← Chapters

စည်းရုံး သိမ်းသွင်းခြင်း

Vol. 5 Ch. 54

စည်းရုံး သိမ်းသွင်းခြင်း

Vol. 5 Ch. 54

​အချိန် က ညနေခင်းသို့ နီးကပ် လာသည်။ ထန်ထျန်းလည်း ဒီနေ့ ရဲ့ ဖလှယ်ရေး အစည်းအဝေး ကျင်းပရာ နေရာ ကနေ ထွက်လာ ခဲ့သည်။

​အကျဉ်းချုပ် ပြောရရင် ရရှိ ခဲ့တဲ့ အရာတွေ က တော်တော် များပြား သည်။

​ရှန့်ထန်း တာအို ကျောက်စိမ်း၊ သုံးစွဲမှုအမှတ်၊ ဂုဏ်ပြုမှတ် တွေ အားလုံးက အတော်လေး များပြား သည်။

​ဒါ့အပြင် သူက လုချန်းကျီ တို့ ဘာတွေ လုပ် နေလဲဆိုတာကိုလည်း နောက်ဆုံး မှာ သိ ခဲ့ရသည်။

​လူတစ်ယောက် ရဲ့ အောက်၊ လူ တစ်သောင်း ရဲ့ အထက် နေရာ ကို ဘယ်သူကမှ မလိုချင် ဘဲ နေပါ့မလဲ

​အထူးသဖြင့် အာဏာ ကို ငတ်မွတ် သူတွေအတွက် ဒီ နေရာ က သူတို့ရဲ့ အရာအားလုံး ကို ပေးဆပ် စေနိုင်လောက်အောင် လုံလောက် သည်။

​ဒါပေမဲ့ ထန်ထျန်းက စိတ်ဝင်စားမှု သိပ်မရှိ ပေ ။ သူ့ရဲ့ ရည်ရွယ်ချက် က အမြဲတမ်း တစ်ခုတည်း သာ။

​သုံးဖြုန်းခြင်း

​တခြား ကိစ္စ တွေကတော့ ဝူဒင် နန်းတော် ကို ဝင် ဖို့ လိုအပ်ချက် တွေ ပြည့်မီ ရုံနဲ့ဆို တော် ပြီပင်။

​ဒီ အကြောင်း ကို စဉ်းစား ရင်း ထန်ထျန်းက ဝမ်ကျိယွီ ကို မေးသည်။ "ဧည့်သည် တွေ နန်းတော် ကို ဝင် ဖို့ ဂိုဏ်းပေါင်း တစ်ရာ တိုက်ပွဲ ကိုပဲ အားကိုး ရမှာလား"

​"တခြား နည်းလမ်း မရှိ ဘူးလား"

​ဂုဏ်ထူးဆောင်တပည့် တွေ ဝင် ဖို့ ဧည့်သည် သုံးဦး ကို ပြုစုပျိုးထောင် ဖို့ လို သည်။

​ထန်ထျန်းရဲ့ ဧည့်သည် က လေးဦး ပဲ ရှိ သေးသည်။ လီဟုန် ကလည်း အသက် နှစ်ဆယ့်ငါး ကျော် နေပြီဖြစ်လို့ ဂိုဏ်းပေါင်း တစ်ရာ တိုက်ပွဲ ကို မပါဝင် နိုင်ပေ။

​ဒီလိုဆိုရင် အမှားလုပ် ဖို့ နေရာ က နည်းနည်း နည်း သွားသည်။

​သူက ဧည့်သည် အရေအတွက် ကို ပေါ့ပေါ့တန်တန် တိုး ချင်တာ မဟုတ် ပေ။

​ဝမ်ကျိယွီ က စဉ်းစား ပြီး ပြန်ဖြေသည်။ "ရှိ သေးတယ်"

​"အသက် ငါးဆယ် မကျော် ရင် သောင်းချီ နတ်ဆိုး စမ်းသပ်မျှော်စင် မှတစ်ဆင့် ဝင် နိုင်တယ်"

​"ဒါပေမဲ့ ဒီ နည်းလမ်း က ဂိုဏ်းပေါင်း တစ်ရာ တိုက်ပွဲ ထက်တောင် ပိုပြီး ခက်ခဲ တယ်။ အထူးသဖြင့် နောက်ကျ မှ အောင်မြင် တဲ့ ထူးခြား တဲ့ တပည့် တွေအတွက် ပြင်ဆင် ထားတာ"

​ထန်ထျန်း အိုး ဟု အသံပြု လိုက်သည်။

တစ်ခု ​ရှိ ရင် တော် ပြီ။ ရွေးချယ်စရာ ပို လာရင် အခွင့်အရေး ပို များလာတာပေါ့ ။

​ဝမ်ကျိယွီ က ထန်ထျန်းကို ကြည့် ပြီး ကပ် ကာ တိုးတိုးလေး မေးသည်။ "အစ်ကိုထန်၊ မင်း ရဲ့ လက်ရှိ ဧည့်သည် တွေ အကုန်လုံး ကို ပြုစုပျိုးထောင် ပြီး ဝင် ဖို့ ရည်ရွယ် ထားတာလား"

​ထန်ထျန်း ခေါင်းညိတ်ကာ "သူတို့ ဆန္ဒရှိ မရှိကိုတော့ မသိသေး ဘူး"

​ဝမ်ကျိယွီ က "သေချာပေါက် ဆန္ဒရှိ မှာပါ။ နန်းတော် ကို ဝင် တဲ့ နည်းလမ်း ကို ဘယ်တပည့် ကမှ ငြင်းပယ် မှာ မဟုတ် ဘူး"

​"အထူးသဖြင့် လီဟုန် လို ဝင် ဖို့ မျှော်လင့်ချက် ဆုံးရှုံး နေသူကတော့ အရမ်း စိတ်အားထက်သန် မှာ သေချာ တယ်"

​"ဒါပေမဲ့... မင်း ပိုပြီး ထူးချွန် တဲ့ ဧည့်သည် တွေ ရှာ တာ ပိုကောင်း တယ်လို့ ငါ ထင် တယ်။ ပြုစုပျိုးထောင်ရတာ ပိုလွယ်တာပေါ့ "

​"လီဟုန် ကိစ္စကတော့... ရိုးရိုးသားသား ပြောရရင် လန်ယွီ ညီအစ်မ တွေတောင်မှ သူတို့ တကယ် ထိပ်ဆုံး ကို ရောက်ရှိ ဖို့ အသုံးပြု ရမယ့် အရင်းအမြစ် တွေက ခန့်မှန်း လို့တောင် မရ နိုင်ဘူး"

​ထန်ထျန်း ချက်ချင်း မျက်ခုံးပင့် လိုက်သည်။

​ဟုတ်တာပေါ့။ သူက ဘာလို့ ဒီ အချက် ကို မစဉ်းစား မိရတာလဲ။

​စောစော ကတည်းက ပါရမီ သိပ်မရှိ တဲ့သူတွေကို ရှာ သင့်တယ်။ ဒီလို လူ တွေက ပုံမှန်အားဖြင့် ပိုပြီး စကားနားထောင် ကြပြီး ပြုစုပျိုးထောင် ရတာလည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်း တယ်။

​ကုန်ကျစရိတ် ကိစ္စကတော့ ဟဲဟဲဟဲဟဲ...

​"တော်ပါကွာ ထူးချွန် တဲ့ လူ တွေက ပိုပြီး မာနကြီး တယ်"

​"ငါ့ မှာ သူတို့ကို ပြုစုပျိုးထောင် ဖို့ စိတ် မရှိ ဘူး။ ပိုက်ဆံ သုံး ရတာက အလွယ်ဆုံး ပဲ"

​ထန်ထျန်းက ပြောသည်။

​ဝမ်ကျိယွီ က ပခုံးတွန့် ကာ "ကောင်းပြီ၊ မင်း ရဲ့ ရွေးချယ်မှု က အမြဲတမ်း ထူးခြား နေတာပဲ"

​"ဒါပေမဲ့ မင်း မှာ ရှန့်ထန်း တာအို ကျောက်စိမ်း ရှိ ဖို့က တော့.... မဖြစ်နိုင် ဘူး"

​"အဲဒါက မြင့်မြတ် ပစ္စည်း ပဲ"

​ထန်ထျန်း စိတ် လှုပ်ရှား သွားပြီး ရှန့်ထန်း တာအို ကျောက်စိမ်း ရဲ့ အကျိုးသက်ရောက်မှု တွေ ဘာတွေ ရှိ တယ်ဆိုတာကို မေး လိုက်သည်။

​ဝမ်ကျိယွီ ရဲ့ ရှင်းပြချက် အောက် မှာ သူက အကြမ်းဖျင်း နားလည် သွားသည်။

​ရှန့်ထန်း တာအို ကျောက်စိမ်း ကို ကျင့်ကြံရေး မြင့်မြတ် ပစ္စည်း လို့ ခေါ် တာက အကြောင်းအရင်း ရှိ သည်။ ဒါက ကျင့်ကြံခြင်း ကို ကူညီသည့် အပြင် ကြောက်မက်ဖွယ် စွမ်းရည် တစ်ခု ရှိ သည်။

​ကောင်းကင် ဆန္ဒ နဲ့ ချိတ်ဆက် ခြင်း၊ ကမ္ဘာ့ မူလ ကို တိုက်ရိုက် ကြည့် ခြင်းဖြင့် ကိုယ်ပိုင် ကျင့်ကြံရေး ပါရမီ ကို မြှင့်တင် နိုင်သည်။

​ရှန့်ထန်း တာအို ကျောက်စိမ်း လုံလုံလောက်လောက် ရှိ လျှင် သာမန် ပါရမီ ရှိသူ ကျင့်ကြံသူ ကိုတောင် ထိပ်ဆုံး ကို ရောက်ရှိ စေနိုင်သည်။

​ဒီလို စွမ်းရည် က တကယ်ပဲ ကောင်းကင် ကို ဆန့်ကျင် တာပင်။

​ဒါပေမဲ့ ဒီ ကိစ္စ က ထန်ထျန်းရဲ့ ဧည့်သည် ထပ် ခေါ်ယူ ဖို့ စိတ်ကူး ကို ပိုပြီး ဖျက်ဆီး လိုက်သည်။

​သူက စကားနားထောင် တဲ့သူ၊ အလုပ်ကောင်း ကောင်း လုပ်တဲ့သူကိုပဲ လိုချင် သည်။

​ဒီ အချိန်ကာလ အတွင်း လီဟုန် က တော်တော် ကောင်း တဲ့ လူ တစ်ယောက်ပင်။

​စဉ်းစား နေတုန်းမှာ ကုရှောင်းရွှယ် က ရုတ်တရက် ရှေ့ ကို တက် လာပြီး "သခင်လေးထန် အဲဒီ မိန်းကလေး က ကျွန်မတို့ နောက် ကနေ လိုက် နေတယ်"

​ထန်ထျန်း အံ့အားသင့် သွားပြီး လှည့်ကြည့် လိုက်ရာ ရင်းနှီး တဲ့ ပုံသဏ္ဍန် တစ်ခု တကယ်ပဲ အကွာအဝေးတစ်ခုကနေ လိုက် နေတာကို တွေ့လိုက် ရသည်။ သူတို့ ခန်းမ ကနေ ထွက်လာ ခဲ့တာ ခဏပဲရှိသေးသည်။

​ဒါက လင်းယွဲ့ ပင်။

​ထန်ထျန်း ရပ်တန့် လိုက်ပြီး လင်းယွဲ့ ဖြည်းဖြည်းချင်း ရှေ့ ကို တက် လာတာကို ကြည့် ကာ တည်တည်ငြိမ်ငြိမ် မေးသည်။ "ကိစ္စ ရှိ လို့လား"

​လင်းယွဲ့ ရဲ့ အမူအရာ က ရှုပ်ထွေး နေသည်။ နှုတ်ခမ်း ကို ကိုက် လိုက်ပြီး "ထန်ထျန်း၊ ကျွန်မတို့ အရင်က နားလည်မှု လွဲ ခဲ့တာ ဖြစ် နိုင်တယ်"

​"ဒီနေ့ ကိစ္စ အတွက် အများကြီး ကျေးဇူးတင် ပါတယ်။ မဟုတ်ရင်..."

​ထန်ထျန်းက လက်ဝှေ့ယမ်း ပြီး သူမရဲ့ စကား ကို ဖြတ် လိုက်သည်။ "မင်း ငါ့ ကို ဒါတွေ ပြော ဖို့ မလို ဘူး"

​"ကျင်းယွီ ခန်းမ မှာ အဲဒီနေ့ ကစပြီး ငါ တို့ ကြား မှာ ဘာဆက်ဆံရေး မှ မရှိ တော့ဘူး"

​"ငါ့ ဒီနေ့ လုပ်ရပ် က မင်းနဲ့ လုံးဝ မဆိုင် ဘူး။မင်း ငါ့အပေါ် ကျေးဇူးတင် တဲ့ စိတ် မထား ပါနဲ့"

​သူက လင်းယွဲ့ နဲ့ ဆက် မပတ်သက် ချင်တော့ပေ။

သူတို့​နှစ်ဦး ရဲ့ တန်ဖိုး က အလွန် ကွာခြား နေပြီး ဆက်ဆံ ဖို့ မလိုအပ် ပေ။

​လင်းယွဲ့ က မျက်မှောင်ကြုတ် ပြီး အနည်းငယ် ဝမ်းနည်း တဲ့ အကြည့် နဲ့ ထန်ထျန်းကို ကြည့် ကာ ပြောသည်။ "နင် တကယ်ပဲ ဒီလောက် ရက်စက် တာလား"

​"ဒီနေ့ လုချန်းကျီ က ငါ့ကို သတ် ဖို့ ကြိုးစား ရင် နင် တား မှာလား"

​ထန်ထျန်းက ခေါင်းခါ လိုက်ကာ "ငါ ဖြစ်နိုင်ခြေ ကို မကြိုက် ဘူး၊ မင်းကို ပြန်ဖြေ ဖို့လည်း မလို ဘူး"

​"နောက်တစ်ခါ ထပ်ပြော မယ်။ ငါ တို့ ကြား မှာ ဘာဆက်ဆံရေး မှ မရှိ တော့ဘူး"

​" မင်းလမ်း မင်းသွား ငါ့လမ်း ငါ လျှောက် မယ်"

​"ဒါပဲ"

​ပြောပြီး ထန်ထျန်းက လှည့် ပြီး ထွက်သွား လိုက်သည်။

​"ထန်ထျန်း"

အ​နောက် ကနေ လင်းယွဲ့ ရဲ့ အော်ခေါ်သံ ကို ကြား ရသည်။ ဒါပေမဲ့ ဒီ တစ်ကြိမ် မှာ ထန်ထျန်းက ရပ် ဖို့ ရည်ရွယ်ချက် တောင် မရှိ ပေ။

​ထန်ထျန်းရဲ့ နောက်ကျော ကို ကြည့် ပြီး လင်းယွဲ့ ရဲ့ အကြည့် က ရှုပ်ထွေးခြင်း ကနေ ဒေါသ အမုန်း အဖြစ် ပြောင်းလဲ သွားသည်။ "နင် ချမ်းသာ သွားလို့ မဟုတ်လား"

​"ငါ မရှိ ရင် နင် အခုထိ ဝမ်းရေး အတွက် ပူပန် နေရတဲ့ ထင်းခုတ်သမားလေး ပဲ ဖြစ် နေဦးမှာ"

​"ဘာတွေ ကြီးကျယ် နေတာလဲ။ ကျင့်ကြံရေး လောက မှာ ခွန်အား ကသာ အရာရာပဲ ။ ပါရမီ မရှိ တဲ့ နင် က ဘယ်တော့မှ တကယ် ထိပ်ဆုံး မှာ ရပ်တည် နိုင်မှာ မဟုတ် ဘူး"

​"ငါ ရွှေအူတိုင်အဆင့် ကို တက် ပြီးပြီ။ မကြာခင် သန့်စင် တဲ့ အဓိက တပည့် ဖြစ်လာတော့မှာ။ ဒါက နင် ပိုက်ဆံ ဘယ်လောက် သုံး သုံး ရနိုင် တဲ့ အဆင့်အတန်း မဟုတ် ဘူး"

​"ငါ့ရဲ့ အနာဂတ် က နင့်ထက် ပိုပြီး တောက်ပ လာမှာ။ နင် ငါနဲ့ အလောင်းအစား လုပ် ရဲလား"

​"ထန်ထျန်း"

​အော်ဟစ်သံ က ပိုပြီး ဝေးကွာ သွားသည်။

​ဒါပေမဲ့ ထန်ထျန်းက မရပ် ခဲ့ပေ။

​ခွန်အား၊ ပါရမီ၊ အလောင်းအစား၊ ဟားဟား

​လင်းယွဲ့ ပြောတာ အကြောင်းပြချက် ရှိ နိုင်ပေမယ့် ဒီအချိန်မှာ ထန်ထျန်းက သူမနဲ့ လုံးဝ မတူညီ တဲ့ အဆင့် မှာ ရှိ နေပြီပင်။

​သူမက ထန်ထျန်းနဲ့ အလောင်းအစား လုပ် ဖို့ အရည်အချင်း မရှိ ပေ။ ထန်ထျန်းရဲ့ စိတ် ကို သက်ရောက်မှု ပေးနိုင် ဖို့လည်း မလုံလောက် ပေ။

​သူမက ဘာမှ မဟုတ် ပေ။

မ​မှောင် ခင်မှာ ထန်ထျန်းက ခရမ်းရောင် ဝါးခြံဝင်း ကို ပြန်ရောက် လာခဲ့သည်။

​လီဟုန် က ဒီမှာ စောင့်ဆိုင်း နေခဲ့သည်။ လမ်း မှာတုန်းက ထန်ထျန်း သူ့ကို အကြောင်းကြား ခဲ့သည်။

​"သခင်လေးထန်၊ အရေးကြီး တဲ့ ကိစ္စ ရှိ လို့လား"

​လီဟုန် က မေးသည်။

​ထန်ထျန်း ခေါင်းညိတ်ကာ "အထဲ မှာ ပြော ကြမယ်"

​ထို့နောက် လူတချို့ က ခရမ်းရောင် ဝါးခြံဝင်း ထဲကို ဝင် ပြီး မန်ကျည ပင် အို အောက် က ကျောက်စားပွဲ မှာ ထိုင် လိုက်ကြသည်။

​"ငါ တည့် ပြော ပါ့မယ်"

​ထန်ထျန်းက သူတို့ လေးဦး ကို ကြည့် ပြီး မေးသည်။ "မင်းတို့ ငါ့ ရဲ့ ဧည့်သည် အဖြစ်နဲ့ ဝူဒင် နန်းတော် ကို ဝင် ချင်လား"

​စကား ဆုံး တဲ့အခါ သုံးဦးလုံး က ချက်ချင်း တောင့်တင်း သွားသည်။

​လန်ယွီ ညီအစ်မ အမူအရာ ပြောင်းလဲ သွားသည်။ လီဟုန် ကတော့ အံ့အားသင့် နေသည်။

​ကုရှောင်းရွှယ် ကတော့ ဝူဒင် နန်းတော် က ဘာလဲ ဆိုတာကို မသိ သေးပေ။

​"သခင်လေးထန်၊ ဒီ မေးခွန်း က..."

​"သခင်လေး ကျွန်တော့်ကို မမေး သင့်ဘူး မဟုတ် လား"

​လီဟုန် က ပထမဆုံး ပြော သည်။

​ထန်ထျန်း မျက်နှာ မပြောင်းလဲ ဘဲ "ဘာလို့ မမေး သင့်ရမှာလဲ"

​"မင်း အသက် ကြောင့် လား၊ ဒါမှမဟုတ် မင်း ပါရမီ ကြောင့် လား"

​"မင်းတို့ ရဲ့ အခြေအနေ ကို ငါ ကောင်းကောင်း သိ တယ်။မင်း လိုချင် သလား၊ မလိုချင် ဘူးလားပဲ ဖြေ "

​လီဟုန် က ခါးသီးစွာ ပြုံး ပြီး ေ"ပိုပြီး ကြီးမား တဲ့ စင်မြင့် ကို ဘယ်သူ က မလိုချင် ဘဲ နေပါ့မလဲ"

​"ဒါပေမဲ့ ကျွန်တော့်ရဲ့ စွမ်းရည် ကို သိ တယ်။ ခုနစ်လွှာ ပါရမီ က ပါရမီရှင် တွေနဲ့ ယှဉ် ရင် အရမ်း ကွာခြားလွန်း တယ်"

​ထန်ထျန်းက ရှန့်ထန်း တာအို ကျောက်စိမ်း တစ်တုံး ကို တိတ်တဆိတ် ထုတ်ပြကာ "မှတ်မိ လား"

​လီဟုန် တစ်ဖန် တောင့်တင်း သွားသည်။ မယုံနိုင် တဲ့ အကြည့် နဲ့ ထန်ထျန်းကို ကြည့် ပြီး အတည်ပြု တဲ့ အကြည့် ကို ရရှိ ပြီးနောက် သူက ချက်ချင်း ထရပ် ပြီး ထန်ထျန်းကို ခါးကညွှတ် ကာ နက်နက်ရှိုင်းရှိုင်း အရိုအသေပေး လိုက်သည်။

​"တကယ်လို့ ဖြစ်နိုင် ရင်"

​"ကျွန်တော် သခင်လေး အတွက် လက်အောက်ငယ်သားအဖြစ် နေ ဖို့ ဆန္ဒရှိ ပါတယ်"

​ထန်ထျန်း ကျေနပ် တဲ့ အပြုံး နဲ့ ပြုံး လိုက်သည်။

​ဉာဏ်ကောင်း တဲ့ လူ ဖြစ်တာကြောင့် ထန်ထျန်း ရဲ့ ရည်ရွယ်ချက် ကို နားလည် ရုံမက ခေါ် တဲ့ နာမည် ကိုပါ ပြောင်းလဲ ခဲ့သည်။

​ထို့နောက် သူက လန်ယွီ ညီအစ်မ ကို ကြည့် လိုက်သည်။

သူတို့​နှစ်ဦး တစ်ယောက်ကို တစ်ယောက် ကြည့် ပြီး ထရကာ နက်နက်ရှိုင်းရှိုင်း အရိုအသေပေး လိုက်သည်။

​"ကျွန်မတို့ သခင်လေးရဲ့ လက်အောက်ငယ်သား ဖြစ်ဖို့ ဆန္ဒရှိ ပါတယ် "

​ထန်ထျန်း နည်းနည်း ခေါင်းညိတ် သည်။

​နောက်ဆုံးမှာ ဘေးနား မှာ ထိုင် ပြီး ဆံပင် နဲ့ ကစား နေတဲ့ ကုရှောင်းရွှယ် ကို ကြည့် လိုက်သည်။

​"အာ အို"

​ကုရှောင်းရွှယ် က တခြား သုံးယောက် ကို ကြည့် ပြီး ခေါင်းကုတ် ကာ မေးသည်။ "နင် လည်း အဲဒီ နန်းတော် ကို သွား မှာလား"

​ထန်ထျန်းက ရယ်မောသည်။ "သေချာ တာပေါ့။ မင်းတို့ကို ဝင်ရောက် စေတာက တကယ်တော့ ငါကိုယ်တိုင် ဝင်​ရောက် ရဖို့ ပဲလေ "

​"ဒါဆို ငါ လည်း လိုက် မယ်"

​ကုရှောင်းရွှယ် က ပြောသည်။ ထို့နောက် အနည်းငယ် ရှက်ရွံ့စွာ မေးသည်။ "ဒါပေမဲ့... ကျွန်မ ရှင့်ကို သခင်လေး လို့ မခေါ် ဘဲ နေလို့ ရ မလား။ နည်းနည်း စိမ်း နေသလို ခံစား ရတယ်"

​ထန်ထျန်း ချက်ချင်း ပျော် သွားသည်။

​"ရတယ်"

​"ဒါဆို မင်း ငါ့ နာမည် ကိုပဲ ခေါ်ပေါ့ "

All Chapters