မျက်နှာဖုံးကို ခွာချ ခြင်း
Vol. 5 Ch. 52
ဖန်ဖေး ရဲ့ ခန္ဓာကိုယ် နဲ့ ကြမ်းပြင် ပေါ်က သွေး တွေကို လျင်မြန်စွာ ရှင်းလင်း ခဲ့သည်။
ဒါပေမဲ့ လေ ထဲမှာ ပြင်းထန် တဲ့ သွေးနံ့ တွေ ပျံ့နှံ့ နေတုန်းပင်။
ဒီလို အနံ့ မျိုးက ထန်ထျန်းကို အလွန် မကျေမနပ် ဖြစ်စေခဲ့သည်။
ဖန်ဖေး ရဲ့ သေဆုံးခြင်း ကြောင့်တော့ မဟုတ်ပေ ၊ လုချန်းကျီ ရဲ့ သဘောထား ကြောင့် ဖြစ်သည်။
လုချန်းကျီ က သူနဲ့ တွေ့ ကတည်းက သူ့အပေါ် ယဉ်ကျေး ခဲ့သော်လည်း လျှို့ဝှက် ထားတဲ့ ရည်ရွယ်ချက် က ထန်ထျန်းကိုပဲ ပစ်မှတ်ထား နေတာ ဖြစ်သည်။
ပထမဆုံးအနေနဲ့ ဖန်ဖေး ရဲ့ ကြံစည်မှု ကို ဖော်ထုတ် ခြင်းဖြင့် ထန်ထျန်းကို မျက်နှာသာ ပေး ကာ စည်းရုံး ဖို့ ကြိုးစား ခဲ့သည်။
ထန်ထျန်း လက်မခံ တာကို မြင်တော့ သူ့ရဲ့ အရင်က ငယ်ချစ်ဉီး လင်းယွဲ့ ကို ထုတ်ပြ ပြီး သူ့ရဲ့ မျက်စိ ရှေ့ မှာ ဖန်ဖေး ကို ခေါင်းဖြတ် ခဲ့သည်။
ဒါက အင်အားပြခြင်းပင်။
သူ ဖော်ပြ လိုတာက လုချန်းကျီ က ဂိုဏ်းချုပ်လေး ယွင်ခုံး ရဲ့ နေရာ မှာ လူ တစ်ဦးရဲ့ အသက် ကို ဆုံးဖြတ်ချက်ချ နိုင်တယ်ဆိုတာပင်။
ထန်ထျန်းက ထိန်းချုပ် ခံရတဲ့ ခံစားချက် ကို မကြိုက်ပေ။
ဒါပေမဲ့ လုချန်းကျီ က ထန်ထျန်းရဲ့ ပြောင်းလဲမှု ကို သတိမထားမိ ဘဲ ပြုံး ပြီး "မင်း နဲ့ လင်းယွဲ့ က အရင်က အရမ်းချစ်တဲ့ ငယ်ချစ်ဉီး တွေ ဖြစ်ခဲ့ ကြတယ်ဆိုတာ ငါ မှတ်မိ တယ်"
ထန်ထျန်း မျက်မှောင်ကြုတ် ပြီး ချက်ချင်း ထ လိုက်သည်။
"လုချန်းကျီ ၊ မင်း ဒီနေ့ ငါ့ ကို ဘာလို့ ရှာ တယ်ဆိုတာကို ငါ မသိ ဘူး"
"ဒါပေမဲ့ ငါ မင်း ကို ပြော ချင်တာက ငါ နဲ့ လင်းယွဲ့ က အရင် ကတည်းက ဆက်ဆံရေး ပြတ် တောက် သွား ပြီ။ အခု လမ်းခွဲ ပြီး ဘာမှ မပတ်သတ် တော့ဘူး"
"ဖန်ဖေး ကိစ္စကတော့ ငါ တစ်ခါမှ သူ့ကို အပြစ်မဆိုခဲ့ ဘူး"
"သူမ နောက်ဆုံး ဘယ်သူ့ ရဲ့ အထောက်အပံ့ ကို ရသွားပါစေ ငါနဲ့မဆိုင်ဘူး "
သူက စိတ်အေးလက်အေး ပြောသည်။
လုချန်းကျီ ချက်ချင်း တောင့်တင်း သွားသည်။ ထန်ထျန်းရဲ့ ဒီလို တုံ့ပြန်မှု နဲ့ သဘောထား က သူ့ရဲ့ မျှော်လင့်ချက် ကို ကျော်လွန် သွားပုံရသည်။
"သခင်လေးထန် က ဒီလောက်တောင် ရက်စက် တာလား"
"မင်းတို့ က ဒီလောက်အကြာကြီး သိကျွမ်း ခဲ့ကြတာလေ "
လုချန်းကျီ က ပြုံး သည်။
ထန်ထျန်းက လက်ဝှေ့ယမ်း လိုက်ကာ "ဒါက ငါ့ ကိစ္စ ပါ"
"မင်း ငါ့ ကို ရှာ တဲ့ တခြား ကိစ္စ ရှိ ရင် တန်း ပြော လိုက်"
"မရှိ ရင် ငါ ပြန် တော့မယ် "
"လင်းယွဲ့ နဲ့ ဖန်ဖေး ကို မင်း ဘယ်လို လုပ်ချင်လဲ မင်းလုပ်ချင်သလိုလုပ် ။ ငါ နဲ့ လုံးဝ မဆိုင် ဘူး"
သူက လုချန်းကျီ နဲ့ ကွေ့ပတ် ပြောစရာ မရှိပေ။
လုချန်းကျီ က ထန်ထျန်းကို တိတ်တိတ်လေး ကြည့် နေသည်။ ဘာတွေ စဉ်းစား နေတယ်ဆိုတာ မသိ ပေ။
လင်းယွဲ့ ကတော့ ရှုပ်ထွေး နေ သည်။ ထန်ထျန်းက သူ့ကို လုံးဝ ဖြတ်တောက် လိုက်မယ်လို့ သူမလည်း မမျှော်လင့် ခဲ့ပေ။
သူမရဲ့ အနာဂတ် အတွက် ကြိုးစား ခဲ့ပြီး သူ့ရဲ့ အနာဂတ် ကိုတောင် စွန့်လွှတ် ဖို့ မတွန့်ဆုတ် ခဲ့တဲ့ လူ ရော ဟုတ်ပါရဲ့လား။
"ဟီးဟ၊ ဒီလိုဆိုမှတော့ ငါ တည့် ပြော မယ်"
နောက်ဆုံးတော့ လုချန်းကျီ က အဲဒီ အတုအယောင် ပုံစံ ကို ဖယ်ရှား လိုက်ပြီး ပေါ့ပေါ့တန်တန် အသွင်အပြင် ကို ပြန်ပြောင်း လိုက်သည်။
"ဂုဏ်ပြုမှတ် ရဲ့ အဓိက အကျိုးသက်ရောက်မှု က ဘာလဲ ဆိုတာကို မင်း သိ လား"
လုချန်းကျီ က မေးသည်။
ထန်ထျန်းက ပြန်ဖြေသည်။ "ဝူဒင် နန်းတော် ကို ဝင်ရောက်ဖို့ "
လုချန်းကျီ က သူ့ရဲ့ လက်ညှိုး ကို ခါ လိုက်သည်။
"မဟုတ် ဘူး။ ဂုဏ်ပြုမှတ် ရဲ့ အကြီးဆုံး အကျိုးသက်ရောက်မှု က အာဏာ ပဲ"
"လုံလောက် တဲ့ ဂုဏ်ပြုမှတ် ရှိ သရွေ့ ချင်းယွဲ့ ဂိုဏ်း မှာ လုံလောက် တဲ့ အဆင့်အတန်း ကို ပိုင်ဆိုင် နိုင်တယ်"
"အသေးစိတ်ပြောရရင် တပည့် အချို့ ကို စီမံခန့်ခွဲ တာ ၊ ဌာန တစ်ခုကို စီမံခန့်ခွဲ တာ ၊ တောင်ထိပ် ခေါင်းဆောင် လာတာ တွေ အားလုံး က ဂုဏ်ပြုမှတ် နဲ့ အလွန် ဆက်စပ် နေတယ်"
"ဆိုလိုတာက... လုံလောက်အောင် ပံ့ပိုးပေး ပြီးရင် လူတစ်ယောက် ရဲ့ အောက် လူ တစ်သောင်း ရဲ့ အထက် ကို ရောက်ရှိ နိုင်တယ်"
ထန်ထျန်း မျက်ခုံးပင့် လိုက်သည်။
ဒါက သူ တကယ် မသိ ခဲ့တဲ့ ကိစ္စ ပင်။
ဒါပေမဲ့... ဘာဖြစ်လဲ။
"ပြီးတော့ ဘာဖြစ် လဲ"
ထန်ထျန်းက မေးသည်။
လုချန်းကျီ က ပြုံးကာ "ဂိုဏ်း အတွင်းက လူ အချို့ က ဝူဒင် နန်းတော် ကို ဝင်ရောက် ဖို့ လိုအပ် တဲ့ လိုအပ်ချက် တွေ အားလုံး ကို အရင်က တည်းက ပြည့်မှီနေ ပြီးသား"
"ဒါပေမဲ့ ငါ တို့ ဘာလို့ ဒီမှာပဲ ဆက်ရှိ နေရတာလဲ မင်း ခန့်မှန်း ကြည့်လိုက်လေ"
ထန်ထျန်း တိတ်ဆိတ် သွားသည်။
အချို့လူ တွေဆိုတာ လုချန်းကျီ အပါအဝင် သခင်လေး ငါးဦး နဲ့ သခင်မလေး နှစ်ဦး ကို ရည်ညွှန်း နေတာပင်။
တကယ်တော့ သူတို့ရဲ့ ချမ်းသာမှု နဲ့ အာဏာ နဲ့ဆိုရင် နန်းတော် ကို ဝင်ရောက် ဖို့ လိုအပ် တဲ့ လိုအပ်ချက် နှစ်ခု ကို လွယ်လွယ်ကူကူ ဖြည့် နိုင်မှာ သေချာသည်။
ဒါဆို သူ အရင်က ပြောခဲ့တဲ့ စကား တွေနဲ့ ပေါင်းစပ် လိုက်ရင် ဒီ လူတွေ ရဲ့ ပန်းတိုင် က အဲဒီ နေရာ ပဲပင်။
လူတစ်ယောက် ရဲ့ အောက် ၊ လူ တစ်သောင်း ရဲ့ အထက်။
ဆိုလိုတာက ချင်းယွဲ့ ဂိုဏ်း တစ်ခုလုံး က သူတို့ရဲ့အာဏာ နယ်ပယ် မှာ ရှိ နေတာ ပင်။
"ငါ နားလည် ပြီ"
ထန်ထျန်းက "ဒါပေမဲ့ အဲဒီ ကိစ္စ တွေက ငါ နဲ့ ဘာ ဆိုင်လို့ လဲ"
လုချန်းကျီ က ခေါင်းခါ လိုက်ကာ "မင်း ရဲ့ ရည်ရွယ်ချက် က အဲဒီမှာ မရှိ ပေမယ့် မင်း ထုတ်ပြ ခဲ့တဲ့ ငွေကြေး စွမ်းအား ကို လွယ်လွယ်ကူကူ လျစ်လျူရှု လို့ မရ တော့ဘူး"
"ရှန့်ထန်း တာအို ကျောက်စိမ်း ဒါဇင် ကျော်ကို ငါ တို့နည်းနည်းလေးတောင် တစ်ကြိမ် တည်းနဲ့ ပေါ့ပေါ့ပါးပါး ထုတ်ပြ နိုင်မှာ မဟုတ် ဘူး"
"ဒါကြောင့်... အနာဂတ် မှာ မင်း ငါ့ ဘက် မှာ မရပ်တည် နိုင်ရင်တောင် ငါ့ လမ်း မှာ အတားအဆီး မဖြစ် ဖို့ မျှော်လင့်မိ တယ်"
နားထောင် ပြီးနောက် လုချန်းကျီ ရဲ့ အတွေး ကို ထန်ထျန်း နားလည် သွားသည်။
သူ နားလည် သလို စည်းရုံးခြင်း ပင်။ ဒါပေမဲ့ စည်းရုံး တဲ့ နည်းလမ်း က တခြား ကိစ္စ တွေရဲ့ အကူအညီ ကို ယူခဲ့သည်။
ဒီ ကိစ္စ တွေကိုတော့ ထန်ထျန်း မကြိုက် ပေ။
"စိတ်မကောင်း ပါဘူး"
ထန်ထျန်းက ပေါ့ပေါ့ပါးပါး ပြောသည်။ "ငါ့ ကိစ္စ ကို ငါ ကိုယ်တိုင် ဆုံးဖြတ် မယ်။သခင်လေးလု စိတ်ပူ စရာ မလို ပါဘူး"
"မင်း ဖန်ဖေး နဲ့ လင်းယွဲ့ ကို အသုံးပြု ပြီး ငါ့ အစီအစဉ် ကို နှောင့်ယှက် ချင်ရင်တော့ မငိး အမှားကြီး လုပ် မိပြီလို့ပဲ ပြော ချင်တယ်"
သူက ဖုံးကွယ် ခြင်း မရှိ ဘဲ လုချန်းကျီ ရဲ့ အတွေး ကို တန်း ဖျက်ဆီး လိုက်သည်။
လုချန်းကျီ က ထန်ထျန်းကို တိတ်တိတ်လေး ကြည့် နေသည်။ ခဏကြာ ပြီးနောက်မှ ပေါ့ပေါ့ပါးပါး ပြုံးကာ "ငါ မင်း ကို အထင်သေး ခဲ့မိတာ မှန် တယ်"
ပြောရင်း သူက လှည့် ပြီး သူ့ရဲ့ နေရာ မှာ ပြန်ထိုင် ကာ သက်ပြင်းချလိုက် သည်။ "မင်း လည်း သိ မှာပါ။ တစ်ခါတလေ လက်အောက်ခံတွေ အလုပ် ကောင်းကောင်း မလုပ် နိုင်တာက စိတ်တို စရာ ကိစ္စ ပဲ"
" မင်း က ကာမဂုဏ် ကို တပ်မက် ပြီး ပျော်ရွှင်မှု ကို တပ်မက် တဲ့ ပျက်စီး နေတဲ့ လူ တစ်ဦးပါလို့ ငါ့ ကို သူတို့က ပြော တယ်"
"ကျစ် ... မင်း ကို ရယ်စရာ ဖြစ်စေမိပြီ "
ထန်ထျန်း ဘာမှ မပြော ခဲ့ပေ။
ကာမဂုဏ် ကို တပ်မက်တာ ၊ ပျော်ရွှင်မှု ကို တပ်မက်တည စတာတွေက သူ တမင်တကာ ဖော်ပြ ခဲ့တဲ့ အချက်အလက် အတုအယောင် တွေဖြစ်ပြီး လီဟုန် ကို ကောလဟာလ ဖြန့်စေခဲ့တာပင်။
ဒီလို လုပ် ရခြင်းရဲ့ ရည်ရွယ်ချက် က တခြားသူ တွေ သူ့ကို မှားယွင်းစွာ ဆုံးဖြတ် စေပြီး လမ်းမှား ကို လျှောက် စေဖို့ပင်။
ဒီနေ့တော့ အကျိုးသက်ရောက်မှု ရှိ ခဲ့ပုံရသည်။
လုချန်းကျီ လို သတိ နက်နဲ ပြီး နည်းလမ်းများစွာ ရှိသူက သူ့ရဲ့ အစစ်အမှန် ပုံစံ ကို သိ သွားရင် ဖန်ဖေး နဲ့ လင်းယွဲ့ ကို အသုံးပြု မှာ မဟုတ်ပေ ။ ဘာတွေ လုပ် လိမ့်မလဲဆိုတာ မသေချာ ပေ ။
"နားလည်မှု လွဲ ခဲ့တာဆို ဘာမှ မရှိ တော့ရင် ငါ ပြန် ပြီ"
ထန်ထျန်းက ပြောသည်။
လုချန်းကျီ က ရယ်မောသည်။ ဘယ်အချိန် ကတည်းက လက်ထဲ မှာ ယပ်တောင် အသစ် တစ်ချောင်း ပြန် ကိုင် ထားမှန်း မသိ ပေ။
"လာ ပြီးမှ ဘာလို့ ဒီလောက် အလျင်စလို ပြန်ချင် နေတာလဲ"
"ပြော ရရင် မင်း ရဲ့ အဆင့်တက် နှုန်း က အရမ်း မြန် တယ်။ ဒီ မတိုင်ခင် မှာ မင်း လို လူ တစ်ဦး ရှိ နေတာကိုတောင် မသိ ခဲ့ဘူး"
"ဒီ အခွင့်အရေး ကို ယူ ပြီး ငါ တို့ စကား ပြော ကြရအောင်။ ငါ မင်း အကြောင်းကို ကောင်းကောင်း သိ ရအောင် လုပ်ပေးပေါ့ ၊ ဘယ်လိုလဲ"
ဒီ စကား တွေက ဖိတ်ခေါ် နေသလို ကြား ရပေမယ့် လုချန်းကျီ ရဲ့ လေသံ မှာတော့ သံသယဖြစ်စရာ မရှိ တဲ့ အမိန့် တွေ လေသံ နဲ့ ပြည့်နှက် နေသည်။
ထန်ထျန်း မျက်လုံး ကျဉ်း သွားကာ "မင်း ငါ့ ကို အတင်းအကျပ် တားဆီး ချင်တာလား"
လုချန်းကျီ က ပခုံးတွန့် ကာ "ဒါက ကိစ္စကောင်း လို့ပဲ ငါ ထင် တယ်"
"ဟုတ်တယ်။ ဒါပေမဲ့ အားလုံး က မင်း ရဲ့ ရွေးချယ်မှု ပေါ်မှာ မူတည် တယ်"
"မင်း နေ ဖို့ ရွေးချယ် နိုင်တယ်။ ဒါမှမဟုတ်... အတင်းအကျပ် နေခိုင်း ဖို့လည်း ရွေးချယ် နိုင်တယ်"
ထန်ထျန်း ချက်ချင်း ပြုံး လိုက်သည်။
နူးညံ့ တဲ့ နည်းလမ်း က အသုံး မဝင်တော့ပေ ။ အခု ခက်ထန် တဲ့ နည်းလမ်း ကို စ တော့မှာလား။
ဒါပေမဲ့ ဝမ်းနည်းစရာ က သူက မာန ကြီးတဲ့သူပင်။ နူးညံ့ တာကိုပဲ ဖြစ်ဖြစ်၊ ခက်ထန် တာကိုပဲ ဖြစ်ဖြစ် မကြိုက် ပေ။
မင်း ငါ့ ကို မကျေမနပ် ဖြစ်စေရင် ကိုယ့်ကိုယ်ကို ပျော်ရွှင်ရ ဖို့ မစဉ်းစား နဲ့။
"မင်း ငါ့ ကို တားဆီး နိုင်မလား စမ်း ကြည့်ပေါ် "
"ရှောင်းရွှယ်၊ သွား မယ်"
ပြောပြီး သူက တန်း လှည့် ပြီး ထွက်သွား လိုက်သည်။
လုချန်းကျီ ရဲ့ လက်ထဲ က ယပ်တောင် က ရပ်တန့် သွားသည်။ အော်ရာ ပြင်းထန် တဲ့ လူ အချို့ ချက်ချင်း ရှေ့ ကို တက် လာပြီး ထန်ထျန်းရဲ့ လမ်း ကို ပိတ်ဆို့ လိုက်သည်။
ဒါပေမဲ့ ထန်ထျန်းက စိတ်စွမ်းအာ ပြင်ဆင်မှု ရှိ ပြီးသားပင်။ ကွဲပြားပြီး စွမ်း အားကြီး တဲ့ ဝိညာဉ်ပစ္စည်း ဆယ်ခုကျော် ကို ကြိုတင် ပြင်ဆင် ထားပြီး တိုက်ခိုက်မှု၊ ကာကွယ်မှု၊ ရွှေ့ပြောင်းခြင်း တွေ အားလုံး ပါဝင်သည်။ အားလုံးက အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့် တွေပင်။
အခြေအနေ မကောင်း ရင် ဒီ နေရာ ဟာ တောက်ပ တဲ့ မီးရှူးမီးပန်းပွဲ ကို ကြိုဆို ဖို့ အသင့် ဖြစ်နေပြီပင် ။
သူက အမြန်နှုန်း ကို တစ်ဝက် တောင် မလျှော့ ဘဲ တံခါးအပြင် ကို တည့်တည့် လျှောက် သွားသည်။
သူ့ရဲ့ နောက် က လုချန်းကျီ က မျက်လုံး ကျဉ်း ပြီး ထန်ထျန်းက သူ့ရဲ့ လက်အောက်ခံ တွေနဲ့ ပိုပြီး နီးကပ် လာတာကို ကြည့် နေသည်။
ထိပ်တိုက်တွေ့ လုနီးပါးပင်။
ဒါပေမဲ့ ဒီအချိန်မှာ ကျင့်ကြံသူ တစ်ဦး ထိတ်လန့်စွာ ပြေးဝင် လာပြီး ကျယ်လောင်စွာ အော် လိုက်သည်။ "သခင်လေးလု၊ မို ..."
စကားမဆုံး ခင်မှာပဲ ကြမ်းတမ်း တဲ့ အော်ရာ တစ်ခု အပြင်ဘက် ကနေ ဝင်ရောက် လာပြီး တံခါး မှာ ရပ် နေတဲ့ လူ အချို့ ကို တိုက်ရိုက် မှုတ်ထုတ် လိုက်သည်။ ထန်ထျန်းက လျင်မြန်စွာ တုံ့ပြန် ခဲ့လို့သာ သူတို့ပါ ဒုက္ခ မရောက်ခဲ့တာပင်။
ဆက်လက်ပြီး အနက်ရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားတဲ့ အရပ်ရှည်ရှည် အမျိုးသမီး တစ်ဦးက အေးစက် တဲ့ မျက်နှာ နဲ့ ဝင်လာ ခဲ့သည်။
"လုချန်းကျီ၊ နင် သေ ချင်နေပြီလား"
ဒါက တောင် တောင်ထိပ် က မိုရှောင်ရှောင်း ပင်။