မုဖူရှန်း ကြောက်လန့်တကြားထွက်ပြေးခြင်း
Vol. 96 Ch. 1349
ရှောင်ဟိုင်နှင့်ကျန်သောသူများ ထွက်သွားပြီးနောက် ဆရာချူ အိမ်ရှေ့မင်းသားဘေးတွင် ပေါ်လာကာ အနည်းငယ်မျက်ခုံးကျုံ့ရင်း စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။
"အရှင်မင်းသား၊ သူတို့ကို နဂါးဝိဉာဉ်ကိုးခုလုံးပေးတာက တကယ်ပဲထိုက်တန်လား၊ နဂါးကိုးခုလုံးအတူစုသွားတဲ့အခါ ယင်လုံဝိဉာဉ်အဖြစ် ပြောင်းသွားတာကို အရှင်သတိပြုသင့်တယ်"
အိမ်ရှေ့မင်းသား၏မျက်နှာကလည်း အနည်းငယ်ရှုံ့တွနေပြီး တုန်ယင်နေပုံပင်။
နဂါးဝိဉာဉ်ကိုးခုပေါင်းစည်းခြင်းမှ ရလဒ်က ဘယ်လောက်ထိ အရေးပါသလဲဆိုတာ သူဘယ်လိုလုပ်မသိဘဲနေမည်နည်း။
"ကျုပ်မှားပြီးလောင်းကြေးမထပ်မိဖို့ပဲ မျှော်လင့်ပါတယ်၊ ရှောင်ဟိုင်ရဲ့ပါရမီကို ခင်ဗျားကိုယ်တိုင်လည်းမြင်တာပဲ၊ ဒါ့အပြင် သူ့ညီအစ်ကိုတွေရဲ့ပါရမီတွေကလည်း အတော်လေးနက်နဲတယ်၊ ရှောင်ဟိုင် ကျုပ်ကို ကျေးဇူးကြွေးတစ်ခုတင်ထားတော့ ဒါက သူ့ညီအစ်ကိုတွေကလည်း ကျေးဇူးကြွေးတစ်ခုတင်နေတယ်လို့ဆိုလိုတာပဲ"
"ဒါ့အပြင် သူအဇူရာနဂါးဝိဉာဉ်ကို စုပ်ယူပြီးသွားပြီမို့ ကျန်ရှိနေတဲ့နဂါးဝိဉာဉ်ရှစ်ခုရဲ့ စွမ်းအားအပြည့်အ၀ကို ကျုပ်ကိုယ်တိုင်လည်း ထိန်းချုပ်နိုင်မှာမဟုတ်ဘူး၊ ဒီတော့ ရေစီးအတိုင်းမျောပါရင်း သူတို့ကို လက်လွှဲပေးတာက ပိုကောင်းပါတယ်"
ဆရာချူခေါင်းညိတ်သည်။
"အရှင်မင်းသားဆုံးဖြတ်ပြီးပြီဆိုရင်တော့ ကျွန်တော်ထပ်မပြောတော့ပါဘူး"
သို့သော် အိမ်ရှေ့မင်းသား၏ ယနေ့ဆုံးဖြတ်ချက်က သူ့ဘ၀၌ အမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်သွားလိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။
.....
ရှောင်ဟိုင် အိမ်ရှေ့မင်းသားပြင်ဆင်ပေးထားသည့်နေရာသို့ ပြန်လာပြီး နဂါးဝိဉာဉ်ရှစ်ခုကို စတင်စုပ်ယူလေတော့သည်။
တစ်ချိန်တည်းမှာပင် မုဖူရှန်းကလည်း နဂါးဖြူခြံ၀င်းထဲဖိတ်ကြားခံရသည်။
ကျိုးပိုင်လုက စိမ်းလန်းအသက်၀င်နေသည့် စင်တစ်ခုတွင်စောင့်နေကာ မွှေးကြိုင်သည့် လက်ဖက်ရည်ကို ဖျော်နေသည်။
မုဖူရှန်းအပြင်လူအများကြီးရှိနေတာကို မကြိုက်တာကို သိသဖြင့် ကျိုးပိုင်လု အစေခံတစ်ဦးမှမရှိဘဲ တစ်ဦးတည်းရှိနေပြီး ထောင်ချီသောအဖြူရောင်အမျှင်စများကို ကြမ်းပြင်တစ်လျှောက် ဖြန့်ခင်းထားသည်။
"လက်ဖက်ရည်လာသောက်ပါဦး"
ကျိုးပိုင်လုအပြုံးဖြင့်ပြောရင်း ဖိတ်ခေါ်သည့်အသွင် လက်ယပ်ပြသည်။
မုဖူရှန်းထိုင်လိုက်သော်လည်း ကျိုးပိုင်လုမသောက်သေးခင်အထိ မသောက်သေးပေ။ သူမသောက်ပြီးမှသာ သူစတင်သောက်တော့သည်။
"ဒီတော့ အရှင်မင်းသမီး ကျွန်တော့်ကို ဘာကြောင့်တွေ့ချင်တာများလဲ"
မုဖူရှန်း ဤအမျိုးသမီးနှင့် အချိန်အများကြီး မနှေးဖင့်စေချင်သဖြင့် တိုက်ရိုက်ပင်ပြောသည်။
ကျိုးပိုင်လုစိတ်ထဲမထားဘဲရယ်မောသည်။
"ရက်၃၀အတွင်း တျန်းဂျီတိုက်ကြီးရဲ့ တောင်ပိုင်းသဲကန္တာရမှာ လျှို့ဝှက်ရတနာနှစ်ခုပေါ်လာတော့မယ်လို့ ကျွန်မရှင့်ကို ကြိုတင်အသိပေးချင်ရုံပါပဲ"
"ရှင့်ယုံယုံ၊ မယုံယုံ ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ ရှင့်အဆင့်အတန်းကသာ အတော်လေးမြင့်မားတယ်ဆိုရင် ဆယ်ရက်အတွင်း ရှင့်သိလာရမှာပါ"
"ရတနာတစ်ခုက အဆောင်တွေနဲ့ ဆက်စပ်နေပြီး နတ်တပိုင်းအဆင့်အဆောင်စုတ်တံတစ်ခုပဲ"
မုဖူရှန်း၏မျက်သူငယ်အိမ်များက ပြင်းထန်စွာကျယ်ပြန့်သွား၏။
မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံ၌ ကြီးထွားလာသည့်ဂုဏ်သတ္တိများရှိသော်လည်း ယခုတွင်မူ ၎င်း၏ကြီးထွားနှုန်းက ရပ်တန့်သွားလေပြီ။
အကြောင်းရင်းက ပါ၀င်ပစ္စည်းများက အဆောင်စုတ်တံ၏ကြီးထွားမှုကို မထောက်ပံ့နိုင်တော့သည့်အတွက်ကြောင့်ပင်။
အကယ်၍သူသာ နတ်တပိုင်းအဆင့်အဆောင်စုတ်တံတစ်ခုကို ပိုင်ဆိုင်နိုင်မည်ဆိုပါက ဤသည်က မုဖူရှန်း၏ အဆောင်စွမ်းရည်ကို အကြီးအကျယ် တိုးမြှင့်စေလိမ့်မည်။
မုဖူရှန်း ကျိုးပိုင်လုအားကြည့်ရင်းမေးသည်။
"ဒါဆိုအရှင်မင်းသမီးဘာလို့ ကျွန်တော့်ကို ဒီအကြောင်းကြိုပြောချင်တာလဲ"
"ရှင့်ကိုပြင်ဆင်ချိန်ပိုရနိုင်အောင်အတွက် ကျွန်မကြိုတင်အသိပေးသင့်တယ်လို့ တွေးမိရုံပါပဲ" ကျိုးပိုင်လုပြောရင်း အရာတိုင်းကို ကြိုသိနေသည့်အလား မျက်လုံးများက တဖျပ်ဖျပ်လင်း၀င်းနေသည်။
"ပြီးတော့ ရှင့်အဲဒီကိုသွားမှာမလား"
"ဟင့်အင်း၊ ကျွန်တော်မသွားဘူး"
မုဖူရှန်းပွင့်လင်းစွာပင်ပြောသည်။ သူကတွန့်ဆုတ်မနေသလို ကျိုးပိုင်လုကို တုံ့ပြန်ရန် အခွင့်အလမ်းတစ်ခုပင်မပေးဘဲ ရိုးရှင်းစွာပင် ငြင်းလိုက်၏။
ကျိုးပိုင်လု အနည်းငယ်လန့်သွားသည်။
ဤသည်က တခြားတစ်ယောက် သူမ၏ပြပွဲကို ယခုလိုအမူအရာဖြင့် ပထမဆုံးတုံ့ပြန်ခြင်းပင်။
"ဘာလို့လဲ"
မုဖူရှန်းအပြုံးဖြင့်ပြောသည်။
"အရှင်မင်းသမီးသာ ကျွန်တော့်ကို ဒီအကြောင်းမပြောခဲ့ဘူးဆိုရင် ကျွန်တော်သွားခဲ့လောက်တယ်၊ ဒါပေမယ့် မင်းသမီး ကျွန်တော့်ကို မြင်နိုင်တဲ့ဒီလိုပုံစံက နည်းနည်း စိတ်မကျေနပ်စရာဖြစ်စေတယ်"
ဖွီး......!
"အဲဒါကြောင့်ပဲလား" ကျိုးပိုင်လုတစ်ယောက် ပါးစပ်ကိုပိတ်ကာ ခပ်တိုးတိုး ရယ်မောလိုက်မိတော့သည်။
"ဒါက တောင်ကုန်းတစ်ခုကနေ တောင်တစ်တောင်ဖန်တီးပေးတဲ့အခွင့်အရေးပဲလေ"
"ကျွန်တော်က တကယ်တော့ အရမ်းကို သတိထားတတ်သူတစ်ယောက်ဆိုတာ မင်းသမီးလည်းမြင်မှာပါ"
ကျိုးပိုင်လုခေါင်းညိတ်သည်။
ယင်းနောက်တွင်မုဖူရှန်းပြောသည်။
"ဒီတော့ လူတစ်ယောက်က ကျွန်တော့်လုပ်ရပ်တွေကို အပြည့်အ၀မှန်းဆထားပြီးသားဆိုရင် ကျွန်တော်သူ့လမ်းကြောင်းအတိုင်း သေချာပေါက်သွားမှာမဟုတ်ဘူး"
"ဒီတော့ ရှင့် နတ်တပိုင်းအဆင့်အဆောင်စုတ်တံကို မလိုချင်ဘူးပေါ့" ကျိုးပိုင်လု၏ အပြုံးက ဤကဲ့သို့ပင်ကိုယ်စရိုက်ရှိသည့် လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဆုံရသည့်အလား ပို၍ပင်ပွင့်လန်းလာသည်။
ဆိုရိုးစကားပင်ရှိသည်မဟုတ်ပေလော။
ယောက်ျားတစ်ယောက်အကြောင်း ပိုသိချင်လာသောအခါ ချစ်ကြိုက်ခြင်း၏ အစပျိုးခြင်းတစ်ခုဖြစ်လာသည်။
"ရှင့်ရဲ့ဆောင်စုတ်တံက ရှင့်နယ်ပယ်အတွက် မလုံလောက်တော့တာကို ကျွန်မသတိထားမိပါတယ်"
"ကျွန်တော့်နယ်ပယ်လား၊ ကျွတ်တော့်နယ်ပယ်နဲ့ လက်ရှိအဆောက်စုတ်တံက လုံး၀ကိုသင့်တော်ပါတယ်၊ ဒီတော့ အရှင်မင်းသမီးစိုးရိမ်စရာမလိုပါဘူး"
လာနောက်နေတာလား!
သူသာအဆောင်စုတ်တံတစ်ခုလိုချင်ပါက သူ့ဆရာဆီက နောက်ပိုင်းတစ်ခု တောင်းဆိုရုံသာ။
သူ့ဆရာ၏ခွန်အားနှင့်နယ်ပယ်အရ နတ်တပိုင်းအဆင့်ထက်ကျော်လွန်သည့် အဆောင်စုတ်တံတစ်ခုကို ထုထွင်းရန်ဟူသည် မဖြစ်နိုင်ဟု မုဖူရှန်းမယုံကြည်ပေ။
ဒါ့အပြင် မုဖူရှန်း၏ခန့်မှန်းချက်သာ မှန်ပါက ကျိုးပိုင်လုကလည်း ဤလျှို့ဝှက်နယ်မြေစူးစမ်းလေ့လာရေး၌ ပါ၀င်နိုင်ချေရှိသည်။
ဤသို့ဆိုပါက လူအများစုက ကျိုးပိုင်လုအကြောင်းစတင်ဆွေးနွေးရင်း ကမ္ဘာကြီးကို တစ်ခါမှ မမြင်ဖူးသည့်အလား ပြုမူကာ လွန်ကဲသည့်အမူအရာများနှင့် အံ့ဩသင့်သည့်ပုံစံ ပြသပေလိမ့်မည်။
ဝိုး၊ တျန်းဂျီတိုက်ကြီးရဲ့ နံပါတ်တစ်အလှပဂေးလေးကလည်း ဒီလျှို့ဝှက်နယ်မြေကို တကယ်လာတာလား!
ဝိုး၊ ဘာအတွက်ကြောင့်လဲ!
ဝိုး၊ အဲဒီကောင်လေးမုဖူရှန်းအတွက်ဖြစ်ပုံပဲ!
ဝိုး၊ ဒါဆို အုပ်စုဖွဲ့ပြီး သူ့ကိုဖြုတ်ချကြရအောင်!
ဒါကအမှန်တရားပင်။ စနောက်နေခြင်းမဟုတ်။
မုဖူရှန်း သူ့စိတ်ထဲက ဤစိတ်ကူးယဉ်ဇာတ်လမ်းက တကယ်ဖြစ်နိုင်ချေရှိသည်ဟု ခံစားနေရသည်။
သို့သော် ကျိုးပိုင်လုရယ်မောရင်း အဓိပ္ပာယ်ရှိရှိခေါင်းညိတ်ကာ မုဖူရှန်းအား စိုက်ကြည့်လိုက်၏။
"ရှင့်ကံကြမ္မာကြောင့် ချည်နှောင်မခံရချင်တာ ကျွန်မသိပါတယ်၊ ဒါပေမယ့် တည်ဆောက်ထားပြီးဖြစ်တဲ့ ကံကြမ္မာကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး"
မုဖူရှန်းမတ်တပ်ရပ်ပြီးဦးညွတ်သည်။
"ဒါဆိုကျွန်တော်စမ်းကြည့်ရမှာပေါ့၊ လက်ဖက်ရည်အတွက် ကျေးဇူးပါ အရှင်မင်းသမီး၊ ကျွန်တော်အခုထွက်သွားဖို့အတွက် တောင်းဆိုပါရစေ"
ထိုသို့ပြောပြီးနောက် သူချက်ချင်းလှည့်ကာ နောက်ပင်လှည့်မကြည့်ဘဲ အလျင်အမြန် ထွက်ပြေးလေတော့သည်။
မုဖူရှန်း၏ဆုတ်ခွာသွားသည့်ပုံရိပ်ကိုကြည့်ရင်း ကျိုးပိုင်လု တိတ်တဆိတ်ရယ်မောနေမိသည်။
ထိုအချိန်မှာပင် အစေခံမလေးများ၀င်လာကြသည်။
ကျိုးပိုင်လု ရုတ်တရက်မေးသည်။
"ငါမလှဘူးလား"
အစေခံမလေးမှာ ကြက်သေသေသွားပြီးနောက် လျင်မြန်စွာပြန်ဖြေသည်။
"အရှင်မင်းသမီးက တျန်းဂျီတိုက်ကြီးတစ်ခုလုံးတင်မဟုတ်ဘဲ ခေးအောစ့်နယ်မြေတစ်ခုလုံးမှာပါ သံသယမရှိ နံပါတ်တစ်အလှလေးပါ"
ကျိုးပိုင်လုထပ်မေးခွန်းထုတ်သည်။
"ဒါဆို ငါ့ရဲ့ပင်ကိုယ်စရိုက်က မနှစ်မြို့စရာကောင်းတာလား ဒါမှမဟုတ် ငါအရမ်းခက်ထန်လို့လား"
အစေခံမလေးက အနည်းငယ်ပဟေဠိဖြစ်သွားသော်လည်း အမှန်အတိုင်းပြန်ပြောသည်။
"အရှင်မင်းသမီးက ကြင်နာတတ်ပြီး လူတိုင်းကိုတန်းတူဆက်ဆံတယ်၊ ဒီလိုပင်ကိုယ်စရိုက်မျိုးကိုသာ ဆိုးတယ်လို့ ယူဆရင် ဒီကမ္ဘာကြီးထဲမှာ ကောင်းတဲ့လူဆိုတာ ရှိတော့မှာမဟုတ်တော့ဘူး"
ဤတုံ့ပြန်မှုကိုကြားသော် ကျိုးပိုင်လု ခေါင်းမော့လိုက်၏။
"ဒါပေမယ့် သူငါ့ကိုဘာလို့ ရေနဂါး ဒါမှမဟုတ် သားရဲတစ်ကောင်ကို တွေ့နေရသလို အမြန်ပြေးဖို့စိတ်အားထက်သန်နေသလိုမျိုး ကြည့်ရတာလဲ"
အစေခံမလေးမှာ ထိတ်လန့်သွားပုံရပြီး မုဖူရှန်းထွက်သွားရာဘက်သို့ ကြည့်ရင်း ဒေါသတကြီးပြောသည်။
"အရှင်မင်းသမီးကို ဒီလိုမလေးမစားဆက်ဆံရဲတာလား၊ ကျွန်မသူ့ကိုဖမ်းပြီး ပြန်ခေါ်လာပါရစေ"
ထိုသို့ပြောရင်း အိမ်ဖော်မလေးထွက်ပြေးသွားတော့မည့်အချိန် ကျိုးပိုင်လု လက်ဝှေ့ယမ်းကာ သူမအားတားရင်းပြုံးသည်။
"လူတိုင်းမှာ မတူညီတဲ့အမြင်တွေရှိတယ်၊ ငါကသူသဘောကျတဲ့လူမျိုးမဟုတ်တာ ဖြစ်နိုင်ပါတယ်"
ကျိုးပိုင်လု ထိုသို့ပြောတာကိုကြားရသောအခါ အစေခံမလေး၏မျက်လုံးများက ပွင့်ထွက်လုမတတ်ပြူးကျယ်သွား၏။
"အရှင်မင်းသမီး...မင်းသမီးသူ့ကို...."
ကျိုးပိုင်လုအားကိုးရာမဲ့စွာရယ်မောသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါစဉ်းစားနေရုံပါပဲ"
"ဘာပဲဆိုဆို အမျိုးသမီးတိုင်းက မလွှဲရှောင်သာနိုင်တဲ့ သာမန်လူတွေပဲလေ၊ တခြားသူတွေက သူတို့ကိုအမြဲချီးမွမ်းပြီး ဒီလိုချီးမွမ်းတဲ့စကားလုံးတွေကို ဘယ်တော့မှ ဂရုမစိုက်ကြပေမယ့် တစ်ယောက်ယောက် လျစ်လျူရှုလိုက်တာနဲ့ အဲဒီလူအကြောင်း သိချင်လာကြတယ်လေ"
ကျိုးပိုင်လုအားနည်းစွာခေါင်းခါယမ်းသည်။
"ငါတောင်မှ ခြွင်းချက်မဟုတ်ဘူး"
အစေခံမလေးများမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ၀င်မစွက်ဖက်ကြပေ။
ဤမုဖူရှန်းဆိုသော လူရောက်လာကတည်းက အရှင်မင်းသမီးက အများကြီးပိုပြောနေတယ်ဆိုတာ သူတို့သဘောပေါက်လာကြ၏။