← Chapters

အကူအညီမဲ့နေ သော ချင်းဟိုင်

Vol. 5 Ch. 55

အကူအညီမဲ့နေ သော ချင်းဟိုင်

Vol. 5 Ch. 55

​ထိုည တွင် လီဟုန် လည်း ခရမ်းရောင် ဝါးခြံဝင်း၌ နေ ခဲ့သည်။

​မကြာခင်က ကျိန်ဆို ပြီးနောက် သူနဲ့ လန်ယွီ ညီအစ်မ တို့ ကြား က ဆက်ဆံရေး က ဧည့်သည် သက်သက် မဟုတ် တော့ပေ။

​သခင်နဲ့ အစေခံ ဆက်ဆံရေး ပင်။

​ကျင့်ကြံသူ တို့ရဲ့ ကျိန်ဆိုမှု ကို ချိုးဖောက် ဖို့ မဖြစ်နိုင် သလောက်ပင်။ ဒီနေ့ ကစ ပြီး သူတို့က ထန်ထျန်း ရဲ့အစေခံ သာ ဖြစ် တော့မည်။

​ထန်ထျန်းလည်း ကပ်စေးမနည်း ဘဲ သူတို့ တစ်ဦးစီ ကို ရှန့်ထန်း တာအို ကျောက်စိမ်း တစ်တုံးစီ ပေး ခဲ့သည်။

​ရှန့်ထန်း တာအို ကျောက်စိမ်း ရဲ့ ကြောက်မက်ဖွယ် စွမ်းရည် နဲ့ လုံလောက် တဲ့ ကျင့်ကြံရေး အရင်းအမြစ် တွေရဲ့ အကူအညီ နဲ့ သူတို့ရဲ့ ခွန်အား က လျင်မြန်စွာ တိုးတက် လာမှာ သေချာ သည်။

​ကုရှောင်းရွှယ် ကိစ္စကတော့...

​ဒီ မိန်းကလေး က အရင်လို ပင်။ နေခွင့်ရ ရင် အားလုံး အဆင်ပြေ သည် ။

​ထန်ထျန်းက သူမ ကို အထူး ကျိန်ဆို ခိုင်းခြင်း မရှိ ပေ ။ ဘာလို့လဲဆိုတော့ သူမ ရဲ့ နောက်ကွယ် မှာ အခြား အထူး နောက်ခံ ရှိ နေလို့ပင်။

​အရင် စောင့်ကြည့်ရ ဦးမည်။

​ပြုစုပျိုးထောင် ရမည့် သူများ ကို ဆုံးဖြတ် ပြီးနောက် ထန်ထျန်းက အိမ်မကြီး ကို ပြန် လာခဲ့သည်။

​ကျင့်ကြံ ခန်း ထဲမှာ ထန်ထျန်းက စနစ် ထဲ ဝင် ပြီး ချက်ချင်း လဲလှယ် ဖို့ ရွေးချယ် ခဲ့သည်။

​ကိုးလွှာ ပါရမီ: သုံးစွဲမှုအမှတ် သန်း တစ်ရာ။

​အဆင့်ကိုး ခန္ဓာ : သုံးစွဲမှုအမှတ် သန်း တစ်ရာ။

​ပါရမီ အလွှာ တိုးလာ ခြင်းက သူ့ရဲ့ ကျင့်ကြံမှု အမြန်နှုန်း ကို တစ်ဖန် တိုးစေ ခဲ့သည်။ မကြာခင် ရွှေအူတိုင် ကို ဝင်ရောက် နိုင်လိမ့်မည်ဟု ယုံကြည်ထား သည်။

​အဆင့်ကိုး ခန္ဓာ ကတော့ အလွန် ထူးဆန်း တဲ့ ခန္ဓာ ကို နောက်ဆုံး မှာ ဆွဲထုတ် ခဲ့သည်။

​ကျုံးချီ ခန္ဓာ

​ဒါက ဒဏ္ဍာရီ သားရဲ တစ်ကောင်ပင်

​ထန်ထျန်းရဲ့ ကိုယ်ခန္ဓာ က တစ်ဖန် အကြီးအကျယ် အားကောင်း လာပြီး ကျုံးချီ ရဲ့ စွမ်းရည် အချို့ ကိုလည်း ရရှိ ခဲ့သည်။

​လောင်ကျွမ်း သန့်စင်ခြင်း

​ဒီ စွမ်းရည် က ကိုယ်ခန္ဓာ ထဲကို စုပ်ယူ ထားတဲ့ ဝိညာဉ် စွမ်းအား ကို ထပ်မံ သန့်စင် နိုင်ပြီး ဝိညာဉ် စွမ်းအား ရဲ့ အရည်အသွေး ကို အမြင့် ဆုံး အထိ မြှင့်တင် နိုင်သည်။

သူ ​သုံးစွဲ ပြီးနောက် သုံးစွဲမှုအမှတ် သန်း ခြောက်ရာကျော်သာ ကျန်ရှိတော့ သည်။ ထန်ထျန်းက အရင်လို ပဲ ကွဲပြား တဲ့ ကျင့်စဉ် တွေရဲ့ အဆင့် ကို မြှင့်တင် ဖို့ အသုံးပြု ခဲ့သည်။ ကျင့်စဉ် ရာပေါင်းများစွာ ကို အကြီးစား အောင်မြင်မှု အဆင့် ထိ မြှင့်တင် ခဲ့ရာ ထန်ထျန်း ရဲ့ တာအို အနှစ်သာရ ကို နားလည်မှု က အလွန် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့် ကို ရောက်ရှိ ခဲ့သည်။

​ခွန်အား လျင်မြန်စွာ တိုးတက် လာခြင်းက ထန်ထျန်းရဲ့ စိတ်နေစိတ်ထား ကို သိမ်မွေ့ တဲ့ ပြောင်းလဲမှု ဖြစ် စေခဲ့သည်။

​အရင်က ဟန် ဆောင်မှု အမျိုးမျိုး ပြုလုပ် ခဲ့ရတာက သူက အလွန် အားနည်း နေသေးလို့ဖြစ်ပြီး မလုပ်မဖြစ် လုပ် ခဲ့ရသည်။

​ဒါပေမဲ့ ကျင့်ကြံမှု အဆင့် ထပ် တိုးလာ လျှင် အဆင့်မြင့် တဲ့ ပါရမီ နဲ့ ခန္ဓာ အချို့ ကို ထပ် လဲလှယ် လျှင် ဒီလို သတိထား ပြီး လုပ် နေစရာ မလို တော့ပေ။

​"ချင်းဟိုင် ဘက် မှာ ဘယ်လို ရှိ နေမလဲ မသိ ဘူး..."

​ထန်ထျန်း စိတ်ထဲ ကနေ ရေရွတ်လိုက် သည်။

.....

​အလွန် စည်ကား တဲ့ မြို့ တစ်မြို့ တွင်

​အလယ်ဗဟို မှာ ရှစ်ထောင့် မျှော်စင် တစ်ခု က ထိုးထွက် နေပြီး ကောင်းကင် ကို ထိလုနီးပါးပင်။

​မျှော်စင် က ခမ်းနား ပြီး မြို့ပြင် ကနေ ကြည့် လျှင်ပင် ရွှေရောင် အလင်းရောင် တောက်ပ နေတာကို မြင်နိုင် သည်။

​သူ့ရဲ့ အောက်ဆုံး တံခါးဝ မှာ ကြီးမား တဲ့ ဆိုင်းဘုတ် တစ်ခု ချိတ်ဆွဲ ထားသည်။ ဆိုင်းဘုတ် ရဲ့ အလယ် မှာ အားကောင်း တဲ့ စာလုံး သုံးလုံး ကို ရေးထိုး ထားသည်။

​ကျငိးယွီ ခန်းမ

​ဒီ နေရာ က ကျင်းယွီ ခန်းမ ရဲ့ ပင်မခန်းမပင်။

​ပင်မခန်းမ ရဲ့ အပေါ်ဆုံး အထပ် က အခန်း တစ်ခန်းမှာ ချင်းဟိုင် က ယဉ်ကျေးစွာ ထိုင် နေပြီး အချိန် ရှိ တိုင်း တံခါး ကို ကြည့် နေသည်။ တစ်စုံတစ်ဦး ကို စောင့်ဆိုင်း နေသလိုပင်။

​ခဏအကြာမှာ အခန်းတံခါး ကို အပြင်ဘက် ကနေ ပွင့် လာ ပြီး ဆံပင်ဖြူဖြူ အကြီးအကဲ တစ်ဦး ဝင်လာ ခဲ့သည်။

​" ဘဏ္ဍာထိန်း ထျန်း"

​ချင်းဟိုင် လျင်မြန်စွာ ထ လိုက်သည်။

​အကြီးအကဲ က မျက်နှာထား တင်းမာ ပြီး ဒေါသ မထွက် ဘဲ ဩဇာအာဏာ ရှိ သည်။ ရှေ့ဆုံး နေရာ မှာ ထိုင် လိုက်သည်။

​ချင်းဟိုင် က ရှေ့ ကို လှမ်းလာ ပြီး ဂရုတစိုက် မေးလိုက်သည်။ " ဘဏ္ဍာထိန်း ထျန်း၊ ကျွန်တော့် ပစ္စည်း အစု... ဘယ်လို ရှိ လဲ"

ဘဏ္ဍာထိန်း ​ထျန်း က မျက်လုံး ပင့် ပြီး သူ့ကို တစ်ချက် ကြည့်လိုက် သည်။ ထို့နောက် လက်ထဲ က အချက်အလက် တွေကို လှန်လှော ကြည့်ရင်း ပြောသည်။ " မန်နေဂျာ ချင်း"

​"နတ်ဘုရား ပစ္စည်း တွေကို ဘာလို့ နတ်ဘုရား ပစ္စည်း လို့ ခေါ် တယ်ဆိုတာကို မင်း သိ လား"

​ချင်းဟိုင် အံ့အားသင့် သွားပြီး ပြန်ဖြေသည်။ "သူတို့ က မသေမျိုး အထက် က လူတွေ အသုံးပြု တဲ့ အရင်းအမြစ် တွေ ဖြစ် လို့လား"

ဘဏ္ဍာထိန်း ​ထျန်း က နှာခေါင်းရှုံ့ ကာ "မှန် တယ်"

​"ဝိညာဉ်အသွင် ပြောင်းခြင်း ဆေးလုံး ကလည်း ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် မှာ အသုံးပြု တဲ့ အရင်းအမြစ် ပဲ။ ဒါပေမဲ့ ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် မှာ ရှိသူ တိုင်း သကြားလုံး လို စား နိုင်တယ်လို့ မင်း ထင် လား"

ဘဏ္ဍာထိန်း ​ထျန်း ရဲ့ ရုတ်တရက် အော်ဟစ်သံ ကို ရင်ဆိုင် ရတဲ့အခါ ချင်းဟိုင် ဘာလုပ် ရမှန်း မသိ ဖြစ်သွားသည်။

​" ဘဏ္ဍာထိန်း ထျန်း ၊ ကျွန်တော် သိပ် နားမလည်..."

​"ဘန်း "

​စကားမဆုံး ခင်မှာပဲ ဘဏ္ဍာထိန်း ထျန်း က ကျောက်စိမ်း ပြား ကို စားပွဲခုံ ပေါ် ပြင်းပြင်းထန်ထန် ရိုက်ချ လိုက်သည်။

​"နတ်ဘုရား ပစ္စည်း တွေက မသေမျိုး တွေအတွက်တောင် အလွန် အဖိုးတန် တဲ့ အရာတွေ ကွ"

​"မင်း က အဲဒါတွေ ကို ချီ သန့်စင်ခြင်း အဆင့် မှာ ရှိ တဲ့ တပည့် လေး တစ်ယောက်ဆီ ရောင်း ဖို့ ပြင် နေတာလား"

​"တစ်ဆယ် ထရီလီယံ တန်ဖိုး ရှိ တဲ့ ပစ္စည်း တွေကို မင်းမို့လို့ ပြော ရဲ တယ်"

​"အဲဒီ တပည့် လေး ဝယ်နိုင် လိမ့်မယ်လို့ မင်း တကယ် ထင် နေတာလား"

​ချင်းဟိုင် တောင့်တင်း သွားပြီး လျင်မြန်စွာ ရှင်းပြ သည်။ "ဘဏ္ဍာထိန်း ထျန်း ၊ ထန်ထျန်း က.... သာမန် ဂုဏ်ထူးဆောင်တပည့် မဟုတ် ဘူး"

​"သူ့ရဲ့ ငွေကြေး စွမ်းအား ကို ကျွန်တော်တို့ အရင်က တည်းက တွေ့ဖူး ပြီးသားပဲလေ ။ ဘီလီယံ ရာ ချီ တန်ဖိုး ရှိ တဲ့ ပစ္စည်း တွေကို သူက ဝယ် မယ်ဆိုပြီး ဝယ် လိုက်တယ်။ ဒါ့တောင် မကျေနပ် သေးဘူး"

ဘဏ္ဍာထိန်း ​ထျန်း က နှာခေါင်းရှုံ့ ကာ "ဘီလီယံ ရာ ချီ နဲ့ တစ်ဆယ် ထရီလီယံ က ယှဉ် လို့ ရ လို့လား"

​"နတ်ဘုရား ပစ္စည်း တွေ ပေါ်လာ ရင် လူ ဘယ်လောက် များများ မက်မော စေမယ်ဆိုတာကို မင်း သိ လား"

​"မင်း က ဝိညာဉ် အသွင်ပြောင်း အဆင့် မှာ ရှိ တဲ့ ကျင့်ကြံသူ လေး တစ်ဦး။ အဲဒီလောက် နတ်ဘုရား ပစ္စည်း တွေ သယ် ပြီး အရောင်းအဝယ် လုပ် ဖို့ သွား ချင်တယ်၊ မင်း အသက်ရှင် ချင်သေးရဲ့လား"

​ချင်းဟိုင် စိတ်ထဲ တုန်လှုပ် သွားသည်။

​ဟုတ်ပေသည်။ အရင်းအမြစ် များစွာ နဲ့ နှိုင်းယှဉ် ရင် သူ့ရဲ့ ခွန်အား က အလွန် အားနည်း နေသည်။

​ကျင်းယွီ ခန်းမ ရဲ့ နာမည် အောက် မှာ ရှိ နေရင်တောင် အချို့လူ တွေရဲ့ လောဘ ကို တားဆီး နိုင်မှာ မဟုတ် ပေ။

​ဒီ အချိန် မှာ အသက်ဆုံးရှုံး တာက သေးငယ် တဲ့ ကိစ္စ။ တစ်ဆယ့် ထရီလီယံ တန်ဖိုးရှိ တဲ့ ပစ္စည်း တွေ ပျောက်ဆုံး ခဲ့ရင် သူက အသက်ရှင် နေတာထက် ပိုပြီး ဆိုး ရွားလိမ့်မည်။

​စိတ်ငြိမ် သွားပြီးနောက် ချင်းဟိုင် က မေးသည်။ "ဒါဆို ဘဏ္ဍာထိန်း ထျန်း ဆိုလို တာက..."

ဘဏ္ဍာထိန်း ​ထျန်း က ခေါင်းခါ ကာ "အကြီးအကဲ ကြည့် ရတာတော့ ဒီ အရောင်းအဝယ် က ပြဿနာ အရမ်း များ တယ်။ ပေါက်ကွဲ နိုင်တယ်။ အဲဒီ ထန်ထျန်း ကို ငါ တစ်ခါမှ မကြားဖူး ဘူး။ လုချန်းကျီ လို ချမ်းသာ ဖို့က မဖြစ်နိုင် ဘူး"

​"မင်း လှည့်စား ခံရဖို့ များ တယ်။ တချို့လူ တွေက မင်းကို ထောင်ချောက် ထဲ ရောက် အောင် စျေးကြီး ပေးပြီး လုပ် နေတာ"

​"ဒီ အရောင်းအဝယ် ကို ပယ်ဖျက် လိုက်"

​ဒီ စကား ကို ကြား တဲ့အခါ ချင်းဟိုင် ချက်ချင်း စိတ်ပူသွားကာ "မပယ်ဖျက် ပါနဲ့"

​"ဘဏ္ဍာထိန်း ထျန်း ၊ အဲဒီ ထန်ထျန်း က တကယ် မတူ ဘူး။ သူက တကယ် ချမ်းသာ တယ်"

​"ကျွန်တော် အရမ်းချမ်းသာ တဲ့ လူ တွေ အများကြီး ကို တွေ့ဖူး တယ်။ တစ်ချက် ကြည့် ရုံနဲ့ သိ နိုင်တယ်"

​ဒါက တစ်ဆယ် ထရီလီယံ တန်ဖိုးရှိ တဲ့ ကြီးမား တဲ့ စီးပွားရေး ပင်။ လုပ် နိုင်ခဲ့ရင် ကျင်းယွီ ခန်းမ မှာ ချင်းဟိုင် ရဲ့ အဆင့်အတန်း က လုံးဝ ခိုင်မာ သွားလိမ့်မည်။

ဘဏ္ဍာထိန်း ​ထျန်း က ချင်းဟိုင် ကို ကြည့် ပြီး တိုးတိုးလေး ပြောသည်။ "မင်း ဒီ အရောင်းအဝယ် ရဲ့ အန္တရာယ် ကို တာဝန်ယူ နိုင်လား"

​"မင်း အသက် နဲ့ အာမခံ ဖို့ မသုံး ပါနဲ့။ အဲဒါက တစ်ပြား တစ်ချပ် မှ တန်ဖိုးမရှိ ဘူး"

​ချင်းဟိုင် ခါးသီး တဲ့ အမူအရာ ဖြစ် သွားသည်။ အသက် တောင် အသုံးမဝင် တော့ရင် သူက ဘာနဲ့ အာမခံ ပေး နိုင်မှာလဲ။

​အလုပ် လား

​ အဲဒါက ထန်ထျန်းကို နောက်ပြောင် ခဲ့တာပင်။

​ဒါပေမဲ့ သူက အဆင့်အတန်း နိမ့်ကျ တဲ့သူ။ အာမခံ ပေး နိုင်တာ ဘာမှ မရှိ ပေ။

​"ထားလိုက်တော့ "

ဘဏ္ဍာထိန်း ​ထျန်း က သက်ပြင်း ချ ပြီး ပြောသည်။ "မင်းရဲ့ ပုံစံ ကို ကြည့် ပြီး မင်း လှည့်စား ခံရမှာကိုပဲ ငါ စိုးရိမ် တာ"

​"မင်း က ကျင်းယွီ ခန်းမ အတွက် နှစ်ပေါင်းများစွာ ကြိုးစား ခဲ့တယ်။ မင်းကို ငါ ယုံ တယ်"

​"ဒီလိုဆိုရင် ဒီ အရောင်းအဝယ် အတွက် ငါ ကိုယ်တိုင် မင်းနဲ့ လိုက်ခဲ့ မယ်"

​"အဲဒီ ထန်ထျန်း မှာ တကယ် ချမ်းသာ ရင်တော့ အားလုံး အဆင်ပြေ တယ်"

​" ထောင်ချောက် ဖြစ် နေရင်တော့ ငါတို့ ကျင်းယွီ ခန်းမ ကလည်း လွယ်လွယ် အနိုင်ကျင့် ခံနေမှာ မဟုတ် ဘူး"

​ချင်းဟိုင် တောင့်တင်း သွားပြီး အားလုံး ကို ချက်ချင်း နားလည် သွားသည်။

ဘဏ္ဍာထိန်း ​ထျန်း က သူ့ရဲ့ အရောင်းအဝယ် လမ်းကြောင်း ကို လုယူ ချင်နေတာကိုး

​တစ်ဆယ် ထရီလီယံ က ပင်မခန်းမ အတွက်တောင် နည်း တဲ့ ပိုက်ဆံ မဟုတ်ပေ ။လုပ် နိုင်ခဲ့ရင် ဘဏ္ဍာထိန်း ထျန်း အတွက် အကျိုးဆောင် တဲ့ ကိစ္စ ဖြစ်လိမ့်မည်။ ဒါ့အပြင် ဒါက ရေရှည် လမ်းကြောင်း တစ်ခုဖြစ်လို့ သူ စိတ်လှုပ်ရှား တာ သေချာ သည်။

​တကယ်တော့ ပင်မခန်းမ မှာ သူ တစ်ဦးတည်း ဘဏ္ဍာထိန်း မဟုတ် ပေ။

​တကယ်ပဲ ကြီးမား တဲ့ အကြောင်းပြချက် အများကြီး ပြော သွားခဲ့တာပင်။

​ချင်းဟိုင် စိတ်ထဲ ကနေ ရေရွတ် နေပေမယ့် မျက်နှာ ပေါ်မှာတော့ ဘာမှ မပြ ရဲဘဲ ခါးညွှတ် ကာ ကျေးဇူးတင် စကား ဆို သည်။ "အစေခံ က ဘဏ္ဍာထိန်း ထျန်း ရဲ့ ယုံကြည်မှု ကို ကျေးဇူးတင် ပါတယ်..."

ဘဏ္ဍာထိန်း ​ထျန်း က ခေါင်းညိတ်ကာ "ဒါဆို မင်း မြန်မြန် ဆက်သွယ် လိုက်တော့"

​"အဲဒီ ထန်ထျန်း က တကယ် ဘယ်လို လူ လဲဆိုတာကို ငါ လည်း တွေ့ ချင်တယ်"

​ချင်းဟိုင် တိတ်တဆိတ် သက်ပြင်းချ လိုက်သည်။ ရာထူး ကြီးသူ က လူ ကို ဖိနှိပ် တယ်။ ဂုဏ် တွေကိုတောင် ရက်ရက်စက်စက် လုယူ တယ်။

​ဒါပေမဲ့ သူက ဘာမှ လုပ် နိုင်ခြင်း မရှိ ပေ ။ ထန်ထျန်း လည်း အဆင့်မြင့် တဲ့ လူ တွေနဲ့ ဆက်ဆံ ချင်မှာ သေချာ သည်။

​ထို့နောက် သူက ဆက်သွယ်ရေး ကျောက်စိမ်း ကို ထုတ် လိုက်သည်။

​"တာအိုမိတ်ဆွေ ထန် ၊ ကျွန်တော် ဒီမှာ ပြင်ဆင် ပြီးပြီ..."

All Chapters