မုဖူရှန်း၊ ငါသဘောမတူဘူး
Vol. 96 Ch. 1347
သွေးကြောအမျက်ဒေါသ၊ သွေးကြောအရှုပ်အထွေးနှင့် ထာ၀ရနတ်ဆိုးကိုယ်ထည်၏ မျဉ်းရှစ်ခုလုံး၏ခွန်အားက ညာလက်သီးပေါ်၌ စုဆုံသွားစဉ် ရှောင်ဟိုင်၏ လက်ရှိရုပ်ခွန်အားနှင့်ပင် ဤမျှကြီးမားသည့်စွမ်းအားကို ခုခံရန်ဟူသည် ခက်ခဲနေလေပြီ။
ယခုတွင်မူ သူနတ်ဆိုးပြန်လက်သီးကျင့်စဉ်၏ ပထမပညာရပ်ကိုပင် ထုတ်သုံးခဲ့သည်။
သူ ထိုနတ်ဆိုးချီအားလုံးနှင့် အနက်ရောင်ကြိတ်စက်၏စွမ်းအားအားလုံးကို ညာလက်သီးဆီသို့ ပို့လွှတ်လိုက်၏။
ဤသည်က အားစိုက်လွန်းသဖြင့် တင်းမာနေပြီဖြစ်သည့် သူ့လက်သီးက သွေးပြန်ကြောများကိုပင် ပေါက်ကွဲသွားစေပြီး ချက်ချင်းဆိုသလို လက်အရိုးများပေါ်၌ အက်ကြောင်းအများအပြားပေါ်လာသည်။
ယခုလိုအခြေအနေတွင် သာမန်လူတစ်ယောက်ဆိုပါက ဤကဲ့သို့ပေါက်ကွဲမှုအခြေအနေ၌ သူတို့ညာလက်ကို ထိန်းသိမ်းထားနိုင်မည်မဟုတ်။ ဆန့်ကျင်ဘက်ပင် သူတို့စွမ်းအားက သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
ရှောင်ဟိုင်နှင့် နယ်ပယ်တူက ကိုယ်ခန္ဓာကို အမြင့်ဆုံးအထိ ပြုပြင်မွမ်းမံထားသူတစ်ယောက်ပင်လျှင် အလားတူကံကြမ္မာမျိုးကို ခံစားရပေလိမ့်မည်။
သို့စေကာမူ ယခုရူးသွပ်နေသည့် အခြေအနေတွင်ရှိနေသောရှောင်ဟိုင်မှာ အာရုံကြောများပြတ်သွားသည့်အလား နာကျင်မှုခံစားချက်ကို လုံး၀မေ့သွားပုံပင်။
သွေးကြောစွမ်းအားကို အဆုံးစွန်ထိ လှည့်ပတ်နေရင်း သူညာလက်သီး၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် ကုသစွမ်းရည်များကို အဆက်မပြတ်သုံးကာ နဂါးနှစ်ကောင်ကို ဂရုမစိုက်သည့်အသွင် ထိုးနှက်နေသည်။
ဤလက်သီးချက်က လေဟာနယ်ကိုပင် ထိုးဖောက်သွားပုံရသည်။
နဂါးကိုးတောင်တောင်တန်းအတွင်းရှိ နတ်တပိုင်းအဆင့်နဂါးသွေးကြောပင်လျှင် ဤတဒင်္ဂ၌ စွမ်းအင်နှင့်အတူ စတင်ဆူပွက်လာသည်။
နတ်ဆိုးချီ၏ထိုးတက်မှုအောက်တွင် နဂါးကိုးကောင်တောင်တန်းအပြင်ဘက်က ကြည့်ရှုသူများပင်လျှင် နတ်ဆိုးနက်ချီနှင့် ပြည့်နှက်နေသည့် ကောင်းကင်ကို မော့ကြည့်ရင်း သူတို့မျက်နှာက အံ့ဩသင့်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
"ဒီခန္ဓာကျင့်ကြံသူက နတ်ဆိုးနယ်မြေကများလား"
"ဒီလိုနတ်ဆိုးချီမျိုးက နတ်ဆိုးနယ်မြေရဲ့ ထိပ်တန်းတော်၀င်မိသားစုကပဲ ပိုင်ဆိုင်နိုင်မှာကို ငါစိုးရိမ်မိတယ်"
တော်၀င်မင်းသားကလည်း အနည်းငယ်မျက်မှောင်ကြုတ်ထားသည်။
သူစိတ်ထဲက သတင်းအချက်အလက် အပိုင်းအစတစ်ခုကို ရှာဖွေနေပုံရသည်။
အချိန်အတော်လေးကြာသွားပြီးနောက်တွင် သူ့မျက်နှာ၌ အနည်းငယ်ထိတ်လန့်သည့် အမူအရာကို ပြသလာသည်။
သူ့ဘေးက ကျိုးပိုင်လုကလည်း သူမတစ်ဦးတည်းသာကြားနိုင်သည့်အသံဖြင့် တီးတိုးရေရွတ်သည်။
"သူတော်စင်နတ်ဆိုးသွေးကြော၊ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ....."
အိမ်ရှေ့မင်းသားရော ကျိုးပိုင်လုတို့ပါ သူတော်စင်နတ်ဆိုးသွေးကြောကို သိနေသည်မှာ ရှင်းနေသည်။
သူတော်စင်နတ်ဆိုးသွေးကြောတွင်သာလျှင် ကောင်းကင်ကိုဆန့်ကျင်နိုင်သည့် သွေးကြောစွမ်းရည်နှင့် ယခုလိုကျယ်ပြောသည့် နတ်ဆိုးချီရှိပေလိမ့်မည်။
အာရုံစိုက်မှုက နဂါးဖြူတောင်ထိပ်သို့ ပြန်ရောက်သွားခဲ့သည်။
ရှောင်ဟိုင်၏ကမ္ဘာတုန်လှုပ်ဖွယ်ရာလက်သီးချက်က နဂါးနီနှင့် လေနဂါးတို့၏ ဧရာမခေါင်းပေါ်ဆင်းသက်လာသည်။
လူအုပ်စု၏တင်းမာခက်ထန်နေသည့် အကြည့်အောက်တွင် ခရက်ခ် ဟူသော ပြတ်သားသည့်အသံများထွက်လာသည်။
ဤအသံက ရှောင်ဟိုင်လက်အရိုးကျိုးသံမဟုတ်ဘဲ ယင်းအစား နဂါးနီနှင့် လေနဂါးတို့၏ ဧရာမနဂါးခေါင်းပေါ်၌ မရပ်မနားပျံ့နေသည့် အက်ကြောင်းများ၏အသံပင်။
ဤပြတ်သားသည့်အသံက နဂါးနီတပ်မှူးနှင့် ကောင်းကင်နဂါးတပ်မှူးတို့ကို ထိတ်လန့်သွားစေသည်။
ဒါကသူတို့၏စုပေါင်းအစွမ်းကုန်တိုက်ခိုက်မှုဖြစ်သလို သူတို့နှစ်ယောက်စလုံး၏ အားထုတ်မှုလည်းဖြစ်သည်။
သူတို့ကျရှုံး၍မရပေ။
သူတို့၏တိုက်ခိုက်မှုသာ ချိုးဖျက်ခံရပါက သူတို့ရှုံးနိမ့်မှုက မလွှဲမသွေဖြစ်လာပေလိမ့်မည်။
ဤကဲ့သို့စွမ်းအားနှင့် ရှောင်ဟိုင်သာ သူတို့နှစ်ယောက်ကို အထိန်းအချုပ်မဲ့ အနိုင်ယူပစ်ပါက သူတို့တပ်ရင်းခြောက်ခု၏ ဆုံးရှုံးမှုကလည်း သေချာသွားပေလိမ့်မည်။
နှစ်ယောက်စလုံးတစ်ချိန်တည်းတွင် အော်ဟစ်လိုက်ကြပြီး လက်နှစ်ဖက်ကို ရှေ့သို့အပြင်းအထန် တွန်းပို့လိုက်လေရာ ပြင်းထန်သောအင်မော်တယ်အော်ရာစီးကြောင်းများက နဂါးနှစ်ကောင်ထဲသို့ စိမ့်၀င်သွားကြ၏။
သို့စေကာမူ ပြင်းထန်သည့်အင်မော်တယ်အော်ရာကို ပေါင်းစပ်ထည့်သွင်းခဲ့လျှင်ပင် ဧရာမနဂါးခေါင်းနှစ်ခုရှိ အက်ကြောင်းများ အမြန်ပျံ့နေတာကို သူတို့မတားဆီးနိုင်ခဲ့ပေ။
များမကြာမီ တပ်မှူးနှစ်ဦး၏ မျှော်လင့်ချက်ကင်းမဲ့နေသည့်အကြည့်အောက်တွင် နဂါးနီနှင့် လေနဂါးတို့၏ ခေါင်းများက ၀မ်းနည်းဖွယ်ရာဟစ်ကြွေးသံနှင့်အတူ ပွင့်ထွက်သွားကြသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်၏ လက်သီးက ရပ်တန့်ခြင်းမရှိဘဲ နဂါးနှစ်ကောင်၏ခန္ဓာကို တိုက်ရိုက်ထိမှန်ပြီး နဂါးခန္ဓာများအား အပိုင်းပိုင်းကွဲသွားစေသည်။
နဂါးများ၏အမြစ်က ဘန်းခနဲအသံနှင့်အတူ ကွဲအက်သွားပြီး ရှောင်ဟိုင်အပျက်အစီးပုံထဲကနေ ပစ်ထွက်လာကာ သူ့လက်သီးချက်က လျော့ကျမသွားဘဲ သူတို့နှစ်ယောက် ထုတ်လွှတ်လိုက်သည့် ကာကွယ်ရေးအတားအဆီးကို တိုက်ရိုက်ထိမှန်သည်။
ခရက်ခ်.....ခရက်ခ်....!
အတားအဆီးကပြိုကွဲသွား၏။
တပ်မှူးနှစ်ဦး၏မျက်လုံးများက တွန့်ဆုတ်မှုနှင့် ပြည့်နှက်နေသည့်တိုင် သူတို့တုံကင်ကို ချေမွရန်ကလွဲပြီး ရွေးချယ်စရာမရှိပေ။
အလင်းစက်လုံးတစ်ခုအဖြစ်ပြောင်းသွားကာ သူတို့အဝေးသို့ပို့ဆောင်ခံလိုက်ရသည်။
ယင်းနောက်တွင်သာ ရှောင်ဟိုင်၏လက်သီးချက်အရှိန်က ရပ်သွားခဲ့သည်။
သူ့ညာလက်တစ်ခုလုံးက ခါးရှိရာသို့ အားအင်ကင်းမဲ့စွာကျသွားပြီး သွေးနှင့်ပြည့်လျှမ်းနေကာ လက်မောင်းမှသွေးများ အဆက်မပြတ်စီးဆင်းလာသည်။
အကယ်၍ တစ်ယောက်ယောက်သာ ရှောင်ဟိုင်၏ညာလက်မောင်းထဲက အခြေအနေကိုမြင်မည်ဆိုပါက သူတို့ထိတ်လန့်သွားကြပေလိမ့်မည်။
ရှောင်ဟိုင့်ညာလက်တွင် အရိုးတစ်ချောင်းမှက အကောင်းပကတိမကျန်ရစ်ခဲ့ဘဲ လက်မောင်းအရိုးအားလုံးက လုံး၀ကြေမွကာ ညာလက်မောင်းရှိ အသားများထဲတွင် မြှုပ်နှံထားသည့် အပိုင်းအစများအဖြစ် ပြောင်းသွား၏။
သူ့သွေးကြောများပင်လျှင် ပြတ်တောက်သွားခဲ့သည်။
အကယ်၍တခြားတစ်ယောက်သာဆိုပါက ယခုလိုပြင်းထန်စွာ ပျက်စီးနေသည့် ညာလက်မောင်းကို အပြည့်အ၀ကုသရန်အတွက် မရေမတွက်နိုင်လောက်သော သဘာ၀ရတနာများကို လိုအပ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ကိုယ်ခန္ဓာအဆင့်က ပိုမြင့်လေလေ၊ ကုသအားဖြည့်ရန်အတွက် လိုအပ်သည့်ပစ္စည်းများက ပိုတန်ဖိုးရှိလာလေလေ မဟုတ်ပေလော။
သို့သော် ရှောင်ဟိုင့်တွင် သွေးကြောကို ပြန်လည်ကောင်းမွန်လာစေရန်အတွက် အစွမ်းရှိပြီး ယခုလိုပူပန်မှုများကို ဖယ်ရှားရင်း ကုသရန်အချိန်အနည်းငယ်ပိုလိုအပ်သည်။
တခြားတစ်၀က်တွင် ဖယောင်းနဂါးတပ်မှူးနှင့် အကြေးခွံပြောင်းပြန်တပ်မှူးတို့ ဤမြင်ကွင်းကိုမြင်ပြီးနောက် လုံး၀အားကိုးရာမဲ့သွားကြ၏။
ဒီအဆင့်တွင် သူတို့၏အရှုံးက သေချာသွားလေပြီ။
ဤအတွေးနှင့်အတူ သူတို့တစ်ဦးစီက တုံကင်များကို ချေမွလိုက်ကြပြီးနောက် နဂါးကိုးကောင်တောင်တန်းထဲက တိုက်ရိုက်ထွက်သွားကြလေတော့သည်။
ဤသို့ဖြင့် တပ်ရင်းခြောက်ခုစလုံးကို လုံး၀ရှုံးနိမ့်သွားခဲ့ရသည်။
ဤတပ်ဖွဲ့များက စုစည်းထားသည့် တခြားနဂါးဝိဉာဉ်ခုနှစ်ခုကလည်း လေထဲတွင် ပေါ်လာခဲ့သည်။
ဤသည်ကိုမြင်သောအခါ အဇူရာနဂါးတပ်မှူးအားလုံးကို စုစည်းလိုက်၏။ စုစည်းနေစဉ် သူ့လက်များက ထိန်းချုပ်၍ မရအောင်ပင် တုန်ယင်နေသည်။
ဒါကစိတ်လှုပ်ရှားစရာကောင်းလွန်းသည်။
သူတို့နဂါးဝိဉာဉ်အားလုံးကို အမှန်တကယ် စုစည်းနိုင်ခဲ့သည်။
စစ်ရေးလေ့ကျင့်မှုတိုင်းတွင် မည်သည့်တပ်ဖွဲ့တစ်ဖွဲ့တည်းကမှ ဤသည်ကို တစ်ခါမှ မအောင်မြင်ခဲ့ဖူးပေ။
ဤတဒင်္ဂ၌ အဇူရာနဂါးတပ်သားများက မြေပြိုမှု သို့မဟုတ် ဆူနာမီအလား ကျယ်လောင်သည့်အားပေးသံများကို ထုတ်လွှတ်ကြသည်။
အဇူရာနဂါးတပ်မှူး ရှောင်ဟိုင်နှင့်ကျန်နှစ်ယောက်နားသို့ ချဉ်းကပ်ပြီး နက်ရှိုင်းစွာဦးညွတ်သည်။
"မင်းတို့သုံးယောက်လုံးကို ကျေးဇူးတင်ပါတယ်၊ မင်းတို့ကြောင့်သာမဟုတ်ဘူးဆိုရင် ငါတို့နဂါးဝိဉာဉ်တစ်ခုကိုတောင် ရိတ်သိမ်းနိုင်ခဲ့မှာမဟုတ်ဘူး"
ဒုတပ်မှူးများနှင့် လက်အောက်ငယ်သားများကလည်း လေးစားစွာဦးညွတ်ကြသည်။
ရှောင်ဟိုင်ထူးမခြားနားစွာပင်ပြောသည်။
"တစ်ယောက်ယောက်က တခြားတစ်ယောက်ရဲ့ငွေကိုယူထားရင် အလုပ်ကိုလည်း ကောင်းကောင်းလုပ်ဖို့လိုတာ သဘာ၀ပါပဲ၊ ခင်ဗျားတို့ကျေးဇူးတင်ချင်ရင် ခင်ဗျားတို့ရဲ့ဆရာသခင်ကိုပဲ ကျေးဇူးတင်ကြပါ"
အဇူရာနဂါးတပ်မှူးခေါင်းညိတ်သည်။
"မင်းတို့ရဲ့အရည်အသွေးတွေကို ငါအိမ်ရှေ့မင်းသားဆီတင်ပြမှာပါ၊ ဒါပေမယ့် အိမ်ရှေ့မင်းသားကလည်း အပြင်ကနေ ဖြစ်ပျက်နေတာကို မြင်ပြီးပြီဆိုတာ သေချာပါတယ်"
"နဂါးဖြူဝိဉာဉ်ကို အရင်စုစည်းကြတာပေါ့၊ ပြီးရင် ငါတို့ထွက်သွားလို့ရပြီ"
ထိုသို့ပြောပြီး နဂါးဖြူဝိဉာဉ်ကို စုစည်းပြီးနောက်တွင် လူတိုင်းတုံကင်များကို ချေမွကာ နဂါးကိုးကောင်တောင်တန်းထဲက ထွက်လာခဲ့ကြတော့သည်။
.....
ဤအခိုက်အတန့်၌ နဂါးကိုးကောင်တောင်တန်းအပြင်ဘက်တွင် တပ်ဖွဲ့အားလုံး ပြန်လည်စုစည်းကြသည်။
သူတို့အထက်တွင် ကောင်းကင်သားတော်က အိမ်ရှေ့မင်းသားနှင့် မင်းသားအနည်းငယ်တို့နှင့်အတူ ရပ်နေကြပြီး ၀န်ထမ်းဦးစီးများနှင့် ၀န်ကြီးများက နောက်တွင်ရှိသည်။
သို့စေကာမူ ဤသည်က မိသားစုအမျိုးမျိုးအတွက် ပျော်ရွှင်မှုနှင့် ၀မ်းနည်းမှုတို့ ရောစပ်နေသည်။
အိမ်ရှေ့မင်းသား၏မျက်နှာထက်၀ယ် အပြုံးတစ်ပွင့်တောက်ပနေသည်။
ပထမမင်းသားရော တတိယမင်းသားတို့ပါ စိတ်ပျက်မှုနှင့် ဒေါသထွက်နေကြပြီး မဖုံးကွယ်ထားနိုင်ဖြစ်နေကြသည်။
မျှော်လင့်မထားစွာပင် အဇူရာနဂါးစစ်တပ်က နဂါးဝိဉာဥ်အားလုံးကို စုဆောင်းနိုင်ခဲ့သည်။
ဒါကမကြုံစဖူးအောင်မြင်မှုပေတည်း။
ဤစစ်ရေးလေ့ကျင့်မှုအပြီးတွင် အိမ်ရှေ့မင်းသား၏ ဩဇာလွှမ်းမိုးမှုက မကြုံစဖူးမြင့်တက်လာပြီး ကောင်းကင်သားတော်ကလည်း သူ့ကိုပို၍ချီးမြှောက်လိမ့်မည်ဆိုတာ သံသယပင်ရှိစရာမလိုတော့။
မည်သူမှ အိမ်ရှေ့မင်းသား၏ရာထူးကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တော့မည်မဟုတ်။
ထို့နောက် ကောင်းကင်သားတော်မှာ အဇူရာနဂါးစစ်တပ်အား စတင်ဆုချီးမြှင့်သည်။
ပြင်ပအကူအညီများက ဤဆုများကိုမရပေ။
သို့စေကာမူ နဂါး၀ိဉာဉ်ကိုးခုကို ဤသည်ကို ကိုင်တွယ်ရန်အတွက် အိမ်ရှေ့မင်းသားအား လွှဲပြောင်းပေးခဲ့သည်။
ဤအချိန်အတွင်း ကျိုးပိုင်လုပြုံးနေပြီး မုဖူရှန်းအား ခေါင်းညိတ်ပြနေလေရာ မုဖူရှန်းခမျာ ချွေးစေးပင်ပြန်လာပြီး သူမမျက်လုံးများအား လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။
အစ်မကြီး၊ ကျုပ်ကိုကြည့်နေတာရပ်တော့!
ခင်ဗျားသတိမထားမိဘူးလား၊ ခင်ဗျားအကြည့်ကြောင့် အဲဒီကပ်စားကောင် သူတော်စင်သားတော်ရွှမ်မင်က ကျုပ်ကို သေတော့မတတ် စိုက်ကြည့်နေတာဗျ!
ကျုပ်သာ ကိစ္စအဟောင်းကိုမဖြေရှင်းသေးခင် ရွှမ်ဝူနတ်မင်းဆက်ဆီကပါ ပြဿာနာကို ဆွဲဆောင်မိရင် ခင်ဗျားကျုပ်ကို သေစေချင်တာနဲ့ တူမနေဘူးလား!
ဆုလာဘ်များကိုပေးပြီးနောက်တွင် သူတော်စင်သားတော်ရွှမ်မင် ကောင်းကင်သားတော်အား လက်သီးဆုပ်ပြသည်။
"အရှင်မင်းကြီး၊ ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခုရှိပါတယ်၊ အရင်က စားတော်ပွဲမှာ ကျွန်တော် ဒီလူနည်းနည်းနဲ့ အကြံဉာဏ်တစ်ချို့ဖလှယ်ချင်တယ်လို့ ပြောခဲ့တယ်လေ၊ ဒါကဖြစ်နိုင်မလားဆိုတာ ကျွန်တော်သိချင်မိပါတယ်"
ကောင်းကင်သားတော်လက်ဝှေ့ယမ်းပြသည်။
"သူတို့သဘောတူရင် အဆင်ပြေတယ်"
သို့သော် မုဖူရှန်းတိုက်ရိုက်ပြောသည်။
"ကျုပ်တို့သဘောမတူဘူး"
သူတော်စင်သားတော်ရွှမ်မင် "....."
ကျိုးပိုင်လုကျယ်လောင်စွာ ရယ်မောလိုက်မိတော့သည်။