← Chapters

ဗဟိုတိုက်ကြီးတစ်ခုလုံးနှင့် ရန်သူဖြစ်ခြင်း

Vol. 44 Ch. 637

ဗဟိုတိုက်ကြီးတစ်ခုလုံးနှင့် ရန်သူဖြစ်ခြင်း

Vol. 44 Ch. 637

အကြီးအကဲများသည် အာရန်တစ်ယောက် နန်းတော်သခင်မ၏ အနားတွင် အချိန်တိုင်း ရှိနေသည်ကို မနှစ်သက်ကြပေ။

သူတို့သည် အာရန်၌လည်း ၎င်းတို့နှင့် ထပ်တူအတွေးများရှိနေကြောင်းကိုမူ မသိနိုင်ခဲ့ကြချေ။

နန်းတော်သခင်မသည် သူ့အား တစ်စက္ကန့်လေးမျှပင် အလွတ်မပေးပဲ အချိန်တိုင်း မျက်စိဒေါက်ထောက်ကြည့်နေခြင်းအား အတော့်ကို မုန်းတီးနေပြီဖြစ်၏။

အဆိုးဆုံးမှာ အိမ်သာသွားချိန်တွင်ပင် သူမ၏ ရေဒါအတွင်းမှ မလွတ်မြောက်နိုင်ခြင်းပင်။

ထိုအရာက သူ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို များစွာ ချိုးဖောက်ခံနေရသကဲ့သို့ ခံစားရစေသော်လည်း သူ့အနေနှင့် ဘာမှ စောဒက မတတ်ဝံ့ခဲ့ပေ။

နန်းတော်မှ အကြီးအကဲများအတွက်မူ နန်းတော်သခင်မသည် လင်ထိပ်ထားစံတစ်ဦး အဖြစ်ပြောင်းလဲသွားခဲ့ကာ သူမ၏ ခင်ပွန်းနှင့် ခဏတာမျှပင် ဝေးကွာမနေနိုင်သောကြောင့် ဤသို့ ပြုမူနေခြင်းဖြစ်မည်ဟု ယူဆမိသွားကြသည်။

နန်းတော်သခင်မနှင့် သူ၏ ဆက်ဆံရေးအကြောင်း ပျံ့နှံ့နေသော နှင်းပျိုဖြူနန်းတော်မှ ဇာတ်လမ်းအဖုံဖုံကိုမူ အာရန်တစ်ယောက် ယခုအချိန်ထိ သိရှိနိုင်ခြင်းမရှိသေးပေ။

အကယ်၍ သူသည်သာ ထိုကောလဟာလဇာတ်လမ်းမျးကို သိသွားခဲ့ပါက နောင်အနာဂတ်တွင် လိုက်ဆန်ဒါနှင့် ရင်ဆိုင်ရမည့်အဖြစ်အား တွေးမိကာ ပို၍ပင် ထိတ်လန့်သွားပေလိမ့်မည်။

အာရန်၏ အတွင်းစိတ်ထဲတွင်မူ သူ့၏ ယောက္ခမဖြစ်သူ နန်းတော်သခင်မအပေါ် မည်သည့် တက်မက်မှုမျိုးမှ အမှန်တကယ်ရှိမနေခဲ့ပေ။

နန်းတော်သခင်မ အတွက်လည်း ထိုနည်း၎င်းပင်ဖြစ်၏။

သူမအနေဖြင့် အမြဲလိုလို အာရန်အနားတွင် လိုက်ပါစောင့်ကြည့်နေရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ အာရန်အနေဖြင့် ဗဟိုတိုက်ကြီးသို့ ထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်လေ၏။

အကြီးအကဲများအနေဖြင့် ထိုအကြောင်းကို မသိနိုင်သော်လည်း အာရန်အနေဖြင့်မူ အတိုင်းအတာတစ်ခုထိ ထိုရည်ရွယ်ချက်ကို မှန်းဆနိုင်ခဲ့သည်။

သူမအနေဖြင့် သူ့အား အချိန်တိုင်း စောင့်ကြည့်နေစေသည့်အချက်မှာ သဘောကျ၍တော့ ဟုတ်ဟန်မရပေ။

၎င်းမှာ အာရန်ကိုယ်တိုင်ပင် မသိနိုင်သော တစ်စုံတစ်ရာကို ကြောက်ရွံ့မှုမှ ဖြစ်ပေါ်လာခြင်းဖြစ်လေသည်။

နန်းတော်သခင်မသည် အာရန်၏ ကြောက်စရာကောင်းသော အခြားတစ်ဖက် အားထပ်မံ မြင်တွေ့ရမည်ကို အိမ်မက်ဆိုးတစ်ခုပမာ စိုးရိမ်နေခဲ့၏။

ဤနေရာတွင် ထိုဖြစ်ရပ်အား တားဆီးနိုင်မည့်သူ တစ်ဦးကို လက်ညှိုးထိုးပြဆိုပါက ၎င်းမှာ သူမကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။

အနည်းဆုံးတော့ ထရီဆာအနေဖြင့် ထိုသို့ တွေးထင်နေခဲ့ပြီး အချိန်တစ်ခုရောက်လျှင် ထိုအာရန်၏ အခြားတစ်ဖက်နှင့် ရင်ဆိုင်ရန်အတွက် နှင်းပျိုဖြူနန်းတော်၏ လျှို့ဝှက် ဘဏ္ဍာငွေကြေးများအားလုံးကိုပင် သူမနှင့်အတူ ထုတ်ပိုး သိမ်းဆည်းထားပြီးဖြစ်၏။

ကံမကောင်းစွာဖြင့် ထို ဘဏ္ဍာငွေများအား သိမ်းဆည်းပြီးချိန်တွင်ပင် ထို ကြောက်မက်ဖွယ်ကောင်းသော အာရန်နှင့် ပြန်လည် ရင်ဆိုင်ရမည်ဆိုပါက သူမအနေနှင့် အနိုင်ရမည်ဟု နည်းနည်းလေးမျှပင် ယုံကြည်မှု ရှိမနေခြင်းပင်။

"နင့်ကိစ္စပြီးပြီလား"

အာရန်သည် သူ၏ အညစ်အကြေးများကို စွန့်ထုတ်ပြီးသည်နှင့် တစ်ပြိုက်နက် အပြင်ဘက်တစ်နေရာမှ စကားသံတစ်ခု ထွက်ပေါ်လာခဲ့၏။

ထို့နောက် အာရန်သည်လည်း စိတ်ပျက်လက်ပျက်ဖြင့် သူ၏ အဝတ်အစားများကို သပ်ရပ်စွာ ပြန်လည် ဝတ်ဆင်လိုက်ကာ ထိုအိမ်သာအတွင်းမှ ပြန်ထွက်လာခဲ့သည်။

'နန်းတော်သခင်မ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီအတိုင်း လွှတ်ထားပေးလို့ မရဘူးလား ခုလောက်ထိကြီးကျ နဲနဲများလွန်းနေသလားလို့....'

ဤစကားများသည် အာရန်အနေဖြင့် နန်းတော်သခင်မအား အမှန်တကယ် ဖွင့်ပြောချင်သော စကားလုံးများ ဖြစ်လေသည်။

သို့သော် ပြဿနာ တစ်ခုတော့ ရှိနေသည်။

အာရန်သည် ထိုစကားများကို သူ၏ စိတ်ထဲတွင်သာ ထုတ်ပြောရဲပြီး လက်တွေ့တွင်မူ ထုတ်ဖော်ပြောဆိုဝံ့ခြင်း ရှိမနေခြင်းပင်။

"ဒေါ်လေးကို ခုလို စောင့်ခိုင်းမိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်။ ပြီးတော့ ဗဟိုတိုက်ကြီးက ဖိတ်ခေါ်တဲ့ ကိစ္စကိုရော ဘယ်လို ဆုံးဖြတ်လိုက်ပြီလဲ" အာရန်သည် ထိုအမျိုးသမီး၏ နောက်မှ လိုက်ပါရင်း မေးလိုက်သည်။

"ဗဟိုတိုက်ကြီးရဲ့ ဘာကိစ္စကိုပြောတာလဲ"

ထိုမေးခွန်းကိုကြားလိုက်သည်နှင့် ထရီဆာ၏ မျက်နှာအမူအရာများ အနည်းငယ် မည်းမှောင်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အာရန်၏ အခြားတစ်ဖက်ဆီမှ သတိပေးစကားကို သူမအနေနှင့် ရုတ်တရက် အမှတ်ရလိုက်သောကြောင့်ပင်။

ယခု အာရန်အား ဗဟိုတိုက်ကြီးသို့ သူမအနေနှင့် ခြေချခွင့် လုံးဝပြု၍မရပေ။

ကိစ္စအကြီးကြီးတစ်ခု ဖြစ်လာနိုင်သည်ဟု သူမအနေနှင့် အာရုံရနေသောကြောင့် ထိုသတိပေးချက်ကို ပေါ့ပေါ့တန်တန် မသဘောထားဝံ့ခဲ့ချေ။

"အလင်းဘုရားကျောင်းရဲ့ ခေါင်းဆောင်သစ် တင်မြှောက်မဲ့ ဘိသိက်ခံ အခမ်းအနားကိုပြောတာလေ။ ကျွန်တော်တို့ သွားတက်ရောက်ကြမယ်မလား"

"ငါကိုယ်တိုင်တော့ မသွားနိုင်ဘူး။ လက်ဆောင်တစ်ခုခုပေးဖို့ အကြီးအကဲ တစ်ဦးကို ငါ့ကိုယ်စား စေလွှတ်လိုက်မယ်။ ဒါနဲ့ မင်းက ဘာလို့ အဲ့ကိစ္စကို အရေးတယူလုပ်ပြီး မေးနေတာလဲ"

"ကျွန်တော်လည်း ဗဟိုတိုက်ကြီးကို မြင်ဖူးချင်လို့ပါ။ အကြီးအကဲ တစ်ဦး သွားမယ်ဆိုရင် သူတို့နဲ့အတူ ကျွန်တော် လိုက်ပါသွားလို့ရမလားဟင်"

အာရန်တွင် ဗဟိုတိုက်ကြီးရှိ အဓိက အင်အားစုတစ်ခုမှ လူငယ်တစ်ဦးအား နယ်ရုတ်တစ်ရုပ်အဖြစ် ရရှိထားပြီးဖြစ်သည်။

အာရန်အနေနှင့် ထို နယ်ရုပ်နှင့် ဆက်သွယ်လိုနေခဲ့၏။

ပိုအရေးကြီးသည်မှာ အာရန်သည် သူ့ဘဝ၏ စက္ကန့်တိုင်းအား ယခုကဲ့သို့ စောင့်ကြည့်ခံနေရသည့် ဤ အကျဥ့်ထောင်ကဲ့သို့ နေရာမှ ထွက်သွားချင်နေပြီဖြစ်သည်။

နန်းတော်သခင်မကဲ့သို့ နတ်ဘုရားတစ်ပိုင်းဖြစ်တည်မှုတစ်ခုမှ သူ့အား အချိန်ပြည့် စောင့်ကြည့်နေသောကြောင့် အာရန်တစ်ယောက် ဝိညာဥ်လောကနှင့် ဆက်သွယ်ရန်ပင် မကြိုးစားနိုင်ခဲ့ပေ။

ထို့ပြင် ထရီဆာသည် ကိုယ်ခံပညာလေ့ကျင့်ရေးအတွက်ဟု အကြောင်းပြကာ အယ်လီနာအား တစ်နေရာရာသို့ စေလွှတ်လိုက်သဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အာရန်အနေဖြင့် အယ်လီနာအား တစ်ကြိမ်တစ်ခါမျှ ပင် မဆုံတွေ့ရတော့ချေ။

ဤ စေ့စပ်ထားမှုသည် အမှန်တကယ် ပျက်ပြယ်သွားခဲ့ပြီလားဟုပင် အာရန်အနေနှင့် သံသယဝင်လာနေခဲ့ပြီဖြစ်သည်။

သို့သော် ထိုသို့ဖြစ်သွားခဲ့လျှင်ပင် သူ့အတွက် ဆိုးရွားသောအရာတစ်ခုတော့ မဟုတ်ပေ။

အကယ်၍ တွေးကြည့်မည်ဆိုပါက ထိုသို့ဖြစ်သွားခဲ့လျှင် ထရီဆာလက်မှ လွတ်မြောက်သွားနိုင်တော့မည်ဖြစ်၍ ပို၍ပင် ပျော်ရွှင်မိပေဦးမည်။

အကယ်၍ သူသည်သာ ဗဟိုတိုက်ကြီးသို့ ဝင်ရောက်နိုင်သွားနိုင်မည်ဆိုပါက ထရီဆာ၏ ထိမ်းချုပ်မှုအောက်မှ လုံးဝလွတ်မြောက်သွားနိုင်ပေလိမ့်မည်။

"လုံးဝခွင့်မပြုနိုင်ဘူး"

ထရီဆာသည် သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ရုတ်တရက် အော်ဟစ်ပြောလိုက်မိ၏။

အာရန်တောင်းဆိုသောအရာသည် သူမအနေနှင့် လုံးဝခွင့်ပြုပေး၍မရသော အဓိက တစ်ခုတည်းသောအရာလည်း ဖြစ်နေလေသည်။

၎င်းသည် သူမအနေနှင့် အပင်ပမ်းခံကာ အာရန်အား တစ်ချိန်လုံး စောင့်ကြည့်နေရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။

မည်သည့် အခြေအနေမျိုးတွင်မှ သူမသည် သူ့အား ထိုနေရာသို့ ဝင်ရောက်ခွင့် မပြုနိုင်ပေ။ အထူးသဖြင့် ထိုအခြားအာရန်မှ သတိပေးချက်တစ်ခု ရရှိပြီးနောက်တွင် ဖြစ်လေသည်။

ထို ပြတ်သားသော တုံ့ပြန်မှုကြောင့် အာရန်ကိုယ်တိုင်သည်ပင် အံ့အားသင့်သွားခဲ့ရသည်။

သူမသည် သူ့အား ကလေးတစ်ဦးဟု ယူဆထားသည်လား...။

ဗဟိုတိုက်ကြီးသို့ သူ သွားမည်ဟု ပြောလိုက်ရုံနှင့်ပင် သူမသည် အဘယ်ကြောင့် ဤမျှ မျက်စိမျက်နှာ ပျက်သွားခဲ့ရသနည်း။

"အဟွတ်... ဆောရီး ငါက အဲဒီနေရာမှာ လုံခြုံမှုမရှိဘူးလို့ပြောချင်တာပါ။ မင်းလိုအောက်ကမ္ဘာကလာတဲ့ လူငယ်လေး တစ်ယောက်အတွက် ဗဟိုတိုက်ကြီးဆိုတာ အလွန်အန္တရာယ်များတဲ့ နေရာတစ်ခုပဲ။ ပြီးတော့ မင်းရဲ့ အထက်ကမ္ဘာခရီးစဥ်က မနက်ဖြန်ဆို ကုန်ဆုံးတော့မယ်။ ငါတို့ ငရဲဘုံကို ပြန်ရတော့မှာ မဟုတ်လား။ ငါ့ယောင်္ကျားနဲ့ ငါ့ သမီးလည်း မင်းကို အဲ့ဒီမှာ မျှော်နေလောက်ပြီ"

'မနက်ဖြန် ပြန်ရမယ် ဟုတ်လား။ ဟင်းလင်းပြင်ဂိတ်တံခါးပေါက်ကနေ ငရဲကို ကျွန်တော် ပြန်မသွားချင်တော့ဘူး'

ထရီဆာသည် သူ့အား ဗဟိုတိုက်ကြီးသို့ ဝင်ရောက်စေလိုခြင်း မရှိပေ။ အာရန်သည်လည်း ဂိတ်တံခါးပေါက်မှတစ်ဆင့် ငရဲဘုံအား ပြန်သွားလိုခြင်း မရှိပေ။ တစ်ဖက်နှင့်တစ်ဖက် မတူညီသော ဆန္ဒများဖြင့် လက်ခံနိုင်ဖွယ်ရာ မဟုတ်သော အခြေအနေ၌ နှစ်ဖက်စလုံးသည် လမ်းဆုံလမ်းခွတွင် ထိပ်တိုက်တွေ့နေသကဲ့သို့ အခြေအနေများ ဖြစ်လာခဲ့လေသည်။

"ကျွန်တော်..." သူသည် ထိုအရာကို လက်မခံနိုင်တော့ပေ။

အာရန်အနေဖြင့် တစ်စုံတစ်ရာ ထပ်မံပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် နောက်ကွယ်မှ ရုတ်တရက် အော်ခေါ်လိုက်သံတစ်ခုကြောင့် သူဆက်ပြောမည့် စကားအချို့ကို ပြန်လည် မြိုချထားလိုက်ရသည်။

"နန်းတော်သခင်မရှင်"

အလျင်စလို ပြေးလာနေသော ခြေသံများနှင့်အတူ အော်ခေါ်သံတစ်ခုလည်း ကပ် ပါလာခဲ့၏။

"ဗဟိုတိုက်ကြီးကနေ သတင်းထူးအသစ် ရထားပါတယ်။ ဒီတစ်ခါ အတော်လေး အရေးကြီးတဲ့သတင်းပါ"

"ဘာသတင်းလဲ" ထရီဆာသည် ထိုစကားကြောင့် မျက်မှောင်ကြုတ်လိုက်မိ၏။ နှင်းပျိုဖြူနန်းတော်ှ အကြီးအကဲတစ်ဦးအား ဤမျှလောက် ထိတ်လန့်စေနိုင်သည့် သတင်းအချက်အလက်မျိုး မည်သည့်အရာ ဖြစ်နိုင်သနည်း။

အလင်းဘုရားကျောင်း၏ စစ်ပွဲသည် ပို၍ပင် ပြင်းထန်လာခဲ့ပြီလား..။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက..."

အကြီးအကဲသည် အသက်ရှူသံကို ပုံမှန်ပြန်ဖြစ်ရန် တအောင့်ခန့်ကျိုးစားပြီးမှ ဆက်ပြောလိုက်သည်။

"ဗဟိုတိုက်ကြီးကို တစ်စုံတစ်ဦးက တိုက်ခိုက်ခဲ့ပုံရတယ်။ ခုလက်ရှိ အလင်းဘုရားကျောင်းက လုံးဝကို ဖျက်ဆီးခံလိုက်ရပါပြီ"

"ဘာ" ထရီဆာ၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားခဲ့ရသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အထက်ကမ္ဘာမှာဘယ်သူကများ ဒီလောက် အင်အားကြီးမားတဲ့ အလင်းဘုရားကျောင်းကို ဒီလိုလုပ်ရဲတာလဲ"

သူမသည် ထိုမေးခွန်းကို မေးပြီးသည့်နောက်မှသာန တစ်စုံတစ်ရာကို သတိရကာ အာရန်အား လှည့်ကြည့်လိုက်၏။

အာရန်နှင့်တူသော နောက်ထပ်တစ်စုံတစ်ဦးအား ထိုအာရန်၏ အခြားတစ်ဖက်မှ ဗဟိုတိုက်ကြီးသို့ သွားရောက်ရန် အမိန့်ပေးခဲ့သည်ကို သူမအနေနှင့် ပြန်လည် သတိရမိလိုက်သည်။

ထိုဝိညာဥ်ကဲ့သို့ အာရန်သည် ထိုအချိန်က ပျောက်ကွယ်မသွားမီ အနည်းငယ် ဒေါသထွက်နေပုံရလေသည်။

၎င်းသည် ဤကိစ္စနှင့် ဆက်စပ်မှုရှိနေနိုင်သလော...။

အကြီးအကဲသည် ခေါင်းခါလိုက်ပြီး သူ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ကျွန်တော်တို့ မသိရသေးပါဘူး ဒါပေမယ့် ဒီဖြစ်ရပ်က တိုက်ကြီးတစ်ခုလုံးမှာ ကြီးမားတဲ့ မငြိမ်မသက်မှုတစ်ခုကို ဖြစ်ပေါ်စေမှာ သေချာပါတယ်"

"အဲဒါ ဘယ်နေ့လောက်တုန်းက ဖြစ်သွားခဲ့တာလဲ" ထရီဆာသည် ရုတ်တရက်ထိုသို့ မေးလိုက်မိပြီးနောက် ရရှိလာသော အဖြေက သူမကိုပင် အေးခဲသွားစေခဲ့၏။

သူမ၏ ခြေထောက်များ အားပျော့လာပြီး ခေါင်းထဲတွင် မူးဝေလာသည်ဟုပင် ခံစားလိုက်ရသည်။

ထိုဖြစ်ရပ်တစ်ခုလုံးကို လုပ်ဆောင်ခဲ့သူသည် သူမ၏ ရှေ့တွင် ရပ်နေလေသည်။

အာရန်နှင့် အတူရပ်တည်ပေးခြင်းဖြင့် သူမတို့ နှင်းပျိုဖြူနန်းတော်သည် ဗဟိုဒေသတိုက်ကြီးတစ်ခုလုံးနှင့် ရန်သူများ ဖြစ်သွားခဲ့ကြပြီဟု ယူဆ၍ ရနေသည်မဟုတ်ပါလော...။

All Chapters