← Chapters

အခက်အခဲနောက်မှ ကံကောင်းခြင်းသို့ရောက်လာခြင်း။ ပန်းပဲဌာန၏ လူသစ်။ (၁)

Vol. 21 Ch. 303

အခက်အခဲနောက်မှ ကံကောင်းခြင်းသို့ရောက်လာခြင်း။ ပန်းပဲဌာန၏ လူသစ်။ (၁)

Vol. 21 Ch. 303

“ဟုတ်တယ်.. သူ့ကိုယ်သူ တော်ဝင်မိသားစုကလူလို့ပြောတဲ့ မောက်မာတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက ကျွန်တော်နဲ့ ယှဉ်ပြိုင်ဖို့ အတင်းအကျပ် ပြောနေတာနဲ့ သူ့ကို ဒီအတိုင်း သတ်ပစ်ရုံကလွဲလို့ တခြားနည်းလမ်း မရှိခဲ့ဘူး။”

စူးချန်ခုန်းလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။

သွေးဆယ့်သုံးက စူးချန်ခုန်းကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေလေ၏။ သူက မျိုးရိုးမြင့်မိသားစုက သားစဉ်မြေးဆက်တွေရဲ့ အစွမ်းသတ္တိကို ကောင်းကောင်း သိသည်။ သူတို့က အဆင့်တူ သိုင်းပညာရှင်တွေထက် အများကြီး ပိုအားကောင်းပြီး ပြိုင်ဘက်ထက် အားနည်းနေရင်ဝောာင် အောင်ပွဲခံနိုင်တဲ့ အထူးသွေးမျိုးဆက်တွေပိုင်ဆိုင်ထားကြသည်။

အစက သွေးဆယ့်သုံးဟာ သူ့ရဲ့ ထူးခြားမှုကြောင့် သွေးမြူခိုးမျှော်စင်အတွက် ဖောက်သည်အဖြစ် ‘နွားနတ်ဆိုးဘုရင်’ ကို အဆင့်မြင့်ပေးချင်ခဲ့ပေမယ့် ဒီ ‘နွားနတ်ဆိုးဘုရင်’ က မျှော်လင့်ထားတာထက် အများကြီး ပိုထူးခြားနေသည်။

သူက ဟွမ်ဖူဟုန်လန်ကို သတ်ရုံသာမက မြင့်မြတ်တဲ့ မိသားစုရဲ့ သားစဉ်မြေးဆက်ကိုပါ သတ်ခဲ့သည်။ ဒါက မမျှော်လင့်ထားသည့်အရာပင်။

“ဘာမေးချင်တာလဲ” သွေးဆယ့်သုံးက ပြောလိုက်သည်။

“သစ်မြွေချိပ်စည်းက ဘာအတွက်လဲဆိုတာ ကျွန်တော် သိချင်တယ်။” စူးချန်ခုန်းက ပြောလိုက်သည်။ ဒါကို သူ့ရဲ့ချီစွမ်းအင်နဲ့သာ ဖိနှိပ်ပြီး ပေါ်လာတာကို တားဆီးနိုင်ခဲ့ပေမယ့် ဖယ်ရှားပစ်နိုင်ခြင်း မရှိပါ။ သစ်မြွေချိပ်စည်းရဲ့ ရည်ရွယ်ချက်အတိအကျကို သူပြင်ဆင်ထားဖို့ နားလည်ထားမှဖြစ်မည်။

သွေးဆယ့်သုံးဟာ ဘာကိုမှ မဖုံးကွယ်ထားဘဲ ချက်ချင်း ပြောပြခဲ့သည် “နှစ်တစ်ထောင်မျိုးဆက် မြင့်မြတ်တဲ့ မိသားစုကြီးတွေက တကယ့်ကို အကောင်ကြီးကြီးတွေပဲ။ အဲ့လိုပဲ သူတို့ရဲ့ မိသားစုဝင်တွေကလည်း အတော်လေး ရှားပါးတယ်။ မိသားစုဝင်တိုင်းက မြင့်မြတ်တဲ့ မိသားစုအတွက် အဖိုးတန်ရတနာနဲ့ အရင်းအမြစ်တွေပဲ။ ဒါ့အပြင် အထူးအကြောင်းပြချက်တွေကြောင့် သူတို့ရဲ့ မိသားစုဝင်တွေကို ပြင်ပက တခြားသူတွေ သတ်ဖြတ်ခံရမှာကို ကာကွယ်ဖို့အတွက် မျိုးရိုးမြင့်မိသားစုရဲ့ မျိုးဆက်တိုင်းမှာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အမှတ်အသားတစ်ခု ရှိတယ်။ သူတို့ကို သတ်လိုက်တဲ့ဘယ်သူမဆို အဲ့ဒီအမှတ်အသားက သူတို့သေပြီးတာနဲ့ လူသတ်သမားအပါ်ကို သူ့အလိုလို တံဆိပ်ခတ်ပေးလိမ့်မယ်။”

စူးချန်ခုန်းဟာ မုကျင်ကို သတ်လိုက်တဲ့အခါ ဘာကြောင့် သူ့ခန္ဓာကိုယ်ထဲကို စွမ်းအင်တစ်ခု ထိုးဖောက်ဝင်ရောက်ပြီး အမှတ်အသားတစ်ခု ချန်ခဲ့တယ်ဆိုတာကို ချက်ချင်း သဘောပေါက်သွားသည်။ ဒါဟာ သီးသန့်ကိစ္စတော့မဟုတ်ပါ။ မြင့်မြတ်တဲ့ မိသားစုရဲ့ မျိုးဆက်တိုင်းမှာ ဒီလို အမှတ်အသားမျိုးရှိပြီး သူတို့ကို သတ်တဲ့သူကို တံဆိပ်ခတ်လိုက်မှာပင်။ မုမိသားစုရဲ့ အမှတ်အသားကို သစ်မြွေချိပ်စည်းလို့ လူသိများကြသည်။

“ဒီအမှတ်အသားရဲ့ အကျိုးသက်ရောက်မှုအတွက်ကတော့… အရမ်းရိုးရှင်းပါတယ်။ တူညီတဲ့ သွေးမျိုးဆက်ရှိသူတွေဟာ အမှတ်အသားရဲ့ ချိတ်ဆက်မှုကို အသုံးပြုပြီး လူသတ်သမားကို ခြေရာခံနိုင်တယ်။”

သွေးဆယ့်သုံးကလည်း အမှတ်အသားရဲ့ ရည်ရွယ်ချက်အတိအကျကို ဖော်ပြခဲ့သည်။ ဒါက လူသတ်သမားကို ခြေရာခံဖို့ အသုံးပြုခဲ့တာပင်။

စူးချန်ခုန်းရဲ့ နှုတ်ခမ်းထောင့်တွေက သူ့မျက်နှာဖုံးအောက်မှာ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။ ဘယ်သူမှ မျိုးရိုးမြင့်မိသားစုတွေရဲ့ သားစဉ်မြေးဆက်တွေကို ရန်မစချင်ကြတာ အံ့သြစရာမဟုတ်တော့ပါ။ သူတို့က အစွမ်းထက်ရုံကြောင့်သာမက အကြီးအကဲတွေကို နှိုးဆွဖို့ အငယ်တွေနဲ့ တိုက်ခိုက်နေရသလိုပင်။

မျိုးရိုးမြင့်မိသားစုက လူတစ်ယောက်ကို သတ်လိုက်ရင် သူတို့ရဲ့သွေးမျိုးဆက်ထဲမှာပါတဲ့ အမှတ်အသားက လူသတ်သမားကို သူတို့သေဆုံးချိန်မှာ အမှတ်အသားပြုလိုက်မှာဖြစ်ပြီး အဲဒီမိသားစုရဲ့ တခြားသားစဉ်မြေးဆက်တွေက သူတို့ရဲ့ဆွေမျိုးသားချင်းအတွက် လက်စားချေဖို့ လူသတ်သမားကို ခြေရာခံဖို့ အသုံးပြုနိုင်ပါသည်။

“ဒီနည်းလမ်းက မိစ္ဆာနတ်ဆိုးရဲ့ နည်းလမ်းတွေနဲ့ အရမ်းဆင်တူတာပဲ”

စူးချန်ခုန်း တိတ်တဆိတ် တွေးလိုက်မိသည်။ အဲဒီတုန်းက သူဟာ ဖုန်းမော့လက်ချက်နဲ့ ဒဏ်ရာရခဲ့တာကြောင့် သူ့ခန္ဓာကိုယ်ထဲမှာ မိစ္ဆာချီရဲ့ အရိပ်အယောင်တွေ ကျန်ရှိနေခဲ့ပြီး မိစ္ဆာနတ်ဆိုးက သူ့ကို အလွယ်တကူ ရှာတွေ့နိုင်ခဲ့သည်။

"ဒီသစ်မြွေချိပ်စည်းကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းရှိလား"

စူးချန်ခုန်းက သွေးဆယ့်သုံးကို လေးနက်တဲ့လေသံနဲ့ မေးလိုက်ပြီး ထိုချိပ်စည်းကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ သိချင်နေသည်။

မုမိသားစုဟာ မုကျင်ရဲ့ သေဆုံးမှုကို အခုပဲ သိလိုက်ပြီဖြစ်ရမည်။ စဉ်းစားစရာမလိုဘဲ မုမိသားစုက အရာအားလုံးကို လွှတ်မပေးဘူးဆိုတာနဲ့ အစွမ်းထက်တဲ့လူတစ်ယောက်က မကြာခင်မှာ အမှတ်အသားနောက်ကို လိုက်လာပြီး သူ့ကို သတ်ကာ မုကျင်နဲ့အတူ မြှုပ်နှံမယ်ဆိုတာ စူးချန်ခုန်း သိသည်။

ဘယ်လောက်ပဲ စိတ်ကြီးဝင်နေပါစေ စူးချန်ခုန်းက ထောင်စုနှစ်သက်တမ်းရှိတဲ့ မျိူးရိုးမြင့်မိသားစုကို ယှဉ်နိုင်မယ်လို့ မထင်ပါ။ မုကျင်ဟာ မုမိသားစုထဲက ငယ်ရွယ်တဲ့ သိုင်းပညာရှင်တစ်ယောက်သာဖြစ်ပြီး စူးချန်ခုန်းက သူ့ကို ခုတ်ထစ်ဖို့ အစွမ်းကုန် အားထုတ်ခဲ့ရသည်။

ရောက်လာတဲ့သူတွေဟာ မုကျင်ရဲ့ မိဘတွေ ဒါမှမဟုတ် မုမိသားစုရဲ့ အကြီးအကဲ ဒါမှမဟုတ် မိသားစုခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ရင် သူ ရုန်းကန်ရလိမ့်မည်။

သွေးဆယ့်သုံးက အတန်ငယ် ခေါင်းညိတ်လိုက်သည်။ "အင်း.. သဘာဝအတိုင်း ပျောက်ကွယ်သွားတဲ့အထိ စောင့်လိုက်ပါ။ ခြောက်လကနေ လအနည်းငယ်အထိဆိုရင် ပျောက်သွားလောက်ပြီ။"

စူးချန်ခုန်းက တိတ်တဆိတ် နားထောင်နေလိုက်သည်။ ခြောက်လကနေ လအနည်းငယ်အထိဆိုရင်... မုမိသားစုရဲ့ ကျွမ်းကျင်ပညာရှင်တွေက သူ့ကို ရှာတွေ့နေလောက်ပြီ။ သူတို့ စိမ်ပြေနပြေ လိုက်ရှာနေရင်တောင်မှပေါ့။

"နောက်တစ်နည်းကတော့ သွေးမြူခိုးမျှော်စင်ရဲ့ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး ဖယ်ရှားပစ်ဖို့ပဲ။ သွေးမြူခိုးမျှော်စင်ကို မင်းဝင်မယ်ဆိုရင် သစ်မြွေချိပ်စည်းကို အခမဲ့ ဖယ်ရှားပေးနိုင်တယ်။"

သွေးဆယ့်သုံးက စူးချန်ခုန်းကို သွေးမြူခိုးမျှော်စင်ထဲဝင်ဖို့ တိုက်ရိုက် ဖိတ်ခေါ်ရင်း ပြောလိုက်သည်။

“သွေးမြူခိုးမျှော်စင်ထဲ ဝင်ဖို့လား။”

စူးချန်ခုန်း မျက်မှောင်ကြုတ်ပြီး စိတ်ထဲ တွေးနေမိသည်။ သူဟာ သွေးမြူခိုးမျှော်စင်ရဲ့ အဖွဲ့ဝင်မဟုတ်ဘဲ သူတို့ရဲ့ ဖောက်သည်အဖြစ်နှင့် သွေးမြူခိုးမျှော်စင်နဲ့ အရောင်းအဝယ်လုပ်ခဲ့ဖူးသည်။

“ဟုတ်တယ်။ သွေးမြူခိုးမျှော်စင်ရဲ့ သံတမန်တွေဖြစ်တဲ့ ငါတို့ဟာ ဖောက်သည်တွေကို ရှာဖွေရုံသာမက သွေးမြူခိုးမျှော်စင်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ဖို့ အလားအလာရှိတဲ့သူတွေကိုလည်း ရှာဖွေနေတာ။ မင်းရဲ့စွမ်းရည်က အတော်လေး ထူးခြားတယ်ဆိုတာ ငါဝန်ခံပါတယ်။ မင်းက သွေးမြူခိုးမျှော်စင်ထဲ ဝင်ဖို့ အရည်အချင်းပြည့်မီတယ်။”

သွေးဆယ့်သုံးက သူ့ရဲ့သဘောကျမှုနဲ့ ရည်ရွယ်ချက်ကို မဖုံးကွယ်ဘဲ ခေါင်းညိတ်ပြလိုက်သည်။

သွေးမြူခိုးမျှော်စင်ရဲ့ အဓိကအဖွဲ့ဝင်တွေက အနည်းငယ်သာရှိပြီး တစ်ယောက်ချင်းစီက အထက်တန်းအဆင့်တွေဖြစ်ကြသည်။ အများစုမှာ သွေးမြူခိုးမျှော်စင်ရဲ့ တာဝန်တွေကို ‘ဖောက်သည်’ တွေဆီ ပေးအပ်ထားပြီး သွေးမြူခိုးမျှော်စင်ရဲ့ အဓိကအဖွဲ့ဝင်တစ်ယောက်က ကိုယ်တိုင် လုပ်ဆောင်တဲ့အခါ လုံးဝကွဲပြားပါသည်။

စူးချန်ခုန်းက ဟွမ်ဖူဟုန်လန်ကိုသာ သတ်ခဲ့ရင် သွေးဆယ့်သုံးက သူ့ကို သွေးမြူခိုးမျှော်စင်ထဲ ဝင်ဖို့ ဖိတ်ခေါ်မှာ မဟုတ်ပေမယ့် စူးချန်ခုန်းက မျိုးရိုးမြင့်မိသားစုရဲ့ မျိုးဆက်တစ်ယောက်ကိုလည်း သတ်ခဲ့ပြီး သွေးဆယ့်သုံးကို တုန်လှုပ်စေခဲ့တာကြောင့် သွေးမြူခိုးမျှော်စင်ထဲ ဝင်ဖို့ထိုက်တန်တယ်လို့ ယုံကြည်ခဲ့သည်။

ထို့အပြင် စူးချန်ခုန်းက မုမိသားစုရဲ့ မျိုးဆက်ကို သတ်ပြီး သစ်မြွေချိပ်စည်းနဲ့ တံဆိပ်ခတ်ခံခဲ့ရတာကြောင့် မုမိသားစုရဲ့ ပစ်မှတ် ဖြစ်လာခဲ့သည်။ သွေးဆယ့်သုံးရဲ့အမြင်မှာ စူးချန်ခုန်းမှာ တခြားရွေးချယ်စရာ မရှိသလောက်ပင်။

“အဲ့ဒါ့အပြင် သစ်မြွေချိပ်စည်းကို ရှောင်ရှားဖို့ တခြားနည်းလမ်းတွေ ရှိသေးလား။”

စူးချန်ခုန်းက သွေးဆယ့်သုံးရဲ့ ဖိတ်ကြားချက်ကို မတုံ့ပြန်ဘဲ ထပ်မေးလိုက်သည်။

“နောက်တစ်ချက် ရှိပါသေးတယ်။ ချီစွမ်းအင်အနှစ်သာရနဲ့ ဖိနှိပ်ထားရင် အဲဒါက သစ်မြွေချိပ်စည်းရဲ့ ခြေရာခံမှုကို မမှန်ကန်စေဘဲ ခန့်မှန်းခြေအကွာအဝေးကိုသာ ဆုံးဖြတ်နိုင်တယ်။”

သွေးဆယ့်သုံးက အမှန်အတိုင်း ပြန်ဖြေခဲ့သည်။

“ခန့်မှန်းခြေအကွာအဝေးကိုပဲ ဆုံးဖြတ်နိုင်တယ်ဆိုရင်… အဲဒီလိုဆိုရင် ငါ့ပတ်ဝန်းကျင်မှာ လူတွေ ပိုများလေ ရှာတွေ့ဖို့ ပိုခက်လေပဲ။”

စူးချန်ခုန်း အတွေးတစ်ခု ပေါ်လာခဲ့သည်။

သစ်မြွေစည်းတံဆိပ်ကို ချီစွမ်းအင်ဖြင့် ဖိနှိပ်ခြင်းဖြင့် ခြေရာခံသူသည် တိကျသောတည်နေရာကို မသတ်မှတ်နိုင်ပါ။ လူထူထပ်သောနေရာများတွင် ပုန်းအောင်းပြီး ထိုသူတွင် နက်ရှိုင်းသောခွန်အားရှိကာ ၎င်းကို အမြဲတမ်းဖိနှိပ်ထားနိုင်လျှင် ခွဲခြားသိရှိရန် အတော်လေး ခက်ခဲလိမ့်မည်။ သစ်မြွေချိပ်စည်းကို ဖိနှိပ်ဖို့ဆိုရင် ချီစွမ်းအင်ကို အဆက်မပြတ် အသုံးပြုရပေမည်။

All Chapters