်နေသည်။
တိုးပွားနေသည့်အော်ရာအရှိန်ကလည်း မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည်။
"ဒီနှုန်းနဲ့ဆိုရင် သူနတ်ဧကရာဇ်နယ်ပယ် နောက်ဆုံးအဆင့်ကိုတောင် တက်လှမ်းသွားနိုင်တယ်" အကြီးအကဲတစ်ဦး အံ့ဩသင့်စွာပြောသည်။
"ဒီထက်ပိုလိမ့်မယ်လို့ငါထင်တယ်၊ ဒီအဟုန်ကို ထောက်ဆကြည့်ရမယ်ဆိုရင် နတ်ဧကရာဇ်နယ်ပယ် အထွဋ်အထိပ်အဆင့်ကိုတောင် သူရောက်နိုင်တယ်" သူ့ဘေးက နောက်ထပ်အကြီးအကဲတစ်ဦးပြောလာသည်။
ထိုအချိန်တွင် ဒုကျောင်းအုပ်လျိုပြုံးလိုက်၏။
"ကြည့်ရတာ ဒီလူငယ်က အဲဒီလူနောက်မှာ ဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ နံပါတ်တစ်ကြယ်ကျင့်ကြံသူဖြစ်လာတော့မယ့်ပုံပဲ"
ဒုကျောင်းအုပ်ကျန်းသဘောတူသည့်အသွင် ခေါင်းညိတ်သည်။
ဒုကျောင်းအုပ်၏စကားလုံးများကို ကြားသောအခါ ရှိနေသောအကြီးအကဲများ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားကြ၏။
ဒုကျောင်းအုပ်လျိုပြောနေသည့် 'အဲဒီလူ' ဆိုတာ ဘယ်သူလဲဆိုတာ သူတို့ရှင်းလင်းစွာသိကြသည်။
ဒီချီးမွမ်းမှုက နည်းနည်းမြင့်လွန်းနေတယ်မလား!
တစ်ခါတုန်းက ဝိဉာဉ်အနှစ်သာရကျောင်းတော်တွင် ကြယ်တာအိုတွင် ထိပ်တန်းကျင့်ကြံသူအုပ်စုတစ်စုရှိသည်။
မဟုတ်ပါက သူတို့တွင် ယခုလိုကြယ်ကျောက်တောင်နှင့် ဆက်စပ်နေသည့် အမွေအနှစ်ဆန်းကြယ်နယ်မြေတစ်ခုရှိမည်မဟုတ်။
ထိုကြယ်ကျင့်ကြံသူအုပ်စုအတွင်း ရှင်းဟိုင်လို့ခေါ်သည့် မယုံနိုင်စရာကောင်းလောက်အောင် ကြောက်စရာကောင်းသည့်ပုဂ္ဂိုလ်တစ်ဦး ဤပိုင်နက်အတွင်း ပေါ်လာခဲ့သည်။ ယင်းနောက်တွင် သူဝိဉာဉ်အနှစ်သာရကျောင်းတော်က ထွက်ခွာကာ တျန်းဂျီတိုက်ကြီးမှ ထွက်သွားခဲ့ပြီးနောက် ခေးအောစ့်နယ်မြေအတွင်း ကြယ်တာအို၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။
ကံဆိုးစွာပင် ရှင်းဟိုင်နှင့် ထိုကြယ်ကျင့်ကြံသူများ၏မျိုးဆက် တခြားတစ်နေရာသို့ စွန့်စားရန် သွားခဲ့ပြီးနောက် ဝိဉာဉ်အနှစ်သာရကျောင်းတော်တွင် နောက်ထပ် အထင်ကရကြယ်ကျင့်ကြံသူများအား ထပ်မံမမြင်ရတော့ပါ။
ထို့ကြောင့် ကြယ်ကျောက်တောင်၏ အမှတ်ပေးဇယားကလည်း လူလေးဆယ်ခန့်သာ ဤတောင်ထဲသို့၀င်နိုင်ခဲ့သဖြင့် အတော်လေးထူးခြားနေသည်။ ထို့ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်လျှင်ပင် သိသာသည့်အောင်မြင်မှုတစ်ခုနှင့် ညီမျှခြင်းမရှိပေ။
ဒုကျောင်းအုပ်ကျန်းပြောသည်။
"ကြည့်ရတာ ကြယ်ပင်လယ်မျှော်စင်ကို ဖွင့်ဖို့ အခွင့်အလမ်းတစ်ခုရှိပုံပဲ"
ကြယ်ပင်လယ်မျှော်စင်က ရှင်းဟိုင် ဝိဉာဉ်အနှစ်သာရကျောင်းတော်က ထွက်သွားခဲ့စဉ်က ကြယ်ကျင့်ကြံသူနောက်ပိုင်းမျိုးဆက်အတွက် ချန်ထားခဲ့သည့် အမွေအနှစ်တစ်ခုပင်။
၎င်းတွင် ရှင်းဟိုင်၏ ကြယ်တာအိုကျင့်ကြံနည်း၊ အမြင်များအပြင် တာအိုနိယာမ သဘောတရားတစ်ချို့နှင့် လျှို့ဝှက်ကျင့်ကြံခြင်းနည်းစနစ်များပင် ပါ၀င်သည်။
ကြယ်ပင်လယ်မျှော်စင်ကို ဖွင့်ရန်အတွက် အဓိကအခြေအနေက ကြယ်ကျောက်တောင်ထိပ်ကို ရောက်ပြီး ထိုနယ်ပယ်အတွင်း ထိပ်တန်းပါရမီကိုပိုင်ဆိုင်ရန်ဖြစ်သည်။
အကြီးအကဲများဆွေးနွေးနေစဉ် ကောင်းကင်ထက်က တတိယကြယ်က တစ်၀က်ကျော်ဖြစ်တည်နေလေပြီ။
ထိုအချိန်မှာပင် ရှီရှန်း၏အော်ရာကလည်း ထိုးတက်သွားခဲ့ပြီး နတ်ဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းသွားခဲ့သည်။
အရှိန်ကမရပ်နားသေးဘဲ သူ့အော်ရာက ထပ်မံကျယ်ပြန့်လာပြန်သည်။
ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ အနက်ဆုံးအပိုင်းကနေ ဟိန်းသံတစ်ချက်သံထွက်လာပြီး ထိုဟိန်းသံနှင့်အတူ ကြယ်တစ်ပွင့် ဖြည်းဖြည်းချင်းမြှင့်တက်လာသည်။
ဤကြယ်က ကြယ်ကျောက်တောင်အထက်က ကြယ်များနှင့် အလှမ်းဝေးစွာ ကိုက်ညီနေပုံရသည်။
အကြီးအကဲများ၏ အမူအရာများက လုံး၀ကို လေးနက်လာကြ၏။
ထိုနေရာက ကြယ်ပင်လယ်မျှော်စင်ပင်။
တစ်နေ့တာကုန်ဆုံးသွား၏။
တတိယကြယ်က လုံး၀ပြည့်စုံသွားခဲ့ပြီး ခိုင်ခံ့သည့်အရာတစ်ခုအလား ကြယ်တာယာကောင်းကင်၌ ချိတ်ဆွဲနေလေသည်။
ထိုအချိန်မှာပင် ရှီရှန်း၏ နယ်ပယ်ကလည်း နတ်ဧကရာဇ်နယ်ပယ် အထွဋ်အထိပ်အဆင့်တွင် တည်ရှိနေခဲ့သည်။
သူနတ်ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်ကနေ နတ်ဧကရာဇ်နယ်ပယ် အထွဋ်အထိပ်အဆင့်သို့ ခုန်တက်သွားခဲ့သည်။
ဒါက လူအများစု အိပ်မက်ပင် မမက်ရဲကြသည့် အရာတစ်ခုပေတည်း။
ကြယ်ကျောက်တောင်ရှိ နတ်ပစ္စည်းက ယခုလို အားကောင်းသည့်စွမ်းအားကို ပိုင်ဆိုင်သည်။
ဘေးက စောင့်ကြည့်နေကြသည့် ကျောင်းသားများအပြင် ကြယ်ကျောက်တောင်အောက်က ကြယ်ကျင့်ကြံသူများ၏ မျက်လုံးများက အားကျစိတ်နှင့် ပြည့်နှက်နေကြ၏။
သို့သော်မနာလိုစိတ်တော့မရှိပါ။
အဘယ်ကြောင့်ဆိုသော် ကြယ်ကျောက်တောင်ထိပ်ကို ရှီရှန်းလိုကြောက်စရာကောင်းသည့် လူတစ်ယောက်ကသာ ရောက်နိုင်သဖြင့် သူသာလျှင် ထိုဟာကို ယူနိုင်သည်ဟု သူတို့သိထားကြသောကြောင့်ပင်။
တဖြည်းဖြည်း ကြယ်ကျောက်တောင်ထိပ်က ကြယ်တာယာကောင်းကင်က စတင်မှေးမှိန်လာသည်။
အနည်းငယ်အလှမ်းဝေးနေသည့် ရှီရှန်း၏ ပုံရိပ်ကလည်း ထိပ်တွင်ရပ်လိုက်၏။
ထိုနေရာတွင် သူတစ်ဦးတည်းသာရှိလေရာ ရှီရှန်းက ပြိုင်ဘက်မရှိ ကြယ်တာအို၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတော့မည်ဟု ဟောကိန်းထုတ်နေသည့်အလားထင်ရသည်။
ထိုအချိန်တွင် ဒုကျောင်းအုပ်လျိုရယ်မောသည်။
"ရှီရှန်း၊ တောင်ပိုင်းသဲကန္တာရက ကိစ္စတွေပြီးသွားတဲ့အခါကျရင် ငါ့ကိုလာရှာလိုက်၊ ငါမင်းကို ကြယ်ပင်လယ်မျှော်စင်ကို ခေါ်သွားမယ်၊ အဲမှာ မင်းကိုစိတ်၀င်စားစေမယ့် အရာတစ်ခုခုရှိတယ်"
ဒါကိုကြားသောအခါ ရှီရှန်းသဘောတူသည့်အသွင် ဒုကျောင်းအုပ်လျိုအား ဦးညွတ်သည်။
ဒုကျောင်းအုပ်ကျန်းတိုက်ရိုက်ပင်မေးသည်။
"မင်းငါ့ရဲ့ကိုယ်ပိုင်တပည့်ဖြစ်လာဖို့ စိတ်၀င်စားလား"
ရှီရှန်းအနည်းငယ်အံ့ဩသင့်သွားရသည်။ သူ့တွင်ငြင်းဆန်ရန် အခွင့်အလမ်းမရှိ။
သို့သော် ဘေးတွင်ရပ်နေသည့် ဒုကျောင်းအုပ်လျိုမှာ စိတ်တိုစွာပြောလာသည်။
"အဖိုးကြီး၊ မင်းကြယ်တာအိုကို လေ့ကျင့်ဖူးလို့လား၊ မင်းသူ့ကိုထိန်းထားနိုင်မလားဆိုတာကိုတောင် မတွေးဘဲ သူ့ကိုတပည့်အဖြစ် လက်ခံဖို့ကိုပဲ တွေးနေတယ်"
ဒုကျောင်းအုပ်ကျန်းအေးစက်စွာ နှာမှုတ်သည်။
"ဒီတော့ဘာဖြစ်လဲ၊ ငါကြယ်တာအိုကို နက်နက်ရှိုင်းရှိုင်းနားမလည်ဘူးဆိုပေမယ့် ငါ့မှာအရင်းအမြစ်တွေရှိတယ်"
ဒုကျောင်းအုပ်လျိုနှာခေါင်းရှုံ့သည်။
"အိုးတကယ်လား၊ မင်းမှာငါ့ထက် အရင်းအမြစ်ပိုများတယ်လို့ ပြောချင်တာလား၊ ငါက ကြယ်ပင်လယ်မျှော်စင်ကို အမြဲတာ၀န်ယူခဲ့သူတစ်ယောက်နော်"
"မင်းတိုက်ခိုက်ချင်နေတာလား" ဒုကျောင်းအုပ်ကျန်း၏အမူအရာက အန္တရာယ်ရှိလာသည်။
"ရတယ်လေ၊ ငါမင်းနဲ့နောက်ဆုံးတိုက်ခိုက်ခဲ့တာတောင် နှစ်တစ်ထောင်ကျော်သွားပြီ အဖိုးကြီး၊ အဲဒီတုန်းက မင်းငါ့ပြိုင်ဘက် မဟုတ်ခဲ့ဘူး၊ အခုမင်းဘယ်လောက် တိုးတက်လာသလဲဆိုတာ ကြည့်ကြရအောင်"
ဤသည်ကိုကြားသောအခါ ဒုကျောင်းအုပ်ကျန်း၏မျက်နှာက အသည်းရောင်ပြောင်းသွားသည်။
ပတ်၀န်းကျင်က အကြီးအကဲများနှင့် ကျောင်းသားများမှာ ဒုကျောင်းအုပ်နှစ်ဦး ရှီရှန်းကို တပည့်အဖြစ်ခက်ခံလိုသည့် ဆန္ဒအတွက် ထိပ်တိုက်တွေ့လုနီးပါးဖြစ်နေတာကို စောင့်ပြည့်ရင်း ကျော်ရွှင်မှုရော စိတ်ပျက်မှုတို့ကိုပါ ခံစားရသည်။
သို့သော်ဒါကအဓိပ္ပာယ်ရှိပါသည်။ မည်သူကများ ယခုလိုအံ့ဖွယ်ပါရမီရှင်တစ်ယောက်ကို သူတို့တပည့်အဖြစ် မလိုချင်ဘဲနေမည်နည်း။
ကံကောင်းစွာပင် ရှိနေသည့် ပထမအကြီးအကဲအကြံပေးလာသည်။
"လူကြီးမင်းတို့၊ ကျောင်းသားတွေအများကြီး ကြည့်နေကြတယ်လေ၊ အခုစိတ်လျှော့ကြရအောင်၊ ပြီးတော့ ဆရာရွေးဖို့အတွက်တော့ သူ့ကိုပဲဆုံးဖြတ်ခွင့်ပေးလိုက်ကြပါလား"
ယင်းနောက်တွင် ဒုကျောင်းအုပ်ကျန်း အေူစက်စွာနှာခေါင်းရှုံ့ရင်း ရှီရှန်းဘက်သို့ လှည့်လိုက်သည်။
"ရှီရှန်းမင်းဘာပြောချင်လဲ၊ မင်းငါ့ရဲ့ကိုယ်ပိုင်တပည့်ဖြစ်လာချင်လား"
ရှီရှန်းအရိုအသေပေးလိုက်သည်။
"အကြီးအကဲတို့၊ ကျွန်တော်နဲ့ဆိုင်တဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိနေပြီးသားမို့ လေးစားစွာ ငြင်းဆိုပါရစေ"
ဒုကျောင်းအုပ်ကျန်းညင်သာစွာ သက်ပြင်းချရင်း ခေါင်းညိတ်သည်။
"ဒါဆိုရင်တော့ ငါဒီကိစ္စကို အတင်းမလုပ်တော့ဘူး"
ထိုသို့ပြောပြီးနောက် ဒုကျောင်းအုပ်ကျန်း ထိုနေရာမှ ပျောက်ကွယ်သွား၏။
ဒုကျောင်းအုပ်လျိုကလည်း ပြုံးရင်း ရှီရှန်းအား ကြည့်သည်။
"ငါအခုလေးတင်မင်းကို ပြောခဲ့တာကို မှတ်မိနေပါ"
ရှီရှန်းခေါင်းညိတ်သည်။
"ဂျူနီယာမှတ်မိနေပါမယ်"
များမကြာမီ ရှိနေသူများက အလျင်အမြန်ပင် ထွက်သွားကြတော့သည်။
ရှီရှန်းကလည်း နယ်ပယ်ကိုတည်ငြိမ်အောင် လုပ်ရန်အတွက် ကောင်းကင်နံပါတ်တစ်ခြံ၀င်းသို့ပြန်သွားလိုက်သည်။
နောက်ထပ်နှစ်ရက်ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် တောင်ပိုင်းသဲကန္တာရသို့ ထွက်ခွာမည့်နေ့သို့ရောက်လာသည်။
မထွက်ခွာပင် ယဲ့ချိုးပိုင် အဆောင်များကို ရေးထွင်းနေသည့် မုဖူရှန်းအားကြည့်ရင်း ပြုံးသည်။
"ဂျူနီယာညီလေးမု၊ မင်းတကယ်မသွားတော့ဘူးလား"
မုဖူရှန်းပြတ်သားစွာပင် ခေါင်းခါယမ်းသည်။
"မသွားတော့ပါဘူး"
"ဘာလဲ၊ မင်းကိုဒီလောက် ကြောက်စေတဲ့ အရာတစ်ခုခုများရှိနေတာလား"
မုဖူရှန်းတိတ်ဆိတ်နေသည်။
ဖန်ချန်းညင်သာစွာရယ်မောသည်။
"စီနီယာအစ်ကိုမု ကျိုးပိုင်လုကို ကြောက်နေတာဖြစ်ရမယ်"
ကျိုးပိုင်လုလား!
ယဲ့ချိုးပိုင်ရောရှီရှန်းပါ မုဖူရှန်းအား သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
အကယ်၍ အကြည့်ကသာလူသတ်နိုင်ပါက မုဖူရှန်း ဖန်ချန်းအား အကြိမ်ရေထောင်ချီခန့် လှီးဖြတ်ပစ်ပေလိမ့်မည်။
ဖန်ချန်းနှုတ်ခမ်းများကို အမြန်ပိတ်ကာ နောက်ထပ်မည်သည့်စကားမှမဆိုရဲတော့။
"ကောင်းပြီ၊ ဒါဆိုငါတို့သွားတော့မယ်၊ မင်းဒီမှာနေပြီး ကိုယ့်ဘာသာကောင်းကောင်းကျင့်ကြံနေ"
ယဲ့ချိုးပိုင်နှင့်တခြားသူများထွက်သွားပြီးနောက် မုဖူရှန်းနောက်ဆုံးတွင် စိတ်သက်သာရာရစွာသက်ပြင်းချရင်း အေးစက်စွာနှာခေါင်းရှုံ့ကာ နဂါးကိုးကောင်နတ်မင်းဆက်ရှိရာဘက်သို့ ကြည့်လိုက်၏။
"ငါတောင်ပိုင်းသဲကန္တာရကို သွားမယ်လို့ မင်းတွက်ချက်ပြီးပြီဆိုမှတော့ ငါအခုမသွားတော့ဘူး၊ အဲဒီအကြောင်းရင်းနဲ့ အကျိုးဆက်က ငါ့ကိုဘာလုပ်နိုင်သေးလို့လဲ"
မဟုတ်ဘူး၊ ငါအကြောင်းရင်းနဲ့အကျိုးဆက်ရဲ့စွမ်းအားကို လျှော့မတွက်သင့်ဘူး!
ဒါကိုတွေးမိသောအခါ မုဖူရှန်း တံခါးအပြင်ဘက်တွင် အဆောင်တစ်ခုကို အလျင်အမြန်ကပ်လိုက်၏။
အနှောင့်အယှက်အဖြစ်မခံဘဲ သီးခြား တံခါးပိတ်ကျင့်ကြံရမယ်!