← Chapters

မိစ္ဆာငိုကြွေးဓားသွား။ နတ်ဆိုးအမြုတေကိုထုလုပ်ခြင်း။ (၁)

Vol. 21 Ch. 313

မိစ္ဆာငိုကြွေးဓားသွား။ နတ်ဆိုးအမြုတေကိုထုလုပ်ခြင်း။ (၁)

Vol. 21 Ch. 313

ဒီကြမ်းကြမ်းတမ်းတမ်း သန်သန်မာမာနဲ့လူသာ ထူးခြားရုံသာမက ရထားဘေးနားက တခြားသူတွေလည်း ထူးခြားကြသည်။

ဝေးလံတဲ့ တောနက်ကြီးထဲမှာတောင် စူးချန်ခုန်းဟာ စူးရှတဲ့အကြည့်တွေကို ခံစားနိုင်ပါသည်။ ဒီနေရာက ထိပ်တန်းတိုက်ခိုက်ရေးသမားတွေ အများကြီး ပုန်းအောင်းနေသလားလို့ ထင်ရသည်။

“မာဟုန်၊ မင်းရဲ့ခေါင်းဆောင်တောင်းဆိုတဲ့ ပန်းပဲပညာရှင်ကို ငါခေါ်လာပြီ။”

ချိုင်ကျန့်က ခပ်တောင့်တောင့်လူသန်ကြီးကို ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ဟမ် ဒီကလေးက ပန်းပဲဆရာလား။ ဒီလောက်ငယ်သေးတာလား”

မာဟုန်လို့ခေါ်တဲ့လူဟာ ချောမောပြီး ရိုးရှင်းတဲ့ပုံပေါက်တဲ့ လူငယ်လေးစူးချန်ခုန်းကို ကြည့်ရင်း အတော်လေးအံ့သြသွားလေ၏။

“ဟုတ်တယ်။ သူ့ကို စူးထိုက်လိုင်လို့ခေါ်တယ်။ ပန်းပဲဌာနမှာ ထူးကဲတဲ့အရည်အချင်းတွေရှိတဲ့ အထူးချွန်ဆုံး ပန်းပဲဆရာပဲ။” ချိုင်းကျန်းက အတည်ပြုပြီး ခေါင်းညိတ်လိုက်သည်။ စူးချန်ခုန်း အသက်ငယ်သေးတာကို သူလည်းအံ့သြခဲ့ပေမယ့် ပန်းပဲဌာနရဲ့ ကြီးကြပ်ရေးမှူးနဲ့ ပညာရှင်တစ်ယောက်ဖြစ်တဲ့ ကန်းကျန့်က သူ့ကို တော်တော်လေးချီးကျူးခဲ့ပြီး သူမှားနေတာမဟုတ်ဘူးလို့ အတည်ပြုခဲ့သည်။

မာဟုန်က ဒါကိုကြားတော့ ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင် အရှင်ချိုင်ကျန့်၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။”

သို့သော် ချိုင်းကျန်းက ပြန်မေးလိုက်သည်။ “မင်းရဲ့ခေါင်းဆောင်က ဘယ်လိုလက်နက်မျိုးကို သွန်းလုပ်ချင်လို့ ငါ့ကို ပန်းပဲဌာနက ပန်းပဲပညာရှင်တစ်ယောက်ကို ကိုယ်တိုင်ရှာခိုင်းရတာလဲ။”

“ကျွန်တော်တို့ခေါင်းဆောင်အကြောင်း ကျွန်တော်ဘယ်လိုလုပ်သိနိုင်မှာလဲဗျာ။” မာဟုန်က ပြုံးပြီးပြောလိုက်ပေမယ့် ဘာမှပြန်မဖြေခဲ့ပါ။ ချိုင်းကျန်းက မျက်မှောင်ကြုတ်ပြီး ဆက်မမေးတော့ပေ။

“သူတို့ရဲ့ခေါင်းဆောင်က ဘယ်သူလဲ” စူးချန်ခုန်းက အနည်းငယ် အံ့အားသင့်သွားသည်။ မာဟုန်ရဲ့အစွမ်းက ထူးခြားလှသည်။ ချိုင်ကျန့်က တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ ဒုတိယစစ်သူကြီးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အစွမ်းနဲ့ ရာထူးအဆင့်အတန်းမှာ သူနဲ့တန်းတူယှဉ်နိုင်တဲ့သူ အရမ်းနည်းပါသည်။ သူပြောခဲ့တဲ့ ခေါင်းဆောင်က ချိုင်ကျန့်လိုလူကို အမိန့်ပေးနိုင်တဲ့အတွက် တော်တော်လေး ထူးခြားရမည်။

ချိုင်ကျန့်က “ဒါဆိုရင် မင်းရဲ့ခေါင်းဆောင်ကို ငါနှုတ်ဆက်တယ်လို့ ပြောလိုက်။ ငါဝင်မထိုင်တော့ဘူး။ အခုပဲပြန်တော့မယ်” ဟုပြောလိုက်သည်။

“အရှင်ချိုင်၊ ခရီးမှာ ဘေးကင်းပါစေ။” မာဟုန်က ချိုင်းကျန်းရဲ့အထောက်အထားဟာ သတိထားဆင်ခြင်ရမယ်ဆိုတာ သိလို့ သူ့ကို တားဖို့မကြိုးစားခဲ့ပါ။ လူနည်းစုကသာ သိတာ အကောင်းဆုံးပါ။

“ဧကန္တ…”

စူးချန်ခုန်းက ဝိုးတဝါး သဘောပေါက်သွားသည်။ မာဟုန်နဲ့ သူ့အပေါင်းအပါတွေက သန်မာပြီး လူကောင်းတွေလို မထင်ရပါ။ အလင်းရောင်ကို ရှောင်ဖို့ ဒီတောအုပ်ချိုင့်ဝှမ်းထဲမှာ ပုန်းနေကြသည်။ ဒီလူတွေက သူပုန်တပ်ဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေများလား။

တာ့ဖုန်းပြည်နယ်မြို့မှာ အခြေအနေတွေက မငြိမ်းချမ်းပါ။ ရန်လိုတတ်တဲ့ ဝံပုလွေမျိုးနွယ်စုရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ရရုံသာမက ပြည်နယ်အတွင်းက သူပုန်တပ်ဖွဲ့တွေကိုလည်း ကိုင်တွယ်ရသည်။

ဒီသူပုန်တပ်ဖွဲ့တွေဟာ မဟာမီးလျှံအင်ပါယာရဲ့ အုပ်ချုပ်မှုကို မလိုက်နာကြ။ အမှောင်ထဲမှာ ပြဿနာတွေကို အဆက်မပြတ် မွှေနှောက်ကြသည်။ တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ အဓိကတာဝန်တစ်ခုကတော့ သူပုန်တွေကို နှိမ်နင်းဖို့ဖြစ်သည်။

အရင်က ကိုင်တွယ်ခဲ့တဲ့ ဟွမ်ဖူဟုန်လန်ဟာ သူပုန်တွေနဲ့ ပတ်သက်နေပြီး သံမဏိဓားဂိုဏ်းတစ်ခုလုံးကို ဖြုတ်ချဖို့ တာ့ဖုန်းသံမဏိမြင်းတပ်က ဦးဆောင်ခဲ့သည်။

အခု မာဟုန် ဦးဆောင်တဲ့ ဒီနေရာကို ရောက်လာတဲ့အခါ တစ်ယောက်ချင်းစီဟာ အရည်အချင်းရှိတဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်ကြသည်။ အမှောင်ထဲမှာ ပုန်းကွယ်နေသည့် စောင့်ကြည့်နေတဲ့ မျက်လုံးတွေနဲ့ ကင်းသမားတွေ အများကြီးနဲ့အတူ သူတို့ရဲ့ အထောက်အထားကို ခန့်မှန်းဖို့ မခက်ခဲပါ။

အကြမ်းဖျင်းနားလည်သွားတော့ စူးချန်ခုန်းရဲ့ နှုတ်ခမ်းထောင့်တွေ အနည်းငယ် တွန့်ချိုးသွားလေ၏။ ပန်းပဲပညာရှင်တစ်ယောက် လိုအပ်နေတဲ့သူတွေက တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ စစ်ဘက်က မဟုတ်ဘဲ သူပုန်တွေဖြစ်သည်။

ဒီသူပုန်အဖွဲ့ခေါင်းဆောင်က ပန်းပဲပညာရှင်တစ်ယောက် လိုအပ်နေပြီး ဘယ်လိုနတ်ဘုရားလက်နက်မျိုးကို ဖန်တီးချင်တာလဲ။

တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ သစ်တောစခန်းရဲ့ ဒုတိယစစ်သူကြီချိုင်ကျန့်ဟာ သူပုန်တွေနဲ့ ပူးပေါင်းကြံစည်နေတာ ဒါမှမဟုတ် တာ့ဖုန်းသံမဏိမြင်းတပ်ထဲမှာ သူပုန်တွေ ပို့ထားတဲ့ လျှို့ဝှက်စစ်ဆင်ရေးသမားတစ်ယောက် ဖြစ်နိုင်သည်။

ချိုင်ကျန့်က လုံးဝ ဇဝေဇဝါဖြစ်နေတဲ့ စူးချန်ခုန်းကို ဘေးတစ်စောင်းကြည့်လိုက်ပြီး “သူတို့ပြောသလို လုပ်၊ အလုပ်ပြီးသွားရင် ငါ မင်းကို လာခေါ်မယ်” လို့ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“လူငယ်လေး၊ ငါတို့နောက်ကို လိုက်ခဲ့။ စိတ်မပူပါနဲ့၊ ငါတို့ မင်းကို မစားပါဘူးကွာ။”

ခပ်ကြမ်းတမ်း ခပ်တောင့်တောင့်နဲ့ မာဟုန်က စူးချန်ခုန်းကို အပြုံးလေးနှင့်ဆိုလေ၏။

"စတိုက်ပြီး ထွက်သွားလိုက်မယ်..."

စူးချန်ခုန်း ရုတ်တရက် အတွေးပေါ်လာပေမယ့် အဲဒီအတွေးကို အမြန်ပယ်ချလိုက်သည်။

မာဟုန်တစ်ယောက်တည်းနှင့်ပင် သူ့ခန္ဓာကိုယ်ထဲမှာ ကြွယ်ဝတဲ့ ချီနဲ့သွေးရှိတဲ့အတွက် ချီသွေးနဂါးရှည်နယ်ပယ်က အဆင့်မြင့်ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်နိုင်သည်။ သူ့ရဲ့ တခြားအပေါင်းအဖော်တွေနဲ့ အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ သိုင်းပညာရှင်တွေကို ထည့်မပြောရင်တောင် ချိုင်ကျန့်ကိုယ်တိုင်တောင် လွယ်ကူတဲ့ပြိုင်ဘက်တစ်ယောက် မဟုတ်ပါ။

သစ်တောစခန်းရဲ့ ဒုတိယစစ်သူကြီးအနေနဲ့ ချိုင်ကျန့်ဟာ တာ့ဖုန်းသံမဏိမြင်းတပ်တစ်ခုလုံးရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲမှာ ပါဝင်နေပြီး မုကျင်ထက်တောင် ပိုအားကောင်းနိုင်သလို သူ့ထက်တောင် ပိုမြင့်နိုင်ပါသည်။

အဲဒီအချိန်မှာ အားလုံးရဲ့အာရုံက စူးချန်ခုန်းဆီမှာပဲ ရှိနေ‌လေ၏။ သူ ရုတ်တရက် တိုက်ခိုက်ရင်တောင် သူတို့ကို အံ့အားသင့်သွားစေနိုင်သည်။ ဒါပေမယ့် အထူးသဖြင့် သူတို့ပြောတဲ့ 'ခေါင်းဆောင်'ဆိုတဲ့တစ်ယောက် ရှိနေသေးတဲ့အတွက် သူထိခိုက်ဒဏ်ရာရပြီး လွတ်မြောက်နိုင်မလားဆိုတာ မသေချာပါ။

"ငါ့အားသာချက်က ဖုံးကွယ်နိုင်တဲ့ အစွမ်းသတ္တိပဲ။ သူတို့ရဲ့ခေါင်းဆောင်က တစ်ခုခုလုပ်ဖို့ ငါ့ကို လိုအပ်တာကြောင့် အဲဒီမတိုင်ခင်တော့ ငါ့ကို ထိခိုက်အောင် လုပ်ကြမှာမဟုတ်ဘူး။ ဒီလူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို အရင်သိအောင်လုပ်တာ ပိုကောင်းတယ်" စူးချန်ခုန်းက မြန်မြန်တွေးလိုက်သည်။

တိုက်ခိုက်ပြီး ထွက်ပြေးတာက အရမ်းအန္တရာယ်များလွန်းသည်။

တခြားအစီအစဉ်တွေ မလုပ်ခင် အခြေအနေကို နားလည်ထားတာ ပိုကောင်းပါလိမ့်မည်။ ဒါ့အပြင် စူးချန်ခုန်းရဲ့နှလုံးသားထဲမှာ ဒေါသမီးတွေ တောက်လောင်လာ၏။ ချိုင်ကျန့်က သူ့ကို ရောင်းစားလိုက်လေပြီ။

ပန်းပဲဌာနမှာ စူးချန်ခုန်းကို အံ့မခန်း ပန်းပဲစွမ်းရည်ရှိတဲ့ 'ပညာရှင်' အဖြစ် လူသိများပေမယ့် ချိုင်ကျန့်ရဲ့အမြင်မှာတော့ သူဟာ ရောင်းဝယ်ဖောက်ကားရမယ့် ပစ္စည်းတစ်ခုသာဖြစ်ပြီး လုံးဝအလေးအနက်မထားပါ။ မာဟုန်နဲ့ သူ့ခေါင်းဆောင်က ပညာရှင်တစ်ယောက် လိုအပ်နေရင် ချိုင်ကျန့်က စူးချန်ခုန်းကို သူတို့ဆီ ခေါ်လာပြီး သူတို့ကို အကူအညီပေးလိုက်သည်။

ပန်းပဲဌာနကနေ ပန်းပဲပညာရှင်တစ်ယောက် ပျောက်သွားရင်မည်သို့ဖြစ်မည်နည်း။ ဒါက အသေးအဖွဲ့ကိစ္စတစ်ခုပင်ဖြစ်သည်။ ပန်းပဲဌာနက တစ်ယောက်ယောက်က ချိုင်ကျန့်ကို စူးချန်ခုန်းရဲ့ တည်နေရာအကြောင်း မေးရင်တောင် ချိုင်ကျန့်က ဆင်ခြေတစ်ခုခုနဲ့ အလွယ်တကူ ဖျောက်ပစ်လိုက်လို့ရသည်။

အပေါ်ယံမှာတော့ စူးချန်ခုန်းသည် အလွန်ကြောက်ရွံ့သော မျက်နှာထားဖြင့် ချိုင်ကျန့်အား တိုးတိုးလေး ပြောလိုက်သည်။ “ဒုတိယစစ်သူကြီးချိုင်ကျန့်… ကျွန်တော့်ဆီပြန်လာရမယ်နော်။”

“စိတ်မပူနဲ့။ ငါလာခဲ့မယ်” ချိုင်ကျန့်က အမှုမထားဟန်ဖြင့်ဆိုသည်။

ထို့နောက် မာဟုန်နှင့် သူ့အပေါင်းအပါများ လှည့်ထွက်သွားပြီး စူးချန်ခုန်းက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုက်သွားခဲ့သည်။

စူးချန်ခုန်း၏ ထွက်ခွါသွားသောပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ချိုင်ကျန့်က လိုက်ကာစကို ချပြီး လှည်းမောင်းသူကို “အရင်ဆုံး ရွှန့်ဖုန်းမြို့ကို သွားလိုက်။ ရက်အနည်းငယ်လောက် ရှုခင်းပတ်ကြည့်ရှုပြီးရင် တာ့ဖုန်းပြည်နယ်မြို့တော်သို့ ပြန်သွားမယ်” ဟု ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့”

လှည်းမောင်းသူက ချိုင်ကျန့် တင်မောင်းကာ ထိုနေရာမှ ထွက်ခွာသွားရင်း ပြန်ဖြေလိုက်လေ၏။

All Chapters