အခန်း (၁၉၁)
Vol. 20 Ch. 191-194
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၉၁ + ၁၉၂ + ၁၉၃ + ၁၉၄)
အရုဏ်တက်ချိန်၏ အလင်းတန်းတို့သည် ချီဒေါင်ရင်း၏ အဆောင်ပြတင်းပေါက်မှတစ်ဆင့် တိတ်ဆိတ်စွာ ဖြာကျလာသည်။
ထိုအလင်းရောင်သည် နွေးထွေးမှုမပါ၊ အေးစက်ကာ မနေ့ညက သွေးစွန်းခဲ့သော အိပ်ယာခင်းထက်တွင် စွန်းထင်းကျန်ရစ်ခဲ့သည့် အနီရောင်အကွက်လေးကို ပို၍ထင်ရှားစေရန် ထိုးပြနေသကဲ့သို့ ရှိသည်။
မနက် ၆ နာရီခွဲ။
အစေခံမလေးနှစ်ယောက်သည် တုန်ယင်နေသော လက်များဖြင့် ချီဒေါင်ရင်း၏ ညစ်ပေနေသော အဝတ်အစားများကို လဲလှယ်ပေးနေကြသည်။
သူတို့သည် ခေါင်းများကို ငုံ့ထားပြီး သခင်မလေး၏ ကိုယ်ပေါ်ရှိ နီညိုရောင်အညိုအမည်းစွဲရာများကို မကြည့်ဝံ့ကြပေ။
အခန်းတစ်ခုလုံးသည် စကားလုံးမဲ့သော နာကျင်မှုတို့ဖြင့် လေးလံနေသည်။ သူတို့၏ လှုပ်ရှားမှုတိုင်းသည် ညင်သာလွန်းနေသော်လည်း ချီဒေါင်ရင်းအတွက်မူ သံချွန်များဖြင့် ထိုးဆွနေသကဲ့သို့ ခံစားနေရသည်။
သူမ၏ ကိုယ်ခန္ဓာသည် သူစိမ်းတစ်ယောက်၏ ပိုင်ဆိုင်မှုဖြစ်ခဲ့ပြီ။ သူမ၏ ဝိညာဉ်သည် အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ပြီ။
အစေခံများ အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားပြီး တံခါးပြန်ပိတ်သွားသည့်အခါမှ ချီဒေါင်ရင်းသည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။
သို့သော် လေနှင့်အတူ ထွက်ပေါ်လာသည်က သက်ပြင်းတစ်ချက်သာ။ သူမသည် ကြေးမုံပြင်ရှေ့တွင် ထိုင်နေသော်လည်း မှန်ထဲက မိမိ၏ပုံရိပ်ကို မကြည့်ရဲပေ။
သူမ၏ ပုံပန်းသဏ္ဍာန်သည် တစ်ညတည်းနှင့်ပင် နွမ်းနယ်ခြောက်သွေ့သွားခဲ့သည်။ အမြဲတမ်း ပန်းနုရောင်သန်းနေသည့် ပါးပြင်တို့သည် ယခုအခါ ဖြူဖျော့၍ သွေးမရှိတော့ပေ။
တောက်ပသော မျက်ဝန်းအိမ်များတွင် မျက်ရည်များ ခန်းခြောက်သွားလေပြီး နီရဲသော သွေးကြောလေးများက ယှက်ဖြာနေသည်။
သူမ၏ လှပသော ပန်းနုရောက်နှုတ်ခမ်းလွှာသည် ပေါက်ပြဲ၍ ညိုမည်းနေပြီး လည်တိုင်ဖွေးဖွေးတွင်တော့ လက်ငါးချောင်းရာက သိသိသာသာ ထင်ကျန်နေဆဲဖြစ်သည်။
ယခင်က ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ ဖြူစင်ဝင်းပပြီး နူးညံ့လှပသော သူမ၏အလှတရားသည် ယခုတော့ ညှိုးနွမ်းသွားသော ပန်းတစ်ပွင့်နှယ် ပျက်စီးသွားသည်။
“ဟင့်...”
ထိန်းချုပ်ထားသည့်ကြားမှ ရှိုက်သံတစ်ခုက ထွက်ပေါ်လာသည်။ သူမ၏ လက်သွယ်သွယ်လေးများက မျက်နှာကို အုပ်ကာ တဆတ်ဆတ်တုန်အောင် ငိုကြွေးလိုက်မိသည်။
သို့သော် အသံကျယ်ကြီး မထွက်လာ။ ထိုရှိုက်ငိုသံသည် သူမ၏ လည်ချောင်းထဲတွင် တစ်ဆို့နေပြီး နှလုံးသားထဲမှ နာကျင်မှုကသာ မျက်ရည်များအဖြစ် တိတ်တဆိတ် စီးကျလာသည်။
သူမ ဘာအမှားလုပ်ခဲ့မိလို့လဲ။ သူမ၏ ကလန်က ဘာအမှားလုပ်ခဲ့လို့လဲ။ မတရားခံရတာကို ပြန်လည်တုန့်ပြန်ခဲ့မိတာတစ်ခုတည်းနဲ့ ဒီလိုအရှင်လတ်လတ် ငရဲကျသလို ခံစားရသည်အထိ ရက်စက်ခံရဖို့ ထိုက်တန်လို့လား။
လောကကြီးက ဘာလို့ဒီလောက်မတရားရတာလဲ။ အင်အားကြီးသူက အရာအားလုံးကို ပြုလုပ်ခွင့်ရှိပြီး အင်အားနည်းသူကတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊ ကိုယ့်ရဲ့အသက်ကိုတောင် ကာကွယ်ပိုင်ခွင့်မရှိဘူးလား။
သူမ၏ စိတ်အစဉ်တွင် မနေ့ညက အဖြစ်အပျက်များက အိပ်မက်ဆိုးတစ်ခုကဲ့သို့ ထပ်ခါထပ်ခါ ပြန်ပေါ်လာသည်။
ထိုနတ်ဆိုး၏ အေးစက်သော အကြည့်၊ ရက်စက်သော အပြုံး၊ အကြင်နာကင်းမဲ့သော ထိတွေ့မှုတိုင်းက သူမ၏ အရေပြားပေါ်တွင် မီးကျီခဲများဖြင့် အတို့ခံရသလို ပူလောင်စေသည်။
ထို့နောက် သူမ၏ ဒေါသနှင့် နာကြည်းမှုတို့သည် ထိုနတ်ဆိုးထံမှ သူမ၏ ကလန်ဘက်သို့ ဦးလှည့်သွားသည်။
“အဖေ... အဘိုး...”
သူမ၏ နှုတ်ခမ်းဖျားမှ ထိုနာမ်စားနှစ်ခုကို ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ တစ်ချိန်က သူမအတွက် အားကိုးရာ၊ လုံခြုံရာဖြစ်ခဲ့သော ထိုလူနှစ်ယောက်။
သို့သော် မနေ့ညကတော့... သူမ၏ အကူအညီတောင်းခံသံကို ကြားလျက်သားနှင့် ကျောက်ရုပ်တုများကဲ့သို့ မလှုပ်မယှက် ရပ်ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်လုံးထဲက ကြောက်ရွံ့မှု၊ အရှုံးပေးမှုတို့ကို သူမ သေသည်အထိ မေ့နိုင်မည်မဟုတ်တော့။ သူတို့သည် ကလန်၏အသက်ကို ကယ်တင်ရန်အတွက် သူမကို... သူတို့၏ သမီး၊ သူတို့၏ မြေးမလေးကို... ယဇ်ကောင်အဖြစ် ပူဇော်ခဲ့ကြသည်။
သူမ၏ ဂုဏ်သိက္ခာထက် ကလန်၏ ရှင်သန်ရေးက ပိုပြီးအရေးကြီးခဲ့သည်။
“ဟား... ဟားဟား...”
ချီဒေါင်ရင်းသည် ရုတ်တရက် ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ ထိုရယ်သံသည် ငိုသံထက်ပင် ပို၍ ကြေကွဲစရာကောင်းလှသည်။
သူမကို ကာကွယ်မပေးနိုင်သည့် မိသားစု၊ သူမကို စတေးပစ်ခဲ့သည့် ကလန်။ အခုတော့ သူမမှာ ဘာများကျန်သေးသလဲ။
သူမသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ အပြင်ဘက်တွင် နေမင်းက တဖြည်းဖြည်း ထွက်ပေါ်လာပြီဖြစ်ပြီး ချီကလန်၏ အိမ်တော်ကြီးကို အလင်းရောင်များဖြင့် လွှမ်းခြုံထားသည်။
သို့သော် သူမ၏ ကမ္ဘာကြီးကတော့ ထာဝရ အမှောင်ကျသွားခဲ့ပြီ။
သူမ၏ မျက်ဝန်းများသည် အသက်မဲ့နေသည်။ အနာဂတ်အတွက် မျှော်လင့်ချက်၊ အသက်ရှင်လိုစိတ်... ဘာဆိုဘာမှမရှိတော့ချေ။
သူမ ရင်ဆိုင်ခဲ့ရသည့် နာကျင်မှု၊ အရှက်တရားတို့က သူမကို အတွင်းပိုင်းမှစ၍ တဖြည်းဖြည်း ချိုးဖျက်နေသည်။
သူမ၏ စိတ်သည် ကျိုးပဲ့သွားသော ကြေးမုံတစ်ချပ်ကဲ့သို့... ဘယ်တော့မှ ပြန်လည်ဆက်စပ်၍ ရနိုင်တော့မည် မဟုတ်ပေ။
ထိုနံနက်ခင်းတွင် ချီကလန်၏ အနာဂတ်သခင်မလေး ချီဒေါင်ရင်း သေဆုံးသွားခဲ့ပြီ။ ယခု ကျန်ရှိနေသည်မှာ အမုန်းတရား နှင့် နာကျင်မှုတို့ဖြင့် ပြည့်နှက်နေသော ဝိညာဉ်မဲ့ခန္ဓာတစ်ခုသာ ဖြစ်တော့သည်။
အဆောင်၏ အပြင်ဘက်တွင်တော့ တိတ်ဆိတ်ခြင်းက အပ်ကျသံပင် ကြားရလောက်အောင် လွှမ်းခြုံနေသည်။ သို့သော် ထိုတိတ်ဆိတ်ခြင်းသည် ငြိမ်းချမ်းခြင်းကြောင့်မဟုတ်၊ လေးလံသော အရှက်တရားနှင့် နာကျင်မှုတို့ကြောင့်သာ ဖြစ်သည်။
ချီသခင်ကြီးနှင့် ချီဘိုးဘေးတို့သည် သူတို့၏ သမီး၊ သူတို့၏ မြေးမလေး အဆောင်တံခါးဝတွင် ကျောက်ရုပ်များသဖွယ် တစ်ညလုံး မတ်တပ်ရပ်နေခဲ့ကြသည်။
ညလေအေးက သူတို့၏ ကိုယ်ကို တိုက်ခတ်သွားသော်လည်း သူတို့၏ နှလုံးသားထဲက ပူလောင်မှုကို မည်သို့မျှ မငြိမ်းသတ်နိုင်ခဲ့။
သူတို့၏ အသွင်အပြင်သည်လည်း တစ်ညတည်းနှင့်ပင် ဆယ်နှစ်စာ ရင့်ရော်သွားသကဲ့သို့။
ချီသခင်ကြီး၏ မုတ်ဆိတ်မွေးများကြားတွင် ငွေရောင်အမျှင်တန်းများ သိသိသာသာ ထွက်ပေါ်လာပြီး၊ ချီဘိုးဘေး၏ ကျောကုန်းသည်လည်း ယခင်ကထက် ပို၍ ကုန်းကွေးသွားသည်။
သူတို့၏ မျက်လုံးများက နီရဲနေကာ အိပ်ရေးပျက်သည့် အရိပ်အယောင်များထက် နက်ရှိုင်းသော နောင်တတရားတို့က စိုးမိုးထားသည်။
အခန်းထဲမှ တိုးညှင်းစွာ ထွက်ပေါ်လာသော ရှိုက်ငိုသံသဲ့သဲ့ကို ကြားလိုက်ရသည့်အခါ သူတို့နှစ်ဦးလုံး၏ ကိုယ်များကတုန်ခနဲ ဖြစ်သွားကြသည်။
ထိုအသံလေးသည် သူတို့၏ နားထဲသို့မဟုတ်ဘဲ နှလုံးသားကို တိုက်ရိုက်ထိုးဖောက်ဝင်ရောက်လာသည့် ချွန်ထက်နေသောသံချွန်ပူများပင် ဖြစ်သည်။
သူတို့ တံခါးဖွင့်ပြီး ဝင်သွားချင်သည်။ သူတို့၏ သမီးငယ်လေးကို ရင်ခွင်ထဲထည့်၍ နှစ်သိမ့်ပေးချင်သည်။ အရာအားလုံး အဆင်ပြေသွားမှာပါဟု ပြောပေးချင်သည်။
သို့သော် သူတို့၏ ခြေထောက်များသည် ကျောက်တိုင်ကြီးများသဖွယ် လေးလံနေကြပြီး တစ်လှမ်းမျှပင် မရွှေ့နိုင်ကြချေ။
ဘာကြောင့်လဲ။ ရှက်သောကြောင့်ပင်။
သူတို့ ဘယ်လိုမျက်နှာဖြင့် ဝင်သွားရမည်နည်း။ ကာကွယ်ပေးရမည့်အစား မိမိတို့၏ သမီးငယ်လေး နတ်ဆိုးတစ်ကောင်၏ လက်ထဲတွင် အစော်ကားခံနေရသည်ကို လက်ပိုက်ကြည့်နေခဲ့သည့် အသုံးမကျသော အဖေ၊ အဘိုးတစ်ယောက်၏ မျက်နှာဖြင့်လော။
သူမ၏ မျက်လုံးထဲက စွပ်စွဲပြစ်တင်သော အကြည့်၊ နာကြည်းမုန်းတီးသော အကြည့်တို့ကို သူတို့ ရင်မဆိုင်ဝံ့ကြပေ။
သူမကို နှစ်သိမ့်ပေးရန် စကားလုံးများက သူတို့၏ လည်ချောင်းဝတွင် တစ်ဆို့နေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ နာကျင်မှုအားလုံးသည် သူတို့၏ အင်အားနည်းမှု၊ သူတို့၏ ကြောက်ရွံ့မှုတို့ကြောင့် ဖြစ်သည်ကို သူတို့ကိုယ်တိုင် အသိဆုံးဖြစ်နေသောကြောင့်ပင်။
ချီသခင်ကြီးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ လက်သည်းခွံများသည် လက်ဖဝါးထဲသို့ စိုက်ဝင်သွားကာ သွေးများစိမ့်ထွက်လာပြီး မြေပြင်ပေါ်သို့ တစ်စက်ချင်းကျဆင်းသွားသည်။
သို့သော် သူသည်လက်ဖဝါးနာကျင်မှုကို လုံးဝမခံစားရပဲ သူ၏တစ်ဆစ်ဆစ်အောင့်နေသော ရင်ဘတ်မှ နာကျင်မှုကသာ သူ၏တစ်ကိုယ်လုံးအား ကြီးစိုးနေလေ၏။
သူသည် တံခါးကိုကြည့်ရင်း အံကိုကြိတ်ထားသည်။ သူ ထျန်ရှင်းလုကို မုန်းသည်။ သို့သော် ထျန်ရှင်းလုထက်ပို၍၊ သူ သူ့ကိုယ်သူ ပိုမုန်းသည်။
ချီဘိုးဘေးကတော့ သက်ပြင်းရှည်ကြီးတစ်ချက်ကို တိတ်ဆိတ်စွာ ချလိုက်သည်။
ထိုသက်ပြင်းထဲတွင် သူ၏မာန၊ သူ၏ဂုဏ်သိက္ခာ၊ မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သော ချီကလန်၏ ဂုဏ်ဒြပ်အားလုံး ရောပါသွားတော့သည်။
သူသည် အဝေးရှိ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူတို့ ကလန်ကို ကယ်တင်လိုက်နိုင်ခဲ့သည်။ သို့သော်... ထိုအတွက် ပေးဆပ်လိုက်ရသည့် တန်ဖိုးကတော့ သူတို့၏ ဝိညာဉ်ကို ထာဝရ ခြောက်လှန့်နေတော့မည် ဖြစ်သည်။
တံခါးတစ်ချပ်သာ ခြားနားသော်လည်း အတွင်းနှင့်အပြင်သည် ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်နေကြသည်။
အတွင်းဘက်တွင် ကျိုးကြေသွားသော နှလုံးသားတစ်ခုက အမှောင်ထဲတွင် တိတ်ဆိတ်စွာ နစ်မြုပ်နေပြီး၊ အပြင်ဘက်တွင်တော့ အရှက်တရားနှင့် နောင်တတို့ဖြင့် အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံနေရသော ဝိညာဉ်နှစ်ခုက ရပ်တန့်နေကြသည်။
သူတို့သည် ထိုတံခါးကို ဖွင့်ရန် သတ္တိမရှိ။ ထိုတံခါးကို ဖွင့်လိုက်လျှင် သူတို့၏ အပြစ်အားလုံးကို ဝန်ခံလိုက်ရသလို ဖြစ်သွားမည်ကို ကြောက်ရွံ့နေကြသည်။
ထို့ကြောင့် သူတို့လုပ်နိုင်သည်မှာ ထိုတံခါးအပြင်ဘက်တွင် ရပ်စောင့်နေရင်း မိမိတို့၏ သမီးငယ်လေး၏ ကြေကွဲသံကို နားထောင်ကာ မိမိတို့ကိုယ်ကို အပြစ်တင်ရင်း အချိန်ကုန်ဆုံးရန်သာ ဖြစ်တော့သည်။
အိပ်ခန်းထဲ၌ ချီဒေါင်ရင်းသည် ထျန်ရှင်းလု၏သွေးများဖြင့် ပေပွနေသော ရွှေရောင်ဆံထိုးအား ဗလာမျက်ဝန်းတို့ဖြင့်စိုက်ကြည့်နေ၏။
ယမန်နေ့ညက မြင်ကွင်းများသည် သူမ၏မျက်စိထဲသို့ပြန်လည်၍ မြင်ယောင်လာသည်။
အမှောင်ထုက အခန်းငယ်လေးကို လွှမ်းခြုံထားပြီး လရောင်ဖျော့ဖျော့ကသာ ပြတင်းပေါက်မှတစ်ဆင့် ကျရောက်နေသည်။
ထိုလရောင်အောက်တွင် နတ်ဆိုးတစ်ကောင်၏ ပုံရိပ်က သူမအပေါ်၌ စိုးမိုးထားသည်။ နာကျင်မှု၊ အရှက်တရားနှင့် ရွံရှာစက်ဆုပ်မှုတို့က သူမ၏ သွေးကြောတိုင်းထဲတွင် အဆိပ်ကဲ့သို့ စီးဆင်းနေသည်။
သူမ၏ ဝိညာဉ်ကို ဆုတ်ဖြဲခံလိုက်ရသလို ခံစားချက်က အဆိုးဆုံးပင်။
“မင်းရဲ့ ခန္ဓာကိုယ်အရည်အရသာက သိပ်ကိုချိုမြိန်လွန်းတယ်။”
သူ၏ အသံသည် တိုးလွန်းသော်လည်း အေးစက်ကာ အရိုးထဲထိ စိမ့်ဝင်သွားစေနိုင်သော မကောင်းဆိုးဝါးအငွေ့အသက်တို့ ပါဝင်နေသည်။
သူ၏ မျက်လုံးများသည် အမှောင်ထဲတွင် တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ မျက်လုံးများကဲ့သို့ အရောင်တောက်လာပြီး ချီဒေါင်ရင်း၏ တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထသွားစေသည်။
ချီဒေါင်ရင်းသည် သူ့ကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်ရင်း အံကိုကြိတ်ကာ ပြောလိုက်သည်။
“သတ်... သတ်ပစ်လိုက်။ ကျွန်မကို သတ်လိုက်ပါတော့”
သူမ၏အော်ဟစ်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။
ထျန်ရှင်းလုသည်တော့ ခနတာတိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထိုရယ်သံသည် အခန်းထဲတွင် ပဲ့တင်ထပ်သွားပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
“သတ်ရမယ် ဟုတ်လား။ ဟား... ချီသခင်မလေး၊ မင်းထင်နေတာလား... သေဆုံးခြင်းက မင်းအတွက် လွတ်မြောက်ရာလမ်းလို့ မင်းက ငါ့ကိုတော်တော် အထင်သေးလွန်းတာပဲ။”
သူသည် ချီဒေါင်ရင်း၏ လက်ကောက်ဝတ်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ သူမ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားသည်။
“သေချာနားထောင်စမ်း၊ ချီဒေါင်ရင်း။” သူ၏ မျက်နှာသည် သူမ၏ မျက်နှာနားသို့ တဖြည်းဖြည်း ကပ်လာပြီး သူ၏ အသက်ရှုသံနွေးနွေးက သူမ၏ ပါးပြင်ကို လာရောက်ရိုက်ခတ်သည်။
“မင်းသာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့မယ်ဆိုရင်... မင်းရဲ့သေဆုံးခြင်းက အဆုံးသတ်မဟုတ်ဘူး။ အစပဲရှိသေးတယ်။”
သူ၏ အသံထဲက ရက်စက်မှုကြမ်းကြုတ်မှုက ချီဒေါင်ရင်း၏ နှလုံးသားကို ရေခဲတမျှ အေးခဲသွားစေသည်။
“မင်းသေသွားတဲ့ နောက်တစ်နေ့မနက်မှာ၊ ငါက မင်းရဲ့ ချစ်လှစွာသော အဖေနဲ့ အဘိုးကို မင်းရဲ့ အလောင်းရှေ့မှာ ဒူးထောက်ခိုင်းမယ်။”
“ပြီးရင် သူတို့မျက်စိရှေ့မှာပဲ ချီကလန်က လူတစ်ယောက်ချင်းစီကို ခေါင်းဖြတ်သတ်ပစ်မယ်။ ကလေးတွေ၊ မိန်းမတွေ၊ အဘိုးကြီးတွေ... တစ်ယောက်မကျန်စေရဘူး။”
သူ၏ စကားလုံးတိုင်းသည် သံချွန်များကဲ့သို့ သူမ၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
“မင်းတို့ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ချီကလန်အိမ်တော်ကြီးကို ငါကိုယ်တိုင် မီးရှို့ပြမယ်။ ပြီးတော့ မင်းတို့ရဲ့ ဘိုးဘေးစဉ်ဆက် သင်္ချိုင်းဂူတွေကို ဖျက်ဆီးပြီး သူတို့ရဲ့ အရိုးပြာတွေကို လေထဲလွှင့်ပစ်မယ်။”
“ချီကလန်ဆိုတဲ့ နာမည်ကို ဒီလောကမှာ ဘယ်သူမှ မမှတ်မိစေရဘူး။”
ချီဒေါင်ရင်း၏ မျက်လုံးများ ပြူးကျယ်လာပြီး သူမ၏ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရအောင် တုန်ယင်လာသည်။ သူမ၏ နှုတ်ခမ်းများက တစ်စုံတစ်ခုကို ပြောရန် ကြိုးစားသော်လည်း အသံထွက်မလာပေ။
သို့သော် ထျန်ရှင်းလု၏ ရက်စက်မှုက ထိုမျှနှင့် မရပ်တန့်သွားသေး။
“အိုး... ဒါနဲ့တင် မပြီးသေးဘူး။” သူက ခေါင်းကို အသာခါယမ်းရင်း ကြောက်မက်ဖွယ်ရာ အပြုံးတစ်ခုကို ပြုံးလိုက်သည်။ “ချီကလန်ပိုင်နက်ထဲမှာရှိတဲ့ သေမျိုးမြို့တွေရော... မင်းတို့ရဲ့ အကာအကွယ်ပေးမှုကို ယုံကြည်ပြီး အေးချမ်းစွာ အိပ်စက်နေတဲ့ သာမန်လူတွေ... ငါ သူတို့မြို့တွေကို မြေမှုန့်ဖြစ်အောင်လုပ်ပစ်မယ်။”
“ယောက်ျားတွေကို ကျွန်လုပ်ပြီး မိန်းမတွေကို ပြည့်တန်ဆာဖြစ်အောင်လုပ်မယ်။ သေမျိုးတစ်သိန်း... အနည်းဆုံး တစ်သိန်းလောက်ကို မင်းရဲ့ အလောင်းရှေ့မှာ ယဇ်ပူဇော်မယ်။ သူတို့ရဲ့ သွေးတွေက ချီကလန်မြေကို မြစ်တစ်စင်းလို စီးဆင်းသွားစေရမယ်။”
“တော်....တော်ပါတော့...။” နောက်ဆုံးတွင် ချီဒေါင်ရင်း၏ လည်ချောင်းထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် အက်ကွဲခြောက်သွေ့နေပြီး အားနည်းလွန်းလှသည်။
ထျန်ရှင်းလုက သူမ၏ မေးစေ့ကို ဆွဲမော့လိုက်ပြီး သူ၏ မျက်လုံးများကို တည့်တည့်ကြည့်ခိုင်းသည်။
“ပြီးရင်... လောကကြီးတစ်ခုလုံးကို ငါကြေညာမယ်။ ချီကလန်ရဲ့ အနာဂတ်သခင်မလေး ချီဒေါင်ရင်းဟာ ယောက်ျားတစ်ယောက်ကိုတောင် ကောင်းကောင်းမပြုစုနိုင်တဲ့ အသုံးမကျတဲ့ မိန်းမတစ်ယောက်ဖြစ်လို့ အရှက်တရားနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်။”
“ပြီးတော့ သူ့ရဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့် ကလန်တစ်ခုလုံးနဲ့ သေမျိုးတစ်သိန်းရဲ့ အသက်ကိုပါ နုတ်ယူသွားခဲ့တယ်လို့ပေါ့။”
“မင်းရဲ့နာမည်ဟာ သမိုင်းမှာ အလှပဆုံး ပန်းတစ်ပွင့်အဖြစ် မဟုတ်ဘဲ၊ ကိုယ့်လူမျိုးကို ဒုက္ခပေးတဲ့ ကပ်ဘေးတစ်ခုအဖြစ် ထာဝရ မှတ်တမ်းတင်ကျန်ရစ်စေရမယ်။ ဘယ်လိုလဲ။ ဒီလိုသေခြင်းမျိုးကို မင်း သဘောကျရဲ့လား။”
ထိုစကားသည် သူမ၏ နောက်ဆုံး ခုခံကာကွယ်နိုင်စွမ်းကို လုံးဝ ချိုးဖျက်ပစ်လိုက်သည့် တူထုနှက်ချက်ပင် ဖြစ်သည်။
သူမ၏ မျှော်လင့်ချက်အားလုံး ပျက်သုဉ်းသွားသည်။ သူမ၏ ဝိညာဉ်သည် အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။
သူမသည် ကိုယ့်အသက်ကို စတေးပြီး ဂုဏ်သိက္ခာကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ထိုနတ်ဆိုးက သူမ၏ သေခြင်းကိုပင် အကြီးမားဆုံးသော လက်နက်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
သူမသာသေခဲ့လျှင် သူမသည် သူမ၏မိသားစု၊ သူမ၏ကလန်နှင့် အပြစ်မဲ့ပြည်သူများအတွက် သမိုင်းတရားခံ ဖြစ်သွားလိမ့်မည်။
“ကျွတ်...”
သူမ၏ လက်ထဲမှ ရွှေရောင်ဆံထိုးသည် ကြမ်းပြင်ပေါ်သို့ အသံမဲ့စွာ ပြုတ်ကျသွားသည်။ သူမ၏ မျက်ဝန်းအိမ်ထဲမှ အရောင်အဝါများအားလုံး ပျောက်ကွယ်သွားပြီး အသက်မဲ့သော မျက်လုံးများဖြင့် မျက်နှာကြက်ကိုသာ ငေးကြည့်နေမိတော့သည်။
သူမ မသေရဲတော့။
သူမသည် အရှင်လတ်လတ် ငရဲကျနေသော်လည်း ထိုငရဲထဲတွင် ဆက်လက်နေထိုင်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့။
ထိုညက ချီဒေါင်ရင်း၏ ဝိညာဉ် အမှန်တကယ် သေဆုံးသွားခဲ့သည်။
“ဟင့်...”
မနေ့ညက ထိုမြင်ကွင်းကို ပြန်တွေးမိသည့်အခါ ချီဒေါင်ရင်း၏ ကိုယ်လေးသည် တုန်ခနဲဖြစ်သွားပြီး ထိန်းချုပ်ထားသည့်ကြားမှ ရှိုက်သံတစ်ခု ထွက်ပေါ်လာသည်။
ထိုနတ်ဆိုး၏ စကားလုံးတိုင်းသည် သူမ၏ နှလုံးသားထဲတွင် ကမ္ပည်းကျောက်စာထက်ပင် ခိုင်မြဲစွာ စွဲထင်ကျန်ရစ်နေသည်။
သူမသည် အရှုံးပေးခဲ့ရုံသာမက ထိုနတ်ဆိုး၏ ကစားစရာတစ်ခု၊ သူ၏ အာဏာကို ပြသရန်အတွက် အသုံးချခံရသော ရုပ်သေးရုပ်တစ်ခုအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သူမ၏ အနာဂတ်... သူမ၏ ဘဝ... အားလုံးသည် အဆုံးမဲ့အမှောင်ထုထဲသို့ ထိုးကျသွားခဲ့လေပြီ။
တစ်ရှိုက်ရှိုက်မြည်အောင်ငိုနေသည့် ချီဒေါင်ရင်းထံတွင် အသက်ရှင်လိုသည့် ဆန္ဒမရှိသော်လည်း သူမကိုယ်သူ အဆုံးစီရင်ရန်သတ္တိမရှိဖြစ်နေ၏။
သူမ သေချင်သည်။ သို့သော် မသေနိုင်ဖြစ်နေရသည်။
ထိုအဖြစ်သည် အရှင်လတ်လတ် ငရဲကျခြင်းထက်ပင် ဆိုးရွားလှသည်။
သူမ၏ ဝိညာဉ်သည် အဆုံးမရှိသော နာကျင်မှုနှင့် အရှက်တရားတို့၏ ဝဲဂယက်ထဲတွင် ပိတ်မိနေသည်။ တစ်ဖက်တွင် သေဆုံးခြင်း၏ ငြိမ်းချမ်းမှုက သူမကို လက်ယပ်ခေါ်နေပြီး၊ အခြားတစ်ဖက်တွင်မူ ထိုနတ်ဆိုး၏ ရက်စက်လှသော ခြိမ်းခြောက်စကားသံတို့က သံကြိုးများသဖွယ် သူမကို ချည်နှောင်ထားသည်။
ရုတ်တရက်...
သူမ၏ ကိုယ်တွင်းမှ အေးစက်သော အငွေ့အသက်တစ်ခုက ရေခဲတမျှ စိမ့်တက်လာသည်။ ထိုအေးစက်မှုသည် ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပေါ်လာသော အေးစက်မှုမျိုးမဟုတ်ဘဲ၊ သေခြင်းတရား၏ အနံ့အသက်ပါသော၊ အရာအားလုံးကို အဆုံးသတ်ပစ်လိုသည့် ရက်စက်ကြမ်းကြုတ်သော အအေးဓာတ်မျိုးဖြစ်သည်။
သူမ၏ ကိုယ်လေးသည် ဆက်ခနဲတုန်ခါသွားပြီး ကြက်သီးမွှေးညှင်းများ ထောင်ထလာသည်။ ဤသည်မှာ လင်းရှောင်ခိုးကြောင်ခိုးဝှက်ထည့်သွင်းပေးခဲ့သော အဝါရောင်အစီအရင်အဆောင်စာရွက်၏ အစွမ်းပင်။
ထိုအစီအရင်သည် သူမ၏ ဝိညာဉ်ကို ကာကွယ်ရန်ဖြစ်သော်လည်း၊ အစီအရင်ကိုဖန်တီးထားသည့် စွမ်းအင်သည် သန့်စင်သောစွမ်းအင်မဟုတ်ဘဲ၊ သေခြင်းတရား၏ အခွဲတစ်ခုဖြစ်သော ‘သတ်ဖြတ်ခြင်း’ စွမ်းအင်ဖြစ်သည်။
ယခုအခါ ချီဒေါင်ရင်း၏ စိတ်သည် အားအနည်းဆုံးနှင့် အထိခိုက်လွယ်ဆုံး အခြေအနေတွင် ရှိနေသောကြောင့် ထိုသတ်ဖြတ်ခြင်း အငွေ့အသက်တို့သည် အခွင့်ကောင်းယူကာ သူမ၏ အတွေးအာရုံများကို တဖြည်းဖြည်း လွှမ်းမိုးလာတော့သည်။
သူမ၏ စိတ်ထဲတွင် လွန်ဆွဲပွဲတစ်ခု စတင်နေပြီဖြစ်သည်။
တစ်ဖက်တွင် ကြောက်ရွံ့မှုနှင့် တာဝန်သိစိတ်တို့ဖြင့် ပြည့်နှက်နေသော သူမ၏ မူလစိတ်က အော်ဟစ်နေသည်။
“မလုပ်နဲ့။ နင်သေသွားရင် အဖေနဲ့ အဘိုး ဒုက္ခရောက်လိမ့်မယ်။ ချီကလန်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ အပြစ်မဲ့တဲ့ပြည်သူတွေ သွေးမြေကျလိမ့်မယ်။ နင် အသက်ရှင်နေမှ ဖြစ်မယ်။ ဒီအရှက်တရားတွေကို မြိုသိပ်ပြီး အသက်ဆက်ရှင်ရမယ်။”
သို့သော် အခြားတစ်ဖက်တွင်တော့ သတ်ဖြတ်ခြင်းအငွေ့အသက်တို့ဖြင့် လောင်ကျွမ်းနေသော အသံတစ်ခုက အေးစက်စွာ တိုးတိုးလေး ကပ်ပြောလာသည်။
“ဘာလို့ အရှက်တကွဲ အသက်ရှင်နေမှာလဲ။ မင်းရဲ့ဒီခန္ဓာကိုယ်က ညစ်ညမ်းသွားပြီ။ မင်းရဲ့ဝိညာဉ်က အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီ။ မင်းက သူ့အတွက် ကစားစရာအရုပ်တစ်ရုပ်ပဲ။ ရှင်သန်ခြင်းက ငရဲဆိုရင်... သေဆုံးခြင်းက ဘာလို့ လွတ်မြောက်ရာလမ်း မဖြစ်နိုင်ရမှာလဲ။”
“မဟုတ်ဘူ။ ငါ့ကြောင့်နဲ့ ဘယ်သူ့ကိုမှ ဒုက္ခအရောက်မခံနိုင်ဘူး”
“ဟက်... တကယ်ရော မင်းက သူတို့ကို ကယ်နိုင်လို့လား။ ဒီနေ့ မင်းအရှုံးပေးခဲ့တယ်။ နောင်နေ့တွေမှာရော မင်း ထပ်ပြီး အရှုံးပေးနေရမှာပဲ။”
“ထျန်ရှင်းလုက မင်းကို ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး။ သူက မင်းကိုရော၊ မင်းရဲ့ကလန်ကိုရော ဖြည်းဖြည်းချင်း နှိပ်စက်ပြီး ကစားနေလိမ့်မယ်။ မင်းရဲ့ရှင်သန်ခြင်းက သူတို့ရဲ့ဒုက္ခကို သက်ဆိုးရှည်စေရုံပဲရှိတယ်။”
ထိုအေးစက်သော အသံ၏ စကားလုံးတိုင်းသည် ချီဒေါင်ရင်း၏ နောက်ဆုံး ခုခံကာကွယ်နိုင်စွမ်းကို ဓားသွားဖြင့် ခြစ်ချနေသကဲ့သို့ပင်။
ဟုတ်သည်။ သူမ ရှင်သန်နေပါက ထိုနတ်ဆိုး၏ အရိပ်အောက်မှ မည်သို့လွတ်မြောက်နိုင်မည်နည်း။ သူမ၏ ရှင်သန်မှုသည် ချီကလန်အတွက် အကာအကွယ်တစ်ခုမဟုတ်၊ ထာဝရ ခြိမ်းခြောက်မှုတစ်ခုသာ ဖြစ်နေလိမ့်မည်။
“သေလိုက်စမ်း...။” ထိုအသံက ပို၍ ကျယ်လောင်လာသည်။ “သေခြင်းတရားက အဆုံးသတ်ပဲ။ နာကျင်မှုတွေ၊ အရှက်တရားတွေ၊ အားလုံးကို အဆုံးသတ်ပစ်လိုက်။ သူ့ခြိမ်းခြောက်မှုတွေကို ဂရုမစိုက်နဲ့။ မင်းရဲ့သေခြင်းက အရှုံးပေးတာမဟုတ်ဘူး၊ မင်းရဲ့ နောက်ဆုံးသော ပုန်ကန်မှုပဲ။ မင်းရဲ့အသက်ကို သူ့လက်ထဲကနေ ပြန်လုယူလိုက်တာပဲ။”
ထိုအတွေးသည် အဆိပ်ပြင်းတစ်ခွက်ကဲ့သို့ သူမ၏ သွေးကြောထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
သူမ၏ မျက်ဝန်းအိမ်ထဲမှ မျက်ရည်များ ရုတ်တရက် ခန်းခြောက်သွားပြီး ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အေးစက်တည်ငြိမ်မှုတစ်ခုက အစားထိုးဝင်ရောက်လာသည်။
သူမ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားတော့။
အဖေ... အဘိုး... ချီကလန်... အပြစ်မဲ့ပြည်သူများ...။
သူတို့အားလုံး၏ ပုံရိပ်များသည် သူမ၏ စိတ်ထဲတွင် မှေးမှိန်ပျောက်ကွယ်သွားသည်။ ယခု သူမမြင်နေရသည်မှာ တစ်ခုတည်းသော လွတ်မြောက်ရာလမ်း... သွေးစွန်းနေသော လမ်းတစ်ခုသာ။
သူမ၏ လှုပ်ရှားမှုများသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ နှေးကွေးပြီး တိကျနေသည်။ သူမသည် ကြမ်းပြင်ပေါ်တွင် အသံမဲ့စွာ ကျနေသော ရွှေရောင်ဆံထိုးလေးကို ငုံ့ကြည့်လိုက်သည်။
ထိုဆံထိုးပေါ်တွင် ခြောက်သွေ့နေသော ထျန်ရှင်းလု၏ သွေးစက်တို့က အမှောင်ထဲတွင်ပင် နီညိုရောင်အဖြစ် သိသိသာသာ ထင်ကျန်နေသည်။
သူမ၏ လက်ချောင်းသွယ်သွယ်လေးများက ဆံထိုးကို ဖြည်းညှင်းစွာ ကောက်ယူလိုက်သည်။ သတ္တု၏ အေးစက်မှုက သူမ၏ အရေပြားကို ထိတွေ့လိုက်သည့်အခါ သူမ၏ တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာသလိုပင်။
ဒါက အရှုံးပေးခြင်းမဟုတ်ဘူး။ ဒါက ငါ့ရဲ့ နောက်ဆုံးပိတ် ပုန်ကန်မှုပဲ။
သူမသည် ထိုဆံထိုးကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားရင်း၊ ဆံထိုး၏ ချွန်မြသော ထိပ်ဖျားကို မိမိ၏ နှလုံးသားရှိရာ ရင်ဘတ်ပေါ်သို့ တေ့လိုက်သည်။
သူမ၏ မျက်ဝန်းများတွင် နောင်တတစ်စွန်းတစ်စမျှ မရှိတော့။ ရှိသည်ဆိုလျှင်တော့ အရာအားလုံးကို အဆုံးသတ်ပစ်တော့မည့် သေမင်း၏ တည်ငြိမ်အေးစက်မှုသာ...။
“ငါ့ကို... ဘယ်သူမှ... မပိုင်ဆိုင်စေရဘူး...”
သူမ၏ နှုတ်ခမ်းဖျားမှ နောက်ဆုံးစကားသံတို့ တိုးတိုးလေး ထွက်ပေါ်လာလေပြီး....
စွတ်...။
သူမသည် အားကုန်သုံး၍ ရွှေရောင်ဆံထိုးကို မိမိ၏ နှလုံးသားထဲသို့ တစ်ချက်တည်း အဆုံးထိ ထိုးစိုက်ချလိုက်တော့သည်။
နွေးထွေးသော သွေးများက သူမ၏ လက်ချောင်းများကြားမှ လျှံတက်လာပြီး သူမ၏ အဖြူရောင်ဝတ်ရုံပေါ်တွင် အနီရောင်ပန်းတစ်ပွင့်ပွင့်သွားသကဲ့သို့ စွန်းထင်းသွားသည်။
သူမ၏ ကိုယ်လေးသည် ယိမ်းယိုင်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ နာကျင်မှုကို သူမ မခံစားရ။ ထူးဆန်းစွာပင်၊ သူမ၏ ဝိညာဉ်ကို ချည်နှောင်ထားသော သံကြိုးများအားလုံး ပြတ်တောက်သွားသကဲ့သို့ ပေါ့ပါးလွတ်လပ်သွားသော ခံစားချက်ကိုသာ ရရှိလိုက်သည်။
သူမ၏ မျက်ဝန်းများသည် မျက်နှာကြက်ကို အသက်မဲ့စွာ စိုက်ကြည့်နေဆဲ။
သို့သော် ထိုမျက်ဝန်းများထဲတွင် နောက်ဆုံးမြင်ကွင်းအဖြစ် ထျန်ရှင်းလု၏ ဒေါသတကြီးဖြစ်သွားမည့် မျက်နှာကို မြင်ယောင်ရင်း... ချီဒေါင်ရင်း၏ နှုတ်ခမ်းထောင့်စွန်းတွင် ကျေနပ်မှုအပြုံးတစ်ချက်... ဖြစ်ပေါ်လာခဲ့လေသည်။
သူမ... နောက်ဆုံးတော့ လွတ်မြောက်သွားခဲ့ပြီ။
ကံကြမ္မာက ကျီစယ်သည်လော။ လင်းရှောင်သည် ချီဒေါင်ရင်းမတော်တဆသေဆုံးသွားမည်ကို ကြောက်ရွံသောသည်။
ထို့အတွက်ကြောင့် သေခြင်းလမ်းစဥ်၏ အခွဲဖြစ်သော သတ်ဖြတ်ခြင်းလမ်းစဥ်၏ အငွေ့အသက်များပါရှိသည့် အစီအရင်တစ်ခုအားရေးဆွဲကာ ချီဒေါင်ရင်း၏ ကိုယ်ထဲသို့ထည့်ထားခဲ့သည်။
ယခုအခါတွင် ချီဒေါင်ရင်းက အသက်ရှင်လိုစိတ်မရှိတော့သောအခါ ထိုအနက်ရောင်သေခြင်းအငွေ့အသက်များက သူမကိုလွှမ်းမိုးသွားလေ၏။
ထိုအခါ သူမက သူမလုပ်ရက်၏ နောက်ဆက်တွဲကို ဂရုမစိုက်တော့ချေ။ လင်းရှောင်၏ အစီအရင်သာ ချီဒေါင်ရင်း၏ ကိုယ်ထဲတွင်ရှိမနေပါက သူမကအစွန်းရောက်သွားပြီး သူမကိုယ် သူမအဆုံးစီရင်မည်မဟုတ်လိမ့်ချေ။
ကံကြမ္မာသည် အမှန်တကယ် ကျီစယ်တတ်ပေသည်။
ချီဒေါင်ရင်း၏ ကိုယ်လေး ကြမ်းပြင်ပေါ် လဲကျသွားသည့် အသံသည် တိတ်ဆိတ်နေသော အခန်းငယ်ထဲတွင် အပ်တစ်ချောင်းပြုတ်ကျသကဲ့သို့ တိုးညှင်းလွန်းလှသည်။
သို့သော် ထိုအသံသည် အပြင်ဘက် တံခါးဝတွင် ကျောက်ရုပ်များသဖွယ် ရပ်နေသော ချီသခင်ကြီးနှင့် ချီဘိုးဘေးတို့၏ နှလုံးသားကိုမူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်ခါသွားစေသည်။
ချီဘိုးဘေး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာသည်။ သူ၏ နှစ်ပေါင်းတစ်ရာကျော် အတွေ့အကြုံက တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
အခန်းထဲမှ ထွက်ပေါ်လာသော နက်ရှိုင်းပြီး အေးစက်သော သတ်ဖြတ်ခြင်း အငွေ့အသက် တစ်စွန်းတစ်စက သူ၏ ကျောရိုးကို တန်းခနဲ ဖြစ်သွားစေသည်။
“မဟုတ်ဘူး။”
သူ၏ အော်ဟစ်သံသည် လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး မပီဝသစွာ ထွက်ပေါ်လာသည်။ သူသည် အားကုန်ထုတ်၍ တံခါးဆီသို့ ဦးတည်ကာ ပြေးဝင်သွားသည်။
ဒုန်း။
တံခါးကို ဖွင့်ရန် ကြောက်ရွံ့မှု၊ ရှက်ရွံ့မှုတို့ဖြင့် လေးလံနေခဲ့သော သူ၏ ခြေထောက်များသည် ယခုအခါတွင် ဖခင်နှင့် အဘိုး၏ အလိုလိုတုံ့ပြန်မှုဖြင့် အင်အားအသစ်များ ရရှိလာသကဲ့သို့ တစ်ချက်တည်းဖြင့် တံခါးကို ပိတ်ထားသော ပိတ်ဆို့မှုအစီအရင်ကို ဖြိုခွင်း၍ အခန်းထဲသို့ ဝုန်းဒိုင်းဖြင့် ဝင်ရောက်သွားသည်။
ချီသခင်ကြီးသည်လည်း သူ့နောက်မှ တစ်ပြိုင်နက်တည်း ဝင်လိုက်လာသည်။
သူတို့ မျက်စိရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းက သူတို့၏ မျက်လုံးများကို ကြီးမားသော တံစို့များဖြင့် ဖောက်ထိုးလိုက်သကဲ့သို့ နာကျင်သွားစေသည်။
ချီဒေါင်ရင်းသည် ဖြူဖျော့သော အဝတ်အစားများဖြင့် ကြမ်းပြင်ပေါ်တွင် ပုံလဲကျနေသည်။ သူမ၏ နှလုံးသားရှိရာ နေရာမှ နီညိုရောင် သွေးပန်းပွင့်ကြီးက ဝတ်ရုံဖြူကို စွန်းထင်းစေလျက်၊ ရွှေရောင်ဆံထိုးတစ်ချောင်းက အဆုံးထိ ထိုးစိုက်လျက်သား ရှိနေသည်။
သူမ၏ မျက်လုံးများသည် မျက်နှာကြက်ကို ငေးကြည့်နေပြီး အသက်မဲ့သော အေးစက်မှုသာ စိုးမိုးနေသည်။
“ဒေါင်ရင်း”
ချီသခင်ကြီး၏ အော်သံသည် အခန်းတစ်ခုလုံးကို ထိုးဖောက်သွားပြီး နာကျင်မှု၊ ကြေကွဲမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူသည် သူ၏သမီးငယ်လေးဆီသို့ အပြေးအလွှားသွားကာ သူမ၏ ကိုယ်လေးကို ပွေ့ဖက်လိုက်သည်။
ပူနွေးပြီး စိုစွတ်နေသော သွေးများ၏ ထိတွေ့မှုက သူ့ကို အိပ်မက်ဆိုးမှ နိုးထစေခဲ့သည်။
“ဒေါင်ရင်း... သမီး... သမီး ဘာလုပ်လိုက်တာလဲ” သူ၏ အသံသည် တုန်ယင်နေပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာသည်။
နောင်တတရားက သူ့ကို သံဆူးကြိုးများဖြင့် ရစ်ပတ်ကာ လည်ပင်းကို တင်းကြပ်စွာပတ်ထားသကဲ့သို့ ခံစားရသည်။ “အဖေ တောင်းပန်ပါတယ်... အဖေ အသုံးမကျခဲ့ဘူး။”
ချီဘိုးဘေး၏ မျက်နှာသည် ပြာနှမ်းသွားပြီး သူ၏ အိုမင်းသော ကိုယ်ခန္ဓာသည် ရုတ်တရက် မတ်တပ်ရပ်နိုင်စွမ်းပင် မရှိတော့ဘဲ ဖုတ်လဲလဲ လဲကျသွားတော့မလို ဖြစ်သွားသည်။
သူသည် အမြန်ဆုံး လှုပ်ရှား၍ ချီဒေါင်ရင်း၏ ဘေးနားသို့ ရောက်ရှိလာပြီး အသက်ဓာတ်စစ်ဆေးမှုကို ပြုလုပ်ရန် လက်ကို ဆံထိုးစိုက်ဝင်ထားသည့် ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။
ချီဒေါင်ရင်းသေဆုံးသွားပြီဖြစ်၏။ ကံကြမ္မာသည် အမှန်တကယ် ကျီစယ်တတ်သည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၉၁ + ၁၉၂ + ၁၉၃ + ၁၉၄) ပြီး