နဂါးဝိညာဥ်၊ လူသားခံယူခြင်း
Vol. 96 Ch. 1348
တန်ခိုးရှင်တစ်ယောက်ရဲ့စိတ်သဘောထားမျိုးက ဘယ်မှာလဲ!
မကြာသေးခင်ကပဲ နဂါးကိုးကောင်တောင်တန်းအတွင်းမှာ အဆောင်အများကြီးချထားခဲ့ပြီး အလုပ်လုပ်ခဲ့တာက မင်းဦးနှောက်လေ!
အခုတော့မင်းကလုံး၀ငြင်းဆန်နေတာလား!
မင်းမှာအရှက်ရောရှိသေးရဲ့လား!
မုဖူရှန်းကြည့်နေစဉ် သူတော်စင်သားတော်ရွှမ်မင်၏အမူအရာက မည်းမှောင်သွားပြီး အနိုင်မခံ၊ အရှုံးမပေးသောအပြုံးဖြင့် လက်နှစ်ဖက်ဆုပ်လိုက်၏။
"ကျွန်တော်တကယ်တောင်းပန်ပါတယ်၊ အရှင်မင်းကြီး၊ ဒါပေမယ့်ဘာပဲဆိုဆို ကျွန်တော်တို့တိုက်ပွဲကြီးတစ်ခု ဖြစ်ပျက်ခဲ့တာပဲလေ"
ထိုစကားလုံးများအပေါ် မုဖူရှန်း ရှောင်ဟိုင်ထံလျှောက်သွားပြီး ညာလက်မောင်းကို မကာ အကြိမ်ရေအနည်းငယ်မျှ ခါယမ်းပြသည်။
"ကြည့်၊ ကျုပ်စီနီယာအစ်ကိုရဲ့လက်မောင်းက ပျက်စီးနေပြီ"
ထို့နောက်သူအသံပို့လွှတ်လိုက်၏။
"စီနီယာအစ်ကို 'အရမ်းနာကျင်နေတဲ့' အမူအရာနည်းနည်းပြပါဦး"
ရှောင်ဟိုင် 'အိုး' ဟုသာပြောပြီး မျက်နှာမဲ့ကာ အလွန်နာကျင်နေရသည့် အမူအရာတစ်ခုလုပ်ဆောင်လိုက်သည်။
ထို့နောက် မုဖူရှန်း ဖန်ချန်းထံလျှောက်သွားပြီး လေးနက်စွာဖြောင့်မတ်သော စကားလုံးများကိုဆိုသည်။
"ပြီးတော့ ကျုပ်ဂျူနီယာညီလေးကိုကြည့်ပါဦး၊ သူအစီအရင်တွေကို အကြိမ်များစွာသုံးခဲ့တော့ အခုအတော်လေးအားနည်းနေတယ်"
ထိုစဉ် သူဖန်ချန်းနားထဲသို့ တိုးတိုးလေးပြောသည်။
"နည်းနည်းဟန်ဆောင်လိုက်ဦး"
ဖန်ချန်းခေါင်းကုတ်လိုက်သည်။
"ဒါပေမယ့်ကျွန်တော်အဆင်ပြေပါတယ် စီနီယာအစ်ကို"
မုဖူရှန်းတစ်ယောက် သံမဏိအဖြစ် ပြောင်းမသွားသည့်သံအား မုန်းတီးသည့် လက်မှုပညာတစ်ဦးပမာ ဒေါသထွက်သွားပြီး ဖန်ချန်းကျောကို ပြင်းထန်စွာရိုက်လိုက်၏။
ယင်းနောက်တွင် ဖန်ချန်းအားနည်းကာ ဖျားချင်နေသည့်ပုံပန်းအသွင်အပြင်အား အလျင်အမြန်ဟန်ဆောင်သည်။
"အရှင်မင်းကြီးရောမြင်တယ်မလား၊ ဒါကအမှန်တရားပါ"
သူတော်စင်သားတော်ရွှမ်မင်မှာ အတိဆွံအနေသည်။
ဒီလိုအရှက်မဲ့လွန်းတဲ့လူတွေလည်းရှိသေးတာလား!
မျက်လုံးပါတဲ့သူတိုင်း ရှောင်ဟိုင်ရဲ့ ညာလက်မောင်းမှာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရှိနေရင်တောင် နှစ်ယောက်လုံးအဆင်ပြေတာကို မြင်နိုင်တာပဲလေ!
အပြင်းအထန်ဒဏ်ရာရထားတာလား၊ အဆုံးစွန်ထိ အားနည်းနေတာလား!
မင်းသရဲတစ္ဆေတွေကို လှည့်စားဖို့ ကြိုးစားနေတာလား!
သို့သော်သူတို့က တကယ့်တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းခဲ့ရခြင်းဖြစ်လေရာ ဒါက အတုအယောင်ဖြစ်နေသည့်တိုင် သူလက်လျှော့သည့်အသွင် နှာမှုတ်ရုံသာ တတ်နိုင်သည်။
"ဒီလိုဆိုမှတော့ အနာဂတ်မှာ အခွင့်အရေးတွေရှိလာမှာပါ"
ထို့နောက်သူဧကရာဇ်အား ဦးညွတ်ရင်း အင်္ကျီလက်ကို ခါယမ်းကာထွက်သွားတော့သည်။
ကျောင်းနင်ကလည်း မုဖူရှန်းကို လက်စားချေလိုသည့်မျက်လုံးများနှင့် ကြည့်နေသည်။
ထိုအချိန်တွင် ဧကရာဇ်အပြုံးနှင့်အတူ လက်ဝှေ့ယမ်းပြသည်။
"ကောင်းပြီ၊ ဒီစစ်ရေးလေ့ကျင့်မှုက ဒီမှာပြီးသွားပြီ၊ နောက်ခုနှစ်ရက်အတွင်းမှာ အဇူရာနဂါးစစ်တပ်အတွက် ဆုလာဘ်တွေကို ဆက်တိုက်ဖြန့်ဝေပေးသွားမှာဖြစ်သလို စာကြည့်တိုက်နဲ့ ရတနာခန်းမကိုလည်း မင်းတို့အတွက် ဖွင့်လှစ်ပေးသွားပါမယ်"
ထိုစကားနှင့်အတူ ဧကရာဇိ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
အဇူရာနဂါးစစ်တပ်၀င်အားလုံးက ဒူးထောက်ကာ ဧကရာဇ်ထွက်သွားသည့်နေရာဘက်သို့ အရိုအသေပေးကြသည်။
၀န်ကြီးများနှင့် ၀န်ထမ်းဦးစီးများကလည်း တစ်ဦးပြီးတစ်ဦးထွက်သွားကြသည်။
တတိယမင်းသားနှင့် ပထမမင်းသားထွက်သွားချင်သောအခါ အိမ်ရှေ့မင်းသား ပြုံးနေသည့်မျက်နှာထားဖြင့်ပြောသည်။
"တော်ဝင်အစ်ကိုတို့၊ ကျွန်တော်တို့ရဲ့ လောင်းကြေးကို မမေ့သွားကြပါဘူးနော်"
တတိယမင်းသားနှင့် ပထမမင်းသားတို့မှာ ဆတ်ခနဲခေါင်းလှည့်ကာ အိမ်ရှေ့မင်းသားအား ကြည့်ရဆိုးသည့်အမူအရာဖြင့် စိုက်ကြည့်နေကြ၏။
"သေချာပေါက်ငါတို့မမေ့ပါဘူး"
နောက်ထပ်မည်သည့်စကားမှမဆိုဘဲ ပထမမင်းသား အရင်ဆုံး ထောင့်စွန်းနားသို့ လျှောက်သွားပြီး အကြေးခွံပြောင်းပြန်စစ်တပ်အား ငုံ့ကြည့်ကာအော်ဟစ်သည်။
"အခုကစပြီး မင်းတို့အားလုံး အိမ်ရှေ့မင်းသားနောက်ကလိုက်ရမယ်၊ ငါ့ကိုထပ်ပြီး ဆက်သွယ်တဲ့ဘယ်သူမဆို စစ်ဥပဒေအရ အရေးယူခံရမယ်"
ထိုသို့ပြောပြီးနောက် ပထမမင်းသား ချက်ချင်းထွက်သွားလေတော့သည်။
သူ့အတွက် ဒါက အင်မတန်ကို အရှက်ရစရာကောင်းသည့်ကိစ္စပေတည်း။
တတိယမင်းသားကလည်း နဂါးနီစစ်တပ်ကို မိန့်ခွန်းပြောပြီးနောက် လျင်မြန်စွာထွက်သွားသည်။
နဂါးနီစစ်တပ်နှင့် အကြေးခွံပြောင်းပြန်စစ်တပ်တို့မှာ ထိတ်လန့်ကာဆုံးရှုံးသွားပုံရပြီး အိမ်ရှေ့မင်းသားအား စိုက်ကြည့်နေကြ၏။
အိမ်ရှေ့မင်းသားပြုံးရင်း သူတို့ထံလျှောက်သွားပြီး ငုံ့ကြည့်သည်။
"အခုကစပြီး မင်းတို့ကငါ့အမိန့်နဲ့ပဲ သက်ဆိုင်တယ်၊ မင်းတို့အပေါ်ဆက်ဆံမှုက ပထမမင်းသားနဲ့တတိယမင်းသားလက်အောက်မှာ ရှိခဲ့တုန်းကထက် ပိုမဆိုးစေရဘူးလို့ ငါအာမခံတယ်"
နဂါးနီတပ်မှူးနှင့် အကြေးခွံပြောင်းပြန်တပ်မှူးတို့၏ အမူအရာများက အလွန်အမင်း ကြည့်ရဆိုးနေကြ၏။
သို့သော်တစ်ဖက်လူက အိမ်ရှေ့မင်းသားဖြစ်နေသလို ပထမမင်းသားနှင့် တတိယမင်းသားကလည်း သူတို့ကို မအုပ်ချုပ်တော့ဘူးဆိုတာ ရှင်းလင်းစွာပြောခဲ့သည်။
အကယ်၍ သူတို့သာခေါင်းမငုံ့ပါက သူတို့အသက်များကိုပင် ကာကွယ်နိုင်မည်မဟုတ်တော့။
သူတို့တွန့်ဆုတ်စွာ ဒူးထောက်ကြသော်လည်း အိမ်ရှေ့မင်းသား ဒီအကြောင်းကို ညည်းညူခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ အစကတည်းက ဒီစစ်တပ်ကြီးနှစ်တပ်ကို သူထိန်းချုပ်ရန်အတွက် ရည်ရွယ်ထားခဲ့ခြင်းမရှိပါ။
လူတစ်ယောက်က ရုတ်တရက်သခင်ပြောင်းသွားတာကို ဘယ်လိုလုပ် အလွယ်တကူလက်ခံနိုင်မည်နည်း။ အထူးသဖြင့် ခေါင်းဆောင်တစ်ဦးတည်းကိုသာ အမြင့်ဆုံးသစ္စာရှိမှုနှင့်အတူ နာခံသည့် စစ်တပ်တစ်တပ်တွင်ဖြစ်သည်။
အိမ်ရှေ့မင်းသား၏ပန်းတိုင်က ပထမမင်းသားနှင့် တတိယမင်းသားတို့၏ ဩဇာလွှမ်းမိုးမှုကို လျော့ပါးသွားစေရန်အတွက်သာဖြစ်သည်။
နဂါးနီနှင့် အကြေးခွံပြောင်းပြန်စစ်တပ်တို့က သူ့ကိုစိတ်ပါလက်ပါမကူညီလျှင်ပင် သက်ရောက်မှုက အရမ်းကြီးမကြီးမားပေ။
ဤကဲ့သို့အရာမျိုးကို အချိန်ပေးပြီး အနည်းငယ်ခြယ်လှယ်ရုံမျှနှင့် ဖြည်းဖြည်းချင်းထိန်းချုပ်နိုင်ကာ သွေးကြောများကို အစားထိုးနိုင်သည်။
ဒီအတွက်နည်းလမ်းများစွာရှိသည်။
ဤအဆင့်သို့ရောက်လာပြီဖြစ်လေရာ အိမ်ရှေ့မင်းသား၏ရာထူးက ယခုတွင်မူ အခြေခံအားဖြင့် လုံခြုံသွားလေပြီ။
ပဉ္စမမင်းသား အိမ်ရှေ့မင်းသားအားပြုံးပြသည်။
"ဂုဏ်ယူပါတယ် အိမ်ရှေ့မင်းသား"
အိမ်ရှေ့မင်းသား ပဉ္စမမင်းသား၏ပခုံးကို ပုတ်ရင်း အပြုံးဖြင့်ပြန်ပြောသည်။
"အစ်ကိုငါး၊ ကျွန်တော်အစ်ကိုကို ကျေးဇူးကြွေးတင်နေသေးတယ်၊ စိတ်မပူပါနဲ့၊ ကျွန်တော်အစ်ကိုကို ပေးခဲ့တဲ့ကတိကို ဂုဏ်ပြုမှာပါ"
ပဉ္စမမင်းသားရယ်မောသည်။
"ငါဒါကိုဘယ်တော့မှ သံသယမဖြစ်ခဲ့ပါဘူး"
"ကောင်းပြီ၊ မင်းမှာလုပ်စရာတွေအများကြီး ရှိသေးတော့ ငါမင်းကိုမဆွဲထားတော့ဘူး"
ထို့နောက် ပဉ္စမမင်းသားကလည်း ထွက်သွားလေတော့သည်။
ကျိုးပိုင်လုမှာ မည်သည့်အချိန်ကမသိ ထွက်သွားခဲ့သည်။
မထွက်သွားခင် ကျိုးပိုင်လု မုဖူရှန်းကိုစာတစ်စောင်ပို့ပေးပြီး ကိစ္စရပ်များကို လုပ်ဆောင်ပြီးနောက် သူမထံလာလည်ရန်၊ သူမတွင် အရေးကြီးကိစ္စတစ်ခု ဆွေးနွေးစရာရှိသည်ဟု ပြောခဲ့သဖြင့် သူသာလျှင် သိသည်။
အိမ်ရှေ့မင်းသား မုဖူရှန်းနှင့်သူ့အဖော်နှစ်ယောက်ကိုကြည့်သည်။
"သွားကြရအောင်၊ ငါ့နောက်ကနေ အဇူရာနဂါးခြံ၀င်းကိုလိုက်ခဲ့ကြပါ"
မုဖူရှန်းနှင့် သူ့အဖော်များခေါင်းညိတ်လိုက်ကြ၏။
သူတို့အုပ်စု အဇူရာနဂါးခြံ၀င်းကို ရောက်လာသောအခါ အိမ်ရှေ့မင်းသား သူတို့သုံးယောက်အား နက်ရှိုင်းစွာ ဦးညွတ်ပြီး သူ့အမူအရာက လေးနက်နေသည်။
မုဖူရှန်းနှင့်သူ့အဖော်များမှာ အနည်းငယ်အံ့သြသင့်သွားကြသည်။
အိမ်ရှေ့မင်းသားက အမှန်တကယ် တခြားသူများကို ဦးညွတ်နေခဲ့သည်။
"ဒီဦးညွတ်မှုက ငါ့ရဲ့ကျေးဇူးတင်မှုကို ဖော်ပြတာပါ" အိမ်ရှေ့မင်းသားထရပ်ကာ ပြောရင်းပြုံးသည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ဒီစစ်ရေးလေ့ကျင့်မှုမှာ လောင်းကြေးတစ်ခုရှိခဲ့တယ်"
"စီနီယာတျန်ကျောင်းနှင့် အစ်ကိုငါးရဲ့ လျှပ်စီးနဂါးစစ်တပ်အကူအညီနဲ့ဆိုရင်တောင် ဒါကိုကိုင်တွယ်ဖို့က နည်းနည်းခက်ခဲနေဦးမှာပဲ"
"ဒါကြောင့် ငါမင်းတို့အပေါ် လောင်းကြေးထပ်ထားခဲ့တယ်"
ဤနေရာတွင် အိမ်ရှေ့မင်းသား မုဖူရှန်းအား အပြုံးဖြင့်စိုက်ကြည့်သည်။
ထိုစကားလုံးများက သူ့အား ရည်ညွှန်းနေသည့်အသွင်။
"ကံကောင်းချင်တော့ ငါမှန်ကန်စွာ လောင်းကြေးထပ်ခဲ့တယ်"
ရှောင်ဟိုင်ထူးမခြားနားစွာပြောသည်။
"ကျုပ်တို့ကတာ၀န်ကိုပဲ လက်ခံခဲ့တာပါ၊ တာ၀န်ကို လက်ခံလိုက်ပြီဆိုမှတော့ ခင်ဗျားက ဆုလာဘ်ကိုပေးမှာပဲလေ၊ အဲတော့ ကျုပ်တို့ကလည်း အဲဒါကို ပြီးအောင်လုပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြတာပေါ့"
အိမ်ရှေ့မင်းသားအူလှိုက်သည်းလှိုက်ရယ်မောသည်။
"ဒါကအခြေခံမူပဲလေ"
"ဒါပေမယ့် ငါပေးထားတဲ့ဆုလာဘ်က အရမ်းနည်းလွန်းတယ်လို့ ငါအခုခံစားရတယ်၊ မင်းတို့ဘာထပ်လိုချင်သေးလဲ၊ လိုချင်တာကို တောင်းရုံပဲ၊ ငါတတ်စွမ်းနိုင်သရွေ့ မင်းတို့အတွက် ရယူပေးမယ်" အိမ်ရှေ့မင်းသားကြေညာသည်။
ရှောင်ဟိုင်ထိန်ချန်မထားဘဲ တိုက်ရိုက်ပြောသည်။
"ကျုပ် ကျန်တဲ့နဂါးဝိဥာဉ်ရှစ်ခုကိုလိုချင်တယ်"
နဂါးဝိဉာဉ်ရှစ်ခုလား!
အိမ်ရှေ့မင်းသား၏အမူအရာက အနည်းငယ်ပြောင်းသွားပြီး ဆင်ခြင်တုံတရားထဲ ကျသွားပုံရသည်။
ရှောင်ဟိုင်ထပ်ပြောသည်။
"အဲဒါတွေအတွက် ကျုပ်တခြားအရာတွေနဲ့ လဲလှယ်နိုင်ရတယ်၊ ဥပမာပြောရရင် ညီလေးမုရဲ့အဆောင်တွေပေါ့"
မုဖူရှန်း "....."
ဒီတော့ အစ်ကိုက ငါ့ကို ဘတ်စ်ကားအောက်မှာ ပစ်ချလိုက်တာပေါ့!
ထိုနဂါးဝိဉာဥ်များက နတ်တပိုင်းအဆင့်နဂါးသွေးကြော၏ ကံတရားနှင့်ပြည့်နှက်နေပြီး ကိုယ်ခန္ဓာကို သန့်စင်ပေးနိုင်သလို သွေးကြောစွမ်းအားကိုပါ တိုးမြှင့်ပေးနိုင်သည်။
ဤကဲ့သို့အရာများက အင်မတန်တန်ဖိုးကြီးမားသည်။
အိမ်ရှေ့မင်းသားပင်လျှင် အတော်လေးအားကျရသည်။
တစ်ခဏမျှချင့်ချိန်ပြီးနောက် အိမ်ရှေ့မင်းသား ဆုံးဖြတ်ချက်ချလိုက်သည့်အလား ခိုင်မာစွာပြောသည်။
"ကောင်းပြီ၊ ငါမင်းတို့ဆီက ဘာတစ်ခုမှ မလိုပါဘူး၊ ဒါကို တာ၀န်ပြီးမြောက်ခြင်းအတွက် ဆုလာဘ်တစ်ခုလို့ပဲ မှတ်ယူလိုက်ပါ"
ဤသည်ကိုကြားသောအခါ မုဖူရှန်း စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။
ဘာတစ်ခုမှမတောင်းဆိုတာလား!
ဒါကပြန်ဆပ်ဖို့အခက်ဆုံးပဲ!
အကြောင်းရင်းက ဒါက ရုပ်ပိုင်းအဆင့်တွင်မဟုတ်တော့ဘဲ ရှောင်ဟိုင်က အိမ်ရှေ့မင်းသားကို ယခုကျေးဇူးကြွေးတစ်ခု တင်သွားသည့်အလားပင်။
အိမ်ရှေ့မင်းသား၏ရဲတင်းမှုက အတော်လေးကြီးမားသည်ဟု ဆို၍ရပေမည်။
သို့သော်ငြင်းဆိုရန်အတွက်နည်းလမ်းမရှိပါ။ ဤနဂါးဝိဉာဉ်များက ရှောင်ဟိုင်၏ စွမ်းရည်ကို အကြီးအကျယ်တိုးမြှင့်ပေးနိုင်သည်မဟုတ်ပေလော။
ဒါကိုကြားသော် ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ ကျုပ်မင်းသားကို ကျေးဇူးကြွေးတစ်ခုတင်သွားတာပေါ့"
အိမ်ရှေ့မင်းသား အပြုံးဖြင့် လက်ဝှေ့ယမ်းသည်။
"ငါတို့ကမိတ်ဆွေတွေပဲလေ"
ထို့နောက် သူတို့အုပ်စုက အဇူရာနဂါးခြံ၉င်းကနေ ထွက်ခွာကြသည်။
ရှောင်ဟိုင်နှင့်ဖန်ချန်းတို့က တည်းခိုခန်းဆီပြန်သွားကြပြီး မုဖူရှန်းကမူ နဂါးဖြူခြံ၀င်းသို့ ဦးတည်နေခဲ့သည်။