← Chapters

လျှို့ဝှက်ကြံစည်မှု နှင့် ပေါ်တင်ကြံစည်မှု

Vol. 5 Ch. 53

လျှို့ဝှက်ကြံစည်မှု နှင့် ပေါ်တင်ကြံစည်မှု

Vol. 5 Ch. 53

​မိုရှောင်ရှောင်း က လူအုပ် ကြီး တစ်ခုကို ခေါ်ဆောင် လာပြီး ဧည့်ခန်း ကို အင်အားသုံး ဝင်ရောက် လာခဲ့သည်။

​ဒီ လူတွေ က အော်ရာ ပြင်းထန် ပြီး သတ်ဖြတ်မှု အငွေ့အသက် က အစိုင်အခဲ လိုဖြစ်နေ သည်။

​"ငါ တို့ တောင် တောင်ထိပ် က လူ တွေကို ဒုက္ခပေးနေတယ်ပေါ့ "

​"လုချန်းကျီ၊ နင် ငါနဲ့တိုက် ချင်နေ တာလား"

​မိုရှောင်ရှောင်း က အေးစက်စွာ ပြောသည်။

​ထန်ထျန်းက ဒီ သခင်မလေး ကို အံ့အားသင့် သွားသည်။ မိုရှောင်ရှောင်း က ဒီ အချိန် မှာ တန်း ဝင်လာ လိမ့်မယ်လို့ သူ မမျှော်လင့် ခဲ့ပေ။

​လုချန်းကျီ လည်း ဒီ ကိစ္စ ကို မမျှော်လင့် ခဲ့ပုံရသည်။ ဒါပေမဲ့ သူက တင်းမာ တဲ့ အမူအရာ မရှိ ဘဲ ပြုံး ပြီး ပြောသည်။ "နောက် နေတာပါ"

​"ငါ ဘယ်သူနဲ့ တိုက်တိုက် မင်းနဲ့ တော့ တိုက် မှာ မဟုတ် ဘူး"

​မိုရှောင်ရှောင်း က နှာခေါင်းရှုံ့ ပြီး ထန်ထျန်းကို ကြည့်ကာ "ဒါဆို နင် ဒါက ဘာ အဓိပ္ပါယ် လဲ"

​လုချန်းကျီ က "သခင်လေးထန် က ဒီနေ့ အရမ်း ထူးချွန် ခဲ့တယ်။ လွတ်လွတ်လပ်လပ် စိန်ခေါ်ပွဲ မှာ ငါ တို့ ဂုဏ်ထူးဆောင်တပည့် တွေရဲ့ မျက်နှာ ကို ပြန် ဆယ် ပေးရုံမက ဂိုဏ်း အတွက် ရှန့်ထန်း တာအို ကျောက်စိမ်း အများအပြား ကိုလည်း ပံ့ပိုး ပေးခဲ့တယ်"

​"ဒီလို ထူးချွန်တယ့်သူ ကို ငါ က သိကျွမ်း ချင်ရုံလေး ပါ"

​မိုရှောင်ရှောင်း က ခေါင်းစောင်း လိုက်ကာ "သူက ထန်ထျန်း "

​"နင် က လုချန်းကျီ"

​"ကောင်းပြီ၊အခု သိကျွမ်း သွားပြီ"

​"နောက်ထပ် ဘာ ရှိ သေးလဲ"

​လုချန်းကျီ :...

​ထန်ထျန်း: ...

​ဒီ ကောင်မလေး က အရမ်း မိုက်လိုက် တာ။

​လုချန်းကျီ က ခေါင်းခါ လိုက်ကာ "မရှိ တော့ပါဘူး"

​"သိကျွမ်း ရုံဆို ရပါ ပြီ"

​မိုရှောင်ရှောင်း က အေးစက်စွာ နှာခေါင်း ရှုံ့ သည်။ ထို့နောက် ထန်ထျန်းကို အချက်ပြ ပြီး ချက်ချင်း လှည့် ထွက်သွားသည်။

​ထန်ထျန်းလည်း စဉ်းစား ပြီး နောက် ကနေ လိုက် သွားသည်။

​တကယ်တမ်း ပြဿနာ မဖြစ် တာကလည်း ကောင်း သည်။ အနည်းဆုံးတော့ သူတို့က သူ့ရဲ့ လျှို့ဝှက်ကတ် ကို မသိ ရသေးပေ။

​မထွက်သွား ခင်မှာ ထန်ထျန်းက လုချန်းကျီ ကို တစ်ချက် ထပ်ကြည့် လိုက်သည်။ သူတို့နှစ်ဦး မျက်လုံးချင်းဆုံမိပြီး တစ်ယောက်က ဘာတွေ စဉ်းစား နေလဲဆိုတာကို မသိ ပေမယ့် ဒီနေ့ ရန်ငြိုး က သေချာပေါက် ရှိ သွားပြီဆိုတာကိုတော့ သိ ကြသည်။

​ထန်ထျန်းက မကြောက်ပေ ။ အကုန်လုံး ကို ပြော ရရင် သူတို့က ဂုဏ်ထူးဆောင်တပည့် တွေပင်။ ဘယ်သူကမှ ဘယ်သူ့ထက် မှ ပိုပြီး မြင့်မြတ် တာ မရှိ ပေ ။

​ငါ ထန်ထျန်းက ၊မင်း လုချန်းကျီ ရောက်နေတယ့်နေရာကို ရောက်ချင်ရင် ရောက် နိုင်မှာပဲလေ ။

​နောက်ဆုံးတော့ လုချန်းကျီ က စကားတစ်လုံး မှ မပြော တော့ဘဲ မိုရှောင်ရှောင်း နဲ့ ထန်ထျန်းတို့ ထွက် သွားတာကို ကြည့် နေခဲ့သည်။

​ဒါပေမဲ့ ဘယ်သူမှ သတိမထားမိ လိုက်တဲ့ အခြေအနေ မှာ လင်းယွဲ့က လည်း သူတို့ရဲ့ နောက် ကနေ တိတ်တဆိတ် လိုက်ပါ သွားခဲ့သည်။

​ခဏအကြာမှာတော့ လူတစ်စုက တောင်ထိပ်ငါးခု ဖလှယ်ရေး ခန်းမ ရဲ့ ဥယျာဉ် ကို ပြန် ရောက်လာခဲ့သည်။

​"သခင်မလေးမို ကျေးဇူးတင် ပါတယ်"

​ထန်ထျန်းက ကိုယ်တိုင် စကား စပြော လိုက်သည်။

​ဘာပဲဖြစ်ဖြစ် သူမက သူ့ကို အခက်အခဲ ကနေ ကယ်တင် ခဲ့တာပဲပင်။ မဟုတ်ရင် မီးရှူးမီးပန်း ပွဲ တစ်ခု ဖြစ်သွား လိမ့်မည်။

​မိုရှောင်ရှောင်း က လက်ဝှေ့ယမ်း လိုက်ကာ "မလို ပါဘူး"

​"ရှင် က လူကောင်း ပဲ။ ကိုယ့်ကိုကိုယ် ကာကွယ် တဲ့ နည်းလမ်း ရှိ တယ်ဆိုတာကို ကျွန်မ သိ တယ်"

​"ကျွန်မက လုချန်းကျီ ရဲ့ လုပ်ရပ် ကို မကျေမနပ် ဖြစ်တာ"

​ထန်ထျန်း ပြော ဖို့ ကြံ တုန်းမှာ မိုရှောင်ရှောင်း က ဆက်ပြော သည်။ "ရှင်းပြ ဖို့ မလို ဘူး"

​"နီဝူရွှမ်း နဲ့ ဖြစ် ခဲ့တဲ့ ကိစ္စ တွေ အားလုံး ကို ကျွန်မကို ပြောပြ ပြီးပြီ"

​"ရှင် ဟန်ဆောင်တာ ကို ကျွန်မ နားလည် တယ်"

​ထန်ထျန်း အံ့အားသင့် သွားသည်။ ဒီလို ဖြစ် ခဲ့တာကိုး။

​မှန်ပေသည်။ လုံလောက် တဲ့ စွမ်းရည် မရှိ ဘဲ အဲဒီနေ့ နီဝူရွှမ်း ပုန်းအောင်း နေတဲ့ နေရာ ကို ရှာမတွေ့ နိုင်ပေ။

​ဒါ့အပြင် သူက နီဝူရွှမ်း ရဲ့ နောက်ဆုံး တိုက်ခိုက်မှု ကို အလွယ်တကူ တားဆီး နိုင်ခဲ့သည်။

​"ငါ လုချန်းကျီ ဆီမှာ ရှိ နေတာကို မင်း ဘယ်လိုလုပ်ပြီး သိ တာလဲ"

​ထန်ထျန်းက မေးသည်။

​မိုရှောင်ရှောင်း က ပြောသည်။ "ကျွန်မက ရှင့် ကို ရှာ နေခဲ့တာ"

​ထို့နောက် သူမက လက်ဝှေ့ယမ်း လိုက်ရာ ရင်းနှီး တဲ့ မျက်နှာ တစ်ခု ရှေ့ ကို တက် လာသည်။

​ဒါက အရင်က ထန်ထျန်းနဲ့ ချမ်းသာမှု ပြိုင် ခဲ့တဲ့ တင်းရှောင် ပင်။

​ဒီအချိန်မှာ တင်းရှောင် က အသိစိ ပြန်ဝင် နေပြီပင်။ ဒါပေမဲ့ ခေါင်းငိုက်စိုက် ကျနေပြီး ဆူ ခံထားရသလိုပင်။

​ထန်ထျန်း ရှေ့ ကို ရောက် တော့ သူက ခါးကို နည်းနည်း ကိုင်း လိုက်ပြီး တိုးတိုးလေး ပြောသည်။ " သခင်လေးထန် တောင်းပန် ပါတယ်"

​"ကျွန်တော် အရင်က အဲဒီ စကား တွေ မပြော သင့်ဘူး၊ သခင်လေး နဲ့ တမင်တကာ ပြဿနာ မဖြစ် သင့်ဘူး။ သခင်လေး စိတ်ထဲ မထား ပါနဲ့လို့ မျှော်လင့်မိ ပါတယ်..."

​ထန်ထျန်း ချက်ချင်း အံ့အားသင့် သွားသည်။

​ဒါက ဘာတွေ ဖြစ်နေ တာလဲ။

​မင်း ရဲ့ မာနကြီး တဲ့ ပုံစံ က ဘယ်ရောက် သွားတာလဲ။ ဘာလို့ ရုတ်တရက် ဒီလို ဖြစ်သွား ရတာလဲ။

​ဒီ မိုရှောင်ရှောင်း ရဲ့ ဆုံးမ တဲ့ စွမ်းရည် က တော်တော် ကောင်း တာပဲ

​ကြိမ်လုံး လား ဖယောင်းတိုင် လား

​သူ အတွေး ပေါင်းစုံ စဉ်းစား နေတုန်းမှာ မိုရှောင်ရှောင်း က ထပ် ပြော သည်။ "တင်းရှောင် ရဲ့ စရိုက် က ဒီလိုပဲ။ ဒါပေမဲ့ သူက တကယ် မကောင်း တဲ့ ရည်ရွယ်ချက် မရှိပါ ဘူး"

​"ကျွန်မ သူ့ကို ကောင်းကောင်း ဆုံးမ ပြီးပြီ"

​"အားလုံး တောင် တောင်ထိပ် တပည့် တွေဖြစ်လို့ စည်းလုံး သင့်တယ်။ တမင်တကာ ရှင်နဲ့ ပြဿနာ ဖြစ် တာက အပြင်လူ တွေအတွက် ရယ်စရာ ဖြစ် စေတယ်"

​"ကျွန်မရဲ့ မျက်နှာ ကို ထောက် ပြီး ရှင် ဆက် ရန်ငြှိုးမထား တော့ဖို့ မျှော်လင့်မိ ပါတယ်"

​ထန်ထျန်း တောင့်တင်း သွားပြီး အမြန် ပြောသည်။ "ရန်ငြှိုးမထား ပါဘူး။ သေချာပေါက် ရန်ငြှိုးထား မှာ မဟုတ် ဘူး"

​"တကယ်တော့ စိတ်ထဲ ကနေ ပြော ရရင်ငါ သူ့ကို ကျေးဇူးတင်မိ တယ်။ မဟုတ်ရင် ငါ ဂုဏ်ပြုမှတ် ပို ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မသိ ဘူး"

​သူ စိတ်ထဲ က အတိုင်း အမှန် ပြော တာပင်။ တင်းရှောင် က သူ့နဲ့ ချမ်းသာမှု မပြိုင် ခဲ့ရင် ဒီလောက် ရှန့်ထန်း တာအို ကျောက်စိမ်း နဲ့ သုံးစွဲမှုအမှတ် တွေ အလွယ်တကူ ဘယ်လို လုပ် ရနိုင်မှာလဲ။

​တစ်ယောက်တည်း ပံ့ပိုးမှု ထပ်တိုး နေတာက ထူးဆန်း တဲ့ ကိစ္စ ပဲ မဟုတ်ပါလား။

​ယွင်ခုံး က နောက်ပိုင်း မှာ အတင်းအကျပ် တားဆီး ခဲ့တာကို မမြင် ခဲ့ဘူးလား။

​မိုရှောင်ရှောင်း က မေးသည်။ "ရှင် ဂုဏ်ပြုမှတ် တစ်ထောင် ကို စုဆောင်း ပြီး နန်းတော် ကို ဝင် ချင်တာလား"

​ထန်ထျန်း ခေါင်းညိတ်သည်။ "ဟုတ် တယ်။ ဝမ်းနည်းစရာ က သုံးရာ ပဲ လို တော့တယ်"

​မိုရှောင်ရှောင်း က "မပူ ပါနဲ့။ နောက်ပိုင်း မှာ အခွင့်အရေး များစွာ ရှိပါသေး တယ်"

​"မကြာသေးခင် နှစ်တွေ အတွင်းမှာ ချင်းယွဲ့ ဂိုဏ်း ရဲ့ ဂိုဏ်းပေါင်း တစ်ရာ တိုက်ပွဲ မှာ ရလဒ် တွေ ပိုကောင်း လာပြီး ဂိုဏ်း ရဲ့ အရွယ်အစား လည်း အရမ်း လျင်လျင်မြန်မြန် တိုးလာ တယ်"

​"နေရာတွေ အများကြီး ကို တည်ဆောက် ဖို့ လို တယ်"

​"ရှင် ငွေကြေး လုံလုံလောက်လောက် ရှိ ရင် ဂုဏ်ပြုမှတ် ရဖို့ အခွင့်အရေး အများကြီး ရှိ တယ်"

​ထန်ထျန်း ခေါင်းညိတ်သည်။ ယွင်ခုံး က အရင် ဂိုဏ်း တည်ဆောက် တဲ့အခါ သူ့ကို အကြောင်းကြား မယ်လို့ ပြော ခဲ့သည်။

အဲ့​ဒီ အချိန် က မကြာခင် ရောက်ရှိ လာဖို့ မျှော်လင့်မိသည်။

​ပိုက်ဆံ မသုံး ရရင် ကိုယ်စိတ်မသာယာပေ။

သူတို့​နှစ်ယောက် စကား အနည်းငယ် ပြော ပြီးနောက် မိုရှောင်ရှောင်း က ထွက်သွား ဖို့ ပြင်လိုက် သည်။

​မထွက်သွား ခင်မှာ သူမက ထန်ထျန်းကို မှာကြား လိုက်သည်။ "လုချန်းကျီ က လူကောင်း မဟုတ် ဘူး။ အနာဂတ် မှာ ဆုံ တဲ့အခါ သတိထား ပါ"

​"ကြောက် ဖို့ မလို ဘူး.... မိုရှောင်ရှောင်း ရှိ တယ်"

​မိုရှောင်ရှောင်း ထွက် သွားပြီးနောက် ထန်ထျန်းက နည်းနည်း သက်ပြင်းချ လိုက်သည်။

​မိုရှောင်ရှောင်း ရဲ့ မြင့်မား တဲ့ ကိုင်တွယ်မှု ကြောင့် သူနဲ့ တောင် တောင်ထိပ် ကြား က ဆက်ဆံရေး က ချည်နှောင် ထားပြီးသား ဖြစ်သွားသည်။

​ထန်ထျန်းက တောင် တောင်ထိပ် ကို မကူညီ ရင်တောင် တခြား သခင်လေး တွေက ထန်ထျန်းကို စည်းရုံး တဲ့အခါ မိုရှောင်ရှောင်း ကို ရန်စ ရတာ တန် မတန်ကို ချိန်ဆ ကြရတော့မည်။

​လုချန်းကျီ၊ မိုရှောင်ရှောင်း၊ တစ်ဦး က လျှို့ဝှက်ကြံစည်မှု၊ တစ်ဦး က ပေါ်တင် ကြံစည်မှု။

​"သူတို့ တွေ က.. စာအုပ်တစ်အုပ်ရဲ့ မျက်နှာဖုံးကို ကြည့်ပြီး လွယ်လွယ် ဆုံးဖြတ်လို့ရတဲ့ သူတွေ မဟုတ် ဘူးပဲ"

​ထန်ထျန်းက သက်ပြင်းချ လိုက်သည်။

​ဝမ်ကျိယွီ က လုံးဝ သဘောတူ သည်။ "သူတို့က အပြင်ပန်း ကို ကြည့် ပြီး ဆုံးဖြတ် လို့ မရ ဘူး"

​"မင်း ရဲ့ ငယ်ချစ်ဉီး အပေါ် ခံစားချက် ရှိ နေတုန်းဆိုရင် ဒီနေ့ လုချန်းကျီ လက်ထဲ မှာ ရှုံးနိမ့် သွားလောက်ပြီ"

​ထန်ထျန်း ခေါင်းညိတ်သည်။

​ကံကောင်း စွာဖြင့် လုချန်းကျီ ရဲ့ သူ့အပေါ် ဆုံးဖြတ်ချက် က နည်းနည်း လွဲချော် ခဲ့သည်။

​အနာဂတ် မှာ ဒီ လူအုပ်စု နဲ့ ဆက်ဆံ တဲ့အခါ တကယ် သတိထား ရတော့မည်။

​ဒါ့အပြင် သူက ချင်းယွဲ့ ဂိုဏ်း မှာ သူ့ရဲ့ အဆင့်အတန်း ကို အမြန်ဆုံး မြှင့်တင် ရတော့မည်။

​လူတစ်ယောက် ရဲ့ အောက်၊ လူ တစ်သောင်း ရဲ့ အပေါ် ကို ရောက်ရှိ ရင် လျှို့ဝှက်ကြံစည်မှု ပဲ ဖြစ်ဖြစ်၊ ပေါ်တင် ကြံစည်မှု ပဲ ဖြစ်ဖြစ် အားလုံး အလိုလို ပျက်စီး သွားလိမ့်မည်။

​စဉ်းစား ရင်း ထန်ထျန်းက ဥယျာဉ် အပြင်ဘက် ကို လျှောက် လာခဲ့ သည်။

.....

​ဧည့်ခန်း

​မိုရှောင်ရှောင်း နဲ့ ထန်ထျန်း ထွက် သွားပြီးနောက် လုချန်းကျီ က ဘာတွေ စဉ်းစား နေတယ်ဆိုတာကို မသိ ဘဲ တိတ်တိတ်လေး ထိုင် နေသည်။

​ရုတ်တရက် သူက ယပ်တောင် ကို ဝှေ့ယမ်း လိုက်သည်။

​မကြာခင် မှာပဲ လူ တစ်ဦးကို ခေါ် လာပြီး လုချန်းကျီ ရဲ့ ရှေ့ မှာ ဒူးထောက် လိုက်သည်။

​ဒါက ရှန့်တုဖုန်း ပင်။

​"သခင်လေးလု... ကျွန်တော် တကယ် မှား သွားတာကို သိ ပါပြီ..."

​ရှန့်တုဖုန်း က တုန်တုန်ယင်ယင် နဲ့ တောင်းပန် သည်။

​လုချန်းကျီ က "မိန်းမတွေ ကို ကြိုက် တယ်၊ မာနကြီး တယ်၊ လက်စားချေ ရတာ ကြိုက် တယ်၊ သိက္ခာမရှိ ဘူး၊ ငယ်ချစ်ဉီး ကို စွဲလမ်း တယ်"

​"မင်း ငါ့ ကို ပေး တဲ့ အချက်အလက် တွေ တစ်ခုမှ မှန် တာ မရှိ ဘူး"

​ရှန့်တုဖုန်း ရဲ့ ကိုယ်ခန္ဓာ တုန်ယင် သွားပြီး တိုးတိုးလေး ပြောသည်။ "လူတိုင်း က ဒီလို ပြောကြ တာပဲ..."

​"ဟုတ် တယ် ဖန်ဖေး ဆိုတဲ့ သူမ ကပဲ ကျွန်တော့်ကို ဒီလို ပြော တာ။ အကုန်လုံးက သူမ ရဲ့ အမှား တွေပဲ"

​လုချန်းကျီ က သူ့ကို တိတ်တိတ်လေး ကြည့် နေပြီး ဖြည်းဖြည်းချင်း ပြော သည်။ "ကောင်းပြီ "

​"ဒါဆို တခြား ချန်ရစ် ခဲ့တာ ရှိ သေးလားလို့ သူ့ကို သွားမေးလိုက် "

​ပြောပြီး သူက လက်ညှိုး ဆန့်ထုတ် လိုက်သည်။ သွေး ပေါက် တစ်ခုက ချက်ချင်းပင် ရှန့်တုဖုန်း ရဲ့ နဖူး မှာ ပေါ်လာ ပြီး သွေး တွေ ပန်းထွက် ကာ မြေပြင် ပေါ်မှာ လဲကျ သွားသည်။

​လက်ဝှေ့ယမ်း ပြီး တပည့် တွေကို ရှန့်တုဖုန်း ရဲ့ ခန္ဓာကိုယ် ကို သယ်သွား ဖို့ အချက်ပြ ပြီးနောက် လုချန်းကျီ က ပြောသည်။ "ဂိုဏ်းပေါင်း တစ်ရာ တိုက်ပွဲ က မကြာခင် စတင် တော့မယ်။ အဲဒီ နေရာ ရဲ့ နောက်ဆုံး ပိုင်ဆိုင်မှု ကို ဆုံးဖြတ် မယ့် အချိန် လည်း နီးကပ် လာပြီ"

​" မင်းတို့ ရဲ့ ပုံမှန် အပြုအမူ တွေကို ရပ်လိုက် ။ ဒီလို အမှိုက် မျိုးကို ငါ ထပ် မမြင် ချင်ဘူး"

​တပည့် တွေက အသံတိတ် သွားပြီး လျင်မြန်စွာ အရိုအသေပေး လိုက်သည်။

​ထို့နောက် ယုံကြည်ရသူ တစ်ဦး ရှေ့ ကို တက် လာပြီး တိုးတိုးလေး ပြောသည်။ "သခင်လေး၊ အဲဒီ ထန်ထျန်း ကို ဘယ်လိုလုပ်ရမလဲ"

​လုချန်းကျီ က နည်းနည်း သက်ပြင်းချ လိုက်သည်။ "ဆုံးဖြတ်ချက် မှားယွင်း သွားလို့ ရန်ငြိုး က ရှိ သွားပြီ"

​ယုံကြည်ရသူ မျက်မှောင်ကြုတ် လိုက်ကာ "ဒါဆို ဘယ်လို လုပ်သင့် ပါသလဲ..."

​လုချန်းကျီ က စဉ်းစား ပြီး ခေါင်းခါ လိုက်ကာ "ခဏတော့ ဘာမှ မလုပ် နဲ့ဦး"

​"ငါ မိုရှောင်ရှောင်း နဲ့ ရန်ဘက် မဖြစ် ချင်သေးဘူး"

​"အခု အဓိက ပြိုင်ဘက် က ထျန်းယန်ရှန်း သူ က အရူး တစ်ယောက်ပဲ"

​"ထန်ထျန်း ကိစ္စကတော့..."

​"သူ့ကို ငါနဲ့ တစ်တန်း တည်း ရောက် ဖို့ အချိန် မရ တော့ဘူး။ ဒါကြောင့် ခြိမ်းခြောက်မှု မရှိ ဘူး။ ထျန်းယန်ရှန်း ဘက် မှာ မရပ်တည် ရင် ရ ပြီ"

​"သူ့ရဲ့ ငွေကြေး ချမ်းသာမှု က ငါ တို့ အားလုံး ပေါင်း ထားတာထက် ပိုပြီး ကြောက်မက်ဖွယ် မကောင်း ဘူးဆိုရင်ပေါ့"

​ယုံကြည်ရသူ က ချက်ချင်း ရယ်ကာ "ဒါက မဖြစ်နိုင် တဲ့ ကိစ္စ ပါ"

​"ဝူဒင် နန်းတော် အောက် မှာ ဘယ်သူမှ သခင်လေး မင်းနဲ့ ယှဉ် နိုင်မှာ မဟုတ် ဘူး"

​လုချန်းကျီက ခေါင်းညိတ်သည်။

​ဒီ တစ်ကြိမ် ဆုံးဖြတ်ချက် က ထပ် မှားယွင်း မှာ မဟုတ် လောက်ပေ ။

All Chapters