အမှန်တကယ်ဖြစ်လာလိမ့်မယ်
Vol. 44 Ch. 634
အနာဂါတ်အာရန်၏ စိတ်ဝိညာဥ်သည် သူ၏ လက်ရှိစိတ်ဝိညာဉ်ကို ဒုက္ခပေးနေသော ရှုပ်ထွေးသော ဟင်းလင်းပြင် စွမ်းအင်များနှင့် တိုက်ခိုက်နေလေသည်။
'မင်း ငါ့ရဲ့ သိစိတ်ပင်လယ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား'
အနာဂါတ်အာရန်သည် ထိုဟင်းလင်းပြင် စွမ်းအင်မှ သူ၏ ပတ်လည်တွင် အမျှင်တန်းများအဖြစ် စတင် ကွဲထွက်လာသောကြောင့် မျက်မှောင်ကြုတ်လိုက်မိ၏။
'မင်း အဲဒီအတွက် နည်းနည်း နောက်ကျသွားပြီ'
အနာဂါတ်အာရန်သည် သူ၏ လက်ချောင်းများကြားတွင် ဟင်းလင်းပြင် စွမ်းအင်၏ ရင်းမြစ်နေရာတစ်ခုကို ကိုင်ဆုတ်မိသွားသည်။
ထို့နောက် မီးတောက်ငယ်လေးတစ်ခု ထိုအာရန်၏လက်တွင်းမှပေါ်ထွက်လာခဲ့ကာ မကြာသေးမီ သူ၏ သိစိတ်ပင်လယ်ကို ပြိုကွဲစေရန် ကြိုးစားနေသော အမျှင်တန်းလေးများကို စတင်ဝါးမျိုပစ်တော့၏။
ထို့နောက် နက်ပြာရောင် မီးတောက်များအဖြစ်ပြောင်းလဲသွားခဲ့ကာ အာရန်၏ ပတ်လည်တွင် လှည့်ပတ်နေသော အမျှင်တန်းလေးများသည် ပြာအဖြစ် လောင်ကျွမ်း သွားကြတာ တဖြည်းဖြည်းလျော့နည်းလာကြသည်။
ဟင်းလင်းပြင် စွမ်းအင်များ လုံးဝပျောက်ကွယ်သွားသည်နှင့် အာရန်၏ ပစ္စုပ္ပန်စိတ်ဝိညာဉ်သည်လည်း ပိုမိုမြန်ဆန်စွာ သက်သာလာခဲ့လေသည်။
'င့ါအတွက် အချိန် ဆယ့်ငါး စက္ကန့် ကျန်သေးတယ်'
အနာဂါတ်အာရန်သည် စနစ် မျက်နှာပြင်ကို ကြည့်ရင်း ရေရွတ်လိုက်မိ၏။
'ငါလုပ်သင့်သလား...'
အတွေးတစ်ခုသည် အနာဂါတ်အာရန်၏ စိတ်ထဲတွင် လက်ခနဲ ပေါ်လာခဲ့ပြီး သူသည် လက်ကို ဝှေ့ယမ်းလိုက်ကာ မျက်တောင် တစ်ခတ်စာအချိန် အတွင်းမှာပင် သူ၏ ပစ္စုပ္ပန် စိတ်ဝိညာဉ်အား ကူညီကုသပေးလိုက်သည်။
....
ထိုအချိန်မှာပင် နှင်းပျိုဖြူနန်းတော် ပတ်လည်တွင် ကာကွယ်ရေး ပုံစံကွက်များ စတင်၍ အသက်ဝင်လာခဲ့ကြသည်။
အကြီးအကဲများစွာသည် ၎င်းတို့အနေဖြင့် ပြင်ပတစ်စုံတစ်ရာ၏ တိုက်ခိုက်ခံနေရ၍လားဟု စိုးရိမ်နေခဲ့ကြပြီး နန်းတော်သခင်မမှ ထိုအကာအကွယ်လွှာအား သက်ဝင်စေခဲ့သည့် အဓိက အကြောင်းရင်းမှန်ကိုမူ ၎င်းတို့ အနေနှင့် မသိနိုင်ခဲ့ကြပေ။
နှင်းပျိုဖြူ ဂိုဏ်းသူတိုင်းသည် ပြင်ပကျူးကျော်မှုအတွက် အဆင်သင့် ပြင်ဆင်ခဲ့ထားကြကာ အရေးကြုံပါက ၎င်းတို့အနေဖြင့် အသေခံ တိုက်ခိုက်ရန်အတွက်ပင် အသင့်အနေအထားတွင် ရှိနေခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် နန်းတော်သခင်မကိုယ်တိုင်မှာမူ ခုတင်ပေါ်တွင် လဲလျောင်းလျက်သား ရှိနေသေးသည့် အာရန်အား တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
အာရန်၏ ပတ်လည်ရှိ ပြင်းထန်သည့် အော်ရာတစ်ခုက သူမအား သူ့အနီးသို့ ချဥ်းကပ်၍ မရနိုင်အောင် ထားဆီးထားလေသည်။
သူမ၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေခဲ့သော်လည်း ဤနေရာတွင် သူမကို အဖြေပေးနိုင်မည့်သူ တစ်ဦးတစ်လေမျှ ရှိမနေခဲ့ပေ။
ထို အော်ရာ၏ ရှိနေခြင်းကို အာရုံခံမိသူသည် သူမ တစ်ယောက်တည်း မဟုတ်ကြောင်းကိုတော့ သူမအနေနှင့် မသိနိုင်ခဲ့ပေ။
သို့သော် ကံကောင်းစွာဖြင့် အာရန်ဆီမှ ထွက်ပေါ်လာသော ထိုကြောက်မက်ဖွယ် အော်ရာသည် ဆယ့်ငါး စက္ကန့်ခန့်သာ ကြာခဲ့ပြီးနောက် ၎င်းသည် ထိုနေရာတွင် ဘယ်တုံးကမျှ မရှိခဲ့သကဲ့သို့ လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
ထရီဆာသည် သူမအား တားဆီးထားသည့် အော်ရာ မရှိတော့သည့်နှင့် တစ်ပြိုင်နက် အာရန်အနားသို့ အပြေးအလွှား သွားရောက်လိုက်သည်။
သူမသည် အာရန်၏ အခြေအနေကို စစ်ဆေးရန် ပြင်လိုက်စဥ်မှာပင် သူမ၏လက်သည် အာရန်အား မထိမီမှာပင် အာရန်တစ်ယောက် မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့ကာ သူမ၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားလိုက်သည်။
"ရှင်.... အာရန် မဟုတ်ဘူး ရှင်... ဘယ်သူလဲ။ သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာလား"
အာရန်၏ ပုံစံသည် ယခင်ကနှင့် လုံးဝ မတူတော့သဖြင့် သူ၏ ခန္ဓာကိုယ်အား တစ်စုံတစ်ဦးမှ သိမ်းပိုက်သွားခဲ့ခြင်းများလားဟုပင် ထရီဆာတစ်ယောက် သံသယဝင်မိလိုက်သည်။
"သူ့ကို ခုချက်ချင်း လွှတ်ပေးစမ်း"
ထရီဆာသည် သူမ၏ လက်ကောက်ဝတ်အား ဖမ်းဆုတ်ထားသည့် အာရန်၏ လက်ဆီမှ လျှင်မြန်စွာ ရုံးထွက်လိုက်ကာ အာရန်၏ ဦးခေါင်းရှိရာဆီသို့ သူမ ၏ လက်များကို ထပ်မံချိန်ရွယ်လိုက်သည်။
သူမ၏ ထိုလှုပ်ရှားမှုသည် လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းနေခဲ့၏။
သို့တိုင် သူမသည် အာရန်အား မထိတွေ့နိုင်ခဲ့ပေ။
သူမ၏ လက်ချောင်းများ အာရန်၏ ဦးခေါင်းနှင့် နီးကပ်လာသည်နှင့် တစ်ပြိုင်နက် အာရန်သည် သူ၏ လက်တစ်ဖက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ထရီဆာသည် ကစားစရာအရုပ်တရုပ်ပမာ နောက်ဘက်သို့ လွင့်ထွက်သွားတော့သည်။
ထို့နောက် ထရီဆာသည် နံရံနှင့် ဝင်တိုက်မိကာ လဲကျသွားခဲ့၏။
ထရီဆာသည် ပြင်းထန်စွာ ချောင်းတစ်ချက်ဆိုးလိုက်ရင်း သူမ၏ ပါးစပ်ထောင့်မှ သွေးအနည်းငယ် ယိုစီးကျလာခဲ့သည်။
သူမသည် တစ်ချက်တည်းနှင့် ဒဏ်ရာရသွားခဲ့သော်လည်း အာရန်တစ်ယောက် ရုတ်တရက် အဘယ်ကြောင့်ထိုမျှ ပြောင်းလဲသွားသည်ကို သိရှိရန် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
"ငါ မင်းကို တိုက်ခိုက်ဖို့ ဒီကို လာခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက လွယ်လွယ်နဲ့ င့ါစကား နားထောင်မဲ့ ပုံတော့မရပါဘူးလေ"
အနာဂါတ်အာရန်သည် သူတစ်ယောက်သာ မြင်နိုင်သော စနစ်မျက်နှာပြင်ပေါ်ရှိ ကျန်ရှိနေချိန်အား ပြသပေးနေသည့် နေရာအား စိုက်ကြည့်နေလိုက်သည်။
"ဆယ် စက္ကန့်ပဲ ကျန်တော့တယ်။ ငါး စက္ကန့်ကတော့ မင်းကို နားလည်စေဖို့ လုံလောက်သင့်တယ်"
ထရီဆာသည် အထက်ကမ္ဘာတွင် အစွမ်းထက်ဆုံး တည်ရှိမှုတစ်ခုတော့ မဟုတ်ပေ။ ဗဟိုတိုက်ကြီးတွင် သူမထက် ပို၍ အစွမ်းထက်သော လူများစွာ ရှိနေလေသည်။
သို့တိုင် သူမသည် သာမန်လူငယ်လေးတစ်ဦး၏ ရှေ့တွင် ဤမျှအထိ ဖိနှိပ်ခံရလိမ့်မည်ဟု ဘယ်တုံးကမျှ မမျှော်လင့်မိခဲ့ပေ။
သူမသည် အာရန်၏ လှုပ်ရှားမှုများကိုပင် မမြင်နိုင်ခဲ့ပေ။
ထိုစဥ် သူမ သတိမထားမိနိုင်ခင်မှာပင် သူမ၏ လည်ပင်းသည် အာရန်၏ လက်အတွင်းသို့ သက်ဆင်းသွားခဲ့သည်။
ထို့နောက်အာရန်သည် အနားမပေးပဲ သူမအား နံရံရှိရာဆီသို့ ဆွဲခေါ်၍ တိုက်ချလိုက်လေသည်။
သူတို့နှစ်ဦးစလုံးသည် နန်တော် နံရံတွင် အပေါက်တစ်ခု ချန်ထားခဲ့ပြီး အပြင်ဘက်သို့ လွင့်ထွက်သွားခဲ့ကြသည်။
အာရန်သည် ထရီဆာအား အပြင်ဘက်ရှိ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်ရာ နှင်းပျိုဖြူနန်းတော် တစ်ခုလုံး တုန်ခါသွားစေခဲ့၏။
"ကိုး စက္ကန့်..."
အာရန်သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏ လက်ဆစ်များကို ချိုးနေလိုက်သည်။
"အလုပ်စတော့"
"မင်း တကယ်ပဲ ငါတို့ရဲ့ ယောက္ခမကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား"
ထိုစဥ်မှာပင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် နောက်ထပ် အာရန် အသစ်တစ်ယောက်သည် ထရီဆာဘေးတွင် ထပ်မံ၍ ပေါ်ထွက်လာခဲ့ကာ ထရီဆာအား မျက်လုံးအဝိုင်းသား လေးဖြင့် ကြောင်တောင်တောင် ဖြစ်သွားစေခဲ့၏။
ထိုသူသည် အာရန်နှင့် လုံးဝ ချွတ်စွတ်တူညီနေသော်လည်း ဝိညာဥ်တစ်ကောင်အလား ၎င်း၏ တည်ရှိမှုသည် ခပ်ပါးပါးလေးသာ မြင်နေရလေသည်။
"အဓိပ္ပါယ် မရှိတာတွေ တော်တော့။ မင်း သိပြီးသား ဖြစ်တဲ့အတိုင်း ဒီတစ်ခါ ငါတို့ အဲဒီ မိုက်မဲသော နတ်ဘုရားမရဲ့ သီးသန့်နယ်မြေအတွင်းမှာ မဟုတ်ဘူး။ ငါတို့ အော်ရာကို သူတို့ဆီကနေ ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး။ မင်း ဘာလုပ်ရမယ်ဆိုတာ သိတယ် မဟုတ်လား။ မင်းမှာအချိန် ကိုး စက္ကန့်ပဲကျန်တော့တယ်... ဆောရီး ရှစ်စက္ကန့်။"
"အတော်ဆိုးတာပဲ... ကောင်းပြီလေ။ ငါတို့ရဲ့ လက်ရှိလူကို ဒီပြဿနာထဲ ပါဝင်ပတ်သက်တာ မဖြစ်စေဖို့ ခြေရာအတုတွေကို ငါသွား ဖန်တီးပေးခဲ့မယ်"
ထိုသို့ပြောပြီးသည်နှင့် ဒုတိယ အာရန်သည် အလင်း၏ အရှိန်ထက်ပင် ပိုမိုမြန်စွာ ပျံထွက်သွားတော့၏။
ထရီဆာသည် ထိုအရှိန်ကို မြင်လိုက်မိသောအခါ သူမ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ဂိတ်တံခါးပေါက်များကို မသုံးဘဲနှင့်ပင် ထိုဒုတိယ အာရန်သည် နှစ်စက္ကန့်တာအချိန်လေး အတွင်း ဗဟိုဒေသ တိုက်ကြီးသို့ ရောက်ရှိသွားခဲ့သည်။
အနာဂါတ်မှလာသော ပထမ အာရန်သည် ထရီဆာ၏ မျက်နှာပေါ်မှ အံ့အားသင့် မှင်သက်နေခြင်းအား ငေးကြည့်ရင်း ရေရွတ်လိုက်သည်။
"မင်း အထင်ကြီးနေစရာ မလိုပါဘူး။ ငါက မင်း သိတဲ့အတိုင်းပဲ ဟင်းလင်းပြင်..."
"ထားလိုက်တော့ ခုက ခုနစ် စက္ကန့်ပဲ ကျန်တော့တယ်။ ငါမှာလဲ လုပ်စရာတွေရှိသေးတယ်"
ထို့နောက် ထိုအာရန်သည် ထရီဆာ၏ နဖူးပေါ်တွင် သူ၏ လက်တစ်ဖက်ကို တင်လိုက်ပြီး နှင်းပျိုဖြူနန်းတော်တစ်ခုလုံး လုံးဝ ဖျက်ဆီးခံနေရသည့် မြင်ကွင်းများကို သူမအား ပြသလိုက်၏။
ထိုမြင်ကွင်း၌ ထိုသို့ နန်းတော်တစ်ခုလုံးအား ဖျက်ဆီးပစ်နေသူမှာ အာရန်မှလွဲ၍ အခြားသူ မဟုတ်ပေ။
"ကျုပ်အနေနဲ့ ဒီ မြင်ကွင်းကို အမှန်တကယ် ဖြစ်လာအောင် မလုပ်နိုင်ဘူးလို့ မင်း ကတယ်ပဲ ယုံကြည်သလား"
အာရန်သည် သူ၏ လက်များကို ပြန်ဖယ်ရှားပြီးနောက် ထရီဆာအား မေးခွန်းအချို့ မေးလိုက်သည်။
ထို့နောက် ထိုအာရန်သည် သူ၏ လက်ဆစ်များကို ထပ်မံ ချိုးလိုက်ရာ မိုးကြိုးသွား ထောင်ပေါင်းများစွာသည် နှင်းပျိုဖြူနန်းတော်အထက်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ထိုမျိုးကြိုးသွား တစ်ခုစီတိုင်းသည် နန်းတော်ရှိ လူတစ်ဦးစီအား ချိန်ရွယ်ထားလေသည်။
"တော်ပြီ ကျွန်မ ရှင့်ကို မနိုင်ဘူးဆိုတာ ရှင်သိနေတာဘဲ ရှင် ကျွန်မဆီက ဘာလိုချင်တာလဲ"
ထို ခွန်အားမှ သူမအနေနှင့် မည်သို့မျှ တွန်းလှန်နိုင်မည် မဟုတ်မှန် ထရီဆာတစ်ယောက် ကောင်းကောင်းသိလိုက်သဖြင့် ထိုအနာဂါတ် အာရန်လိုချင်သည့်အရာအား တိုက်ရိုက်ပင်မေးလိုက်၏။
ဤ ခွန်အား... ၎င်းသည် အာရန်အား ဗဟိုတိုက်ကြီးတွင်ပင် ပြိုက်ဘက်ကင်းစေနိုင်သော ခွန်အားမျိုး ဖြစ်လေသည်။
သူမအနေဖြင့် ၎င်းကို မည်သို့မျှ ခုခံနိုင်မည်မဟုတ်ပေ။
အကယ်၍ ထိုအာရန်သာ အလိုရှိပါက ဤနေရာကို သင်္ချိုင်းမြေအဖြစ် အမှန်တကယ် ပြောင်းလဲပစ်နိုင်လေ၏။
"တွေ့လား။ ဒီအရာက မင်းကို နားလည်စေဖို့ ပိုမြန်ဆန်နေတယ်" အာရန်သည် သူ၏ လက်ဆစ်များကို နောက်တစ်ဖန် ပြန်လည်ချိုးလိုက်ရာ မိုးကြိုးသွားများသည် ကောင်းကင်မှ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် အစောပိုင်း ဖိအားမှာမူ ပျောက်ကွယ်မသွားသေးပေ။
"အခု ကျုပ်ပြောမှာ သေသေချာချာ နားထောင်ပါ။ ကျုပ်မှာ အချိန် သိပ်မရှိတော့ဘူး။ ကျုပ်ပြောမယ် ခုဒီခန္ဓာကိုယ်ပိုင်ရှင် အာရန် သတိရလာရင် ဗဟိုတိုက်ကြီးကို ဝင်ဖို့ ဘယ်တော့မှ မခွင့်ပြုပေးရဘူး။ မင်း ဒါကို ဘယ်လို အောင်မြင်အောင် လုပ်ရမယ်ဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူ့ကို လုံးဝခွင့်ပြုပေးလို့မရဘူးဆိုတာ မြဲမြဲမှတ်ထားပါ"
"ဒါ့အပြင် ဒီမှာ ဖြစ်ပျက်ခဲ့တာကို ဘယ်သူ့ကိုမှ ပြန်ပြောပြဖို့ ခွင့်မပြုဘူး။ မကြာခင် ပြန်သတိရလာမဲ့ ကျုပ်ကိုယ်တိုင် မင်းကို မေးနေရင်တောင် ပြန်ပြောပြလို့ မရဘူး။ မင်း သာ ခုပြောနေတာတွေကို နားမထောင်ဘူးရင်တော့ ကျုပ် မင်းကို အစောပိုင်း ပြသခဲ့တဲ့ မြင်ကွင်းတွေဟာ အမှန်တကယ် ဖြစ်သွားလိမ့်မယ်"