သံနှင့်ဓားသွားများကို ပုံသွင်းခြင်း။ ဓားချီသန့်စင်ခြင်း။ (၁)
Vol. 21 Ch. 310
မုရှင်းက ဒေါသတကြီးဖြင့် ဆိုလေ၏။ “အမှန်တရားကတော့ ဒီလိုပဲ။ လူသတ်သမားက ခင်ဗျားရဲ့စစ်စခန်းထဲမှာပဲ။ အုပ်ချုပ်ရေးမှူးဖေ၊ ခင်ဗျား ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ဟုတ်မဟုတ် အတည်ပြုဖို့ မဖြစ်နိုင်ဘူးလား”
“ကျွန်တော့်ကို ဘယ်လို ပူးပေါင်းစေချင်တာလဲ။” ဖေယန်က မေးလိုက်သည်။ သူ့နှလုံးသားထဲတွင် မုကျင်ကို သတ်သည့်သူသည် စစ်စခန်းတွင် ရှိနေနိုင်ဟု သေချာနေပုံပေါက်သည်။ တာ့ဖုန်းသံမဏိမြင်းတပ်တွင် ထိပ်တန်းစစ်ဦးစီးချုပ်တစ်ဦး ဒါမှမဟုတ် စစ်သူကြီးလေးဦးထဲမှ တစ်ဦးဖြစ်နိုင်ကြောင်း သူ နားလည်ထားသည်။
မုကျင်ကို သတ်နိုင်သူသည် တာ့ဖုန်းသံမဏိမြင်းတပ်တွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
“ဒါက ရိုးရိုးလေးပါ။ တာ့ဖုန်းသံမဏိမြင်းတပ်ဝင်အားလုံးကို စုစည်းလိုက်ရုံပါပဲ” ဟု အစိမ်းရောင်ဝတ်ထားသော အဘိုးကြီး မုရွှင်းက အသေအချာ ပြောလိုက်သည်။ “အဲ့ဒီလူက သစ်မြွေချိပ်စည်းကို အတင်းအကြပ် ဖိနှိပ်ထားတဲ့အတွက် နက်နဲလှတဲ့ ကျင့်စဉ်ရှိတယ်။ သူ့ရဲ့ အနီးဆုံးနေရာကိုပဲ ကျွန်တော် ခံစားနိုင်ပေမယ့် သူနဲ့ မျက်နှာချင်းဆိုင်တွေ့ရင် မုကျင်ရဲ့ သွေးမျိုးဆက်က ဘယ်သူ့ခန္ဓာကိုယ်မှာ ရိုက်နှိပ်ထားလဲဆိုတာ ခံစားနိုင်မှာပါ။”
သစ်မြွေချိပ်စည်းကို တစ်ဖက်လူက ဖိနှိပ်ထားတာကြောင့် အဲဒီလူကို အတိအကျ မရှာနိုင်ခဲ့ပါ။ သို့ပေမယ့် စစ်စခန်းက လူတိုင်းကို သူ စစ်ဆေးမေးမြန်းဖို့ မျက်နှာချင်းဆိုင်တွေ့ရင် သစ်မြွေချိပ်စည်းက ဘယ်သူ့မှာ ရှိလဲဆိုတာ သိဖို့ လွယ်မှာပင်။
“အဓိပ္ပာယ်မရှိလိုက်တာ။ ဒါတွေအားလုံးဟာ ခင်ဗျားတို့ရဲ့ တစ်ဖက်သတ် ပြောတဲ့စကားတွေပဲ။ ကျွန်တော့်ရဲ့ တာ့ဖုန်းသံမဏိမြင်းတပ်က စည်းကမ်းတင်းကျပ်ပြီး နိုင်ငံတော်ကို ကာကွယ်ဖို့ ရည်ရွယ်ထားတာ။ ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ကို ဒီလိုသံသယတွေနဲ့ ရာဇဝတ်သားတွေလို စစ်ဆေးမေးမြန်းရမှာလဲ” ဖေယန်က မျက်နှာခပ်တင်းတင်းနဲ့ ပြင်းပြင်းထန်ထန် မာန်မဲလိုက်သည်။
မုကျင်ကို သတ်တဲ့သူက တာ့ဖုန်းသံမဏိမြင်းတပ်ထဲက ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်လို့ ဖေယန် ယုံကြည်လုနီးပင်။ မုမိသားစုက သူ့ကို တကယ်ရှာတွေ့ပြီး ဖော်ထုတ်နိုင်ခဲ့ရင် ဒါက သူ့ကို ချောင်ပိတ်စေမှာ မဟုတ်ဘူးလား။ သူ့ရဲ့ကိုယ်ပိုင်စစ်သူကြီးတွေကိုတောင် မကာကွယ်နိုင်ရင် တခြားသူတွေကို စိတ်ပျက်စေမှာ သေချာပါသည်။
ထို့အပြင် သူသည် ချက်ချင်းဆိုသလို မျိုးနွယ်စု၏လူများ၏ အကြိုက်လိုက်နေပါက သူ၏လက်အောက်ငယ်သားများက မည်သို့ထင်မြင်ကြမည်နည်း။ အခြားသူများကလည်း သူ့ကို မည်သို့ ပြောဆိုကြမည်နည်း။
ထို့ကြောင့် ဖေယန်၏ရွေးချယ်မှုမှာ ရိုးရှင်းပါသည်။ အကျိုးအကြောင်းမဆီလျော်ရင်တောင် သူ့အဖွဲ့ဘက်တွင် ရပ်တည်ရန်ဖြစ်သည်။
အခြားသူများသည် စွမ်းအားကြီးသောမျိုးနွယ်စုများကို ကြောက်ရွံ့ကြသော်လည်း တာ့ဖုန်းပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် ဖေယန်သည် ဤရာထူးက သူ့ကို ကာကွယ်ထားသည်။ စွမ်းအားကြီးသောမျိုးနွယ်စုများမှသူများက ရဲတင်းသော်လည်း သူ့ကို မထိရဲကြပါ။
သူ့နောက်ကွယ်က ဖေမိသားစုသည် တာ့ဖုန်းပြည်နယ်မြို့တွင် ပေါ့သေးသေးဆက်ဆံရမည့်အရာမဟုတ်ပါ။
“ဖေယန်.. ငါ့မုမိသားစုရဲ့ မျိုးဆက်တစ်ယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်။ မင်းက လူသတ်သမားကို ကာကွယ်ပေးမှာလား။”
ဖေယန်၏သဘောထားကြောင့် အစိမ်းရောင်ဝတ်ထားသော အဘိုးကြီး၏ ရွှေရောင်မျက်လုံးများသည် ထူးဆန်းသောအစိမ်းရောင်သို့ ပြောင်းလဲသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းပြီး အေးစက်တဲ့ အရှိန်အဝါတစ်ခု ခန်းမဆောင်တစ်ခုလုံးကို ပြည့်နှက်နေပြီး ဇိမ်ခံသစ်သားပရိဘောဂတွေက တဖြည်းဖြည်း အရည်ပျော်ကြပြီး ဆွေးမြေ့လာလေ၏။
တာ့ဖုန်းပြည်နယ်ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ ဖေယန်ဟာ တိုက်ပွဲတွေမှာ ပါဝင်တာ ရှားပါသည်။ သူက သွေးသန့်စင်မှုကို အကြိမ်ကြိမ်ရရှိဖို့အတွက် ကျင့်ကြံမှုအရင်းအမြစ်တွေကို အားကိုးခဲ့သည်။ အနည်းဆုံးတော့ သွေးသန့်စင်မှုနယ်ပယ်အရဆိုရင် သူဟာ ကျွမ်းကျင်သူအများစုရဲ့ လက်လှမ်းမမီနိုင်တဲ့ အနေအထားမှာ ရှိနေပါသည်။ အစိမ်းရောင်ဝတ်ထားတဲ့ အဘိုးကြီးရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါကို ရင်ဆိုင်ရတဲ့အခါ သူ့ကိုယ်သူ တောင့်တင်းသွားသလို ခံစားရသည်။
“အတင့်ရဲလိုက်တာ”
တံခါးကို ပြင်းပြင်းထန်ထန် တွန်းဖွင့်လိုက်တဲ့အခါ ကောင်းကင်တုန်ဟည်းစေတဲ့ ဟိန်းဟောက်သံတစ်ခု ပေါက်ကွဲသွားလေ၏။ သန်မာတဲ့လူတစ်ယောက် အခန်းထဲကို ဝင်လာပြီး ခြေလှမ်းတိုင်းမှာ မီးလျှံလို အပူဓာတ်က အခန်းတစ်ခုလုံးကို ပျံ့နှံ့သွားပြီး အေးစက်တဲ့ အရှိန်အဝါကို လုံးဝပျောက်ကွယ်သွားစေသည်။
“ကျန်းရှန့်…” ဘယ်သူဝင်လာလဲဆိုတာ မြင်တဲ့အခါ ဖေယန်ဟာ စိတ်သက်သာရာရသွားတော့သည်။ အခန်းထဲကို ပြေးဝင်လာတဲ့သူက တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ စစ်သူကြီးလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဟုန်ကျန်းရှန့်ဖြစ်သည်။ သူက အနှောင့်အယှက်တစ်ခုခုရှိရင် အထဲကို ပြေးဝင်လာဖို့ အပြင်ဘက်မှာ စောင့်နေခဲ့တာပင်။
“ဘယ်လိုတောင်အစွမ်းထက်လိုက်တဲ့ ချီနဲ့သွေးလဲ။” မုရှင်းဟာ ဟုန်ကျန်းရှန့် ရပ်နေပြီး ဆံပင်တွေက ဒေါသထွက်နေတဲ့ ခြင်္သေ့တစ်ကောင်လို ကြမ်းတမ်းစွာ ဖွာထွက်နေတာကို မြင်တော့ သူ့ရင်ထဲမှာ တုန်လှုပ်သွားပြီး တွေးလိုက်မိသည်။ ချီနဲ့သွေးဖြစ်စဉ်က အပြင်ပန်းမှာ မပေါ်လွင်ပေမယ့် သူ့အတွင်းက မီးတောင်ပေါက်ကွဲမှုကို ခံစားမိနိုင်ပြီး မြေကြီးကို တုန်လှုပ်စေနိုင်တဲ့ စွမ်းအားနဲ့ ပေါက်ကွဲဖို့ အသင့်ဖြစ်နေသည့်နှယ်။
“ဟင်.. ဒီလူက… ထူးခြားတယ်။ သူက ဟုန်ကျန်းရှန့်လား။” အတွေ့အကြုံရင့်ကျက်တဲ့ မုရွှင်းတောင်မှ သူ့ရဲ့ အစိမ်းရောင်မျက်လုံးတွေက တည်ငြိမ်တဲ့ အမူအရာ ထင်ဟပ်နေပြီး အာရုံစိုက်မိသွားသည်။
တာ့ဖုန်းပြည်နယ်မှာ ဟုန်ကျန်းရှန့်ရဲ့ ကျော်ကြားမှုဟာ လွယ်လွယ်နဲ့ဖြစ်တည်ခဲ့တာ မဟုတ်ပါ။ သူဟာ ငယ်စဉ်ကတည်းက ထူးချွန်ထက်မြက်တဲ့ သူတစ်ယောက်ဖြစ်ပြီး အင်အားကြီးတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူဟာ ပိုမိုအားကောင်းလာပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဖေယန်ရဲ့ အားကိုးရဆုံး စစ်သူကြီး ဖြစ်လာခဲ့သည်။
“ခင်ဗျားတို့နှစ်ယောက်စလုံးက ထောင်စုနှစ်မျိုးဆက် မိသားစုတွေက လာကြပေမယ့် ဒီနေရာက ခင်ဗျားတို့ မဆင်မခြင်ပြုမူရမယ့် နေရာ မဟုတ်ဘူး။”
ဟုန်ကျန်းရှန့်၏ မျက်လုံးများသည် မုရွှင်းနှင့် မုရှင်းတို့ကို အေးစက်စွာ စိုက်ကြည့်နေစဉ် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုအင်အားစုတစ်ခုကို ဆုပ်ကိုင်ထားသည်။
အပြင်ဘက်တွင် ချီနှင့်သွေးများ ကြွယ်ဝသော စစ်သားအများအပြား စုဝေးနေကြပြီဖြစ်သည်။ မုရွှင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ မုရှင်း၏ဖခင်၊ မုကျင်၏အဘိုးနှင့် မုမိသားစုဝင်တစ်ဦးအနေဖြင့် သူသည် တည်ငြိမ်သူဖြစ်သော်လည်း ပေါ့ပေါ့တန်တန်ဆက်ဆံရမည့်သူမဟုတ်ပါ။ တစ်ဖက်လူသည် လူသတ်သမားကို ကာကွယ်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားပြီး ဖေယန်ကို အင်အားသုံးပြီး ကာကွယ်မည့် ပြင်းထန်သောဆန္ဒကို သူခံစားမိသည်။
သို့သော် ထိုဆန္ဒကို မုရွှင်းကိုယ်တိုင်က အတင်းဖိနှိပ်လိုက်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖေယန်ကို အများပြည်သူရှေ့တွင် တိုက်ခိုက်ခြင်းသည် မဟာမီးတောက်အင်ပါယာမိသားစုကို စစ်ကြေညာခြင်းနှင့် ညီမျှကြောင်း သူနားလည်သည်။ ထိုဆုံးရှုံးမှုကို မုမိသားစုတစ်ခုလုံး မခံနိုင်ပါ။
“အုပ်ချုပ်ရေးမှူး ဖေယန်၊ ဒါကို သေချာစဉ်းစားပေးဖို့ မျှော်လင့်ပါတယ်။ ငါတို့ မုမိသားစုရဲ့ ရန်သူဖြစ်ချင်ရင် မင်းတကယ်မလုပ်နိုင်ပါဘူး။ သွားကြစို့။”
မုရွှင်းထရပ်ပြီး အေးစက်စွာ နှာမှုတ်ကာ လှည့်ထွက်သွားတော့သည်။
မုရှင်းက တွန့်ဆုတ်နေသော်လည်း ရန်ပွဲတစ်ခုစတင်ပြီး သူတို့နှင့် ပွင့်ပွင့်လင်းလင်း ကွဲထွက်ရန် မဖြစ်နိုင်ကြောင်း သိသောကြောင့် မုရွှင်းထွက်သွားရာနောက်သို့ လိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။
ဟုန်ကျန်းရှန့်က သူတို့ကိုမတားဘဲ နှစ်ယောက်စလုံးကို ထွက်သွားခွင့်ပြုလိုက်သည်။
“အဖေ၊ ကျွန်တော်တို့ ဒီတိုင်း လွှတ်ပေးလိုက်တော့မှာလား။ လူသတ်သမားက စခန်းထဲမှာရှိနေတယ်။ ဖေယန်ရဲ့ အမိန့်အောက်က တစ်ယောက်ယောက်ဖြစ်နိုင်တယ်။ သူက လူသတ်သမားအတွက် ကာကွယ်ပေးနေတာ။”
ပြန်လာရာလမ်းတွင် မုရှင် အလွန်အမင်း ဒေါသထွက်နေလေ၏။
“ငါတို့ ဘာလုပ်နိုင်သေးလို့လဲ။ မုမိသားစုတစ်ခုလုံးကို မုကျင်အတွက် ဧကရာဇ်နန်းတော်နဲ့ စစ်ဖြစ်စေချင်နေတာလား” မုရွှင်း၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖျတ်ကနဲ ပေါ်လာ၏။
မုရှင်းက အံကြိတ်ရင်း “ငါ့သားသေတာကို… မဖြေရှင်းဘဲ မထားနိုင်ဘူး။ မင်းရဲ့ မဟာမီးတောက် မျိုးနွယ်စုလောကကြီးက… ကြာကြာ ရပ်တည်နိုင်မှာမဟုတ်ဘူး။”
နှစ်ယောက်သား အောင်မြင်မှုမရှိဘဲ ပြန်လာခဲ့ကြပြီး လူသတ်သမားဟာ စစ်စခန်းထဲမှာ ရှိနေတယ်ဆိုတာ ကောင်းကောင်းသိပေမယ့် စိတ်ပျက်လက်ပျက်နဲ့သာ သက်ပြင်းချနိုင်ခဲ့ပြီး အခြေအနေကို ပိုဆိုးအောင် မလုပ်ရဲကြ။ နှစ်ပေါင်းထောင်ချီတဲ့မျိုးနွယ်စုရဲ့ မိသားစုဝင်တွေအနေနဲ့ ဒီလို နောက်ပြန်ဆုတ်တာမျိုး ရှားပါသည်။
မုမိသားစုဟာ အင်အားကြီးမားပေမယ့် မီးတောက်အင်ပါယာရဲ့ အုပ်ချုပ်သူတွေကို ယှဉ်ပြိုင်ဖို့ အင်အားမလုံလောက်ပါ။ သူတို့မှာ အချိန်ဆွဲနေရုံကလွဲလို့ တခြားနည်းလမ်းမရှိပေ။