အခန်း (၁၆၆-၁၇၀)
Vol. 17 Ch. 166-170
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၆၆ - ၁၆၇ - ၁၆၈ - ၁၆၉ - ၁၇၀)
“အင်း...ငါရဲ့ တုံ့ပြန်မှုက နည်းနည်းနှေးသွားတယ်။ .... နောက်တစ်ခါဆို ၀.၀၀၁ စက္ကန့်အတွင်း အလေးချိန်ကို ပြန်ထည့်နိုင်အောင် ကြိုးစားရမယ်။ ကာကွယ်ရေးကလည်း မျှော်လင့်ထားတာထက် ပိုပျော့တယ်။”
သူ၏အသံသည် စမ်းသပ်မှုရလဒ်ကို မှတ်ချက်ချနေသော သိပ္ပံပညာရှင်တစ်ယောက်၏ အသံနှင့်တူနေသည်။
သို့သော် ထိုအေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံကို ကြားလိုက်ရသော ချီဘိုးဘေးနှင့် ချီသခင်တို့၏ ကျောရိုးထဲတွင်တော့ ရေခဲတမျှအေးစက်သော အသိတရားတစ်ခု စီးဝင်သွားတော့သည်။
သူတို့၏ မာန၊ သူတို့၏ အင်အား၊ သူတို့၏ မျိုးရိုးဂုဏ်သိက္ခာအားလုံးသည် ဒီကောင်လေး၏အမြင်တွင်တော့ စမ်းသပ်ခံ ပစ္စည်းတစ်ခုမျှသာ။
ဒါ... ဒါက ဝိညာဉ်သခင်အဆင့်ကိုတောင် မရောက်သေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းတဲ့လား။
သူ့အကြည့်ထဲတွင် သူတို့နှစ်ယောက်သည် အင်အားကြီးသော ပြိုင်ဘက်များမဟုတ်၊ အမှားအယွင်းများကို ရှာဖွေရန် လေ့ကျင့်နေသည့် သစ်သားရုပ်တုများသဖွယ် ဖြစ်နေသည်။
ထျန်ရှင်းလုက ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး သူ၏အကြည့်အား တုန်လှုပ်ခြောက်ခြားနေသော ချီသခင်ကြီး နှင့် ချီဘိုးဘေး နှစ်ယောက်ထံသို့ လွှဲပြောင်းလိုက်သည်။
သူ၏အကြည့်သည် သားကောင်ကို အကဲဖြတ်နေသော အမဲလိုက်သားရဲတစ်ကောင်၏ အကြည့်နှင့် ဆင်တူလှသည်။
ချက်ချင်းပဲ ချီသခင်ကြီး နှင့် ချီဘိုးဘေးတို့ နှစ်ယောက်လုံးသည် သေမင်းတမန်တစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်မိကြသည်။
သူတို့၏ ဝိညာဉ်စွမ်းအင်များက အလိုလို အကာအကွယ်ပေးရန် လှုပ်ရှားလာသော်လည်း သူတို့၏ စိတ်ဓာတ်ကတော့ လုံးဝကျိုးပျက်နေလေပြီ။
သူတို့နှစ်ယောက်၏ ထိတ်လန့်သွားပုံကို ကြည့်လိုက်ပြီး ထျန်ရှင်းလုက ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။
“ဟားဟားဟား... စိတ်မပူပါနဲ့။ ကျုပ်ရဲ့ ‘နတ်ပုတီးချွန်’ ကို ခင်ဗျားတို့နှစ်ယောက်အပေါ်မှာ မသုံးပါဘူး။”
သူ၏စကားသည် နှစ်သိမ့်စကားနှင့်တူသော်လည်း လေသံထဲတွင်ပါသည့် မထီမဲ့မြင်ပြုမှုက သူတို့၏ ဂုဏ်သိက္ခာကို ဓားနှင့်မွှန်းသလို ခံစားလိုက်ရသည်။
“ဘာလို့ဆို... မလိုအပ်ဘူးလေ။ မဟုတ်လား။” ထျန်ရှင်းလုက မိစ္ဆာဆန်ဆန်ပြုံးလိုက်ပြီး သူ၏ပုံရိပ်သည် လေထဲတွင် တဖြည်းဖြည်း အရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားသည်။
“ဂျိန်းးးး”
ချက်ချင်းပဲ မှောင်မဲနေသော ညကောင်းကင်ကြီးတွင် အနီရောင်အလင်းတန်းတစ်ခုက လျှပ်စီးလက်သကဲ့သို့ တစ်ချက်တောက်ပသွားသည်။
ထျန်ရှင်းလု၏ ပုံရိပ်သည် ဝေဝါးသွားပြီး သူပြန်ပေါ်လာသောအခါ ချီသခင်ကြီး၏ လည်ပင်းကို သံမဏိလက်သည်းများသဖွယ် ခိုင်မာသော လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလေပြီ။
ချီသခင်ကြီး၏ ခြေထောက်နှစ်ဖက်သည် မြေကြီးနှင့်လွတ်ကာ လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေပြီး သူ၏မျက်လုံးများက မယုံကြည်နိုင်ခြင်း၊ ထိတ်လန့်ခြင်းတို့ဖြင့် ပြူးကျယ်ထွက်လာတော့သည်။
ချီသခင်ကြီး၏ သိုင်းဝိညာဉ်သည် ကုန်းလိပ်ဖြစ်ပြီး မြေစွမ်းအင်ကို အဓိကထားသည်။ ချက်ချင်းပဲ သူ၏လက်ထဲတွင် အဝါရောင်မြေစွမ်းအင်များ ထွန်းလင်းတောက်ပလာပြီး ထျန်ရှင်းလု၏ ရင်ဘတ်ကို ထိုးရန် ကြိုးစားလိုက်သည်။
သို့သော် သူ၏လက်များသည် ထျန်ရှင်းလု၏ လက်အရှည်ကြီးနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ တိုနေသောကြောင့် ထျန်ရှင်းလု၏ ကိုယ်နှင့် မထိတွေ့နိုင်ခင်မှာပင် သူ၏စွမ်းအင်များက လေထဲတွင် အငွေ့ပျံသွားတော့သည်။
အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သူ၏ဝိညာဉ်စွမ်းအင်များပင် ကောင်းစွာမလည်ပတ်နိုင်တော့ချေ။
ကံကောင်းသွားသည်မှာ ဘေးနားတွင် ဘိုးဘေးချီ ရှိနေသောကြောင့်ပင်ဖြစ်၏။ “မကောင်းဆိုးဝါးကောင် ငါ့သားကို လွှတ်လိုက်စမ်း” သူက အော်ဟစ်ကာ ဘိုးဘေးချီသည် သူ၏ သိုင်းဝိညာဉ်ဖြစ်သော ‘ကျောက်လိပ်ဝိညာဉ်’ ကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
သူ၏ဓားသည် ထူထဲသောအဝါရောင်မြေစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားပြီး ကျောက်တောင်တစ်တောင်ကိုပင် ထွင်းဖောက်နိုင်လောက်သည့် အရှိန်အဟုန်ဖြင့် ထျန်ရှင်းလု၏ နှလုံးသားကို တည့်တည့် ချိန်ကာ ထိုးသွင်းလိုက်သည်။
ထိုဓားချက်သည် သူ၏ဘဝတစ်လျှောက် အားအပြင်းဆုံးနှင့် အတိကျဆုံး ဓားချက်ဖြစ်လိမ့်မည်။
သို့သော် ထျန်ရှင်းလုက မျက်နှာတွင် အပြုံးမပျက်၊ ထိတ်လန့်သည့် အရိပ်အယောင်ပင်မပြဘဲ၊ သူလည်ပင်းညှစ်၍ လေပေါ်သို့မြှောက်ထားသည့် ချီသခင်ကြီး၏ ကိုယ်ကို ဘိုးဘေးချီ၏ ဓားလမ်းကြောင်းရှေ့သို့ အသာလေး ရွှေ့ပေးလိုက်သည်။
“ဗြစ်.....”
အချိန်ကာလသည် ရပ်တန့်သွားသကဲ့သို့။ သံမဏိက အသားနှင့် အရိုးကို ထွင်းဖောက်ဝင်ရောက်သွားသည့် စိတ်ပျက်ဖွယ်အသံက ည၏တိတ်ဆိတ်မှုကို ဆုတ်ဖြဲလိုက်သည်။
ဘိုးဘေးချီ၏ မျက်လုံးများက သွေးများဖြင့် နီရဲလာသည်။ သူ၏ဓားသည် သူကာကွယ်ရန်ကြိုးစားနေသည့် သူ၏သား၊ ချီကလန်၏ သခင်ကြီး ရင်ဘတ်ကို ထုတ်ချင်းပေါက် ဖောက်ဝင်သွားခဲ့ပြီ။
ချီသခင်ကြီး၏ မျက်လုံးများက အဖေဖြစ်သူကို နာကျင်စွာ၊ မယုံကြည်နိုင်စွာ ကြည့်နေသည်။ သူ၏ပါးစပ်မှ သွေးများက အဆက်မပြတ်စီးကျလာပြီး တစ်စုံတစ်ခုကို ပြောရန်ကြိုးစားသော်လည်း အသံထွက်မလာတော့ပေ။
“ဟားဟားဟား... အဘိုးကြီး၊ ခင်ဗျားက ခင်ဗျားရဲ့သားကိုတောင် ပြန်သတ်ရလောက်အောင် စိတ်မြန်လက်မြန်ရှိတာပဲလား။ ချီကလန်ရဲ့ စည်းလုံးမှုကိုတော့ အသိအမှတ်ပြုပါတယ်ကွာ။”
ထျန်ရှင်းလုက အော်ဟစ်၍ ရယ်မောလိုက်ပြီး ချီသခင်ကြီး၏ အသက်မဲ့ခန္ဓာကိုယ်ကို အမှိုက်တစ်စကဲ့သို့ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“အားးးးးးးးး”
ဘိုးဘေးချီ၏ ရင်ကွဲနာကျ အော်ဟစ်သံကြီးက ညကောင်းကင်တစ်ခုလုံး ပျံ့နှံ့သွားသည်။ သူ၏လက်ထဲမှ ဓားသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူသည် ဒူးထောက်ကျကာ မိမိလက်ကို မယုံကြည်နိုင်စွာ ပြန်ကြည့်နေမိသည်။
အဝေးတွင် တိုက်ပွဲကို ရင်တမမဖြင့် ကြည့်ရှုနေကြသော ချီကလန်ဝင်များ၏ ကမ္ဘာကြီးသည်လည်း ပြိုလဲသွားတော့သည်။
“သ... သခင်ကြီး”
“ဘိုးဘေးက... သခင်ကြီးကို...”
“မဖြစ်နိုင်တာ။ ဒါ... ဒါ အိပ်မက်ဆိုးပဲ ဖြစ်ရမယ်”
သူတို့၏ အားကိုးရာ၊ သူတို့၏ ခေါင်းဆောင်သည် သူတို့၏ မျက်စိရှေ့တွင်ပင် အဘိုးတော်ဖြစ်သူ၏ လက်ချက်ဖြင့် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ အချို့မှာ ငိုယိုကြွေးကြော်ကြပြီး၊ အချို့မှာ ဒေါသဖြင့် မျက်လုံးများနီရဲလာကြသည်။
“သခင်ကြီးအတွက် လက်စားချေမယ်”
“ဒီကောင်တွေကို ဝိုင်းသတ်ကြ”
ရုတ်တရက် ချီကလန်၏ သစ္စာခံ တပ်သားများနှင့် မျိုးနွယ်ဝင် အယောက်ငါးဆယ်ခန့်သည် ဒေါသမီးများ တောက်လောင်ကာ ထျန်ရှင်းလုတို့ရှိရာသို့ သွေးဆာနေသော ဝံပုလွေများကဲ့သို့ ပြေးဝင်လာကြသည်။
သို့သော် သူတို့ မရောက်လာနိုင်ခဲ့ပါ။
ထျန်ရှင်းလု၏ နောက်နားတွင် တိတ်ဆိတ်စွာ ရပ်နေသော လီနာ နှင့် အရိပ်လုပ်ကြံသူ ၂ ယောက်၊ ညီမ ၅ တို့သည် ငြီးငွေ့စွာ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူမတို့၏ လှပသော မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်ဟန်မှလွဲ၍ ဘာခံစားချက်မှ မတွေ့ရ။
လီနာ၏ လက်ထဲမှ သွယ်လျသော ဓားရှည်သည် ညအမှောင်ထဲတွင် ငွေရောင်လခြမ်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
“ရှပ်”
လေကိုခွင်းသွားသည့် အသံတစ်ခုတည်းသာ ကြားလိုက်ရသည်။
ရှေ့ဆုံးမှ ပြေးလာသော ချီကလန်တပ်သား တစ်ဒါဇင်ခန့်သည် နေရာတွင်ပင် ရပ်တန့်သွားကြသည်။ သူတို့၏ မျက်လုံးများက အသက်မဲ့သွားပြီး လည်ပင်းများတွင် သွေးစီးကြောင်း သေးသေးလေးတစ်ခု ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် သူတို့၏ ဦးခေါင်းများသည် ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျသွားပြီး သွေးများက စမ်းရေပန်းများကဲ့သို့ ပန်းထွက်လာတော့သည်။
လီနာသည် ခြေတစ်လှမ်းပင်မခွာဘဲ၊ ပုံစံမပျက်ဘဲ ဓားတစ်ချက်သာ ဝှေ့ယမ်းလိုက်ခြင်းဖြစ်သည်။ ထိုတစ်ချက်တည်းဖြင့် ရှေ့ဆုံးမှ တပ်သားထုတစ်ဝက်ခန့်သည် အသက်ပျောက်သွားခဲ့ပြီ။
ထိုထဲတွင် အဆင့် ၄ ဝိညာဉ်သခင် ၄ ယောက်ပင်ပါလေပြီး သူတို့ ၂ ယောက်လုံးက ဘယ်လိုမှ မခုခံနိုင်လိုက်ပဲ သေဆုံးသွားကြသည်။
ကျန်ရှိသော တပ်သားများက ထိုမြင်ကွင်းကိုတွေ့ပြီး သွေးပျက်မတတ် ထိတ်လန့်ကာ ခြေစုံရပ်လိုက်ကြသည်။
သူတို့၏ ရှေ့တွင် သူတို့၏ ကလန်သားများ၏ ခေါင်းပြတ်ကိုယ်လုံးများက အရုပ်အစုတ်များကဲ့သို့ လဲကျနေပြီး၊ ထိုအလောင်းများ၏ တစ်ဖက်တွင်တော့ သွေးစက်များစွန်းနေသော ဓားရှည်ကိုကိုင်ကာ အေးစက်စွာကြည့်နေသည့် နတ်မိမယ်တစ်ပါး... သို့မဟုတ် နတ်ဆိုးမတစ်ပါးကို တွေ့လိုက်ရသည်။
ချီကလန်တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်သည် ရေခဲရိုက်ခံလိုက်ရသလို ချက်ချင်း ပျောက်ကွယ်သွားသည်။
သူတို့ ရင်ဆိုင်နေရသည်မှာ လူသားများမဟုတ်... အရာအားလုံးကို ဖျက်ဆီးရန် ရောက်လာသည့် နတ်ဘုရားများ သို့မဟုတ် နတ်ဆိုးများသာ ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြလေပြီ။
ထိုညသည် ချီကလန်အတွက် အမှောင်မိုက်ဆုံးနှင့် အရှည်ကြာဆုံး ညတစ်ည ဖြစ်လာတော့မည်မှာ သေချာနေလေသည်။
“အားးး မင်းက နတ်ဆိုးပဲ။” ချီဘိုးဘေးက ယူကြုံးမရစွာဖြင့် အော်ဟစ်လိုက်ပြီး ထျန်ရှင်းလု၏ရင်ဘတ်သို့ လက်ဝါးတစ်ချက် ရိုက်သွင်းလိုက်သည်။
“ရှီးးး”
တစ်ပြိုင်နက်တည်းတွင် ထျန်ရှင်းလုသည်လည်း သူ၏ သံမဏီခန္ဓာကိုယ်အား အသက်သွင်းလိုက်လေ၏။ သူ၏သံမဏိိခန္ဓာကိုယ်သည် မူလအဆင့်သို့ရောက်ရှိနေပြီဖြစ်လေသည်။
ထို့အတွက်ကြောင့် သူ၏ခန္ဓာကိုယ်သည် သာမန်အတိုင်းသာဖြစ်လေပြီး သိသာထင်ရှားသော အပေါ်ယံအပြောင်းအလဲများ ထွက်ပေါ်လာခြင်းမရှိချေ။
သို့သော် ထိုသည်က သူ၏သံမဏိခန္ဓာကိုယ်သည် ယခင်ကထက် အားပိုနည်းသွားသည်ဟု မဆိုလိုချေ။ အတိအကျတွက်ချက်ကြည့်လျှင် ထျန်ရှင်းလု၏ သံမဏိခန္ဓာကိုယ်သည် ယခင်ထက် ၃ ဆခွဲကျော်ပိုမို၍ အားပိုကောင်းလာသည်။
“ဒုန်း”
အားပြင်းသော လက်ဝါးချက်သည် ၃ ထပ်တိုက် အဆောက်အဦးကြီးတစ်ခုလုံးကို ပြိုကျသွားစေနိုင်သော်လည်း ထျန်ရှင်းလု၏ ရင်ဘတ်နှင့်ထိတွေ့သောအခါတွင်မူ မည်သို့မျှ ထိရောက်မှုမရှိချေ။
ထျန်ရှင်းလုသည် တစ်စင်တီမီတာမျှပင် နောက်သို့ဆုတ်မသွားဘဲ တောင်တန်းကြီးတစ်တန်းကဲ့သို့ မားမားမတ်မတ် ရပ်နေသည်။
သို့သော် ချီဘိုးဘေး၏ လက်ဝါးချက်သည် အလွန်အားပြင်းလှသည်ကိုတော့ သူတို့နှစ်ဦး၏ ခြေထောက်အောက်မှ အုတ်ကြမ်းခင်းများက သက်သေပြနေသည်။
ထိုအုတ်ကြမ်းခင်းများသည် ပင့်ကူအိမ်ကွန်ယက်ပုံစံ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
အရပ် ၆ ပေ ၇ လက်မရှိသော ထျန်ရှင်းလုသည် မျက်လုံးများပြူးကျယ်ကာ ကြောက်ရွံတုန်လှုပ်နေသော ချီဘိုးဘေးကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။
သူ၏မျက်လုံးထဲတွင် သနားခြင်းနှင့် မထီမဲ့မြင်ပြုခြင်း အရိပ်အယောင်များ ယှက်ဖြာနေသည်။
“ဒါပဲလား” သူက အေးစက်စွာမေးလိုက်ပြီးနောက် မည်သည့်သိုင်းကွက်မှမပါ၊ မည်သည့်ဝိညာဉ်စွမ်းအင်မှ မသုံးဘဲ ရိုးရှင်းသော ရုပ်ခန္ဓာအင်အား သက်သက်သာပါသော လက်ဝါးတစ်ချက်ဖြင့် ချီဘိုးဘေး၏ ရင်ဘတ်ကို ပြန်လည်ရိုက်ချလိုက်သည်။
ထိုလက်ဝါးချက်သည် မြန်ဆန်လွန်းခြင်းမရှိ၊ ရှုပ်ထွေးလွန်းခြင်းမရှိသော်လည်း ချီဘိုးဘေးအတွက်တော့ ရှောင်တိမ်း၍မရသော သေမင်းတမန်၏ လက်တစ်ဖက်နှင့်တူနေသည်။
“ခွပ်”
“ဝုန်း”
ချီဘိုးဘေး၏ ခန္ဓာကိုယ်သည် အမြောက်ဆံတစ်တောင့်ပမာ နောက်သို့လွင့်စဉ်သွားပြီး အဝေးရှိ ကျောက်နံရံကြီးတစ်ခုကို ပြင်းထန်စွာ ဆောင့်မိကာ မြေပြင်ပေါ်သို့ ပုံကျသွားတော့သည်။
သူ၏ပါးစပ်မှ သွေးများနှင့်အတူ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစအနများပါ ရောနှော၍ အန်ကျလာသည်။ သူ၏ရင်ဘတ်သည် လုံးဝကို ချိုင့်ဝင်သွားပြီး အသက်ကို မရှူနိုင်တော့ဘဲ တငွေ့ငွေ့သာ ကျန်တော့သည်။
ချီကလန်ဝင်အားလုံး၏ မျှော်လင့်ချက် နောက်ဆုံးတစ်စသည်လည်း ထိုလက်ဝါးတစ်ချက်အောက်တွင် ကြေမွသွားခဲ့ပြီ။
“ဘိုးဘေးကြီး”
“အဘိုးတော်အတွက် လက်စားချေမယ်၊ ဒီကောင်နဲ့ အသေခံတိုက်ကြ”
သွေးဆူတတ်သော ချီကလန်၏ မျိုးဆက်သစ်ဖြစ်သော သခင်လေးသုံးယောက်သည် မျက်လုံးများနီရဲကာ ရှေ့သို့ပြေးထွက်လာကြသည်။
သူတို့နှင့်အတူ ကျန်ရှိသော ကလန်သားများကလည်း အသက်ကိုစွန့်၍ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီ။
သို့သော် ထျန်ရှင်းလုက ခေါင်းကိုဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။ သူက ပြုံးလိုက်ပြီး သူ၏လက်ထဲတွင် ဆေးရနံ့သင်းပျံ့နေသော အဖြူစွတ်စွတ်ဆေးလုံးနှစ်လုံး ပေါ်လာသည်။
ထို့နောက် သူသည် မြေပြင်ပေါ်တွင် လဲကျနေသော သေလုမျောပါး ချီဘိုးဘေးနှင့် အသက်ထွက်သွားပြီဖြစ်သော ချီသခင်ကြီးတို့၏ အလောင်းရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
သူသည် ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး ထိုဆေးလုံးတစ်လုံးစီကို သူတို့နှစ်ဦး၏ ပါးစပ်ထဲသို့ အသာအယာ ထည့်ပေးလိုက်သည်။
ချီကလန်ဝင်များက သူဘာလုပ်နေသည်ကို နားမလည်နိုင်စွာ ကြည့်နေကြသည်။
နောက်တစ်ခဏတွင် မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
သေဆုံးသွားပြီဖြစ်သော ချီသခင်ကြီး၏ ရင်ဘတ်မှ ဓားဒဏ်ရာသည် အသားစိုင်များ လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း လုံးဝပျောက်ကင်းသွားသည်။
သူ၏အသက်မဲ့နေသော မျက်လုံးများတွင် အလင်းရောင်များ ပြန်လည်တောက်ပလာသည်။
တစ်ဖက်တွင်လည်း ချီဘိုးဘေး၏ ချိုင့်ဝင်နေသော ရင်ဘတ်သည် မူလအတိုင်း ပြန်ဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာအားလုံးသည် အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားသည်။
“ဒုတ်... ဒုတ်...”
သူတို့နှစ်ဦးလုံးသည် တစ်ပြိုင်နက်တည်း နှလုံးပြန်ခုန်လာပြီး အားအင်များပြည့်ဝစွာဖြင့် ရုတ်တရက် ထထိုင်လိုက်ကြသည်။
“ငါ...ငါ....ဟိုဘက်ကမ်းက အမေကိုတွေ့ခဲ့တယ်။” ချီသခင်ကြီးက ဇဝေဇဝါဖြင့်ရေရွတ်လိုက်သည်။
သူတို့နှစ်ဦးသည် မိမိတို့၏ ခန္ဓာကိုယ်ကို မယုံနိုင်စွာဖြင့် ပြန်လည်စမ်းသပ်ကြည့်ရှုနေကြသည်။ သူတို့၏ဒဏ်ရာများသာမက သူတို့၏ ဝိညာဉ်စွမ်းအင်များပါ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်နေသည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရသည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်ပင် ယခင်ကထက် အနည်းငယ်ပင် ပို၍ အားကောင်းသွားကြောင်းကို တွေ့လိုက်ရသည်။
“ဒါ... ဒါ...”
ချီဘိုးဘေးနှင့် ချီသခင်ကြီးတို့သည် ထိတ်လန့်စွာဖြင့် ထျန်ရှင်းလုကို ကြည့်လိုက်ကြသည်။ သူတို့၏စိတ်ထဲတွင် ဒေါသများထက် ကြောက်ရွံ့ခြင်းက ပို၍ကြီးစိုးနေလေပြီ။
ဤလူငယ်သည် သူတို့ကို သတ်နိုင်သလို ပြန်လည်အသက်သွင်းပေးနိုင်စွမ်းလည်း ရှိနေသည်။ သူတို့၏ အသက်သည် သူ၏လက်ထဲတွင် အရုပ်တစ်ခုမျှသာ။
ထိုအချိန်တွင် အသေခံတိုက်ခိုက်ရန် ပြေးလာနေသော ကလန်သားများကို ချီဘိုးဘေးက လက်ကာပြလိုက်သည်။
“အားလုံး ရပ်လိုက်ကြတော့”
သူ၏အသံသည် တုန်ယင်နေသော်လည်း အမိန့်သံပါနေသည်။
ချီကလန်ဝင်အားလုံး နေရာတွင်ပင် ရပ်တန့်သွားကြသည်။
ချီဘိုးဘေးနှင့် ချီသခင်ကြီးတို့သည် မြေပြင်မှ ဖြည်းညှင်းစွာထရပ်လိုက်ပြီး ထျန်ရှင်းလု၏ ရှေ့တွင် ခေါင်းငုံ့ထားလိုက်ကြသည်။
သူတို့၏ဒေါသနှင့် မာနတို့သည် လုံးဝပျောက်ကွယ်သွားခဲ့ပြီ။ သူတို့အနေဖြင့် ဤနတ်ဆိုးသဖွယ် လူငယ်၏အင်အားကို မည်သို့မျှ လွန်ဆန်နိုင်မည်မဟုတ်ကြောင်း အပြည့်အဝ သဘောပေါက်သွားကြလေပြီ။
ထျန်ရှင်းလှ၏ နှုတ်ခမ်းထောင့်များသည်တော့ အပေါ်သို့ အသာအယာတွန့်ကွေးသွားသည်။ သူက ချက်ချင်းပဲ သူ၏သွေးမိုးကြိုးဆေဘာခန္ဓာကိုယ်ကို အသက်သွင်းထားသည်အား ရပ်တန့်လိုက်၏။
ရန်သူထံမှ ရရှိသော အသက်စွမ်းအင်နှုန်းသည် သူ၏လက်ရှိသန်မာမှုနှင့် သွားရောက်တွက်ချက်လေသည်။ သူပိုသန်မာလေလေ ရလာသည့် အသက်စွမ်းအင်များကလည်း ပိုမိုနည်းပါးလာမည်ဖြစ်သည်။
ယခုအခါ ထျန်ရှင်းလုက သူ၏အထူးခန္ဓာအား ပိတ်ချလိုက်သောအခါ သူ၏လက်ရှိသန်မာမှုသည့် အားနည်းသွားလေပြီး သူရရှိနေသည့် သက်တမ်းများသည်လည်း မြင့်တတ်လာသည်။
ချီကလန်တွင် အဆင့် ၄ ဝိညာဉ်သခင်များစွာရှိနေကာ သူတို့တွေအားလုံးက ထျန်ရှင်းလုကို မကြည့်ရဲဖြစ်နေသော်လည်း ဒေါသမထွက်သည်ဟု မဆိုလိုခြင်းမဟုတ်ချေ။
ထျန်ရှင်းလုက သူ၏ နှစ် ၁၀၀၀၀ နားသို့တဖြေးဖြေးတိုးလာနေသော သက်တမ်းတို့အားကြည့်လိုက်ကာ ပြုံးလိုက်၏။ အသက်စွမ်းအင်ရှာဖွေရသည်မှာ အလွန်လွယ်ကူလွန်းလေသည်။
ထျန်ရှင်းလုက ခန့်ညားသော အပြုံးတစ်ပွင့်အား တပ်ဆင်ထားလျက် ဦးတည်ရာ တစ်နေရာသို့ လမ်းလျောက်သွားလိုက်သည်။
ချီကလန်တစ်ခုလုံးကလည်း သူ့ကိုစိုက်ကြည့်ကြနေပြီး ထျန်ရှင်းလု သွားရာ လမ်းတစ်လျောက်တွင် ရှိနေသည့် သူများကလည်း သူ့အားလမ်းဖယ်ပေးလိုက်ကြသည်။
ကောင်းကင်တွင် လမင်းကြီးက ထိန်ထိန်သာနေပြီး ကြယ်တာရာတို့က စိန်ပွင့်များပမာ တလက်လက်တောက်ပလျက်ရှိသည်။
ချီကလန်အိမ်တော်၏ ကျယ်ပြောလှသော ရင်ပြင်ကျယ်ကြီးထက်တွင်တော့ သွေးနံ့တို့က လေထုထဲ၌ ကပ်ငြိနေဆဲ။
တစ်ဖတ်သက်တိုက်ပွဲ၏ အရှိန်အဟုန်က ကွယ်ပျောက်သွားသော်လည်း ကြောက်ရွံ့ခြင်းနှင့် နာကျင်ခြင်းတို့၏ အငွေ့အသက်များကတော့ တိတ်ဆိတ်သောညကို လွှမ်းခြုံထားသည်။
ထျန်ရှင်းလုသည် ထိုရင်ပြင်ကိုဖြတ်၍ ဖြည်းညှင်းစွာ လမ်းလျှောက်နေခဲ့သည်။ သူ၏ ခြေလှမ်းတိုင်းသည် တည်ငြိမ်ပြီး ပေါ့ပါးသည်။
သူ၏နောက်တွင်တော့ လီနာနှင့် အခြားသူများက အရိပ်များပမာ တိတ်ဆိတ်စွာ လိုက်ပါနေကြ၏။ သူတို့အားလုံး၏ အမူအရာများက တည်ငြိမ်အေးစက်နေပြီး ယခုလေးတင် သမိုင်းဝင်ကလန်ကြီးတစ်ခုလုံးကို ဒူးထောက်စေခဲ့သည့် သူများဟု ထင်ရက်စရာမရှိပေ။
ကျိုးပဲ့နေသော အုတ်ချပ်များ၊ သွေးစွန်းနေသော မြေပြင်နှင့် ဒူးထောက်ခေါင်းငိုက်စိုက်ကျနေကြသော ချီကလန်မျိုးနွယ်ဝင်များကို ကျော်ဖြတ်သွားရင်း ထျန်ရှင်းလု၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူက ဘေးဘီကိုမကြည့်၊ ရှေ့တည့်တည့်ကိုသာ ကြည့်ရင်း ပုံပြင်တစ်ပုဒ်ကို ပြောနေသည့်ဟန်ဖြင့် ဖြည်းညှင်းစွာ စကားစလိုက်သည်။ သူ၏အသံသည် ညလေအေးနှင့်အတူ ပျံ့လွင့်သွား၏။
“ပုံပြင်တစ်ပုဒ်ရှိတယ်...”
သူ၏အသံက တိုးလွန်းလှသော်လည်း သူ၏နောက်မှ လိုက်ပါလာသူများနှင့် ပတ်ဝန်းကျင်တစ်ခုလုံးက အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသောကြောင့် ကြည်လင်စွာ ကြားနေရသည်။
“သခင်တစ်ယောက်က သူ့ရဲ့ခွေးလေးတစ်ကောင်ကို သိပ်ချစ်တာကွ။ အစားကောင်းတွေကျွေးတယ်၊ နွေးထွေးတဲ့နေရာမှာ ထားတယ်။ သူ့ကို ဘယ်သူမှ အနိုင်မကျင့်ရဲအောင် ကာကွယ်ပေးထားတယ်။”
“အလိုလိုက်ထားတော့ ခွေးလေးက တဖြည်းဖြည်းနဲ့ မာနတွေကြီးလာတယ်။ သူ့ကိုယ်သူ တခြားခွေးတွေထက် သာတယ်လို့ ထင်လာတယ်။ နောက်ဆုံးမှာတော့... သူ့ကိုယ်သူ သခင်နဲ့တောင် တန်းတူလို့ ထင်လာတော့တာပဲ။”
ထျန်ရှင်းလုက ခေတ္တရပ်လိုက်ပြီး လရောင်အောက်တွင် ငွေမှုန်များကဲ့သို့ တောက်ပနေသော ကျောက်တိုင်တစ်တိုင်ကို လက်ဖြင့်အသာပွတ်သပ်လိုက်သည်။ သူ၏မျက်လုံးများက အဝေးရှိ မှောင်မိုက်နေသော တောင်တန်းကြီးများဆီသို့ ရောက်ရှိနေသည်။
“ချီကလန်က အဲဒီခွေးပဲ။ သူတို့ရဲ့နယ်မြေမှာ သူတို့က ဘုရင်တွေ၊ သူတို့ရဲ့မာနက ကောင်းကင်ကို ထိုးဖောက်နေခဲ့တယ်။ ငါက သူတို့ကို အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ အလိုလိုက်ခံထားရတဲ့ခွေးက သူ့သခင်အသစ်ကို ဘယ်လိုလေးစားရမလဲဆိုတာ မသိခဲ့ဘူး။”
သူကဆက်၍ လျှောက်သွားသည်။ သူ၏ခြေလှမ်းများအောက်တွင် ကြေမွသွားသော အုတ်ခဲတစ်စ၏ အသံက ထွက်ပေါ်လာသည်။
“အဲဒီတော့... တစ်နေ့မှာ ခွေးက သခင်ကို ပြန်ကိုက်ရောကွာ။ သူ့ရဲ့ သွားစွယ်တွေက ချွန်တယ်၊ သူ့ရဲ့အကြည့်တွေက ရက်စက်တယ်၊ သူက သခင်ကို သတ်ပြီး သူ့နေရာကို လုယူနိုင်မယ်လို့ ထင်ခဲ့တာပေါ့။”
ထိုစကားကိုပြောလိုက်စဉ် သူ၏မျက်လုံးများက အသက်မဲ့ခန္ဓာများကြားတွင် ဒူးထောက်ကျနေသော ချီဘိုးဘေးနှင့် ချီသခင်ကြီးတို့ထံသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ဦး၏ မျက်လုံးများတွင် နောင်တ၊ ကြောက်ရွံ့ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ ရောယှက်နေသည်ကို သူတွေ့လိုက်ရသည်။
“အဲဒီအခါမှာ သခင်က ဘာလုပ်ရမလဲ။ ခွေးကို ချက်ချင်းသတ်ပစ်လိုက်ရင် လွယ်လွန်းတယ်။ အဲဒါက သင်ခန်းစာမဖြစ်ဘူး။ သခင်က သခင်နဲ့ ကျွန်ခွေးဆိုတဲ့ အဆင့်အတန်းကို ရှင်းရှင်းလင်းလင်းပြဖို့ ခွေးကိုသင်ခန်းစာပေးရတော့တယ်။”
ထျန်ရှင်းလု၏ လေသံက ပို၍အေးစက်လာသည်။
“ပထမဆုံးအနေနဲ့... သခင်က ခွေးရဲ့မာနကို ချိုးဖျက်ပစ်ခဲ့တယ်။ သူ့ရဲ့အင်အားအကြီးဆုံးလို့ထင်တဲ့အရာကို အသုံးမဝင်အောင်လုပ်ပြခဲ့တယ်။ ခွေးက သူ့ရဲ့သားအရင်းကိုတောင် သူ့လက်နဲ့ပြန်သတ်မိတဲ့အထိ ကစားခဲ့တယ်။ ဒါက သူ့ရဲ့ စိတ်ဓာတ်ကို အပိုင်းပိုင်းအစစဖြစ်အောင် ချိုးဖျက်လိုက်တာပဲ။”
“ဒုတိယအနေနဲ့... သခင်က သူ့ရဲ့အင်အားက ဘယ်လောက်တောင် ကြီးမားတယ်ဆိုတာ ပြခဲ့တယ်။ ခွေးရဲ့အပြင်းထန်ဆုံးကိုက်ခဲမှုက သခင့်ရဲ့အရေပြားကိုတောင် မထွင်းဖောက်နိုင်ဘူးဆိုတာကို ပြလိုက်တယ်။ အဲဒီအခါမှာ ခွေးက သူရင်ဆိုင်နေရတာ သာမန်သခင်တစ်ယောက်မဟုတ်ဘူးဆိုတာ စပြီးနားလည်လာတယ်။”
“နောက်ဆုံးနဲ့ အရေးကြီးဆုံး သင်ခန်းစာကတော့... သခင်က ခွေးကို သတ်လိုက်တယ်။ ပြီးတော့... ပြန်အသက်သွင်းပေးခဲ့တယ်။”
ဤစကားကို ကြားလိုက်ရသောအခါ ဒူးထောက်နေသော ချီကလန်ဝင်အားလုံး၏ ကိုယ်များ တုန်ခနဲဖြစ်သွားသည်။
ထိုအဖြစ်အပျက်သည် သူတို့၏ဘဝတွင် အကြောက်မက်ဖွယ်အကောင်းဆုံး အိပ်မက်ဆိုးပင်ဖြစ်သည်။
ထျန်ရှင်းလုက နောက်သို့ လှည့်မကြည့်ဘဲ ဆက်လက်ပြီးပြောလိုက်သည်။
“အဲဒီသင်ခန်းစာက ခွေးကို တစ်ခုတည်းသော အမှန်တရားကို သင်ပေးလိုက်တယ်။ အဲဒါကတော့ သူ့ရဲ့အသက်၊ သူ့ရဲ့မာန၊ သူ့ရဲ့အရာအားလုံးဟာ သခင့်ရဲ့လက်ထဲမှာပဲရှိတယ်။ သခင်က ပေးနိုင်သလို၊ အချိန်မရွေးလည်း ပြန်ယူနိုင်တယ်ဆိုတာပဲ။ သေခြင်းတရားဆိုတာတောင် သခင့်ရဲ့ခွင့်ပြုချက်မရဘဲ သူ့ဆီကို မလာနိုင်ဘူးဆိုတာကိုပေါ့။”
“အခုတော့... အဲဒီခွေးက ခွေးလိမ္မာလေးတစ်ကောင် ဖြစ်သွားပြီ။ သူ့ရဲ့သခင်က ဘယ်သူလဲဆိုတာကို သူ့ရဲ့အရိုးထဲ၊ သူ့ရဲ့ဝိညာဉ်ထဲအထိ စွဲစွဲမြဲမြဲ မှတ်မိသွားလောက်ပြီ။ ဘယ်တော့မှ မမေ့တော့ဘူး။”
သူ၏နောက်ဆုံးစကားသံသည် ညလေထဲတွင် တိုးညှင်းစွာ ပျောက်ကွယ်သွားသော်လည်း ချီကလန်တစ်ခုလုံး၏ နှလုံးသားထဲတွင်တော့ သံမှိုစွဲထားသကဲ့သို့ ထာဝရ ကမ္ပည်းထိုးကျန်ရစ်ခဲ့တော့သည်။
ထျန်ရှင်လု၏ ပုံပြင်လည်းပြီးရော သူသည် ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ အဖြူရောင်ဝတ်စုံလေးဖြင့် သူ့ကိုကြောက်ရွံစွာကြည့်နေသော ချီဒေါင်ရင်း၏အရှေ့တွင် အနီးကပ်ရပ်လိုက်သည်။
ထျန်ရှင်းလု၏ အရပ်သည် ချီဒေါင်ရင်းထက်များစွာပိုရှည်ပြီး သူက ခေါင်းကိုမငုံပဲ အေးစက်စက်မျက်လုံးတို့ကိုသာ အောက်စိုက်၍ သူမအားစိုက်ကြည့်နေသည်။
လရောင်က ထျန်ရှင်းလု၏ ကြီးမားလှသော ခန္ဓာကိုယ်အား အနောက်မှအလင်းပေးထားသောကြောင့် ချီဒေါင်ရင်းထံသို့ အရိပ်ကျနေကာ ထျန်ရှင်းလု၏ပုံရိပ်သည် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
“ချီသခင်မလေး၊ ဘယ်လိုထင်လဲ။ ဒီတစ်ခေါက်မာကော ကျွန်ခွေးက၊ သူ့ရဲ့အကြွင်းမဲ့သခင်ကို အာခံနိုင်ဦးမယ်လို့ ထင်သလား။”
ချီဒေါင်ရင်း၏ ချောမောလှပသော မျက်နှာသေးသေးလေးမှာတော့ ကြောက်ရွံမှုကြောင့် တစ်ဆက်ဆက်တုန်ယင်နေကြသည်။
ထျန်ရှင်းလုက သူမ၏လက်မောင်းသွယ်သွယ်လျလျလေးအား သံမဏီလက်သည်းကဲ့သို့စုပ်ကိုင်လိုက်ပြီး သူမ၏ အဆောင်ထဲသို့ဆွဲခေါ်သွားလိုက်သည်။
“အားးး။ မလုပ်ပါနဲ့။ အဖေ... အဘိုး... ကယ်ကြပါဦး။.
ချီဒေါင်ရင်း၏ ကြောက်ရွံ့တုန်လှုပ်နေသော အသံလေးသည် တိတ်ဆိတ်နေသော ညထဲတွင် စူးရှစွာ ထွက်ပေါ်လာသည်။
သူမ၏ မျက်ဝန်းအိမ်ထဲတွင် မျက်ရည်များက ဝေ့သီနေပြီး ဖြူဖျော့နေသော မျက်နှာလေးသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သူမ၏ အားကိုးရာ နှစ်ယောက်ထံသို့ လှမ်း၍ အကူအညီတောင်းခံနေသည်။
သို့သော်... သူမ၏အဖေ ချီသခင်ကြီးနှင့် သူမ၏အဘိုး ချီဘိုးဘေးတို့သည် ကျောက်ရုပ်တုများကဲ့သို့ မလှုပ်မယှက် ရပ်နေကြသည်။
ထျန်ရှင်းလု၏ “ကျွန်ခွေး” ပုံပြင်သည် သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ။
သူတို့၏ မျက်လုံးရှေ့တွင် မိမိတို့၏ သမီး၊ မြေးမလေးသည် နတ်ဆိုးတစ်ကောင်၏ လက်ထဲသို့ ဆွဲခေါ်သွားခြင်းကို ခံနေရသည်။
သူတို့၏ နှလုံးသားသည် ဓားအချက်ပေါင်းများစွာဖြင့် အမွှန်းခံနေရသကဲ့သို့ နာကျင်နေသည်။ သူတို့၏ လက်သီးများသည် သွေးများထွက်လာသည်အထိ တင်းတင်းဆုပ်ထားမိပြီး သွေးကြောများက ပေါက်ကွဲထွက်မတတ် ထောင်ထနေသည်။
အာခံရမည်လော။
ဤမေးခွန်းသည် သူတို့၏ စိတ်ထဲတွင် လျှပ်စီးကဲ့သို့ တစ်ချက်လက်သွားသည်။
ဒေါသနှင့် ဂုဏ်သိက္ခာက သူတို့ကို ရှေ့သို့တက်၍ အသက်စွန့်တိုက်ခိုက်ရန် တိုက်တွန်းနေသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်နေသော ကြောက်ရွံ့မှုက သူတို့၏ ခြေထောက်များကို မြေကြီးထဲသို့ သံမှိုစွဲထားသကဲ့သို့ ရပ်တန့်စေသည်။
သူတို့သည် သေခြင်းတရားကို မြည်းစမ်းပြီးသွားပြီ။ ထို့ထက်ပို၍ ကြောက်စရာကောင်းသည်မှာ သေခြင်းတရားကိုပင် ထိန်းချုပ်နိုင်သော ထိုလူငယ်၏ စွမ်းအားဖြစ်သည်။
သူ၏ လက်ဖျားတစ်ချက်လှုပ်ရုံဖြင့် ချီကလန်တစ်ခုလုံးသည် သမိုင်းစာမျက်နှာပေါ်မှ ပြာမှုန်များအဖြစ် ပျောက်ကွယ်သွားနိုင်သည်ကို သူတို့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးပြီ။
ခုခံလျှင်... ချီကလန်တစ်ခုလုံး မြေပုံပေါ်မှ ပျောက်သွားမည်။ မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သော သွေးသားအားလုံးသည် သူတို့၏ မိုက်မဲသော ဆုံးဖြတ်ချက်တစ်ခုကြောင့် အဆုံးသတ်သွားမည်။
မျက်စိမှိတ် မျက်နှာလွှဲထားလျှင်... သူတို့၏ သမီး၊ သူတို့၏ မြေးမလေး... သူတို့၏ နှလုံးသားတစ်ခြမ်းကို ထိုနတ်ဆိုးထံသို့ ပူဇော်သကာအဖြစ် ဆက်သရမည်။ သူတို့၏ ဂုဏ်သိက္ခာနှင့် ယောကျ်ားမာနသည် ထိုညတွင် သေဆုံးသွားလိမ့်မည်။
ထိုရွေးချယ်စရာနှစ်ခုကြားတွင် သူတို့၏ စိတ်ဝိညာဉ်သည် အရှင်လတ်လတ် ငရဲကျနေသကဲ့သို့ ခံစားနေရသည်။
ချီဒေါင်ရင်း၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော အော်ဟစ်သံသည် တဖြည်းဖြည်း တိုးလျှသွားပြီး အဆောင်တံခါး ပိတ်သွားသည့် “ဂျက်” ဆိုသည့် အသံက သူတို့၏ နှလုံးသားကို တစ်စစီ ဆွဲဖြဲလိုက်သလိုပင်။
ချီဘိုးဘေး၏ မျက်လုံးထောင့်မှ သွေးတစ်စက်ကဲ့သို့ နီရဲသော မျက်ရည်တစ်စက် စီးကျလာသည်။ သူသည် အံကိုကြိတ်ထားရင်းမှ သူ၏ မျက်လုံးများကို တင်းတင်းမှိတ်ချလိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထိန်းချုပ်မရအောင် တုန်ယင်လာပြီးနောက် ဒူးများကွေးညွှတ်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။
ချီသခင်ကြီးသည်လည်း သူ၏အဖေကဲ့သို့ပင်။ သူ၏မျက်လုံးများသည် ဝိညာဉ်မရှိသော လူတစ်ယောက်ကဲ့သို့ အသက်မဲ့နေသည်။ သူသည် လက်သီးဆုပ်ကို ဖြည်းညှင်းစွာ ဖြည်ချလိုက်ပြီး ခေါင်းကို ငိုက်စိုက်ချထားလိုက်သည်။
သူတို့ ရွေးချယ်ပြီးသွားပြီ။
သူတို့သည် သူတို့၏ ဂုဏ်သိက္ခာကို စတေးပြီး သူတို့၏ ကလန်ကို ရွေးချယ်လိုက်သည်။
သူတို့၏ ထိုလုပ်ရပ်ကို မြင်လိုက်ရသော ကျန်သည့်ချီကလန်ဝင်အားလုံး၏ နှလုံးသားထဲတွင် နောက်ဆုံးကျန်ရှိနေသော တိုက်ခိုက်လိုစိတ် မီးတောက်လေးသည်လည်း လုံးဝကို ငြိမ်းအေးသွားတော့သည်။
သူတို့၏ ဘိုးဘေးနှင့် သခင်ကြီးပင် ဒူးထောက်အရှုံးပေးလိုက်နေပြီဆိုလျှင် သူတို့မှာ ဘာများတတ်နိုင်ဦးမည်နည်း။
ရင်ပြင်တစ်ခုလုံးတွင် သောကဗျာပါဒနှင့် နာကျင်စွာ ငိုရှိုက်သံများက တိတ်တဆိတ် ပျံ့နှံ့လာသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်မှ ရှေ့သို့တစ်လှမ်းမတိုးရဲကြပေ။
လီနာနှင့် အရိပ်လုပ်ကြံသူများသည် ထိုမြင်ကွင်းကို မည်သည့်ခံစားချက်မှမရှိသော မျက်နှာများဖြင့် ကြည့်နေကြသည်။
သူတို့အတွက်မူ ဤသည်မှာ သခင်၏ လမ်းကြောင်းပေါ်တွင် ကြားဝင်ပိတ်ဆို့သူတိုင်း ကြုံတွေ့ရမည့် ကြမ္မာသာဖြစ်သည်။
ညီမ ၅ တစ်ယောက်ထဲကသာ ချီကလန်ဝင်တို့အား အနည်းငယ်စာနာသော အကြည့်တို့ဖြင့်ကြည့်နေသည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၆၆ - ၁၆၇ - ၁၆၈ - ၁၆၉ - ၁၇၀) ပြီး