အခန်း (၁၉၇-၂၀၀)
Vol. 20 Ch. 197-200
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၉၇ + ၁၉၈ + ၁၉၉ + ၂၀၀)
ဇူလိုင်လ၊ ၅ ရက်နေ့ ညနေ ၅ နာရီလောက်ရှိပြီဖြစ်သည်။ မြစိမ်းတောင်တန်းတစ်လျောက် ရာသီဥတုသည်တော့ မိုးတွေမှောင်မဲနေကာ မကြာမှီ မိုးရွာသွန်းတော့မည့်အလားအလာရှိသည်။
ရာသီဥတုနှင့်အညီ ထျန်ရှင်းလု၏မျက်နှာထားသည်လည်း မဲမှောင်နေကာ သူဝတ်ဆင်ထားသည့် အဝတ်အစားသည်လည်း အနက်ရောင်ဝတ်ရုံရှည်ကြီးသာဖြစ်သည်။
သူသည် ချီကလန်၏ရင်ပြင်စင်ထက်မှ ပုလ္လင်ပေါ်တွင်ဘုရင်တစ်ပါးကဲ့သို့ သက်တောင့်သက်သာရှိစွာထိုင်နေ၏။ သို့သော် သူ၏ဟေဇယ်ရောင်မျက်ဝန်းများထဲမှ ဒေါသအရိပ်အယောင်များသည်တော့ သက်တောင့်သက်သာမရှိချေ။
သူ၏ပုလ္လင်ဘေးတွင် ၁ မီတာ ခွဲအရှည်ရှိသည့် သွေးသောက်သူဆေဘာကိုအုတ်ကြမ်းပြင်ထဲသို့ ထိုးစိုက်ထားသည်။
သူ၏အနောက်တွင်လည်း လီနာ နှင့် အတူ သူနာပြုမလေးရှောင်ယွဲ့၊ ညီမ ၅၊ အရိပ်လုပ်ကြံသူ ၂ ယောက်၊ ရှောင်ဘိုးဘေးမြွေမလေး၊ အကြီးအကဲ ၂ ယောက်၊ ရှောင်မာန်၊ စသဖြင့်လူစုံတတ်စုံရှိနေကြလေ၏။
သူ၏အရှေ့တွင်တော့ ချီဒေါင်ရင်း၏အေးစက်ကာပြာနှမ်းနေပြီဖြစ်သည့် အလောင်းရှိနေကာ ကြမ်းပြင်တွင်ဤအတိုင်းလှဲထားလေသည်။
ထျန်ရှင်းလုက သူခြိမ်းခြောက်ခဲ့သည့်အတိုင်း လုပ်တော့မည်ဖြစ်၏။
ရင်ပြင်တစ်ခုလုံးသည် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေသည်။ လေထဲတွင် မိုးနံ့နှင့်အတူ သေခြင်းတရား၏ အငွေ့အသက်တို့က ရောယှက်ပျံ့လွင့်နေသည်။
ချီကလန်၏ အကြီးအကဲများ၊ တပည့်များ၊ အစေခံများ အပါအဝင် လူထောင်ပေါင်းများစွာကို ရင်ပြင်ကျယ်ကြီးထဲတွင် ဒူးထောက်ခိုင်းထားသည်။
သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှု၊ နာကြည်းမှု၊ မျှော်လင့်ချက်ကင်းမဲ့မှုတို့က ထင်ဟပ်နေသည်။
သူတို့အားလုံး၏ ရှေ့ဆုံးတွင်တော့ ချီသခင်ကြီးနှင့် ချီဘိုးဘေးတို့သည် မတ်တပ်ရပ်လျက်သား။ သူတို့၏ အသွင်အပြင်သည် ရက်အနည်းငယ်အတွင်း နှစ်ပေါင်းများစွာ ရင့်ရော်သွားသကဲ့သို့ပင်။
ချီသခင်ကြီး၏ မျက်လုံးတို့သည် သွေးများစီးကျတော့မတတ် နီရဲနေပြီး သူ၏လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
ချီဘိုးဘေးမှာတော့ သူ၏မြေးမလေး၏ အလောင်းကိုကြည့်ရင်း အသက်မဲ့နေသော မျက်ဝန်းများဖြင့် ငူငူကြီးသာ ရပ်နေသည်။
ထျန်ရှင်းလုသည် သူတို့နှစ်ဦးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်တစ်ချက်ကပင် ပတ်ဝန်းကျင်ရှိ အပူချိန်ကို ရေခဲမှတ်အောက်သို့ ကျဆင်းသွားစေသည်။
“ချီဘိုးဘေး... ချီသခင်ကြီး...” သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ လေးနက်ပြီး အမိန့်အာဏာတို့ဖြင့် ပြည့်နှက်နေသည်။ “မင်းတို့နှစ်ယောက်... ငါ့ရှေ့က အလောင်းဆီကိုသွားပြီး ဒူးထောက်လိုက်။”
ထိုစကားကို ကြားလိုက်ရသည့်အခါ ချီသခင်ကြီး၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး သူ၏မျက်လုံးများထဲမှ အမုန်းတရားတို့က မီးတောက်များအဖြစ် လောင်ကျွမ်းလာသည်။
“ထျန်ရှင်းလု။ မင်း... မင်း အရမ်းလူမဆန်လွန်း...”
“ဖြန်း”
သူ၏စကားမဆုံးမီမှာပင် လေထဲတွင် ကျာပွတ်ရိုက်သံတစ်ခု ထွက်ပေါ်လာပြီး ချီသခင်ကြီး၏ ပါးတစ်ဖက်တွင် သွေးစင်းကြီးတစ်ခု ထင်သွားကာ သူ၏ကိုယ်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
လီနာသည် သူမ၏လက်ထဲမှ သားရေကျာပွတ်ကို ပြန်ရုတ်သိမ်းလိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။ “သခင်ရဲ့နာမည်ကို မင်းလိုနိမ့်ကျတဲ့အကောင်က တိုက်ရိုက်ခေါ်စရာလား။”
ထျန်ရှင်းလုက လက်ကို အသာမြှောက်ပြလိုက်ရာ လီနာက ချက်ချင်းနောက်သို့ ပြန်ဆုတ်သွားသည်။
“ငါ့စကားကို မင်းတို့ နားမလည်ဘူးလား။” ထျန်ရှင်းလုက အေးစက်စွာ ထပ်မေးလိုက်သည်။ “ဒါမှမဟုတ်... မင်းတို့ရဲ့ အသုံးမကျတဲ့ သမီး၊ မြေးမလေးရဲ့ အလောင်းရှေ့မှာ ဒူးတစ်ခါထောက်ရတာက မင်းတို့ရဲ့ မာနကို အရမ်းထိခိုက်သွားစေလို့လား။”
ချီဘိုးဘေးသည် မျက်လုံးများကို မှိတ်ချလိုက်သည်။ သူ၏ နှလုံးသားသည် ဓားအစင်းပေါင်းများစွာဖြင့် ထိုးမွှန်းခံနေရသကဲ့သို့ နာကျင်နေသည်။
သို့သော် သူသိသည်။ ယခုအချိန်တွင် သူတို့တွင် ငြင်းဆန်ပိုင်ခွင့်မရှိ။ သူတို့၏ ငြင်းဆန်မှုတိုင်းသည် ချီကလန်တစ်ခုလုံးအတွက် ပိုမိုဆိုးရွားသော ကံကြမ္မာကိုသာ ယူဆောင်လာလိမ့်မည်။
သူသည် လဲကျနေသော သူ၏သားကို ဆွဲထူလိုက်ပြီး တုန်ယင်နေသော ခြေလှမ်းများဖြင့် ချီဒေါင်ရင်း၏ အလောင်းရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
မျိုးဆက်ပေါင်းများစွာ ဂုဏ်ယူဝင့်ကြွားခဲ့သော ချီကလန်၏ ခေါင်းဆောင်နှစ်ဦးသည် သူတို့၏ သွေးသားအရင်းအချာ၊ သူတို့ ကာကွယ်မပေးနိုင်ခဲ့သော မိန်းကလေးတစ်ယောက်၏ အလောင်းရှေ့တွင်...။
“ဂျိန်း”
မိုးခြိမ်းသံကြီးနှင့်အတူ သူတို့၏ ဒူးများသည် ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည်။
ထိုမြင်ကွင်းသည် ချီကလန်သားအားလုံး၏ နှလုံးသားကို ဆွဲဆုတ်လိုက်သကဲ့သို့ပင်။ အချို့မှာ ဒေါသဖြင့် အံကြိတ်ကြပြီး အချို့မှာတော့ မျက်ရည်များ တိတ်တဆိတ် စီးကျလာကြသည်။
ထျန်ရှင်းလုသည် ထိုမြင်ကွင်းကို ကျေနပ်စွာ ကြည့်ရင်း သူ၏ ပုလ္လင်ပေါ်တွင် ခပ်လျော့လျော့ ပြန်မှီထိုင်လိုက်သည်။
“ကောင်းပြီ။” သူက ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
“သူမ မသေခင်တုန်းက ငါပြောခဲ့တယ်။ သူသာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ရင်... သူမရဲ့ သေဆုံးခြင်းက အဆုံးသတ်မဟုတ်ဘူး၊ အစပဲရှိသေးတယ်လို့။”
“သူမက ငါ့စကားကို မယုံခဲ့ဘူး။” ထျန်ရှင်းလု၏ အသံထဲတွင် ရက်စက်သော လှောင်ရယ်သံတစ်ခု ပါဝင်လာသည်။
“အခု... ငါ့စကားက အမှန်တရားဖြစ်ကြောင်း မင်းတို့အားလုံးကို သက်သေပြရမှာပေါ့။”
သူသည် သူ၏လက်ညှိုးကို ဖြည်းညင်းစွာ ထောင်ပြလိုက်ပြီး ဘေးတွင် ဒူးထောက်နေသော ကလန်သားများထဲမှ ကလေးငယ်တစ်ဦးကို ညွှန်ပြလိုက်သည်။
“အဲဒီကလေးကနေ စလိုက်။”
အရိပ်လုပ်ကြံသူတစ်ဦးသည် တစ္ဆေတစ်ကောင်ကဲ့သို့ ရုတ်တရက်ပေါ်လာပြီး ထိုကလေးငယ်၏ မိခင် အော်ဟစ်ရန်ပင် အချိန်မရလိုက်ခင်မှာပင် ကလေးငယ်၏ လည်ပင်းကို ဆွဲမကာ ထျန်ရှင်းလု၏ ရှေ့သို့ ပစ်ချလိုက်သည်။
“မလုပ်... မလုပ်ပါနဲ့” ကလေးငယ်၏ မိခင်က ရူးမတတ် အော်ဟစ်ကာ ပြေးဝင်လာသော်လည်း အကြီးအကဲတစ်ဦး၏ ဖိအားပေးမှုအောက်တွင် မြေပြင်ပေါ်၌ မလှုပ်ရှားနိုင်တော့ပေ။
ထျန်ရှင်းလုသည် ထို ၇ နှစ်အရွယ် ကလေးငယ်ကို ငုံ့ကြည့်လိုက်သည်။ ကလေးငယ်၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“မင်းနာမည် ဘယ်သူလဲ။” ထျန်ရှင်းလုက အေးစက်စွာမေးသည်။
“ချီ... ချီဖန်...”
“ကောင်းပြီ၊ ချီဖန်။” ထျန်ရှင်းလုက အပြုံးမပျက် ပြောလိုက်သည်။ “မင်းရဲ့ သခင်မလေး ချီဒေါင်ရင်းရဲ့ မိုက်မဲမှုအတွက် ပထမဆုံး ပေးဆပ်ရတဲ့သူအဖြစ် မင်းကို ဂုဏ်ပြုတယ်။”
“ဝှစ်”
သူစကားဆုံးသည်နှင့် သူ၏ဘေးတွင် စိုက်ထားသော သွေးသောက်သူဆေဘာသည် အလိုလို လှုပ်ရှားလာပြီး လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ကလေးငယ်၏ လည်ပင်းကို ဖြတ်သန်းသွားသည်။
“ဖွား...”
ကလေးငယ်၏ ဦးခေါင်းသည် လေထဲတွင် မြောက်တက်သွားပြီး သွေးများက စမ်းရေပန်းတစ်ခုကဲ့သို့ ပန်းထွက်ကာ ချီဒေါင်ရင်း၏ အလောင်းနှင့် သူမ၏ရှေ့တွင် ဒူးထောက်နေသော ချီဘိုးဘေးနှင့် ချီသခင်ကြီးတို့၏ မျက်နှာပေါ်သို့ စင်ကျသွားသည်။
“အားးးးးးးး”
ကလေးငယ်၏ မိခင်ထံမှ ကြေကွဲဖွယ်ရာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ချီသခင်ကြီး၏ မျက်လုံးများသည် သွေးများဖြင့် ဖုံးလွှမ်းသွားပြီး သူသည် ရူးသွပ်သွားတော့မည့်အလား အော်ဟစ်လိုက်သည်။
“ထျန်ရှင်းလု!!!! ငါမင်းကို သတ်မယ်။”
သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင်၊ ထျန်ရှင်းလုက ဖြတ်ကတည်းပျောက်ကွယ်သွားပြီး သူ၏အရှေ့သို့လာကာ ချီသခင်ကြီး၏အရှိုက်အားထိုးချလိုက်၏။
“အဟွတ်..” ချက်ချင်းပဲ ချီသခင်ကြီးစုဆောင်းထားသော ခွန်အားများအားလုံးကုန်ဆုံးသွားလေပြီး သွေးတွေအန်ထွက်လာကာ မြေပြင်ပေါ်သို့ဒူးထောက်ကျသွား၏။
ချီဘိုးဘေးကလည်း ထျန်ရှင်းလုအား တိုက်ခိုက်လိုက်သည်။ သို့သော် သူသည်လည်း အရှိုက်ကိုအထိုးခံလိုက်ရပြီး ချီသခင်ကြီးနှင့်တူညီသော ကံကြမ္မာအားရင်ဆိုင်လိုက်ရလေ၏။
“ဆက်သတ်။” ထျန်ရှင်းလုက အမိန့်ပေးလိုက်သည်။
“မိန်းမတွေ၊ အဘိုးကြီးတွေ၊ တစ်ယောက်မကျန်စေနဲ့။ ချီမျိုးနွယ်ဝင်မှန်သမျှ... ဒီနေ့ ဒီရင်ပြင်မှာ အဆုံးသတ်ရမယ်။”
သူ၏အမိန့်အဆုံးတွင် သူ၏လက်အောက်ငယ်သားများသည် သွေးဆာနေသော ဝံပုလွေများကဲ့သို့ ဒူးထောက်နေသော ချီကလန်သားများထံသို့ ပြေးဝင်သွားကြသည်။
ထိုညနေခင်းသည် သွေးချောင်းစီးသော ညနေခင်းတစ်ခု ဖြစ်လာခဲ့သည်။ အော်ဟစ်သံများ၊ ငိုယိုသံများ၊ အကူအညီတောင်းသံများသည် မိုးခြိမ်းသံများနှင့် ရောနှောကာ ချီကလန်၏ ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။
ခွေးကိုဂျောင်ပိတ်ရိုက်လျှင် သခင်ကိုပင်ပြန်ကိုက်တတ်၏။ ချီကလန်ဝင်များသည် ပြန်လည်တိုက်ခိုက်ရန်ကြိုးစားသော်လည်း အချည်းနှီးပင်ဖြစ်သည်။
ထျန်ရှင်းလုသည် ထိုမြင်ကွင်းကို မည်သည့်ခံစားချက်မှမရှိဘဲ ကြည့်နေသည်။ သူသည် သူ၏ ကတိစကားကို တည်နေခြင်းသာ ဖြစ်သည်။
သူ၏အနောက်မှ သူများတွင်လည်း မတူညီသောတုန့်ပြန်မှုများဖြင့်ရှိနေကြသည်။ နဂါးလေးကောင်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲချိုး နှင့် အကြီးအကဲဖန်းတို့ကတော့ မျက်နှာသေကြီးဖြင့်သာစိုက်ကြည့်နေကြသည်။
သူတို့သည် အနက်ရောင်သိုင်းသမားများဖြစ်ကြသည်။ ထို့အတွက်ကြောင့် ဤကဲ့သို့သောမြင်ကွင်းများက သူတို့နှင့်သိပ်ပြီးမစိမ်းကားချေ။
ညီမ ၅ သည်တော့ မျက်မှောင်ကြုတ်ထားပြီး သူမ၏ဘယ်လက်သကြွယ်မှ စိန်လက်စွပ်လေးအား ပွတ်သပ်နေမိသည်။
ရှောင်ဘိုးဘေး၏တစ်ကိုယ်လုံးသည်တော့ တုန်ရီနေကာ သူမက နားကိုအုပ်ထားပြီး ခေါင်းကိုစိုက်ချထားသည်။ ချီကလန်သည်လည်း ရှောင်ကလန်ကဲ့သို့တူညီသော ကံကြမ္မာအားရင်ဆိုင်နေရချေပြီ။
ချင်းလိန်ဟွာသည်တော့ အနည်းငယ်မျက်နှာမှိုင်းကျနေသော်လည်း သူမလုပ်နိုင်သည့်အရာမရှိသောကြောင့် ဤအတိုင်းသာကြည့်နေရလေ၏။
တစ်နာရီအတွင်းမှာပင် ရင်ပြင်တစ်ခုလုံးသည် အလောင်းများဖြင့် ပြည့်နှက်သွားသည်။
ထျန်ရှင်းလုသည် သူ၏ပလ္လင်ပေါ်မှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သွေးများဖြင့် ချောကျိကျိဖြစ်နေသော ကြမ်းပြင်ပေါ်တွင် ခြေတစ်လှမ်းချင်း လျှောက်လာသည်။
သူသည် သွေးများဖြင့် ရွှဲနစ်နေသော ချီဘိုးဘေးနှင့် ချီသခင်ကြီးတို့၏ ရှေ့တွင် ရပ်လိုက်သည်။
သူတို့နှစ်ဦးသည် အသက်ရှင်လျက်ရှိသေးသော်လည်း သူတို့၏ မျက်လုံးများထဲတွင် မည်သည့်အရောင်အဝါမှ မရှိတော့ပေ။
သူတို့၏ မျိုးနွယ်တစ်ခုလုံး သူတို့မျက်စိရှေ့တွင် အသတ်ခံလိုက်ရခြင်းက သူတို့၏ ဝိညာဉ်ကို သတ်ပစ်လိုက်ပြီဖြစ်သည်။
“ဒါနဲ့ မပြီးသေးဘူး။” ထျန်ရှင်းလုက တိုးညှင်းစွာ ပြောလိုက်သည်။ “မင်းတို့ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ချီကလန်အိမ်တော်ကြီးကို မီးရှို့မယ်။ ပြီးတော့ မင်းတို့ရဲ့ ဘိုးဘေးစဉ်ဆက် သင်္ချိုင်းဂူတွေကို ဖျက်ဆီးပြီး သူတို့ရဲ့ အရိုးပြာတွေကို ဝက်စာထဲထည့်ကျွေးပြစ်မယ်”
သူက လီနာဘက်သို့ လှည့်ကြည့်လိုက်သည်။ “သွားလုပ်လိုက်။”
လီနာက ခေါင်းညိတ်ပြပြီး သူ၏လူများကို ဦးဆောင်ကာ ချီကလန်၏ အဆောက်အဦအသီးသီးသို့ ဝင်ရောက်သွားကြသည်။
မကြာမီမှာပင် မီးတောက်မီးလျှံများနှင့် ပေါက်ကွဲသံများက နေရာအနှံ့မှ ထွက်ပေါ်လာတော့သည်။
“အိုး... နောက်ဆုံးတစ်ခု ကျန်သေးတယ်။” ထျန်ရှင်းလုသည် သူ၏ဖိနပ်ထိပ်ဖြင့် ချီဒေါင်ရင်း၏ အေးစက်နေသော ပါးပြင်ကို တို့ထိလိုက်သည်။
“ချီကလန်ပိုင်နက်ထဲမှာရှိတဲ့ သေမျိုးမြို့တွေ... မင်းတို့ရဲ့ အကာအကွယ်ပေးမှုကို ယုံကြည်ပြီး အေးချမ်းစွာ အိပ်စက်နေတဲ့ သာမန်လူတွေ... ငါ သူတို့မြို့တွေကို မြေမှုန့်ဖြစ်အောင်လုပ်ပစ်မယ်။”
“ယောက်ျားတွေမှန်သမျှကို ကျွန်လုပ်ပြီး မိန်းမတွေအကုန်လုံးကို ပြည့်တန်ဆာဖြစ်အောင်လုပ်မယ်။”
သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏အသံကို ကျယ်လောင်စွာ ထုတ်ဖော်လိုက်သည်။
“သေမျိုးတစ်သိန်း... အနည်းဆုံး တစ်သိန်းလောက်ကို ဒီနေရာမှာ ယဇ်ပူဇော်မယ်။ သူတို့ရဲ့ သွေးတွေက ချီကလန်မြေကို မြစ်တစ်စင်းလို စီးဆင်းသွားစေရမယ်။”
“ပြီးရင်... လောကကြီးတစ်ခုလုံးကို ငါကြေညာမယ်။ ချီဒေါင်ရင်းရဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့် ကလန်တစ်ခုလုံးနဲ့ သေမျိုးတစ်သိန်းရဲ့ အသက်ကိုပါ နုတ်ယူသွားခဲ့တယ်လို့ပေါ့။”
ထိုစကားလုံးများသည် ချီဘိုးဘေးနှင့် ချီသခင်ကြီးတို့၏ နောက်ဆုံးကျန်ရှိနေသော အသိစိတ်ကို လုံးဝ ချိုးဖျက်ပစ်လိုက်သည်။
“အားးးးးးးးး”
သူတို့နှစ်ဦးလုံး သွေးများအန်ထုတ်လိုက်ကြရပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူတို့ မသေဆုံးသေးသော်လည်း သေခြင်းထက် ဆိုးရွားသော နာကျင်မှုကို ခံစားနေရသည်။
ထျန်ရှင်းလုသည် သူတို့ကို လှည့်မကြည့်တော့ဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ “သူတို့နှစ်ယောက်ကို ဒီနေရာမှာ ချည်ထားလိုက်။ သူတို့ရဲ့ကလန်နဲ့ သူတို့ကာကွယ်ခဲ့တဲ့လူတွေ ဘယ်လိုပျက်စီးသွားလဲဆိုတာကို ကိုယ့်မျက်စိနဲ့ကိုယ် မြင်ပါစေ။”
သူ၏အမိန့်အဆုံးတွင် မိုးများသည် သည်းထန်စွာ ရွာသွန်းချလာသည်။
မိုးရေများသည် ရင်ပြင်ပေါ်ရှိ သွေးများကို ဆေးကြောသွားသော်လည်း ထိုနေရာတွင် စွဲထင်ကျန်ရစ်ခဲ့သော အမုန်းတရားနှင့် နာကျင်မှုတို့ကိုတော့ မည်သို့မျှ ဆေးကြောနိုင်မည် မဟုတ်တော့ပေ။
ထျန်ရှင်းလု၏ သွေးသောက်သူဆေဘာသည်တော့ သွေးမသောက်တော့ချေ။ ထိုအစား သေဆုံးသွားသည့် ချီကလန်ဝင်များ၏ဝိညာဉ်များကိုသာ စုပ်ယူ၍ တစ္ဆေအဖြစ်ပြောင်းလဲပြစ်လေသည်။
ထျန်ရှင်းလု၏ သေဆုံးသွားပြီဖြစ်သည့် ဆရာမ၊ သွေးသောက်သူဆေဘာ၏ပိုင်ရှင်အဟောင်းသည် အဖြူရောင်ကျင့်ကြံသူဖြစ်သည်။
သူမသည် စွမ်းအားကိုအလွန်အကြွံစွဲလန်းခြင်းမရှိချေ။ ထို့အတွက်ကြောင့် ရန်သူများ၏သွေးကိုသာ ဆေဘာအားတိုက်ကျွေးပြီး ဝိညာဉ်များအား မစုပ်ယူခိုင်းခဲ့ချေ။
သို့သော် ထျန်ရှင်းလုသည်တော့ သူမနှင့်ဆန့်ကျင်ဘက်ပင်ဖြစ်၏။ သူသည်သွေးသောက်သူဆေဘာအား ဝိညာဉ်များစုပ်ယူခိုင်းသည်။
ထိုအခါ ဝိညာဉ်တစ်စိတ်တစ်ပိုင်းနိုးထပြီးဖြစ်သည့် သွေးသောက်သူဆေဘာသည် အရည်အသွေးနိမ့်ကျသည့် သွေးများအား ဆက်လက်၍မသောက်သုံးတော့ချေ။
ဝိညာဉ်များကိုသာ စားသုံးတော့သည်။ ပြောရလျှင် ဤဆေဘာသည် ဖင်ခေါင်းကျယ်လာသည်။
ယခင်ပိုင်ရှင်သည် အဖြူရောင်ကျင့်ကြံသူဖြစ်သော်လည်း ထျန်ရှင်းလုသည်တော့ အနက်ရောင်ကျင့်ကြံသူဖြစ်သည်။
သူ့တွင်စည်းမရှိချေ။ မျဥ်းမရှိချေ။ သူတစ်စုံတစ်ခုအား ပန်းတိုင်အဖြစ်သတ်မှတ်လိုက်လျှင် ထိုပန်းတိုင်အား ပြီးမြောက်ရန် မည်သည်အရာကိုမဆိုပေးဆပ်လိမ့်မည်ဖြစ်သည်။
ထိုပန်းတိုင်အားပြီးမြောက်ရန် လူတစ်သိန်းကို သတ်ရမည်ဆိုပါက သူသတ်မည်ဖြစ်သည်။ ထိုပန်းတိုင်ကိုပြီးမြောက်ရန် လူတစ်သိန်းကို ကယ်တင်ရမည်ဆိုပါက သူကယ်တင်မည်ဖြစ်သည်။
သူ၏ပန်းတိုင်ပြီးမြောက်ရန်အတွက် သူအရာအားလုံးကို ပေးဆက်ရန်ရည်ရွယ်ချက်ရှိသည်။ သူ၏သွေးသောက်သူဆေဘာအား ကောင်းကင်အဆင့်သို့အဆင့်မြင့်ရန် သူဘာမဆိုလုပ်မည်ဖြစ်သည်။
ထိုအတွက် မိုးပြာကုန်းမြေတိုက်ကြီးတစ်ခုလုံးရှိ သက်ရှိများအား သတ်ဖြတ်ဖို့လိုအပ်မည်ဆိုပါကလည်း သူသတ်ပြစ်မည်ဖြစ်သည်။
သူထျန်ရှင်းလုသည် စည်းမရှိချေ။ မျဥ်းမရှိချေ။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၉၇ + ၁၉၈ + ၁၉၉ + ၂၀၀) ပြီး