← Chapters

တုန်ရွှာနန်းတော်

Vol. 10 Ch. 134

တုန်ရွှာနန်းတော်

Vol. 10 Ch. 134

လွင့်မျောနေသည့် ကုန်းမြေကြီး၏ အနောက်ဘက်ပိုင်းတွင် ခမ်းနား ကြီးကျယ်သည့် အဆောက်အဦတစ်ခု ရှိပြီး တုန်ရွှာနန်းတော်ဟု ခေါ်လေသည်။

ထိုအဆောက်အဦအား တံတိုင်း ၅ ထပ် ကာရံထားပြီး အမိုးမှာ စကျင်ကျောက်တိုင် ကိုးခုမှ ထောက်ကန်ထားသည်။ ထိုသည်မှာ ဧကရာဇ်ထီးနန်း၏ သင်္ကေတဖြစ်သည်။ (ရှေးဟောင်း တရုတ်တွေရဲ့ ယုံကြည်မှု ၉ ဂဏန်းက အကြီးဆုံးသော ယန် ဂဏန်းဖြစ်ပြီး ၅ က အလယ်ဗဟို ဖြစ်တယ်လို့ ဆိုကြတယ်။ အဲဒါကြောင့် ၉ နဲ့ ၅က ဘုရင့်အာဏာရဲ့ သင်္ကေတ ဖြစ်တယ်လို့ ယူဆကြတယ်)

တုန်ရွှာနန်းတော်သည် တာအိုနှင့် သူတော်စင် အရှင်၏ ယာယီအနားယူသည့် နေရာ ဖြစ်သည်။ ထိုနေရာသည် ကောင်းကင်ဘုံ ပိုင်နက်နှင့် သက်ဆိုင်မှု မရှိသော်လည်း ကောင်းကင်ဘုံ ပိုင်နက်၏ ဆေးလုံးဖော်စပ်သည့် လုပ်ငန်းအတွက် တာဝန်ရှိပေသည်။ ကောင်းကင်ဘုံ ပိုင်နက်၏ အင်မော်တယ်များသည် ဆေးလုံးနှင့် ဆေးရည်များ လိုအပ်သည့်အခါ တုန်ရွှာနန်းတော်သို့ လာရောက် တောင်းခံရလေသည်။

တာအိုနှင့် သူတော်စင်အရှင်၏ တပည့်တစ်ဦးဖြစ်သူ ပညာရှိ ယွီစီသည် အင်မော်တယ် ဆေးလုံးများ ဖော်စပ်ရာတွင် တာဝန်ရှိသူတစ်ဦး ဖြစ်သည်။

ကောင်းကင်ဘုံ ပိုင်နက်တွင် ဆေးလုံး ဖော်စပ်သူများထဲမှ အကောင်းဆုံးသောသူ တစ်ဦး ဖြစ်သည်။ သူဖော်စပ်သည့် ဆေးလုံးများ၏ အရည်အသွေးမှာ ထိပ်တန်းအဆင့် ရှိသည်သာမက သူသည် အလွန်ကြိုးစားသူ တစ်ဦးလည်း ဖြစ်သည်။

အန်လင်းသည် မြေပုံတစ်ခုအား ကိုင်ဆောင်လျက် အုတ်ခဲပေါ်တွင် ထိုင်ကာ ပျံသန်းနေလေသည်။ ရှောင်ချိုးသည် သူ၏ပခုံးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေလေသည်။

များမကြာမီတွင် ခမ်းနားသည့် နန်းတော်ကြီးအား တွေ့လိုက်ရသည်။

“လခွမ်းဟေ့ ကြီးလိုက်တဲ့ နန်းတော်ကြီး” သူ၏အရှေ့တွင် ရှိနေသည့် အဆောက်အဦကြီးအား အလွန်အံ့အားသင့်ကာဖြင့် ကြည့်နေမိလေသည်။

နန်းတော်သည် လေထုအတွင်းတွင် မီတာရာအနည်းငယ်ခန့် ထိုးထွက်လျက်ရှိသည်။ ကနဦးတွင် ထိုအဆောက်အဦကြီးသည် ကောင်းကင်သို့တိုင်အောင် မြင့်တက်နေသည့် တောင်ကြီး တစ်လုံးနှင့်ပင် တူနေသေးသည်။

တုန်ရွှာနန်းတော်၏ ရှေ့တွင် ပန်းပွင့်များ ပွင့်နေသလို ရေများလည်း စီးကျနေလေသည်။ ပတ်ပတ်လည်တွင် ကြာပန်းဖူများ ပွင့်လန်းလျက် ရှိသည်။

လတ်ဆတ်သည့် လေညင်းသည် သင်းပျံ့သည့် ရနံ့အား သယ်ဆောင်လာပြီး စိတ်လက်ပေါ့ပါး လန်းဆန်းလာစေသည်။

အန်လင်းသည် တုန်ရွှာနန်းတော်၏ ဝင်ပေါက်တွင် ဆင်းသက်လိုက်သည်။ ထိပ်တန်းအဆင့်ရှိ တပ်သားနှစ်ဦးသည် ဝင်ပေါက်အား စောင့်ကြပ်လျက်ရှိသည်။

“ရပ်စမ်း။ သက်သေခံကဒ်ပြား ပြပါ” တပ်သားတစ်ဦးမှ အော်လိုက်သည်။

အန်လင်းသည် သူ၏ ခြေလှမ်းများအား ရပ်တန့်ကာ အနည်းငယ် အံ့အားသင့်နေမိသည်။

သက်သေခံကဒ်ပြား ပြရမှာလား။ ဘာသက်သေခံကဒ်ပြားလဲ။ ကျောင်းသားကဒ်လား။

ခေတ္တမျှ ရေရွတ်ပြီးနောက်တွင် သူ၏ ကျောင်းသားကဒ်အား ထုတ်ပြရန် ဆုံးဖြတ်လိုက်သည်။ စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်မှ ရရှိထားသည့် သစ်သားပြားလေး ဖြစ်သည်။

သစ်သားပြားလေးအား မြင်လိုက်သည့်အခါတွင် တပ်သားနှစ်ဦးသည် ဘေးသို့ဖယ်ကာ ဖြတ်သန်း ခွင့်ပြုလိုက်သည်။

အန်လင်းသည် သူ၏ ကျောင်းသားကဒ်အား ပြန်လည် သိမ်းယူလိုက်သည်။ သူ၏ ကျောင်းသားကဒ်အား ကျောင်းတော်သို့ ဝင်ထွက်သွားလာရာ၌ အသုံးပြုဖူးခြင်း မရှိချေ။ တုန်ရွှာနန်းတော်သို့ ဝင်ရောက်ရန် ကျောင်းသားကဒ် လိုအပ်မည်ဟု မည်သူက ထင်မည်နည်း။

တုန်ရွှာနန်းတော်သို့ ဝင်ရောက်လိုက်သည့် အခါတွင် များပါးလှစွာသော ကျင့်ကြံသူများအား မြင်လိုက်ရသည်။ ယင်းတို့သည် တာအိုဝတ်စုံများအား ဝတ်ဆင်ထားကြပြီး သူတို့အားလုံးတို့သည် ဆေးဖက်ဝင် ပစ္စည်းများအား ကောက်ယူကာဖြင့် အလုပ်များလျက် ရှိနေလေသည်။

လှည့်ပတ်ကြည့်လိုက်သည့် အခါတွင် နန်းတော် တစ်ခုလုံးသည် ဆေးသေတ္တာများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျစ်လျစ်စွာ ထုပ်ပိုးထားပြီး မရေမတွက် နိုင်လောက်သည်အထိ ဖြစ်သည်။ ထိုသေတ္တာများထဲတွင် ရှားပါးလှသည့် ရတနာ မည်မျှရှိသည်ကိုပင် မခန့်မှန်းနိုင်ချေ။

ထိုအချိန်တွင် နူးညံ့သည့် သွင်ပြင်ရှိသော ငယ်ရွယ်သည့် ကျင့်ကြံသူ တစ်ဦးသည် အန်လင်းထံ လျှောက်လှမ်းလာသည်။ “မင်္ဂလာပါ ရောင်းရင်းရေ။ ဆေးလုံးလိုချင်လို့ ရောက်လာတာလား သိပါရစေ”

အန်လင်းသည် ခေါင်းညိတ်ကာဖြင့် “ဟုတ်ပါတယ်။ အင်မော်တယ်ဆေးလုံး ဖော်စပ်ပေးမဲ့သူကို ရှာချင်လို့ပါ”

“အင်မော်တယ် ဆေးလုံးတွေလား” ငယ်ရွယ်သည့် ကျင့်ကြံသူလေးသည် ကြောင်အသွားသည်။ “အဲဒါဆိုရင် အကြီးအကဲ ယီစီကို မေးဖို့လိုမယ်ဗျ။ ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပေးပါ”

အန်လင်းသည် ငယ်ရွယ်သည့် ကျင့်ကြံသူလေးနောက်မှ လိုက်ကာ သစ်သားပြား တစ်ခုပေါ်သို့ တက်လိုက်သည်။

ထိုသစ်သားပြားသည် ရုတ်တရက်ဆိုသလို အပေါ်သို့ မြင့်တက်သွားသည်။ ပတ်ဝန်းကျင်အား ကြည့်လိုက်သည့် အခါတွင် ဒုတိယထပ်အား ဖြတ်ကျော်သည့် အခါတွင် ဤအထပ်တွင်လည်း ဆေးသေတ္တာများဖြင့် ကျစ်လျစ်စွာ ထုပ်ပိုးထားရှိသည်ကို တွေ့လိုက်ရသည်။

သစ်သားပြားသည် ဆက်လက် မြင့်တက်နေလေသည်။ တတိယထပ်၊ စတုတ္ထထပ် စသည်ဖြင့်။ အထပ်အားလုံးတွင် ဆေးသေတ္တာများ သာလျှင် ရှိသည်။

တုန်ရွှာနန်းတော်သည် ဧရာမ ရတနာသိုလှောင်ရုံကြီး တစ်ခုဟု ခံစားမိလာသည်။ အထပ်တိုင်းတွင် ရှားပါးသည့် ရတနာများ ရှိနေသည်။ ဤနေရာတွင် ရှိနေသည့် ဆေးပစ္စည်း ပမာဏသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

သစ်သားပြားသည် ၁၉ထပ်မြောက်သို့ ရောက်သည့်အခါတွင် ရပ်တန့်သွားသည်။ အန်လင်းသည် ကျင့်ကြံသူငယ်လေး နောက်မှ လိုက်ပါကာ အရှေ့အရပ်သို့ မျက်နှာမူထားသည့် ဆေးလုံး ဖော်စပ်သည့် အခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်။

“အကြီးအကဲယီစီခင်ဗျာ။ ဒီဧည့်သည်က အင်မော်တယ်ဆေးလုံး ဖော်စပ်ချင်ပါတယ်တဲ့” ကျင့်ကြံသူငယ်လေးသည် လေးစားစွာဖြင့် ပြောလိုက်သည်။

“ခဏစောင့်ဖို့ ပြောလိုက်။ အခုဆေးလုံးကို ပြီးအောင် ဖော်ပါရစေဦးလို့” ပျင်းရိသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ဆေးလုံးဖော်စပ်ခန်း အတွင်းသို့ ကြည့်လိုက်သည့် အခါတွင် အန်လင်းသည် မျက်ခုံးထူထူနှင့် ဖက်တီးအား တွေ့လိုက်ရသည်။ ထိုဖက်တီးသည် လက်တစ်ဖက်တွင် ပန်းသီးတစ်လုံးအား ကိုင်ကာ စားသောက်လျက် ရှိနေပြီး အခြားလက်တစ်ဖက်အား လေထုတွင် ဝှေ့ယမ်းနေလေသည်။

သူ၏ရှေ့တွင် ခရမ်းရောင်မီးတောက် တောက်လောင် နေလေသည်။ မရေမတွက်နိုင်သည့် ဆေးဝါးများအား လေထုအတွင်း ရောစပ်လိုက်သည်။

ဘုရားရေ။ ဆေးလုံးဖော်စပ်တာက လက်တစ်ဖက်တည်းနဲ့ လုပ်လို့ရတယ်တဲ့လား။

ထိုအခြင်းအရာအား မြင်သည့်အခါတွင် အန်လင်းမှာ အတော်ကြာအောင် ငေးမောနေမိသည်။ အတန်းထဲတွင် ဆေးလုံးဖော်စပ်ခြင်းအား သင်ကြားရလေသည်။ သူသိထားသည်မှာ ဆေးလုံးဖော်စပ်ရာတွင် အရေးအကြီးဆုံးသော အရာမှာ အာရုံစူးစိုက်မှု ဖြစ်သည်။

သို့ဖြစ်စေကာမူ သူ၏အရှေ့ရှိ ပုဂ္ဂိုလ်သည် ဆေးဖော်စပ်နေရင်း ပန်းသီးစားလျက် ရှိကာ ဆေးပေါင်းဖိုအား အသုံးပြုခြင်းလည်း မပြုပေ။ သူ၏အပြုအမူသည် အလွန် ပုံမှန်မဟုတ်လှချေ။

“ဟမ် … ဆေးဖော်ချင်တယ် ဆိုတာ မင်းလား”

ယီစီသည် ပန်းသီးအား ကိုက်ကာဖြင့် အန်လင်းကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ အခြားလက်တစ်ဖက်သည် လေထုအတွင်း ဝှေ့ယမ်းလျက် ရှိနေသည်။

အန်လင်းသည် သူ၏ အပြုအမူကြောင့် တုန်လှုပ်သွားမိသည်။ “အစ်ကိုကြီးက ဆေးဖော်တာကို ကြည့်ဖို့ မလိုဘူးလား”

သောက်ကျိုးနည်းဟေ့။ သူ့ရဲ့အာရုံကို နှစ်ခုခွဲနိုင်တာမျိုးလား။

အခုတော့ သူက လေထဲမှာရှိတဲ့ ဆေးတွေကို ကြည့်တောင် မကြည့်တော့ဘူး။

ဒီလိုနည်းလမ်းနဲ့ ဖော်လိုက်တဲ့ ဆေးတွေက အသုံးပြုတဲ့သူကို မသေနိုင်လောက် ပါဘူးနော်။

“အိုး အဆင်ပြေတယ်။ ငါက အရမ်းတော်တယ်ကွ”

ယီစီသည် အန်လင်း စိုးရိမ်နေသည့်အရာအား သတိပြုမိသည့် အတွက် ပြန်ဖြေလိုက်သည်။

“ပေါင်းစပ်” ယီစီသည် သူ၏လက်အား ဆွဲယူလိုက်ပြီးနောက် ဆေးများသည် ခရမ်းရောင် မီးတောက်အတွင်း ရောက်ရှိကာ စတင် ရောနှောကြတော့သည်။ တောက်ပသည့် အလင်းတစ်ခု ထွက်ပေါ်လာပြီး အခန်းအတွင်း၌ ငှက်အော်သံများ ပဲ့တင်ခတ်လာသည်။

ဝှစ် …

တလက်လက် တောက်ပနေသည့် ဆေးလုံးဖြူသည် ယီစီ၏ လက်အတွင်းသို့ ပျံသန်း ရောက်ရှိလာသ်ည။

ယီစီ၏မျက်နှာတွင် ကျေနပ်မှု အပြည့်နှင့်ဖြစ်သည်။ “မက်မုံပွင့်လေး ဒီအဆင့်၈ နှင်းငှက်ပြာ အင်မော်တယ် ဆေးလုံးကို ကောင်းကင်ဘုံ ပိုင်နက်က အစစ်အမှန်သခင် အာလန်ဆီကို ပို့ပေးလိုက်”

လှပသည့် တာအိုအမျိုးသမီးလေး တစ်ဦးသည် ဆေးလုံးအား ဖန်ဘူးတစ်ခု အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက်တွင် သူမသည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားလေသည်။

အန်လင်းမှာ မှင်တက်နေမိသည်။ ယီစီသည် ထိုသို့သော ပုံစံဖြင့် အဆင့်၈ အင်မော်တယ်ဆေးလုံး ဖော်စပ်လိမ့်မည်ဟု သူ့အနေဖြင့် မျှော်လင့်ထားခြင်း မရှိခဲ့သည်။ သူ၏ ကျွမ်းကျင်မှုအား ပြသနေခြင်း ဖြစ်သည်။

ထိုသည်ကို မြင်တွေ့လိုက်ရသည့် အခါ သူ့စိတ်ထဲရှိ သံသယမှာ အနည်းငယ် လျော့နည်းသွားပြီ ဖြစ်သည်။

ယီစီ၏ ဆေးဖော်စပ်ခြင်း ပြီးဆုံးသွားသည်ကို မြင်သည့်အခါတွင် အန်လင်းသည် လေးစားစွာဖြင့် မေးလိုက်သည်။ “အကြီးအကဲယီစီခင်ဗျာ ကျွန်တော်က အန်လင်းပါ။ ကျွန်တော့်အတွက် အဆင့်၉ သစ်သားအမျိုးအစား အင်မော်တယ် ဆေးလုံး ဖော်စပ်ပေးဖို့ တောင်းဆိုလိုပါတယ်။ ကုန်ကျစရိတ်လေး သိပါရစေ”

အန်လင်း၏ စကားအား ကြားလိုက်သည့်အခါတွင် ယီစီသည် သန်းဝေလိုက်သည်။ “အဆင့်၉ သစ်သား အမျိုးအစား အင်မော်တယ် ဆေးလုံးတွေက အမျိုးမျိုးရှိတယ်ကွ။ အဲဒါကြောင့် ကုန်ကျစရိတ်တွေကလည်း တစ်ခုနဲ့တစ်ခု မတူကြဘူး။ ဘယ်လိုမျိုးအစားကို လိုချင်တာလဲ။ နာမည်ပြော”

“အမျိုးအစား မလိုပါဘူးဗျ” အန်လင်းသည် တုံ့ဆိုင်းကာဖြင့် “ဈေးအပေါဆုံးကိုပဲ ပေးပါ”

“ဟမ် ဈေးအပေါဆုံးကို လိုချင်တာလား။ မင်းက အင်မော်တယ် ဆေးလုံးတွေကို ဝက်စာ ကျွေးမလို့လား။ မင်းက ဈေးအပေါဆုံးကို ရွေးတဲ့အပြင် ဆေးလုံးရဲ့ ဂုဏ်သတ္တိတွေကို နည်းနည်းလေးတောင် မစဉ်းစားဘူး။ ဒါက ဘယ်လို စိတ်အခြေအနေမျိုးလဲ” ယီစီသည် သူ၏ ကြီးမားလှသည့် မျက်လုံးကြီးများကို တဖျတ်ဖျတ် ခတ်ကာဖြင့် မှတ်ချက်ပြုလေသည်။

အန်လင်းမှာ ရှုံ့မဲ့သွားသည်။ ခင်ဗျားပြောနေတဲ့ ဝက်က ကျုပ်ဗျ။

အဆင့် ၁ အမြဲစိမ်း နည်းစနစ် _ လိုအပ်ချက် : သစ်သားအမျိုးအစား အင်မော်တယ်ဆေးလုံး ၅ လုံးအား ဆက်တိုက် မျိုချရမည်။

အင်မော်တယ် ဆေးလုံး ဖြစ်နေသ၍ အဆင်ပြေလေသည်။ ထိုအကြောင်းကြောင့် ဈေးအပေါဆုံးကိုသာ လိုအပ်ခြင်း ဖြစ်သည်။

အန်လင်းသည် ဆက်လက်၍ “အကြီးအကဲ ယီစီခင်ဗျာ ဈေးအပေါဆုံး သစ်သား အမျိုးအစား အင်မော်တယ် ဆေးလုံးရဲ့ ကုန်ကျစရိတ်လေး ပြောပေးလို့ ရမလား”

ယီစီသည် ဆောင့်အောင့်ကာဖြင့် “စွမ်းအင်တိုးမြင့် ဆေးလုံး တစ်လုံးကို စိတ်ဝိညာဉ် ကျောက်တုံး ၈၀၀၀ ကျမယ်။ အဲဒီဆေးလုံးက ခန္ဓာကိုယ်ကို ထိန်းညှိပေးတယ်။ စွမ်းအင် အဆီအနှစ်တွေကို ဖြည့်တင်းပေးတယ်။ ခန္ဓာကိုယ်ရဲ့ ကျောက်စိမ်းဂူထဲမှာရှိတဲ့ ချီစွမ်းအင် ပင်လယ်ရဲ့ သိုလှောင်နိုင်စွမ်းကို ချဲ့ထွင်ပေးနိုင်တယ်။ လိုချင်လား”

တစ်လုံးကို စိတ်ဝိညာဉ် ကျောက်တုံး ၈၀၀၀တဲ့လား။ သူမျှော်မှန်း ထားသည်ထက် ဈေးပေါနေသေးသည်။

အန်လင်းသည် ရယ်မောကာဖြင့် ခေါင်းညိတ်လိုက်သည်။ “ယူမှာပေါ့။ ၅ လုံးပေးပါ”

ယီစီ၏ မျက်လုံးများမှာ ပြူးကျယ်လာသည်။ “အဲလောက်အများကြီး ဘာလုပ်မလို့လဲ။ ပထမဆုံးတစ်လုံး သုံးစွဲပြီးတာနဲ့ နောက်ဆုံးလုံးတွေရဲ့ သက်ရောက်မှုက တဖြည်းဖြည်း ကျဆင်းလာမှာ”

“အဲလိုမျိုး သဘောကျလို့ဗျ”

ယီစီသည် သူ၏ရင်ဘတ်ထဲတွင် တင်းကျပ်လာတော့သည်။ စကားပြောချင်စိတ် မရှိတော့ပေ။

ကောင်းပြီး။ ချမ်းသာတဲ့ အရူးကောင်။ မင်းကို နားမချနိုင်တော့ဘူး။

ယီစီသည် မည်သည့်စကားမှ မဆိုတော့ချေ။ ထို့အစား ကျင့်ကြံသူလေးများကို ဆေးဝါးများ ပြင်ဆင်ရန် ခိုင်းစေလိုက်သည်။

ထိုအချိန်တွင် ရှောင်ချိုးသည် အခန်းအတွင်းရှိ ရွှေရောင် ဆေးပေါင်းဖိုပေါ်သို့ ခုန်ဆင်းလိုက်သည်။

ယီစီသည် ထိုချစ်စဖွယ် မျောက်ရုပ်ဆိုးလေးအား သတိပြုမိသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် “ဘာလုပ်ချင်လို့တုံး”

ရှောင်ချိုးသည် သူ၏ခေါင်းအား ကုတ်ကာဖြင့် “ကျွန်တော် ကြားဖူးတာက မဟာသူတော်စင် စွန်းဝူခုံးက ဆေးပေါင်းဖိုထဲမှာ ၄၉ရက် ပေါင်းခံရတယ်လို့လေ။ ပြီးတော့ ရွှေမျက်လုံး ရရှိသွားတယ်”

ယီစီသည် ရှုံ့မဲ့သွားတော့သည်။ ရှောင်ချိုး၏ စကားသည် ဆိုးဝါးသည့် အဖြစ်အပျက်များအား ပြန်လည် အမှတ်ရမိစေသည်။ “မင်းက စမ်းကြည့်ချင်လို့လား”

ရှောင်ချိုးသည် ခေါင်းခါလိုက်ပြီးနောက် “မ … မဟုတ်ပါဘူး။ ကျွန်တော်က ကြုံကြိုက်တုန်း အမှတ်တရ ဓာတ်ပုံလေး ရိုက်ချင်လို့ပါ”

ယီစီသည် စိတ်ရှုပ်လာပြီး “ဘာဖြစ်တယ်”

ရှောင်ချိုးသည် သူ၏ မျက်လုံးကြီးများဖြင့် အန်လင်းအား ကြည့်လိုက်သည်။ အန်လင်းသည် သူ၏ နေရောင်ခြည် စွမ်းအင်သုံး လက်ကိုင်ဖုန်းအား ထုတ်ယူလိုက်ပြီးနောက် ပါရမီဖြည့်ပေး လိုက်လေသည်။

“ဒီကိုလာခဲ့ ရှောင်ချိုး။ ဆေးပေါင်းဖိုထိပ်မှာ ရပ်ပြီးတော့ လက်နှစ်ချောင်း ထောင်ပြီး ပိစ်ပုံစံလေး လုပ်လိုက်။ ဟုတ်တယ် အဲလိုမျိုးလေး”

အန်လင်းသည် ဝမ်းမြောက်စွာဖြင့် ဓာတ်ပုံရိုက်ပေးနေသည်။

“ပြီးပြီ။ မင်းရဲ့ မူလပုံစံနဲ့ ထပ်ရိုက်ကြမယ်”

ထို့နောက်တွင် ရှောင်ချိုးသည် သူ၏ မူလပုံစံသို့ ပြောင်းလဲလိုက်ပြီး အကျည်းတန် မျောက်မင်းဟူသည့် ဘဝသို့ ပြန်လည် ရောက်ရှိသွားလေသည်။

“ဒီကိုကြည့်မယ် စမိုင်း”

ရှောင်ချိုးသည် အကျည်းတန်စွာ ပြုံးလိုက်သည်။

ယီစီ : “…”

ဘာတွေတုံး။

ဒီမျိုးမစစ် နှစ်ကောင်က ဆေးလာဝယ်တာလား ခရီးထွက်လာတာလား။

ရှောင်ချိုးသည် ပိစ်ပုံစံ လက်နှစ်ချောင်း ထောင်ကာဖြင့် လက်နှစ်ဖက်စလုံးအား သူ၏ခေါင်းပေါ်သို့ တင်ကာ ချစ်စဖွယ် ယုန်ကလေးသဏ္ဌာန် ပြုမူနေလေသည်။

ယီစီသည် သူ၏အရှေ့ရှိ ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် ဖျော့တော့လာပြီး သေလုမြောပါး ဖြစ်သည်အထိ ရိုက်နှက်ချင်စိတ်များ ပေါ်လာသည်။

ထိုသို့ဖြင့် ရှောင်ချိုးသည် သူ၏ အိုင်ဒဲလ် ကျိုချက်ခံရသည့် ဆေးပေါင်းဖိုနှင့်အတူ အမှတ်တရဓာတ်ပုံများ ရရှိလိုက်တော့သည်။

***

All Chapters