← Chapters

ဘာတွေလုပ်ခဲ့မိလို့လဲ

Vol. 44 Ch. 639

ဘာတွေလုပ်ခဲ့မိလို့လဲ

Vol. 44 Ch. 639

"ရှင်"

ထရီဆာသည် ထိုမေးခွန်းကို မည်သို့ တုံ့ပြန်ရမည်မှန်းပင် မသိတော့ပေ။

အာရန်နှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သည့် မည်သည့်အရာကိုမျှ အာရန်အား ပြန်မပြောရန် အကြီးအကဲများအား သူမကိုယ်တိုင် မှာကြားထားပြီးဖြစ်သည့်တိုင် ယခုကဲ့သို့ ဤမေးခွန်းမျိုး သူမထံသို့ တိုက်ရိုက်ရောက်လာခြင်းကို သူမအနေနှင့် အမှန်တကယ် မယုံကြည်နိုင်ဖြစ်နေရဆဲပင်။

ထရီဆာအနေဖြင့် အာရန်အား သူမ အမှန်တကယ် ပြုလုပ်မိခဲ့သည့်အရာအား တိုက်ရိုက်ပြောပြရန်မှာ ထိုမျှလွယ်ကူမနေခဲ့ပေ။

သူမအနေဖြင့် သားမက်ဟု သတ်မှတ်ထားသောသူတစ်ဦးအား ထိုကဲ့သို့သော အရာမျိုး လုပ်ဆောင်မိခဲ့ခြင်းအတွက် ပြန်တွေးမိရုံဖြင့်ပင် သူမအနေနှင့် အတော်လေး ရှက်ရွံ့ပြီး မျက်နှာပူနေခဲ့လေသည်။

သူမသည် သူ့အသက်အား ကယ်တင်ရန်အတွက်သာ ထိုသို့ပြုလုပ်ခဲ့ရခြင်း ဖြစ်သောကြောင့် စည်းကျော်သည်ဟု ပြော၍မရသော်လည်း ထိုအရာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရန်မှာမူ သူမအနေနှင့် အတော်လေး ခက်ခဲနေဆဲပင်။

"မင်းအနေနဲ့ ဒီလောက်ထိ သိဖို့မလိုပါဘူး" သူမသည် အခြားတစ်နေရာသို့ အကြည့်ကို လွှဲလိုက်ပြီး သူမ၏ ပါးပြင်တွင် အနီရောင်ပင် အနည်းငယ် သန်းလာခဲ့၏။

'သူမ ဒါလေးကိုတောင် ဘာလို့ မဖြေနိုင်ရတာလဲ။ သူမ ငါ့ကို ဘာလုပ်ခဲ့တာလဲ။ တစ်ခုခုတော့ မှန်မနေဘူးလို့ ခံစားနေရတယ်။ သူမက ငါ့ရဲ့ အားနည်းချက် တစ်ခုခုကို သိနေတယ်ဆိုတာ ငါ့ကို မသိစေချင်တာများလား။'

အာရန်သည် ထရီဆာမှ ထိုအဖြေလေးကို ပေးရန် ထိုမျှအထိ ငြင်းဆန်နေခြင်းအား သံသယဝင်စပြုလာခဲ့သည်။

ထိုအမျိုးသမီးသည် ပြသနေခြင်း မရှိနိုင်သော်လည်း လွန်ခဲ့သည့်အကြိမ်က သူ့၏ အနာဂတ်ကိုယ် ပေါ်လာစဉ် သူမနှင့် တိုက်ပွဲဖြစ်ခဲ့သည်ကို သူ သေချာသည်။

သူမသည် သူ့၏ အားနည်းချက်ကို သိကြောင်း သူ့အား မပြောပြဘဲ သူ့ကို ကြိုတင်ကာကွယ်မှု လုပ်နေခြင်း ဖြစ်နိုင်သလော။

"ကျွန်တော်က သိချင်ရုံ သက်သက်ပါ။ တကယ်လို့ ကျွန်တော်အနေနဲ့ အခုလို အခြေအနေမျိုးနဲ့ နောက်ထပ် ကြုံလာခဲ့ရင် ရုတ်တရက်ဘယ်လိုမျိုး တုံ့ပြန်ရမလဲဆိုတတာ သိထားမယ်ဆိုရင် ကျွန်တော့်ရဲ့ အသက်ကို ကယ်တင်ဖို့ ပိုပြီးလွယ်ကူသွားလိမ့်မယ်လို့လဲ ထင်မိလို့ပါ။ ဒါကြောင့် ဒီကိစ္စလေးတစ်ခုတော့ ပြောပြပေးဖို့ တောင်းဆိုချင်ပါတယ်"

အာရန်သည် ထရီဆာအား အသက်ရှူခွင့်ပင် မပေးဘဲ ဆက်လက်၍ ဇွတ်အတင်းတောင်းဆိုနေခဲ့၏။

ဤသည်မှာ သူ လျစ်လျူရှု၍ မရနိုင်သော အဖြေတစ်ခုပင် ဖြစ်နေလေသည်။

သူ၏ အနာဂတ် လုံခြုံမှုကို အရေးတကြီး တောင်းဆိုခြင်းဖြင့် ထရီဆာအား သူ၏မေးခွန်းကို ငြင်းပယ်ရန် အကြောင်းပြချက် ထပ်မံမပေးတော့ပေ။

ထရီဆာသည် အာရန်အား ထိုကိစ္စတွင် ဤမျှ အသဲအသန်ဖြစ်နေသည်ကို မြင်သောအခါ သူမ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားမိလိုက်သည်။

သူမသာ သူ့အား ဆက်လက်၍ ငြင်းဆန်နေပါက သူသည် ဒေါသထွက်ကာ သူ၏ အခြားတစ်ဖက်သို့ ရုတ်တရက် ပြောင်းလဲသွားမည်လား...။

ထို့ပြင် အာရန်၏ ခန္ဓာကိုယ် မည်သို့ အလုပ်လုပ်သည်ကိုပင် သူမအနေနှင့် မသိနိုင်သေးသောကြောင့် ၎င်းက သူမ၏အကြီးမားဆုံး စိုးရိမ်ပူပန်မှုတစ်ခုလည်း ဖြစ်လာခဲ့၏။

အမှန်မှာ အာရန်ကိုယ်တိုင်သည်ပင်လျှင် သူ အလိုရှိတိုင်း သူ၏ အနာဂတ်စိတ်ဝိညာဥ်အား ဆင့်ခေါ်နိုင်ခြင်းမရှိချေ။

သို့သော်ထိုလျို့ဝှက်ချက်ကိုမူ သူမအနေနှင့် မည်သို့မျှ သိနိုင်မည် မဟုတ်ပေ။

သူမသည် အာရန်အား အလွန်အမင်း ဒေါသထွက်စေခဲ့မိပါက ထိုအခြားတစ်ဖက်မှအာရန် ထွက်ပေါ်လာမည်အား အတွေးလွန်ကာ စိုးရိမ်နေခဲ့ခြင်း ဖြစ်လေသည်။

"ငါ...အဲ့ဒီ ဆေးအဆီအနှစ်တွေကို ရုပ်ပိုင်းဆိုင်ရာအရ လွှဲပြောင်းပေးခဲ့တာ"

ထရီဆာသည် သူမ၏ ချယ်ရီရောင် နှုတ်ခမ်းများဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်ပုံရသော်လည်း သူမ၏ အဖြေသည် ရေရေရာရာတော့ ရှိမနေခဲ့ပေ။

"ဆေးအဆီအနှစ်တွေကို ရုပ်ပိုင်းဆိုင်ရာအရ လွှဲပြောင်းပေးခဲ့တယ် ဟုတ်လား။ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ ကျွန်တော့်ခန္ဓာကိုယ်က ပြင်ပစွမ်းအင်တွေကို လက်မခံနိုင်တဲ့ ပြဿနာမျိုးရှိနေတယ် မဟုတ်ဘူးလား"

"မင်းက ငတုံးပဲ အရာအားလုံးကို တကယ်ပဲ အတိအကျပြောပြမှရမှာလား" ထရီဆာသည် ဤတစ်ကြိမ်တွင်မူ အနည်းငယ်အော်ဟစ်လိုက်မိကာ သူမ၏ မျက်နှာသည် ပို၍ပင် နီရဲလာခဲ့၏။

၎င်းသည် ဒေါသကြောင့်လား သို့မဟုတ် ရှက်ရွံ့မှုကြောင့်လားဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

"ကျွန်တော့်ရဲ့ အသိပညာနည်းပါးမှု အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော် တကယ် နားမလည်ဘူး။ သခင်မ အနေနဲ့ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ပြောပြပေးဖို့အမှန်တကယ်လိုအပ်နေပါတယ်"

အာရန်သည် ဤကဲ့သို့ ရေရေရာရာမရှိသည့် အဖြေမျိုးဖြင့် ထရီဆာတစ်ယောက် လွတ်မြောက်သွားမည်ကို မလိုလားပေ။

ထရီဆာသည် ဒေါသတကြီးဖြင့် လျှင်မြန်စွာ ခုန်နေသော သူမ၏ ရင်ဘတ်အား မနည်းပင် ပြန်လည် ထိန်းချုပ်လိုက်ရသည်။

ထို့နောက် ထရီဆာတစ်ယောက် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အလုံးစုံပြောချလိုက်တော့သည်။

"ငါက ဆေးအဆီအနှစ် တွေကို လျှာပေါ်မှာ စုထားပြီးမှ မင်းဆီကို လွှဲပြောင်းပေးခဲ့တာ။ ငါ့ လျှာနဲ့ မင်း လျှာကိုထိတွေ့ပြီး ရုပ်ပိုင်းဆိုင်ရာအရ လွှဲပြောင်းပေးခဲ့တာ ကဲ အခု ကျေနပ်ပြီလား"

"...."

အာရန်သည် ထိုအရာအားကြားလိုက်ရသဖြင့် ပါးစပ်အဟောင်းသားပင် ဖြစ်သွားခဲ့ရသည်။

ထို့နောက် သတိလက်လွတ်ဖြစ်ကာ ထရီဆာအား လက်မှ လွတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့ရ၏။

သူမသည် သန့်စင်ထားသော ဆေးအဆီအနှစ်များကို သူမ၏ လျှာမှ တစ်ဆင့် သူ၏ လျှာနှင့်ထိတွေကာ တိုက်ရိုက်လွှဲပြောင်းပေးခဲ့သည်တဲ့လား....။

ထိုသို့ပြုလုပ်ရန် သူတို့၏ နှုတ်ခမ်းများ ထိတွေ့ခဲ့ရလိမ့်မည် မဟုတ်ပါလား....။

'ဟာ ပထမမူလကြယ် လိုက်ဆန်ဒါသာ သူ့ မိန်းမကို ငါ နမ်းခဲ့တာ သိသွားရင် ငါ့ကို အမှုန့်ကြိတ်တော့မှာပဲ။ အဲဒီအချိန်က ငါ သတိမေ့နေလို့ဘာညာ ဆင်ခြေတွေ သူ ဂရုစိုက်မှာ မဟုတ်ဘူး။ သူက ငါ့ခေါင်းကို ချက်ချင်း ရိုက်ခွဲဖို့ ကျိုးစားလိမ့်မယ်'

အဖြေသည် ဤကဲ့သို့သော အရာမျိုး ဖြစ်နေလိမ့်မည်ဟု အာရန်တစ်ယောက် လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူသာ ၎င်းကို အစောပိုင်းကသာ ကြိုသိခဲ့ပါက ထိုမေးခွန်းကို ဘယ်သောအခါမှ မေးခဲ့မိလိမ့်မည်မဟုတ်ချေ။

ဤအဖြေကိုသာ မသိခဲ့ပါက သူ့အနေနှင့် လိုက်ဆန်ဒါအရှေ့၌ အနည်းဆုံး စိတ်တည်ငြိမ်မှု အချို့ကို ဆက်လက်၍ ထိန်းထားနိုင်ပေလိမ့်မည်။

နောက်ဆုံးတွင် အာရန်တစ်ယောက် အကြီးအကဲများက သူ့အား အဘယ်ကြောင့် သံသယရှိဖွယ်မျက်လုံးများဖြင့် စိုက်ကြည့်နေကြခြင်းအား နားလည်သွားခဲ့၏။

သူသည် သူ၏ ယောက္ခမဖြစ်သူအား ပြန်လည် နမ်းခဲ့မိလို ဖြစ်သွားခဲ့သည်မဟုတ်ပါလား....။

၎င်းတို့၏ အကြည့်များ ထူးဆန်းနေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

သို့သော် အာရန်သည် အကြီးအကဲများ၏ အတွေးနှင့် ပတ်သက်၍ သူ လုံးဝ မှားယွင်းနေဆဲဖြစ်ကြောင်းကိုမူ ယခုအချိန်ထိ သဘောမပေါက်သေးချေ။

"အား ကျွန်တော် တောင်းပန်ပါတယ်"

ထရီဆာအား ပြုတ်ကျစေလုနီးပါးဖြစ်သွားခဲ့ကြောင်း သတိထားမိလိုက်သဖြင့် ထိတ်လန့်တကြား တောင်းပန်လိုက်သည်။

ထို့နောက် ထိုအချိန်မှစ၍ အာရန်၏ စိတ်ထဲတွင်မူ ထိုအတွေးသာ အချိန်ပြည့် ကြီးစိုးသွား‌တော့သည်။

သူသည် ယောက္ခမဖြစ်သူ အမျိုးသမီးအား သတိမေ့နေစဥ်တွင် အမှန်တကယ် နမ်းခဲ့မိခြင်း ဟုတ်ပါ၏လော။

ထိုအရာအတွက် သူ့အား အပြစ်တင်၍မရသော်လည်း ၎င်းသည် သူတို့နှစ်ဦးကြား စည်းဖောက်သလို ဖြစ်သွားခဲ့သည်မှာတော့ ငြင်းဆန်၍ မရနိုင်ပေ။

၎င်းသည် သူတို့နှစ်ဦးကြားသာ လျှို့ဝှက်ချက်တစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းထား မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

သို့သော် ထိုစဥ်က ထိုနေရာတွင် နန်းတော်မှ အကြီးအကဲများစွာရှိနေခဲ့ကြကာ ၎င်းဖြစ်ရပ်အား အားလုံးနီးပါးကလည်း သိရှိသွားပြီဖြစ်သဖြင့် ထိုအရာကို လျှို့ဝှက်ချက်ဟုပင် ပြော၍ရနိုင်ပါဦးမည်လော...။

အကယ်၍ အယ်လီနာသည်သာ ထိုအကြီးအကဲများထံမှ မတော်တဆ ကြားသိခဲ့မည်ဆိုပါက လိုက်ဆန်ဒါထံသို့ ရောက်ရှိသွားရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုပေလိမ့်မည်။

ထရီဆာမှ လိုက်ဆန်ဒါအား ဤကိစ္စကို တိုက်ရိုက်ပြောပြခဲ့မည်ဆိုက ပို၍ပင် ဆိုးရွားသွားပေလိမ့်မည်။

'ငါ ငရဲကို မပြန်ခင် အရင်ထက် အများကြီးပိုပြီးတော့ အင်အားကြီးမားဖို့ လိုနေပြီ။ ခုလိုပုံစံမျိုးနဲ့တော့ ငါ ငရဲကို ပြန်လို့ ဘယ်လိုမှ မဖြစ်ဘူး။ ငါ လိုက်ဆန်ဒါရှေ့ကို ဒီအခြေအနေနဲ့ လုံးဝသွားတွေ့လို့ မဖြစ်ဘူး။ သူင့ါကို မြင်မြင်ချင်း ထသတ်တာမျိုးအထိပါ ဖြစ်သွားလိမ့်မယ်။ ငါ အဲ့ဒီကို မပြန်သွားခင် တစ်ခုခု ပြင်ဆင်ထားဖို့ လိုအပ်နေတယ်။'

အာရန်သည် စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း ငရဲဘုံသို့ ဤပုံစံအတိုင်း ပြန်မသွားဟု မိမိကိုယ်မိမိ ကတိပေးလိုက်သည်။

အကယ်၍ သူ့အနေနှင့် လိုက်ဆန်ဒါထက် ပို၍ ခွန်အားကြီးမားလာမည်ဆိုလျှင်ပင် ထိုမူလကြယ်နှင့် ဘယ်သောအခါမှ ထပ်မံ၍ ရင်မဆိုင်လိုတော့ပေ။

"သခင်မ ဟိုလေ....ဒီကိစ္စကို ဟို...သခင် လိုက်ဆန်ဒါဆီ ပြန်ရောက်ရင် ပြန်ပြောပြမှာလား"

အာရန်သည် ထရီဆာအား သတိကြီးစွာထား၍ မေးလိုက်သည်။

ထရီဆာသည် အာရန်အား မျက်လုံးချင်းပင် အဆိုင်ဝံ့တော့သည့်အလား ဘေးတစ်နေရာသို့သာ စိုက်ကြည့်နေခဲ့၏။

"မင်း ရူးနေလား။ မင်းက ငါ့ကို အဲ့လိုကိစ္စမျိုးမှာ င့ါယောင်္ကျားအထင်လွဲအောင် တကယ်ပဲ ပြန်ပြောပြစေချင်နေတာလား"

ထရီဆာသည် ထိုစကားကို ရယ်မော၍ပြောလိုက်ကာ အစောပိုင်း ရှက်ရွံ့နေသည့် ပုံစံအစား အာရန်ကို အေးစက်စက် အကြည့်တစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။

"ဒါက မင်းရဲ့ အသက်ကို ကယ်တင်ဖို့ လိုအပ်ချက်အရ မဖြစ်မနေ တစ်ကြိမ်တည်း လုပ်ခဲ့မိတာ အဲ့လို ကိစ္စမျိုးကို င့ါယောင်္ကျားနားထဲ ဘယ်တော့မှ ပြန်အရောက်ခံမှာ မဟုတ်ဘူး။"

"အဲ့ဒါဆိုတော်သေးတာပေ့ါ။"

အာရန်သည် ယခုမှသာ သက်ပြင်းချလိုက်နိုင်တော့သည်။

အနည်းဆုံးတော့ ထရီဆာအနေဖြင့် လိုက်ဆန်ဒါအား ဤကိစ္စကို ကိုယ်တိုင် ပြန်ပြောပြတော့မည် မဟုတ်ပေ။

ယခု ကျန်ရှိနေသည်မှာ အကြီးအကဲများမှ အယ်လီနာရှေ့တွင် ထိုကဲ့သို့သော အရာမျိုးကို မပြောဆိုမိစေရန်အတွက် ဂရုစိုက်ရန်သာ ဖြစ်လေသည်။

All Chapters