ယင်လုံဝိဉာဉ်၊ ဘိုးဘေးနယ်ပယ်သို့ တက်လှမ်းခြင်း
Vol. 96 Ch. 1350
မုဖူရှန်းခြံ၀င်းလေးထဲသို့ပြန်ရောက်လာခဲ့သည်။ သို့သော် ဤဆယ်ရက်အတွင်း မုဖူရှန်းနှင့်ဖန်ချန်းတို့က ခြံ၀င်းတစ်ဝိုက်တွင် အဆောင်များစွာကို တပ်ဆင်ထားကြသည်။
တစ်ချိန်တည်းမှာပင် အပြင်ဘက်တွင်လည်း မုဖူရှန်း၏တောင်းဆိုချက်အရ အိမ်ရှေ့မင်းသားက ဤနေရာ၌ ကာကွယ်ရေးတပ်ဖွဲ့များစွာကို ပို့လွှတ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ရှောင်ဟိုင်က ဤနေရာတွင် နဂါးဝိဉာဉ်ကိုးခုနှင့် ပေါင်းစပ်နေသည်မဟုတ်ပေလော။
ပေါင်းစပ်ခြင်းကဖြစ်စေနိုင်သည့် ဆူပူအုံကြွမှုက သိသာထင်ရှားနိုင်သည်။
နတ်တပိုင်းအဆင့်နဂါးသွေးကြောက ထုတ်ထားသည့် နဂါးဝိဉာဉ်များက လူအများတောင့်တနေကြသည့်အရာများပင်။
ဤနေရာက ခေးအောစ့်နယ်မြေဖြစ်ပြီး ထန်ကျုံ့ကျောက်ဒီကိုမလာခင် သူတို့အား ပြောခဲ့သည့်အရာများအား သူတို့နှလုံးသားထဲတွင် ထွင်းထုထားသေးသည်။
ဒီနေရာတွင် အကျိုးအမြတ်အတွက် ဘာမဆိုလုပ်နိုင်သည်။
တကယ်တမ်း၌ ဤဆယ်ရက်အတွင်း အိမ်ရှေ့မင်းသား၏လူများတည်ဆောက်ထားသည့် ထောင်ချောက်များနှင့် မုဖူရှန်းနှင့်ဖန်ချန်းတို့ တပ်ဆက်ထားသည့် အဆောင်များက အကြိမ်၂၀ထက်မနည်း အစပျိုးခဲ့သည်။
ဆယ့်တစ်ရက်မြောက်နေ့တွင် ကောင်းကင်က နံနက်မိုးလင်းခါစသာရှိသေးသဖြင့် ပထမဆုံးနေရောင်ခြည်အလင်းက တိမ်များကို ထိုးဖောက်ကာ ခြံ၀င်းထဲထွန်းတောက်နေသည်။
ဤအချိန်တွင် ကောင်းကင်တုန်လှုပ်ဖွယ်နဂါးဟိန်းသံတစ်သံက ကျိုးလုံမြို့တစ်ခုလုံးကို အနှောင့်အယှက်ဖြစ်သွားစေသည်။
၎င်းက ကျုံးလုံမြို့အထက်ရှိ တိမ်အားလုံးထဲသို့ ပျံ့သွားသည်။
တိမ်များကြားမှ ထိုးဖောက်နေသည့် နေရောင်ခြည်က ယခုအချိန်တွင် စည်းချက်ကျကျပင် ကျိုးလုံမြို့ထဲသို့ အရှိန်အဟုန်နှင့် တိုး၀င်လာသည်။
ခမ်းနားသည့်နဂါးချီက မြို့အထက် ကောင်းကင်ယံ၌ မျောလွင့်သွား၏။
ဧကရာဇ်ကိုယ်တိုင်အပါအ၀င် မရေမတွက်နိုင်လောက်သည့်လူများမှာ ကျော၌ ကြီးမားသည့်အတောင်ပံများပါရှိသည့် နဂါးကြီးတစ်ကောင် လေထဲလူလွင့်နေသည့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိကြသည်။
၎င်းအမြီးဖြတ်သွားသည့်နေရာတိုင်း ပြားချပ်သည့်မြေပြင်တွင် မြစ်များဖန်တီးနေပုံရပြီး နှစ်ဘက်စလုံးတွင် တောင်များ မြင့်တက်လာလေရာ အံ့ဖွယ်မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။
ရုတ်တရက်တောင်များနှင့် မြစ်များ၏ ပေါ်ပေါက်လာမှုက လူတိုင်းကို ထိတ်လန့်သွားစေသည်။
ဒါကနဂါးကိုးကောင်ပေါင်းစည်းမှုကနေ ပေါ်ထွက်လာတဲ့ ယင်လုံလား!
ထိုအချိန်မှာပင် မြစ်ရေများက ကောင်းကင်ကနေ စီးကျနေသည်။
မိုးသည်းထန်စွာရွာသွန်းနေသကဲ့သို့ပင် မိုးရေများက မြေကြီးနှင့်ထိမှန်ပြီး ပန်းရိုင်းများ၊ မြက်ခင်းများနှင့် ရှေးဟောင်းသစ်ပင်များက မိုးရေ၏အဟာရဓာတ်အောက်တွင် ခိုင်မာအားကောင်းစွာ စတင်ကြီးထွားလာကြ၏။
"ယင်လုံက မိုးကိုခေါ်လာနိုင်ပြီး ငါတို့ရဲ့ စပါးစေ့အားလုံးကို အဟာရဖြည့်ပေးနိုင်တယ်....." နန်းတော်ထဲတွင် ဧကရာဇ် ခံစားချက်အပြည့်ဖြင့် ရေရွတ်လိုက်၏။
"ဒါက ကောင်းကင်ဘုံရဲ့နိမိတ်တစ်ခုပဲ၊ ကြည့်ရတာ သားတော်ကိုးမှာ မျက်စိကောင်းတစ်ခုရှိခံ့ပုံပဲ"
သူ့ဘေးနားက မိန်းမသားဆန်သည့် အမူအရာရှိသော အဖိုးအိုမှာ စူးရှသည့်အသံဖြင့်ပြောသည်။
"ဒါက မင်းသားကိုးပါးထံမှာ အထင်ရှားဆုံးသူကို ရွေးချယ်ထားတယ်ဆိုတဲ့ အရှင်မင်းကြီးရဲ့ မျက်လုံးအားကောင်းတာကိုလည်းသက်သေပြနေပါတယ်"
ဧကရာဇ်ခပ်ရေးရေးပြုံးလိုက်သော်လည်း ဘာတစ်ခုမှမပြောပေ။
အဇူရာနဂါးခြံ၀င်းနှင့် နဂါးဖြူခြံ၀င်းမှ အိမ်ရှေ့မင်းသားရော ကျိုးပိုင်လုပ် ဤမြင်ကွင်းကို မော့ကြည့်ရင်း ညင်သာစွာ ပြုံးလိုက်မိကြ၏။
"ကြည့်ရတာ ငါမှားပြီးလောင်းကြေးမထပ်ခဲ့မိဘူးဘဲ" အိမ်ရှေ့မင်းသားတီးတိုးရေရွတ်လိုက်မိသည်။
.....
ဤတဒင်္ဂ၌ ခြံ၀င်းလေးထဲတွင် ယင်လုံစွမ်းအားက ရှောင်ဟိုင်ကိုယ်ထဲ ဖြည်းဖြည်းချင်းပေါင်းစည်းလာခဲ့သည်။
သွေးကြောကပေါက်ကွဲသွားပြီး မိုးကြိုးကဲ့သို့ တစစ်စစ်မြည်သံများက သူ့ကိုယ်ထဲတွင် ပဲ့တင်ထပ်နေသည်။
သူ့ရုပ်ပိုင်းဆိုင်ရာနယ်ပယ်က ကြောက်စရာကောင်းသည့်အမြန်နှုန်းတစ်ခုနှင့်အတူ တက်နေသည်။
ယင်လုံစွမ်းအား သူ့ကိုယ်ထဲတွင် အပြည့်အ၀ပေါင်းစည်းသွားသောအခါ ရှောင်ဟိုင်၏နယ်ပယ်က ဘိုးဘေးနယ်ပယ်၏ အချုပ်အတည်းများကို ချိုးဖျက်ရင်း လူသားဘိုးဘေးနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်ရှိသွားလေတော့သည်။
ဖန်ချန်းပြုံးသည်။
"စီနီယာအစ်ကို၊ အခုဘယ်လိုခံစားရလဲ"
ရှောင်ဟိုင်လက်သီးဆုပ်ပြီး အထဲက အဆုံးမဲ့စွမ်းအားကို ခံစားရင်း ရယ်မောသည်။
"အရမ်းကောင်းတယ်၊ အနည်းဆုံး အခုတော့ ငါ နဂါးနီတပ်မှူးနဲ့ ကောင်းကင်နဂါးတပ်မှူးတို့ကို လက်သီးချက်အနည်းငယ်နဲ့ အနိုင်ယူနိုင်ပြီ"
သို့စေကာမူ မုဖူရှန်းကမူ မပြုံးဘဲ လေးနက်စွာပြောသည်။
"အစ်ကို၊ အခုပြီးသွားပြီဆိုတော့ ကျွန်တော်တို့ထွက်ခွာဖို့အချိန်ကျပြီ၊ ကျွန်တော်တို့ ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို အမြန်ဆုံးပြန်သွားဖို့လိုတယ်"
ရှောင်ဟိုင် မုဖူရှန်းအားစိတ်ရှုပ်ထွေးစွာကြည့်သည်။
မုဖူရှန်းရှင်းပြသည်။
"တစ်ယောက်ယောက် အစ်ကိုကိုယ်ထဲက ယင်လုံဝိဉာဉ်ကို ထုတ်ယူဖို့အတွက် လမ်းတစ်၀က်မှာ ကျွန်တော်တို့ကို ချောင်းမြောင်းတိုက်ခိုက်မှာကို ကျွန်တော်စိုးရိမ်နေမိတယ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော် လမ်းကြောင်းကိုလည်းရှာထားပြီးပြီ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ဒါဆိုမင်းဦးဆောင်မှုအတိုင်း ငါလိုက်မယ်၊ အခုသွားကြရအောင်"
ဖန်ချန်းမေးသည်။
"ကျွန်တော်တို့ အိမ်ရှေ့မင်းသားကို သွားနှုတ်ဆက်သင့်တယ်မလား"
"ငါတို့မရှိတော့တဲ့အခါ သူသိသွားမှာပါ"
"ကျိုးပိုင်လုကရော"
မုဖူရှန်း ဖန်ချန်းအား အနည်းငယ် အကူအညီမဲ့စွာမေးသည်။
"မင်းဒါကို တမင်လုပ်နေတယ်လို့ ငါယုံသင့်လားညီလေး"
.....
လမ်းတစ်လျှောက်၌ နေရာများစွာတွင် ရှောင်ဟိုင်ဆီက ယင်လုံဝိဉာဉ်ကို လုယူချင်သည့်အုပ်စုများစွာနှင့် တွေ့ခဲ့ရသည်။
သို့သော် အကြိမ်တိုင်း သူတို့မထိခိုက်ဘဲ လွတ်မြောက်နိုင်ခဲ့သည်။
ထိုအုပ်စုများထဲက တစ်စုတွင် ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်ခွန်အားပင်ရှိသည်။
သို့သော် ဖန်တီးခြင်းနတ်အဆောင်နှင့် အားဖြည့်ထားသည့်သွေးကြောစွမ်းအားနှင့်အတူ ရှောင်ဟိုင် သူတို့အားတိုက်ခိုက်နိုင်ခဲ့သည်။
သုံးရက်ကြာပြီးနောက် သူတို့နောက်ဆုံးတွင် ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ရောက်လာသည်။
ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ရောက်လာသောအခါ ကောင်းကင်နံပါတ်တစ်ခြံ၀င်းသို့ ပြန်ပြီး သူတို့ခွန်အားကို တည်ငြိမ်အောင်လုပ်ရင်း တစ်ခဏမျှ အနားယူရန် ရည်ရွယ်ထားသော်လည်း ရက်တစ်၀က်အတွင်း အပြင်ပမှ စိန်ခေါ်စာတစ်စောင်ရောက်လာသည်။
ရှောင်ဟိုင်လှမ်းယူကာကြည့်လိုက်၏။
"တာ၀န်ပြီးသွားပြီဆိုတော့ အိမ်ရှေ့မင်းသားစင်မြင့်ပေါ်မှာ အဆင့်မြင့်နဲ့အဆင့်နိမ်၊ သေခြင်းနဲ့ရှင်ခြင်းကြားခွဲခြားလိုက်ကြရအောင်"
လက်မှတ်ထိုးထားသူက ဟဲရှန်း၀မ်ဖြစ်သည်။
ရှောင်ဟိုင်ပြုံးသည်။
မှန်ပေသည်။ သူ ဤဟဲရှန်း၀မ်အား သွေးပူလေ့ကျင့်ခန်းအဖြစ် အသုံးပြု၍ရသည်။
မုဖူရှန်းနှင့် ဖန်ချန်းတို့မှာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
သူတို့နှလုံးသားထဲတွင် သူတို့ ဟဲရှန်း၀မ်အတွက် တစ်ပြိုင်နက်တည်း ကြေကွဲမိကြသည်။
အရင်က သူ့တွင်အခွင့်အလမ်းတစ်ခု ရှိခဲ့လောက်သော်လည်း ယခုအစ်ကိုရှောင်ဟိုင်က ဘိုးဘေးနယ်ပယ်ကို ရောက်သွားပြီဖြစ်လေရာ ဟဲရှန်း၀မ်အဖို့ ၀မ်းနည်းစရာသာ ကျန်တော့သည်။
"သူအစ်ကိုရှောင်ဟိုင်ဆီက လက်သီးချက်ဘယ်နှစ်ချက်လောက်ခံနိုင်မယ်ထင်လဲ" မုဖူရှန်းမေးသည်။
"အများဆုံးသုံးချက်ပဲ" ဖန်ချန်းဖြေကြားသည်။
"ငါတော့နှစ်ချက်ပဲလို့ထင်တယ်"
ရှောင်ဟိုင်တံခါးကိုတွန်းဖွင့်ပြီးနောက် ပြောသည်။
"တစ်ချက်တည်းကလုံလောက်ပြီ"
မုဖူရှန်းနှင့် ဖန်ချန်းတို့ရယ်မောလိုက်ကြပြီး နောက်ကလိုက်သွားကြသည်။
.....
ဟဲရှန်း၀မ် ရှောင်ဟိုင်ကိုစိန်ခေါ်သည့်သတင်းက ဝိဉာဉ်အနှစ်သာရကျောင်းတော်အတွင်း လျင်မြန်စွာပျံ့သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဟဲရှန်း၀မ်က ရှောင်ဟိုင်အား စိန်ခေါ်စာတစ်ခုထုတ်ပြန်ခဲ့သည်။
သို့သော် ရှောင်ဟိုင် တာ၀န်တစ်ခုထမ်းဆောင်နေသဖြင့် နှောင့်နှေးနေခဲ့ခြင်းပင်။
ယခုသူပြန်လာသောအခါ ရှောင်ဟိုင် ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ သူတို့လည်းမြင်ချင်ကြသည်။
သူ ဘိုးဘေးနယ်ပယ်ထဲသို့ တက်လှမ်းနေပြီဖြစ်သည့် ကိုယ်ပိုင်တပည့်တစ်ဦးဖြစ်သောဟဲရှန်း၀မ်ကို အနိုင်ယူနိုင်မည်လား။
ဒါ့အပြင်ဒီတိုက်ပွဲက သေရေးရှင်ရေးတိုက်ပွဲဖြစ်သည်။
သူတို့အိမ်ရှေ့မင်းသားစင်မြင့်ကို ရောက်လာသောအခါ လူများနှင့် ပြည့်သိပ်ကျပ်နေလေပြီ။
ဖုန်းယီနှင့် တခြားကိုယ်ပိုင်တပည့်များကလည်းရောက်လာကြသည်။
ရှောင်ဟိုင်ကိုကြည့်ရင်း သူတို့ပြောကြသည်။
"သူက အခုဘိုးဘေးနယ်ပယ်မှာပဲ၊ မင်းမနိုင်နိုငိဘူးဆိုရင် ချက်ချင်းအရှုံးပေးရမယ်"
ဖုန်းယီကလည်း ပူပန်သည့်အသံဖြင့်ပြောသည်။
"နင့်နယ်ပယ်က သူ့ထက်ပိုအားနည်းတယ်၊ နင်အရှုံးပေးနေသရွေ့ တစ်ယောက်ယောက်နင့်ကို ကယ်တင်လိမ့်မယ်"
ထန်ကျုံ့ကျောက်ခေါင်းညိတ်သည်။
"ဆရာကလည်းလျှို့ဝှက်စွာစောင့်ကြည့်နေတယ်၊ အခြေအနေတစ်ခုခုမှားသွားတာနဲ့ သူ၀င်ရောက်စွက်ဖက်လာလိမ့်မယ်"
ဆရာဆိုတာက ပထမအကြီးအကဲဖြစ်သည်။
ရှောင်ဟိုင်ပြုံးသည်။
"စိတ်မပူပါနဲ့"
ဖုန်းယီအလျင်အမြန်ပင်ပြောသည်။
"မဆင်မခြင်မလုပ်နဲ့"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
သတင်းကိုရရှိပြီးနောက် ယဲ့ချိုးပိုင်နှင့် ရှီရှန်းတို့ကလည်း လျှို့ဝှက်နယ်မြေကနေ အလျင်အမြန်ရောက်လာကြ၏။
ဤသည်ကိုမြင်သော် ယဲ့ချိုးပိုင် ရှောင်ဟိုင်အားမေးသည်။
"ယုံကြည်မှုရှိလား"
ရှောင်ဟိုင်ပြုံးပြသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင် နောက်ထပ်မေးခွန်းမေးမြန်းခြင်းမရှိတော့ပါ။
ရှောင်ဟိုင် အိမ်ရှေ့မင်းသားစင်မြင့်ပေါ် တက်လှမ်းလာသောအခါ ဟဲရှန်း၀မ် သူ့ကိုစောင့်နေသည်မှာ ကြာမြင့်နေလေပြီ။
ဟဲရှန်း၀မ် ရှောင်ဟိုင်အားအေးစက်စွာကြည့်သည်။
"ကြည့်ရတာ မင်းနည်းနည်းပိုကြာအောင် နေနိုင်ခဲ့ပုံပဲ"
ရှောင်ဟိုင်ပခုံးတွန့်သည်။
"တာ၀န်တစ်ခုကြောင့် နှောင့်နှေးနေရုံပါပဲ"
ဟဲရှန်း၀မ် အေးစက်စွာရယ်မောသည်။
"စိတ်ချပါ၊ ငါမင်းကို ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်နဲ့ တိုက်ခိုက်မှာပါ၊ ဒါဆို မင်းကို အခွင့်ကောင်းယူနေတယ်လို့ ယူဆလို့မရတော့ဘူးပေါ့"
ဘေးကကြည့်နေသည့် ကိုယ်ပိုင်တပည့်များမှာ ဆွံအနေကြသည်။
မင်းဘိုးဘေးနယ်ပယ်ကို တစ်၀က်အဆင့်ထိ ဖိနှိပ်ထားရင်တောင် မင်းမှာ အဲဒီနယ်ပယ်က အတွေ့အကြုံရှိနေပြီးသားပဲလေ၊ ဒါကအသာစီးရမှုတစ်ခုပဲမလား!
ဒါ့အပြင် ရှောင်ဟိုင်က နတ်ဧကရာဇ်နယ်ပယ် အထွဋ်အထိပ်အဆင့်ပဲမလား!
ရှောင်ဟိုင်အပေါ် သူတို့ထင်မြင်ချက်က သူတာ၀န်ကိုမထမ်းဆောင်ခင်ကတည်းက အချိန်ကို အခြေခံထားတာရှင်းနေသည်။
သို့သော်ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"မလိုပါဘူး"
မလိုဘူးလား!
အောက်က ဖုန်းယီ ပူပန်မှုနှင့်ပြည့်နှက်နေသည်။
"ပြီးသွားပြီ၊ ငါသိနေတယ်၊ သူအစကတည်းက အမြဲဒီလိုပဲ"
ထန်ကျုံ့ကျောက်ကလည်း မျက်ခုံးကျုံ့ရင်း သူ့ဆရာကို တိတ်တဆိတ်သတင်းပို့လိုက်၏။
"ဆရာ၊ အချိန်ကျလာရင် ဆရာမြန်မြန်လှုပ်ရှားဖို့လိုမယ်ထင်တယ်"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများသာလျှင် အံ့သြသင့်မှုကို မပြသဘဲ ယင်းအစား စိုးရိမ်စိတ်လုံး၀မရှိဘဲ ခပ်ရေးရေးသာ ပြုံးနေကြလေသည်။