← Chapters

လွတ်‌မြောက်သွားခြင်း

Vol. 44 Ch. 643

လွတ်‌မြောက်သွားခြင်း

Vol. 44 Ch. 643

"ငါသာ ဒီနေရာကနေ ထွက်သွားချင်တယ် ဆိုရင် ထရီဆာ ငါ့နောက်ကို မလိုက်နိုင်တဲ့ ခုလိုအချိန်က.... ဒါအကောင်းဆုံး အခွင့်အရေးလို့ ပြောလို့ရတယ်မဟုတ်လား။"

အာရန်သည် တစ်ချက်စဥ့်စားလိုက်ပြီးနောက် လှုပ်ရှားမှုတစ်ခု စတင်ပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။

ထို့နောက် ထရီဆာအနားယူရာ အခန်းရှိရာဆီသို့ မသိမသာအကဲခပ်ကြည့်လိုက်သည်။ သူမသည် နေ့ရက်များစွာဆက်၍ ပင်ပမ်းထားသည့်အလား နှစ်ချိုက်စွာ အနားယူအိပ်စက်လျက်ရှိ၏။

ထို့ပြင် နန်းတော်အတွင်း၌ အယ်လီနာကိုပင် မည်သည့်နေရာတွင်မျှ ရှာမတွေ့ရ‌ပေ။

အကြီးအကဲများသည်လည်း ထရီဆာမှ အာရန်နှင့် ဝေးဝေးနေရန် ပြောထားသောကြောင့် သူ့အား အာရုံစိုက်နေကြခြင်း မရှိပေ။

ယခုအချိန်ထက် ပိုမိုကောင်းမွန်သော အချိန်ဟူ၍ ရှိနိုင်မည်မဟုတ်ဟုပင် အာရန်တစ်ယောက် တွေးမိလိုက်သည်။

ထို့နောက် အာရန်သည် လက်ကို မြှောက်လိုက်ကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို ဆင့်ခေါ်လိုက်သည်။

ထို့နောက် ဖောင်တိန်တစ်ချောင်းကိုပါ ထုတ်ယူလိုက်ပြီး စာတစ်စောင် စတင် ရေးသားတော့သည်။

"လေးစားရပါသော နန်းတော်သခင်မ ခင်ဗျာ"

"ကျွန်တော် အထက်ကမ္ဘာ နယ်မြေတစ်ခုမှာ သူငယ်ချင်းတစ်ယောက် ရှိနေတာ ရုတ်တရက် သတိရလိုက်တယ်။ ခုချိန်က သူငယ်ချင်းဟောင်းနဲ့ တွေ့ဆုံဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်မယ်လို့လဲ ထင်မိပါတယ်။"

"ကျွန်တော် နန်းတော်သခင်မကိုပါ ခေါ်သွားချင်ပေမယ့် နန်းတော်သခင်မက အခုအချိန်မှာ အနားယူဖို့လိုအပ်နေတာမို့ ကျွန်တော် တစ်ယောက်တည်းပဲ သွားရပါတော့မယ်။ ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့မှာပါ။ ဒီအတောအတွင်း ကျွန်တော့်ရဲ့ လုံခြုံရေးအတွက် လုံးဝ စိတ်မပူပါနဲ့။ ကျွန်တော် လုံးဝ အဆင်ပြေပါလိမ့်မယ်"

အာရန်သည် ထိုစာကို ခပ်တိုတိုသာ‌ရေး၍ သူ၏ နာမည်ကို အဆုံးသတ်တွင် ထည့်ပေးလိုက်၏။

ထို့နောက် စာအုပ်ထဲမှ ထိုရေးထားသော စာမျက်နှာကို ဆုတ်လိုက်ကာ သေသပ်စွာ ခေါက်ထားလိုက်သည်။

ထို့နောက် ထရီဆာ၏ အခန်းတံခါးဝသို့ ပြန်လှည့်ကြည့်လိုက်၏။

ထိုတံခါးဘောင်၏ အောက်ခြေသည် ထိုစာရွက်အား အတွင်းသို့ လျှောသွင်းရန် လုံလောက်စွာ ကျယ်ဝန်းလေသည်။

'မဖြစ်သေးဘူး သူမ ရုတ်တရက် နိုးလာပြီး ငါ မထွက်ခွာနိုင်ခင်မှာ ဖတ်မိသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါက စွန့်စားရာအရမ်းကျလွန်းတယ်။ ဒီ စာကို သူ့အခန်းထဲမှာ ထားခဲ့လို့ မရဘူး'

စာကို ထိုနည်းဖြင့် မထားခဲ့တော့ပဲ အာရန်သည် လသာဆောင်ပေါ်မှ ခုန်ဆင်းလိုက်ကာ အကြီအကဲများ နေထိုင်ရာ နေရာဘက်သို့ လျှောက်သွားလိုက်သည်။

"သခင် အာရန် မင်္ဂလာပါရှင်"

အာရန်တစ်ယောက် ထရီဆာ၏ နားနေဆောင်မှ ဝေးရာသို့ ထွက်ခွာလာစဥ် လမ်း၌ နတ်သမီးလေးများတမျှ လှပသော နှင်းပျိုဖြူနန်းတော်မှ ဂိုဏ်းသူလေးများက သူ့အား ဝိုင်း၍ နှုတ်ဆက်ကြသည်။

နှင်းပျိုဖြူနန်းတော် တည်ရှိရာ နယ်နိမိတ်သည် လွန်စွာ ကျယ်ဝန်းလေသည်။

နန်းတော်သခင်မ၏ နေထိုင်ရာနေရာမှ ဆေးပညာရှင် အကြီးအကဲ နေထိုင်ရာနေရာသို့ ရောက်ရန်အတွက်ပင် အာရန်တစ်ယောက် အချိန်များစွာ ယူခဲ့ရ၏။

နှင်းပျိုဖြူနန်းတော်ရှိ အကြီးအကဲများအားလုံးထဲတွင် သူသည် ဆေးပညာရှင် အကြီးအကဲနှင့်သာ အရင်းနှီးဆုံးဖြစ်သည်။

"အကြီးအကဲခင်ဗျာ ကျုပ် အာရန် အကူအညီ တောင်းခံစရာလေးရှိလို့ပါ" ဟု အာရန်သည် ဆေးဖက်ဝင် အပင်များကို ကိုယ်တိုင် ဆွတ်ခူးနေသော အကြီးအကဲအား လှမ်း၍ ခေါ်လိုက်၏။

"ဟမ်... သခင်လေးအာရန်လား။ ဒီအချိန်ကြီး ဒီမှာ ဘာလာလုပ်တာလဲ"

"ကျုပ် အကြီးအကဲရဲ့ အကူအညီ နည်းနည်း လိုအပ်နေလို့ပါ။ တကယ်တော့ ကျုပ်အနေနဲ့ ဒီနေရာကနေ ခဏထွက်သွားဖို့ လိုနေတယ်။ နန်းတော်သခင်မဆီက ခွင့်ပြုချက်တော့ ယူပြီးပါပြီ။ ဒါပေမယ့် အပြင်ထွက်ခွင့် လက်မှတ်ကို တောင်းလိုက်ဖို့ မေ့သွားတယ်။ အခုတော့ သူမ အိပ်ပျော်သွားပြီ ကျုပ်လဲ သူမကို နှောင့်ယှက်ချင်စိတ် မရှိလို့ပါ"

"အဲ့ဒါ အကြီးအကဲဆီက ဝင်ထွက်ခွင့်လက်မှတ်ကို ခဏငှားလို့ရမလားလို့ပါ"

"အင်း ဒါလေးပဲလား။ ကျွန်မက သခင်လေးအနေနဲ့ ကြီးကြီးမားမားတစ်ခုခု အကူအညီလိုနေတယ်ထင်လို့ လန့်တောင်သွားတယ်"

ယခုမှသာ ဆေးပညာရှင် အကြီးအကဲသည် မတ်တတ်ရပ်လိုက်ပြီး သူမ၏ နဖူးမှ ချွေးများကို ပြန်သုတ်လိုက်လေ၏။

သူမသည် အာရန်ဆီသို့ ချဉ်းကပ်သွားပြီး ကျောက်စရစ်ခဲ အရွယ်သာသာ ရှိသော တိုကင် လက်မှတ် လေးတစ်ခုကို ပေးလိုက်သည်။

"ဒီ တုံကင်နဲ့ဆိုရင် သခင်လေး နန်းတော်ကနေ စိတ်ကြိုက်ဝင်ထွက်လို့ရပြီ။"

အာရန်သည် တိုကင်လက်မှတ်အား ယူလိုက်စဥ်တွင် သတိလက်လွတ်ဖြင့် ဆေးပညာရှင်အကြီအကဲ၏ အနည်းငယ်ဟိုက်သလိုဖြစ်နေသော ဝတ်စုံကြောင့် ရင်သားအလယ်တည့်တည့်မှ ချွေးများ စီးကျနေသည့်မြင်ကွင်းကို သတိထားမိလိုက်၏။

၎င်းတို့သည် ရေခဲတောင်ပေါ်တွင် ရှိနေကြခြင်းဖြစ်သော်လည်း ဆေးဖက်ဝင် အပင်များစိုက်ပျိုးရာ ဥယျာဉ်အတွင်း၌မူ အချို့ဆေးပင်များ၏ လိုအပ်ချက်ကြောင့် ထိုနေရာရှိ အပူချိန်ကို အနည်းငယ်တိုးမြှင့်ထားပေးရလေသည်။

အကြီးအကဲသည် ထိုအခန်းအပူချိန်နှင့် ယခုအချိန်ထိ ကျင့်သားမရသေးသည်မှာ ထင်ရှားနေသည်။

သို့မဟုတ် သူမ၏ ကျင့်စဥ်ကြောင့် အသားမကျခြင်းလည်း ဖြစ်နိုင်လေ၏။

"အတော်ကြီးတယ်မဟုတ်လား" ဆေးပညာရှင် အကြီးအကဲသည် ရုတ်တရက် အာရန်အား မေးခွန်းတစ်ခုလှမ်းမေးလိုက်သည်။

"ဟမ် ဘာကိုပြောတာလဲ" အာရန်သည် သူမ၏ စကားကြောင့် တုန်လှုပ်သွားပြီး အကြည့်ကို ချက်ချင်းပြန်လွှဲလိုက်ရသည်။

"ဟိုက ရှားပါးဆေးပင်တွေလေ။ အတော်လေးကြီးလာကြပြီ မတွေ့ဘူးလား။ ကျွန်မ ဒါတွေကို ခုလိုကြီးထွားလာနိုင်စေဖို့ အချိန်အများကြီးပေးပြီး ကြိုးစားအားထုတ် ခဲ့ရတယ်"

"အကြီးအကဲအနေနဲ့ အတော်လေး ပင်ပမ်းခဲ့မှာပဲ"

အာရန်သည် ဆေးဖက်ဝင် အပင်များကို လှည့်ပင် မကြည့်ခဲ့ဘဲ ပြန်ဖြေလိုက်ခြင်းဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် တုံ့ပြန်မှု တစ်စုံတစ်ရာကြောင့် ချက်ချင်းပင် အကြီးအကဲအားကျောခိုင်းကာ နောက်ဘက်သို့ အလျှင်အမြန် လှည့်လိုက်ရသောကြောင့်ပင်။

အာရန်သည် စိတ်အတွင်းမှနေ၍ သူ့ကိုယ်သူ ကြိတ်၍ ကျိန်ဆဲမိလိုက်သည်။

သူသည် ယခင်ကကဲ့သို့ ငါးဦးကော်မတီဝင်တစ်ဦး မဟုတ်တော့ပဲ အတွေ့အကြုံအတော်အသင့် ရရှိခဲ့ပြီးဖြစ်၍ ရင့်ကျက်နေသင့်ပြီ မဟုတ်ပါလား...။

သို့သော်လည်း ယခုကဲ့သို့အခြေအနေမျိုးတွင် သူ၏ ညီတော်မောင်မှ သူ့အား သိက္ခာချခြင်းကို ခံနေရဆဲပင်။

ဘာကြောင့်ရယ်မှန်း မသိသေးသော်လည်း အာရန်တစ်ယောက် သိပ်မကြာသေးမီအချိန်အတွင်း၌ သူ၏ ခံစားချက်များ ပိုမို၍ နိုးကြားတက်ကြွလာခဲ့သည်ဟု ခံစားမိနေသည်။

ပထမဆုံး အယ်လီနာနှင့်တုံးကတစ်ခါ ဖြစ်ခဲ့ပြီး ယခု ဆေးပညာရှင် အကြီးအကဲနှင့် တစ်ခါ ထပ်ဖြစ်ပြန်လေပြီ။

'ငါ့အနေနဲ့ ဟိုကိစ္စမဖြေရှင်းရတာ... အချိန်အရမ်းကြာမြင့်သွားခဲ့လို့များလား'

အာရန်သည် ထိုကိစ္စကို စဉ်းစားမိလိုက်ပြီးနောက် ချက်ချင်းပင် ခေါင်းကို ပြင်းထန်စွာ ခါယမ်းရင်း အာရုံပြောင်းလိုက်ရသည်။

"ကျွန်မ တစ်ခုခုများ အမှားလုပ်မိလိုက်လို့လား"

အကြီးအကဲသည် အာရန်တစ်ယောက် အကြောင်းပြချက်မရှိဘဲ ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းနေသည်ကို မြင်လိုက်သဖြင့် ထိုသို့ မေးလိုက်မိခြင်းဖြစ်သည်။

"အာ... မဟုတ်ပါဘူး ဟိုလေ....။ ဒါနဲ့ ကျုပ် နန်းတော်သခင်မကို ကိုယ်စား ပေးခိုင်းချင်တာလေး တစ်ခုခု ရှိတယ်။ ဒါပေမယ့် ကျုပ်စောစောက ပြောခဲ့သလိုပဲလေ သူမက ခု အိပ်ပျော်နေပြီ။ ပြီးတော့ ပိုပြီး အရေးကြီးတာက သူမ ဒါကို အခုချိန် ဖတ်သင့်မယ်လို့လဲ မထင်သေးဘူး။ ဘယ်လိုပြောရမလဲဆို ဒါက... အင် ဒီစာက အထူး သီးသန့် အချိန်တစ်ခုမှာ ဖတ်သင့်တာမျိုးပေ့ါ"

ထိုသို့ပြောပြီးသည်နှင့် အာရန်သည် သူ၏ သိုလှောင်ခန်းထဲတွင် ခေါက်သိမ်းထားသော စာရွက်လေးတစ်ရွက်ကို ထုတ်ယူလိုက်ပြီး ချွေးများစို့၍ ခန္ဓာကိုယ် ဆက်ဆီကျလွန်းနေသော ဆေးပညာရှင် အကြီးအကဲ၏ လက်ထဲသို့ လျှင်မြန်စွာ ထည့်ပေးလိုက်၏။

"နန်းတော်သခင်ကို ဒီ စာ မနက်ဖြန် မနက်လောက်မှ ပေးပေးလို့ရမလား"

ဆေးပညာရှင် အကြီးအကဲသည် စာထဲတွင် ဘာရေးထားသည်ကို သိချင်နေသော်လည်း သူမ ဖတ်သင့် မဖတ်သင့် မသိသေးပေ။

၎င်းသည် ခင်ပွန်းသည်တစ်ဦးမှ သူ၏ ဇနီးအား ပေးသော စာမျိုးဖြစ်နိုင်လေသည်။ နန်းတော်သခင်မ အတွက် သီးသန့်ရေးထားသော အကြောင်းအရာများအား သူမအနေဖြင့် ယူဖတ်ကြည့်ခဲ့မိပါက စည်းဖောက်မိသလိုဖြစ်သွားပေလိမ့်မည်။

ထို့နောက် ဆေးပညာရှင် အကြီးအကဲသည် သူမ၏ စပ်စုချင်စိတ်အား အလျှင်အမြန် ထိန်းချုပ်လိုက်ရကာ စာကို လုံခြုံစွာ သိမ်းဆည်းလိုက်သည်။

ထို့အစား သူမသည် အာရန်အား စာပါ အကြောင်းအရာများကို တိုက်ရိုက် မေးရန် ပြင်လိုက်၏။

သို့သော် သူမ လှည့်ကြည့်လိုက်သော အခိုက်အတန့်တွင်မူ အာရန်အား အရိပ်အယောင်မျှပင် မမြင်ရတော့ချေ။

'ဟွန့် သူက သိပ်မြန်လွန်းတာပဲ။ ဒီလိုမြန်လွန်းတာ ယောက်ျားတစ်ယောက်အတွက် ကောင်းတဲ့ အရည်အချင်းတော့ မဟုတ်..အား... ငါဘာတွေ လျှောက်တွေးမိပြန်ပြီလဲ'

သူမသည် ပေါက်ကရ အတွေးအချို့ကြောင့် အနည်းငယ်ရှက်ရွံ့သွားကာ နောက်သို့ ပြန်လှည့်လိုက်ပြီး ဆေးဖက်ဝင် အပင်များဆီသို့သာ အာရုံပြန်စိုက်ထားတော့၏။

အာရန်သည် မိုင်ငါးဆယ်ကျော်အထိ အသဲအသန် ခရီးနှင်ခဲ့ပြီးနောက် နှင်းပျိုဖြူနန်းတော်ပိုက်နက်၏ အစွန်အဖျားနေရာသို့ ရောက်ရှိသွားခဲ့သည်။

လမ်းတစ်လျှောက်၌ သူ၏ အိတ်ကပ်ထဲရှိ ဆေးပညာရှင် အကြီးအကဲ ပေးထားသော တိုကင်လက်မှတ်ကြောင့် အကာအကွယ်လွှာများသည် သူ့အား တားဆီးခြင်း မရှိခဲ့ပေ။

ဤသို့ဖြင့်အာရန်သည် နှင်းပျိုဖြူနန်းတော်ပိုက်နက်အတွင်းမှ အလွယ်တကူ ထွက်လာနိုင်ခဲ့လေသည်။

ထိုနေရာမှ ထွက်လိုက်နိုင်သည်နှင့် အာရန်သည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းတော့ဘဲ သူ၏ မြန်နှုန်းကို ထပ်မံ၍ တိုးမြှင့်လိုက်ကာ သူ၏ နောက်ကျောဘက်ဆီမှ နဂါးအတောင်ပံများပင် ပေါ်ထွက်လာခဲ့၏။

"ဟူး.....နောက်ဆုံးတော့ ငါ သူမလက်ကနေ လွတ်မြောက်နိုင်ခဲ့ပြီ"

ထိုအချိန်မှသာ အာရန်တစ်ယောက် သက်ပြင်းချကာ လက်ဆစ်များကို ချိုး၍ အောင်ပွဲခံလိုက်နိုင်တော့သည်။

ထို့နောက် ထပ်မံ အချိန်မဖြုန်းတော့ပဲ နှင်းပျိုဖြူနန်းတော်မှ ဝေးရာဆီသို့ ထွက်ခွာသွားတော့၏။

လက်ရှိတွင် အာရန်၌ ပန်းတိုင် နှစ်ခုရှိနေခဲ့ပြီဖြစ်သည်။

တစ်ခုမှာ တိုက်ကြီးလေးခုကမ္ဘာတွင် ကျန်ရစ်ခဲ့သော သူ၏ကိုယ်ပွားဆီသို့ စိတ်ဝိညာဥ်ပူးကပ်နိုင်ရန်အတွက် အလင်းဘုရားကျောင်းမှ 'ဆင်းသက်ခြင်း' အစွမ်းကို ရယူနိုင်ရန်ဖြစ်လေသည်။

နောက်ထပ်တစ်ခုမှာ ဗဟိုတိုက်ကြီးတွင် မြင့်မားသော နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားသည့် သူ၏ သူလျှိုခေါ်ဆိုနိုင်သူနှင့် ဆက်သွယ်ရန်ပင် ဖြစ်၏။

All Chapters