← Chapters

တာ့ဖုန်းပြည်နယ်အုပ်ချုပ်ရေးမှူး။ သွေးမျိုးဆက်အားတုံ့ပြန်မှု။ (၃)

Vol. 21 Ch. 309

တာ့ဖုန်းပြည်နယ်အုပ်ချုပ်ရေးမှူး။ သွေးမျိုးဆက်အားတုံ့ပြန်မှု။ (၃)

Vol. 21 Ch. 309

သူတို့ဒီလိုလုပ်ရဲရင် မုမိသားစုက ပွင့်ပွင့်လင်းလင်း ပုန်ကန်တာနဲ့တူပြီး မဟာမီးတောက်အင်ပါယာမှာ သူတို့နေဖို့ နေစရာရှိတော့မှာ မဟုတ်ပါ။

“ကျင်အာက သူ့ဘဝကို အဆင့်တက်အောင်လုပ်ဖို့နဲ့ အတွေ့အကြုံရဖို့ တာ့ဖုန်းပြည်နယ်မြို့တော်ကို ရောက်လာပြီး ဒီမှာ သူ့အသက်ဆုံးရှုံးခဲ့ရတာကြောင့် ဒီကိစ္စမှာ ဖေယန်ရဲ့ပတ်သက်မှုလည်း မကင်းဘူး။” မုရှင်းက အံကြိတ်ပြီးပြောလိုက်သည်။

မျိုးရိုးမြင့်အိမ်တော်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ ကျင်အာလည်း အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ဖို့ လိုသည်။ မုမိသားစုကနေ ထွက်ခွာပြီး တာ့ဖုန်းပြည်နယ်မြို့တော်မှာ ဘဝကို တွေ့ကြုံခံစားဖို့ ထွက်သွားရင်တောင်မှ ရလဒ်က အချိန်မတန်ခင် သေဆုံးသွားခဲ့ရသည်။ သူ့အဖေတစ်ယောက်အနေနဲ့ မုရှင်းက လူသတ်သမားကို အပိုင်းပိုင်းစုတ်ဖြဲလိုခဲ့သည်။

“ကောင်းပြီ။ ဖေယန်နဲ့ အရင်တွေ့ပြီး သူဘာပြောမလဲဆိုတာ ကြည့်ကြရအောင်။ ကျင်အာကိုသတ်တဲ့သူက တာ့ဖုန်းသံမဏိမြင်းတပ်က ဆရာသခင်တစ်ယောက်ဖြစ်ဖို့များတယ်။”

အစိမ်းရောင်ဝတ်ရုံဝတ်ထားတဲ့လူက မုရှင်းထက် အများကြီးပိုတည်ငြိမ်သည်။ အခုလုပ်ရမှာက ပြည်နယ်အုပ်ချုပ်ရေးမှူး ဖေယန်နဲ့တွေ့ပြီး သူ့ဆီက အခြေအနေကို လေ့လာကာ လူသတ်သမားကို ဖမ်းဆီးဖို့ ပူးပေါင်းဆောင်ရွက်စေဖို့ပင်။

ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်တော်က တာ့ဖုန်းသံမဏိမြင်းတပ်စခန်းနဲ့ မဝေးတဲ့နေရာမှာ တည်ရှိသည်။

သူတို့ရဲ့အမည်တွေကို ပြောပြပြီးတဲ့နောက် မုရှင်းတို့က ပြည်နယ်အုပ်ချုပ်ရေးမှူး ဖေယန်နဲ့ အလွယ်တကူ တွေ့ဆုံနိုင်ခဲ့သည်။

ဂုဏ်သရေရှိဧည့်သည်တွေအတွက် သီးသန့်ထားတဲ့ ဇိမ်ခံဧည့်ခန်းမှာ မုရှင်းနဲ့ အစိမ်းရောင်ဝတ်ရုံဝတ်ထားတဲ့လူ နှစ်ယောက်စလုံးက စောင့်နေခဲ့ကြသည်။

"အလုပ်အရမ်းများနေလို့ အရှင်တို့နှစ်ယောက်ကို စောင့်ခိုင်းမိသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ။"

ခဏအကြာမှာ လူတစ်ယောက်က မြန်မြန်ဆန်ဆန် ချဉ်းကပ်လာတဲ့အခါ အသံတစ်ခု ထွက်ပေါ်လာသည်။

အနှီလူက ဇိမ်ခံအဝတ်အစားတွေ ဝတ်ဆင်ထားပြီး အသက်လေးဆယ်ကျော်အရွယ်မှာ ဒေါသကင်းတဲ့ ဩဇာအာဏာရှိသည့် လူကြီးတစ်ယောက်၏ ထူးခြားတဲ့ ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားသည်။

ထိုလူက တာ့ဖုန်းပြည်နယ်အုပ်ချုပ်ရေးမှူး ဖေယန်ပင် ဖြစ်သည်။

အစိမ်းရောင်ဝတ်ရုံဝတ်ထားသောလူသည် မတ်တပ်ရပ်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။ “ကျွန်တော်က မုမိသားစုက မုရွှင်းပါ။ ပြည်နယ်အုပ်ချုပ်ရေးမှူးဖေကို လာတွေ့တာပါ။”

“ဒါဆို မုမိသားစုကလူတွေပေါ့။” ဖေယန် အံ့အားသင့်သွားပုံရပြီး “တစ်ခုခုပြောစရာရှိလို့ အဝေးကနေ လာခဲ့တာပဲ။”

မုရွှင်း မပြောနိုင်ခင်မှာပဲ မုရှင်းက သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးဖေ၊ ကျွန်တော်က ကျွန်တော့်သား ကျင်အာအတွက် ရောက်လာတာပါ။ သူက ခင်ဗျားရဲ့ တာ့ဖုန်းသံမဏိမြင်းတပ်မှာ သောင်းစုတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးညက ကျွန်တော်တို့ရဲ့ သွေးမျိုးဆက်စည်းတံဆိပ်ရဲ့ အထိအတွေ့ကြောင့် သူသေသွားပြီလို့ ခံစားလိုက်ရတယ်။ လူသတ်သမားကို ဖမ်းဆီးပြီး ကောင်းကင်ဘုံက ကျွန်တော့်သားရဲ့ ဝိညာဉ်ကို နှစ်သိမ့်ဖို့ ဒီကိုရောက်လာတာပါ။”

“ကျင်အာ.. သေပြီလား။”

ဖေယန်က အမှန်တကယ် အံ့အားသင့်သွားပုံရပေမယ့် အားလုံးက ဟန်ဆောင်တာ မဟုတ်ပါ။

အဲဒီညမှာ မုကျင်ဟာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့ပြီး ဒီနေ့အထိ ပြန်ရောက်မလာသေးပါ။ ထျဲဟေးနှင့် သူနဲ့အတူ လိုက်ပါလာတဲ့ သောင်းစုတပ်မှူးတွေက သူအသတ်ခံရနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် အလောင်းကို မမြင်ဘဲ အတည်မပြုနိုင်ခဲ့ပေ။

ဒါပေမယ့် မုကျင်ရဲ့ဖခင်ကိုယ်တိုင် တာ့ဖုန်းပြည်နယ်မြို့ကို ရောက်လာတဲ့အခါ မုကျင်ဟာ အမှန်တကယ် အသတ်ခံရတယ်ဆိုတာ အတည်ပြုနိုင်ခဲ့သည်။

ဖေယန်က သက်ပြင်းချပြီး ဆိုလေ၏။ “အရင်က သံသယတွေရှိခဲ့ပေမယ့်… ဒါပေမယ့် အရှင်မုရှင်း၊ ကျေးဇူးပြုပြီး စိတ်ကိုတည်ငြိမ်အောင်ထားပေးပါ”

“အုပ်ချုပ်ရေးမှူးဖေ၊ ရက်အတော်ကြာနေပြီ။ သတင်းတချို့တော့ သိထားရမယ် မဟုတ်လား” တစ်ဖက်က မုရွှန်းက ပိုတည်ငြိမ်တဲ့ပုံပေါက်ပြီး သူ့အသံက ဩရှရှနှင့်။

ဖေယန်က ဘာမှဖုံးကွယ်မထားဘဲ သူတို့ကို အသိပေးလိုက်သည် “အဲဒီနေ့မှာ သံမဏိဓားဂိုဏ်းက သူပုန်တွေနဲ့ ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့ ရခဲ့ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ သောင်းစုမှူးသုံးဦးက တာ့ဖုန်းသံမဏိမြင်းတပ်ကို ဦးဆောင်ခဲ့ပြီး ကျင်အာလည်း အဲဒီထဲမှာ ပါဝင်ခဲ့တယ်။ ဒါပေမယ့် သံမဏိဓားဂိုဏ်းခေါင်းဆောင် ဟွမ်ဖူဟုန်လန်ကို အယောင်ဆောင်ထားတဲ့သူတစ်ယောက်က သတ်ပစ်လိုက်ပြီးပြီ။ သူ့ရဲ့အမည်ကို မသိရပေမယ့် မုကျင်က သူ့အကြောင်း အရမ်းသိချင်တာနဲ့ သူ့နောက်ကို လိုက်သွားခဲ့ပြီး ကျွန်တော်တို့နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက သူ့ကို အဆိပ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်။”

“အဲဒီလူက ဘယ်သူလဲ”

မုရှင်းက ချက်ချင်းမေးလိုက်သည်။

“စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ ဟွမ်ဖူဟုန်လန်ရဲ့ ရန်သူဖြစ်တဲ့ တန်မိသားစုက ရှန်ရှင်းကို ကျွန်တော်တို့ ဖမ်းဆီးခဲ့ပါတယ်။ ဟွမ်ဖူဟုန်လန်က သူ့မိသားစုကို သတ်ခဲ့လို့ ရှန်ရှင်းက သွေးမြူခိုးမျှော်စင်ဆီ ချဉ်းကပ်ပြီး ဟွမ်ဖူဟုန်လန်ကို လုပ်ကြံဖို့ တန်ဖိုးကြီးကြီးမားမားကို ပေးခဲ့ရတယ်ဆိုတာ သူ့ဆီက ကျွန်တော်တို့ သိခဲ့ရတယ်။ ဟွမ်ဖူဟောင်လန်ကို သတ်ပြီး ကျင်အာကို သတ်ခဲ့တဲ့သူဟာ သွေးမြူခိုးမျှော်စင်နဲ့ ဆက်စပ်နေနိုင်ပါတယ်” ဟူ၍ ဖေယန်က သူစုဆောင်းထားတဲ့ သတင်းအချက်အလက်တွေကို ပြန်ပြောပြခဲ့သည်။

မုကျင်သည် မျိုးရိုးမြင့်မိသားစု၏ မျိုးဆက်တစ်ဦးဖြစ်ပြီး တာ့ဖုန်းသံမဏိမြင်းတပ်၏ သောင်းစုတပ်မှူးတစ်ဦးလည်းဖြစ်သောကြောင့် သူပျောက်ဆုံးသွားပြီးနောက် တာ့ဖုန်းပြည်နယ်မြို့တော်အတွင်း အပြည့်အဝစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သဲလွန်စတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ လူသတ်သမားသည် သွေးမြူခိုးမျှော်စင်နှင့် စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး ၎င်း၏အဖွဲ့ဝင်တစ်ဦးဖြစ်နိုင်သည်။

“သွေးမြူခိုးမျှော်စင်တဲ့လား” ဤစကားကိုကြားသောအခါ မုရှင်းနှင့် မုရွှင်းတို့နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။

သွေးမြူခိုးမျှော်စင်မှာ အရင်းအမြစ်တွေ အများကြီးရှိပြီး အဖွဲ့ဝင်တွေရဲ့ အထောက်အထားတွေကလည်း လျှို့ဝှက်ချက်တွေဖြစ်သည်။ မုမိသားစုဟာ သွေးမြူခိုးမျှော်စင်ကို သူတို့ရဲ့ကိုယ်ပိုင်ပုဂ္ဂိုလ်တစ်ယောက်ကို ဖော်ထုတ်ဖို့ အတင်းအကျပ်လုပ်လို့မရပါ။

ဒါပေမယ့် မုရှင်းက ထေ့ငေါ့ကာ ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးဖေ၊ ခင်ဗျားက ကျွန်တော်တို့ကို အရူးတွေလို ဆက်ဆံနေတာပဲ။ ကျွန်တော့်ရဲ့အသိစိတ်အရ လူသတ်သမားက တာ့ဖုန်းပြည်နယ်မြို့ စစ်စခန်းထဲမှာ ရှိနေတယ်။ ဒီလူတောင် ဖြစ်နိုင်တယ်နော်…ဟား ဟား ဟား…”

ပြောနေရင်း မုရှင်းက အေးစက်စက် ရယ်လိုက်ပြီး လူသတ်သမားဟာ တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ အစွမ်းထက်တဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့သည်။

တကယ်တော့ မုကျင်က အားနည်းတဲ့သူ မဟုတ်ပါ။ တာ့ဖုန်းသံမဏိမြင်းတပ်မှာ သူ့ကို သတ်နိုင်တဲ့ လူဆယ်ယောက်ထက် မပိုပေ။

ဖေယန်က ကျင်အာကို ဘယ်သူသတ်တယ်ဆိုတာ သိပေမယ့် လူသတ်သမားဟာ သွေးမြူခိုးမျှော်စင်က လာတယ်ဆိုတဲ့ ဇာတ်လမ်းကို လုပ်ကြံဖန်တီးပြီး လူသတ်သမားကို ကာကွယ်ဖို့ ရွေးချယ်ခဲ့ကာ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို လမ်းလွဲသွားစေခဲ့သည်။ ဒါပေမယ့် သွေးမြူခိုးမျှော်စင်ရဲ့ နက်နဲမှုနဲ့ စွမ်းအားဟာ မုမိသားစုလို ထောင်စုနှစ်မျိုးဆက် မိသားစုတစ်ခုက ပေါ့ပေါ့ပါးပါး ရင်ဆိုင်ရမယ့် အရာ မဟုတ်ပါ။

သူတို့အတွက် ကံမကောင်းစွာပဲ မုမိသားစုရဲ့ သစ်မြွေစည်းတံဆိပ်ရဲ့ အာရုံခံနိုင်စွမ်းအရ လူသတ်သမားဟာ စစ်စခန်းထဲမှာ ပုန်းအောင်းနေတာဖြစ်သည်။ ဖေယန်နဲ့ တွေ့ဆုံဖို့ သူတို့လာရောက်လည်ပတ်တာဟာ လူသတ်သမားကို ရှာဖွေရာမှာ ပူးပေါင်းဆောင်ရွက်စေဖို့လည်း ဖြစ်သည်။

“ဘာရယ်.. ကျွန်တော်တို့ရဲ့ တာ့ဖုန်းသံမဏိမြင်းတပ်က လူလား။”

အဲဒီစကားတွေကြောင့် ဖေယန်တောင် အံ့အားသင့်သွားပြီး မျက်ခုံးတွေ တွန့်ချိုးသွားသည်။ အစောပိုင်းက သူ မလိမ်ခဲ့ပါ။ စုံစမ်းစစ်ဆေးမှုက ဒီအချက်ကို ညွှန်ပြနေခဲ့သည်။ ဒါပေမယ့် သူဟာလည်း မျိုးရိုးမြင့်မိသားစုတွေရဲ့ သွေးမျိုးဆက်ချိပ်စည်းတွေအကြောင်း သိပါသည်။ လူသတ်သမားက တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ အတွင်းလူတစ်ယောက်များလား။

မုကျင်ကို သတ်နိုင်တဲ့စွမ်းရည်နဲ့ သံသယရှိသူတွေရဲ့ နာမည်တွေဟာ ဖေယန်ရဲ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။

“ဧကန္တ…ကျင်အာက တစ်ယောက်ယောက်ကို စော်ကားခဲ့ပြီး ဒေါသထွက်အောင်လုပ်ခဲ့လို့ သူ့ကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာလား။”

ဖေယန်က ထိုဖြစ်နိုင်ခြေကို မငြင်းဘဲ မျက်မှောင်ကြုတ်လိုက်သည်။

မုကျင်ဟာ အထူးသွေးမျိုးဆက်ရှိတဲ့ မျိုးရိုးမြင့်မိသားစုရဲ့ သားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အပြုအမူက ပုံမှန်မဟုတ်တဲ့ပုံပေါက်နေပါသည်။ သူဟာ တာ့ဖုန်းသံမဏိမြင်းတပ်ထဲက လူအတော်များများကို ရန်စခဲ့ပြီး လုံးဝဒေါသထွက်နေတဲ့သူတစ်ယောက်က သူ့ကို တိတ်တဆိတ် ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့တာ မဖြစ်နိုင်ဘူးလို့ မဆိုနိုင်ပါ။

ဒါက အခြေအနေကို ပြဿနာတက်စေသည်။ လူသတ်သမားဟာ အရေးပါတဲ့ စစ်သူကြီးတစ်ယောက် ဒါမှမဟုတ် သူ့လက်အောက်က တပ်မှူးတစ်ယောက် ဖြစ်နေခဲ့ရင် ဘယ်လိုကိုင်တွယ်သင့်လဲ။

ရဲဘော်ရဲဘက်တွေကြား လူသတ်မှုကို စစ်ဥပဒေအရ သေဒဏ်ပေးလို့ရသည်။

ဒါမှမဟုတ် ရာဇဝတ်သားကို မုမိသားစုဆီ ပြစ်ဒဏ်ပေးဖို့ လွှဲပြောင်းပေးသင့်လား။ သေချာပေါက် အဲဒါက သူ့ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို အရှက်ရစေမှာပင်။

တကယ်တော့ မုကျင်ဟာ မျိုးရိုးမြင့်မိသားစုက သားသမီးတစ်ယောက်ဖြစ်တဲ့အတွက် ဖေယန်က ဒီကိစ္စမှာ ရှင်းရှင်းလင်းလင်း သိပြီး သူ့ကို သူ့ရဲ့ မိသားစုဝင်တစ်ယောက်လို မဆက်ဆံခဲ့ပါ။ မုကျင်အတွက် သူ့ရဲ့ ထိပ်တန်း စစ်သူကြီးတစ်ယောက်ကို စွန့်လွှတ်လိုက်ရမှာလား။

ဒါပေမယ့် အပေါ်ယံတွင် ဖေယန်က အခိုင်အမာဆိုလေ၏။ “မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ရဲ့ တာ့ဖုန်းသံမဏိမြင်းတပ်မှာ စည်းကမ်းတင်းကျပ်တယ်။ ညီအစ်ကိုအချင်းချင်း သတ်တာတာ ကြီးမားတဲ့ ရာဇဝတ်မှုတစ်ခုဖြစ်ပြီး မုကျင်ကို သတ်တဲ့သူက ခင်ဗျားတို့မုမိသားစုရဲ့ ရန်သူဖြစ်နိုင်ခြေ ပိုများတယ်။ တကယ်တော့ မျိုးရိုးမြင့်အိမ်တော်တွေ ရန်ဖြစ်ပြီး အချင်းချင်းသတ်ဖြတ်တာက အတော်လေး အဖြစ်များတယ်လို့ ကျွန်တော် ကြားဖူးတယ်။”

All Chapters