လျှို့ဝှက်ကြံစည်မှု နှင့် ပေါ်တင်ကြံစည်မှု
Vol. 5 Ch. 53
မိုရှောင်ရှောင်း က လူအုပ် ကြီး တစ်ခုကို ခေါ်ဆောင် လာပြီး ဧည့်ခန်း ကို အင်အားသုံး ဝင်ရောက် လာခဲ့သည်။
ဒီ လူတွေ က အော်ရာ ပြင်းထန် ပြီး သတ်ဖြတ်မှု အငွေ့အသက် က အစိုင်အခဲ လိုဖြစ်နေ သည်။
"ငါ တို့ တောင် တောင်ထိပ် က လူ တွေကို ဒုက္ခပေးနေတယ်ပေါ့ "
"လုချန်းကျီ၊ နင် ငါနဲ့တိုက် ချင်နေ တာလား"
မိုရှောင်ရှောင်း က အေးစက်စွာ ပြောသည်။
ထန်ထျန်းက ဒီ သခင်မလေး ကို အံ့အားသင့် သွားသည်။ မိုရှောင်ရှောင်း က ဒီ အချိန် မှာ တန်း ဝင်လာ လိမ့်မယ်လို့ သူ မမျှော်လင့် ခဲ့ပေ။
လုချန်းကျီ လည်း ဒီ ကိစ္စ ကို မမျှော်လင့် ခဲ့ပုံရသည်။ ဒါပေမဲ့ သူက တင်းမာ တဲ့ အမူအရာ မရှိ ဘဲ ပြုံး ပြီး ပြောသည်။ "နောက် နေတာပါ"
"ငါ ဘယ်သူနဲ့ တိုက်တိုက် မင်းနဲ့ တော့ တိုက် မှာ မဟုတ် ဘူး"
မိုရှောင်ရှောင်း က နှာခေါင်းရှုံ့ ပြီး ထန်ထျန်းကို ကြည့်ကာ "ဒါဆို နင် ဒါက ဘာ အဓိပ္ပါယ် လဲ"
လုချန်းကျီ က "သခင်လေးထန် က ဒီနေ့ အရမ်း ထူးချွန် ခဲ့တယ်။ လွတ်လွတ်လပ်လပ် စိန်ခေါ်ပွဲ မှာ ငါ တို့ ဂုဏ်ထူးဆောင်တပည့် တွေရဲ့ မျက်နှာ ကို ပြန် ဆယ် ပေးရုံမက ဂိုဏ်း အတွက် ရှန့်ထန်း တာအို ကျောက်စိမ်း အများအပြား ကိုလည်း ပံ့ပိုး ပေးခဲ့တယ်"
"ဒီလို ထူးချွန်တယ့်သူ ကို ငါ က သိကျွမ်း ချင်ရုံလေး ပါ"
မိုရှောင်ရှောင်း က ခေါင်းစောင်း လိုက်ကာ "သူက ထန်ထျန်း "
"နင် က လုချန်းကျီ"
"ကောင်းပြီ၊အခု သိကျွမ်း သွားပြီ"
"နောက်ထပ် ဘာ ရှိ သေးလဲ"
လုချန်းကျီ :...
ထန်ထျန်း: ...
ဒီ ကောင်မလေး က အရမ်း မိုက်လိုက် တာ။
လုချန်းကျီ က ခေါင်းခါ လိုက်ကာ "မရှိ တော့ပါဘူး"
"သိကျွမ်း ရုံဆို ရပါ ပြီ"
မိုရှောင်ရှောင်း က အေးစက်စွာ နှာခေါင်း ရှုံ့ သည်။ ထို့နောက် ထန်ထျန်းကို အချက်ပြ ပြီး ချက်ချင်း လှည့် ထွက်သွားသည်။
ထန်ထျန်းလည်း စဉ်းစား ပြီး နောက် ကနေ လိုက် သွားသည်။
တကယ်တမ်း ပြဿနာ မဖြစ် တာကလည်း ကောင်း သည်။ အနည်းဆုံးတော့ သူတို့က သူ့ရဲ့ လျှို့ဝှက်ကတ် ကို မသိ ရသေးပေ။
မထွက်သွား ခင်မှာ ထန်ထျန်းက လုချန်းကျီ ကို တစ်ချက် ထပ်ကြည့် လိုက်သည်။ သူတို့နှစ်ဦး မျက်လုံးချင်းဆုံမိပြီး တစ်ယောက်က ဘာတွေ စဉ်းစား နေလဲဆိုတာကို မသိ ပေမယ့် ဒီနေ့ ရန်ငြိုး က သေချာပေါက် ရှိ သွားပြီဆိုတာကိုတော့ သိ ကြသည်။
ထန်ထျန်းက မကြောက်ပေ ။ အကုန်လုံး ကို ပြော ရရင် သူတို့က ဂုဏ်ထူးဆောင်တပည့် တွေပင်။ ဘယ်သူကမှ ဘယ်သူ့ထက် မှ ပိုပြီး မြင့်မြတ် တာ မရှိ ပေ ။
ငါ ထန်ထျန်းက ၊မင်း လုချန်းကျီ ရောက်နေတယ့်နေရာကို ရောက်ချင်ရင် ရောက် နိုင်မှာပဲလေ ။
နောက်ဆုံးတော့ လုချန်းကျီ က စကားတစ်လုံး မှ မပြော တော့ဘဲ မိုရှောင်ရှောင်း နဲ့ ထန်ထျန်းတို့ ထွက် သွားတာကို ကြည့် နေခဲ့သည်။
ဒါပေမဲ့ ဘယ်သူမှ သတိမထားမိ လိုက်တဲ့ အခြေအနေ မှာ လင်းယွဲ့က လည်း သူတို့ရဲ့ နောက် ကနေ တိတ်တဆိတ် လိုက်ပါ သွားခဲ့သည်။
ခဏအကြာမှာတော့ လူတစ်စုက တောင်ထိပ်ငါးခု ဖလှယ်ရေး ခန်းမ ရဲ့ ဥယျာဉ် ကို ပြန် ရောက်လာခဲ့သည်။
"သခင်မလေးမို ကျေးဇူးတင် ပါတယ်"
ထန်ထျန်းက ကိုယ်တိုင် စကား စပြော လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမက သူ့ကို အခက်အခဲ ကနေ ကယ်တင် ခဲ့တာပဲပင်။ မဟုတ်ရင် မီးရှူးမီးပန်း ပွဲ တစ်ခု ဖြစ်သွား လိမ့်မည်။
မိုရှောင်ရှောင်း က လက်ဝှေ့ယမ်း လိုက်ကာ "မလို ပါဘူး"
"ရှင် က လူကောင်း ပဲ။ ကိုယ့်ကိုကိုယ် ကာကွယ် တဲ့ နည်းလမ်း ရှိ တယ်ဆိုတာကို ကျွန်မ သိ တယ်"
"ကျွန်မက လုချန်းကျီ ရဲ့ လုပ်ရပ် ကို မကျေမနပ် ဖြစ်တာ"
ထန်ထျန်း ပြော ဖို့ ကြံ တုန်းမှာ မိုရှောင်ရှောင်း က ဆက်ပြော သည်။ "ရှင်းပြ ဖို့ မလို ဘူး"
"နီဝူရွှမ်း နဲ့ ဖြစ် ခဲ့တဲ့ ကိစ္စ တွေ အားလုံး ကို ကျွန်မကို ပြောပြ ပြီးပြီ"
"ရှင် ဟန်ဆောင်တာ ကို ကျွန်မ နားလည် တယ်"
ထန်ထျန်း အံ့အားသင့် သွားသည်။ ဒီလို ဖြစ် ခဲ့တာကိုး။
မှန်ပေသည်။ လုံလောက် တဲ့ စွမ်းရည် မရှိ ဘဲ အဲဒီနေ့ နီဝူရွှမ်း ပုန်းအောင်း နေတဲ့ နေရာ ကို ရှာမတွေ့ နိုင်ပေ။
ဒါ့အပြင် သူက နီဝူရွှမ်း ရဲ့ နောက်ဆုံး တိုက်ခိုက်မှု ကို အလွယ်တကူ တားဆီး နိုင်ခဲ့သည်။
"ငါ လုချန်းကျီ ဆီမှာ ရှိ နေတာကို မင်း ဘယ်လိုလုပ်ပြီး သိ တာလဲ"
ထန်ထျန်းက မေးသည်။
မိုရှောင်ရှောင်း က ပြောသည်။ "ကျွန်မက ရှင့် ကို ရှာ နေခဲ့တာ"
ထို့နောက် သူမက လက်ဝှေ့ယမ်း လိုက်ရာ ရင်းနှီး တဲ့ မျက်နှာ တစ်ခု ရှေ့ ကို တက် လာသည်။
ဒါက အရင်က ထန်ထျန်းနဲ့ ချမ်းသာမှု ပြိုင် ခဲ့တဲ့ တင်းရှောင် ပင်။
ဒီအချိန်မှာ တင်းရှောင် က အသိစိ ပြန်ဝင် နေပြီပင်။ ဒါပေမဲ့ ခေါင်းငိုက်စိုက် ကျနေပြီး ဆူ ခံထားရသလိုပင်။
ထန်ထျန်း ရှေ့ ကို ရောက် တော့ သူက ခါးကို နည်းနည်း ကိုင်း လိုက်ပြီး တိုးတိုးလေး ပြောသည်။ " သခင်လေးထန် တောင်းပန် ပါတယ်"
"ကျွန်တော် အရင်က အဲဒီ စကား တွေ မပြော သင့်ဘူး၊ သခင်လေး နဲ့ တမင်တကာ ပြဿနာ မဖြစ် သင့်ဘူး။ သခင်လေး စိတ်ထဲ မထား ပါနဲ့လို့ မျှော်လင့်မိ ပါတယ်..."
ထန်ထျန်း ချက်ချင်း အံ့အားသင့် သွားသည်။
ဒါက ဘာတွေ ဖြစ်နေ တာလဲ။
မင်း ရဲ့ မာနကြီး တဲ့ ပုံစံ က ဘယ်ရောက် သွားတာလဲ။ ဘာလို့ ရုတ်တရက် ဒီလို ဖြစ်သွား ရတာလဲ။
ဒီ မိုရှောင်ရှောင်း ရဲ့ ဆုံးမ တဲ့ စွမ်းရည် က တော်တော် ကောင်း တာပဲ
ကြိမ်လုံး လား ဖယောင်းတိုင် လား
သူ အတွေး ပေါင်းစုံ စဉ်းစား နေတုန်းမှာ မိုရှောင်ရှောင်း က ထပ် ပြော သည်။ "တင်းရှောင် ရဲ့ စရိုက် က ဒီလိုပဲ။ ဒါပေမဲ့ သူက တကယ် မကောင်း တဲ့ ရည်ရွယ်ချက် မရှိပါ ဘူး"
"ကျွန်မ သူ့ကို ကောင်းကောင်း ဆုံးမ ပြီးပြီ"
"အားလုံး တောင် တောင်ထိပ် တပည့် တွေဖြစ်လို့ စည်းလုံး သင့်တယ်။ တမင်တကာ ရှင်နဲ့ ပြဿနာ ဖြစ် တာက အပြင်လူ တွေအတွက် ရယ်စရာ ဖြစ် စေတယ်"
"ကျွန်မရဲ့ မျက်နှာ ကို ထောက် ပြီး ရှင် ဆက် ရန်ငြှိုးမထား တော့ဖို့ မျှော်လင့်မိ ပါတယ်"
ထန်ထျန်း တောင့်တင်း သွားပြီး အမြန် ပြောသည်။ "ရန်ငြှိုးမထား ပါဘူး။ သေချာပေါက် ရန်ငြှိုးထား မှာ မဟုတ် ဘူး"
"တကယ်တော့ စိတ်ထဲ ကနေ ပြော ရရင်ငါ သူ့ကို ကျေးဇူးတင်မိ တယ်။ မဟုတ်ရင် ငါ ဂုဏ်ပြုမှတ် ပို ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မသိ ဘူး"
သူ စိတ်ထဲ က အတိုင်း အမှန် ပြော တာပင်။ တင်းရှောင် က သူ့နဲ့ ချမ်းသာမှု မပြိုင် ခဲ့ရင် ဒီလောက် ရှန့်ထန်း တာအို ကျောက်စိမ်း နဲ့ သုံးစွဲမှုအမှတ် တွေ အလွယ်တကူ ဘယ်လို လုပ် ရနိုင်မှာလဲ။
တစ်ယောက်တည်း ပံ့ပိုးမှု ထပ်တိုး နေတာက ထူးဆန်း တဲ့ ကိစ္စ ပဲ မဟုတ်ပါလား။
ယွင်ခုံး က နောက်ပိုင်း မှာ အတင်းအကျပ် တားဆီး ခဲ့တာကို မမြင် ခဲ့ဘူးလား။
မိုရှောင်ရှောင်း က မေးသည်။ "ရှင် ဂုဏ်ပြုမှတ် တစ်ထောင် ကို စုဆောင်း ပြီး နန်းတော် ကို ဝင် ချင်တာလား"
ထန်ထျန်း ခေါင်းညိတ်သည်။ "ဟုတ် တယ်။ ဝမ်းနည်းစရာ က သုံးရာ ပဲ လို တော့တယ်"
မိုရှောင်ရှောင်း က "မပူ ပါနဲ့။ နောက်ပိုင်း မှာ အခွင့်အရေး များစွာ ရှိပါသေး တယ်"
"မကြာသေးခင် နှစ်တွေ အတွင်းမှာ ချင်းယွဲ့ ဂိုဏ်း ရဲ့ ဂိုဏ်းပေါင်း တစ်ရာ တိုက်ပွဲ မှာ ရလဒ် တွေ ပိုကောင်း လာပြီး ဂိုဏ်း ရဲ့ အရွယ်အစား လည်း အရမ်း လျင်လျင်မြန်မြန် တိုးလာ တယ်"
"နေရာတွေ အများကြီး ကို တည်ဆောက် ဖို့ လို တယ်"
"ရှင် ငွေကြေး လုံလုံလောက်လောက် ရှိ ရင် ဂုဏ်ပြုမှတ် ရဖို့ အခွင့်အရေး အများကြီး ရှိ တယ်"
ထန်ထျန်း ခေါင်းညိတ်သည်။ ယွင်ခုံး က အရင် ဂိုဏ်း တည်ဆောက် တဲ့အခါ သူ့ကို အကြောင်းကြား မယ်လို့ ပြော ခဲ့သည်။
အဲ့ဒီ အချိန် က မကြာခင် ရောက်ရှိ လာဖို့ မျှော်လင့်မိသည်။
ပိုက်ဆံ မသုံး ရရင် ကိုယ်စိတ်မသာယာပေ။
သူတို့နှစ်ယောက် စကား အနည်းငယ် ပြော ပြီးနောက် မိုရှောင်ရှောင်း က ထွက်သွား ဖို့ ပြင်လိုက် သည်။
မထွက်သွား ခင်မှာ သူမက ထန်ထျန်းကို မှာကြား လိုက်သည်။ "လုချန်းကျီ က လူကောင်း မဟုတ် ဘူး။ အနာဂတ် မှာ ဆုံ တဲ့အခါ သတိထား ပါ"
"ကြောက် ဖို့ မလို ဘူး.... မိုရှောင်ရှောင်း ရှိ တယ်"
မိုရှောင်ရှောင်း ထွက် သွားပြီးနောက် ထန်ထျန်းက နည်းနည်း သက်ပြင်းချ လိုက်သည်။
မိုရှောင်ရှောင်း ရဲ့ မြင့်မား တဲ့ ကိုင်တွယ်မှု ကြောင့် သူနဲ့ တောင် တောင်ထိပ် ကြား က ဆက်ဆံရေး က ချည်နှောင် ထားပြီးသား ဖြစ်သွားသည်။
ထန်ထျန်းက တောင် တောင်ထိပ် ကို မကူညီ ရင်တောင် တခြား သခင်လေး တွေက ထန်ထျန်းကို စည်းရုံး တဲ့အခါ မိုရှောင်ရှောင်း ကို ရန်စ ရတာ တန် မတန်ကို ချိန်ဆ ကြရတော့မည်။
လုချန်းကျီ၊ မိုရှောင်ရှောင်း၊ တစ်ဦး က လျှို့ဝှက်ကြံစည်မှု၊ တစ်ဦး က ပေါ်တင် ကြံစည်မှု။
"သူတို့ တွေ က.. စာအုပ်တစ်အုပ်ရဲ့ မျက်နှာဖုံးကို ကြည့်ပြီး လွယ်လွယ် ဆုံးဖြတ်လို့ရတဲ့ သူတွေ မဟုတ် ဘူးပဲ"
ထန်ထျန်းက သက်ပြင်းချ လိုက်သည်။
ဝမ်ကျိယွီ က လုံးဝ သဘောတူ သည်။ "သူတို့က အပြင်ပန်း ကို ကြည့် ပြီး ဆုံးဖြတ် လို့ မရ ဘူး"
"မင်း ရဲ့ ငယ်ချစ်ဉီး အပေါ် ခံစားချက် ရှိ နေတုန်းဆိုရင် ဒီနေ့ လုချန်းကျီ လက်ထဲ မှာ ရှုံးနိမ့် သွားလောက်ပြီ"
ထန်ထျန်း ခေါင်းညိတ်သည်။
ကံကောင်း စွာဖြင့် လုချန်းကျီ ရဲ့ သူ့အပေါ် ဆုံးဖြတ်ချက် က နည်းနည်း လွဲချော် ခဲ့သည်။
အနာဂတ် မှာ ဒီ လူအုပ်စု နဲ့ ဆက်ဆံ တဲ့အခါ တကယ် သတိထား ရတော့မည်။
ဒါ့အပြင် သူက ချင်းယွဲ့ ဂိုဏ်း မှာ သူ့ရဲ့ အဆင့်အတန်း ကို အမြန်ဆုံး မြှင့်တင် ရတော့မည်။
လူတစ်ယောက် ရဲ့ အောက်၊ လူ တစ်သောင်း ရဲ့ အပေါ် ကို ရောက်ရှိ ရင် လျှို့ဝှက်ကြံစည်မှု ပဲ ဖြစ်ဖြစ်၊ ပေါ်တင် ကြံစည်မှု ပဲ ဖြစ်ဖြစ် အားလုံး အလိုလို ပျက်စီး သွားလိမ့်မည်။
စဉ်းစား ရင်း ထန်ထျန်းက ဥယျာဉ် အပြင်ဘက် ကို လျှောက် လာခဲ့ သည်။
.....
ဧည့်ခန်း
မိုရှောင်ရှောင်း နဲ့ ထန်ထျန်း ထွက် သွားပြီးနောက် လုချန်းကျီ က ဘာတွေ စဉ်းစား နေတယ်ဆိုတာကို မသိ ဘဲ တိတ်တိတ်လေး ထိုင် နေသည်။
ရုတ်တရက် သူက ယပ်တောင် ကို ဝှေ့ယမ်း လိုက်သည်။
မကြာခင် မှာပဲ လူ တစ်ဦးကို ခေါ် လာပြီး လုချန်းကျီ ရဲ့ ရှေ့ မှာ ဒူးထောက် လိုက်သည်။
ဒါက ရှန့်တုဖုန်း ပင်။
"သခင်လေးလု... ကျွန်တော် တကယ် မှား သွားတာကို သိ ပါပြီ..."
ရှန့်တုဖုန်း က တုန်တုန်ယင်ယင် နဲ့ တောင်းပန် သည်။
လုချန်းကျီ က "မိန်းမတွေ ကို ကြိုက် တယ်၊ မာနကြီး တယ်၊ လက်စားချေ ရတာ ကြိုက် တယ်၊ သိက္ခာမရှိ ဘူး၊ ငယ်ချစ်ဉီး ကို စွဲလမ်း တယ်"
"မင်း ငါ့ ကို ပေး တဲ့ အချက်အလက် တွေ တစ်ခုမှ မှန် တာ မရှိ ဘူး"
ရှန့်တုဖုန်း ရဲ့ ကိုယ်ခန္ဓာ တုန်ယင် သွားပြီး တိုးတိုးလေး ပြောသည်။ "လူတိုင်း က ဒီလို ပြောကြ တာပဲ..."
"ဟုတ် တယ် ဖန်ဖေး ဆိုတဲ့ သူမ ကပဲ ကျွန်တော့်ကို ဒီလို ပြော တာ။ အကုန်လုံးက သူမ ရဲ့ အမှား တွေပဲ"
လုချန်းကျီ က သူ့ကို တိတ်တိတ်လေး ကြည့် နေပြီး ဖြည်းဖြည်းချင်း ပြော သည်။ "ကောင်းပြီ "
"ဒါဆို တခြား ချန်ရစ် ခဲ့တာ ရှိ သေးလားလို့ သူ့ကို သွားမေးလိုက် "
ပြောပြီး သူက လက်ညှိုး ဆန့်ထုတ် လိုက်သည်။ သွေး ပေါက် တစ်ခုက ချက်ချင်းပင် ရှန့်တုဖုန်း ရဲ့ နဖူး မှာ ပေါ်လာ ပြီး သွေး တွေ ပန်းထွက် ကာ မြေပြင် ပေါ်မှာ လဲကျ သွားသည်။
လက်ဝှေ့ယမ်း ပြီး တပည့် တွေကို ရှန့်တုဖုန်း ရဲ့ ခန္ဓာကိုယ် ကို သယ်သွား ဖို့ အချက်ပြ ပြီးနောက် လုချန်းကျီ က ပြောသည်။ "ဂိုဏ်းပေါင်း တစ်ရာ တိုက်ပွဲ က မကြာခင် စတင် တော့မယ်။ အဲဒီ နေရာ ရဲ့ နောက်ဆုံး ပိုင်ဆိုင်မှု ကို ဆုံးဖြတ် မယ့် အချိန် လည်း နီးကပ် လာပြီ"
" မင်းတို့ ရဲ့ ပုံမှန် အပြုအမူ တွေကို ရပ်လိုက် ။ ဒီလို အမှိုက် မျိုးကို ငါ ထပ် မမြင် ချင်ဘူး"
တပည့် တွေက အသံတိတ် သွားပြီး လျင်မြန်စွာ အရိုအသေပေး လိုက်သည်။
ထို့နောက် ယုံကြည်ရသူ တစ်ဦး ရှေ့ ကို တက် လာပြီး တိုးတိုးလေး ပြောသည်။ "သခင်လေး၊ အဲဒီ ထန်ထျန်း ကို ဘယ်လိုလုပ်ရမလဲ"
လုချန်းကျီ က နည်းနည်း သက်ပြင်းချ လိုက်သည်။ "ဆုံးဖြတ်ချက် မှားယွင်း သွားလို့ ရန်ငြိုး က ရှိ သွားပြီ"
ယုံကြည်ရသူ မျက်မှောင်ကြုတ် လိုက်ကာ "ဒါဆို ဘယ်လို လုပ်သင့် ပါသလဲ..."
လုချန်းကျီ က စဉ်းစား ပြီး ခေါင်းခါ လိုက်ကာ "ခဏတော့ ဘာမှ မလုပ် နဲ့ဦး"
"ငါ မိုရှောင်ရှောင်း နဲ့ ရန်ဘက် မဖြစ် ချင်သေးဘူး"
"အခု အဓိက ပြိုင်ဘက် က ထျန်းယန်ရှန်း သူ က အရူး တစ်ယောက်ပဲ"
"ထန်ထျန်း ကိစ္စကတော့..."
"သူ့ကို ငါနဲ့ တစ်တန်း တည်း ရောက် ဖို့ အချိန် မရ တော့ဘူး။ ဒါကြောင့် ခြိမ်းခြောက်မှု မရှိ ဘူး။ ထျန်းယန်ရှန်း ဘက် မှာ မရပ်တည် ရင် ရ ပြီ"
"သူ့ရဲ့ ငွေကြေး ချမ်းသာမှု က ငါ တို့ အားလုံး ပေါင်း ထားတာထက် ပိုပြီး ကြောက်မက်ဖွယ် မကောင်း ဘူးဆိုရင်ပေါ့"
ယုံကြည်ရသူ က ချက်ချင်း ရယ်ကာ "ဒါက မဖြစ်နိုင် တဲ့ ကိစ္စ ပါ"
"ဝူဒင် နန်းတော် အောက် မှာ ဘယ်သူမှ သခင်လေး မင်းနဲ့ ယှဉ် နိုင်မှာ မဟုတ် ဘူး"
လုချန်းကျီက ခေါင်းညိတ်သည်။
ဒီ တစ်ကြိမ် ဆုံးဖြတ်ချက် က ထပ် မှားယွင်း မှာ မဟုတ် လောက်ပေ ။