Chapters

အခန်း (၁၆၁-၁၆၅)

Vol. 17 Ch. 161-165

အခန်း (၁၆၁-၁၆၅)

Vol. 17 Ch. 161-165

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၆၁ - ၁၆၅)

ထျန်ရှင်းလုက လက်သီးကိုကျစ်ကျစ်ပါအောင်စုပ်လိုက်သောအခါ သူ၏မြွေကဲ့သို့ အစိမ်းရောင်သွေးကြောများက ဖောင်းထလာလေသည်။

သူကပြုံးလိုက်ပြီး သိပ်မဝေးသော နေရာရှိအဆောင်အား ကြည့်လိုက်၏။ ပြီးနောက်တွင် ပုတီးနက်တစ်လုံးအား စိတ်အလိုဖြင့် သူ၏အရှေ့တွင် ထားလိုက်သည်။

ဇော်ဂျီနတ်ဘုရားလည်ဆွဲ၏ အဆင့်အား သူအတိအကျမသိသော်လည်း အဆင့်မြင့်ကောင်းကင်အဆင့်ရတနာဖြစ်မည်ဟူ၍ သူခန့်မှန်းမိသည်။

ကောင်းကင်အဆင့်ရတနာများသည် အလွန်အစွမ်းထက်ပြီး​ များ​သောအားဖြင့် ထိုရတနာများ၏ ပုံပန်းသွင်ပြင်ကို ကြိုက်သလိုပုံပြောင်းနိုင်စွမ်းရှိသည်။

ထျန်ရှင်းလု၏ စိတ်အလိုဖြင့် သူ၏ပုတီးကုံးများသည် တစ်ခုတည်းအဖြစ်သို့ပေါင်းစပ်သွားသည်။

ထိုအခါ ပုတီးလုံးကြီးသည် အလွန်ကြီးမားလာပြီး အရွယ်ရောက် ယောင်္ကျား ၁ ယောက်၏ လက်သီး ၂ စုပ်စာခန့်ရှိပေလိမ့်မည်။

ပြီးနောက်တွင် ပုတီးတစ်ဖက်က အလွန်ချွန်သောတြိဂံတစ်ခုအသွင်သို့အဖြစ်သို့ ပြောင်းလဲသွားသည်။