← Chapters

ဟုန်မန်စားတော်ပွဲ၊ စားတော်ပွဲသို့မတက်ရောက်ခြင်း

Vol. 96 Ch. 1356

ဟုန်မန်စားတော်ပွဲ၊ စားတော်ပွဲသို့မတက်ရောက်ခြင်း

Vol. 96 Ch. 1356

တျန်းဂျီတိုက်ကြီးတွင် အမှူမထားသည့် အစဥ်အတန်းတစ်ခုရှိသည်။

ဤအချက်၏ တိုက်ရိုက်အမြင်က သဲကန္တာရအပြင်ကလူများက သဲကန္တာရဲထဲက အင်အားစုများအား အထင်အမြင်သေးကာ အရေးမပါသည့်ပုရွက်ဆိတ်များဟု မှတ်ယူကြခြင်းပင်။

ဒါ့အပြင် ကန္တာရတပ်ဖွဲ့များကဲ့သို့ သဲကန္တာရထဲက အင်အားစုများက အပြင်လူများက ပို၍ပင် သူတော်ကောင်းယောင်ဆောင်ကြသည်ဟု ခံစားကြရသည်။ သူတို့က ကိုယ်ပိုင်အကျိုးအမြတ်အတွက် အမြဲလိုလိုသတ်ဖြတ်၊ လုယက်ကြသော်လည်း သူတို့မလုပ်ခဲ့သလို လေလွင့်ပြောဆိုကြသည်။

ထို့ကြောင့် အထီးကျန်တပ်ဖွဲ့၏စားတော်ပွဲကျင်းပမည့်နေ့တွင် တခြားပြင်ပအင်အားစုများက ပူးပေါင်းကြံစည်ထားကြသည့်အလား တစ်ဖွဲ့မှ စားတော်ပွဲသို့ မတက်ရောက်ခဲ့ကြပေ။

ဒါက အထီးကျန်တပ်ဖွဲ့ကလူများ၏ မျက်နှာကို အလွန်အမင်းကြည့်ရဆိုးသွားစေသည်။

ကောင်းမွန်သည့်ဝိုင်နှင့် စားကောင်းသောက်ဖွယ်များနှင့် ပြည့်နှက်နေသည့် စားပွဲရှည်ကြီးကို ကြည့်နေမိစဉ် မည်သူကမှ ထိုင်မနေကြပေ။

သဲကန္တာရ၏ ဒေသခံအင်အားစုများကသာ ဤဖြစ်ရပ်ကို ပံ့ပိုးရန်အတွက် လာကြသည်။

"ငါပြောသားပဲ၊ ကန္တာရအမှိုက်ကောင်တွေ၊ သူတို့က မင်းတို့ရဲ့ကန္တာရတပ်ဖွဲ့ကို လုံး၀မျက်နှာသာမပေးပုံပဲ" အောက်တွင် ထိုင်နေသည့်လူတစ်ယောက်က ရယ်မောစွာစားသောက်နေပြီး အတော်လေး၀ဖိုင့်ပုံပေါ်လာကာ ကျယ်လောင်စွာရယ်မောရင်း လက်ထဲတွင် သိုးသားတုတ်ထိုးတစ်ချောင်းကို ကိုင်ထားသည်။

"စားတော်ပွဲတစ်ခုကျင်းပတာလား၊ မင်းတို့က မင်းတို့မျက်နှာအတွက် စားပွဲတစ်ခုစီစဉ်ထားတာပါပဲ"

"ရှာဟိုင်၊ မင်းဒီလိုရွှံစရာစကားလုံးတွေ ပြောနေတာ သဲပင်လယ်ဂိုဏ်းက ငါတို့နဲ့ စစ်ပွဲတစ်ခုဆင်နွှဲချင်တာလား" ကန္တာရလူ၏မျက်နှာက မည်းမှောင်သွားပြီး ရှာဟိုင်အား ကြည့်လိုက်၏။

"အဲဒီအပြင်လူတွေမလာတာက ငါ့ရဲ့ကန္တာရတပ်ဖွဲ့ကို မျက်နှာမပေးရုံတင်သာမက ကန္တာရထဲက ငါတို့ညီအစ်ကိုတွေအားလုံးကိုလည်း မလေးမစားလုပ်လိုက်တာကွ"

ထိုစကားကိုကြားသောအခါ တခြားသူများ၏ မျက်နှာများကလည်း အေးစက်လာကြ၏။

ရှာဟိုင်ကလည်းဝါးနေတာကို ရပ်လိုက်ပြီး သူ့အမူအရာက တဖြည်းဖြည်းလေးနက်လာသည်။

ထို့နောက် ပါးစပ်ထဲတွင် မမျိုချရသေးသည့်အသားကို ရွံရှာစွာ ထွေးထုတ်လိုက်သည်။

"မင်းပြောတာအဓိပ္ပာယ်ရှိတယ်၊ ဒါနဲ့ပတ်သက်ပြီး မင်းဘာလုပ်ချင်လဲ"

ကန္တာရလူတစ်ခုခုပြောတော့မည့်အချိန်တွင် တစ်ယောက်ယောက်အလျင်အမြန် ပြေးလာပြီး သူ့ရှေ့ဒူးထောက်ကာ ကျယ်လောင်စွာပြောသည်။

"ခေါင်းဆောင်၊ မကောင်းတော့ပါဘူး၊ အဲဒီအပြင်လူတွေက ကန္တာရစားသောက်ဆိုင်မှာ သူတို့ကိုယ်ပိုင်စားသောက်ပွဲကို ပြင်ဆင်ထားကြပြီး ပြင်ပအင်အားစုအားလုံး အခု အဲဒီမှာစုရုံးနေကြပါတယ်"

ဤစကားအပေါ် ကန္တာရလူတင်မဟုတ်ဘဲ ရှာဟိုင်နှင့် တခြားအင်အားစုများက အဆင့်မြင့်လူများမှာ ကျယ်လောင်စွာကျိန်ဆဲရင်း စားပွဲများကို ဒေါသတကြီးရိုက်နှက်လေရာ လွင့်စင်သွားရတော့သည်။

ကန္တာရလူမှာ သူ့ညာဘက်ပါးတစ်ခုလုံးရှိ အမာရွတ်ကို ဆွဲရင်း ဒေါသတကြီးရယ်မောသည်။

"သူတို့ကငါတို့နဲ့ဒီလောက်ထိ မပတ်သက်ချင်တာပေါ့၊ ရှာဟိုင်၊ ငါဘာလုပ်ချင်လဲလို့ မင်းမေးခဲ့တယ်မလား၊ သူတို့မလာဘူးဆိုရင် ငါတို့သူတို့ဆီသွားမယ်"

"ဒီသဲကန္တာရထဲမှာ ဒီအထီးကျန်မြို့ပိုင်နက်မှာ သူတို့မှာ ဒီလောက်မောက်မာဖို့ ဘာအခွင့်အရေးများရှိလို့လဲ"

"ညီအစ်ကိုတို့၊ ငါ့နောက်ကလိုက်ခဲ့ကြ"

ကန္တာရလူနှင့် ရှာဟိုင်တို့ ကန္တာရစားသောက်ဆိုင်သို့ဦးတည်သွားစဉ် လူအုပ်ကြီးက သူတို့နောက်ကနေ အလျင်အမြန် ပြေးလိုက်သွားကြ၏။

....

တကယ်တမ်းတွင်လည်း သဲကန္တာရအပြင်က မည်သည့်အင်အားစုမှာ ကန္တာတပ်ဖွဲ့၏ စားတော်ပွဲဖိတ်ကြားမှုသို့မသွားခဲ့ပေ။

ယဲ့ချိုးပိုင်ပဟေဠိဖြစ်နေပြီး ထန်ကျုံ့ကျောက်အား ဤအကြောင်းနှင့် ပတ်သက်၍ မေးမြန်းသောအခါ ထန်ကျုံ့ကျောက်ရယ်မောလိုက်သည်။

"သွားစရာမှမလိုတာ၊ အဲဒါက ဒီနယ်မြေကို ဘယ်သူပိုင်တယ်ဆိုတာကို ပြသရင်း အာဏာတည်ဆောက်ခြင်းပဲလေ"

"ဒါ့အပြင် ကန္တာရတပ်ဖွဲ့၏သဘောထားအရဆိုရင် သူတို့တစ်ခုခုနောက်ချန်မထားဘဲ ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပေးလောက်ဘူး"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ သဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။

အိမ်ရှေ့မင်းသားကလည်း အပြုံးဖြင့်ပြောသည်။

"ဒါ့အပြင် ငါတို့သွားရင် သူတို့ကို အားနည်းချက်ပြသလို ဖြစ်သွားလိမ့်မယ်၊ ဒါက ငါတို့လိုနတ်မင်းဆက်က အင်အားစုတွေအတွက် ကောင်းတဲ့အရာတစ်ခုမဟုတ်ဘူး"

နတ်မင်းဆက်တစ်ခုလိုအပ်တာက အကြွင်းမဲ့အာဏာဖြစ်လေရာ ကန္တာရတပ်ဖွဲ့၏ဖိနှိပ်ခြင်းကို ခံရခြင်းက တိုင်းပြည်၏ ကံကြမ္မာကို အတိုင်းအတာတစ်ခုအထိ သက်ရောက်သွားပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် တခြားစားတော်ပွဲတစ်ခုကို ရွှမ်ဝူနတ်မင်းဆက်ကစီစဉ်ထားခဲ့သည်။

ကြည့်ရသည်မှာ ဒါက သဲကန္တာရ၏ အင်အားစုများကို ပြသရန်ဖြစ်ပြီး သူတို့ အထီးကျန်မြို့ကို လာခဲ့လျှင်ပင် ၎င်းတို့၏ ပိုင်နက်အတွင်း သူတို့ကအသေးအနုတ်သာဖြစ်သည်ဟု ပြသချင်သည့်အသွင်။

ကန္တာရစားသောက်ဆိုင်၌ စားတော်ပွဲ၏ စားပွဲများက ကန္တာရတပ်ဖွဲ့ထက် တန်ဖိုးကြီးမားပုံမပေါ်သော်လည်း လူအုပ်စုကြီးက ဦးတည်နေခဲ့သည်။

နဂါးကိုးကောင်နတ်မင်းဆက်ကလူများက ဝိဉာဉ်အနှစ်သာရကျောင်းတော်သားများနှင့်အတူ ထိုင်ကြသည်။

ကျိုးပိုင်လုကလည်း ဤပွဲသို့ တက်ရောက်ခဲ့သည်။

ရှေ့တွင် ထိုင်နေသည့်သူတော်စင်သားတော်ရွှမ်မင် ကျိုးပိုင်လုမျက်နှာကိုမြင်သောအခါ မျက်နှာက အံ့ဩသင့်မှုကြောင့် လင်း၀င်းသွားပြီး အလျင်အမြန်လှည့်လာသည်။

"ပိုင်လု၊ မင်းလည်းရောက်လာတာလား"

ကျိုးပိုင်လု ရွှမ်မင် ခေါင်းတစ်ချက်သာညိတ်ပြပြီးနောက် လျစ်လျူရှုထားလိုက်သည်။

ယခုလိုသဘောထားမျိုးအပေါ် သူတော်စင်သားတော်ရွှမ်မင်မှာ ကျင့်သားရနေလေပြီ။

ဘေးသို့စိုက်ကြည့်ကာ အိမ်ရှေ့မင်းသားအား နှုတ်ဆက်ပြီးနောက် သူ ရှောင်ဟိုင်နှင့် ကျန်သောသူများကို ကြည့်လိုက်မိစဉ် သူ့အမူအရာက ရုတ်တရက်အေးခဲသွား၏။

"အိုး၊ ဒီတော့ မင်းတို့က ဒီလျှို့ဝှက်နယ်မြေမှာ ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ကိုယ်စားပြုဖို့အတွက် အရည်အချင်းပြည့်မီတဲ့ အထူးကျောင်းသားသစ်တွေပေါ့" ရွှမ်မင် ရှောင်ဟိုင်အားနှာခေါင်းရှုံ့ပြသည်။

"ပြီးတော့ သူများနောက်မှာပုန်းနေဖို့ကိုပဲ သိတဲ့အဲဒီအဆောင်သခင်ရော၊ ဒီတစ်ခါသူဘာလို့မလာတာလဲ၊ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုသာဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ရမှာကြောက်လို့ သူမလာရဲတာများလား"

သူတော်စင်သားတော်ရွှမ်မင်ရည်ညွှန်းနေသူက မုဖူရှန်းပေတည်း။

အိမ်ရှေ့မင်းသားအနည်းငယ် မျက်မှောင်ကြုတ်သည်။

တခြားတစ်ဘက်တွင် ထန်ကျုံ့ကျောက် သူတော်စင်သားတော်ရွှမ်မင်အား တိုက်ရိုက်ကြည့်ပြီး အေးစက်စွာပြောသည်။

"သူတော်စင်သားတော်၊ မင်းက ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ ငါတို့ ဘာလုပ်ရမလဲဆိုတာ သင်ကြားပေးနေတာလား"

သူတော်စင်သားတော်ရွှမ်မင်၏မျက်နှာက တစ်ခဏမျှမှင်သေသွားပြီးနောက် ထန်ကျုံ့ကျောက်အားကြည့်ကာ ရယ်မောသည်။

"အိုး၊ ညီနောင်ထန်ပါလား၊ ငါဘယ်လိုလုပ် လုပ်ရဲမှာလဲ၊ ဝိဉာဉ်အနှစ်သာရကျောင်းတော်ဘာပဲလုပ်လုပ် ငါ၀င်ရောက်စွက်ဖက်လို့မှမရတာ"

"ဒီတော့ မင်းက ဝိဉာဉ်အနှစ်သာရကျောင်းတော်က ရွေးချယ်ထားတဲ့လူတွေကို မေးခွန်းထုတ်နေတာလား" ထန်ကျုံ့ကျောက် သူတော်စင်သားတော်ရွှမ်မင်အား ပွင့်လင်းစွာပင်ပြောရင်း ကျယ်လောင်စွာ အော်ဟစ်ကာ လုံး၀မျက်နှာသာမပေးပေ။

အတိတ်တွင် ထန်ကျုံ့ကျောက် မျက်နှာသာပေးခဲ့လောက်သော်လည်း ယခု သူတော်စင်သားတော်ရွှမ်မင်က ရှောင်ဟိုင်နှင့် တခြားသူများကို လူသိရှင်ကြား စော်ကားခဲ့လေရာ သူတို့ကအခုဝိဉာဉ်အနှစ်သာရကျောင်းတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်နေသဖြင့် သူသည်းမခံနိုင်ပေ။

သူတော်စင်သားတော်ရွှမ်မင်၏အမူအရာကလည်း မည်းမှောင်သွားခဲ့သည်။

လူတိုင်းရှေ့တွင် သူက နတ်မင်းဆက်တစ်ခု၏ သူတော်စင်သားတော်တစ်ပါးဖြစ်နေဆဲပင်။

တခြားသူများက ဝိဉာဉ်အနှစ်သာရကျောင်းတော်က ‌ဆိုလျှင်ပင် ဒါကမျက်နှာကို ခပ်ပြင်းပြင်းလေး ဖြတ်ရိုက်ခြင်းပေတည်း။

"ညီနောင်ထန် ဘာကိုဆိုလိုချင်တာလဲ"

ထန်ကျုံ့ကျောက် သူတော်စင်သားတော်ရွှမ်မင်အား အေးစက်စွာကြည့်သည်။

"ငါလည်းမေးပါရစေ၊ သူတော်စင်သားတော်ဘာကို ပြောချင်တာလဲ"

သူတို့နှစ်ယောက် ဓားချင်းတေ့တော့မည့် အနေအထားတွင်ရှိနေစဉ် ဘန်းခနဲ မြည်သံနှင့်အတူ ရုတ်တရက် စားသောက်ဆိုင်၏ အမိုးကြက်က လုံး၀ရှင်းထုတ်ခံလိုက်ရသည်။

"မင်းတို့အားလုံးကို မျက်နှာသာမပေးချင်ဘဲ ငါတို့ရဲ့အထီးကျန်မြို့တပ်ဖွဲ့စားတော်ပွဲကို မလာချင်ကြဘူးဆိုမှတော့ ငါတို့က ကိုယ်တိုင်ပဲ လာရတာပေါ့"

လူတိုင်းချက်ချင်းမော့ကြည့်လိုက်ကြစဉ် အပေါ်က လူအုပ်စုကြီး၏အမှောင်ထုကို မြင်လိုက်ရသည်။ သို့သော်သူတို့ ဒီမြင်ကွင်းကို မျှော်လင့်ထားသည့်အလား သူတို့၏ အမူအရာများက ပြောင်းလဲသွားခြင်းမရှိချေ။

ဒီနေရာကို ရောက်လာနိုင်သူများက အဓိကအင်အားစုအသီးသီးမှ စစ်မှန်သောပါရမီရှင်အဆင့်ပုဂ္ဂိုလ်များသာဖြစ်သည်။

ဘာကြောင့် သူတော်စင်သားတော်ရွှမ်မင် ဒီစားတော်ပွဲကို စီစဉ်ရသလဲဆိုတာ သူတို့သိကြသည်။

တစ်ဘက်လူက ဒီကိစ္စကို ဇာတ်ကွက်ဖန်တီးရန်အတွက် လာမှာကိုလည်း မျှော်လင့်ထားပြီးဖြစ်သည်။

"ပျက်စီးသွားတဲ့အိမ်အတွက် မင်းတို့လျော်ကြေးပေးရမယ်နော် အထီးကျန်မြို့တပ်"

"ဖိတ်ကြားချက်မရှိဘဲ ကိုယ်တိုင်ရောက်လာတာက နည်းနည်းမသင့်တော်သလိုထင်ရတယ်"

"ဒါပေမယ့် ရောက်နေပြီဆိုမှတော့ သောက်ဖို့ဆင်းလာမယ်ဆိုရင်ရော"

ရှိနေသောသူအားလုံး တည်ငြိမ်သည့် အမူအရာဖြင့် ရယ်မောလိုက်ကြ၏။

သူတို့က အထီးကျန်မြို့တပ်ဖွဲ့များကို အလေးအနက်ပင်ထားပုံမရပေ။

သူတို့စကားလုံးထဲက အထင်အမြင်သေးမှုများက မမှားယွင်းနိုင်ပေ။

ထိုအချိန်မှာပင် သူတော်စင်သားတော်ရွှမ်မင်နှင့် ထန်ကျုံ့ကျောက်တို့ ရန်လိုမှုများကို ယာယီရပ်ဆိုင်းထားရန် ရွေးချယ်ခဲ့ကြသည်။

သူတော်စင်သားတော်ရွှမ်မင် မော့ကြည့်ရင်း အထီးကျန်မြို့တော်၀န်အား မျက်နှာချင်းဆိုင်ကာအပြုံးဖြင့်ပြောသည်။

"အထီးကျန်အကြီးအကဲ၊ ခင်ဗျားဒီကို ရောက်နေပြီဆိုမှတော့ ဧည့်သည့်တစ်ယောက်ပဲ၊ ဘာလို့အရင်ဆင်းလာပြီး စကားမပြောရမှာလဲ"

အထီးကျန်မြို့တော်၀န်နှာခေါင်းရှုံ့သည်။

"စကားပြောရမယ်၊ မင်းတို့ငါတို့မျက်နှာကို ဒီလိုရိုက်နှက်ပြီးနောက်မှာ ငါတို့စကားပြောဖို့ လိုဦးမယ်လို့ မင်းတို့ထင်လား"

အိမ်ရှေ့မင်းသားအပြုံးဖြင့်ဆိုလာသည်။

"အထီးကျန်မြို့တော်၀န်၊ ခင်ဗျားလှုပ်ရှားနိုင်မယ်လို့ထင်လား၊ တစ်ယောက်နှစ်ယောက်တည်းပဲဆိုရင် အဆင်ပြေလောက်ပေမယ့် ဒီနေရာက တျန်းဂျီတိုက်ကြီးရဲ့ အဓိကအင်အားစုတွေက ပါရမီရှင်အားလုံးနီးပါးရှိနေကြတာနော်၊ ခင်ဗျားလှုပ်ရှားရဲမယ်ဆိုရင် အထီးကျန်မြို့တပ်ဖွဲ့တွေက အသက်ရှင်ဦးမယ်ထင်လား"

"ဒါ့အပြင် ကျုပ်တို့ကလည်း မိသားစုထဲက အကြီးအကဲတွေကိုပါ ခေါ်ဆောင်လာခဲ့တယ်လေ"

All Chapters