← Chapters

အခန်း (၁၈၈-၁၉၀)

Vol. 19 Ch. 188-190

အခန်း (၁၈၈-၁၉၀)

Vol. 19 Ch. 188-190

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၈၈ + ၁၈၉ + ၁၉၀)

ဟင်းလင်းပြင်စွမ်းအင်တို့၏ လှိုင်းဂယက်သည် တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် လင်းရှောင်၏ ပုံရိပ်သည် ရှေးဟောင်းသစ်ပင်ကြီးများဖြင့် အုံ့ဆိုင်းနေသော တောနက်ကြီးတစ်ခုထဲတွင် ယိုင်နဲ့စွာ ပေါ်ထွက်လာသည်။

သူ၏ခြေထောက်တို့သည် မြေပြင်နှင့်ထိတွေ့လိုက်သည်နှင့် ဒူးများညွှတ်ခွေကျသွားပြီး ရှေ့သို့ငိုက်စိုက်ကျသွားလေသည်။

“အဟွတ်..အဟွတ်..အဟွတ်”

သူ၏ပါးစပ်ထဲမှ သွေးခဲမည်းမည်းတစ်လုပ်သည် မြေပြင်ပေါ်သို့ ပန်းထုတ်လိုက်မိသည်။ ထိုသွေးများသည် သာမန်သွေးများမဟုတ်ဘဲ သူ၏တာအိုစွမ်းအင် နှင့် အသက်စွမ်းအင်တို့ ရောနှောနေသည့် အနက်ရောင်အရည်များဖြစ်နေသည်။

သူ၏မျက်နှာသည် နှင်းဖြူကဲ့သို့ ဖြူဖျော့သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မထိန်းချုပ်နိုင်အောင် တုန်ယင်လာသည်။

သူ၏ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများအားလုံးသည် အံ့ဩဖွယ်ရာ ကောင်းလောက်အောင် ပျောက်ကင်းနေခဲ့ပြီ ဖြစ်သည်။

ပြတ်တောက်သွားခဲ့သော ဘယ်ဘက်လက်မောင်းသည် ပြန်လည်ပေါက်ရောက်နေပြီး သူ၏ရင်ဘတ်မှ နှလုံးသားနေရာရှိ အပေါက်ကြီးသည်လည်း အသားနုတက်ကာ လုံးဝပြန်လည်ကောင်းမွန်နေခဲ့သည်။

သို့သော် ထိုအရာအားလုံးအတွက် ပေးဆပ်ရသည့် တန်ဖိုးမှာ မသေးလှချေ။

သူသည် အနီးရှိ သစ်ပင်ကြီးတစ်ပင်ကို အားယူမှီလိုက်ရင်း အသက်ကိုလု၍ ရှူသွင်းနေရသည်။

သူ၏စိတ်အစဉ်သည် ကြည်လင်နေသော်လည်း သူ၏ဝိညာဉ်နက်ရှိုင်းရာတစ်နေရာမှ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခုက တဖြည်းဖြည်း စိမ့်ထွက်နေဆဲဖြစ်၏။

လင်းရှောင်သည် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ၏စိတ်အာရုံထဲတွင် အဆုံးမရှိသော သွေးပင်လယ်ကြီးတစ်ခု၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာသည်။

ထိုနေရာတွင် ‘လင်းရှောင်’ ဟူသော သီးခြားဖြစ်တည်မှုမရှိချေ။ ရှိသည်မှာ အရာအားလုံးကို ဖျက်ဆီးသတ်ဖြတ်လိုသည့် ပင်ကိုယ်အသိစိတ်သက်သက်သာဖြစ်သည်။

သူသည် သူ၏အသိစိတ်၊ သူ၏ဝိညာဉ်တစ်ခုလုံးကို ‘သတ်ဖြတ်ခြင်းတာအို’ ထဲသို့ မိမိကိုယ်တိုင် တမင်သက်သက် နှစ်မြှုပ်ခဲ့သည်။

ထိုတာအိုသည် သူ၏ပျက်စီးနေသော ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန်အတွက် သူသတ်ဖြတ်ခဲ့သော သက်ရှိအားလုံး၏ အသက်စွမ်းအင်နှင့် သွေးသားများကို ရက်စက်စွာ စုပ်ယူသုံးစွဲခဲ့ခြင်းဖြစ်သည်။

ထိုကုထုံးသည် အလွန်အစွမ်းထက်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဘေးထွက်ဆိုးကျိုးများ ရှိနေခဲ့သည်။

သူ၏အသိစိတ်သည် ထိုသွေးပင်လယ်နီကြီးထဲတွင် လုံးဝပျော်ဝင်လုနီးပါး ဖြစ်ခဲ့သည်။ သူ၏မှတ်ဉာဏ်များ၊ သူ၏ခံစားချက်များ၊ သူ၏ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းအားလုံးသည် သတ်ဖြတ်လိုစိတ်၏ လှိုင်းလုံးကြီးများအောက်တွင် ကြေမွပျောက်ကွယ်သွားမည့်ဆဲဆဲ ဖြစ်ခဲ့သည်။

တိုက်ပွဲပြီးဆုံးသွားပြီးနောက် ရန်သူအားလုံးကျဆုံးသွားသည့်တိုင် ထိုအသိစိတ်မဲ့သော သတ်ဖြတ်ခြင်းစက်ရုပ်သည် ရပ်တန့်ရန် အစီအစဉ်မရှိခဲ့ပေ။ နတ်ဆိုးသည် သွေးနံ့ရရာ မည်သည့်သက်ရှိကိုမဆို ဆက်လက်ရှာဖွေ သတ်ဖြတ်ရန်သာ ကြိုးစားနေခဲ့သည်။

သူ၏ဝိညာဉ်နက်နက်ထဲတွင် ပိတ်လှောင်ခံထားရသော ‘လင်းရှောင်’ ၏ မူလအသိစိတ်သာ အသက်နှင့်ရင်း၍ ရုန်းကန်ထိုးထွက်ကာ ထိုသတ်ဖြတ်ခြင်းတာအို၏ ထိန်းချုပ်မှုကို အနိုင်နိုင်လုယူခဲ့ခြင်း မဟုတ်လျှင်၊ ယခုအချိန်တွင် သူသည် လူသားတစ်ယောက်အဖြစ် ဆက်လက်ပြီးရှိနေနိုင်တော့မည်မဟုတ်ချေ။

သူသည် အသိစိတ်ကင်းမဲ့ပြီး သွေးဆာနေသည့် သားရဲတစ်ကောင်အဖြစ် လောကကြီးထဲတွင် ထာဝရလှည့်လည်နေရပေလိမ့်မည်။

“တော်သေးတယ်... တော်သေးတယ် ငါအချိန်မီပြန်လည်လွတ်မြောက်လာနိုင်ခဲ့လို့။” လင်းရှောင်သည် အသက်ပြင်းပြင်းရှူရင်း ရေရွတ်လိုက်မိသည်။ သူ၏ကျောပြင်တွင် ချွေးစေးများဖြင့် ရွှဲနစ်နေသည်။

ဤသည်မှာ သူ၏နောက်ဆုံးလက်နက်ဖြစ်သော်လည်း အလွန်အန္တရာယ်ကြီးသော လက်နက်ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် ကံကောင်းစွာဖြင့် သူ၏အသိစိတ်ကို ပြန်လည်ဆွဲတင်နိုင်ခဲ့သည်။

သို့သော် နောက်တစ်ကြိမ်သာဆိုလျှင်...

နောက်တစ်ကြိမ်သာ သူသည် မိမိကိုယ်ကို ထိုကဲ့သို့ အဆုံးစွန်သောအခြေအနေသို့ ထပ်မံတွန်းပို့ပြီး ‘သတ်ဖြတ်ခြင်းတာအို’ ထဲသို့ အလုံးစုံနှစ်မြှုပ်လိုက်ရမည်ဆိုလျှင်... သူ ‘လင်းရှောင်’ အဖြစ် ပြန်လည်နိုးထလာနိုင်တော့မည်မဟုတ်ကြောင်း သူ၏နှလုံးသားက အလိုလိုသိနေသည်။

သူ၏ဖြစ်တည်မှုတစ်ခုလုံးသည် ထိုကြောက်မက်ဖွယ်တာအို၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထာဝရပြောင်းလဲသွားပေလိမ့်မည်။

“ဒီစွမ်းအားကို နောက်ထပ်အသုံးမပြုနိုင်အောင် ငါကြိုးစားရမယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုသတ်သေတာနဲ့ ဘာမှမခြားဘူး။”

သူသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် ယခင်ကဲ့သို့ သွေးရောင်များ လွှမ်းမိုးမနေတော့ဘဲ ကြည်လင်တောက်ပမှုတို့က အစားထိုးဝင်ရောက်လာသည်။

သို့သော် ထိုကြည်လင်မှု၏ နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းပြီး အေးစက်သော သန္နိဋ္ဌာန်တစ်ခုကို မြင်တွေ့နိုင်သည်။

သူသည် သူ၏သွေးစွန်းနေသော သိုလှောင်လက်စွပ်ကို ကြည့်လိုက်ပြီး အဝတ်အစားတစ်စုံကို ထုတ်ယူဝတ်ဆင်လိုက်သည်။ ထို့နောက် သူ၏အာရုံခံစားမှုစွမ်းအားကို ဖြန့်ကျက်၍ သူရောက်ရှိနေသော တည်နေရာကို အကဲခတ်လိုက်သည်။

“ကျီရှင်းဧကရာဇ် နဲ့ ကျီရှင်းသက်ရှိတွေ တစ်နေ့ကျရင် မင်းတို့အားလုံး ငါ့လက်ထဲမှာ ပြာဖြစ်သွားစေရမယ်။”

သူ၏အသံသည် တိုးသော်လည်း တောနက်ကြီးတစ်ခုလုံးကို အေးခဲသွားစေလောက်သည့် မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် အရပ်လေးမျက်နှာကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် တောနက်၏ အတွင်းပိုင်းသို့ ဦးတည်ကာ အရိပ်တစ်ခုကဲ့သို့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားလေတော့သည်။

သူ၏စွမ်းအင်တို့မှာ အလုံးစုံပြန်မကောင်းသေးသောကြောင့် လမ်းလျှောက်နေရသည်မှာ ယိုင်နဲ့နဲ့ဖြစ်နေသည်။

သို့သော် သူ၏မျက်နှာအထက်တွင်တော့ နာကျင်မှု၊ ပင်ပန်းနွမ်းနယ်မှု၊ ဆုံးရှုံးမှုတို့ကြားမှ ထူးဆန်းသော စိတ်သက်သာရာရမှုနှင့် မျှော်လင့်ချက်ရောင်ခြည်တစ်ခုက လင်းလက်နေလေသည်။

ထိုမျှော်လင့်ချက်၏ အကြောင်းအရင်းမှာ အခြားအရာကြောင့်မဟုတ်ဘဲ သူ၏သိုလှောင်လက်စွပ်အတွင်း တိတ်ဆိတ်စွာတည်ရှိနေသော အရာတစ်ခုကြောင့်ပင်ဖြစ်သည်။

သူသည် နောက်ထပ်ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် သစ်ပင်ကြီးတစ်ပင်၏ အခြေတွင် ထိုင်ချလိုက်သည်။

သူ၏လက်တစ်ဖက်သည် အသိစိတ်မဲ့စွာပင် သူ၏သိုလှောင်လက်စွပ်ကို တို့ထိလိုက်မိသည်။ သူ၏စိတ်အာရုံဖြင့် အထဲသို့ကြည့်လိုက်သည့်အခါ မှိန်ဖျော့ဖျော့ အလင်းတန်းများထွက်ပေါ်နေသည့် အစီအရင်စာရွက်တစ်ရွက်ကို သူတွေ့လိုက်ရသည်။

၎င်းမှာ သူကိုယ်တိုင် လီရှောင်ယင်အား ခြုံအုပ်အပ်ခဲ့သော ‘ထာဝရညဥ့်နက်အကာအရံ’ အစီအရင်ပင် ဖြစ်သည်။

ထိုအစီအရင်ကို ဖန်တီးခဲ့စဉ်က သူသည် အဆိုးဆုံးအခြေအနေကို ကြိုတင်တွေးဆ၍ လီရှောင်ယင် သာ အကယ်၍ အသက်သေဆုံးသွားခဲ့လျှင် သူမ၏ ဝိညာဉ်တစ်စအစကို သိမ်းယူကာ ပြန်လည်ခေါ်ဆောင်နိုင်မည့် ‘ဝိညာဉ်ပြန်ခေါ်ခြင်း’ စွမ်းရည်ကို တိတ်တဆိတ် ထည့်သွင်းတည်ဆောက်ခဲ့သည်။

ယခုအခါ ထိုအစီအရင်စာရွက်လေးသည် သူမ၏ဝိညာဉ်အပိုင်းအစလေးကို ပွေ့ဖက်ထားရင်း ငြိမ်သက်စွာတည်ရှိနေသည်။

သူမကို ပြန်လည်အသက်သွင်းရန် လိုအပ်သော ပစ္စည်းများသည် အလွန်ရှားပါးပြီး ရှာဖွေရန် ခက်ခဲလိမ့်မည်ကို သူသိသည်။

သို့သော် မဖြစ်နိုင်သောအရာတော့ မဟုတ်ပေ။ မျှော်လင့်ချက် ရှိနေသရွေ့ သူဘာမဆိုလုပ်မည်ဖြစ်သည်။

ထို့အပြင် သူမသည် အနာဂတ်တွင် ကျီရှင်းဧကရာဇ်နှင့် ကျီရှင်းသက်ရှိများကို တိုက်ခိုက်ရာ၌ အလွန်အရေးပါသော အင်အားတစ်ခု ဖြစ်လာလိမ့်မည်။

သူမ၏ သတ်ဖြတ်သူနတ်ဆိုးခန္ဓာကိုယ်သည် အမှန်တကယ်ပင် အားကောင်းလှသည်။ လင်းရှောင်က ရှားရှားပါးပါးအားလပ်ချိန်မှာပင် အနားယူခြင်းလုံးဝမရှိပဲ အနာဂါတ်အတွက် အစီအစဥ်များချမှတ်နေသည်။

သူ၏ကံနှင့်ပါရမီအား နေနတ်ဘုရားမှ တိုးမြင့်ပြီးနောက်တွင် သူ၏လမ်းစဥ်သည် ပိုမိုလွယ်ကူလာသင့်သော်လည်း လက်တွေ့ဘဝက သူ့အားပါးပိတ်ရိုက်သွားသည်။

ဤတစ်ခေါက်အချိန်စီးကြောင်းသည် လုံးဝကြီးကို ရှုပ်ထွေးနေပြီး တစ်စုံတစ်ယောက်က မွေနှောက်ထားသကဲ့သို့ပင်ဖြစ်သည်။

လင်းရှောင်ထိုသည်ကိုတွေးမိသော သူ့ကိုယ်သူပြိုင်ဘက်ကင်းဟူ၍ ကြွေးကြော်တတ်သည့် ပုဂ္ဂိုလ်ကြီးအား သွားတွေးမိ၏။

“နေနတ်ဘုရားများလား။” နေနတ်ဘုရားသည် သူ့ကိုပင် အတိတ်သို့ခနခနပြန်ပို့နိုင်သလို ကျီရှင်းဧကရာဇ်လိုထိပ်သီးတစ်ယောက်ကိုပင် အကြည့်သက်သက်ဖြင့် လောကကြီးကနေ ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်သည်။

ထို့အတွက်ကြောင့် ဤတစ်ခေါက်အချိန်စီးကြောင်းအား နေ နေနတ်ဘုရားက ဖလှယ်ထားခြင်းဆိုသော အဆိုပြုချက်က အဓိပ္ပါယ်မရှိသည်တော့ မဟုတ်ချေ။

ထိုအချိန်မှာပင် အနာဂါတ်အားအစီအစဥ်ချနေသော လင်းရှောင်၏ လှုပ်ရှားမှုအားလုံးသည် ရုတ်တရက် ရပ်တန့်သွားသည်။

သူ၏ဝိညာဉ်အာရုံက တစ်စုံတစ်ခုကို ဖမ်းဆုပ်မိလိုက်သည်။

ထိုသည်မှာ အသံမဟုတ်၊ အနံ့မဟုတ်။ ကမ္ဘာလောကကြီး၏ နိယာမတရားများထဲတွင် ဖြစ်ပေါ်လာသော အလွန်သိမ်မွေ့သည့် တုန်ခါမှုတစ်ခု၊ သူ၏ဝိညာဉ်နက်ရှိုင်းရာအထိ ထိုးဖောက်ဝင်ရောက်လာသော ဆက်သွယ်မှုတစ်ခုဖြစ်သည်။

ပထမတစ်ချက်တွင် သူ၏မျက်နှာထက်မှ စိတ်သက်သာရာရမှုသည် ချက်ချင်းပျောက်ကွယ်သွားပြီး နားမလည်နိုင်သော အမူအရာတစ်ခုက အစားထိုးဝင်ရောက်လာသည်။

သူ၏မျက်မှောင်များ ကြုံ့သွားပြီး ထိုအာရုံခံစားမှု၏ အရင်းအမြစ်ကို ပိုမိုရှင်းလင်းစွာ သိရှိရန် ကြိုးစားလိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် ထိုနားမလည်နိုင်မှုသည် ယုံကြည်နိုင်စွမ်းမရှိခြင်းသို့ ပြောင်းလဲသွားပြီး၊ ထိုမှတစ်ဆင့် ထိန်းချုပ်မရနိုင်သော ဒေါသမီးတောက်ကြီးတစ်ခုအဖြစ်သို့ ပေါက်ကွဲထွက်သွားလေသည်။

“ဘုန်း”

သူမှီထိုင်နေသော သစ်ပင်ကြီးသည် သူ၏ကိုယ်မှ ထိန်းချုပ်မရဘဲ ပေါက်ကွဲထွက်သွားသော အရှိန်အဝါကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။

သူ၏မျက်နှာသည် ဒေါသကြောင့် နီရဲနေပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များက လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်နေသည်။ သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရာ လက်ဆစ်များပင် ဖြူဖွေးလာသည်။

သူ၏နှုတ်ခမ်းများသည် တုန်ယင်စွာဖြင့် နာမည်တစ်ခုကို အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။

“ထျန်... ရှင်း... လု!!!”

ထိုအမည်နာမသည် သူ၏လည်ချောင်းထဲမှ ထွက်လာသည်နှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံးရှိ အပူချိန်သည် ရေခဲမှတ်အောက်သို့ပင် ကျဆင်းသွားသကဲ့သို့ ထင်မှတ်ရသည်။

သူ၏အသံထဲတွင် အဆုံးစွန်သော မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

“ခွေးးမသားးးးး။ ငါမင်းကိုသတ်ပြစ်မယ်ကွ။ အားးးးးးး”

လင်းရှောင်၏ ဒေါသတကြီး ကြုံးဝါးသံသည် တောနက်ကြီးတစ်ခုလုံးကို တုန်ဟည်းသွားစေတော့သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၈၈ + ၁၈၉ + ၁၉၀) ပြီး

All Chapters