ပဋိပက္ခစတင်ခြင်း
Vol. 96 Ch. 1357
"ဒီတော့ ဒါက နဂါးကိုးကောင်နတ်မင်းဆက်ရဲ့ အိမ်ရှေ့မင်းသားပေါ့" အထီးကျန်မြို့တော်၀န်လေထဲတွင်ရပ်ရင်း အေးစက်စွာရယ်မောကာ အိမ်ရှေ့မင်းသားအား ကြည့်လိုက်၏။
"မင်းနဲ့အတူလူတွေကိုခေါ်လာတာလား၊ ဒါပေမယ့်ဘာဖြစ်လဲ၊ ဒီနေရာက ကန္တာရထဲက အထီးကျန်မြို့ပဲ၊ မင်းတို့ရဲ့ နဂါးကိုးကောင်နတ်မင်းဆက်မဟုတ်ဘူး"
ထို့နောက် အထီးကျန်မြို့တော်၀န် လက်အစုံကို ကျယ်ပြန့်စွာဖြန့်လိုက်၏။
ရုတ်တရက် သူ့၀န်းကျင်နှင့်နောက်က လူများက အားကောင်းသည့်အော်ရာတစ်ခုစီနှင့် ပေါက်ကွဲသွားကြသည်။
သဲများကတဟုန်ထိုးတက်လာပြီး စားသောက်ဆိုင်အနီး သဲမုန်တိုင်းတစ်ခုပမာ ဖြတ်တိုက်သွား၏။
ကြည့်ရသည်မှာ စားသောက်ဆိုင်ထဲက တစ်ယောက်ယောက်သာ အလျင်စလိုလှုပ်ရှားပါက ဤသဲမုန်တိုင်းများက စားသောက်ဆိုင်နှင့် အထဲကလူများကို အပိုင်းပိုင်းဆွဲဖြဲပစ်ပေလိမ့်မည်။
အထဲကလူအားလုံးတွင် လေးနက်သည့် အမူအရာတစ်ခုစီရှိနေသည်။
အထီးကျန်မြို့တော်၀န်ပြောတာမှန်သည်။
အကယ်၍ ဤကန္တာရထဲကလူများသာ သူတို့ပိုင်နက်မှ ထွက်သွားပါက သူတို့က လုံး၀ကြောက်စရာမကောင်းတော့သလို မည်သည့်ခြိမ်းခြောက်မှုကိုမှ ပေးနိုင်မည်မဟုတ်။
သို့ငော် ဤသဲကန္တာရထဲတွင်မူ သူတို့က ဒေသအတွင်းအာဏာရှင်များဖြစ်ပြီး ဤနေရာ၌ တခြားအင်အားစုများ၏ ခံတပ်များမရှိသလို အထောက်အကူများကလည်း ရောက်လာရန် အချိန်ယူရပေလိမ့်မည်။
ဒါ့အပြင် ပတ်၀န်းကျင်၏ ရှုပ်ထွေးသည့် အသွင်အပြင်ကို ထောက်ဆပါက အထောက်အကူများရောက်လာလျှင်ပင် အိမ်ကွင်းဘက်က ပြင်ပအင်အားစုများကိုအကြီးအကျယ် ဒုက္ခပေးရန်အတွက် ပတ်၀န်းကျင်က အသာစီးရမှုများကို သုံးနိုင်သည်။
ထို့ကြောင့်လည်း အထီးကျန်မြို့တော်၀န်တို့လိုအဖွဲ့များက ယခုလိုမောက်မာနေကြခြင်းပင်။
"ဒီတော့ ဘယ်လိုလဲ လူငယ်ပါရမီရှင်တို့၊ မင်းတို့ငါ့နေရာမှာ ဘာလို့မရွေ့ရမှာလဲ၊ ဝိုင်နဲ့အသားက အဆင်သင့်ဖြစ်နေပြီ၊ ဖြုန်းတီးမိရင် ရှက်စရာကောင်းသွားလိမ့်မယ်" အထီးကျန်မြို့တော်၀န်နှာခေါင်းရှုံ့ကာ ပြောရင်း ဘေးသို့လှည့်ကာ လာရန် လက်ယမ်းပြသည်။
ဤအချိန်မှာပင် သူတော်စင်သားတော်ရွှမ်မင် ရယ်မောကာတုံ့ပြန်သည်။
"မလိုတော့ပါဘူး၊ ခင်ဗျားတို့ရဲ့ဝိုင်နဲ့အသားက အရမ်းရှားတယ်လေ၊ ကျုပ်တို့အတွက် ပြင်ဆင်ထားစရာမလိုပါဘူး၊ ကိုယ့်အတွက်ကိုယ်သိမ်းထားတာက ပိုကောင်းပါတယ်"
အထီးကျန်မြို့တော်၀န်နှင့် တခြားကန္တာရအင်အားစုများ၏ အမူအရာများက မည်းမှောင်သွားကြသည်။
ဤနေရာတွင် ပြောဆိုနေသည့် ဝိုင်နှင့်အသားက သွယ်ဝိုက်ရည်ညွှန်းနေခြင်းပင်။
အားကောင်းသည့်ဂိုဏ်းတစ်ဂိုဏ်းက ယခုလိုသာမန်အရာတွေကင်းမဲ့နေလိမ့်မည်ဟု မည်သူက တကယ်တွေးထင်မိမည်နည်း။
သူတော်စင်သားတော်ရွှမ်မင်၏ အဓိပ္ပာယ်ကရှင်းသည်။ သူတို့၏အရင်းအမြစ်များက ရှားပါးသည်။
ဒါကရိုင်းစိုင်းလှသည့်သရော်မှုတစ်ခုပင်။
အထီးကျန်မြို့တော်၀န် မျက်ခုံးပင့်လိုက်သည်။
"ဒါဆိုမင်းတို့ ဒီအဖိုးကြီးကို တကယ်မျက်နှာသာမပေးတော့ဘူးပေါ့"
တုံ့ပြန်မှုကင်းမဲ့နေခြင်းက 'ဟင့်အင်း' ပြောသည်နှင့်အတူတူသာ။
"ကောင်းပြီလေ၊ ဒါဆိုမင်းတို့အရိုးတွေ ဘယ်လောက်မာကျောသလဲဆိုတာ ငါကြည့်ချင်ပါသေးတယ်"
ထို့နောက် အထီးကျန်မြို့တော်၀န် 'ဖျောက်ခနဲ' လက်ဖျောက်တီးလိုက်၏။
ရုတ်တရက် ကြီးမားသည့်ဖိနှိပ်အားတစ်ခုက စားသောက်ဆိုင်တစ်ခုပေါ်သို့ ဆင်းသက်လာသည်။
ပါရမီရှင်အများစု၏ မျက်သူငယ်အိမ်များက ရုတ်တရက် ကျဉ်းမြောင်းသွားကြပြီး သူတို့ခါးများပင်လျှင် ဖိအားကို ခံစားရသည်။
ဒါက နတ်တပိုင်းနယ်ပယ် နောက်ပိုင်းအဆင့်မှ ဖိအားပေတည်း။
အထီးကျန်မြို့တပ်ဖွဲ့၏ခေါင်းဆောင်တဖြစ်လဲ သူက ယခုလိုခွန်အားမျိုးကိုပိုင်ဆိုင်သည်။
ရှောင်ဟိုင်နှင့်ကျန်သောသူများပင်လျှင် လေးနက်နေကြသည်။
ထိုအချိန်မှာပင် အမျိုးသမီးအသံတစ်သံက တည်ငြိမ်စွာပြောလာသည်။
"အကြီးအကဲ၊ ကျွန်မတို့လိုဂျုနီယာတွေကို ဒီလိုနည်းနဲ့အနိုင်ကျင့်တာက ရှင်တို့အုပ်စုရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်မလား"
"ဂုဏ်သိက္ခာ၊ ဟားးး၊ ငါတို့အတွက် ဒီလိုအရာမျိုးက တန်ဖိုးနည်းလွန်း....." အထီးကျန်မြို့တော်၀န်ပြောဆိုရင်း အသံလာရာဘက်သို့ကြည့်လိုက်သည်။ သူ့အကြည့်က ပိုင်လုပေါ်ကျသွားသောအခါ မျက်လုံးများက ပြူးထွက်မတတ်ပင် ဖြစ်သွားသည်။
အထီးကျန်မြို့တော်၀န်တင်မဟုတ်ဘဲ ကန္တာရအင်အားစုများမှ လူတိုင်း၏ မျက်လုံးများက တွယ်ကပ်နေကြ၏။
"ဟားဟားဟား" ရုတ်တရက် အထီးကျန်မြို့တော်၀န် ကျယ်လောင်စွာရယ်မောသည်။
"ခေးအောစ့်နယ်မြေရဲ့ နံပါတ်တစ်အလှလေးက ဒီမှာရှိနေလိမ့်မယ်လို့ ငါတကယ်မျှော်လင့်မထားခဲ့ဘူး"
သူ့မျက်လုံးများက လောဘကို ဖုံးကွယ်ထားခြင်းမရှိဘဲ နှုတ်ခမ်းများကိုသပ်ရင်း မဖွယ်မရာပြောသည်။
"ဒီလိုဆိုရင်ရော၊ အလှလေး၊ ငါတို့နဲ့အတူ စားတော်ပွဲကို လိုက်ခဲ့၊ ဒါဆို တခြားသူတွေ မပါ၀င်ချင်ဘူးဆိုရင်တောင် အရေးမကြီးဘူး"
ပိုင်လု အထီးကျန်မြို့တော်၀န်ကို တည်ငြိမ်စွာပင်ကြည့်နေပြီး ဘာတစ်ခုမှ မပြောနိုင်ခင်မှာပင် သူတော်စင်သားတော်ရွှမ်မင်နှင့် ရှောင်ဟိုင်တို့ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
"ဒါမဖြစ်နိုင်ဘူး"
သူတော်စင်သားတော်ရွှမ်မင်မှာ အနည်းငယ်လန့်သွားပြီး ရပ်နေသည့်ရှောင်ဟိုင်နှင့်ကျန်သောသူများအား လှည့်ကြည့်လိုက်သည်။
အထီးကျန်မြို့တော်၀န်မျက်မှောင်ကြုတ်သည်။
"ဒါကမင်းစကားပြောရမယ့်နေရာလား၊ အိုး၊ သူတော်စင်သားတော်၊ မင်းကတကယ်ကို အချစ်နွံထံနစ်နေတဲ့လူတစ်ယောက်ပဲ၊ မင်း ကျိုးပိုင်လုကို ပံ့ပိုးနေတာကို ငါကြားတာကြာပါပြီ၊ ငါဒါကိုနားလည်ပေးလို့ရပါတယ်၊ မင်းကရော၊ မင်းလည်း စိတ်ခံစားချက်တွေကြောင့် မောင်းနှင်ခံနေရတာလား"
ရှောင်ဟိုင်တည်ငြိမ်စွာပင်ပြောသည်။
"ကျုပ်တို့မှာအဲလိုရည်ရွယ်ချက်မရှိပေမယ့် ကျုပ်မှာ ဒီနတ်သမီးလေးနဲ့ ဆက်စပ်မှုရှိတဲ့ ညီလေးတစ်ယောက်တော့ရှိတယ်"
အထီးကျန်မြို့တော်၀န်တင်မဟုတ်ဘဲ သူတော်စင်သားတော်ရွှမ်မင်၏ အမူအရာကပင် အလွန်အမင်းကြည့်ရဆိုးသွားခဲ့သည်။
ကျိုးပိုင်လု၏နှုတ်ခမ်းများက အပေါ်သို့ အနည်းငယ်ကွေးညွတ်သွား၏။
"ဒါကအတော်ကို ဒုက္ခဖြစ်စေတာပဲ" အထီးကျန်မြို့တော်၀န် လက်ကို စိတ်မရှည်စွာ ခါယမ်းရင်း ကျယ်လောင်စွာအော်ဟစ်သည်။
"ဒီလိုဆိုမှတော့ မင်းတို့ကို ဆင်းရဲဒုက္ခရဲ့ အရဿာကို ပေးခံစားရတာပေါ့"
အထီးကျန်မြို့တော်၀န် လှုပ်ရှားတော့မည့်အချိန် ရုတ်တရက် အထီးကျန်မြို့တော်၀န်နှင့် ကျန်သောသူများရှေ့တွင် အားကောင်းသည့်အော်ရာနှင့် ပုံရိပ်များစွာပေါ်လာသည်။
(အထီးကျန်မြို့တော်၀န်ကို အကြီးအကဲဟုန်မန်ဟုလည်းခေါ်ကြသည်)
"အကြီးအကဲဟုန်မန်၊ ဒီလူငယ်မျိုးဆက်တွေကို ဆန့်ကျင်လှုပ်ရှားတာက နည်းနည်းများမနေဘူးလား" ထိုစကားလုံးများအား ပြောလိုက်သူက ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ ပထမအကြီးအကဲဖြစ်သည်။
သူနှင့်မနီးမဝေးတွင် အစိမ်းရင့်ရောင်၀တ်ရုံ၀တ်ထားသည့် အကြီးအကဲတစ်ဦး အကြီးအကဲဟုန်မန်အား ထူးမခြားနားစွာကြည့်သည်။
"ဒီတော့ မင်းက ဒီနေရာက ဒါဇင်နဲ့ချီတဲ့ အင်အားစုတွေနဲ့ စစ်ပွဲတစ်ခုစဖို့ စီစဉ်ထားတာပေါ့"
ဤအကြီးအကဲက သူတော်စင်သားတော်ရွှမ်မင်၏ ကာကွယ်သူဖြစ်ပြီး နတ်တပိုင်းနယ်ပယ် အစောပိုင်းအဆင့်ခွန်အားကို ပိုင်ဆိုင်ထားသူပင်။
တစ်ချိန်တည်းမှာပင် အိမ်ရှေ့မင်းသားဘေးတွင် အကြီးအကဲတစ်ဦးပေါ်လာပုံရသည်။ သူက မျှော်လင့်မထားစွာပင် အကြီးအကဲချူဖြစ်နေသည်။
"အိုး၊ စစ်ပွဲတစ်ခုစမှာလား၊ မင်းတို့လုပ်ရဲလို့လား" အကြီးအကဲဟုန်မန်ကျယ်လောင်စွာ ရယ်မောသည်။
"မင်းတို့လို အပြင်ပန်းအားဖြင့် ဖြောင့်မတ်တဲ့အင်အားစုတွေက ဒီနတ်ဘုရားတွေတောင် စွန့်ပစ်ထားတဲ့ သဲကန္တာရကို လာပြီး ကြီးမားတဲ့အကျိုးအမြတ်တွေကို စွန့်လွှတ်ဖို့ဆန္ဒရှိကြပြီး ငါတို့ကို ဝိုင်းရံဖို့ ဒီလိုကြီးမားတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ဖို့ ဆန္ဒရှိကြလို့လား"
"မင်းတို့ထဲက ဘယ်သူမှလးဒီလိုအရာမျိုးကို လုပ်မှာမဟုတ်ဘူးဆိုတာ ငါပြောရဲတယ်၊ မင်းတို့လုပ်ရဲရင်တောင် တန်ဖိုးပေးဆပ်ပြီး အမွေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာပဲ တခြားအင်အားစုတွေက မင်းတို့ကို ချက်ချင်းလာတိုက်ခိုက်ကြလိမ့်မယ်"
အကြီးအကဲဟုန်မန် ဤပြင်ပအင်အားစုများအား ကောင်းကောင်းသိသည်။
ခေးအောစ့်နယ်မြေတစ်ခုလုံး၌ ဒါက အခြေခံအခြေအနေရပ်တစ်ခုသာ။
တစ်ယောက်က မလိုက်နာပါက အကြမ်းဖက်ရန်ကို သဘောကျပြီး နောက်တစ်ယောက်က အပြုံးနောက်ကွယ်၌ ဓားတစ်ချောင်းကိုင်ထားရတာကို ပိုသဘောကျသည်။
ဒါကခြားနားချက်ပင်။
ဤအချိန်တွင် ပထမအကြီးအကဲပြုံးသည်။
"မင်းပြောတာကလုံး၀မှန်ပါတယ်၊ ဒါပေမယ့် ငါတို့ဒါကို တခြားရှုထောင့်တစ်ခုကနေ တွေးကြည့်မယ်ဆိုရင်ရော"
အကြီးအကဲဟုန်မန် ပထမအကြီးအကဲကို ကြည့်ရင်း ကျယ်လောင်စွာရယ်မောသည်။
"ဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ ပထမအကြီးအကဲမလား၊ ငါမင်းတို့ရဲ့ကျောင်းတော်တွေကို တကယ်လေးစားပါတယ်၊ ဒီကြောင်သူတော်တွေနဲ့မတူဘူး၊ လေးစားမှုရှိရင် ငါကနားစွင့်ထားတတ်သူပါ"
ပထမအကြီးအကဲခေါင်းညိတ်သည်။
"လျှို့ဝှက်နယ်မြေကပွင့်တော့မှာ၊ ပြီးတော့ ဒီအမွေအနှစ်လျှို့ဝှက်နယ်မြေက လွန်ခဲ့တဲ့နှစ်တစ်သန်းက ခေးအောစ့်နတ်မင်းဆက်က မင်းသားတစ်ပါးရဲ့ ဂူသင်္ချိုင်းဆိုတာကိုလည်း မင်းသိမှာပါ၊ ဒါကဘာကို ဆိုလိုသလဲဆိုတာ မင်းတို့အားလုံးသိကြပါတယ်"
"ဂူသင်္ချိုင်းထဲမှာ မရေမတွက်နိုင်လောက်တဲ့ ထောင်ချောက်တွေရှိနိုင်တယ်၊ ဂူသင်္ချိုင်းမပွင့်လာသေးခင် မင်းတို့စစ်ပွဲတစ်ခု စချင်တာသေချာလား၊ မင်းတို့လူတွေကို ဒီမှာ ထိန်းထားနိုင်ရင်တောင် ကြီးမားတဲ့တန်ဖိုးတစ်ခုကို ပေးဆပ်ရမှာပဲ"
"ဒါ့အပြင် ပြင်ပအင်အားစုတွေက မင်းတို့ကို အလုံးအရင်းမတိုက်ခိုက်ဘူးဆိုရင်တောင် လူအများကြီးသေချာပေါက်စေလွှတ်မှာပဲ၊ ဒါဆို မင်းတို့ ဂူသင်္ချိုင်းထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ရှာဖွေနိုင်ပါ့မလား"
ဒါကိုကြားသောအခါ အကြီးအကဲဟုန်မန်၏ မျက်နှာပေါ်က ရက်စက်သည့်အပြုံးက ဖြည်းဖြည်းချင်းပျောက်ကွယ်သွား၏။
"ဟမ်၊ ပျော်စရာလည်းမကောင်းဘူး၊ ကြည့်ရတာ ပါးနပ်တဲ့လူတွေလည်းရှိသေးပုံပဲ"
အကြီးအကဲဟုန်မန်လှည့်ကာပြောသည်။
"ဒီလိုဆိုမှတော့ ငါဒါကိုမှတ်မိနေမယ်၊ ဂူသင်္ချိုင်းထဲမှာ အမှန်တရားကို ကြည့်ကြတာပေါ့"
ထိုသို့ပြောပြီးနောက် သူလက်ဝှေ့ယမ်းကာ ကန္တာရအင်အားစုများနှင့်အတူ ထွက်သွားလေတော့သည်။
သဲကန္တာရတပ်အားလုံးထွက်သွားပြီးနောက် ပထမအကြီးအကဲနှင့် တခြားအဆင့်မြင့်ပုဂ္ဂိုလ်များကလည်း ဆက်တိုက်ထွက်သွားကြ၏။
ဤဖြစ်ရပ်အပြီးတွင် စားတော်ပွဲကို ဆက်လုပ်၍မရတော့သည်မှာ ရှင်းနေသည်။
မထွက်သွားခင် သူတော်စင်သားတော်ရွှမ်မင် ရှောင်ဟိုင်အားစိုက်ကြည့်စဉ် သူ့အမူအရာက ပျက်ယွင်းနေသည်။
"မမေ့နဲ့၊ ငါတို့မှာ တိုက်ပွဲတစ်ခုကျန်ရှိနေသေးတယ်၊ အိုး၊ ပြီးတော့ အဲဒီမုဖူရှန်းရောပဲ၊ သူကလိပ်ခွံထဲပုန်းနေတဲ့ ငကြောက်တစ်ယောက်ဖြစ်နေတာတော့ စိတ်မကောင်းစရာပဲ"