ထွက်ပြေးသွားသော ခင်ပွန်းသည်
Vol. 44 Ch. 644
ထရီဆာသည် အလင်းဘုရားကျောင်း၏ ကံကြမ္မာနှင့် အာရန်၏ ဆက်စပ်မှုများအကြောင်းကို စဉ်းစားနေခဲ့သည်။
ထို့နောက် အတွေးလွန်ပြီး ပင်ပန်းနွမ်းနယ်ကာ သူမအနေနှင့် မည်သည့်အချိန်က အိပ်ပျော်သွားခဲ့မှန်းပင် မသိတော့ပေ။
သူမသည် စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင် ပင်ပမ်းနွမ်းနယ်လျက်ရှိနေဆဲမှာပင် နောက်တစ်နေ့မနက်တွင်တော့ ပြန်လည်နိုးထလာခဲ့လေ၏။
အာရန်အနေနှင့် နှင်းပျိုဖြူနန်းတော်ရှိ သူမ၏ ဂိုဏ်းသူများမှ တစ်စုံတစ်ရာ မပြုလုပ်စေရန် မျက်ခြည်မပြတ် စောင့်ကြည့်ထားရမည်ဖြစ်သည်ကို သူမအနေနှင့် ကောင်းစွာ နားလည်ထားသည်။
တစ်ချိန်တည်းမှာပင် သူမအနေနှင့် အာရန်အား မျက်နှာချင်းဆိုင်လိုခြင်း မရှိသေးပေ။
သူမအနေနှင့် အာရန်နဘေးတွင် ရှိနေသည့်အချိန်တိုင်းတွင် အာရန်၏ အခြားတစ်ဖက်ဖြစ်သော ထိတ်လန့်ဖွယ် ပုံစံတစ်မျိုးအား အမြဲတစေ စိုးရိမ်နေခဲ့ရသည်။
သူမ၏ စိတ်သည် မကြာခဏဆိုသလို ထိုအာရန်၏ လွှမ်းမိုးထားခြင်းကို ခံနေရလေသည်။
ထို့ကြောင့် နောက်ပိုင်းတွင် အာရန်နှင့် အချိန်ဖြုန်းခြင်းသည် သူမအတွက် အမြဲတမ်း စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုကြိုတင် ပြုလုပ်ထားရန် လိုအပ်နေသကဲ့သို့ပင်။
သို့သော်လည်း သူမသည် စိတ်ကိုအားတင်းလိုက်ကာ သူမ၏ အဝတ်အစားများကို လဲလှယ်လိုက် အခန်းတွင်းမှ ထွက်လာခဲ့၏။
သူမသည် လွန်စွာ ပင်ပန်းနွမ်းနယ်ဆဲဖြစ်သော်လည်း အာရန်အား မျက်ခြည်မပြတ် စောင့်ကြည့်ရမည်တာဝန်တစ်ခု သူမတွင်ရှိနေသေး၏။
သူမသည် အနည်းငယ်စောနေသေးသ်ေလည်း အာရန်အား နှိုးရန်အတွက် အာရန်၏ အခန်းရှိရာဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ထို့နောက် ထရီဆာသည် အာရန်၏ အခန်းတံခါးကို ခေါက်ရန်ပြင်လိုက်စဥ်မှာပင် တံခါးသည် အသာတကြည်အလိုလို ပွင့်သွားခဲ့၏။
သူမသည် အခန်းအတွင်းသို့ အာရုံခံ၍ ချောင်းကြည့်လိုက်သော်လည်း အာရန်၏ အရိပ်အယောင်အား မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
သူ၏ ကုတင်သည် လုံးဝ မထိရသေးသကဲ့သို့ပင် ပုံစံမပျက်တည်ရှိနေ၏။
၎င်းက အာရန်တစ်ယောက် ညက ဤအခန်း၌ ပြန်မအိပ်ခဲ့ဟု ဆိုလိုနေခြင်းပင်။
"သူ ဘယ်မှာလဲ" သူမသည် အာရန်၏ အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီးနောက် အပြင်ဘက်ရှိ အစောင့်များအား အာရန်အကြောင်း မေးမြန်းလိုက်သည်။
ထိုအခါ အာရန်တစ်ယောက် ဆေးတောင်တန်းသို့ သွားရောက်ခဲ့ကြောင်း သိလိုက်ရသည်။
"အဲဒါ ဘယ်အချိန်လောက်တုံးကလဲ" သူမသည် အစောင့်များအား ထပ်မံ၍ မေးလိုက်၏။
"မနေ့ညနေလောက်ကထင်တယ်"
"ဒါဆို သူ မနေ့ကကတည်းက ဒီကို ပြန်မလာသေးဘူးလို့ ပြောချင်တာလား"
"ဟုတ်ပါတယ်ရှင်"
အစောင့်တစ်ဦးမှ ခေါင်းညိတ်၍ ထောက်ခံလိုက်၏။
သူတို့သည် ဤနေရာတွင်သာ အဓိကစောင့်ကျပ်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသောကြောင့် နှင်းပျိုဖြူနန်းတော်၏ အခြားသော နေရာများနှင့် အပြန်အလှန် ဆက်ဆံမှုမျိုး မရှိခဲ့ပေ။
နှင်းပျိုဖြူနန်းတော်သည် ဂိုဏ်းအဖွဲ့အစည်းတစ်ခုတည်း ဖြစ်သော်လည်း ၎င်းသည် တောင်များစွာပေါ်တွင် ပြန့်ကျဲ၍ တည်ဆောက်ထားခြင်းမျိုးဖြစ်လေသည်။
ထို့ကြောင့် တောင်တန်းတစ်ခုနှင့်တစ်ခု ခရီးသွားလာရန်အတွက် ဟင်းလင်းပြင် ခရီးသွားခြင်းနည်းလမ်းကို လိုအပ်လေသည်။
ထိုသို့ ဟင်းလင်းပြင် ခရီးမသွားနိုင်သေးသော သူမတို့ကဲ့သို့ သာမန်အစောင့်လေးများအတွက်မူ တောင်တန်းများကြားသွားလာရန်မှာ လွန်စွာ ခက်ခဲပြီး အချိန်ကုန်လေသည်။
နန်းတော်သခင်မသည် ရုတ်တရက် မျက်မှောင်ကြုတ်မိသွားခဲ့သည်။
အာရန်သည် မနေ့ညက တစ်ညလုံး ဆေးတောင်တန်းတွင် ရှိနေခဲ့ခြင်းဖြစ်ပြီး ဤနေရာသို့ ပြန်လာခဲ့သည့်ပုံမရပေ။
သူသည် ထိုနေရာ၌ မည်သည့်အရာများ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်မည်နည်း။
ထို့နောက် အာရန်သည် ဆေးပညာရှင် အကြီးအကဲနှင့်ပင် သွားရောက် အိပ်စက်ခြင်းများလားဟု ထရီဆာတစ်ယောက် သံသယဝင်မိလိုက်သည်။
အာရန်မှ ဆေးကုသမှုခံယူနေခဲ့စဉ် အချိန်က ထိုအကြီးအကဲ၏ အာရန်အပေါ် ကြည့်သည့်အကြည့်သည် အနည်းငယ် သံသယဝင်ဖွယ်ကောင်းနေခဲ့ကြောင်း ထရီဆာတစ်ယောက်အမှတ်ရလိုက်၏။
"အဲဒီ ကိစ္စ တကယ်မဟုတ်ဖို့ဘဲ ဆုတောင်းပါတယ်" သူမသည် ဟင်းလင်းပြင်အား ဆုတ်ဖြဲလိုက်ပြီး ဂိတ်တံခါးတစ်ခုဖန်တီးကာ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူမသည် ဆေးပညာရှင် အကြီးအကဲ၏ နေအိမ်ရှေ့တွင် ပြန်ပေါ်လာပြီး တံခါးအား တွန်းဖွင့်လိုက်၏။
သူမသည် ဆေးပညာရှင် အကြီးအကဲအား ကုတင်ပေါ်တွင် ပါးလွှာသော စောင်လေးတစ်ထည်ခြုံ၍ အိပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
ထို စောင်သည် သူမ၏ ခါးအထိသာ ဖုံးအုပ်ထားပြီး အောက်ဘက်သို့ လျှောကျနေလေ၏။
ထိုအခါ အကြီးအကဲသည် ညအိပ်ဝတ်စုံပင် ဝတ်ဆင်ထားခြင်းမရှိသဖြင့် သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်းသည် လုံးဝ ဗလာကျင်းလျက်ရှိနေကာ သူမ၏ စွင့်ကားသော ရင်သားများအား ထရီဆာတစ်ယောက် အတိုင်းသား မြင်လိုက်ရသည်။
"သူ ဘယ်မှာလဲ" ထရီဆာသည် အနည်းငယ် ကျယ်လောင်သော အသံဖြင့် အော်၍ မေးလိုက်၏။
ဆေးပညာရှင် အကြီးအကဲ၏ မျက်လုံးများသည် ထရီဆာ၏ ကျယ်လောင်သော အသံကြောင့် ပွင့်ဟလာခဲ့သည်။
"အော် သခင်မလား ဒီကို အစောကြီးဘာလာလုပ်တာလဲ..." အကြီးအကဲသည် သူ၏ ကိုယ်ပေါ်ရှိ စောင်ပါးလေးအား ဖယ်ရှားလိုက်ကာ ကုတင်ပေါ်မှ အိပ်မှုန်စုံမွှားဖြင့် ဆင်းလိုက်သည်။
သူတို့ နှစ်ဦးစလုံးသည် အမျိုးသမီးများ ဖြစ်နေကြသောကြောင့် အကြီးအကဲသည် သူမ၏ ခန္ဓာကိုယ်အား အလျင်စလို ဖုံးကွယ်ရန်ပင် မကျိုးစားခဲ့ပေ။
ထို့နောက် အကြီးအကဲသည် အဝတ်ဗီရိုရှိရာဆီသို့ သည်အတိုင်းလျှောက်သွားလိုက်ပြီး အဝတ်အစားအချို့ကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။
"သခင်လေး အာရန်အကြောင်း မေးနေတာလား" သူသည် ဝတ်စုံတစ်ခုအား သေသပ်စွာ ဝတ်ဆင်လိုက်ပြီးနောက် ထရီဆာအား ပြန်လည်မေးလိုက်၏။
"ဟုတ်တယ် သူ မနေ့ညက ဒီကို လာခဲ့တယ်လို့ ကြားသိထားတယ်။ အဲဒီအချိန် ကတည်းက သူ မပြန်လာသေးဘူး။ သူ ဒီမှာပဲ ညအိပ်သွားခဲ့တာလား။ ဒါမှမဟုတ် သူ အခု ဘယ်မှာလဲ"
"သခင်မက သူ့ကို ကျွန်မနဲ့အတူ အိပ်ခဲ့တယ်လို့ ထင်နေတာလား။ ကျွန်မက ကိုယ့် နန်းတော်သခင်မရဲ့လူကို ကိုယ်ပြန် ထိပါးဝံ့တဲ့အထိတော့ သတ္တိမရှိပါဘူး အဲ့အတွက် စိတ်မပူပါနဲ့ သခင်မ။ ဒါပေမဲ့ သခင်လေး အာရန်... သူ မနေ့ညက ကျွန်မဆီ လာခဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒါက..."
ဆေးပညာရှင် အကြီးအကဲသည် အာရန်နှင့် သူမကြား ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို သေခြာ ရှင်းပြလိုက်၏။
ထို့ပြင် ဆေးပညာရှင် အကြီးအကဲသည် နန်းတော်အပြင်သို့ဝင်ထွက်နိုင်သည့် သူမ၏ ကိုယ်ပိုင် တိုကင်လက်မှတ်ကိုပင် အာရန်အား ငှားယွင်းပေးခဲ့ကြောင်းကိုပါ ပြောပြလိုက်သည်။
"ပြီးတော့ ဒါက သူ သခင်မကို ပေးပေးပို့ ပြောထားတဲ့ စာပါ" ဆေးပညာရှင် အကြီးအကဲသည် အာရန်မှ နန်းတော်သခင်မ အတွက် ချန်ထားခဲ့သော စာကိုလည်း ပေးလိုက်လေသည်။
"ဒါနဲ့ သခင်မ ဘာလို့ ဒီလောက်တောင် စိတ်ရှုပ်နေပုံရတာလဲ။ သခင်မကို သူ သေခြာ ပြောပြခဲ့ပြီးပြီဆို"
"င့ါကို သေခြာပြောခဲ့တယ် ဟုတ်လား"
ဤသို့ဖြင့် ထရီဆာသည် စာကို ဖွင့်ဖတ်လိုက်မိသောအခါ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ရသည်။
သူမအနေဖြင့် မည်သည့်အရာများ ဖြစ်ပျက်ခဲ့ကြောင်းကို ကောင်းစွာ နားလည်သွားခဲ့သည်။
အာရန်သည် ဤနန်းတော်မှ ထွက်ခွာရန် ကျိုးစားခဲ့ပြီးနောက် သူ့အား ခြေရာမခံနိုင်ရန်အတွက် ထိုစာဖြင့် ထပ်မံ လှည့်စားရန် ကျိုးစားခဲ့ခြင်းသာ ဖြစ်ရပေမည်။
"သူ ထွက်ပြေးသွားပြီ။ သူ ဘယ်ကို သွားနေတယ်ဆိုတာ ငါ ခန့်မှန်းနိုင်တယ်။ သူ အဲဒီနေရာကို ရောက်သွားရင် ငါတို့တော့ ဒုက္ခရောက်ပြီ"
ထရီဆာသည် ရုတ်တရက် ဘာလုပ်ရမှန်းမသိတော့ဘဲ သူမ၏ မျက်နှာကိုသာ လက်ဖြင့် ပြန်အုပ်ထားလိုက်မိ၏။
အာရန်သည် ညအချိန်အတော်ကြာကြာ ကတည်းက ဤနေရာမှ ထွက်ခွာသွားခဲ့ကြောင်း သူမ သိလိုက်ပြီဖြစ်သည်။
သူသည် သူမထက် မလျှင်မြန်နိုင်သော်လည်း သူ၏ လမ်းကြောင်းကို သူမအနေနှင့် ခြေရာမခံနိုင်အောင် ပြင်ဆင်ထားဖို့အတွက်တော့ လုံလောက်အောင် အချိန် ရသွားခဲ့ပြီဖြစ်၏။
သူ့အနေနှင့် ဗဟိုဒေသ တိုက်ကြီးသို့ လျှို့ဝှက်သွားရောက်နိုင်ရန် လမ်းကြောင်း ထောင်ချီ ရှိလေသည်။
အကယ်၍ အာရန်သည်သာ သူမအနေနှင့် သူ့နောက်သို့ လိုက်လံဖမ်းဆီးမည်အား စိုးရိမ်နေခဲ့မည်ဆိုပါက ခြေရာခံရန် ပို၍ ခက်ခဲသော ရှုပ်ထွေးသည့် လမ်းကြောင်းမျိုးကို တမင်တကာ ရွေး၍ သွားခဲ့ပေလိမ့်မည်။
ဤကဲ့သို့ ကျယ်ပြန့်သော အထက်ကမ္ဘာတစ်ခုတွင် အာရန်ကဲ့သို့ သာမန်လူတစ်ယောက်အား ရှာတွေ့ရန်အတွက်မှာ ထင်သလောက်မလွယ်ကူပေ။ အထူးသဖြင့် သူ၏ အော်ရာကို လျှို့ဝှက်ထားနိုင်သောအစွမ်းရှိသူတစ်ဦးဆို ပို၍ဆိုးသေး၏။
သို့သော်လည်း ထရီဆာတွင် ရွေးချယ်စရာ မရှိခဲ့ပေ။
သူမသည် အကြီးအကဲများအားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး အာရန်သည် ဗဟိုတိုက်ကြီးသို့ သွားနေခြင်းဖြစ်ကြောင်းနှင့် သူမတို့သည် မည်မျှကုန်ကျပါစေ အာရန်အား တွေ့အောင် ရှာဖွေရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
သို့သော် အကြီးအကဲများသည် ထရီဆာအား ထပ်မံ၍ နားလည်မှု လွဲသွားခဲ့ပြန်သည်။ ၎င်းတို့သည် ယခုဖြစ်ရပ်သည် ခင်ပွန်းသည်အား အိမ်မှ ထွက်ပြေးသွားသည်အထိ တင်းကျပ်စွာ ဆက်ဆံမိသောကြောင့်ဖြစ်ပေါ်လာသည့် ခင်ပွန်းသည်နှင့် ဇနီးကြားမှ နှစ်ကိုယ်ကြား ရန်ပွဲတစ်ခုသာ ဖြစ်ပေလိမ့်မည်ဟု ထင်လိုက်မိကြသည်။
ယခု နန်းတော်သခင်မသည် သူမယောင်္ကျား၏ လုံခြုံရေးအတွက် စိုးရိမ်နေပြန်လေပြီ။
"စိတ်မပူပါနဲ့ နန်းတော်သခင်မ။ ကျွန်မတို့ သူ့ကို သေချာပေါက် ရှာတွေ့ပါလိမ့်မယ်"
မိနစ်ပိုင်းအတွင်း နှင်းပျိုဖြူနန်းတော်၏ အင်အားစုတစ်ခုလုံး စတင် လှုပ်ရှားတော့၏။ နတ်သမီးများတမျှ လှပလွန်းသော အင်မော်တယ် အမျိုးသမီးများသည် ဗဟိုဒေသသို့ ဦးတည်နေသော လမ်းကြောင်းတိုင်းအား လိုက်လံ၍ ပိုက်စိတ်တိုက်ရှာဖွေမှုများ စတင်တော့သည်။
အခြား အဖွဲ့အစည်းများပင်လျှင် သူမတို့ ဘာရှာနေကြသည်ကို သတိထားမိပြီး ထိုအရာအား မျက်ခြည်မပြတ် စောင့်ကြည့်ရန် ၎င်းတို့၏ လူများကိုပင် စတင် အလုပ်လုပ်စေခဲ့သည်။
ထိုအချိန်တွင် အများရှာဖွေနေကြသည့် အာရန်ကိုယ်တိုင်မှာမူ သူ၏အချက်အလက်များကို အသွင်ပြောင်းလဲခြင်းအစွမ်းကို အသုံးပြုကာ သူ၏ အော်ရာအပါအဝင် ရုပ်သွင်ပြင်တစ်ခုလုံးကို ပြောင်းလဲလိုက်ပြီးဖြစ်လေ၏။
ထို့အပြင် သူသည် အတိုဆုံးနှင့် အရှင်းဆုံး လမ်းကြောင်းကိုသာ တမင်တကာ ရွေးချယ်ခဲ့လေသည်။
နှင်းပျိုဖြူနန်းတော်မှ သူ့အား ရှာဖွေရန်ကျိုးစားသည့်အခါတွင် ထိုကဲ့သို့ ရှာဖွေရလွယ်ကူသော လမ်းကြောင်းမျိုးကို သူ့အနေနှင့် ရွေးချယ်ခဲ့မည်ဟု ထင်မှတ်ကြမည် မဟုတ်ကြောင်း သူ့အနေနှင့် သေချာနေခဲ့၏။
.....
"နှင်းပျိုဖြူနန်းတော်က လူတစ်ယောက်ကို ရှာနေတယ်ဆိုတာ မင်း ကြားမိသေးလား။ အဲ့ဒီလူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ပေးလာနိုင်တဲ့သူ ဘယ်သူမဆို နတ်ဘုရား တစ်ပိုင်းအဆင့် လက်နက်တစ်မျိုးကို ဆုလာဘ်အဖြစ် ရရှိလိမ့်မယ်တဲ့"
"အဲဒီလူရဲ့ ပုံတူကို မင်း မြင်ဖူးလား။ ငါတို့သာ သူ့ကို ရှာတွေ့နိုင်ရင် ငါတို့ တကယ်ပဲ ချမ်းသာလာတော့မှာ မဟုတ်ဘူးလား"
"သူတို့ ပုံတူတွေကို လိုက်ပြီး ဖြန့်ဝေနေတယ် ငါတစ်ပုံယူလာတယ်။ ကြည့်ထား ဟောဒါက ငါတို့ လိုက်ရှာရမဲ့သူပဲ "
အာရန်သည် ထိုသူများနှင့် ရောနှောလိုက်ကာ ပုံတူတင်ထားသည့် စားပွဲနှင့် နီးကပ်စွာ ဖြတ်သွားလိုက်ပြီး သူ့နှင့် လုံးဝနီးပါး တူညီနေသော ပုံတူတစ်ခုကို လှည့်ကြည့်လိုက်သည်။
ကံကောင်းစွာဖြင့် အာရန်သည် အသွင်ပြောင်းလဲခြင်းအစွမ်းကို အသုံးပြုလိုက်ပြီဖြစ်သဖြင့် သူ၏ သွင်ပြင်သည် ယခုအခါ လုံးဝ ကွဲပြားသွားခဲ့ပြီဖြစ်၏။
သို့သော်လည်း အာရန်သည် သူ့အနေနှင့် ဤကိစ္စအတွက် အလွန်အမင်း သတိထားရန် လိုအပ်နေဆဲပင်။