← Chapters

ကိုယ်တစ်ပိုင်းသေခြင်း

Vol. 1 Ch. 123

ကိုယ်တစ်ပိုင်းသေခြင်း

Vol. 1 Ch. 123

ကျောက်တုံးငယ်သည် မီးတောက်များ တောက်လောင်နေဆဲ ဖြစ်ကာ ကြမ်းပြင်၏ အောက်ဘက်သို့ ဆက်လက် လောင်ကျွမ်းသွားသည်။ မီးတောက်စိမ်းများ ထိသွားသော ကျောက်သားများသည် ဘာမှမကျန်အောင် လောင်ကျွမ်းခံရလေသည်။ မီးတောက်များသည် အဘယ်မျှ ကြောက်စရာ ကောင်းကြောင်း ထင်ရှားနေသည်။

အချိန်အနည်းငယ် ကြားသွားသည့်အခါ ကျောက်တုံးပေါ်မှ မီးတောက်များသည် ဖြည်းဖြည်းချင်း ငြိမ်းသွားခဲ့ပြီး ကျောက်တုံးသည်လည်း အမှုန့် ဖြစ်သွားခဲ့သည်။ ကြမ်းပြင်ပေါ်ရှိ အပေါက်သည်လည်း ခေါင်းတစ်လုံးစာခန့် အကျယ်ရှိ၍ ငါးပေ၊ ခြောက်ပေခန့် နက်လေသည်။

ကျန်းရီသည် အံ့အား သင့်နေခဲ့သည်။ အနီရောင် ပုလဲမှ ထွက်ပေါ်လာသော စွမ်းအင်က သူ့ကိုယ်ကို အေးစေ၍သာ တော်သေးသည်။ မဟုတ်လျှင် သူသည်လည်း အပူရှိန်ကြောင့် လောင်ကျွမ်း သွားရပေလိမ့်မည်။

"ဒါက ရှေးဟောင်း နတ်ဘုရား လက်စွပ်လို ပစ္စည်းသိမ်းလို့ရတဲ့ ရတနာပဲ ... ဒါပေမဲ့ ဒီပုလဲနီထဲက ကျောက်တုံး အပိုင်းအစတွေက ဘယ်လိုရတနာ အမျိုးအစားလဲ ... ဒါက တကယ်ကြီး ကောင်းကင်ဧကရာဇ် ထားခဲ့တဲ့ တားမြစ် အစီအရင် တွေကိုတောင် လောင်ကျွမ်း နိုင်တယ်လား"

ကျန်းရီသည် အချိန်အတော်ကြာအောင် မှင်သက်နေမိပြီး သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုများကို တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ပေ။ အပေါက်ငယ်လေးကို ကြည့်ရင်း သူ့မျက်နှာထက်တွင် အပြုံးတို့က ဖြစ်တည်လာခဲ့သည်။ သူသာမမှားလျှင် ဤအုတ်ဂူကြီးသည် လေထု အလယ်တွင် လွင့်မျောနေသော ရွှေရောင် စေတီကြီး ဖြစ်ရပေမည်။ သူသာ ဤကြမ်းပြင်ကို လောင်ကျွမ်းအောင် လုပ်နိုင်လျှင် ဤနေရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။

"ဟုတ်တယ် ... ဒီပုလဲက ပိုင်ရှင်ကို မှတ်မိတယ်ဆိုမှတော့ သူ့သခင်ကို သူ့အစွမ်းနဲ့ ကာကွယ်နေတာပဲ ... ဒါမှာ ဝိညာဉ်ရှိတယ် ဆိုတော့ ငါဒါကို မီးဝိညာဉ် ပုလဲလို့ နာမည်ပေးမယ် ... ဒီကြောက်စရာကောင်းတဲ့ ကျောက်တုံးလေးတွေကိုတော့ မီးဝိညာဉ် ကျောက်တုံးလို့ ခေါ်မယ်"

ကျန်းရီသည် ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများသည် တောက်ပနေခဲ့သည်။ သူသည် မီးဝိညာဉ်ပုလဲ အတွင်းရှိ ကျောက်တုံးကို အာရုံစိုက်ကာ အော်ပြောလိုက်သည်။

"ထွက်လာခဲ့ ... မီးဝိညာဉ် ကျောက်တုံး"

နီရဲနေသော ကျောက်တုံးတစ်ခုသည် ကျန်းရီ၏ ရှေ့တွင် ပေါ်လာခဲ့ပြန်သည်။ ကျောက်တုံး ထွက်ပေါ်လာသည်နှင့် အခန်း၏ အပူချိန်သည် ရုတ်တရက် မြင့်တက်လာပြန်လေသည်။ သူ့လက်တွင်းရှိ မီးဝိညာဉ် ပုလဲကြောင့်သာ သူအမှုန့် ဖြစ်မသွားခြင်း ဖြစ်လေသည်။

မီးဝိညာဉ် ကျောက်တုံးသည် အစောပိုင်းက အပေါက်တွင်းသို့ ကျသွားခဲ့လေသည်။ ၎င်းသည် ကြမ်းပြင်နှင့် ထိသွားသည်နှင့် အစိမ်းရောင် မီးတောက်များ ဖြစ်ပေါ်လာကို ကြမ်းပြင်ကို လောင်ကျွမ်းလေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် မီးဝိညာဉ် ကျောက်တုံးသည် ပျောက်ကွယ်သွားခဲ့ပြီး တွင်းပေါက်သည်လည်း နောက်ထပ် ခြောက်ပေခန့် နက်သွားခဲ့လေသည်။

"မပေါက်သွားသေးဘူးလား ... နောက်တစ်ခု"

ကျန်းရီသည် တွင်းပေါက်ကို ကြည့်လိုက်ပြီး နောက်ထပ် ကျောက်တုံးတစ်တုံးကို ထုတ်ကာ ကြမ်းပြင်အား လောင်ကျွမ်း စေလိုက်ပြန်သည်။ မီးဝိညာဉ်ကျောက်တုံး လေးခုကို အသုံးပြုပြီးသော် တွင်းပေါက်သည် ပေနှစ်ဆယ်ခန့် နက်သွားပြီ ဖြစ်သော်လည်း ကြမ်းပြင်သည် ပေါက်မသွားသေးပေ။

"ငါခန့်မှန်းတာ မှားနေတာများလား ... ငါလေထဲမှာ မျောနေတဲ့ ရွှေစေတီကြီးထဲ ရောက်နေတာ မဟုတ်ဘူးလား ... ဒီအခန်းရဲ့ ကြမ်းပြင်အောက်မှာ ကျောက်သားတွေက လွဲရင် ဘာမှလည်း မရှိဘူး ... သေလိုက်စမ်းကွာ"

မီးဝိညာဉ် ကျောက်တုံးသည် အများကြီး မကျန်ပေ။ ကျန်းရီသည် အမြန် ရေတွက်ကြည့်ရာ အတုံး ခြောက်ဆယ်ခန့်သာ ကျန်သည်ကို တွေ့လိုက်ရသည်။ သူသည် စေတီကြီးထဲတွင် မဟုတ်လျှင် သို့မဟုတ် ကြမ်းပြင်၏ အထူသည် ပေးရာပေါင်းများစွာ ရှိနေလျှင် ဤမီးဝိညာဉ် ကျောက်တုံး၏ ပမာဏသည် လုံလောက်မည် မဟုတ်ပေ။

"ထပ်ကြိုးစားကြည့်တာပေါ့"

ကျန်းရီသည် မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်လိုက်သည်။ သူသည် နောက်ထပ် မီးဝိညာဉ် ကျောက်တုံး တစ်ခုကို ထုတ်ကာ တွင်းပေါက်ထဲသို့ ဆက်လက် ကျဆင်း စေလိုက်သည်။

ကျောက်တုံးသည် အစိမ်းရောင် မီးတောက်များ ဖြစ်ပေါ်လာကာ ကြမ်းပြင်အား ဆက်လက် လောင်ကျွမ်းသည်။ မီးလောင်ကျွမ်းသံ တဖျစ်ဖျစ်သည် ကျန်းရီ၏ စိတ်နှလုံးအား လေးလံ လာစေလေသည်။

ရုတ်တရက် မီးဝိညာဉ် ကျောက်တုံးသည် ကျဆင်းသွားခဲ့ပြီး တွင်းပေါက်၏ တစ်ဖက်မှ ဝင်ရောက်လာသော အလင်းတန်း တစ်ခုအား ကျန်းရီ တွေ့လိုက်ရလေသည်။ သူသည် လတ်ဆတ်သော လေပြည်၏ အငွေ့အသက်တို့ကိုပါ ခံစားလိုက်ရသည်။ သူ့မျက်နှာတွင် ပျော်ရွှင်သော အရိပ်အယောင်များ ထင်ဟပ်လာကာ အော်ပြောလိုက်သည်။

"ပေါက်သွားပြီ"

ကျန်းရီမှန်သွားခဲ့သည်။ သူသည် လေထုအလယ်ရှိ ရွှေစေတီကြီးထဲတွင် ရောက်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်ရှိတွင် စေတီကြီးသည် ပျောက်ကွယ်နေလေရာ မည်သူကမှ မမြင်ရပေ။

သို့သော် ထိုအချိန်တွင် စေတီကြီး၏ ကြမ်းပြင်ကို ဖြတ်၍ ကျဆင်းလာသော မီးဝိညာဉ် ကျောက်တုံးသည် လူများစွာအား အံ့အားသင့်စေခဲ့သည်။ ကျောက်တုံး ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်သည် ပူလောင်လာလေသည်။ လူအများစုသည် လေထဲမှ ရတနာတစ်ခု ကျဆင်းလာသည်ကို မြင်လိုက်ကြသည်။ ၎င်းသည် အစိမ်းရောင်များ တောက်ပနေခဲ့သည်။ ဒါက ... ကောင်းကင် ဧကရာဇ်ရဲ့ အုတ်ဂူကနေ ရတနာတွေကို ထပ်ပြီး ပစ်ချနေတာများလား…။

မီးဝိညာဉ် ကျောက်တုံးသည် တားမြစ် အစီအရင်များကို လောင်ကျွမ်းစရာ မလိုတော့ သောကြောင့် စွမ်းအင် ကုန်ခမ်းမှုနှုန်းသည် အလွန် နှေးကွေးသွားသည်။ ၎င်းသည် မြေပြင်နှင့် နီးကပ် သွားသော်လည်း မီးတောက်သည် ငြိမ်းမသွားသေးပေ။

ခရမ်းရောင် နန်းတော်ရှင် အဆင့်ရှိ လူတစ်ဦးသည် ရှားပါးရတနာ ပေါ်ထွက်လာပြီဟု ထင်လိုက်၍ ထိုနေရာသို့ အပြေးလာခဲ့သည်။ သူသည် ပျော်ရွှင်စွာ ခုန်လိုက်သည်။ သူခုန်လိုက်သည်နှင့် ခုန်မိခြင်းကို နောင်တ ရသွားခဲ့လေသည်။ သူသည် မီးဝိညာဉ် ကျောက်တုံးနှင့် ပေခုနှစ်ဆယ်ခန့် အကွာအဝေးသို့ ရောက်သောအခါ သူ့ကို လောင်ကျွမ်းသွားမတတ် ပူလောင်လှသည့် ကြောက်စရာ ကောင်းသော အပူလှိုင်းကို ခံစားမိလိုက်သည်။

သူသည် ၎င်းကို ရှောင်ရှား လိုက်ချင်ပါသော်လည်း လှုပ်ရှား၍ မရတော့ပေ။ ကျောက်တုံး ကျဆင်းလာသော အရှိန်သည် မြန်ဆန်လွန်းနေရာ သူမအော်လိုက်နိုင်မှာပင် သူ့ကိုယ်သည် ပြာတစ်စတောင် မကျန်အောင် လောင်ကျွမ်း ခံလိုက်ရလေသည်။

ကျောက်တုံးသည် ဆက်လက် ကျဆင်းလာခဲ့သည်။ နောက်ဆုံးတွင် ၎င်းသည် မြေပြင်ပေါ်သို့ ကျဆင်းကာ ဆယ်ပေခန့် နက်သော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့လေသည်။ လူများစွာသည် ထိုနေရာသို့ ရောက်ရှိ လာကြလေသည်။ သူတို့သည် ကြောက်စရာ ကောင်းသော မီးတောက်စိမ်းများနှင့် ကျဆင်းလာသည့် ပစ္စည်းသည် ကောင်းကင်အဆင့် သို့မဟုတ် ပြိုင်ဘက်ကင်း ရတနာ ဖြစ်ရမည်ဟု ထင်နေခဲ့ကြသည်။ ပထမဆုံး ရောက်ရှိလာသူသည် ရတနာကို ရပေလိမ့်မည်။

အရေးအခင်း တစ်ခု ဖြစ်ပွားခဲ့ပြီး ပြေးလာနေကြသော လူများလည်း ရှိနေခဲ့သည်။ သူတို့သည် ရှေ့တွင် ဆီးကြိုနေသော တိုက်ပွဲကို မြင်လိုက်ရသောအခါ အဝေးမှ ရပ်ကြည့်နေသူများလည်း ရှိသလို အချို့ကလည်း အရေးအခင်းထဲသို့ ဝင်ရောက် တိုက်ခိုက်ကြလေသည်။

"အမ်"

မိနစ်သုံးဆယ်ခန့် ကြာသောအခါ လေထုသည် ထပ်မံ ပူလောင်လာခဲ့၍ မီးတောက်စိမ်းများ တောက်ပနေသော အရာတစ်ခုသည် ကောင်းကင်မှ ထပ်မံ ကျဆင်းလာခဲ့ ပြန်လေသည်။

"ရှားပါးရတနာ"

လူများသည် အလန့်တကြား ရေရွတ်လိုက်ကြသည်။ ဤကဲ့သို့ ကြောက်စရာကောင်းသော မီးတောက်များနှင့် ပစ္စည်းသည် သာမန် မဟုတ်နိုင်ပေ။ ဖြာထွက်နေသော အလင်းရောင် အရဆိုလျှင် အနည်းဆုံးတော့ ကောင်းကင်အဆင့် ရှိရပေမည်။

လူတိုင်းသည် စိတ်လှုပ်ရှား နေခဲ့ကြသည်။ ပုန်းအောင်းနေသော လူများသည်ပင် ထွက်လာကြကာ ရတနာ ကျဆင်းမည့် နေရာဆီသို့ ဦးတည်လာကြလေသည်။ မီးဝိညာဉ် ကျောက်တုံးသည် မြေပြင်နှင့် ပေတစ်ရာခန့် အကွာအဝေးသို့ ရောက်သောအခါ ခရမ်းရောင် နန်းတော်ရှင် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်သည် ပျော်ရွှင်သွားကာ ပြေးသွားကြလေသည်။

"အား"

မကြာခင်တွင် လူအုပ်၏ ခြောက်ခြားစရာ အော်သံများ ထွက်ပေါ်လာခဲ့သည်။ ထိုကျောက်တုံးသည် တန်းတန်းမတ်မတ် ကျဆင်းလာခဲ့ပြီး လူဆယ်ယောက်ကျော်အား သေသည်အထိ လောင်ကျွမ်းသွားစေလေသည်။ လူသုံးယောက်ဆိုလျှင် ပြာများပင် မကျန်ခဲ့ချေ။

" ...  ... .."

စူးစမ်း စောင့်ကြည့်နေကြသော လူရာပေါင်းများစွာသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ မီးဝိညာဉ် ကျောက်တုံးသည် မြေပြင်ပေါ်သို့ ကျဆင်း၍ တွင်းပေါက်ကြီး ဖြစ်သွားသော်လည်း ဘယ်သူမှ မလှုပ်ရဲကြပေ။

ကျောက်တုံး၏ စွမ်းအင်သည် ကုန်ဆုံးသွားခဲ့သည်။ ပူပြင်းလွန်းသော အပူဓာတ် ပျောက်ကွယ်သွားသည်နှင့် လူတိုင်းသည် တစ်ခုခုကို သတိရကာ အသိဝင် လာကြသည်။ သူတို့သည် လက်နက်များ ကိုယ်စီ ကိုင်ဆွဲကြကာ ရတနာ တွေ့မည်လားဟု မျှော်လင့်ချက်ဖြင့် မြေပေါ်စတင် တူးဆွကြတော့သည်။

ပဋိပက္ခကြီး ထပ်မံ ဖြစ်သွားခဲ့လေသည်။ အခြားသူ ရတနာ ရရှိသွားမည်ကို ဘယ်သူကမှ မလိုလားကြပေ။ ထို့ကြောင့် တစ်ယောက်ယောက်သည် မြေကြီးကို စတင် တူးလိုက်သည်နှင့် ထိုလူအား ဘေးရှိလူက သတ်လိုက်သည်သာ ... သတ်ဖြတ်ခြင်းများ စတင် ခဲ့လေတော့သည်။

ကျန်းရီသည် မီးဝိညာဉ် ကျောက်တုံး နှစ်ခုကို အုတ်ဂူကြမ်းပြင် လောင်ကျွမ်းသွားအောင် အသုံးပြုခဲ့သောကြောင့် နယ်မြေ တစ်ခုလုံးသည် လူ့ပြည်မှ ငရဲပြည် အဖြစ် ပြောင်းသွားခဲ့လေသည်။

ဂူသင်္ချိုင်းအတွင်း လာကြသူများတွင် ဘယ်သူက နဂါး တစ်သောင်းတောင်ကြား ကောင်းကင် ဧကရာဇ်၏ ရှားပါးရတနာကို မလိုချင်ဘဲ နေပါမည်နည်း ... ဘယ်သူက အသက်ကို မစတေးဘဲ နေမည်နည်း ... ယခုတွင် ရှားပါးရတနာသည် သူတို့ရှေ့တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူတို့သည် ထိုအရာအတွက် အသက်ကိုရင်း၍ တိုက်ခိုက်ရပေမည်။

သုံးဆယ်မိနစ်ကြာ သွားပြီးနောက် ထပ်မံ၍ မီးတောက်များ တောက်နေသော အရာတစ်ခု ကောင်းကင်မှ ကျဆင်းလာခဲ့ ပြန်သည်။ ဤတစ်ကြိမ်တွင် ပို၍ ဆူဆူညံညံ ဖြစ်နေကြပေပြီ။ မိုင်တစ်ရာပတ်လည်မှ လူများသည် အလျင်အမြန် စုပြုံလာကြသည်။ သူတို့အားလုံးသည် ကျဆင်းလာသည့် အရာနှင့် ဘယ်လို ရှားပါး ရတနာ အမျိုးအစား ဖြစ်ကြောင်း သိချင်ကြပေသည်။

"ပြီးလုပြီ ... နောက်တစ်ကြိမ် ... ပြီးရင်တော့ ငါထွက်လို့ ရလောက်ပါပြီ ... "

အုတ်ဂူအတွင်းရှိ ကျန်းရီသည် အပြင်ဘက်မှ အခြေအနေများကို မသိပေ။ သူသည် ကျောက်တုံးများကိုသာ ဆက်တိုက် လောင်ကျွမ်းစေနေလေသည်။ ယခုမူ တွင်းပေါက်သည် သူထွက်လို့ ရလောက်ပြီ ဖြစ်သော်လည်း ထိခိုက်မိမည်ကို သူစိုးရိမ်နေသည်။ သူသည် ရင်နာနာနှင့် နောက်ထပ် မီးဝိညာဉ် ကျောက်တုံး တစ်ခုကို သုံးကာ တွင်းပေါက်အား ထပ်မံ ကျယ်စေလိုက်သည်။

သူသည် ဤနေရာမှ လွတ်မြောက်ရန် ခြေတစ်လှမ်း နီးကပ်သွားပြီ ဖြစ်သော်လည်း သူ့မျက်နှာထက်တွင် ပျော်ရွှင်သည့် အရိပ်အယောင် စိုးစဉ်းမျှ ရှိမနေခဲ့ပေ။ စိတ်ရှုပ်နေသည့်ဟန်သာ ပေါ်နေလေသည်။ ဤရွှေရောင် စေတီကြီးသည် မြေပြင်နှင့် ပေ၁၀,၀၀၀ခန့် ဝေးလေသည်။ သူသာ ဤပုံစံနှင့် ခုန်ချလိုက်လျှင် အရိုးများ ကျိုးကြေ၍ ကိုယ်တစ်ပိုင်း သေသွားပေလိမ့်မည်။

***

All Chapters